Part-1 #Unicode
Part-1 # Zawgi
Part-2 # Unicode
Part-2 #Zawgi
Part-3# Unicode
Part-3#Zawgi
Part-3#Zawgi
" ကျွန်တော် ပြန်လိုက်ပါဦးမယ် "

လန်အာ ပုံပြလိုက်တာနဲ့ ရုတ်တရက် ထပြန်ဖို့ လုပ်နေတဲ့ သူကြောင့် ယန်းလီလည်း ကြောင်သွားသည်...

" ဟင်! "

သူ့ ရုတ်တရက်နိုင် သွားတာကို သိ တဲ့ ရှောင်ကျန့် က...
အမူအရာကို ပြန် ထိန်း လိုက် ပြီး...

" ကျွန်တော် လန်အာလေးကို ချက်ချင်း တွေ့ အောင် ရှာပေးပါ့မယ်...
ဒါ ကျွန်တော့်ကဒ်ပါ...
ကျွန်တော် လည်း တွေ့တာနဲ့ ချက်ချင်း အကြောင်းကြား ပါ့ မယ်...
ကျွန်တော့်ကို သွား ခွင့်ပြုပါဦး "

ရုတ်တရက် ဆန်သွားတယ်ဆိုပေမဲ့ ယန်းလီလည်း မတား ဖြစ်...
ရှောင်ကျန့် ထွက်သွားမှ ကဒ်ကလေးကို ကြည့်လိုက်တော့...

" ဟင်! Sean Xaio "

တစ်ကမ္ဘာလုံးရဲ့ နံပါတ်တစ် စီးပွားရေးသမား...

ရှောင်ကျန့် လည်း သူ့လူကို အချက်ပေး ခေါ်လိုက်တော့ အနား ကို ချက်ချင်း ရောက်လာသည်...

" အခု ချက်ချင်း Chongqing ကို ပြန် ဖို့ လေယာဉ် စီစဉ်လိုက် "

" ဟုတ်ကဲ့ CEO "

ရှောင်ကျန့် လည်း အသင့် ဖွင့်ပေးထားသည့် ကားပေါ် တက်လိုက်ပြီး လက်ထဲက ဓာတ်ပုံလေးကိုသာ တစ်စိုက်မတ်မတ် ကြည့်နေမိသည်...

သူအရမ်းမှားသွားပြီ...
သူနောက်ကျ သွားပြီလား...

ရှောင်ကျန့် လည်း ဖုန်းနံပါတ် တစ်ခု ကောက်ဆက် လိုက်ပြီး...

📲 " ဟောက်ရွှမ်း အတော်ဆုံး ဆရာဝန်ခေါ်ပြီး လူ့အသက်ကယ်ဖို့ လိုအပ်တာတွေ အကုန် ပြင်ထားလိုက်...
ဟိုအခန်းကို စောင့်ကြည့်ထား...
ငါမလာမချင်း ယင်တစ်ကောင်တောင် မ၀င်စေနဲ့ "

တီ...တီ...

သူ့လူတွေနဲ့ အရင်ဆုံး ကယ်ခိုင်းလိုက်လို့ရပေမဲ့...
ဒဏ်ရာတွေနဲ့ သုံးရက်တောင် ပစ်ထားခဲ့တာမလား...
အကယ်၍များ မဖြစ်စေချင်တာ ဖြစ်ခဲ့ရင်တောင် သူ့ကလေးကို သူပဲ ထိမယ်...
မထားသင့်တဲ့ အတ္တဆိုတာ သိပေမဲ့ သူတစ်ခါတလေ ရူးမိုက်ပါရစေ...

နာရီဝက်လောက်ကြာတော့ ရှောင်ကျန့် တို့ own airport ရောက်ပြီး...
Private jet က အဆင်သင့်...

