Part-1 #Unicode
Part-1 # Zawgi
Part-2 # Unicode
Part-2 #Zawgi
Part-3# Unicode
Part-3#Zawgi
Part-2 #Zawgi
သွားရှာမယ်ဆိုတဲ့ လူတွေက.. စထွက်သွားတဲ့ အချိန်ကစလို့ နောက်နှစ်ရက် ကြာမှ ရောက်လာတာမလို့ ရှောင်ကျန့် သိပ်မကြည်...
သေချာတာကတော့ ဒီ့ထက် နောက်ကျရင် ကောင်လေး အသက် သေချာပေါက် ရှိတော့မည် မဟုတ်...

ပြန်လာတဲ့ လေးယောက်လုံးမှာ ကျန်တဲ့ သုံးယောက်က ဘာ မှ ထွေထွေ ထူးထူး ထိခိုက် မလာပေမဲ့...
ကျိရန်ကတော့ စကားတောင် အနိုင်နိုင် ပြောရမည့် အခြေအနေ...

" သူ့ ကို ဘယ်က တွေ့လာတာလဲ "

" Europe နယ်စပ်ကပါ ရီလင်သခင် "

" အင်း..
ကဲ ပြောတော့ "

" ကျွန်တော် သူ့ဆွေမျိုးလို့ ထင်ရမဲ့ လူတွေ တွေ့ခဲ့တယ် ရီလင်သခင်...အဟွတ်. "

ကျိရန်က သွေးတွေ ပွက်ကနဲ အန်လာတာတောင် ဘေးက လူတွေကို လက်ကာပြရင်း ဆက်ပြောသည်...

" American ကနေ ရီလင်သခင် ပြောတဲ့ အချိန် နဲ့ နီးစပ်တဲ့ အချိန်မှာ ထွက်ခွာတဲ့ လေယာဉ်ပေါ်မှာ...
8 နှစ်သား ကလေးတစ်ယောက်နဲ့ 25နှစ်အရွယ် မိန်းမ တစ်ယောက်ရဲ့ လေယာဉ်ချိန် တိုက် ကြည့် ခဲ့ တယ်...
သူတို့ရဲ့ နေရပ်လိပ်စာက ကျွန်တော့်ရဲ့ laptop ထဲ ကို ပို့ပြီးပြီ ရီလင်သခင် "

" ရပြီ မင်းတာဝန်ကျေတယ်...
ကျန်တာ ငါဆက်လုပ်လိုက်မယ်...
တစ်ယောက် သူ့ကို ခေါ်သွားလိုက် "

ရှောင်ကျန့် က သူ့လူယုံတွေထဲက တစ်ယောက်ကို အကြည့် တစ်ချက်နဲ့တင် ပြောလိုက်တော့...
လူယုံ တစ်ယောက်က ကျိရန်ကို တွဲခေါ်သွားသည်...

" ဟောက်ရွှမ်း! ကျိရန်laptop ငါ့ဆီ ယူလာခဲ့ ! "

laptop ထဲက လိပ်စာ ကို တစ်ချက်ကြည့်ပြီးနောက်..
ရှောင်ကျန့် က နှစ်လိုဖွယ် ပြုံးလိုက်သည်...
တရုတ်ပြည်ရောက်နေတာပဲ ကလေးက...

" ကိုကို မင်းကိုတွေ့ပြီ ကလေး...
ကိုကို မင်း ကို အကြာကြီး စိတ်ကောက်ပစ်မယ် "

တစ်ကိုယ်ထဲ ကြားအောင် ရေရွတ်ပြီးနောက်...
laptop ကို ဟောက်ရွှမ်း လက်ထဲကို ပြန်ထည့်ပေးကာ...

