HF1
HF2
HF3
HF4
HF3
တိတ်ဆိတ်ခြင်း၏အခြားတစ်ဖက်မှာ ဆူညံခြင်းတွေရှိတတ်တယ်ဆိုတာ နာကျင်စွာ နှုတ်ပိတ်နေခဲ့ဖူးတဲ့သူတွေပဲ ခံစားဖူးတာ.....။
............................................................................
"ယုဒါရေ တံခါးလာဖွင့်ပေးအုံး"
သော့ဂလောက်ကိုကိုင်ပြီး သံပန်းတံခါးဖြင့် လေးငါးချက်လောက် ပွတ်တုိက်ထုရုိက်ကာ အသံတစာစာဖြင့် အော်ခေါ်နေသော သက်တိုင်၏အသံက သိပ်ကုိတက်ကြွလွန်းစွာ။ ထို့အပြင် လေလေးတောင် တချွန်ချွန်ဖြင့်။
"ဟဲ့ ဘယ်လိုဖြစ်လို့ အဲ့လောက်ဆူညံနေတာလဲ၊
ဘေးအခန်းတွေကို အားနာအုံးလေ"
သက်တိုင်ကုိ အပြစ်တင်သလိုလေသံဖြင့် ပိတ်ေဟာက်လိုက်ပြီး အိမ်သော့ကုိ တံခါးကြားထဲမှ လှမ်းပေးလိုက်သူက ဘွားခင်။
"ယုဒါရော ဘွား၊ ပြန်သွားပြီလား"
"မပြန်သေးဘူး၊ အဲ့ကလေးနေမကောင်းဘူးလား မသိဘူး၊ ပြန်လာတုန်းကလည်း နှာခေါင်းသွေးတွေလျှံလာတာ၊ မျက်နှာကလည်းဖြူဖပ်ဖြူရော်နဲ့၊ စောေစာကတော့ စာထိုင်ဖတ်နေသေးတာ ၊အခုတော့ အခန်းထဲမှာ အိပ်နေတယ်ထင်တယ်"
ဘွားခင်က အကျိုးအကြောင်းပြောပြပြီးသည်နှင့် အထဲသုိ့ ပြန်ဝင်သွားတော့ သက်တိုင်ကလည်း တံခါးသော့ကုိ အလျင်အမြန်ဖွင့်ကာ အထဲသုိ့ ပြေးဝင်လာလုိက်တော့သည်။ ထို့နောက် ယုဒါအိပ်နေသည်ဟူသော အခန်းဆီသို့....။
"ယုဒါ သားကြီး ၊ နေမကောင်းဘူးဆို၊ ဘယ်နားက ဘာြဖစ်လို့လဲ"
ကုတင်ပေါ်တွင် ခွေခွေလေး လှဲနေသော ယုဒါကုိ မြင်သည်နှင့် သက်တုိင်က စိတ်ပူစွာ မေးခွန်းထုတ်လိုက်လေသည်။ ထို့နောက် ကုတင်ပေါ်သို့ ကတမ်းမတန်း တက်လိုက်ကာ ယုဒါ၏နဖူးကို လက်ခမိုး
ဖြင့် အသာစမ်းကြည့်လိုက်တော့သည်။
"ကုိယ်လဲ မပူပါဘူး၊ ဖျားနေတာတော့ မဟုတ်ဘူးထင်တယ်"
သက်တုိင်က ကုိယ်ပဲမေး ကုိယ်ပဲဖြေ လုပ်ကာပြောလိုက်တော့ ယုဒါ၏ မျက်လုံးများက မှေးစက်နေရာမှ ပွင့်လာတော့သည်။ ထို့နောက် သက်တုိင်ကုိ တချက်လှမ်းကြည့့်ကာ
"မင်းကလည်းကွာ ကြာလိုက်တာ၊ ငါ့မှာ ထိုင်စောင့်နေရင်းနဲ့ အိပ်တောင်ငိုက်တယ်"
ဟုဆိုလိုက်ပြီး လှဲနေရာမှ ကုန်းရုန်းထလိုက်လေတော့သည်။
"နေလို့မကောင်းဘူးဆုိ ၊ အိပ်နေအုံးလေ"
"အာ..ဘာမှမဖြစ်ပါဘူး၊ နေပူလို့ နှာေခါင်းသွေး နည်းနည်းလျှံတာပါ၊ အခုကောင်းသွားပြီ
