HF2
တစ်ရပ်ကွက်ကျော်ရှိ စာကြည့်တိုက်သို့ရောက်သည်နှင့် စက်ဘီးပေါ်မှ ခုန်ဆင်းလိုက်ပြီး အထဲသို့အပြေးလှမ်းဝင်လိုက်မိတော့သည်။ ထိုင်နေကြနေရာကို လှမ်းကြည့်
မိတော့ လွတ်နေဆဲမို့ လုထိုင်မည့်သူမရှိပါဘဲ အလောသုံးဆယ် သွားထိုင်လိုက်သူက ဘုန်းသက်တိုင်။
"သက်တိုင်"
ကျောပုိးအိတ်ကုိ ချွတ်ပြီး ခုံပေါ်တင်နေစဥ်မှာပင် မိမိနာမည်ကုိ ခေါ်သံကြားလိုက်ရသည်မို့ အသံလာရာသို့ ခေါင်းကုိ ချာခနဲလှည့်ကာ ရှာလိုက်မိလေ၏။
"အော်..ရွှေချည်"
"တစ်ယောက်တည်းလား သက်တိုင် ၊ ငါနဲ့လာထိုင်လေ"
ရွှေချည်၏စကားကြောင့် သက်တိုင်တစ်ယောက် အင်းမလုပ် အဲမလုပ် ဖြစ်နေလေပြီ။
"ဟုိ...ဟုိ ငါတစ်ယောက်တည်း မဟုတ်ဘူး ၊ ယုဒါလည်းပါတယ်၊ အနောက်မှာ စက်ဘီးကုိ သော့ခတ်နေလို့"
ထိုသို့ပြောပြီးသည်နှင့် သက်တိုင်က လွယ်အိတ်ကို ပြန်ကောက်လွယ်လိုက်လေတော့သည်။ ပြီးနောက် ခပ်လှမ်းလှမ်းမျက်စောင်းထိုးတွင်ရှိသော
ရွှေချည်နွယ်ဟူသော ကောင်မလေးထံသို့ ခြေလှမ်းများကုိ ဦးတည်ရန် ဟန်ပြင်စဥ်မှာပင်
"ဟိုကောင် ဒါက ဘယ်လဲ"
ဟူသော ခပ်ဆတ်ဆတ်မေးသံက မရှေးမနှောင်းထွက်ပေါ်လာတော့လေသည်။
စက်ဘီးသော့ကုိ ကုိင်ကာ စာကြည့်တိုက်ထဲ လှမ်းဝင်လာသော မိုင်ယုဒါ၏မေးခွန်းထုတ်သံကြောင့် သက်တုိင်က ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။
"ယုဒါ နင်လည်း ဒီမှာလာထုိင်လေ၊ သက်တိုင်ကို ငါလှမ်းခေါ်လိုက်လို့ "
ဂုတ်ထောက်ဆံပင်အတိုဖောင်းဖောင်းလေးနှင့် ဖြူဖြူနုနုဖပ်ဖပ် ချစ်စရာကောင်မလေး ရွှေချည်နွယ်၏ စကားကြောင့် ယုဒါက သက်တိုင်ကို
ပေစောင်းစောင်း တချက်လှမ်းကြည့်လိုက်ကာ
"တစ်လမ်းလုံး ငါ့ကို ပွစိပွစိပြောပြီး ပေါက်ပေါက်ဖောက်လာတာ မင်းနော်
သက်တိုင်၊ ကုိယ့်အကြောင်းကုိယ်သိ"
ဟု လေသံမာမာဖြင့် ပြောလိုက်ပြီး ထိုင်နေကြ နေရာတွင် ဝင်ထိုင်လိုက်လေ၏။ ပြီးနောက် လွယ်အိတ်ထဲမှ စာအုပ်တချို့ကို ထုတ်၍ ထိုင်နေရာမှထကာ စာကြည့်တိုက်မှူးထံသို့ လျှောက်သွားလိုက်ပြီး ငှားထားသည့်စာအုပ်များကုိ ပြန်အပ်နေလေတော့သည်။