" ကျိရန်ကို သေချာ ဂရုစိုက်လိုက်...
ဘာမှ မမှားယွင်းစေနဲ့...
နောက်ကို မင်းတို့ အကုန်လုံး ဂရုစိုက်စေချင်တယ်"

ဒါ ရှောင်ကျန့် ရဲ့ စိတ်ရင်း အမှန်ပင်...
တပည့်‌တွေ၊ လူယုံတွေ ထိခိုက်လာတိုင်း ရှောင်ကျန့် က မျက်နှာ အမူအယာနဲ့ မဖော်ပြတတ်ပေမဲ့...
အချင်းချင်း ဂရုစိုက်နိုင်ဖို့ လိုအပ်တာ မှန်သမျှ နောက်ကွယ်က အကုန် ဖြည့်ဆည်းပေး သည်...
ဒါကို သိ တဲ့ သူ့တပည့်တွေကလည်း ရှောင်ကျန့် အပေါ်၌သာ သစ္စာ တည်သည်...

ရက်စက် လှပါတယ်ဆိုတဲ့ မြေခွေးကြီးက တစ်ချိန်က ဖြူစင်သည့် ယုန်ငယ်လေး တစ်ကောင် ဖြစ်ခဲ့တာဟာ ပုံပြင် တစ်ပုဒ်အဖြစ်သာ ယုံကြလိမ့်မည်...

_________

ရှောင်ကျန့် ရောက်နေတဲ့ နေရာနဲ့ သိပ်မ၀ေးတဲ့ နေရာမို့...
နေ့တ၀က်တောင် မမောင်း လိုက်ရဘဲ အိမ် တစ်အိမ်စီ ရောက်ခဲ့ကြသည်...
အိမ်ရဲ့ အကျယ် အ၀န်းကို ကြည့်ရုံနဲ့ ချမ်းသာတဲ့ လူတွေလားဆိုတာ မေးစရာတောင်မလို...

" တော်သေးတာပေါ့...
ကိုကို့ ကလေးလေး ကောင်းကောင်းမွန်မွန် ကြီးပျင်းလာရလို့"

ရှောင်ကျန့် ရဲ့ အတွေးတွေက ထိုအိမ်ကြီးဆီ ရောက် သွား ပြီးနောက် တစ်စစီ ပျက်ဆီးခဲ့ရသည်...

ခြံရှေ့မှ ဘဲလ် တီးလိုက်သည်နှင့်...
ချောမောသည့် မျက်နှာ ပိုင်ရှင် မိန်းကလေး တစ်ဦးက လာရောက် ဖွင့်ပေးသည်...

" ဟုတ်ကဲ့ ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင့် "

" ဟို လန်အာနဲ့ တွေ့ချင်လို့ပါ "

ရှောင်ကျန့် ပုံစံက စိတ်လှုပ်ရှား နေ ပြီး...
စကားတွေတောင် ထစ်နေသည်...

" လန်အာ??
လန်အာ ဆို တာ ဘယ်သူတုန်း မသိဘူးရှင့် "

" ဗျာ ဟို အန်တီယန်းလီကော ရှိလား "

ရှောင်ကျန့် ဖြစ် နေ တဲ့ ပုံလေးကိုသာ ကားထဲမှာ စောင့်နေကြတဲ့ လူယုံတွေ မြင်မယ်ဆိုရင်...
သေချာပေါက် ၀ိုင်းချုပ်ပြီး ထိုးနှက်ကြမှာ အသေအချာပင်...
သူတို့ ရီလင်သခင် မဟုတ်ဘူး ဆိုပြီးတော့လေ...

"‌ ဒီက မောင်လေး လူမှားနေတယ်နဲ့ တူတယ်...
မောင်လေး ပြောတဲ့ သူတွေကို အမ မသိဘူး...
ဒီ အိမ်မှာက အမ ယောကျာ်းရယ် အမရယ် အမ ကလေးတွေရယ်ပဲ ရှိတာရှင့်...
မောင်လေး ပြောတဲ့ သူတွေကိုတော့ အမ မကြားဖူးဘူး "

" တကယ်လားဗျာ..
ကျွန်တော် ဒီလိပ်စာ လို့ပဲ သိခဲ့လို့ပါ...
ဧကန္တ အိမ် ပြောင်း သွား တယ် ဆို ရင် လည်း ကျွန်တော် သိပါရစေ "

ရှောင်ကျန့် က မျက်နှာငယ်လေးနဲ့ အကူအညီ တောင်းလာတော့တာမို့ ထိုမိန်းကလေးက သနားစိတ် ၀င်လာပြီး...