ဒီမှာကြည့်"
သက်တုိင်၏စိတ်ပူသော စကားကုိ ယုဒါက ပေါ့ပါ့ပါးပါးပင် ပြန်ပြောလိုက်ကာ မျက်နှာကိုမော့ပြီး နှာခေါင်းကို သက်တုိင်၏အနားသို့ကပ်ကာ ထိုးပြလိုက်တော့လေသည်။
"အင်း သက်သာရင်လည်း ပြီးရော၊ ဒါနဲ့ နေ့လည်စာ မစားရသေးဘူးမဟုတ်လား၊ လာ သွားစားကြမယ်"
"အေး အေး"
သက်တိုင်က ကုတင်ပေါ်မှ အရင်ဆင်းကာ အခန်းအပြင်ဘက်သို့ လှည့်ထွက်သွားသလို ယုဒါကလည်း သက်တိုင်၏အနောက်မှ ထလိုက်လာတော့လေသည်။
"ေအာ် ဒါနဲ့ ပြောရအုံးမယ်"
ထိုစဥ် အခန်းအပေါက်ဝ အနားရောက်ခါနီးမှ
ရုတ်တရုတ်လှည့်ကာ ပြောလိုက်သော သက်တုိင်ကြောင့် အနောက်မှကပ်လိုက်လာသော ယုဒါ၏ ခြေလှမ်းများ တုန့်ခနဲဖြစ်သွားတော့လေသည်။
"ဟာ မင်းကလည်း .. တိုက်မိတော့မှာပဲ၊ ဘာလဲ ပြော"
ယုဒါ၏စိတ်မရှည်သံထွက်ပေါ်လာတော့
သက်တုိင်က ရယ်လေသည်။ ထို့နောက် ခပ်မြူးမြူးလေသံဖြင့် ယုဒါကို ပြောလိုက်သည်က
"ငါနဲ့ရွှေချည် အခြေအနေ ကောင်းတယ်ကွ သိလား၊ ဒီလကုန် အဖြေပေးမယ်လို့ပြောတယ် ဟက်.ဟက်၊ သေချာပေါက် ချစ်တယ် ဆိုတာပဲဖြစ်မှာ ၊ ကြိုသိနေတယ်"
ဟူ၍။
"အဲ့ဒီတော့ ငါက ဘာလုပ်ရမှာလဲ"
"ဟ..ကုိယ့်သူငယ်ချင်း ကောင်မလေးရတော့မှာကုိ
ဂုဏ်ယူရမှာပေါ့ မဟုတ်ဘူးလား"
"နေပါ သက်တိုင်ရာ၊ ငါမလိုက်လို့ မင်းရတာကို များ ဂုဏ်ယူဝံ့ကြွားနေသေး၊ ရုပ်ရည်ချင်းယှဥ်လိုက် ငါက မင်းထက် အပုံကြီးသာတယ် ၊ သဘောပေါက်"
ပခုံးကုိ တမင်ဝင်တိုက်ကာ ခပ်ချေချေပြောသွားသော ယုဒါကြောင့် သက်တိုင်၏မျက်ခုံးများ ပင့်တက်သွားလေတော့သည်။ ထို့နောက် သဘောကျသလို ပြုံးလိုက်ကာ အရှေ့မှ ထွက်သွားသော
ယုဒါ၏ လည်ပင်းကုိ အနောက်မှ သိုင်းဖက်လိုက်ကာ ကျောပြင်ပေါ်ကို တက်ရန် ကြိုးစား
လိုက်တော့ေလ၏။
"ဖယ်စမ်းပါ သက်တိုင်ရာ၊ မင်းကိုယ်အလေးကြီးနဲ့ ငါ့ကုိ"
ယုဒါက နှုတ်မှ ပွစိပွစိပြောကာ ယိုင်တိယိုင်နဲ့ဖြစ်နေသော ခြေလှမ်းတွေကုိ ထိန်းရင်း ကျောပေါ်မှ သက်တုိင်ကုိ အတင်းတွန်းချနေသော်လည်း အားကမပါ။
"ငါက လေးတာမဟုတ်ဘူး၊ မင်းကုိက အားမရှိတာ မိုင်ယုဒါ"
ထိုသို့ပြောပြီး အားမရှိမှန်းသိပါလျက်နဲ့
ယုဒါ၏ကျောပေါ်သို့ အတင်းကာရော ကုတ်ကပ်တက်နေသော သက်တိုင်။
