HF1
HF2
HF3
HF4
HF1
ပွင့်သစ်စ မနက်ခင်း၏ နေရောင်ခြည်နှင့်အတူ
ဟိုဟိုဒီဒီပြေးလွှားလှုပ်ရှားသွားလာနေကြသော လူသံတွေ။ ပဲပြုတ်၊ အီကြာကွေး ၊ကောက်ညှင်းပေါင်း ပူပူလေး အစရှိသဖြင့်
တစ်လှည့်စီ အော်ရောင်းနေကြသော အသံတွေ။ ခရီးသည်များ၏ အလိုကျအတိုင်း ဖယ်ရီအမှီ
ဘတ်စ်စကားအမှီ အမြန်ပြေးနေကြရသော ဆိုက်ကားများမှ ကလင် ကလင် ဘဲလ်သံတွေ ၏ အကြား မနက်ခုနှစ်နာရီမှ ကိုးနာရီ အထိ ဆူညံပွက်လောရုိက်နေသော အဖိုးတန် ပတ်ဝန်းကျင်လေး။ မေတ္တာအညွန့်အခက်တွေ ဝေနေသော
မေတ္တာညွန့် ရပ်ကွက်လေး.....။

"ဘုန်းသက်တိုင် မထသေးဘူးလား၊ ဘယ်အချိန်ရှိနေပြီလဲ"

ဟော..ဆက်လက်ကြားရပါပြီ။ မေတ္တာသံတို့
ပြည့်ဝနေသော အသံပုိင်ရှင်လေး။

"အာ... ဘွားကလည်း ဒီနေ့ ကျောင်းပိတ်တယ်လေ"

"ကျောင်းပိတ်လည်း ထ၊ မပိတ်လည်းထ ၊
ဘယ်နှယ့် နေဖင်ထိုးတဲ့ အထိ အိပ်နေရတာလဲ"

အိပ်ယာမှ နိုးနေသည့်တိုင် အပျင်းကြောဆွဲကာ
မထသေးဘဲ နှပ်နေသည့် သူ့ကုိ ဘွားက
မကျေနပ်သည့်ပုံပင်။ ခြင်ထောင်ကုိလှန်တင်လိုက်ကာ အိပ်ယာနံဘေးတွင် မတ်တတ်ရပ်လျက် အိပ်ယာမှ သူ ထအလာကုိ စောင့်နေလေတော့သည်။

"ဘွားကလည်း ရစ်ပြီဗျာ၊ အဲ့လို မတ်တတ်ကြီးရပ်ပြီး စိုက်ကြည့်နေမှတော့ သားက ဘယ်လိုဆက်အိပ်လို့ရတော့မှာလဲ"

"အိပ်မရရင် ထလေ ၊ ရှင်းရှင်းလေးပဲ"

မိုက်ကြေးခွဲသလိုပြောလိုက်သော အဘွားဖြစ်သူ၏ စကားကြောင့် ဘုန်းသက်တိုင်၏ မျက်လုံးများ လက်ခနဲဖြစ်သွားကာ အိပ်နေရာမှ ဝုန်းခနဲ ထထုိင်လိုက်တော့လေသည်။ ထို့နောက် မျက်နှာသစ်ရန် ရေချိုးခန်းဘက်သို့ လျှောက်သွားလိုက်ပြီး ပါးစပ်မှလည်း ပွစိပွစိ ရေရွတ်သွားလိုက်သေးသည်က

"ဘွားကုိ မေမေနဲ့တုိင်မယ် " ဟူ၍.....။

"တိုင်အေ၊ တိုင်ပေါ့၊ ငါက နင့်အမေကုိ ကြောက်စရာလား ၊ ငါမေွးထားတာဟဲ့ သိလား"

"သိတယ်"

အဘွားဖြစ်သူကုိ ခပ်ငေါငေါပြန်ပြောလိုက်ပြီး
သွားတိုက်ဆေးကုိ သွားပွတ်တံပေါ်သို့ လိုတာထက်ပို .... ညှစ်ချလိုက်ရင်း ရေတစ်ခွက်ကို ခပ်ကာ အုတ်ကန်ဘောင်ပေါ် ဆောင့်အောင့်ချလိုက်တော့ မိတ်ဆက်သံတချို့ထွက်ပေါ်လာလေတော့သည်။

"ဟဲ့ ငါ့ဒန်ခွက် ပိန်သွားမယ်၊ အဲ့ခွက်မျိုးက လိုချင်ရင်တောင် ရှာဝယ်လို့ မရတော့ဘူး၊ ညင်ညင်သာသာလုပ်"

ထိုအခါမှ ဘုန်းသက်တိုင်ဆိုသည့်သူ သွားတိုက်ဆေးအမြှုပ်တွေကုိထွေးထုတ်လိုက်ရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။

တစ်အိမ်လုံး ပြေးကြည့်မှ ဒီမြေးအဘွားနှစ်ယောက်တည်းဆိုသော်လည်း မနက်မိုးလင်း၍ မျက်လုံးစဖွင့်လိုက်ကတည်းက အဆီအငေါ်
မတည့်စွာ ....။