" ခနနော် အမ ယောကျာ်းကို မေးပေးမယ်...
လောင်ကုန်း!! "

" လာပြီ မိန်းမ...
ပြော ကိုယ့် အချစ်လေး "

ထိုလူက ပြေးလာရင်းနဲ့ သူ့မိန်းမ မျက်နှာနားကို တိုးကပ်လာတာမို့...
ထိုမိန်းကလေးက မျက်နှာ ကို လက်လေးနဲ့ အသာ တွန်းဖယ်ရင်း ဘေးမှာ လူရှိကြောင်း မျက်စပစ်ပြသည်...
ကြည့်ရတာ ဒီလူက သူ့တောင် မြင်ပုံမပေါ်...

" အန်တီယန်းလီ ဆို တာ လောင်ကုန်း ကြားဖူးလား...
ဟို လန်အာ ဆိုတာကော "

" အန်တီ ယန်းလီ.. အန်တီ ယန်းလီ "

ထိုလူက ခါးထောက်ပြီး စဉ်းစားသလိုလေး လုပ်နေပြီးမှ ...
တစ်ခုခု တွေး မိ သွား ဟန် နဲ့ မျက်လုံးလေး လက်သွားတော့...
သူတို့ အမူအယာကို အစအဆုံး ကြည့်နေတဲ့ ရှောင်ကျန့် လည်း မျက်လုံးလေး လက်သွားသည်...
အခုမှ သူ့ဘ၀က သူ များ အရိပ်အကဲ ကြည့်နေရသည့် အဖြစ်...

" ချစ်လေးကလဲ အဲ့ဒါ ကိုယ်တို့ ဒီမှာ မနေခင်တုန်းက နေခဲ့ကြတဲ့ အိမ်ပိုင်ရှင်တွေလေ...
လွန်ခဲ့တဲ့ ငါးနှစ်က "

" ဪ ချစ်လေးက သူ တို့ ကို မြင်တောင် မမြင်ဖူး လိုက် ဘူး လေ...
လောင်ကုန်းပဲ အစအဆုံး စီစဉ်ခဲ့တာကို "

" ဒါပေါ့ ကိုယ့် အချစ်လေး ပင်ပန်းမှာ စိုးလို့လေ "

ယောကျာ်းက မိန်းမ ပါးလေးကို ချစ်စနိုးနဲ့ ဖျစ်ညှစ်ရင်း ပြော သည်...
နောက်မှ ရှောင်ကျန့် ဘက် လှည့်လာပြီး...

" အာ ဆောရီး ညီက ဘယ်သူလဲ...
ချစ်လေး ဧည့်သည်လား ? "

အခုမှ ခြံရှေ့ရပ်နေတဲ့ ရှောင်ကျန့် ကို သတိထားတယ်...

ရှောင်ကျန့် လည်း ချစ်ကြည်နူးနေတဲ့ လင်မယား နှစ်ယောက်ကို ကြည့်ပြီး သူပါ ကြည်နူးမိသည်...
အရင်စိတ်နဲ့ ဆို ရင် တော့ သူ့ကိစ္စကို ရှေ့တန်းတင်မှ ကြိုက်တဲ့သူ ဆိုပေမဲ့...
ကလေးနဲ့ ပတ်သတ်လျှင် စိတ်ရှည်တယ်...
သူ 15 နှစ်တောင် စောင့်ခဲ့ပြီးပြီမို့လား...

