HF1
HF2
HF3
HF4
HF4
"ခွပ်"
ကျယ်လောင်စွာထွက်ပေါ်လာသော အသံက
မေးရုိးနှင့်လက်သီး မိတ်ဆက်သံဟူ၍ ယုံဖွယ်နိုင်ရာမရှိ။ ထင်ထားသည်ထက်ပုိ၍ ကျယ်လောင်နေလေ၏။ ကုိယ်ကုိယ်တိုင် အထိုးခံရ၍များလား။
ဦးခေါင်းတစ်ခုလုံး လည်ထွက်သွားပြီး နှာခေါင်းရိုးတစ်လျှောက် ကျိန်းတက်သွားသည်အထိ ပြင်းထန်လှသော ထိုးချက်။ ဒါတောင် မေးရုိးကုိထိုးတာ။ နှာခေါင်းရုိးကုိများ ဖြတ်ထိုးလိုက်ရင် ထိုနေရာမှာပင် အသက်ပျောက်သွားနိုင်လေသည်။
သို့သော် အတွေး၌သာ ကြောက်ရွံ့နေပြီး တကယ့်အပြင်လက်တွေ့တွင်တော့ အရှုံးမပေးချင်သည့်စိတ်ကြောင့် လဲကျနေရာမှ ကုန်းရုန်းထလိုက်မိသည်။ ထို့နောက် ရှိသမျှ အားအင်ကုိသုံးကာ မျက်စိရှေ့မှ လူကုိ ဝင်လုံး လိုက်ပြန်တော့သည်။
"ဟာ...ဒီကောင်၊ တော်တော် သောက်ကျောတင်းပါလား၊ လာကွာ ဟေ့ကောင်တွေ၊ ဒီကောင်ကိုချုပ်ထား"
တစ်ယောက်ချင်းတောင် မနိုင်ပါဘဲ ဆက်လက် လုံးထွေးရန်ကြိုးစားနေသော သူ့ကို ဝိုင်းချုပ်ရန် အမိန့်ပေးသံထွက်ပေါ်လာတော့ လူက နည်းနည်းရှိန်ခနဲဖြစ်သွားလေသည်။ ဘိုင်ဝမ်းတောင် မနုိင်တာ သုံးယောက်တစ်ယောက်ဆိုရင် သေချာပေါက် အရေးပေါ်ရောက်သွားနိုင်သည်။ သို့သော် သန်းခေါင်ထက် ညဥ့်မနက်တော့။ အရှုံးဆိုတာကုိ မုန်းသူပီပီဆက်လက်၍ မာန်တင်းကာ ဝုိင်းချုပ်လာသောလူအများကုိ အားကုန်ဆောင့်ရုန်းပြီး
မြင်မြင်သမျှအရာတိုင်း လက်သီးပစ်သွင်းမိတော့သည်။
"ကြည့်စမ်းပါဦး၊ မွှန်နေလိုက်တာမှ မြင်မကောင်းဘူး"
သူ့ဝမ်းဗိုက်ကို လက်သီးတချက် ပစ်သွင်းပြီး ခပ်ရွဲ့ရွဲ့ပြောလိုက်သော အသံက နားထဲ သံရည်ပူလောင်းလိုက်သည့်နှယ်။
"မင်း စကားပြောတာ ကြည့်ပြော အောင်သူရ၊
အရိုင်းအစိုင်းလို မပြောနဲ့"
"ရုိင်းတော့ ဘာဖြစ်လဲ၊ ကဲကွာ"
နောက်တစ်ကြိမ်ထိုးသွင်းလိုက်သော လက်သီးတစ်ချက်က ပါးပြင်ကုိ စိမ့်ခနဲ။ နာလိုက်သည်ဖြစ်ခြင်း။ သုိ့သော် အပြုံးမပျက် ခပ်အက်အက်ရယ်လိုက်ရင်း စကားတစ်ခွန်းဖြင့် ပြန်လည်ချေပလိုက်တော့ အောင်သူရ မျက်နှာက မည်းခနဲ။
"မင်းလို အရုိင်းအစိုင်းကောင်ကုိ ရွှေချည်က ပြန်မကြိုက်တာလဲ မပြောနဲ့လေ၊ အရမ်း အောက်တန်းကျတယ်"
"ဘာကွ၊ ဘုန်းသက်တိုင် မင်း  မင်း၊ လူပါးဝလှချည်လား၊ ငါ ရွှေချည်ကို လိုက်နေတာ သိရဲ့သားနဲ့
ကြားထဲက မင်းပဲ အရှက်မရှိ ဖြတ်ခုတ်သွားတာလေ၊ ခွေးကောင် မိန်းမလို မိန်းမရနဲ့"
"အဟက် မင်းသာ မိန်းမလို မိန်းမရပါ အောင်သူရရာ၊ တစ်ယောက်ချင်းချမယ်ဆိုပြီးလည်း ချိန်းသေး အဖော်တွေလည်း ခေါ်လာသေး၊ ကလိမ်ကကျစ်ကောင် ၊ ထီွ!!"