"ဟဲ့ သက်တိုင် ၊ ဘယ်လိုဖြစ်လို့ ယုဒါအပေါ် အတင်းကုတ်တက်နေတာလဲ၊ ပြုတ်ကျကုန်မှဖြင့်"
ဘွားခင်၏ ဝင်ဟန့်သံကုိ ကြားမှ အရှိန်သေသွားသော သက်တိုင်။ ဒါတောင် ကောင်းကောင်းမွန်မွန် အရှိန်မသေသွား။ ယုဒါ၏ ဇတ်ပုိးကုိ ခပ်ဆတ်ဆတ်လေး တစ်ချက်ရုိက်ကာ ထွက်ပြေးသွားလေတော့သည်။ မနက်က ငါ့ကုိ တံတောင်နဲ့ တွတ်ထားတဲ့ အကြွေးဆိုလား။
ယုဒါကတော့ သက်တိုင်ကုိ ဘာမှ တုန့်ပြန်ခြင်းမရှိ။ အနောက်မှ ခပ်အေးအေးပင် လျှောက်သွားလိုက်ကာ ဘွားခင်ပြင်ထားပေးသော ထမင်းဝိုင်းဆီသို့။
ဆာလောင်သည့် ဆန္ဒမရှိပေမဲ့ စေတနာကို အသိအမှတ်ပြုသည့်အနေဖြင့် တစ်ပန်းကန်လှလှကုိတော့ ဝင်အောင်စားလိုက်မိသည်။ အထူးတလည်ဧည့်သည်မျိုးမဟုတ်ပေမဲ့ မိသားစုဝင်မဟုတ်တော့ အားနာသည်။ သို့သော် အားနာနာနှင့် ဒီလိုပိတ်ရက်မျိုးကို ဖြတ်သန်းခဲ့သည်မှာ သုံးနှစ်နီးပါးရှိခဲ့သည်မို့ .....။
"သား ယုဒါ၊ နောက်လကျရင် ဘွားတို့ဆီ လက်ဆောင်ပစ္စည်းတွေ ယူမလာပါနဲ့တော့လား"
ရုတ်တရက် ထပြောလိုက်သော ဘွားခင်၏စကားကြောင့် သက်တိုင်နှင့်ယုဒါတို့ နှစ်ယောက်စလုံး၏ မျက်ဝန်းများက ဘွားခင်ထံသို့။
"ဘာဖြစ်လို့လဲ ဘွားရဲ့"
ယုဒါ၏အမေးကုိ ဘွားက တွေဝေခြင်းမရှိ ချက်ချင်းဖြေလေသည်။
"အားနာလို့ ယုဒါရေ၊ မေမေ့ကုိလည်း ပြောလိုက် ၊ ဒါတွေ မလိုဘူးလို့ ၊ နော် သားလေး၊
ဘွားမြေးရဲ့သူငယ်ချင်းဆိုတော့ ယုဒါလည်း ဘွားမြေးပဲ၊ နောက်ပြီး တစ်လုပ်တစ်ဆုပ်စားတာလောက်တော့ ဘွားလည်း ကျွေးနိုင်ပါတယ်၊ သက်တိုင်လောက် စားတာမှ မဟုတ်တာ"
ဘွားခင်၏စကားကြောင့် ထမင်းလိုက်ပွဲ ခပ်ထည့်နေသော သက်တုိင်၏ပေစောင်းစောင်း မျက်လုံးများက ဘွားခင်ဆီ ဒိုင်းခနဲ။ ထို့နောက် ခပ်ရွတ်ရွတ်ပြောလိုက်သည်က မေမေနဲ့တုိင်မည် ဆိုသော စကား။
ထိုစကားကြောင့် ယုဒါရော ဘွားခင်ပါ အသံထွက်အောင်ရယ်လိုက်ကြလေတော့သည်။
"အားနာတာတွေ မဖြစ်ပါနဲ့ ဘွားရေ၊ မေမေက ဘွားကုိ ချစ်လို့ လက်ဆောင်တွေ ထည့်ထည့်ပေးလိုက်တာ၊ နောက်ပြီး ပိတ်ရက်ဆို သားက ဒီမှာပဲအနေများတော့ မေမေကတောင် ဘွားကုိ ပြန်အားနာနေသေးတာ"
"အို..အေ...ဘွားကုိချစ်တယ်ဆိုတော့ ဝမ်းသာတာပေါ့၊ ဒါပေမဲ့...."