လေယာဉ် နဲ့ ဆို တော့ တစ်နာရီလောက်ပဲ စီးရပေမဲ့...
ရှောင်ကျန့် အတွက်တော့ တစ်သက်လောက်ကို ကြာနေပြီ...

အိမ်တော် ရောက်တာနဲ့ ရှောင်ကျန့် အစောင့်တွေ ချခဲ့တဲ့ အခန်းဆီကိုပဲ တိုက်ရိုက်သွားလိုက်ပြီး...
အခန်းတံခါး ဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက...
ဖြူဖျော့ပြီး လဲနေတဲ့ ခန္တာကိုယ်လေး...
အဆိုးဆုံးအထိ တွေးထားပေမဲ့ တကယ့် တကယ် တွေ့လိုက်ရတဲ့ အချိန်ကျ ခံနိုင်ရည်မရှိ...
ရှောင်ကျန့် လဲနေတဲ့ ခန္ဓာကိုယ် လေး ကို နူးညံ့စွာ ပွေ့ချီလိုက်ပြီး..
ဟောက်ရွှမ်း အသင့် ပြင် ထား သည့် အခန်းထဲ ခေါ်လာသည်...

ဆရာဝန်က ရိပေါ်ကို လိုအပ်တဲ့ အသက်ကယ်မှုတွေ လုပ်ပြီး...

" ဒေါက်တာ အတတ်နိုင်ဆုံး ကြိုးစား ထား ပါ တယ်...
အသက် အန္တရာယ် မရှိတော့ဘူး ဆိုပေမဲ့...
လူနာက ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံထားရပြီး...
ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် သတိလည်လာဖို့ကတော့ စောင့်ရဦးမှာပါ "

ရှောင်ကျန့် က ရောက်ကထဲက အသက်မပါတဲ့ လူတစ်ယောက်လို ဖြစ်နေတာကြောင့်...
ဟောက်ရွှမ်းကပဲ ၀င်ပြီး ကျေးဇူးတင် စကား ပြော ကာ ပြန်လိုက်ပို့ပေးလိုက်သည်...

ရှောင်ကျန့် ပုံစံကြည့်ပြီး တပည့်တွေလည်း စိတ်မကောင်း...
ခက်ထန်တဲ့ ပုံစံကို အမြဲ မြင်ဖူးခဲ့ပေမဲ့ အခု လို အသက်မဲ့နေတဲ့ ပုံစံက ပထမဆုံး မြင်ဖူးတာ ဆိုလည်း မမှား...

ရှောင်ကျန့် က ခုတင်ဘေးမှာ ထိုင်နေတာမို့...
ဟောက်ရွှမ်းတို့ တစ်ဖွဲ့က အလိုက်တသိ အခန်းတံခါး စေ့ပေးကာ ထွက်သွားလေသည်...

ဟောက်ရွှမ်းတို့ ထွက်သွားပြီး ခနအကြာတော့ ရှောင်ကျန့် မျက်ရည်တွေ တွင် တွင် ကျလာပြီး...
ဖြူဖျော့ဖျော့ မျက်နှာလေးထက် ပါးလေးကို အုပ်ကိုင်ပြီး နှုတ်ခမ်းနုနုထက် အနမ်းလေး ခြွေလိုက်သည်...

" ကိုယ် တောင်းပန်ပါတယ်...

ကိုယ် တောင်းပန်ပါတယ်...

ကိုယ် တောင်းပန်ပါတယ်...

ကိုယ်ကြောင့်ပါ...

ကိုယ် ကလေးကို မမှတ်မိခဲ့တာပါ...

ကိုယ်.. ကိုယ်မှား ပါ တယ်..
ဘာမှ မဖြစ်ပါနဲ့ ကလေးရယ်...

ကလေး နိုးလာရင် ကိုယ် ကျေနပ်အောင် တောင်းပန်မှာမို့...