သူ့စကားတွေကုိ အောင်သူရတစ်ယောက် မည်မျှပေါက်ကွဲသွားသည်မသိ။ အဖြူရောင် ရှပ်အင်္ကျီလည်ပင်းကို အားဖြင့်အတင်းဆောင့်ဆွဲလိုက်တော့လေသည်။
အနည်းငယ် အစ်နေေသာ လည်ပင်းကြောင့် တုန့်ပြန်စကားမပြောနိုင်သေးသည်ကုိ အခွင့်ကောင်းယူကာ မထိတထိပြုံးပြီး ရန်စကားထပ်ပြောလိုက်သော အောင်သူရ။
"ငါက မင်းလို မနုံဘူးကွ၊ သက်တိုင်ရ၊ ဟား ဟား ဟား၊ အေး...မင်းစောင့်ကြည့်နေလိုက် ၊ မင်းလက်ထဲကနေ ရွှေချည်ကုိ ငါဘယ်လို ယူပြမလဲဆိုတာ၊
နောင်မှ ငါမှားပါတယ် အောင်သူရဆုိရင်တော့ ဆောရီးပဲ သားကြီး၊ မင်းအဖေက မညှာတတ်ဘူး"
အားရပါးရ ကြိမ်းဝါးပြောဆိုရုံတင် မက ကျန်လက်တစ်ဖက်ဖြင့် လည်ပင်းကို ညှစ်ဖို့ကြိုးစားနေသော အောင်သူရကြောင့် သူ အလန့်တခြားဖြစ်ကာ ခေါင်းကို ငဲ့ယိမ်းရှောင်ရန်ကြိုးစားလိုက်သည်။ လှုပ်လိုက်တိုင်း ပိုတင်းလာသော အင်္ကျီလည်ပင်းကလည်းရှိသေးသည်မို့ မျက်နှာတစ်ပြင်လုံး ဖူးယောင်ကာ နာကျင်နေသည်ကုိပင် သတိမထားနိုင်တော့။ အစ်နေသော လည်ပင်းကုိ သက်သာစေရန်သာ ကြိုးစားနေမိတော့သည်။
"အောင်သူရ၊ မင်းလက်ကုိ အခု ဖယ်လိုက်စမ်း"
ထိုစဥ် ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံနက်ကြီးတစ်ခုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေရာမှ အားလုံး၏အကြည့်များသည် အသံလာရာဆီသို့ ရောက်သွားကြလေတော့သည်။
ဟင် ယုဒါ။
အထိတ်တလန် ့ဖြစ်ကာရေရွတ်လိုက်မိပေမဲ့ အသံက ချက်ချင်းထွက်မလာ။ နေပူကျဲတဲအောက်တွင် ထီးမပါ ဦးထုပ်မပါဖြင့် အပြေးအလွှားရောက်ချလာသော ယုဒါကို စိတ်ထဲမှ ရုတ်တရက်စိတ်ပူသွားကာ ဘာလုပ်လို့ ဘာကုိင်ရမှန်းမသိတော့။
"အော် ဟော်၊ ရောက်မှ ရောက်လာပါ့မလားလို့၊
ကဲ ယုဒါ မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းကြီးက ငါ့ကုိ သောကတွေပေးပြီး အာရုံလာစားနေလို့ နည်းနည်း ပညာပေးနေတာ၊ ဝင်မပါရင်တော့ ကောင်းမယ်ကွာ၊ မင်းလို ဖြူဖပ်ဖပ်ကုိ ငါအားနာလုိ့"
ယုဒါကို မြင်သည်နှင့် အောင်သူရက ချက်ချင်းပင် ပြေရာပြေကြောင်းပြောလိုက်လေသည်။ ထို့နောက် မောဟုိက်သလိုဖြစ်နေသည့် ယုဒါကုိ သနားသလို တချက်ကြည့်ကာ နှုတ်ခမ်းကုိ မဲ့လိုက်ပြီး သူ့ဘက်သို့ မျက်နှာကုိ ပြန်လှည့်လိုက်တော့သည်။