အဘွားဖြစ်သူ၏ တပျစ်တောက်တောက် ဆူသံ ငေါက်သံတွေက သက်တုိင်အတွက် စိတ်ကျေနပ်စရာများ ဖြစ်၍နေလားမသိ။ ရည်ရွယ်ချက်ရှိရှိ ပြသာနာ ဖြစ်ကြသလို တစ်ခါတစ်လေဆိုရင်လည်း ဘာမဟုတ်သည့်အရာလေးနှင့် စကားကတောက်ကဆဖြစ်ကြသေးသည်။ ထိုလိုနေ့မျိုးဆို မြေးအဘွားနှစ်ယောက် မျက်နှာချင်းတောင် မဆိုင်ကြ။ တစ်ယောက်က အိမ်ရှေ့နေ ၊ တစ်ယောက်က နောက်ဖေးနေ ပုံစံမျိုးဖြင့် တစ်နေ့တာကုိ ကုန်ဆုံးကြသည်။

နောက်ဆုံးတွင် အမြဲအလျေော့ပေးပြီး ပြန်ခေါ်ရသူက မြေး။ အဘွားကတော့ ကိုးတန်းကျောင်းသားနဲ့ အပြိုင်စိတ်ကောက်ပြီး ဘယ်တော့မှ စ၍ မခေါ်။

"နင့်အမေနဲ့တုန်းကလည်း သူပဲ အရင်စခေါ်ရတာ၊
ငါက ဘယ်သူ့ကုိမှ အရင်စမခေါ်ဘူးတဲ့"

ထိုစကားအတုိင်း အမေြဖစ်သူရော သားဖြစ်သူပါ အမြဲတမ်း အရှုံးပေးပြီး စခေါ်ခဲ့ရတော့တာ  ယနေ့အချိန်အထိ။ စိတ်ဆိုးစိတ်ေကာက်သည့် အချိန်သာ မခေါ်မပြောတာ ကျန်သည့်အချိန်များတွင်တော့ လိုလေသေးမရှိအောင် ဂရုစိုက်တတ်သူမို့
တစ်ဦးတည်းသောအဘွားကုိ ချစ်ရသည်ကတော့ ပြောပြနေစရာပင်မလို။ သို့သော် မြေးတို့၏ ဝတ္တရားအတုိင်း ဂျီကျြခင်းကုိတော့ မပျက်မကွက် ဆောင်ရွက်ရပေအုံးမည်။ သိတယ် မဟုတ်လား။ သားအချစ် မြေးအနှစ်ဆိုတာကြီးကုိ ထင်ထင်ရှားရှား သိစေချင်သေးတာ။

"ဟဲ့ သက်တိုင် မြန်မြန်လုပ် ၊ ကော်ဖီတွေ အေးတော့မယ်"

"ပြီးပါပြီ ခင်ဗျာ"

အဘွားဖြစ်သူ၏ စိတ်မရှည်လေသံတွေကို သက်တုိင်က ခပ်ရွတ်ရွတ်လေး ချေပကာ မနက်စာ စားပွဲဝိုင်း သေးသေးလေးတွင် ဝင်ထိုင်လိုက်လေ၏။ ထို့နောက် စားပွဲပေါ်ရှိ မုန့်ဟင်းခါး
ပန်းကန်ကုိ တွေ့တော့ ညီညာစီတန်းနေသော သွားဖြူဖြူလေးတွေ ပေါ်သွားသည်အထိ လှစ်ခနဲ ပြုံးလိုက်လေသည်။

"ဟင်း...ဒါမျိုးကျ ပြုံးတတ်တယ်"

အဘွားဖြစ်သူ၏ စကားကြောင့် ဟီးခနဲ သွားဖြဲပြလိုက်ကာ

"တင်တင်အေး မုန့်ဟင်းခါး ဝယ်ထားတယ်ဆုိတာ
သားမှ မသိတာ ဘွားရဲ့၊ သိရင် အစောကြီးထတာပေါ့"

ဟု လောကွတ်ချော်လိုက်ပြီး အဆင့်သင့်ထည့်ပေးထားသော မုန့်ဟင်းခါး ပူပူနွေးနွေးကုိ အားရပါးရ ခပ်စားလိုက်တော့သည်။

"အပုိတွေပါအေ၊ ဒီလောက်နှုိးနေတာတောင် အင်တင်တင်နဲ့ကုိ၊ တော်ကြာ ယုဒါက ရောက်လာတော့မှာ"

လေသံတိုးတိုးလေးဖြင့် ကြားရရုံလောက်ညည်းကာ အိမ်ရှေ့ခန်းကုိ ထွက်သွားသော အဘွားဖြစ်သူကုိ သက်တိုင်တစ်ယောက် စိတ်မဝင်စားအားတော့ချေ။ ယုဒါဆိုသည့် နာမည်ကို ကြားသည်နှင့် စားလက်စ မုန့်ဟင်းခါးကုိသာ အမြန်ကုန်အောင် ခပ်စားလိုက်ရတော့လေသည်။ ထို့နောက် နံဘေးရှိကော်ဖီခွက်ကို ရေသောက်သလို တဂွပ်ဂွပ်ဖြင့် ကုန်အောင်မော့ချပစ်လိုက်ကာ အိမ်ရှေ့သို့ပြေးထွက်လာပြီး တိုင်ကပ်နာရီကို မော့ကြည့်လိုက်လေတော့သည်။