ဘာမှ မဖြစ်ဘဲ ပြန်လာပေးပါ... "

ရှောင်ကျန့် နှုတ်ခမ်းသားလေးတွေ တောင် တုန်နေပြီး...
ရှိုက်သံ မထွက်အောင် ထိန်းနေတာမို့...
အသံက တစ်ခါတစ်ခါတောင် တိမ်ဝင်သွားသည်...

" ကလေး ကိုယ် မင်း ကို အရမ်း လွမ်းနေခဲ့တာ...

အရမ်း တွေ့ချင်နေခဲ့တာ...

ကိုယ် မင်း ကို အရမ်း လိုအပ်ခဲ့တာ...

ကိုယ် တောင်းပန်ပါတယ်...
နိုးလာပါတော့နော်...

ကိုယ် ကလေး ကျေနပ်အောင် ကိုယ့်ကိုကိုယ် ပြန်နှိပ်စက်ပေးရမလားဟင် ...
အဲ့ဒါမှ ကလေး နိုးလာမှာလားဟင်...

ကိုယ် ကလေးနိုးလာရင် ပေးတဲ့ အပြစ်ဒဏ် အကုန်ခံယူမှာမို့
နိုးလာ ပါ တော့နော်...

ကိုယ်..ကိုယ် ကလေးရဲ့ စကားသံလေးတွေ ကြားချင်လို့ပါ...

ကိုယ် အကြမ်းတမ်းဆုံး အခိုက်အတန့်တွေ ကြုံခဲ့ပေမဲ့...
ကလေး ကိုယ့်ကို စကား မပြောတဲ့ အချိန်က ကိုယ့်အတွက် ငရဲကျနေသလိုပဲ...

ကလေး ကိုယ့်ကို ချစ်လားဟင်...
Hk ကိုယ်မှားလို့.. ကလေးက ကိုယ့်ကို မြင်တောင် မမြင်ဖူး သေးဘူးလေ...

ကိုယ့်ကို တစ်ချက်လောက် ကြည့်ပါလားဟင်..
ငယ်ငယ်တုန်းကလို ‌ကလေးရဲ့ တောက်ပတဲ့ အကြည့်လေးတွေ မြင်ချင်လို့ပါ...

ကိုယ့်ကို မကျေနပ်တဲ့ အကြည့်နဲ့ ကြည့် မယ် ဆို ရင် တောင် ကိုယ်ခံယူပါ့မယ်..
.
.
.
.
. "

ရီပေါ် သတိမေ့နေတဲ့ တစ်လျှောက်လုံး ရှောင်ကျန့် က
သူဘယ်လောက် လွမ်းခဲ့ကြောင်း...
သူဘယ်လောက် စောင့် ခဲ့ရတဲ့အကြောင်း...
သူဘယ်လောက် ချစ်တဲ့ အကြောင်း...
သူမှားခဲ့တဲ့ အကြောင်းကိုသာ တဖွဖွ ပြောရင်း အချိန်တွေကို ကုန်စေသည်...
ရက်တွေ ကြာလာလေ ရှောင်ကျန့် က အရူးတစ်ယောက်လို ဖြစ်လာလေ...

ရိပေါ် သတိရမလာမချင်း ရှောင်ကျန့် က ခုတင်နားကနေတောင် မခွာ...
အစားလည်း မစား အိပ်လည်းမအိပ်...
တစ်ရက်တစ်ခါ အနာလေးတွေကို ဆေးသေချာ ပြန် ပြန်ထည့်ပေးပြီး...
သေချာ သန့် ရှင်း ပေးတာလည်း အလုပ် တစ်လုပ်..
ဟောက်ရွှမ်းတို့က နားဖို့ ပြောပေမဲ့ အချည်းနှီးသာ...
ရှောင်ကျန့် ဆီက ပြန်ရလိုက်တဲ့ စကားကတော့...