ထို့နောက် ယုဒါက စာအုပ်စင်မှ ဖတ်ချင်သည့်စာအုပ်တစ်အုပ်ကို ဆွဲယူလာကာ ထိုင်ခုံနေရာသို့ ပြန်လျှောက်လာသည့်သည့်တိုင်အောင် ထိုနေရာတွင် သက်တိုင်တစ်ယောက် ဘာလုပ်ရမှန်းမသိ မတ်တတ်ရပ်မိနေဆဲ။
"ဟဲ့ သက်တုိင် ၊ လာလေ"
ရွှေချည့်ထံမှ နောက်တစ်ကြိမ်လှမ်းခေါ်လိုက်သော အသံကုိတော့ သက်တုိင် ငြင်းနိုင်စွမ်းမရှိ။ ရပ်နေရာမှ ချက်ချင်း ပြန်ထိုင်ချလိုက်ကာ
"ငါဒီမှာပဲ ထုိင်တော့မယ် ရွှေချည်၊ ဒီနေရာက ထိုင်နေကြမို့ စာဖတ်ရတာ ကောင်းတယ် ၊ နောက်တစ်ခါမှ နင်နဲ့ လာထိုင်တော့မယ်"
ဟု ဆိုလိုက်တော့လေသည်။
"စကားမပြောကြနဲ့ကေလးတွေ၊ တိတ်တိတ်နေ"
ထိုစဥ် စာကြည့်တိုက်မှူး၏ လှမ်းအော်ပြောသံကြောင့် ရွှေချည်နှင့်သက်တုိင်တို့နှစ်ယောက် စကားရှေ့မဆက်နိုင်ကြတော့ဘဲ ဇတ်လေးတွေပုကာ ကိုယ်စီ နှုတ်ပိတ်လိုက်ကြရတော့လေသည်။
ယုဒါကလည်း အသံတိတ်စွာပင် သက်တိုင်နှင့်မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး လက်ထဲမှ စာအုပ်ကို သက်တုိင်မျက်နှာရှေ့သို့ ထုိးပေးလိုက်လေသည်။ "ဒီစာအုပ်ကိုဖတ်"
ဆုိသည့် သဘောမျိုး။
ယုဒါ ကမ်းပေးလိုက်သော စာအုပ်ကုိ ချက်ချင်းလှမ်းယူလိုက်သော သက်တုိင်ကလည်း ကျေးဇူးဆိုသည့် အပြုံးမျိုးဖြင့် ပြန်လည်ပြုံးပြလိုက်လေသည်။
ထို့နောက် တဖန် ပြန်လည်တိတ်ဆိတ်သွားသော
စာကြည့်တိုက်လေး.....။
သို့ေသာ် သက်တိုင်ကုိ မကြာခဏဆိုသလို လှမ်းလှမ်းကြည့်နေသော ရွှေချည့်၏အကြည့်တွေက လိုသည်ထက်ပိုနေသလို ရွှေချည့်အကြည့်တွေထံ အာရုံရောက်နေသော သက်တုိင်သည်လည်း
စာဖတ်ရတာ စိတ်မပါသည့်ဟန်။ မာတိကာ၏ နောက်တစ်မျက်နှာမှ ရှေ့သို့ဆက်မတက်ဖြစ်တော့။
ယုဒါကတော့ မျက်စိရှေ့မှ စာအုပ်ကိုသာ သဲကြီးမဲကြီး ကုန်းရုန်းဖတ်နေလေ၏။ နှစ်နာရီဟူသော အချိန်ကုိ အကျိုးရှိစွာ အသုံးချနိုင်ဖို့အရေးကြောင့် ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်။ အမြင်မတော်တာတွေ၊ မျက်လုံးထဲ ကန့်လန့်ဝင်လာသော အရာတွေကုိ လျစ်လျူရှုထားကာ ဖတ်လက်စ စာအုပ်ကုိသာ အာရုံစိုက်ထားလေတော့သည်။