မနက် ကုိးနာရီ လေးဆယ့်ငါး။

ကျောင်းပိတ်ရက်တိုင်း မနက်ဆယ်နာရီဆိုလျှင်
ယုဒါနှင့် အတူ  ရပ်ကွက်ထဲမှ စာကြည့်တိုက်သို့ သွားနေကြဖြစ်ပြီး နေ့လည်ထမင်းစားချိန်မှ အိမ်ပေါ်ပြန်တက်လာနေကြ။ သိပ်မကြာခင် ယုဒါ၏ စက်ဘီးဘဲလ်တီးသံကို ကြားရတော့မည်မှာ အသေအချာပင်။

ထို့ကြောင့် အခန်းထဲပြေးဝင်ကာ တွေ့ရာမြင်ရာ
တီရှပ်နှင့်ဘောင်းဘီတိုကို ကောက်စွပ်လိုက်ပြီး စာကြည့်စားပွဲပေါ်မှ ကျောပုိးအိတ်ကို ကောက်လွယ်လိုက်လေသည်။ ထို့နောက် လက်ပတ်နာရီကုိ အလျင်အမြန်ပတ်ကာ အခန်းအပြင်ဘက် ပြေးထွက်လာလိုက်တော့ မနက် ဆယ်နာရီအတိ။

"ကလင် ကလင်"

Right Time ဆိုသည့် စကားက ယုဒါအတွက်များလား။ ချိန်းထားရင် ချိန်းထားသည့်အချိန်ကို တစ်မိနစ်တောင်မစွန်းဘဲ ရောက်အောင်လာနိုင်သည့် အရည်အချင်းက ပေါ့သေးသေးတော့မဟုတ်။

စိတ်ထဲတွေးရင်း ဝရံတာဘက် ပြေးထွက်လိုက်တော့ ဘွားက အောက်ကုိ လက်တွေဘာတွေလှမ်းပြလို့...။ သူလည်း ဘွားနံဘေးနား ကပ်ရပ်လိုက်ကာ ယုဒါကို လက်လှမ်းပြလိုက်ပြီးနောက် ဖိနပ်တစ်ရံကုိ ကောက်စီးလိုက်လေသည်။ ပြီးနောက် အခန်းတံခါးကိုဖွင့်ကာ များစွာသော လှေကားထစ်တွေကို ဖြတ်ကျော်ဖို့ ခြေလှမ်း အသင့်ပြင်လိုက်တော့သည်။

စောခူဆဲရဲ့ သီချင်းလိုပေါ့။ အမြင့်ဆုံးမှာထားချင်တယ် ဆိုတဲ့ သီချင်းလေးအတိုင်း အပေါ်ဆုံးအထပ် ခြောက်လွှာမှာ ထားပေးထားတဲ့ မေမေ့ကြောင့် တစ်နေ့ တစ်နေ့ မြေကြီးနှင့်ထိရဖို့
အောက်ကုိ ပြေးဆင်းရသည်မှာ အမော။
အဘွားဖြစ်သူနှင့်ကီးမကုိက်ရသည့်အကြောင်းအရာတွေထဲမှာ ထိုပြဿနာလည်းပါသည်။ လူကြီးဖြစ်၍ တစ်နေ့တစ်ခေါက်တောင်
အနိုင်နိုင်ဆင်းနေသည်ကုိ နားလည်သော်လည်း
မိမိကို အခေါက်ခေါက်အခါခါ ဆင်းခိုင်းနေသည့်
ကိစ္စရပ်တွေက ရှိနေသေးသည်။

လောလောဆယ် ထိုကိစ္စတွေကို မတွေးနိုင်။
အောက်ထပ်မှာ ရပ်စောင့်နေတဲ့ သကောင့်သားထံ
အမြန်ရောက်အောင် ဆင်းရပေအုံးမည်။

"မင်းကလည်းကွာ၊ ကြာလိုက်တာ"

ထင်သည့်အတိုင်း မြေကြီးပေါ်တွင် ခြေချရုံရှိသေး
ယုဒါ၏ အပြစ်တင်စကားသံက အရင်ရောက်လာလေသည်။

"မကြာပါဘူးကွာ ၊ ငါးမိနစ်တောင် မရှိသေးပဲနဲ့
အပိုစကားတွေက ပြောပြန်ပြီ"

ပြေးဆင်းလာရ၍ မောရသည့်အထဲ အပြစ်တင်စကားကြောင့် ခပ်ဆတ်ဆတ်ဖြစ်သွားသော လေသံဖြင့် ပြန်ပြောလိုက်ရင်း ယုဒါ၏စက်ဘီးနောက်ထိုင်ခုံတွင် တက်ခွကာ ထိုင်လိုက်တော့လေသည်။