"ဘုန်းသက်တိုင်၊ ကုိယ့်အခြေအနေကုိ ကုိယ်သိ၊
သိပ်ပြီးတော့ ဖင်ယားမနေနဲ့၊ မျက်နှာလှလှလေးမှာ သေရာပါ အမှတ်လေးတွေ ထည့်ပေးလိုက်မယ်၊ ကြားလား"
စားမတတ် ဝါးမတတ် မျက်နှာပေးဖြင့် လူကုိ
ကြည့်ကာ ပြောနေသော အောင်သူရ။ ယုဒါကတော့ စောစောက အသံနက်ကြီးတစ်ခွန်းအပြင်
ယခုအချိန်အထိ ဘာစကားတစ်ခွန်းမှ ဝင်မပြောသေး။ သို့သော် အကြည့်တချို့ကုိ သူ့ထံသို့ မကြာခဏ ဆိုသလို ရောက်၍နေလေသည်။
ပေါင်းသင်းလာသော နှစ်တွေကလည်း.ကြာမြင့်ခဲ့သည်မို့ ယုဒါက ဘယ်လို အကြည့်မျိုးဖြင့် သူ့ကုိ လှမ်းကြည့်နေသလဲဆိုတာကုိ သူက ချက်ချင်းသဘောပေါက်သည်။
"ဟေ့ကောင် အောင်သူရ ၊ မင်း ငါ့သူငယ်ချင်းကုိ
အခုလွှတ်လိုက်စမ်း၊ မလွှတ်ရင် ငါကျောင်းအုပ်ရုံးခန်းအထိ သွားတိုင်မှာနော်"
ခပ်မာမာလေသံဖြင့် မနိုင်နိုင်ရာမဲသည့် သဘောမျိုးပြောလိုက်သော ယုဒါ၏ စကားကို အောင်သူရက ဟားတိုက်ရယ်မောလေသည်။ ထို့နောက်
ဘာကုိမှ ဂရုမစိုက်သည့် လေသံဖြင့်
"တိုင်လေ ၊ တိုင်ပေါ့၊ အဲ့ဒီလောက်လေးကို ငါက ကြောက်စရာလား ၊ ကျောင်းအုပ်ရုံးခန်းမကလို့ ဟိုး...တာဝတိံသာ အထိပဲ တက်တိုင်တိုင်၊ don't care ပဲ ဟေ့ကောင်"
ဟူ၍ ဆောင့်ကြွားကြွားပြောလိုက်တော့လေသည်။
ယခုအချိန်မှာ အောင်သူရ၏ ပုံစံက တကယ့်ကုိ
ဂန်းစတားတစ်ယောက်၏ပုံစံအတိုင်းပင်။
စကားကြီး စကားကျယ်တွေကုိ စိတ်ကြိုက်
ပြောခွင့်ရနေသည်ကြောင့် တစ်လောကလုံးကုိ ဂရုမစုိက်သည့်ပုံစံဖြင့် လေလုံးထွားနေလေတော့သည်။ သူ့ကုိ ချုပ်ထားသော အောင်သူရ၏ အပေါင်းအပါနှစ်ယောက်မှာလည်း အာရုံက ဟိုဖက် ဒီဘက်ဖြစ်နေပြီမို့ လက်တွေက သိပ်မမြဲချင်တော့။
ထိုအခြေအနေကို သူရော ယုဒါပါ သဘောပေါက်လေသည်။ ထို့ကြောင့် ယုဒါက ထပ်မံသွေးတိုးစမ်းလိုက်သော စကားတစ်ခွန်းဖြင့် အောင်သူရအား
ဆွလိုက်ပြန်တော့သည်။
"မင်းအဖေနဲ့ ကျောင်းအုပ်ကြီးက သူငယ်ချင်းတွေဆိုတော့ မင်းက အဲ့ဒီ့စကားပြောမှာပေါ့၊ ဒါပေမဲ့
နိုင့်ထက်စီးနင်းဆိုတာချည်းကတော့ မကောင်းဘူးပေါ့ကွာ"
"ဘာ! မင်းစကားကုိ ပြန်ပြင်ပြောလိုက်စမ်း မိုင်ယုဒါ၊ နိုင့်ထက်စီးနင်း ဟုတ်စ၊ မှတ်တောင်ထားရအုံးမယ်၊ ဒီပြဿနာကုိ မင်းသူငယ်ချင်း က စတာကွ၊ သူပဲ ငါနဲ့ ချိန်းပြီးထိုးရအောင်ဆိုပြီး စချိန်းတာကွ"