တစ်နာရီကျော်မျှလောက် ငြိမ်သက်စွာ စာဖတ်ပြီးသည့်နောက်.....။
"ယုဒါ"
လေသံထွက်ရုံအသံကလေးဖြင့် ခပ်တိုးတိုးခေါ်လိုက်သော အသံက သက်တိုင်ဆီမှ။
"အင်း ဘာလဲ"
သက်တိုင်၏မျက်နှာကုိ ယုဒါက တချက်ပင်
မော့မကြည်ပဲ ပြန်ထူးလိုက်ရင်း စာမျက်နှာနောက် တစ်ရွက်ကုိသာ လှန်လှောလိုက်လေ၏။
"ငါ ဒီကပြန်ရင် ရွှေချည်နဲ့ အတူတူ ပြန်ချင်လို့၊
ရမလား"
သက်တိုင်၏ခွင့်ပြုချက်တောင်းသည့် စကားကြောင့် ယုဒါက စာဖတ်နေရင်းမှ မျက်လုံးကုိ လှန်ကြည့်လိုက်လေသည်။ ထို့နောက် သက်တိုင်၏ပြုံးဖြီးဖြီးမျက်နှာကုိ အမြင်ကပ်သလိုကြည့်လိုက်ကာ
"မင်းခြေထောက်နဲ့ မင်းပြန်တာပဲ ၊ ပြန်ပေါ့ ၊ ငါနဲ့ဘာဆိုင်လို့လဲ"
ဟူ၍ လေသံခပ်တိုးတိုးနှင့်ပင် ပြန်ပြောလိုက်လေတော့သည်။
"အင်း ဒါတော့ ဒါပေါ့ ၊ ဒါပေမဲ့ ဒါလေးလိုတယ် ဟဲဟဲ"
သက်တိုင်က စကားအဆုံးတွင် ယုဒါ၏စာအုပ်ဘေးရှိသော စက်ဘီးသော့ကုိ ဖျတ်ခနဲ ကောက်ကိုင်လိုက်ကာ သွားအဖြဲသားဖြင့် ရယ်ပြလိုက်လေသည်။ ထို့နောက် ခပ်လှမ်းလှမ်းရှိ မျက်စောင်းထိုးစားပွဲတွင် ထိုင်နေသော ရွှေချည့်ကုိ သော့ကလေး မြှောက်ပြလိုက်တော့ အလိုက်သိသော ထိုကောင်မလေးက စာအုပ်တွေပင် ကောက်သိမ်းနေလေပြီ။
"ငါက ဘာနဲ့ပြန်ရမှာလဲ"
"ဒီနေ့တစ်ရက်တော့ လမ်းလျှောက်လိုက်ပါကွာ မင်းကလည်း ၊ သိပ်လည်းဝေးမှ မဝေးတာကို ၊ အိမ်ရောက်ရင် ဘွားကုိပြောထားပေးအုံး ၊ တော်ကြာ ပြန်ေရာက်မှ ပွားနေအုံးမယ်၊ ဗိုက်ဆာရင်လည်း ထမင်းစားထားနှင့်လိုက်၊ သိပ်တော့မကြာပါဘူး ၊ လှုပ်ရှားစရာရှိတာ လှုပ်ရှားပြီးတာနဲ့ ချက်ချင်းပြန်ခဲ့မယ် ဟဲဟဲ"
သက်တိုင်က ယုဒါကုိ ချော့မောပြောရုံသာမက မှာစရာရှိသည်များကုိ မှာကြားပြီးနောက် စားပွဲပေါ်ရှိကျောပိုးအိတ်ကုိ ကောက်လွယ်ကာ ထိုင်နေရာမှ ထထွက်သွားလေတော့သည်။ ထို့အတူ ရွှေချည်ကလည်း သက်တိုင်နှင့်အတူ မတ်တတ်ထရပ်ပြီးသား။
သက်တိုင်က ယုဒါထံမှ ခွင့်ပြုချက်တောင်းသည်လား၊ ဒါမှမဟုတ် အသိပေးရုံသက်သက်လား ဝေခွဲမရဖြစ်နေစဥ်မှာပင် စက်ဘီးလေးတစ်စီးကတော့ လူနှစ်ယောက်နှင့်အတူ မျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။