"ဒါပေမဲ့တွေ လုပ်မနေနဲ့ ဘွား၊ ချစ်လို့ပေးတာပဲ ဥစ္စာ ၊ ယူလိုက်ပေါ့၊ နောက်မှ သားမေမေကုိ မပူဆာနဲ့"
"ဘုန်းသက်တိုင်"
ကြားထဲမှ ဖြတ်ပြောလိုက်သော သက်တိုင်၏စကားကြောင့် ဘွားခင်ထံမှ အပြည့်အစုံခေါ်လိုက်သော နာမည်တစ်ခုထွက်လာတော့လေသည်။
"အေး..အစာစားနေတုန်းမို့ ၊ နောက်မှ တွေ့မယ်"
ဘွားခင်က သက်တုိင်ကုိ မျက်စောင်းထိုးလိုက်ပြီးကြိမ်းဝါးသွားကာ အိမ်နောက်ဖေးဘက်သို့ဝင်သွားတော့လေသည်။
"ဟေ့ကောင် သက်တိုင်၊ ဘွားကုိ ဘယ်လိုပြောလိုက်တာလဲ၊ မင်းကလည်း လူကြီးကုိ လူကြီးမှန်းမသိဘူး"
"ဟမ်..ငါက ဘာပြောလို့လဲ ၊ ဒီအတိုင်းပဲ ပြောနေကြပဲကုိ"
"ဒါပေမဲ့ အခု ငါရှိနေတယ်လေကွာ၊ နည်းနည်းဆင်ဆင်ခြင်ခြင်ပြော၊ မင်းတို့မြေးအဘွားချင်းက ကိစ္စမရှိဘူးလေ"
ယုဒါက သက်တုိင်ကို ခပ်ငေါက်ငေါက်လေးပြောလိုက်တော့ သက်တုိင်မျက်နှာက မအီမလည်ဖြစ်သွားလေသည်။  ထို့နောက် ဝါးလက်စ ထမင်းကုိ ဆက်မဝါးတော့ပဲ အကုန်မြိုချလိုက်ကာ ဆောရီးဟူသော စကားတစ်ခွန်းကုိပြောလိုက်လေ၏။
"ငါ့ကို ဆောရီး လုပ်ရမှာ မဟုတ်ဘူး၊ ဘွားကုိ တောင်းပန်ရမှာ ၊ သွား ..သွားတောင်းပန်ချေ"
"မင်းကလည်းကွာ"
"သွားစမ်းပါ သက်တိုင်ရာ၊ ဘွားစိတ်မကောင်းဖြစ်သွားတာ မင်းမမြင်ဘူးလား"
ယုဒါ၏စကားကြောင့် သက်တုိင်တစ်ယောက် ခပ်တွေတွေလေးဖြစ်သွားလေ၏။ ထို့နောက် ထမင်းစားခြင်းကုိ အဆုံးသတ်လိုက်ကာ ဘွားခင်ရှိသော အိမ်နောက်ဖေးသို့ လိုက်ဝင်သွားလိုက်တော့လေသည်။
သိပ်မကြာလိုက်ပါဘူး။
မြေးအဘွားနှစ်ယောက်၏ သူအော် ကုိယ်အော် စစ်ခင်းသံတွေထွက်ပေါ်လာတော့သည်။ ငါးမိနစ်မျှ အခြေအတင်စကားများနေကြပြီး
နောက်ဆုံးမှာ ကျယ်ေလာင်စွာ အော်လိုက်သော သက်တုိင်၏အသံက
"ဘွားကို ချစ်လို့" ဟူ၍.....။
ဤတွင် လုံးဝတိတ်ဆိတ်ငြိမ်သက်သွားသော တိုက်ခန်းလေး။  ထို့အတူ ထမင်းစားပွဲဝုိင်းတွင် ငြိမ်သက်စွာ ထိုင်နေသော ယုဒါ၏ အပြုံးတွေသည်လည်း သက်ဝင်ခြင်းအပြည့်ဖြင့်.....။
..............................................................................
နေ့ခင်းဘက်ဆို အလွန်ပူသော ရန်ကုန်မြို့၏ဆောင်းရာသီကုိ လေးလမျှ ဖြတ်ကျော်ပြီးနောက် နွေရာသီသို့ တဖန်ကူးပြောင်းခဲ့လေပြီ။
ထို့အတူ စာသင်ခန်းအဝင်အဝရှိ နဝမတန်း ဟူသော ဆိုင်းဘုတ်လေးကုိ ကျောခိုင်းလက်ပြနှုတ်ဆက်ကာ  ဒဿမတန်းဟူသော ဆိုင်းဘုတ်လေးရှိရာ စာသင်ခန်းသို့ အတူတကွ ဝင်ရောက်လာခဲ့ကြသော သူငယ်ချင်းနှစ်ယောက်။