" ငါ့ကလေးက အခု အစာစားရလို့လား!...
ကလေးက သတိတောင် ပြန်လည် မလာတဲ့ အချိန် မှာ ငါ့ ကို အိပ်‌စေချင်တာလား!
ကိုယ့်စည်းနဲ့ကိုယ် နေကြ! "

အခုတော့ တစ်ပါတ်တောင် ရှိပြီဆိုတော့ ရိပေါ်က သတိမရသေးပေမဲ့ နှုတ်ခမ်း လေးတွေတောင် ပန်းနုရောင် ပြန်သမ်းလာပြီ...

" တစ်ပါတ်တောင်ရှိပြီ ကလေးရယ် ကိုယ့်ကို ပေးတဲ့ အပြစ်က ကြီးလိုက်တာ "

ရှောင်ကျန့် က ထုံးစံ အတိုင်း ပါးလေးကို ဖွဖွ ကိုင်ကာ ပြောရင်း...
မျက်ရည်တွေ မဖိတ်ခေါ်ဘဲ စီးဆင်း လာ တော့ သည်...

" အင်းးးး "

ထိုစဉ် ရိပေါ်က ညည်းသံလေးနဲ့ အတူ လှုပ်ရှားလာတော့...
ဟောင်ရွှမ်းကို ခေါ်ပြီး ဆရာဝန် ခေါ် ခိုင်းလိုက်သည်...

ရိပေါ်က နိုးလာတော့ ရှောင်ကျန့် ကို မြင်သည်နှင့်...

" ကျွန်တော် ဘယ်ရောက်နေတာလဲဟင် "

" ကလေး အတွက် ပြင်ထားတဲ့ အခန်းထဲမှာ...
ကလေး ဘယ်လို နေသေးလဲ ...
တစ်နေရာရာ နာနေသေးလား...
ကလေး အဆင်ပြေလား... "

ရိပေါ်က ရှောင်ကျန့် ရုပ်ကို မမြင်ဖူးပေမဲ့ ဒီ အသံကိုတော့ ကောင်းကောင်း သိနေသည်...

" ဟင်! ခင်..ခင်ဗျား ကျွန်တော် တောင်းပန် ပါ တယ်...
ကျွန်တေယ့်ကို လွှတ်ပေးပါ "

အိမ်က ထွက်လာပြီး လေးရက် အကြာမှာ သူငယ်ချင်း အိမ်မှာလဲ မနေတော့ဘဲ....
ကိုယ့် အလုပ်ကိုယ်ရှာပြီး ရတဲ့ အလုပ်လေး စလုပ်တဲ့ နေ့မှာပဲ...
မတော်တဆ အမှားလေး လုပ်မိတာကို ထိုလူက သေတာထက်ဆိုးတဲ့ ပြစ်ဒဏ်ပေးတဲ့ လူမို့ အသေအလဲကြောက်ပြီး အသေအလဲ တောင်းပန်နေမိသည်...

ရိပေါ်က လဲ‌နေရာက ကုန်းထပြီး ရှောင်ကျန့် ကိုင်ထားတဲ့ လက်ကိုပါ ဖြုတ်ချပြီး ဆေးပိုက်တွေပါ ဖြုတ်ပစ်သည်..
ခုတင်စွန်းလေး ပြေးကပ်ကာ ဒူးလေးနှစ်ဖက်ထောက်ပြီး...

" ကျွန်တော် တောင်းပန်ပါတယ်...
ကျွန်တော့်ကို လွှတ်ပေးပါ...
ခင်ဗျား လုပ်ခဲ့တာတွေလဲ မပြောပါဘူး...
ကျွန်..ကျွန်တော့်ကို လွှတ်ပေးပါ...
ကျွန်တော့်ကို အဲ့ဒီ အခန်းကြီးထဲ ထည့်မပိတ်ပါနဲ့ "

" ကလေး..ကိုယ် "

" အီးးးဟီးးး မလာနဲ့ တောင်းပန်ပါတယ်...
မလွှတ်ပေးချင်လည်း အသေသတ်ချင်သတ်ပါ...
အဲ့ အခန်းကြီးထဲတော့ မလွှတ်ပါနဲ့ "

ရိပေါ်က မျက်ရည် လည်ရွဲ နဲ့ တောင်းပန်နေသလို...
ရှောင်ကျန့် လည်း မျက်ရည် တွင် တွင် ကျနေရပြီ...