ထို့နောက် ယုဒါသည်လည်း ဖတ်လက်စ စာအုပ်ကုိ ပိတ်ကာ လက်မှ လက်ပတ်နာရီကုိ ငုံကြည့်လိုက်မိ အထိ တော့သည်။
မနက် ၁၁ နာရီ ၄၅မိနစ်။
ပြန်နေကြအချိန်ကို နီးကပ်နေပြီဖြစ်သလို စာဖတ်ခြင်းကုိလည်း အာရုံစိုက်မရတော့သည့်အဆုံး လွယ်အိတ်ကုိ ကောက်လွယ်ကာ ကုိယ့်အိမ် မဟုတ်သော အိမ်သို့ပြန်ရန် ခြေလှမ်းတွေကို ဦးတည်လိုက်မိတော့သည်။
မွန်းတည့်ချိန်မို့ ကျစ်ကျစ်တောက်ပူနေသော နေ၏အပူချိန်က ဆောင်းရာသီဟု ခေါ်တွင်ရ
ခက်လောက်အောင်ပင်။ ထိုမျှ ပူလောင်နေသော ရာသီဥတုတွင် စက်ဘီးအတူစီးပြီး သာယာကြည်နူးသော အချိန်လေးတွေ ဖန်တီးဖို့ကြိုးစားနေသော လူနှစ်ယောက်ကိုတော့
လေးစားသလိုြဖစ်မိပေမဲ့ လောလာဆယ်မှာတော့
ဦးထုတ်မပါ ၊ ထီးမပါနှင့် တစ်ရပ်ကွက်ကျော်စာ လမ်းခရီးကုိ ဆယ့်ငါးမိနစ်မျှဖြတ်ကျော်ရအုံးမည်မို့ ........။
...........................................................................
"ဘွားရေ.... ဘွား"
"အေး လာပြီ လာပြီ"
သံပန်းတံခါးကို တချက်ဆွဲရမ်းလိုက်ပြီး အော်သံပေးလိုက်တော့ အပြေးအလွှားေရာက်လာသူက ဘွားခင်။
"ဟဲ့ ယုဒါ၊ တစ်ယောက်တည်းလား၊ သက်တိုင်ရော"
အသက်ခြောက်ဆယ်ကျေိာ်ဆိုပေမဲ့ သွက်လက်ချက်ချာနေသော ဘွားက အိမ်သော့ကုိ သံပန်းတံခါးကြားထဲမှ လက်လျိုကာ ကမ်းပေးလိုက်ရင်း မေးခွန်းပါ တဆက်တည်းထုတ်လိုက်လေသည်။
"ဟို.. လမ်းမှာ အသိတစ်ယောက်နဲ့ ဆုံလို့ စကားရပ်ပြော ကျန်နေခဲ့တယ် ဘွား"
ဘွားခင်၏ မျက်လုံးကုိ တည့်တည့်မကြည့်ဘဲ သံပန်းတံခါးသော့ကုိ စိတ်ဝင်တစားဖွင့်ဟန်
ပြုနေသော သူ့၏ လက်တွေ အနည်းငယ်တုန်ရီနေသည်ဆိုတာ သူကုိယ်တိုင်သတိထားမိသည်။
မောဟုိက်နေသော ရင်အစုံကုိ သက်သာစေရန် အသက်တချက် ခပ်ပြင်းပြင်းရှူလိုက်တော့နားထင်နားက တင်းခနဲဖြစ်ကာ တစ်ဆက်တည်းဆိုသလို နှာခေါင်းရုိးထိပ်နားက ဆစ်ခနဲ။
ထို့နောက် သော့ခလောက်ကုိ ဖြုတ်ကာ တံခါးဂျက်ကုိ ဖွင့်နေတုန်းမှာပင် ပူနွေးသော အရည်တချို့က နှာခေါင်းထဲမှ တဆင့် ပါးစပ်နားဆီသို့ စီးကျလာတော့လေသည်။