"နင်းတော့၊ ထိုင်နေကြ နေရာမရဘဲ နေမယ်"

ယုဒါ၏ကျောပြင်ကုိ မနာအောင် ဘုန်းခနဲ ရုိက်ကာ ပြောလိုက်သော်လည်း မပြတ်နိုင်သော သံယော
ဇဥ် အမျှင်အတန်းတွေဖြင့် အပေါ်ကုိ လက်လှမ်းပြနေေသာ မိုင်ယုဒါ။

ထိုအကောင်ကြောင့် အိမ်ပြန်ရောက်ရင် ဘွား၏စောင်းချိတ်ပြောသံတွေကို ကြားရတော့မှာ အသေအချာ။

"အမလေး ဘွားအေကုိ တချက်ကလေးတောင် မော့မကြည့်သွားတဲ့ မြေးအလိမ္မာလေး" ဟု ဆိုပြီး
သာသာနဲ့နာနာနှပ်တတ်သော ဒေါ်ခင်ခင်ရီ မဟုတ်ပါလား။

"နင်းပါတော့ ယုဒါရာ၊ ငါထိုင်နေကြ နေရာမရရင် မင်းကို ထိုးမှာနော်"

"သေလိုက်လေ ခွေးသားရဲ့၊ မင်းအဘွားကုိ နှုတ်ဆက်နေတာ မမြင်ဘူးလား အရုိင်းအစိုင်းကောင် "

သူ့အပြောကို ယုဒါတုန့်ပြန်ပုံက ရှင်းသည်။ ခွေးဖြစ်ရုံမက အရုိင်းအစိုင်းကောင်ပါတန်းဖြစ်သွားလေသည်။ ထို့အပြင် သူ့ရင်ဘတ်ကုိ တံတောင်
ဖြင့် နောက်ပြန် လှမ်းတွတ်လိုက်တော့ နာကျင်မှုကပါ အဆစ်ပါသွားသည်။

"နာတယ်ဟ ... နင်းစမ်းပါကွာ ၊ နောက်ကျနေပြီ"

"မင်းပဲ နောက်ကျနေတာပါ သက်တုိင်ရာ၊ အခုမှလာပြီး ဂျီတွန်မနေနဲ့"

ယုဒါက ထိုစကားတစ်ခွန်းသာ ထပ်ပြောလိုက်ပြီး စက်ဘီးကုိစတင်နင်းလိုက်တော့လေသည်။

စနင်းခါစမှ ဒယီးဒယိုင်ဖြစ်နေသော စက်ဘီးစတီယာတိုင်သည် သိပ်မကြာခင်မှာပင် တည်ငြိမ်သွားကာ အလိုရှိရာ ခရီးဆီသို့...။
.
.
.
လေးနှစ်တိတိတိုင်အောင်  အမြဲလိုလို တင်နင်းလာရသော ခန္ဓာကိုယ်ဖြစ်သလို အနောက်ထိုင်ခုံမှ ကားယားခွကာ ဂဏာမငြိမ်ထိုင်စီးလာသော
ခန္ဓာကုိယ်ပုိင်ရှင် ဘုန်းသက်တိုင်။

အလယ်တန်းတွင်  စတင် ကျောင်းပြောင်းလာပြီး
ဘုန်းသက်တိုင်ဆိုသည့် ဂဂျီဂဂျောင်ကောင်နားတွင် သူငယ်ချင်းအဖြစ် ယနေ့အချိန်အထိ အတူရှိနေသော ပါးလှပ်လှပ် ခန္ဓာကုိယ် ပုိင်ရှင်
မိုင်ယုဒါ။
.
.
.
.
ဆုံမှတ်တို့ လွဲချော်လာသည့်အခါ အနားသတ်တွေ
မညီနိုင်တော့သလို ခံစားချက်တွေလည်း မတည်နိုင်တော့ဘူးဆိုတာ......။
............................................................................

Zawgyi 💭

ပြင့္သစ္စ မနက္ခင္း၏ ေနေရာင္ျခည္ႏွင့္အတူ
ဟိုဟိုဒီဒီေျပးလႊားလႈပ္ရွားသြားလာေနၾကေသာ လူသံေတြ။ ပဲျပဳတ္၊ အီၾကာေကြး ၊ေကာက္ညႇင္းေပါင္း ပူပူေလး အစရွိသျဖင့္
တစ္လွည့္စီ ေအာ္ေရာင္းေနၾကေသာ အသံေတြ။ ခရီးသည္မ်ား၏ အလိုက်အတိုင္း ဖယ္ရီအမွီ
ဘတ္စ္စကားအမွီ အျမန္ေျပးေနၾကရေသာ ဆိုက္ကားမ်ားမွ ကလင္ ကလင္ ဘဲလ္သံေတြ ၏ အၾကား မနက္ခုႏွစ္နာရီမွ ကိုးနာရီ အထိ ဆူညံပြက္ေလာ႐ုိက္ေနေသာ အဖိုးတန္ ပတ္ဝန္းက်င္ေလး။ ေမတၱာအညြန္႔အခက္ေတြ ေဝေနေသာ
ေမတၱာညြန္႔ ရပ္ကြက္ေလး.....။