ယုဒါ၏စကားကုိ ဘဝင်မကျသလို ပြန်မေးလိုက်ကာ သူ့လည်ပင်းကုိ လွတ်လိုက်ပြီး ယုဒါနားသို့ လျှောက်သွားသော အောင်သူရ။
အောင်သူရ၏စကားကြောင့် ယုဒါ၏အကြည့်စိမ်းစိမ်းတွေကလည်း သူ့ထံသို့ ချက်ချင်းရောက်လာတော့သည်။ သူ့ဘက်က စမှားသည့် ကိစ္စအတွက် ယုဒါကုိ အားနာသလို တချက်ကြည့်ရင်း မသိမသာ ပြုံးပြလိုက်မိသော်လည်း
ယုဒါ၏အကြည့်တွေက ပြောင်းလဲခြင်းမရှိ။
သို့သော် လှစ်ခနဲ မှိတ်ပြလိုက်တော့ ညာဖက် မျက်လုံးမှ အရိပ်လေးကြောင့် ချက်ချင်းဆုိသလို လှုပ်ရှားလိုက်မိသော .. သူ။
ယုဒါကအနီးတွင်ရှိနေသော သဲပုံမှ သဲတချို့ကုိ ကောက်ဆုပ်လိုက်ကာ အောင်သူရ၏မျက်နှာကို ပစ်ပေါက်လိုက်သလို သူသည်လည်း ချုပ်ကုိင်ထားသော နံဘေးမှ လူနှစ်ယောက်၏ လက်ထဲမှ အားကုန်ရုန်းကာ အလျင်အမြန် ထွက်ပြေးလိုက်မိတော့သည်။
မတိုင်ပင်ရပါလဲ ထွက်ပြေးကြလေသော သူတို့နှစ်ယောက်၏ ဦးတည်ရာတွေက တစ်နေရာစီ။
ထို့ကြောင့် အောင်သူရနှင့်အပေါင်းအပါများက ဘယ်သူ့နောက်ကုိ လိုက်၍ လိုက်ရမှန်းမသိဖြစ်ကာ ဗျာများလျက်ကျန်ခဲ့ကြသလို မျက်လုံးထဲ သဲမှုန်များဝင်၍ တောက်တခတ်ခတ်ဖြင့် အော်ဟစ်သောင်းကျန်းလျက် ကျန်ခဲ့သော အောင်သူရ၏ ဒေါသတကြီးအော်သံက မီတာတစ်ရာကျော်လောက်ပြေးပြီးသည့်တိုင် ကြားနေရဆဲပင်။
လက်သီးမသန်ပေမဲ့ အပြေးသန်လှသော ယုဒါလည်း အခုလောက်ဆို တော်တော် ခရီးပေါက်နေလောက်ပြီ။ ထို့ကြောင့် သူ့ခြေလှမ်းများကုိ ကေွ့ကာ ဝိုက်ကာ ပတ်ကာဖြင့် မေတ္တာညွှန့်ရပ်ကွက်လေး၏ တိုက်ကြိုတိုက်ကြားမှ တဆင့် ဆုံနေကြနေရာလေးသုိ့ ဦးတည်လိုက်တော့သည်။
သူ့ထက်အရင် ကြိုပြီးရောက်နှင့်နေမည့် ယုဒါကကို မည်သို့ အကြောင်းပြကာ ဖြေရှင်းချက်ပေးရမည် အခုထိမသိသေး။ သေချာတာတစ်ခုကတော့ နားပန်တချက်လောက် ကျင်းခံရအုံးပေမည်။
ဟူး...။
သူ့စိတ်ထဲမှ မသက်မသာ အတွေးလေးနဲ့အတူ သက်ပြင်းတချက်ချရင်း ဆုံနေကြနေရာလေးသို့သာ အသော့နှင်မိတော့လေသည်။
အရေးထဲမှ ထိုးခံထားရသော မေးရုိးက နာလိုက်သည်ဖြစ်ခြင်း.......။
..................................................................