" အာ ကျွန်တော်က အသိတွေကို လာရှာတာပါ...
အရင် အိမ်ပိုင်ရှင်တွေ ဘယ်ပြောင်းသွားလဲ သိ လို့ ရမလားဗျ "

" ဘယ် ပြောင်း သွား လဲ ဆိုတာတော့ အကို မသိ ဘူး ညီ...
သူ့တို့နဲ့က အိမ်ကိစ္စနဲ့ပဲ စကား ပြောဖူးတာ...
သူတို့က ဒီမှာ နှစ်အကြာကြီး နေခဲ့တာဆိုတော့...
သူတို့နဲ့ ရင်းနှီးတဲ့ လူတွေတော့ သိလောက်တယ် "

" ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ...
ကျွန်တော့်ကို သွားခွင့် ပြုပါဦး "

ရှောင်ကျန့် လည်း တရိုတသေ နှုတ်ဆက်ပြီး ထွင်သွားလေသည်...
ထို အိမ် လေး နား ကနေ မလှမ်းမကမ်းအထိ ကြားလိုက်ရတဲ့ အသံလေးတွေက...

" ကိုယ် ပိစိလေးတွေကို ရေချိုး ပေး ပြီး ပြီ "

" လောင်ကုန်းကလဲ ဘာ လို့ လုပ်တာလဲ...
မနက်ကလဲ အ၀တ်တွေ လုလျှော်တယ်...
အလုပ်နားတဲ့ ရက်လေးတော့ နားဦးမှပေါ့...
ချစ်လေး လုပ်လဲ ရတာပဲကို...
လောင်ကုန်း ပင်ပန်းသွားပြီ ဆုပေးရမယ် မွ... "

ရှောင်ကျန့် မျက်ရည် လည်မိတယ်...
သူ့ မိသားစုလေးက အဖြိုခွဲ ခံလိုက်ရပြီလေ...

" ကိုကို စိတ်ထိခိုက်တယ် ကလေး...
ကလေးနဲ့ တွေ့ရင် ကိုကို တ၀ကြီး ငိုဦးမယ် "

ရှောင်ကျန့် ပါလာတဲ့ လူအင်အားက မနည်းတာမို့...
တစ်နာရီ အတွင်းမှာပင် ကလေး ရှိနိုင်သည့် မြို့ ကို သဲလွန်စ ရခဲ့သည်...
တစ်အိမ်ဝင် တစ်အိမ်ထွက် မေးရင်းနဲ့ပေါ့...

ခက်တာက မြို့သုံးခု ထွက်လာခြင်းပင်...
တော်သေးတာက မြို့ တစ်မြို့ထဲကို လူသုံးယောက် ပြောလာတာမို့...
ရှောင်ကျန့် က ကျန် နှစ် မြို့ ကို သူ့လူယုံ သုံးယောက်ဆီ ပို့လိုက်ပြီး...
ဖြစ်နိုင်ခြေ အများဆုံး မြို့ကိုတော့ ရှောင်ကျန့် နဲ့ သူ့လူ အနည်းငယ် ထွက်လာခဲ့သည်...
Luo yang လို့ခေါ်တဲ့ မြို့လေးကိုပေါ့...

ရှောင်ကျန့် တို့ ဟိုရောက်တော့ တော်တော် ရှာလိုက်ရတယ်...
လူအင်အား ထပ်ခေါ်ပြီး စုံစမ်း နိုင် လို့ သာ...
နေ့တစ်ဝက်နဲ့ အမြန်ရှာနိုင် ခဲ့ တာ...

" ရီလင်သခင် ဒီအိမ်လို့ ပြော တယ် "

ရှောင်ကျန့် လည်း သက်ပြင်း သေးသေးလေး ချလိုက်ပြီး...
အကျီလေးကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆွဲချလိုက်ကာ...
သူ့ဘေးမှာ ရှိနေတဲ့ လူဘက်လှည့်ပြီး...

" အဟမ်း ငါ ဘယ်လိုနေလဲ...
ငါ စုတ်ပြတ်သတ် နေ လား?..
တစ်ခုခု လိုအပ်နေတာ ရှိလား "



ရုတ်တရက်ကြီး ဒီလို မေးလာတာမို့ အားလုံး အာစေးမိသည့်အတိုင်း...