ခုနှစ်တန်းနှစ်မှစ၍  ကုိးတန်းနှစ်အထိ အခန်းအတူတူ  အတန်းအတူတူထိုင်လာခဲ့ကြရာမှ ယခု ဆယ်တန်းနှစ်တွင်တော့ အမှတ်အပြောင်းအလဲတချို့ကြောင့် အခန်းကွဲသွားကြလေတော့သည်။
"ဟေ့ကောင် ယုဒါ ၊ အတူတူအိမ်ပြန်မှာနော် ငါ့ကိုစောင့်"
ကျောင်းအဝင်အဝကို ရောက်ရုံရှိသေး အိမ်အတူပြန်ဖို့ ကြိုတင် ဘိုကင်လုပ်နေသော သက်တုိင်။
ဒါတောင် စက်ဘီးအနောက်ခုံမှ မဆင်းရသေး။
"အင်း ငါစောင့်နေမယ်၊ ဟို ဗာဒံပင်အောက်မှာပဲနော်"
"အေး အေး ၊ အဲ့ဒီမှာပဲစောင့်နေ"
ယုဒါနှင့်သဘောတူညီချက်ယူကာ လက်ပြနှုတ်ဆက်ထွက်သွားလေသော သက်တုိင်က အခန်းဖော်တွေနှင့် တရုန်းရုန်းဖြင့် ထွက်သွားနှင့်လေပြီ။ ထုံးစံအတိုင်း ယုဒါကတော့ စက်ဘီးကို ရပ်နားရာနေရာသို့ အရောက်ပုိ့ရသေးသည်။
ပြီးမှ မိမိ၏စာသင်ခန်းဆီသို့....။
"ဟဲ့ ယုဒါ ၊ ငါ့ကုိ ဒီနေရာလေးရှင်းပြပါလား"
"မိုင်ယုဒါ ငါ့ကို အော်ဂဲနစ် နုတ်လေး တဆိတ်လောက်"
"သားကြီး မင်းစာအုပ်ကုိ ငါခဏ ယူထားတယ်"
အစရှိသဖြင့် ယုဒါထုိင်နေသော အတန်းနားတွင် ယောက်ယက်ခတ်နေကြသော အခန်းဖော်တချို့။
အတန်းထဲတွင် စာတော်ရုံသာမက စာပါရှင်းပြနိုင်သော ယုဒါ၏အနားတွင် ထိုသို့ အတန်းဖော်တွေ
ဝုိင်းဝုိင်းလည်နေခဲ့တာတော့ မဆန်းတော့ချေ။
ယုဒါကတော့ ထိုင်နေရာမှ တစ်စက်ကလေးတောင် မလှုပ်ဘဲ လိုအပ်သည်များကုိ ကူညီရှင်းပြ ငှားရမ်းပေးကာ ဆရာလွတ်နေသည့်အတန်းချိန်တွေကုိ အကျိုးရှိစွာကုန်ဆုံးစေလိုက်တော့သည်။
"ဟေ့ ချွတ် ချွတ်"
ထိုစဥ် အခန်းအပြင်ဘက်မှ စားပွဲထိုးခေါ်သလို လှမ်းခေါ်လိုက်သော အသံကြောင့် ယုဒါတစ်ယောက် ဖတ်လက်စ စာအုပ်မှ အကြည့်ကုိခွာကာ
အခန်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်မိလေသည်။ အသံပိုင်ရှင်ကား ထင်သည့်အတိုင်း သက်တိုင်။
"ယုဒါ ဒီကုိခဏလာအုံး"
သက်တိုင်၏မျက်လုံးတွေက တောင်ကြည့် မြောက်ကြည့်ဖြင့် လိုက်ကြည့်နေကာ
ခပ်တိုးတိုးအသံဖြင့်လှမ်းခေါ်နေသည်မို့ ယုဒါက စိတ်မပါလက်မပါပုံစံမျိုးဖြင့် အခန်းဝသို့ ထသွားလိုက်တော့ေလသည်။
"ဟေ့ကောင် ဘာလဲ၊ ခဏနေ ဆရာလာတော့မှာ"
ယုဒါ၏ခပ်ကြိတ်ကြိတ်ပြောသံကုိ သက်တုိင်က ဂရုမစိုက်။
"ငါ့ကုိ စက်ဘီးသော့ ခဏပေးစမ်းပါ၊ သွားစရာလေးရှိလို့"
"ဟာ...စာသင်ချိန်ကြီးကုိ ဘယ်ကုိသွားမလုိ့လဲ၊
မင်းတို့အတန်းမှာ ဆရာမရှိဘူးလား"
"ပေးမှာသာ ပေးစမ်းပါကွာ ၊ အရစ်မရှည်စမ်းပါနဲ့၊
မင်းလုပ်တာနဲ့ အင်္ဂလိပ်စာဆရာမက ရောက်လာတော့မယ်"
အနည်းငယ်ဒေါသသံစွတ်လာသော သက်တုိင်၏အသံကြောင့် ယုဒါက မေးခွန်း ဆက်မထုတ်တော့။ အတန်းထဲသို့ ပြန်ဝင်သွားလိုက်ကာ လွယ်အိတ်ထဲမှ စက်ဘီးသော့ကုိထုတ်ယူလိုက်ပြီး အခန်းဝတွင်ရပ်နေေသာ သက်တုိင်ထံသို့ ပစ်ပေးလိုက်တော့လေသည်။
