Вірші
ဆက်ရန်....
နင့်ဘက်က
ပြီးပါပြီ လို့
စာတန်းထိုးပြီး
အဆုံးသတ်နိုင်ပေမယ့်
ငါ့ဘက်က
ဆက်ရန်ရှိသေးတယ် ချစ်သူ.......
🍀 Thin Zar Moe Oo 🍀
2
0
890
ကြယ်လေး
ငါက နင့်အတွက်
နေလိုလည်း အလင်းမပေးနိုင်ဘူး ။
လလိုလည်း မအေးချမ်းနိုင်ဘူးဆိုရင်တောင်
ကြယ်တစ်ပွင့်အဖြစ်နဲ့ပဲ
နင့်ဆုတောင်းတွေပြည့်အောင်
ကြွေဆင်းပေးမယ့်သူပါဟာ.. . . .
🍀 Thin Zar Moe Oo 🍀
8
0
723
တစ်ဖတ်သတ်
ဝေးဖို့ချည်း ဦးတည်နေပြီး
နီးစပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့
ဒီလို အခြေအနေမှာ
ချစ်တယ်ဆိုတဲ့
စကားတစ်ခွန်းနဲ့ ကျွန်တော်
ကိုကို့ကို ချုပ်နှောင်မထားချင်ပါဘူးလေ........
ကျွန်တော် မချစ်ခဲ့ဘူးလို့ပဲ
သိထားပါ ကိုကို...
လိုအပ်တဲ့အခါ ပြတ်ပြတ်သားသား
ဆုံးဖြတ်ပြီး ကျွန်တော့်ကို ချန်လို့
ထွက်သွားလှည့်ပါ
နာကျင်စေတဲ့ တစ်ဖတ်သတ်
အချစ်တွေနဲ့ နေသားကျနေပြီးသား
ကျွန်တော် ။
ကိုကို နောင်တမရအောင်
ဟန်ဆောင်အပြုံးတွေ ပန်ဆင်ပြီး
ကိုကို့ အမုန်းတွေကို
လက်ခံယူဖို့ အသင့်ပါ......
တကယ်တော့ အချစ်ဆိုတာ ကျွန်တော့်အတွက်တော့ ချစ်နေရရုံနဲ့ပဲ ပြီးပြည့်စုံခဲ့ပါတယ် ကိုကိုရယ်
🍀 Thin Zar Moe Oo🍀
3
0
580