" မေးနေတယ်လေ!! "

"ဟုတ် မ.. မရှိပါဘူး..
လုံးဝကို လိုအပ်ချက် မရှိတာပါ "

" တကယ်လား? မင်းပြောတာနော် "

" ဟုတ်..ဟုတ်ကဲ့ပါ...
ရီလင်သခင် မယုံရင် မှန်..မှန် ကြည့်လို့ ရပါတယ် "

" မှန်က ကားမှာ ရှိတယ်လေ...
မင်း ကို မေးနေရင် မေးတာဘဲ ဖြေပေါ့ "

" ဟုတ်..ဟုတ်ကဲ့ပါ...
တကယ်ကို ပြည့်စုံပါတယ် "

ရှောင်ကျန့် က သူ့လူယုံကို ဘာဖြစ်သွားတာတုန်းဆိုတဲ့ အကြည့် နဲ့ ကြည့် တယ်...
လူသတ် ခိုင်း ရင်တောင် တွန့်ဆုတ်မနေတဲ့ ကောင်က အခုမှ စကားတွေ ထစ်နေတယ်...
ငါ မေးတဲ့ မေးခွန်းက ကြောက်စရာ ကောင်းနေလို့လား?

" မင်း တို့ ဒီမှာနေခဲ့ "

" ဟုတ်ကဲ့ ရီလင်သခင် "

ရှောင်ကျန့် လည်း အိမ်ရှေ့ရောက်တာနဲ့ အိမ်တံခါးလေးကို ခေါက်လိုက်တော့...
အမျိုးသမီး တစ်ဦး ထွက်လာသည်...
ထို အမျိုးသမီး ကို ရှောင်ကျန့် သေချာ ကြည့် လိုက် တော့...
အန်တီ ယန်းလီမှ အန်တီ ယန်းလီ အစစ်...
နည်းနည်းလေး အသက် ကြီး သွား ပြီး မျက်နှာလေး နွမ်းနေတာက လွဲလို့ အကုန် မှတ်မိတယ်...

" ဘယ်သူတုန်း မသိဘူးကွယ် "

" အန်တီယန်းလီ! အန်တီယန်းလီ မလားဟင်! "

" ဟုတ် ပါ တယ် အဒေါ့်နာမည်က ယန်းလီပါ...
ဒီက လူလေးက.. "

" ကျွန်တော် ကျွန်တော် ရှောင်ကျန့်ပါ...
ကျန့်ကျန့် ကျန့်ကျန့်လေ "

" ကျန့်ကျန့်??
ဟင်!
ကျင်းကျင်းရဲ့ သားလေးလား! "

ယန်းလီက နားမလည်သလိုလေး လုပ်နေပြီးမှ မှတ်မိသွားတော့...
ရှောင်ကျန့် က ၀မ်းသာအားရပြုံးလိုက်ပြီး...

" ဟုတ် ဟုတ် ပါ တယ်...
ကျွန်တော့်ကို မှတ်မိလို့ တော်သေးတာပေါ့ "

" သား ဒီကို ဘာကိစ္စ...
အာ ခနလေး အိမ်ထဲဝင် လာ သား "

ရှောင်ကျန့် လည်း အိမ်ထဲ ၀င်လာတော့...
အိမ်လေးက သပ်သပ်ရပ်ရပ် ရှိပေမဲ့ အရမ်းကြီး ကျယ်မနေ...
အခန်းနှစ်ခုရှိပြီး ဧည့်ခန်းနဲ့ လိုက်ကာလေး ခြားထားသည့် အခန်းလေးက မီးဖိုခန်းထင်...
‌ယန်းလီက မီးဖိုခန်းထဲ ၀င်သွားပြီး အအေးခွက်နဲ့ အသီးလေး ချပေးကာ...

