Вірші
4.
သေလောက်အောင် ပင်ပန်းနေလဲ
နင့်ကြောင့် ဆိုပြီး အားတင်းရတယ်
ငါ့မှာ သူရှိသေးတာပဲ ဆိုတဲ့ စကားကို မျက်ရည်တွင်တွင်ကျနေရင်း က အရူးလို
တရပ်ဆက် ရွတ်ပြီး အားတင်းရတယ်ဘုရားသခင်ကိုလဲ အထပ်ထပ်အခါခါ ကျေးဇူးတင်ရတယ် ဒီလူသားကို ချစ်နေခွင့်ပေးခဲ့လို့ တစ်မိုးအောက် ထဲ နေခွင့်ပေးခဲ့လို့။
4.
2
0
312
3.
ချစ်တဲ့အကြောင်းတွေ တဖွဖွ ပြောနေလဲ ကြားနိုင်တဲ့ အကွာအဝေး မဟုတ်လို့ မေတ္တာ တွေတော့ ရောက်ရှိပါစေ လို့ ဘုရားသခင်ဆီပဲ အပူကပ်ရတယ် နေထိုင်ကောင်းဖို့ စိတ်ကြည်လင်စေဖို့ ဘေးမသီရန်မခ ဖို့ လက်နှစ်ဖက် ကို ပူးကပ်လို့နေ့တိုင်းဆုတောင်းပေးရုံပဲ တတ်နိုင်တယ် ...။
3.
1
0
321
2.
ဘဝမှာ မြတ်နိုးရဆုံးက နင်ပဲ ဖြစ်မယ်ထင်တယ် သေးသေးလေးတောင် မထိခိုက်စေချင်တာလဲ နင်ပါပဲ ကောင်လေးရယ် ငါကလေအချစ်ဆိုတာ ကြီးကို ခမ်းခမ်းနားနား မပြောပြတတ်ပေမယ့်လဲ နင့်ကို တော့ ဘယ်လိုအခြေအနေအချိန်အခါမျိုးမှာပဲဖြစ်ဖြစ်
မြတ်မြတ်နိုးနိုးနဲ့ကို ချစ်ပါတယ်
2.
0
0
477