Вірші
လိုအပ်နေတဲ့အရာ
လိုအပ္ေနတဲ့အရာ
မွေးဖွားခြင်းကိုရွေးချယ်ခွင့်မရှိဘူး..
ကံကြမ္မာကစီမံပြီးသား..
ထားပါ..
ဒါပေမဲ့ရှင်သန်ခြင်းကိုတော့..
အပြည့်အဝရွေးချယ်ပါရစေ
ချုပ်ချယ်မှုတွေ..
အတင်းအဖျင်းတွေကြားမှာ
နေတာကြာလာတဲ့အခါ..
နာကြင်မှုကထုံသွားခဲ့ပြီ..
ခံစားချက်ကအေးစက်ခဲ့ပြီ..
နွေးထွေးမှုကိုမလိုအပ်တော့ဘူး
လိုအပ်တဲ့အရာက
ဒီအတိုင်း.
ဒီအတိုင်း..
ကိုယ့်ကိုကိုယ်ထိန်းချုပ်ခွင့်
ပြီးတော့..
ကိုယ်ရဲ့ရှင်သန်ခြင်းကို
ကိုယ်တိုင်ထုဆစ်ခွင့်..
#blackcloud0061
Thursday
ထားပါ..
ချုပ်ချယ်မှုတွေ..
နေတာကြာလာတဲ့အခါ..
လိုအပ်တဲ့အရာက
ဒီအတိုင်း.
ဒီအတိုင်း..
ပြီးတော့..
#blackcloud0061
Thursday
5
0
506
Fangirl life
အကယ်၍ကိုယ်ဟာအရာဝတ္ထုတစ်ခုဆိုရင်..
မင်းပိုင်တဲ့အရာဝတ္ထုတစ်ခုဖြစ်ချင်တယ်
အကယ်၍ကိုယ်ဟာအငွေ့တစ်မျိုးဆိုရင်..
မင်းရဲ့ကိုယ်ငွေ့ဖြစ်ချင်တယ်
အခုကိုယ်ကလူသားတစ်ယောက်..
မင်းနဲ့တစ်မိုးအောက်မှာရှိနေတဲ့အသိစိတ်နဲ့
ရှင်သန်နေတဲ့..
သာမာန်ရှင်သန်ခြင်း..
အသက်ခန္ဓာကိုပေးအပ်ချင်ပေမဲ့
မင်းနဲ့ဝေးကွာလွန်းလှတဲ့ကုန်းမြေအကွာအဝေးကြောင့်အခွင့်မသာလှဘူး
ဒါပေမဲ့..ကိုယ့်ရဲ့စိတ်ဝိညာဥ်က
မင်းနဲ့တိုက်ရိုက်ရောသွယ်ဝိုက်ပြီးတော့ရော
သက်ဆိုင်နေတယ်..
ရူးမိုက်လွန်းရာကျပေမဲ့
နောင်တကတော့ဘယ်တော့မှရမှာမဟုတ်ဘူး
လုံးဝကြီးမဖြူစင်ရင်တောင်
နာကြင်လျက်နဲ့မြတ်နိုးနေရတယ်
ကိုယ့်ကိုတောင်မသိတဲ့မင်းကို
သည်းသည်းလှုပ်ချစ်တယ်
ဘာလို့ဆို...ဒါကကိုယ်ရွေးချယ်ထားတဲ့
fangirl lifeမို့လို့ဘဲ
#black cloud0061
Wednesday
ရှင်သန်နေတဲ့..
သာမာန်ရှင်သန်ခြင်း..
သက်ဆိုင်နေတယ်..
#black cloud0061
Wednesday
3
0
346
ကိုယ့်ရဲ့ရောင်စုံဆေး
ကိုယ့်အတွက်ကိုယ့်ဘဝက
ပိတ်ဖြူတစ်ခုနဲ့တူပြီး..
အခြားသူတွေကတော့
ရောင်စုံဆေးဖြစ်နေလိမ့်မယ်..
တူညီစွာဘဲ..
အခြားတစ်ယောက်အတွက်လည်းကိုယ်က
ရောင်စုံဆေးဖြစ်နေလိမ့်မယ်...
ဘယ်အရာမဆိုပုံသေမမှတ်သင့်သလို
ဘယ်အရာမဆိုပုံသေမမှတ်ခဲ့တဲ့ကိုယ်က
သူ့ကိုတော့မပြောင်းလဲဘဲ
ချစ်မြတ်နိုးခဲ့ပါတယ်တဲ့..
ကိုယ့်ဘဝ၊ပိတ်ဖြူမှာစွန်းထင်းနေတဲ့
အရောင်အများစုက
PCYဆိုပြီးရေးခြစ်ထားပုံပေါ်နေလေရဲ့..
ချစ်တယ်PCY..
ထာဝရအတွက်မဟုတ်ရင်တောင်..
အသိရှိသ၍ချစ်သွားမယ်..
ကိုယ့်ရဲ့ရောင်စုံဆေးရေ...
Tuesday
#blackcloud0061
ကိုယ့္အတြက္ကိုယ့္ဘဝက
အခြားသူတွေကတော့
တူညီစွာဘဲ..
အရောင်အများစုက
ချစ်တယ်PCY..
အသိရှိသ၍ချစ်သွားမယ်..
Tuesday
#blackcloud0061
3
0
401