" မတွေ့ရတာကြာတော့ သားလေးက ပိုချောလာလိုက်တာ...
ကျင်းကျင်းကော အဆင်ပြေလား...
အန်တီ ပြန်လာတဲ့ နေ့ကထဲက ကျင်းကျင်းနဲ့ အဆက်အသွယ် ပြတ်ခဲ့တာ "

" လွန်ခဲ့တဲ့ 15 နှစ်ကထဲကမားက ပိုကောင်းတဲ့ နေရာကို ရောက်သွားပါပြီ "

" ဘယ်လို! ကျင်းကျင်းက ဆုံးသွားပြီလို့ ပြောတာလား!
ဘယ်လို ဖြစ်ပြီး?..."

" accident တစ်ခုနဲ့ပါ "

" အန်တီ မသိခဲ့ဘူး...
အန်တီက သူအဆက်အသွယ် မလုပ်လို့ စိတ်ဆိုးနေခဲ့တာ...
အန်တီတို့ America ကို ထပ်ရောက်ခဲ့ပေမဲ့...
သားတို့ အိမ်က တခြားလူတွေ နေ နှင့် နေ ပြီ မို့...
အခုတော့ ဆုံးသွားတာတဲ့လား "

ယန်းလီက စိတ်ထိခိုက်ပြီး စကားတောင် ဆက်မပြောနိုင်တော့...

" စိတ်မကောင်း မဖြစ်ပါနဲ့ အန်တီ...
မားက အဆင်ပြေမှာပါ "

" အေးပါကွယ် "

" ဟို ဒါနဲ့ အန်တီက တစ်ယောက်ထဲ နေတာလား "

" အန်တီ တို့ လည်း အရင်နှစ်တွေက အဆင်မပြေခဲ့ဘူး ကျန့်ကျန့်...
လန်အာလေးနဲ့ အတူနေတာပေမဲ့...
အရင်လတုန်းက ပြဿနာ တစ်ခု ဖြစ်ခဲ့လို့...
အန်တီ့ကို သူ့ကြောင့် အနှောက် အယှက် ဖြစ်မှာစိုးပြီး...
အိမ်က ထွက်သွားတာ တစ်ပါတ်တောင် ရှိပြီ...
အန်တီ့မှာ အရင်ကလို အဆက်အသွယ် ကောင်း တွေ မရှိတော့...
လန်အာလေးကို အခုထိ ရှာမတွေ့သေးဘူး "

" ဒါ ဆို လန်အာ့ ပါးပါးကရော "

" မသိချင်ပါနဲ့ ကလေးရယ် မကောင်းတဲ့ ကိစ္စတွေမို့ အန်တီ ပြန်အစမဖော်ချင်ဘူး "

" ကျွန်တော်... ကျွန်တော် လန်အာလေးကို ရှာပေးပါ့မယ် "

ယန်းလီရဲ့ မျက်ဝန်းတွေက အရောင်တွေ လက်လာပြီး...
ရှောင်ကျန့် လက်ကလေးကို ကိုင်လိုက်ကာ...

" အန်တီ မတောင်းဆိုသင့်တဲ့ ကိစ္စဆို တာ သိပေမဲ့...
သား ရှာပေးမယ်ဆိုရင် အန်တီ ကျေးဇူး အများ ကြီး တင် ပါ တယ် "

" ဟို ဒါပေမဲ့ ကျွန်တော် လန်အာကြီးလာတဲ့ ပုံလေး ကြည့်လို့ရမလား "

" အာ ဟုတ်သားပဲ အန်တီက သတိမေ့နေတာ...
သားက လန်အာလေးနဲ့ မှ မတွေ့ဖူးဘဲကို "

အခန်းထဲကို ရုတ်တရက် ထ၀င်သွားကာ ပြန်ထွက်လာတော့ ဓာတ်ပုံလေး တစ်ပုံပါလာသည်...

" ဒါ လန်အာလေးပါ "

ရှောင်ကျန့် ဓာတ်ပုံလေးကို ယူကြည့်ပြီးတော့ ခေါင်းထဲ မိုးကြိုး ပစ်ခံလိုက်ရသလိုကို တုန်လှုပ် သွား သည်...

💞 20.10.2020 💞
© Mary Phoo Phoo,
книга «All My False».
Коментарі