"သား ယုဒါ ၊ ခေါင်းကုိမော့ထား ခေါင်းကုိမော့ထား"
ဘွားခင်၏ ထိတ်ပြာစွာထွက်လာသော အသံကြောင့် သူလည်း အလန့်တခြားဖြစ်သွားကာ
ခေါင်းကုိ ယောင်ယမ်းပြီးမော့ထားလိုက်မိသည်။
ပြီးနောက် နှာခေါင်းအဝနားကုိ စမ်းကြည့်လိုက်တော့ ခပ်စေးစေးဖြစ်နေသည်မို့ သက်ပြင်းတချက်ကုိ ချလိုက်ကာ ခေါင်းမော့လျက်သားနှင့်ပင်
အိမ်ခန်းအတွင်းသို့ ခြေလှမ်းဝင်လာလိုက်တော့သည်။ ထို့နောက် သူ့လက်မောင်းကုိ လာကူတွဲပေးသော ဘွားခင်၏လက်တွေကုိ အားကုိးကာ
နောက်ဖေးရေချိုုးခန်းဆီသို့ ခပ်သွက်သွက်လေး သွားလိုက်ရတော့သည်။ ခေါင်းကုိ အချိန်အကြာကြီးမော့ထားမိလျှင် သွေးတွေ လည်ပင်းထဲ စီးဝင်သွားနုိင်သည်လေ။ မိမိအိမ်မှာဆိုရင် နှာခေါင်းကိုသာ လက်ဖြင့်ဖိပိတ်ထားနေကြဆိုပေမဲ့ ယခုအချိန်တွင်တော့ ဘွားခင်၏စကားကုိ မပယ်ရှားချင်။ စေတနာနှင့် သတိပေးသည့်စကားမဟုတ်လား....။
"ယုဒါ အဆင်ပြေလား၊ ရော့ ဒီမှာ အင်္ကျီလဲလိုက်အုံး"
နှာခေါင်းမှ သေွးတချို့ကို ရေဖြင့်ဆေးချလိုက်ပြီး
ရေခွက်ထဲရေအပြည့်ဖြည်ကာ ရေအနည်းရှူလိုက်ပြီးနောက် သွေးတိတ်တာရပ်သွားလေသည်။
ထို့နောက် ဘွားခင်ကမ်းပေးေသာ သက်တုိင်ဝတ်နေကြ တီရှပ်ကို လှမ်းယူလိုက်ပြီး ဘွားခင်ကို ပြုံးပြလိုက်မိသည်။
"အဆင်ပြေတယ် ဘွား၊ ဘာမှ မဖြစ်ဘူး၊ နေပူထဲလမ်းလျှောက်တာ များသွားလို့နေမှာ"
"ဟင် စက်ဘီးနဲ့ လာတာမဟုတ်ဘူးလား၊ ဘာလို့လမ်းလျှောက်လာတာလဲ"
ရုတ်တရတ်စကားပြောမှားသွားသည့်အပေါ်တွင် သူ ချက်ချင်းမဖြေရှင်းတတ်။ ဘွားခင်ဆိုသည်မှာ တစ်ခုခုဆို ဒက်ခနဲ သိသော လူမျိုးမို့ အလျှောက်မကောင်းရင် သေချာပေါက် အထောင်းခံရနိုင်သည်။
"နေ..နေ.. ဘွား သိပြီ ၊ သက်တုိင်က စက်ဘီးကုိ ယူသွားတာမဟုတ်လား၊ ဘယ်ကုိ သဝေထိုးနေပြန်လဲမသိဘူး ဒီကောင်လေးကတော့ ၊ သူငယ်ချင်းကို အားမနာဘူး"
"သား ပေးလိုက်တာပါ၊ သက်တုိင်က သွားစရာလေးရှိတယ်လို့ ပြောတာနဲ့ "
"အေး ပေးလိုက် ၊ အဲ့ကောင်ကို ကြပ်ကြပ်အလျေော့ပေး၊ ကြားလား"
ဘွားခင်က သူ့ကို ဂရုဏာဒေါသောဖြင့်ပြောပြီး အိမ်ရှေ့သို့ ပြန်လည်ထွက်ခွာသွားလေတော့သည်။ ထို့နောက် သူလည်း သေွးစွန်း