" ကလေး ..ကိုယ်..ကိုယ် တောင်းပန်ပါတယ် "

ဆေး ပိုက် ဖြုတ် ထား တဲ့ နေရာကလည်း သွေးတွေ စီးကျနေပြီမို့...
ရှောင်ကျန့် က ခုတင်ပေါ် တက်လာဖို့ ပြင်တိုင်း...
ရီပေါ်က အစွန်းကို ကပ်ပြီး ခန္တာကိုယ်လေး ပိုပို ကျုံ့သွားကာ...

" မလာနဲ့!! ကျွန်တော် တောင်းပန်ပါတယ် မလာပါနဲ့ "

" ကိုယ့်ကြောင့်ပါ...
ကိုယ် မှားတာပါ...
ကလေးကို ဘာမှ မလုပ်ပါဘူး..
သွေးတွေ ထွက်နေပြီလေနော် ကိုယ် ဘာမှ မလုပ်မှာမို့ ကိုယ့်ကို လာခွင့်ပေးပါ "

" ဟင့်အင်း ခင်ဗျား မလာပါနဲ့...
အီးးဟီးး ခင်ဗျားကို မယုံဘူး...
ခင်ဗျားက ကျွန်တာ့်ကို ထပ်ပိတ်ထားမှာ "

ရိပေါ်က သူဖြုတ်ထားတဲ့ ပိုက်က ဆေးထိုးအပ်ကို ယူ ပြီး လည်ပင်းမှာ ချိန်လိုက်ကာ ထိုးမယ် ပြင်လိုက်သည်...
သေသွားတာက ဘာမှမရှိတဲ့ အခန်းထဲ ထည့်ပိတ်ခံထားရတာထင် ပိုကောင်းဦးမည်...

ရိပေါ် အမူအယာ မြင်လိုက်တဲ့ ရှောင်ကျန့် က အလန့်တကြား ပြန်နောက်ဆုတ်သွားပြီး...

" ကိုယ်..ကိုယ် မလာတော့ဘူးနော်...
အဲ့ဒါကြီးကို ချထားလိုက်ပါ...
ကိုယ်တကယ် မလာတော့ဘူးနော်...
ကိုယ် ပြောပြတာလေးဘဲ တစ်ချက် နားထောင်နော် "

ထိုအချိန် ဟောက်ရွှမ်းနဲ့အတူ ဆရာဝန်ရောက်လာပြီး...
အခြေအနေကို ရိပ် မိ သွားသည် ထင်...

" လူနာ ဆေးထိုးအပ်ကြီး ချထားလိုက်ပါ...
သူ့ ကို မရှိစေချင် ဘူးမလား ဒေါက်တာ ထွက်သွားခိုင်းလိုက်ပါ့မယ် "

ဒေါက်တာက ပြောပြီး ရှောင်ကျန့် ကို မျက်စပစ်ပြလိုက် တော့...
ရှောင်ကျန့် က အလိုက်တသိ ထွက်သွားပေးတယ်...

ရိပေါ်က အခန်းထဲကနေ တွန့်ဆုတ် တွန်ဆုတ် ထွက်သွားတဲ့ ရှောင်ကျန့် ကို လိုက် ကြည့် နေ တုန်း...
ဒေါက်တာက ရုတ်တရက် ရိပေါ် လက်ထဲက ဆေးထိုးအပ်ကို လုလိုက်ကာ...
မိမိ လက်ထဲက ဆေးထိုးအပ်ဖြင့် လက်မောင်းမှာ တစ်ချက် စိုက်ကာ အလျင် အမြန် ထိုးလိုက်တော့...
ရိပေါ်တစ်ယောက် အိပ်ယာလေးပေါ်မှာ ခွေခွေလေး မေ့လဲသွားသည်...

