Вірші
ချစ်ရသူသို့
မင်းသာ အလင်းထဲမှာနေပါ
ကိုယ်က အမှောင်ထဲကနေ မင်းကို စောင့်ရှောက်ပေးမယ် ။
မင်းပျော်ရွှင်နေတာက ကိုယ့်အတွက်
ဘုရားသခင် ပေးသနားတဲ့ ကောင်းချီးတစ်ခု ။
ကိုယ်တို့ အလင်းထဲမှာ မတွေ့ရအောင် ။
မင်းဆိုတာ ဖြူစင်တဲ့ ကြာပန်းငယ်လေး ။
ကိုယ်အရောင်မဆိုးရက်ပါဘူးကွာ ။
အနီရောင်နဲ့ နေသားကျနေတဲ့ကိုယ်ဟာ
အဖြူရောင် မင်းလေးနဲ့ လုံးဝမထိုက်တန်ပါဘူး။
အချိန်မလွန်ခင် ရပ်တန့်ကြစို့
ကိုယ့်ကမ္ဘာငယ်လေး။
2
0
281