နေေသာ ရှပ်အင်္ကျီလေးကုိ ကြယ်သီးဖြုတ်ကာ ချွတ်လိုက်ပြီး ဘွားပေးခဲ့သော
သက်တုိင်၏တီရှပ်နက်ပြာလေးကုိ ခေါင်းမှ စွပ်ချလိုက်ကာ ကုိယ်လက် ဆက်လက်သန့်
စင်လိုက်တော့လေသည်။
ပြီးနောက် အိမ်ရှေ့ခန်းသို့ ထွက်လာလိုက်ကာ သက်တိုင်အိမ်သို့ လာလည်ရင် နားနေကြ ထိုင်နေကြ နေရာလေးဖြစ်သော အခန်းထောင့်လေးတွင် တင်ပုလ္လင်ခွေ ထိုင်ချလိုက်ရင်း
စာကြည့်တိုက်၌ဖတ်၍ မပြီးခဲ့သော စာအုပ်လေးကို လှန်လှောကာ ဆက်ဖတ်နေလိုက်တော့သည်။
ဘွားခင်ကတော့ နေ့လည်စာ အတွက် ပြင်ဆင်နေလေရဲ့.....။
............................................................................
Zawgyi 💭
"သက်တိုင်"
ကျောပိုးအိတ်ကို ချွတ်ပြီး ခုံပေါ်တင်နေစဉ်မှာပင် မိမိနာမည်ကို ခေါ်သံကြားလိုက်ရသည်မို့ အသံလာရာသို့ ခေါင်းကို ချာခနဲလှည့်ကာ ရှာလိုက်မိလေ၏။
"အော်..ရွှေချည်"
"ဟို...ဟို ငါတစ်ယောက်တည်း မဟုတ်ဘူး ၊ ယုဒါလည်းပါတယ်၊ အနောက်မှာ စက်ဘီးကို သော့ခတ်နေလို့"
ရွှေချည်နွယ်ဟူသော ကောင်မလေးထံသို့ ခြေလှမ်းများကို ဦးတည်ရန် ဟန်ပြင်စဉ်မှာပင်
"ဟိုကောင် ဒါက ဘယ်လဲ"
စက်ဘီးသော့ကို ကိုင်ကာ စာကြည့်တိုက်ထဲ လှမ်းဝင်လာသော မိုင်ယုဒါ၏မေးခွန်းထုတ်သံကြောင့် သက်တိုင်က ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။
"ယုဒါ နင်လည်း ဒီမှာလာထိုင်လေ၊ သက်တိုင်ကို ငါလှမ်းခေါ်လိုက်လို့ "
သက်တိုင်၊ ကိုယ့်အကြောင်းကိုယ်သိ"
"ဟဲ့ သက်တိုင် ၊ လာလေ"
"ငါဒီမှာပဲ ထိုင်တော့မယ် ရွှေချည်၊ ဒီနေရာက ထိုင်နေကြမို့ စာဖတ်ရတာ ကောင်းတယ် ၊ နောက်တစ်ခါမှ နင်နဲ့ လာထိုင်တော့မယ်"
ဟု ဆိုလိုက်တော့လေသည်။
ထိုစဉ် စာကြည့်တိုက်မှူး၏ လှမ်းအော်ပြောသံကြောင့် ရွှေချည်နှင့်သက်တိုင်တို့နှစ်ယောက် စကားရှေ့မဆက်နိုင်ကြတော့ဘဲ ဇတ်လေးတွေပုကာ ကိုယ်စီ နှုတ်ပိတ်လိုက်ကြရတော့လေသည်။
