Skyee Sky
@Skyee
Be Positive Be Happy!
Вірші
မူပိုင်
ကိုယ်လေ အခုတော့ ဘာမှထပ်ပြီး မလိုချင်တော့ပါဘူး။နွေးထွေးစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာလေးကိုဘဲ ကိုယ်လိုအပ်နေပါတယ်။အရင်လို ပူလောင်မှုတွေကို မမျှဝေတော့ဘဲ ပျော်ရွှင်နွေးထွေးမှုလေးတွေကိုဘဲ ကိုယ်မျှဝေပေးချင်ပါတယ်။ဝမ်းနည်းပူလောင်မှုတွေကတော့ ကိုယ်တစ်ယောက်တည်းရဲ့ မူပိုင်လေးပေါ့။
2
0
398
စာသားလေးတစ်ကြောင်း
တစ်စုံတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ စာလေးတစ်ကြောင်းက သူရဲ့ နာကျင်မှု အတိုင်းအဆဘယ်လောက်ကို ကိုယ်စားပြုမယ်ထင်လဲ အဲ့ဒီနောက်ကွယ်မှာ သူဖွင့်ထုတ်ချင်ပေမယ့် မဖွင်​့ဟနိုင်ခဲ့တဲ့ အခြေအနေတွေ ဘယ်လောက်များ ရှိလိမ့်မလဲ အကုန်လုံး မြင်ကြတာကတော့ စာသားလေးတစ်ကြောင်းအနေနဲ့ဘဲပေါ့ သူ့အတွက်တော့ အဲဒီစာသားလေးအတွက် နာကျင်မှုတွေ ဘယ်လောက်ရင်းနှီးထားခဲ့ရမလဲ...
1
0
376
ခက်ခဲတဲ့ ကိုယ့်ရဲ့စိတ်
ကိုယ်ချစ်ခင်တဲ့ သဘောကျတဲ့လူတွေ ဝမ်းနည်းတဲ့အခါဖြစ်ဖြစ် စိတ်ညစ်တဲ့အခါဖြစ်ဖြစ် ကိုယ်ကိုတိုင်ပါ ဝမ်းနည်းစိတ်ညစ်တတ်တာမို့လို့ သူတို့ကို တစ်ခုခု နှစ်သိမ့်ပေးချင်ပေမယ့်လည်း ကိုယ်တစ်ယောက်တည်းကြိတ်ပြီး စိတ်မကောင်းဖြစ်ရုံအပြင် မတတ်နိုင်ခဲ့ဘူးကွယ်...
2
0
326
လေးလံလာသော
လူတွေက ကိုယ့်ကို ပြောကြတယ် အရိပ်အကဲ နားမလည်ဘူးတဲ့ ဒါပေမယ့် အဲဒီအချိန်တုန်းက ကိုယ့်စိတ်တွေ အရမ်းကို လွတ်လပ်ပေါ့ပါးနေခဲ့တယ် ကိုယ်အခု လူတွေအကြောင်း အနည်းငယ် နားလည်လာမိတဲ့အခါ ကိုယ့်စိတ်တွေ လေးလံလာတယ် နားလည်လာရခြင်းတွေမှာ ဟန်ဆောင်ခြင်းတွေကတော့ အဓိကပေါ့ကွယ် ...
2
0
251