သက်တိုင်ကလည်း ယုဒါပစ်ပေးလိုက်သော စက်ဘီးသော့ကုိ အမိအရ လှမ်းဖမ်းလိုက်ကာ
လက်ထဲသော့ရသည်နှင့် တစ်ချိုးတည်း ပြေးထွက်သွားလေတော့သည်။ ဘာအကြောင်းပြချက် မည်မည်ရရ မရှိဘဲ ကျောင်းထဲမှ လစ်ထွက်သွားေသာ သက်တုိင်ကုိတော့ ယုဒါ နားမလည်နိုင်။
သက်ပြင်းမျှင်းမျှင်းလေးချကာ ကြည့်လက်စ
စာအုပ်ကုိသာ အာရုံပြန်စိုက်လိုက်တော့လေသည်။
သို့ေသာ် ပျံ့လွင့်နေသော အာရုံတွေက ပြန်လည်စုစည်း၍ မရတော့။ စာအုပ်တစ်အုပ်ပေါ် ဘောပင်တစ်ချောင်းနှင့် တောင်ခြစ်မြောက်ခြစ် ခြစ်နေရင်းမှ ဟုန်းခနဲဖြစ်လာသော စိတ်အစုံကြောင့် ထိုင်နေရာမှ ဝုန်းခနဲ မတ်တတ်ထရပ်လိုက်မိတော့သည်။
ထို့နောက် စက်ဘီးတစ်စီးဖြင့် ဘယ်ကုိထွက်သွားလို့ ထွက်သွားမှန်း မသိသော သက်တုိင်၏ နောက်သို့ လိုက်ရန် ပြင်နေသော ယုဒါ၏ ခြေလှမ်းတွေက ကျောင်းအဝင်အဝ အပေါက်ဆီသို့......။
............................................................................
Zawgyi 💭
............................................................................
သက်တိုင်ကို အပြစ်တင်သလိုလေသံဖြင့် ပိတ်ဟောက်လိုက်ပြီး အိမ်သော့ကို တံခါးကြားထဲမှ လှမ်းပေးလိုက်သူက ဘွားခင်။
"မပြန်သေးဘူး၊ အဲ့ကလေးနေမကောင်းဘူးလား မသိဘူး၊ ပြန်လာတုန်းကလည်း နှာခေါင်းသွေးတွေလျှံလာတာ၊ မျက်နှာကလည်းဖြူဖပ်ဖြူရော်နဲ့၊ စောစောကတော့ စာထိုင်ဖတ်နေသေးတာ ၊အခုတော့ အခန်းထဲမှာ အိပ်နေတယ်ထင်တယ်"
"ယုဒါ သားကြီး ၊ နေမကောင်းဘူးဆို၊ ဘယ်နားက ဘာဖြစ်လို့လဲ"
"ကိုယ်လဲ မပူပါဘူး၊ ဖျားနေတာတော့ မဟုတ်ဘူးထင်တယ်"
သက်တိုင်က ကိုယ်ပဲမေး ကိုယ်ပဲဖြေ လုပ်ကာပြောလိုက်တော့ ယုဒါ၏ မျက်လုံးများက မှေးစက်နေရာမှ ပွင့်လာတော့သည်။ ထို့နောက် သက်တိုင်ကို တချက်လှမ်းကြည့်ကာ
"နေလို့မကောင်းဘူးဆို ၊ အိပ်နေအုံးလေ"
"အာ..ဘာမှမဖြစ်ပါဘူး၊ နေပူလို့ နှာခေါင်းသွေး နည်းနည်းလျှံတာပါ၊ အခုကောင်းသွားပြီ
ဒီမှာကြည့်"
သက်တိုင်၏စိတ်ပူသော စကားကို ယုဒါက ပေါ့ပါ့ပါးပါးပင် ပြန်ပြောလိုက်ကာ မျက်နှာကိုမော့ပြီး နှာခေါင်းကို သက်တိုင်၏အနားသို့ကပ်ကာ ထိုးပြလိုက်တော့လေသည်။
"အေး အေး"
"အော် ဒါနဲ့ ပြောရအုံးမယ်"
ရုတ်တရုတ်လှည့်ကာ ပြောလိုက်သော သက်တိုင်ကြောင့် အနောက်မှကပ်လိုက်လာသော ယုဒါ၏ ခြေလှမ်းများ တုန့်ခနဲဖြစ်သွားတော့လေသည်။
ဟူ၍။