"ယုဒါ"
မျက်နှာချင်းဆိုင်တွေ့မြင်ရနေပြီဖြစ်သော်လည်း
လွှတ်ခနဲထွက်သွားသော သက်တုိင်၏အသံက
လိုတာထပ်ပိုကျယ်လောင်နေပြီး အနည်းငယ် စိုးရိမ်စိတ်တို့ပျော်ဝင်နေလေ၏။ သို့သော် အတတ်နိုင်ဆုံး ဟန်လုပ်ကာ ညီညီညာညာစီတန်းနေသော သွားလေးတွေပေါ်အောက် ဟီးခနဲရယ်ပြလိုက်ရပြန်သည်။
မျက်လုံးတစ်ဖက် ပိတ်လုနီးပါးဖြစ်နေသည်အထိ
ယောင်ကုိင်းနေသည့်အပြင် ယုဒါကုိ ရယ်အပြမှာ
ပြုတ်ထွက်လုမတတ်နာကျင်နေသော မေးရိုးတွေကလည်း တာဝန်သိစွာ နာပြလိုက်သေးသည်။
"ခေါ်မနေနဲ့ မြင်တယ်"
သက်တိုင်ကုိ ခပ်စိမ်းစိမ်းကြည့်ကာ ဘုတောလိုက်သော ယုဒါ၏အသံတွေက တင်းမာနေသော်ငြားလည်း မျက်နှာတပြင်လုံး ရစရာမရှိအောင် ဒဏ်ရာပရဗွဖြစ်နေသော သက်တိုင်ကုိ
ကြည့်ပြီး စိတ်မသက်သာသလို သက်ပြင်းတချက်ကုိချလိုက်လေသည်။
"ဟို...သားကြီး၊ ငါကွာ အဲ့ဒီအကောင်ကျောတာကုိ မခံချင်တာနဲ့ ချိန်းထိုးရအောင်လို့ပြောလိုက်မိတာပါ"
"အခုတော့ မင်းပဲ ခံလာရတာ မဟုတ်လား"
သက်တိုင်၏ ညောင်နာနာအသံဖြင့် ဖြေရှင်းချက်စကားကုိ ယုဒါက တစ်ခွန်းထဲနှင့် အသေသတ်ချလိုက်တော့ မအီမလည် မျက်နှာမျိုးဖြစ်သွားလေသော  သက်တိုင်။ ထို့နောက် ယုဒါကုိ နောက်တစိကြိမ် မျက်နှာချိုသွေးလိုက်ကာ
"အေးပါကွာ၊ ငါအသုံးမကျတာလည်း ပါတာပေါ့၊
အောင်သူရက သူငယ်ချင်းတွေကုိခေါ်လာမယ်မှန်း ငါမှ မသိ...."
"တော်တော့ သက်တိုင် ၊ မင်းပါးစပ်ကုိ ပိတ်လိုက်တော့"
ကြားမှဖြတ်၍ဝင်ေဟာက်လိုက်ေသာ ယုဒါကြောင့်
သက်တိုင်၏စကားများရှေ့မဆက်နိုင်တော့ပဲ ထိုနေရာမှာပင် တိခနဲရပ်သွားတော့လေသည်။
"မင်းဟာမင်း ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားတဲ့ အကြောင်းတွေကုိ အပုိတွေလုပ်ပြီး လာပြောမနေနဲ့တော့၊ အာညောင်းပြီး လေကုန်ရုံပဲ ရှိမယ်၊ ငါကတော့ သနားမှာ မဟုတ်ဘူး"
"ဘယ်သူက မင်းကုိ သနားခိုင်းနေလို့လဲ၊ ငါက
မင်းစိတ်ဆိုးမှာစိုးလို့ အကောင်းရှင်းပြနေတာ ၊
မင်းဆီမှာ အသနားခံနေတယ် ထင်ရင် ဆောရီးပဲ
ယုဒါ"
ယုဒါ၏စကားကြောင့် သက်တိုင်က အနည်းငယ်ဒေါသထွက်သွားပုံပေါ်သည်။ ခပ်ဆတ်ဆတ် တုန့်ပြန်ပြောဆိုရင်း အင်္ကျီအိပ်ကပ်ထဲမှ စက်ဘီးသော့ကိုထုတ်လုိက်လေသည်။ ထို့နောက် မျက်နှာချင်းဆိုင်တွင်ရှိနေသော ယုဒါထံသို့
ထိုစက်ဘီးသော့ကုိ ပစ်ပေးလိုက်ရင်း
"ရော့၊ မင်းရဲ့ စက်ဘီးသော့၊
စောစောက ဘောလုံးကွင်းထောင့်နားမှာ ရပ်ထားခဲ့တယ်၊ လိုချင်ရင် မင်းဟာမင်း သွားယူလိုက်တော့"