ယုဒါကလည်း အသံတိတ်စွာပင် သက်တိုင်နှင့်မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး လက်ထဲမှ စာအုပ်ကို သက်တိုင်မျက်နှာရှေ့သို့ ထိုးပေးလိုက်လေသည်။ "ဒီစာအုပ်ကိုဖတ်"
ဆိုသည့် သဘောမျိုး။
ယုဒါ ကမ်းပေးလိုက်သော စာအုပ်ကို ချက်ချင်းလှမ်းယူလိုက်သော သက်တိုင်ကလည်း ကျေးဇူးဆိုသည့် အပြုံးမျိုးဖြင့် ပြန်လည်ပြုံးပြလိုက်လေသည်။
စာကြည့်တိုက်လေး.....။
သို့သော် သက်တိုင်ကို မကြာခဏဆိုသလို လှမ်းလှမ်းကြည့်နေသော ရွှေချည့်၏အကြည့်တွေက လိုသည်ထက်ပိုနေသလို ရွှေချည့်အကြည့်တွေထံ အာရုံရောက်နေသော သက်တိုင်သည်လည်း
"ယုဒါ"
"အင်း ဘာလဲ"
သက်တိုင်၏မျက်နှာကို ယုဒါက တချက်ပင်
မော့မကြည်ပဲ ပြန်ထူးလိုက်ရင်း စာမျက်နှာနောက် တစ်ရွက်ကိုသာ လှန်လှောလိုက်လေ၏။
ရမလား"
သက်တိုင်၏ခွင့်ပြုချက်တောင်းသည့် စကားကြောင့် ယုဒါက စာဖတ်နေရင်းမှ မျက်လုံးကို လှန်ကြည့်လိုက်လေသည်။ ထို့နောက် သက်တိုင်၏ပြုံးဖြီးဖြီးမျက်နှာကို အမြင်ကပ်သလိုကြည့်လိုက်ကာ
သက်တိုင်က စကားအဆုံးတွင် ယုဒါ၏စာအုပ်ဘေးရှိသော စက်ဘီးသော့ကို ဖျတ်ခနဲ ကောက်ကိုင်လိုက်ကာ သွားအဖြဲသားဖြင့် ရယ်ပြလိုက်လေသည်။ ထို့နောက် ခပ်လှမ်းလှမ်းရှိ မျက်စောင်းထိုးစားပွဲတွင် ထိုင်နေသော ရွှေချည့်ကို သော့ကလေး မြှောက်ပြလိုက်တော့ အလိုက်သိသော ထိုကောင်မလေးက စာအုပ်တွေပင် ကောက်သိမ်းနေလေပြီ။
"ငါက ဘာနဲ့ပြန်ရမှာလဲ"
"ဒီနေ့တစ်ရက်တော့ လမ်းလျှောက်လိုက်ပါကွာ မင်းကလည်း ၊ သိပ်လည်းဝေးမှ မဝေးတာကို ၊ အိမ်ရောက်ရင် ဘွားကိုပြောထားပေးအုံး ၊ တော်ကြာ ပြန်ရောက်မှ ပွားနေအုံးမယ်၊ ဗိုက်ဆာရင်လည်း ထမင်းစားထားနှင့်လိုက်၊ သိပ်တော့မကြာပါဘူး ၊ လှုပ်ရှားစရာရှိတာ လှုပ်ရှားပြီးတာနဲ့ ချက်ချင်းပြန်ခဲ့မယ် ဟဲဟဲ"
ထို့နောက် ယုဒါသည်လည်း ဖတ်လက်စ စာအုပ်ကို ပိတ်ကာ လက်မှ လက်ပတ်နာရီကို ငုံကြည့်လိုက်မိ အထိ တော့သည်။
မနက် ၁၁ နာရီ ၄၅မိနစ်။
ပြန်နေကြအချိန်ကို နီးကပ်နေပြီဖြစ်သလို စာဖတ်ခြင်းကိုလည်း အာရုံစိုက်မရတော့သည့်အဆုံး လွယ်အိတ်ကို ကောက်လွယ်ကာ ကိုယ့်အိမ် မဟုတ်သော အိမ်သို့ပြန်ရန် ခြေလှမ်းတွေကို ဦးတည်လိုက်မိတော့သည်။