"ဟ..ကိုယ့်သူငယ်ချင်း ကောင်မလေးရတော့မှာကို
ယုဒါ၏ လည်ပင်းကို အနောက်မှ သိုင်းဖက်လိုက်ကာ ကျောပြင်ပေါ်ကို တက်ရန် ကြိုးစား
လိုက်တော့လေ၏။
"ဖယ်စမ်းပါ သက်တိုင်ရာ၊ မင်းကိုယ်အလေးကြီးနဲ့ ငါ့ကို"
ယုဒါက နှုတ်မှ ပွစိပွစိပြောကာ ယိုင်တိယိုင်နဲ့ဖြစ်နေသော ခြေလှမ်းတွေကို ထိန်းရင်း ကျောပေါ်မှ သက်တိုင်ကို အတင်းတွန်းချနေသော်လည်း အားကမပါ။
"ငါက လေးတာမဟုတ်ဘူး၊ မင်းကိုက အားမရှိတာ မိုင်ယုဒါ"
"ဘာဖြစ်လို့လဲ ဘွားရဲ့"
ယုဒါ၏အမေးကို ဘွားက တွေဝေခြင်းမရှိ ချက်ချင်းဖြေလေသည်။
"အားနာလို့ ယုဒါရေ၊ မေမေ့ကိုလည်း ပြောလိုက် ၊ ဒါတွေ မလိုဘူးလို့ ၊ နော် သားလေး၊
ဘွားခင်၏စကားကြောင့် ထမင်းလိုက်ပွဲ ခပ်ထည့်နေသော သက်တိုင်၏ပေစောင်းစောင်း မျက်လုံးများက ဘွားခင်ဆီ ဒိုင်းခနဲ။ ထို့နောက် ခပ်ရွတ်ရွတ်ပြောလိုက်သည်က မေမေနဲ့တိုင်မည် ဆိုသော စကား။
"အားနာတာတွေ မဖြစ်ပါနဲ့ ဘွားရေ၊ မေမေက ဘွားကို ချစ်လို့ လက်ဆောင်တွေ ထည့်ထည့်ပေးလိုက်တာ၊ နောက်ပြီး ပိတ်ရက်ဆို သားက ဒီမှာပဲအနေများတော့ မေမေကတောင် ဘွားကို ပြန်အားနာနေသေးတာ"
"အို..အေ...ဘွားကိုချစ်တယ်ဆိုတော့ ဝမ်းသာတာပေါ့၊ ဒါပေမဲ့...."
"ဒါပေမဲ့တွေ လုပ်မနေနဲ့ ဘွား၊ ချစ်လို့ပေးတာပဲ ဥစ္စာ ၊ ယူလိုက်ပေါ့၊ နောက်မှ သားမေမေကို မပူဆာနဲ့"
"ဘုန်းသက်တိုင်"
ဘွားခင်က သက်တိုင်ကို မျက်စောင်းထိုးလိုက်ပြီးကြိမ်းဝါးသွားကာ အိမ်နောက်ဖေးဘက်သို့ဝင်သွားတော့လေသည်။
"ဟေ့ကောင် သက်တိုင်၊ ဘွားကို ဘယ်လိုပြောလိုက်တာလဲ၊ မင်းကလည်း လူကြီးကို လူကြီးမှန်းမသိဘူး"
"ဟမ်..ငါက ဘာပြောလို့လဲ ၊ ဒီအတိုင်းပဲ ပြောနေကြပဲကို"
ယုဒါက သက်တိုင်ကို ခပ်ငေါက်ငေါက်လေးပြောလိုက်တော့ သက်တိုင်မျက်နှာက မအီမလည်ဖြစ်သွားလေသည်။  ထို့နောက် ဝါးလက်စ ထမင်းကို ဆက်မဝါးတော့ပဲ အကုန်မြိုချလိုက်ကာ ဆောရီးဟူသော စကားတစ်ခွန်းကိုပြောလိုက်လေ၏။
"ငါ့ကို ဆောရီး လုပ်ရမှာ မဟုတ်ဘူး၊ ဘွားကို တောင်းပန်ရမှာ ၊ သွား ..သွားတောင်းပန်ချေ"
"မင်းကလည်းကွာ"
ယုဒါ၏စကားကြောင့် သက်တိုင်တစ်ယောက် ခပ်တွေတွေလေးဖြစ်သွားလေ၏။ ထို့နောက် ထမင်းစားခြင်းကို အဆုံးသတ်လိုက်ကာ ဘွားခင်ရှိသော အိမ်နောက်ဖေးသို့ လိုက်ဝင်သွားလိုက်တော့လေသည်။
သိပ်မကြာလိုက်ပါဘူး။
နောက်ဆုံးမှာ ကျယ်လောင်စွာ အော်လိုက်သော သက်တိုင်၏အသံက
"ဘွားကို ချစ်လို့" ဟူ၍.....။
..............................................................................