ဟု ဆိုပြီး ချာခနဲ လှည့်ထွက်သွားလိုက်သည်မှာ နောက်ကိုပင် တစ်ချက်လှည့်မကြည့်။ သို့သော်လည်း ထိုးကြိတ်ခံထားရသည့် ဝေဒနာကြောင့် ထင်သလောက် ခြေလှမ်းတို့မသွက်တော့။ ဇောနှင့်ထွက်ပြေးတုန်းက နာကျင်နေသည့်နေရာတွေက မသိသာပေမဲ့ အချိန်ကြာလာသည်နှင့်အမျှ တစ်ကုိယ်လုံး ကိုင်ရိုက်ထားသည့်အလား ခံစားနေရသည့်နှယ်။
ထို့ကြောင့် ခြေလှမ်းတွေသည်လည်း......။
"ခဏနေဦး"
အမိန့်ပေးသံဖြင့် ဟန့်တားလိုက်သော ယုဒါ၏အသံကြောင့် ခပ်နှေးနှေးလျှောက်လှမ်းနေသော သက်တိုင်၏ခြေလှမ်းများက ချက်ချင်းဆုိသလို ရပ်တန့်သွားလေသည်။ သို့ပေမဲ့ အနောက်ကုိ လှည့်မကြည့်။
"ဒီလောက် ပြဲကွဲထားတာကို ဘယ်လိုလုပ်ပြီး
အိမ်ကိုပြန်မှာလဲ ၊ ရပ်နေအုံး အဲ့ဒီ့နေရာမှာ၊
စက်ဘီးသွားယူပြီး ပြန်လာခဲ့မယ်"
"မလုိဘူး"
"မင်း မလိုပေမယ့် ငါလိုတယ်၊ ရပ်နေ အဲ့ဒီအတိုင်း"
ပြောပြောဆိုဆုိဖြင့် မကြာသေးခင်ကမှ ရန်ဖြစ်ထားသော နေရာသို့ ပြေးထွက်သွားသော ယုဒါ။
လက်ထဲတွင်တော့ သက်တိုင် ပစ်ပေး၍ ဖမ်းဆုပ်ကုိင်ထားသော စက်ဘီးသော့လေးဖြင့်။
သက်တိုင်သည်လည်း တကယ်ပဲ လမ်းမလျှောက်နိုင်၍လား၊ ဒါမှမဟုတ် ယုဒါ၏စကားကုိပဲ
မြေဝယ်မကျ နားထောင်လေသလား။ တုန့်ဆိုင်း ရပ်နေသော ထိုနေရာမှ တဖဝါးမှပင် မခွာ။
လက်သီးမသန်သလောက် အပြေးသန်သည့်
ယုဒါ။ မကြာမီ အမြန်ဆုံး ပြန်ရောက်လာမည်ဆုိတာကို သေချာပေါက်သိနှင့်နေသော သက်တိုင်က
ကွဲအက်ေနသောပါးစောင်ကုိပင် မညှာပဲ လှစ်ခနဲ ပြုံးလိုက်တော့လေသည်။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙
Zawgyi 💭
"ခွပ်"
မေးရိုးနှင့်လက်သီး မိတ်ဆက်သံဟူ၍ ယုံဖွယ်နိုင်ရာမရှိ။ ထင်ထားသည်ထက်ပို၍ ကျယ်လောင်နေလေ၏။ ကိုယ်ကိုယ်တိုင် အထိုးခံရ၍များလား။
"ရိုင်းတော့ ဘာဖြစ်လဲ၊ ကဲကွာ"
နောက်တစ်ကြိမ်ထိုးသွင်းလိုက်သော လက်သီးတစ်ချက်က ပါးပြင်ကို စိမ့်ခနဲ။ နာလိုက်သည်ဖြစ်ခြင်း။ သို့သော် အပြုံးမပျက် ခပ်အက်အက်ရယ်လိုက်ရင်း စကားတစ်ခွန်းဖြင့် ပြန်လည်ချေပလိုက်တော့ အောင်သူရ မျက်နှာက မည်းခနဲ။
"မင်းလို အရိုင်းအစိုင်းကောင်ကို ရွှေချည်က ပြန်မကြိုက်တာလဲ မပြောနဲ့လေ၊ အရမ်း အောက်တန်းကျတယ်"
"အဟက် မင်းသာ မိန်းမလို မိန်းမရပါ အောင်သူရရာ၊ တစ်ယောက်ချင်းချမယ်ဆိုပြီးလည်း ချိန်းသေး အဖော်တွေလည်း ခေါ်လာသေး၊ ကလိမ်ကကျစ်ကောင် ၊ ထွီ!!"