"ဘုန္းသက္တိုင္ မထေသးဘူးလား၊ ဘယ္အခ်ိန္ရွိေနၿပီလဲ"

ေဟာ..ဆက္လက္ၾကားရပါၿပီ။ ေမတၱာသံတို႔
ျပည့္ဝေနေသာ အသံပုိင္ရွင္ေလး။

"အာ... ဘြားကလည္း ဒီေန႔ ေက်ာင္းပိတ္တယ္ေလ"

"ေက်ာင္းပိတ္လည္း ထ၊ မပိတ္လည္းထ ၊
ဘယ္ႏွယ့္ ေနဖင္ထိုးတဲ့ အထိ အိပ္ေနရတာလဲ"

အိပ္ယာမွ နိုးေနသည့္တိုင္ အပ်င္းေၾကာဆြဲကာ
မထေသးဘဲ ႏွပ္ေနသည့္ သူ႔ကုိ ဘြားက
မေက်နပ္သည့္ပုံပင္။ ျခင္ေထာင္ကုိလွန္တင္လိုက္ကာ အိပ္ယာနံေဘးတြင္ မတ္တတ္ရပ္လ်က္ အိပ္ယာမွ သူ ထအလာကုိ ေစာင့္ေနေလေတာ့သည္။

"ဘြားကလည္း ရစ္ၿပီဗ်ာ၊ အဲ့လို မတ္တတ္ႀကီးရပ္ၿပီး စိုက္ၾကည့္ေနမွေတာ့ သားက ဘယ္လိုဆက္အိပ္လို႔ရေတာ့မွာလဲ"

"အိပ္မရရင္ ထေလ ၊ ရွင္းရွင္းေလးပဲ"

မိုက္ေၾကးခြဲသလိုေျပာလိုက္ေသာ အဘြားျဖစ္သူ၏ စကားေၾကာင့္ ဘုန္းသက္တိုင္၏ မ်က္လုံးမ်ား လက္ခနဲျဖစ္သြားကာ အိပ္ေနရာမွ ဝုန္းခနဲ ထထုိင္လိုက္ေတာ့ေလသည္။ ထို႔ေနာက္ မ်က္ႏွာသစ္ရန္ ေရခ်ိဳးခန္းဘက္သို႔ ေလၽွာက္သြားလိုက္ၿပီး ပါးစပ္မွလည္း ပြစိပြစိ ေရရြတ္သြားလိုက္ေသးသည္က

"ဘြားကုိ ေမေမနဲ႔တုိင္မယ္ " ဟူ၍.....။

"တိုင္ေအ၊ တိုင္ေပါ့၊ ငါက နင့္အေမကုိ ေၾကာက္စရာလား ၊ ငါေမြးထားတာဟဲ့ သိလား"

"သိတယ္"

အဘြားျဖစ္သူကုိ ခပ္ေငါေငါျပန္ေျပာလိုက္ၿပီး
သြားတိုက္ေဆးကုိ သြားပြတ္တံေပၚသို႔ လိုတာထက္ပို .... ညႇစ္ခ်လိုက္ရင္း ေရတစ္ခြက္ကို ခပ္ကာ အုတ္ကန္ေဘာင္ေပၚ ေဆာင့္ေအာင့္ခ်လိုက္ေတာ့ မိတ္ဆက္သံတခ်ိဳ႕ထြက္ေပၚလာေလေတာ့သည္။

"ဟဲ့ ငါ့ဒန္ခြက္ ပိန္သြားမယ္၊ အဲ့ခြက္မ်ိဳးက လိုခ်င္ရင္ေတာင္ ရွာဝယ္လို႔ မရေတာ့ဘူး၊ ညင္ညင္သာသာလုပ္"

ထိုအခါမွ ဘုန္းသက္တိုင္ဆိုသည့္သူ သြားတိုက္ေဆးအျမႇုပ္ေတြကုိေထြးထုတ္လိုက္ရင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပဳံးလိုက္မိသည္။

တစ္အိမ္လုံး ေျပးၾကည့္မွ ဒီေျမးအဘြားႏွစ္ေယာက္တည္းဆိုေသာ္လည္း မနက္မိုးလင္း၍ မ်က္လုံးစဖြင့္လိုက္ကတည္းက အဆီအေငၚ
မတည့္စြာ ....။