နေ့ခင်းဘက်ဆို အလွန်ပူသော ရန်ကုန်မြို့၏ဆောင်းရာသီကို လေးလမျှ ဖြတ်ကျော်ပြီးနောက် နွေရာသီသို့ တဖန်ကူးပြောင်းခဲ့လေပြီ။
ထို့အတူ စာသင်ခန်းအဝင်အဝရှိ နဝမတန်း ဟူသော ဆိုင်းဘုတ်လေးကို ကျောခိုင်းလက်ပြနှုတ်ဆက်ကာ  ဒဿမတန်းဟူသော ဆိုင်းဘုတ်လေးရှိရာ စာသင်ခန်းသို့ အတူတကွ ဝင်ရောက်လာခဲ့ကြသော သူငယ်ချင်းနှစ်ယောက်။
ခုနှစ်တန်းနှစ်မှစ၍  ကိုးတန်းနှစ်အထိ အခန်းအတူတူ  အတန်းအတူတူထိုင်လာခဲ့ကြရာမှ ယခု ဆယ်တန်းနှစ်တွင်တော့ အမှတ်အပြောင်းအလဲတချို့ကြောင့် အခန်းကွဲသွားကြလေတော့သည်။
ကျောင်းအဝင်အဝကို ရောက်ရုံရှိသေး အိမ်အတူပြန်ဖို့ ကြိုတင် ဘိုကင်လုပ်နေသော သက်တိုင်။
ယုဒါနှင့်သဘောတူညီချက်ယူကာ လက်ပြနှုတ်ဆက်ထွက်သွားလေသော သက်တိုင်က အခန်းဖော်တွေနှင့် တရုန်းရုန်းဖြင့် ထွက်သွားနှင့်လေပြီ။ ထုံးစံအတိုင်း ယုဒါကတော့ စက်ဘီးကို ရပ်နားရာနေရာသို့ အရောက်ပို့ရသေးသည်။
"ဟဲ့ ယုဒါ ၊ ငါ့ကို ဒီနေရာလေးရှင်းပြပါလား"
"သားကြီး မင်းစာအုပ်ကို ငါခဏ ယူထားတယ်"
အစရှိသဖြင့် ယုဒါထိုင်နေသော အတန်းနားတွင် ယောက်ယက်ခတ်နေကြသော အခန်းဖော်တချို့။
ဝိုင်းဝိုင်းလည်နေခဲ့တာတော့ မဆန်းတော့ချေ။
ယုဒါကတော့ ထိုင်နေရာမှ တစ်စက်ကလေးတောင် မလှုပ်ဘဲ လိုအပ်သည်များကို ကူညီရှင်းပြ ငှားရမ်းပေးကာ ဆရာလွတ်နေသည့်အတန်းချိန်တွေကို အကျိုးရှိစွာကုန်ဆုံးစေလိုက်တော့သည်။
"ဟေ့ ချွတ် ချွတ်"
ထိုစဉ် အခန်းအပြင်ဘက်မှ စားပွဲထိုးခေါ်သလို လှမ်းခေါ်လိုက်သော အသံကြောင့် ယုဒါတစ်ယောက် ဖတ်လက်စ စာအုပ်မှ အကြည့်ကိုခွာကာ
"ယုဒါ ဒီကိုခဏလာအုံး"
ခပ်တိုးတိုးအသံဖြင့်လှမ်းခေါ်နေသည်မို့ ယုဒါက စိတ်မပါလက်မပါပုံစံမျိုးဖြင့် အခန်းဝသို့ ထသွားလိုက်တော့လေသည်။
ယုဒါ၏ခပ်ကြိတ်ကြိတ်ပြောသံကို သက်တိုင်က ဂရုမစိုက်။
"ငါ့ကို စက်ဘီးသော့ ခဏပေးစမ်းပါ၊ သွားစရာလေးရှိလို့"
"ဟာ...စာသင်ချိန်ကြီးကို ဘယ်ကိုသွားမလို့လဲ၊
အနည်းငယ်ဒေါသသံစွတ်လာသော သက်တိုင်၏အသံကြောင့် ယုဒါက မေးခွန်း ဆက်မထုတ်တော့။ အတန်းထဲသို့ ပြန်ဝင်သွားလိုက်ကာ လွယ်အိတ်ထဲမှ စက်ဘီးသော့ကိုထုတ်ယူလိုက်ပြီး အခန်းဝတွင်ရပ်နေသော သက်တိုင်ထံသို့ ပစ်ပေးလိုက်တော့လေသည်။
သက်တိုင်ကလည်း ယုဒါပစ်ပေးလိုက်သော စက်ဘီးသော့ကို အမိအရ လှမ်းဖမ်းလိုက်ကာ
စာအုပ်ကိုသာ အာရုံပြန်စိုက်လိုက်တော့လေသည်။
ထို့နောက် စက်ဘီးတစ်စီးဖြင့် ဘယ်ကိုထွက်သွားလို့ ထွက်သွားမှန်း မသိသော သက်တိုင်၏ နောက်သို့ လိုက်ရန် ပြင်နေသော ယုဒါ၏ ခြေလှမ်းတွေက ကျောင်းအဝင်အဝ အပေါက်ဆီသို့......။
............................................................................
© A Thway Ni,
книга «Historical Friend».
Коментарі