အနည်းငယ် အစ်နေသော လည်ပင်းကြောင့် တုန့်ပြန်စကားမပြောနိုင်သေးသည်ကို အခွင့်ကောင်းယူကာ မထိတထိပြုံးပြီး ရန်စကားထပ်ပြောလိုက်သော အောင်သူရ။
"ငါက မင်းလို မနုံဘူးကွ၊ သက်တိုင်ရ၊ ဟား ဟား ဟား၊ အေး...မင်းစောင့်ကြည့်နေလိုက် ၊ မင်းလက်ထဲကနေ ရွှေချည်ကို ငါဘယ်လို ယူပြမလဲဆိုတာ၊
နောင်မှ ငါမှားပါတယ် အောင်သူရဆိုရင်တော့ ဆောရီးပဲ သားကြီး၊ မင်းအဖေက မညှာတတ်ဘူး"
"အောင်သူရ၊ မင်းလက်ကို အခု ဖယ်လိုက်စမ်း"
ဟင် ယုဒါ။
ကဲ ယုဒါ မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းကြီးက ငါ့ကို သောကတွေပေးပြီး အာရုံလာစားနေလို့ နည်းနည်း ပညာပေးနေတာ၊ ဝင်မပါရင်တော့ ကောင်းမယ်ကွာ၊ မင်းလို ဖြူဖပ်ဖပ်ကို ငါအားနာလို့"
"ဘုန်းသက်တိုင်၊ ကိုယ့်အခြေအနေကို ကိုယ်သိ၊
စားမတတ် ဝါးမတတ် မျက်နှာပေးဖြင့် လူကို
ပေါင်းသင်းလာသော နှစ်တွေကလည်း.ကြာမြင့်ခဲ့သည်မို့ ယုဒါက ဘယ်လို အကြည့်မျိုးဖြင့် သူ့ကို လှမ်းကြည့်နေသလဲဆိုတာကို သူက ချက်ချင်းသဘောပေါက်သည်။
"ဟေ့ကောင် အောင်သူရ ၊ မင်း ငါ့သူငယ်ချင်းကို
ဘာကိုမှ ဂရုမစိုက်သည့် လေသံဖြင့်
ယခုအချိန်မှာ အောင်သူရ၏ ပုံစံက တကယ့်ကို
စကားကြီး စကားကျယ်တွေကို စိတ်ကြိုက်
ပြောခွင့်ရနေသည်ကြောင့် တစ်လောကလုံးကို ဂရုမစိုက်သည့်ပုံစံဖြင့် လေလုံးထွားနေလေတော့သည်။ သူ့ကို ချုပ်ထားသော အောင်သူရ၏ အပေါင်းအပါနှစ်ယောက်မှာလည်း အာရုံက ဟိုဖက် ဒီဘက်ဖြစ်နေပြီမို့ လက်တွေက သိပ်မမြဲချင်တော့။
ဆွလိုက်ပြန်တော့သည်။
"ဘာ! မင်းစကားကို ပြန်ပြင်ပြောလိုက်စမ်း မိုင်ယုဒါ၊ နိုင့်ထက်စီးနင်း ဟုတ်စ၊ မှတ်တောင်ထားရအုံးမယ်၊ ဒီပြဿနာကို မင်းသူငယ်ချင်း က စတာကွ၊ သူပဲ ငါနဲ့ ချိန်းပြီးထိုးရအောင်ဆိုပြီး စချိန်းတာကွ"
ယုဒါ၏စကားကို ဘဝင်မကျသလို ပြန်မေးလိုက်ကာ သူ့လည်ပင်းကို လွတ်လိုက်ပြီး ယုဒါနားသို့ လျှောက်သွားသော အောင်သူရ။
သို့သော် လှစ်ခနဲ မှိတ်ပြလိုက်တော့ ညာဖက် မျက်လုံးမှ အရိပ်လေးကြောင့် ချက်ချင်းဆိုသလို လှုပ်ရှားလိုက်မိသော .. သူ။
ယုဒါကအနီးတွင်ရှိနေသော သဲပုံမှ သဲတချို့ကို ကောက်ဆုပ်လိုက်ကာ အောင်သူရ၏မျက်နှာကို ပစ်ပေါက်လိုက်သလို သူသည်လည်း ချုပ်ကိုင်ထားသော နံဘေးမှ လူနှစ်ယောက်၏ လက်ထဲမှ အားကုန်ရုန်းကာ အလျင်အမြန် ထွက်ပြေးလိုက်မိတော့သည်။
ထို့ကြောင့် အောင်သူရနှင့်အပေါင်းအပါများက ဘယ်သူ့နောက်ကို လိုက်၍ လိုက်ရမှန်းမသိဖြစ်ကာ ဗျာများလျက်ကျန်ခဲ့ကြသလို မျက်လုံးထဲ သဲမှုန်များဝင်၍ တောက်တခတ်ခတ်ဖြင့် အော်ဟစ်သောင်းကျန်းလျက် ကျန်ခဲ့သော အောင်သူရ၏ ဒေါသတကြီးအော်သံက မီတာတစ်ရာကျော်လောက်ပြေးပြီးသည့်တိုင် ကြားနေရဆဲပင်။
ဟူး...။
အရေးထဲမှ ထိုးခံထားရသော မေးရိုးက နာလိုက်သည်ဖြစ်ခြင်း.......။
..................................................................