အဘြားျဖစ္သူ၏ တပ်စ္ေတာက္ေတာက္ ဆူသံ ေငါက္သံေတြက သက္တုိင္အတြက္ စိတ္ေက်နပ္စရာမ်ား ျဖစ္၍ေနလားမသိ။ ရည္ရြယ္ခ်က္ရွိရွိ ျပသာနာ ျဖစ္ၾကသလို တစ္ခါတစ္ေလဆိုရင္လည္း ဘာမဟုတ္သည့္အရာေလးႏွင့္ စကားကေတာက္ကဆျဖစ္ၾကေသးသည္။ ထိုလိုေန႔မ်ိဳးဆို ေျမးအဘြားႏွစ္ေယာက္ မ်က္ႏွာခ်င္းေတာင္ မဆိုင္ၾက။ တစ္ေယာက္က အိမ္ေရွ႕ေန ၊ တစ္ေယာက္က ေနာက္ေဖးေန ပုံစံမ်ိဳးျဖင့္ တစ္ေန႔တာကုိ ကုန္ဆုံးၾကသည္။

ေနာက္ဆုံးတြင္ အျမဲအေလ်ော့ေပးၿပီး ျပန္ေခၚရသူက ေျမး။ အဘြားကေတာ့ ကိုးတန္းေက်ာင္းသားနဲ႔ အၿပိဳင္စိတ္ေကာက္ၿပီး ဘယ္ေတာ့မွ စ၍ မေခၚ။

"နင့္အေမနဲ႔တုန္းကလည္း သူပဲ အရင္စေခၚရတာ၊
ငါက ဘယ္သူ႔ကုိမွ အရင္စမေခၚဘူးတဲ့"

ထိုစကားအတုိင္း အေျမဖစ္သူေရာ သားျဖစ္သူပါ အျမဲတမ္း အရႈံးေပးၿပီး စေခၚခဲ့ရေတာ့တာ  ယေန႔အခ်ိန္အထိ။ စိတ္ဆိုးစိတ္ေကာက္သည့္ အခ်ိန္သာ မေခၚမေျပာတာ က်န္သည့္အခ်ိန္မ်ားတြင္ေတာ့ လိုေလေသးမရွိေအာင္ ဂ႐ုစိုက္တတ္သူမို႔
တစ္ဦးတည္းေသာအဘြားကုိ ခ်စ္ရသည္ကေတာ့ ေျပာျပေနစရာပင္မလို။ သို႔ေသာ္ ေျမးတို႔၏ ဝတၱရားအတုိင္း ဂ်ီက်ျခင္းကုိေတာ့ မပ်က္မကြက္ ေဆာင္ရြက္ရေပအုံးမည္။ သိတယ္ မဟုတ္လား။ သားအခ်စ္ ေျမးအႏွစ္ဆိုတာႀကီးကုိ ထင္ထင္ရွားရွား သိေစခ်င္ေသးတာ။

"ဟဲ့ သက္တိုင္ ျမန္ျမန္လုပ္ ၊ ေကာ္ဖီေတြ ေအးေတာ့မယ္"

"ၿပီးပါၿပီ ခင္ဗ်ာ"

အဘြားျဖစ္သူ၏ စိတ္မရွည္ေလသံေတြကို သက္တုိင္က ခပ္ရြတ္ရြတ္ေလး ေခ်ပကာ မနက္စာ စားပြဲဝိုင္း ေသးေသးေလးတြင္ ဝင္ထိုင္လိုက္ေလ၏။ ထို႔ေနာက္ စားပြဲေပၚရွိ မုန္႔ဟင္းခါး
ပန္းကန္ကုိ ေတြ႕ေတာ့ ညီညာစီတန္းေနေသာ သြားျဖဴျဖဴေလးေတြ ေပၚသြားသည္အထိ လွစ္ခနဲ ျပဳံးလိုက္ေလသည္။

"ဟင္း...ဒါမ်ိဳးက် ျပဳံးတတ္တယ္"

အဘြားျဖစ္သူ၏ စကားေၾကာင့္ ဟီးခနဲ သြားျဖဲျပလိုက္ကာ

"တင္တင္ေအး မုန႔္ဟင္းခါး ဝယ္ထားတယ္ဆုိတာ
သားမွ မသိတာ ဘြားရဲ့၊ သိရင္ အေစာႀကီးထတာေပါ့"

ဟု ေလာကြတ္ေခ်ာ္လိုက္ၿပီး အဆင့္သင့္ထည့္ေပးထားေသာ မုန႔္ဟင္းခါး ပူပူေႏြးေႏြးကုိ အားရပါးရ ခပ္စားလိုက္ေတာ့သည္။

"အပုိေတြပါေအ၊ ဒီေလာက္ႏႈိးေနတာေတာင္ အင္တင္တင္နဲ႔ကုိ၊ ေတာ္ၾကာ ယုဒါက ေရာက္လာေတာ့မွာ"