ရိပေါ်ကို စမ်းသပ် ပြီးသည်နှင့် ဒေါင်တာက အခန်း အပြင် ထွက်လာတော့ ...
မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်နေတဲ့ ရှောင်ကျန့် က အပြေးအလွှား အနားရောက်လာကာ...

" သူ.. သူဘယ်လိုနေသေးလဲ ဒေါက်တာ "

" ခန္တာကိုယ်နဲ့ ပတ်သတ်ပြီး အခြေအနေ အားလုံးကောင်းသွားပါပြီ...
ခင်ဗျားနဲ့ ပတ်သတ်ရင်တော့ ကြောက်နေဦးမှာ...
စိတ် ထိခိုက်သွားလို့ပါ...
ချော့ပေးပြီး နူးနူးညံ့ညံ့လေး အတတ်နိုင်ဆုံး စိတ်ရှည်ပေးရင် ပြန်ကောင်းလာမှာပါ...
သူ မကြိုက်တဲ့ ကိစ္စတွေကို အတင်း မလုပ်မိပါစေနဲ့...
ဆေးကတော့ သောက်ဆေးပဲ လိုတာမလို့ ဒီမှာပေးခဲ့ပြီ "

ဒေါက်တာ ထွက်သွားတော့ ရှောင်ကျန့် က စကားလေး တစ်ခွန်း ပြောပြီး မေ့လဲ သွားသည်...

" တော်သေးတာပေါ့ "

သူ လည်း မစားမသောက် မအိပ်ဘဲ နေတာ တစ်ပါတ်တောင် ရှိပြီမလား...

__________

ရှောင်ကျန့် နိုးလာတော့ သူနေ နေကျ အခန်းထဲမှာ...
ဘေးကို ကြည့်လိုက်တော့ ဟောက်ရွှမ်းက မတ်တပ်ရပ်စောင့်နေတာမို့...
ကိုက်နေတဲ့ ခေါင်းကို ဖိကိုင်ပြီး အားယူထလိုက်သည်...

" ကျစ် ဘယ်လိုဖြစ်တာလဲ "

" ရီလင်သခင် သတိမေ့သွားလို့ ဒေါက်တာက အားဆေး သွင်းပေးထားတာပါ "

" ငါ မေ့လဲတာ!
ဟင်! ကလေး..ကလေးကော "

ရုတ်တရက် ထလာပြီး ဆေးပိုက်တွေကို ဖြုတ်ကာ ရိပေါ်ဆီ သွားဖို့ လုပ်နေတဲ့ ရှောင်ကျန့် ကို ဟောက်ရွှမ်း တားထားလိုက်ပြီး

" သူ ဟိုဘက် အခန်းမှာ ရှိပါတယ် ရီလင်သခင်...
အခု မထပါနဲ့ဦး...
ဒီဆေးကုန်မှ ထဖို့ ဆရာဝန်က မှာသွားလို့ပါ "

" အခု မင်းက ငါ့ကို အမိန့် ပေး နေ တာ လား! "

" ခန ပါပဲ ခနလေးပဲ နားလိုက်ပါဦး...
အခု ဂရုစိုက်သင့်တာ ရီလင်သခင် ကိုယ့် ကို ကိုယ်ပါ...
ရီလင်သခင် ဒီလိုနေတာ တစ်ပါတ်တောင် ရှိပြီမလား...
သူ့ကို ပြန်ချဉ်းကပ်ဖို့ဆို ရီလင်သခင် အရင် ထူထောင်နိုင်မှ ရမှာပါ "

" ကျစ် "