"ယုဒါ"
လွှတ်ခနဲထွက်သွားသော သက်တိုင်၏အသံက
ယောင်ကိုင်းနေသည့်အပြင် ယုဒါကို ရယ်အပြမှာ
"ခေါ်မနေနဲ့ မြင်တယ်"
သက်တိုင်ကို ခပ်စိမ်းစိမ်းကြည့်ကာ ဘုတောလိုက်သော ယုဒါ၏အသံတွေက တင်းမာနေသော်ငြားလည်း မျက်နှာတပြင်လုံး ရစရာမရှိအောင် ဒဏ်ရာပရဗွဖြစ်နေသော သက်တိုင်ကို
ကြည့်ပြီး စိတ်မသက်သာသလို သက်ပြင်းတချက်ကိုချလိုက်လေသည်။
"ဟို...သားကြီး၊ ငါကွာ အဲ့ဒီအကောင်ကျောတာကို မခံချင်တာနဲ့ ချိန်းထိုးရအောင်လို့ပြောလိုက်မိတာပါ"
သက်တိုင်၏ ညောင်နာနာအသံဖြင့် ဖြေရှင်းချက်စကားကို ယုဒါက တစ်ခွန်းထဲနှင့် အသေသတ်ချလိုက်တော့ မအီမလည် မျက်နှာမျိုးဖြစ်သွားလေသော  သက်တိုင်။ ထို့နောက် ယုဒါကို နောက်တစိကြိမ် မျက်နှာချိုသွေးလိုက်ကာ
အောင်သူရက သူငယ်ချင်းတွေကိုခေါ်လာမယ်မှန်း ငါမှ မသိ...."
"တော်တော့ သက်တိုင် ၊ မင်းပါးစပ်ကို ပိတ်လိုက်တော့"
ကြားမှဖြတ်၍ဝင်ဟောက်လိုက်သော ယုဒါကြောင့်
"မင်းဟာမင်း ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားတဲ့ အကြောင်းတွေကို အပိုတွေလုပ်ပြီး လာပြောမနေနဲ့တော့၊ အာညောင်းပြီး လေကုန်ရုံပဲ ရှိမယ်၊ ငါကတော့ သနားမှာ မဟုတ်ဘူး"
"ဘယ်သူက မင်းကို သနားခိုင်းနေလို့လဲ၊ ငါက
ယုဒါ"
ထိုစက်ဘီးသော့ကို ပစ်ပေးလိုက်ရင်း
"ခဏနေဦး"
အမိန့်ပေးသံဖြင့် ဟန့်တားလိုက်သော ယုဒါ၏အသံကြောင့် ခပ်နှေးနှေးလျှောက်လှမ်းနေသော သက်တိုင်၏ခြေလှမ်းများက ချက်ချင်းဆိုသလို ရပ်တန့်သွားလေသည်။ သို့ပေမဲ့ အနောက်ကို လှည့်မကြည့်။
"မလိုဘူး"
ပြောပြောဆိုဆိုဖြင့် မကြာသေးခင်ကမှ ရန်ဖြစ်ထားသော နေရာသို့ ပြေးထွက်သွားသော ယုဒါ။
လက်ထဲတွင်တော့ သက်တိုင် ပစ်ပေး၍ ဖမ်းဆုပ်ကိုင်ထားသော စက်ဘီးသော့လေးဖြင့်။
သက်တိုင်သည်လည်း တကယ်ပဲ လမ်းမလျှောက်နိုင်၍လား၊ ဒါမှမဟုတ် ယုဒါ၏စကားကိုပဲ
ယုဒါ။ မကြာမီ အမြန်ဆုံး ပြန်ရောက်လာမည်ဆိုတာကို သေချာပေါက်သိနှင့်နေသော သက်တိုင်က
ကွဲအက်နေသောပါးစောင်ကိုပင် မညှာပဲ လှစ်ခနဲ ပြုံးလိုက်တော့လေသည်။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙
© A Thway Ni,
книга «Historical Friend».
Коментарі