ေလသံတိုးတိုးေလးျဖင့္ ၾကားရ႐ုံေလာက္ညည္းကာ အိမ္ေရွ႕ခန္းကုိ ထြက္သြားေသာ အဘြားျဖစ္သူကုိ သက္တိုင္တစ္ေယာက္ စိတ္မဝင္စားအားေတာ့ေခ်။ ယုဒါဆိုသည့္ နာမည္ကို ၾကားသည္ႏွင့္ စားလက္စ မုန္႔ဟင္းခါးကုိသာ အျမန္ကုန္ေအာင္ ခပ္စားလိုက္ရေတာ့ေလသည္။ ထို႔ေနာက္ နံေဘးရွိေကာ္ဖီခြက္ကို ေရေသာက္သလို တဂြပ္ဂြပ္ျဖင့္ ကုန္ေအာင္ေမာ့ခ်ပစ္လိုက္ကာ အိမ္ေရွ႕သို႔ေျပးထြက္လာၿပီး တိုင္ကပ္နာရီကို ေမာ့ၾကည့္လိုက္ေလေတာ့သည္။

မနက္ ကုိးနာရီ ေလးဆယ့္ငါး။

ေက်ာင္းပိတ္ရက္တိုင္း မနက္ဆယ္နာရီဆိုလၽွင္
ယုဒါႏွင့္ အတူ  ရပ္ကြက္ထဲမွ စာၾကည့္တိုက္သို႔ သြားေနၾကျဖစ္ၿပီး ေန႔လည္ထမင္းစားခ်ိန္မွ အိမ္ေပၚျပန္တက္လာေနၾက။ သိပ္မၾကာခင္ ယုဒါ၏ စက္ဘီးဘဲလ္တီးသံကို ၾကားရေတာ့မည္မွာ အေသအခ်ာပင္။

ထို႔ေၾကာင့္ အခန္းထဲေျပးဝင္ကာ ေတြ႕ရာျမင္ရာ
တီရွပ္ႏွင့္ေဘာင္းဘီတိုကို ေကာက္စြပ္လိုက္ၿပီး စာၾကည့္စားပြဲေပၚမွ ေက်ာပုိးအိတ္ကို ေကာက္လြယ္လိုက္ေလသည္။ ထို႔ေနာက္ လက္ပတ္နာရီကုိ အလ်င္အျမန္ပတ္ကာ အခန္းအျပင္ဘက္ ေျပးထြက္လာလိုက္ေတာ့ မနက္ ဆယ္နာရီအတိ။

"ကလင္ ကလင္"

Right Time ဆိုသည့္ စကားက ယုဒါအတြက္မ်ားလား။ ခ်ိန္းထားရင္ ခ်ိန္းထားသည့္အခ်ိန္ကို တစ္မိနစ္ေတာင္မစြန္းဘဲ ေရာက္ေအာင္လာနိုင္သည့္ အရည္အခ်င္းက ေပါ့ေသးေသးေတာ့မဟုတ္။

စိတ္ထဲေတြးရင္း ဝရံတာဘက္ ေျပးထြက္လိုက္ေတာ့ ဘြားက ေအာက္ကုိ လက္ေတြဘာေတြလွမ္းျပလို႔...။ သူလည္း ဘြားနံေဘးနား ကပ္ရပ္လိုက္ကာ ယုဒါကို လက္လွမ္းျပလိုက္ၿပီးေနာက္ ဖိနပ္တစ္ရံကုိ ေကာက္စီးလိုက္ေလသည္။ ၿပီးေနာက္ အခန္းတံခါးကိုဖြင့္ကာ မ်ားစြာေသာ ေလွကားထစ္ေတြကို ျဖတ္ေက်ာ္ဖို႔ ေျခလွမ္း အသင့္ျပင္လိုက္ေတာ့သည္။

ေစာခူဆဲရဲ့ သီခ်င္းလိုေပါ့။ အျမင့္ဆုံးမွာထားခ်င္တယ္ ဆိုတဲ့ သီခ်င္းေလးအတိုင္း အေပၚဆုံးအထပ္ ေျခာက္လႊာမွာ ထားေပးထားတဲ့ ေမေမ့ေၾကာင့္ တစ္ေန႔ တစ္ေန႔ ေျမႀကီးႏွင့္ထိရဖို႔
ေအာက္ကုိ ေျပးဆင္းရသည္မွာ အေမာ။
အဘြားျဖစ္သူႏွင့္ကီးမကုိက္ရသည့္အေၾကာင္းအရာေတြထဲမွာ ထိုျပႆနာလည္းပါသည္။ လူႀကီးျဖစ္၍ တစ္ေန႔တစ္ေခါက္ေတာင္
အနိုင္နိုင္ဆင္းေနသည္ကုိ နားလည္ေသာ္လည္း
မိမိကို အေခါက္ေခါက္အခါခါ ဆင္းခိုင္းေနသည့္
ကိစၥရပ္ေတြက ရွိေနေသးသည္။

ေလာေလာဆယ္ ထိုကိစၥေတြကို မေတြးနိုင္။
ေအာက္ထပ္မွာ ရပ္ေစာင့္ေနတဲ့ သေကာင့္သားထံ
အျမန္ေရာက္ေအာင္ ဆင္းရေပအုံးမည္။

"မင္းကလည္းကြာ၊ ၾကာလိုက္တာ"

ထင္သည့္အတိုင္း ေျမႀကီးေပၚတြင္ ေျခခ်႐ုံရွိေသး
ယုဒါ၏ အျပစ္တင္စကားသံက အရင္ေရာက္လာေလသည္။