လေးစားသလိုဖြစ်မိပေမဲ့ လောလာဆယ်မှာတော့
ဦးထုတ်မပါ ၊ ထီးမပါနှင့် တစ်ရပ်ကွက်ကျော်စာ လမ်းခရီးကို ဆယ့်ငါးမိနစ်မျှဖြတ်ကျော်ရအုံးမည်မို့ ........။
"ဘွားရေ.... ဘွား"
"အေး လာပြီ လာပြီ"
သံပန်းတံခါးကို တချက်ဆွဲရမ်းလိုက်ပြီး အော်သံပေးလိုက်တော့ အပြေးအလွှားရောက်လာသူက ဘွားခင်။
အသက်ခြောက်ဆယ်ကျေိာ်ဆိုပေမဲ့ သွက်လက်ချက်ချာနေသော ဘွားက အိမ်သော့ကို သံပန်းတံခါးကြားထဲမှ လက်လျိုကာ ကမ်းပေးလိုက်ရင်း မေးခွန်းပါ တဆက်တည်းထုတ်လိုက်လေသည်။
ဘွားခင်၏ မျက်လုံးကို တည့်တည့်မကြည့်ဘဲ သံပန်းတံခါးသော့ကို စိတ်ဝင်တစားဖွင့်ဟန်
ပြုနေသော သူ့၏ လက်တွေ အနည်းငယ်တုန်ရီနေသည်ဆိုတာ သူကိုယ်တိုင်သတိထားမိသည်။
မောဟိုက်နေသော ရင်အစုံကို သက်သာစေရန် အသက်တချက် ခပ်ပြင်းပြင်းရှူလိုက်တော့နားထင်နားက တင်းခနဲဖြစ်ကာ တစ်ဆက်တည်းဆိုသလို နှာခေါင်းရိုးထိပ်နားက ဆစ်ခနဲ။
ထို့နောက် သော့ခလောက်ကို ဖြုတ်ကာ တံခါးဂျက်ကို ဖွင့်နေတုန်းမှာပင် ပူနွေးသော အရည်တချို့က နှာခေါင်းထဲမှ တဆင့် ပါးစပ်နားဆီသို့ စီးကျလာတော့လေသည်။
"သား ယုဒါ ၊ ခေါင်းကိုမော့ထား ခေါင်းကိုမော့ထား"
ခေါင်းကို ယောင်ယမ်းပြီးမော့ထားလိုက်မိသည်။
ပြီးနောက် နှာခေါင်းအဝနားကို စမ်းကြည့်လိုက်တော့ ခပ်စေးစေးဖြစ်နေသည်မို့ သက်ပြင်းတချက်ကို ချလိုက်ကာ ခေါင်းမော့လျက်သားနှင့်ပင်
နှာခေါင်းမှ သွေးတချို့ကို ရေဖြင့်ဆေးချလိုက်ပြီး
ထို့နောက် ဘွားခင်ကမ်းပေးသော သက်တိုင်ဝတ်နေကြ တီရှပ်ကို လှမ်းယူလိုက်ပြီး ဘွားခင်ကို ပြုံးပြလိုက်မိသည်။
"နေ..နေ.. ဘွား သိပြီ ၊ သက်တိုင်က စက်ဘီးကို ယူသွားတာမဟုတ်လား၊ ဘယ်ကို သဝေထိုးနေပြန်လဲမသိဘူး ဒီကောင်လေးကတော့ ၊ သူငယ်ချင်းကို အားမနာဘူး"
"သား ပေးလိုက်တာပါ၊ သက်တိုင်က သွားစရာလေးရှိတယ်လို့ ပြောတာနဲ့ "
နေသော ရှပ်အင်္ကျီလေးကို ကြယ်သီးဖြုတ်ကာ ချွတ်လိုက်ပြီး ဘွားပေးခဲ့သော
သက်တိုင်၏တီရှပ်နက်ပြာလေးကို ခေါင်းမှ စွပ်ချလိုက်ကာ ကိုယ်လက် ဆက်လက်သန့်
စင်လိုက်တော့လေသည်။