Вірші
De Frame
ရိုးရိုးလေးတွေးပြီး
ရိုးရိုးလေးပြောတတ်တဲ့ ကျွန်တော်က
မင်း အသိုင်းအဝိုင်း မှာ ဘောင်မဝင်ခဲ့ဘူး
ခပ်မဆိတ် နေပြီး၊
မင်းပြောသမျှပြုံးပြီး နားထောင်တတ်တဲ့ ကျွန်တော်က မင်းရဲ့ သူငယ်ချင်းတွေကြား ဝင်မဆံ့ခဲ့ဘူး
ပိုက်ဆံကို သုံးပဲသုံးနိုင်ပြီး မဖြုန်းနိုင်တဲ့
ကျွန်တော်က မင်းရဲ့ နှလုံးသားကို လည်း
တစ်ဦးပိုင်အဖြစ် မသိမ်းထားနိုင်ခဲ့ပြန်ဘူး
နောင်ဘဝများသာရှိခဲ့မယ်ဆိုရင်
ကျွန်တော်တစ်ခုပဲ တောင်းဆုပြုမိမှာ
မင်းရဲ့နှလုံးသားဟာ ထာဝရ ကျွန်တော် ဖြစ်နေပါစေလို့.....
1
0
238
By the way
တစ်ခါတစ်လေ
ကျွန်တော့်ကို နားလည်ပေးနိုင်မယ့်
လူတစ်ယောက်နဲ့ ဆုံချင်မိတယ်
ကျွန်တော်ငိုနေတဲ့ အချိန် နှစ်သိမ့် မပေးနိုင်ရင်တောင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘေးနားမှာ အမြဲရှိနေပေးမယ့်လူမျိုး
ကျွန်တော့်မွေးနေ့မှာ ကျွန်တော်တစ်ခုပဲဆုတောင်းမိပါတယ်
ချမ်းသာကြွယ်ဝဖို့မဟုတ်သလို
အသက်ရှည်ရှည် နေရဖို့လဲ မဟုတ်ဘူး
အဲ့ဒီ့လူသား အမြဲပျော်ရွှင်နေပါစေ
လို့ပဲ ဆုတောင်းခဲ့တာ
ဘဝဆိုတာ ဆူးညှောင့် ခလုတ်တွေရှိနေတဲ့
ရင်ဆိုင်ဖို့ ခက်ခဲတဲ့ တိုက်ပွဲ တစ်ခုပဲတဲ့
ကျွန်တော်ကတော့ အဲ့ဒီ့လူကို
ဘဝဆိုတာ တိုက်ပွဲ လို့ မမြင်စေချင်ဘူး
ဒီတိုင်းစိတ်ချမ်းသာဖို့ကောင်းပြီး
ဘာအခက်အခဲ မှမရှိတာကိုပဲ
ဘဝ လို့ မြင်စေချင်တာ
မေးကြပါလိမ့်မယ်
အခက်အခဲမရှိရင် ဘဝလို့
ဘယ်ခေါ်ပါတော့မလဲလို့
အကြောင်းပြချက်မရှိ အဖြေမရှိတဲ့
မေးခွန်းတွေအတွက်
အဖြေဘာလို့ ရှာနေကြမှာလဲ
မမေးတာကပဲ အကောင်းဆုံးနည်းလမ်းလို့
ကျွန်တော်ထင်တယ်
စကားမစပ်, ခင်ဗျားလေး
အမြဲပျော်ရွှင်နိုင်ပါစေ
3
0
241