"မၾကာပါဘူးကြာ ၊ ငါးမိနစ္ေတာင္ မရွိေသးပဲနဲ႔
အပိုစကားေတြက ေျပာျပန္ၿပီ"

ေျပးဆင္းလာရ၍ ေမာရသည့္အထဲ အျပစ္တင္စကားေၾကာင့္ ခပ္ဆတ္ဆတ္ျဖစ္သြားေသာ ေလသံျဖင့္ ျပန္ေျပာလိုက္ရင္း ယုဒါ၏စက္ဘီးေနာက္ထိုင္ခုံတြင္ တက္ခြကာ ထိုင္လိုက္ေတာ့ေလသည္။

"နင္းေတာ့၊ ထိုင္ေနၾက ေနရာမရဘဲ ေနမယ္"

ယုဒါ၏ေက်ာျပင္ကုိ မနာေအာင္ ဘုန္းခနဲ ႐ုိက္ကာ ေျပာလိုက္ေသာ္လည္း မျပတ္နိုင္ေသာ သံေယာ
ဇဥ္ အမၽွင္အတန္းေတြျဖင့္ အေပၚကုိ လက္လွမ္းျပေနေသာ မိုင္ယုဒါ။

ထိုအေကာင္ေၾကာင့္ အိမ္ျပန္ေရာက္ရင္ ဘြား၏ေစာင္းခ်ိတ္ေျပာသံေတြကို ၾကားရေတာ့မွာ အေသအခ်ာ။

"အမေလး ဘြားေအကုိ တခ်က္ကေလးေတာင္ ေမာ့မၾကည့္သြားတဲ့ ေျမးအလိမၼာေလး" ဟု ဆိုၿပီး
သာသာနဲ႔နာနာႏွပ္တတ္ေသာ ေဒၚခင္ခင္ရီ မဟုတ္ပါလား။

"နင္းပါေတာ့ ယုဒါရာ၊ ငါထိုင္ေနၾက ေနရာမရရင္ မင္းကို ထိုးမွာေနာ္"

"ေသလိုက္ေလ ေခြးသားရဲ့၊ မင္းအဘြားကုိ ႏႈတ္ဆက္ေနတာ မျမင္ဘူးလား အ႐ုိင္းအစိုင္းေကာင္ "

သူ႔အေျပာကို ယုဒါတုန္႔ျပန္ပုံက ရွင္းသည္။ ေခြးျဖစ္႐ုံမက အ႐ုိင္းအစိုင္းေကာင္ပါတန္းျဖစ္သြားေလသည္။ ထို႔အျပင္ သူ႔ရင္ဘတ္ကုိ တံေတာင္
ျဖင့္ ေနာက္ျပန္ လွမ္းတြတ္လိုက္ေတာ့ နာက်င္မႈကပါ အဆစ္ပါသြားသည္။

"နာတယ္ဟ ... နင္းစမ္းပါကြာ ၊ ေနာက္က်ေနၿပီ"

"မင္းပဲ ေနာက္က်ေနတာပါ သက္တုိင္ရာ၊ အခုမွလာၿပီး ဂ်ီတြန္မေနနဲ႔"

ယုဒါက ထိုစကားတစ္ခြန္းသာ ထပ္ေျပာလိုက္ၿပီး စက္ဘီးကုိစတင္နင္းလိုက္ေတာ့ေလသည္။

စနင္းခါစမွ ဒယီးဒယိုင္ျဖစ္ေနေသာ စက္ဘီးစတီယာတိုင္သည္ သိပ္မၾကာခင္မွာပင္ တည္ၿငိမ္သြားကာ အလိုရွိရာ ခရီးဆီသို႔...။
.
.
.
ေလးႏွစ္တိတိတိုင္ေအာင္  အျမဲလိုလို တင္နင္းလာရေသာ ခႏၶာကိုယ္ျဖစ္သလို အေနာက္ထိုင္ခုံမွ ကားယားခြကာ ဂဏာမၿငိမ္ထိုင္စီးလာေသာ
ခႏၶာကုိယ္ပုိင္ရွင္ ဘုန္းသက္တိုင္။

အလယ္တန္းတြင္  စတင္ ေက်ာင္းေျပာင္းလာၿပီး
ဘုန္းသက္တိုင္ဆိုသည့္ ဂဂ်ီဂေဂ်ာင္ေကာင္နားတြင္ သူငယ္ခ်င္းအျဖစ္ ယေန႔အခ်ိန္အထိ အတူရွိေနေသာ ပါးလွပ္လွပ္ ခႏၶာကုိယ္ ပုိင္ရွင္
မိုင္ယုဒါ။
.
.
.
.
ဆုံမွတ္တို႔ လြဲေခ်ာ္လာသည့္အခါ အနားသတ္ေတြ
မညီနိုင္ေတာ့သလို ခံစားခ်က္ေတြလည္း မတည္နိုင္ေတာ့ဘူးဆိုတာ......။
............................................................................

© A Thway Ni,
книга «Historical Friend».
Коментарі