ဟောက်ရွှမ်းက စေတနာနဲ့ ပြောမှန်းသိတာမို့...
ရှောင်ကျန့် စိတ်ညစ်ညစ်နဲ့ ခုတင်ပေါ်မှာ ဆက်ထိုင်နေလိုက်သည်...
ဟိုဒီ ကြည့်နေရင်းနဲ့ ဆေးပိုက်ဆီ အကြည့် ရောက်သွားတော့...
ရှောင်ကျန့် က တစ် စက် ချင်း ကျ နေ တဲ့ ဆေးရည်ကို စိတ်ပျက် သလိုကြည့်လိုက်ပြီး...
ဘီးလုံးလေးကို လှိမ့်ပြီး အရှိန်မြှင့်လိုက်သည်...
အားနည်းနေသူမို့ ဆေးကို အတိုင်းအတာထက် ပိုတိုးကာ ထည့်မိတော့ ရုတ်တရက် ခေါင်းပါ မူးသွားသည်...

5 မိနစ်လောက် ကြာတော့ ဆေးရည် ကုန်သွားသည်မို့...၀မ်းသာ အားရ ပိုက်ကိုဆွဲဖြုတ်ကာ ဘေးက ဂွမ်းနဲ့ သွေး ထွက်သွား သည့် နေရာကို ဆွဲသုတ်လိုက်ပြီး ရိပေါ့် အခန်းဆီ ဦးတည်လိုက်သည် ...
ဟောက်ရွှမ်းက ရိပေါ် ရှိနေတယ်လို့ ပြောပေမဲ့...
အိပ်မက် ဖြစ်နေမှာ ကြောက်နေမိတယ်...
ကလေးကို အဆုံးရှုံး မခံနိုင်ဘူး...

_______

ရှောင်ကျန့် အခန်းထဲ ရောက်တော့ ရိပေါ်က အိပ်ပျော်နေသည်...
ဆေးရှိန်‌ကြောင့် အိပ်မော ကျနေသည်ထင်...
အရင်လို ဆေးထိုးအပ်တန်းလန်းတွေနဲ့ မဟုတ်တော့တာကြောင့် အနည်းငယ် စိတ်အေးသွားရသည်...
သို့ပေမဲ့ သူလေး အနား ထိခိုက်စေမဲ့ ပစ္စည်းတွေ မထားရဲ..
သူ့ကိုယ်သူ တစ် ခု ခု လုပ် လိုက် မှ ဖြင့်...

ရှောင်ကျန့် လည်း အနားကို ခြေဖွ သွားလိုက်ကာ...
လက်ကလေးကို အနမ်းလေး ဖွဖွ ပေးလိုက်ပြီး...
မျက်ရည်တွေက စီးကျလာပြန်သည်...

" အင်းးး "

ဆေးရှိန်ပျယ်သွားလို့ ထင်ပါ့...
တအိအိနဲ့ နိုးလာတော့ ရှောင်ကျန့် က လက်ကလေးကို အသာ ဆုပ်ကိုင်လိုက်ကာ...

" ကလေး နိုးပြီလား "

" ခင်ဗျား! .. "

ရိပေါ်က လက်ကို ရုန်းပြီ အတင်းထဖို့ ပြင်နေတာကြောင့်...
ရှောင်ကျန့် က လက် နှစ်ဖက်လုံးကို အိပ်ယာနဲ့ ဟိုဘက်ဒီဘက် ချုပ် ကိုင် လိုက် ကာ...
အပေါ်မှ အုပ်မိုးထားလိုက်ပြီး...

" ကလေးကိုယ့်ကို မမှတ်မိဘူးလား...
ကိုကိုလေ..
သကြားသီးလေး ရဲ့ ချစ်ရတဲ့ ကိုကို လေ...
ကလေးက နတ်သားလေးလို့ အမြဲပြောခဲ့တဲ့ ကိုကိုလေ "

_________
💞 15.12.2020 💞
© Mary Phoo Phoo,
книга «All My False».
Коментарі