ကြွေရောင်ခြယ်အိမ်မက်
အချစ်ပျောက်ရှာဖွေခြင်း
ပထမခြေလှမ်း
သူ့ထံပါး
ကြွေရောင်ခြယ်အိမ်မက်
Intro

ဒဏ်ရာပေါ်ဒဏ်ရာဆင့်စေမိခြင်းရဲ့ တရားခံဟာ
ငါကိုယ်တိုင်ဖြစ်နေခဲ့တဲ့အခါ
မင်းစေသမျှ ခေါင်းညိမ့်လို့နာခံပါ့မယ်
ပေးဆပ်ချင်မှုတွေနောက်ကွယ်က ကြိုးကိုင်သူဟာ
ငါ့နှလုံးသားလေးဖြစ်လို့

နှောင်သွေးရှင်


ငါဆိုတာ မင်းပြောတတ်တဲ့ပုံပြင်ထဲက
ရှင်ဘုရင်လေးမဟုတ်ခဲ့ရင်တောင်
ဒီဘဝမှာတော့ မင်းနှလုံးသားရဲ့ရှင်ဘုရင်လေးဖြစ်ခွင့်ပြုပါ

ရဲတင်းတဲ့ခြေလှမ်းတွေနဲ့ ငါ့ရင်ထဲအတင်းတိုးဝင်လာတဲ့မင်းကိုပဲအရူးအမူးတပ်မက်နေမိနေပြီမို့

မှိုင်းအဂ္ဂမောင်

***********************
၃.၁၀.၂၀၂၀



ဒီဇာတ်လမ်းလေးပတ်သက်လို့ ကြိုပြောပြချင်တာလေးတွေရှိလို့အချိန်လေး နည်းနည်းလေးပဲ ပေးပြီဖတ်ပေးပါနော်။

အလင်္ကာရှုံးတဲ့ ချစ်ခြင်းအင်္သချေ ရဲ့ ဒုတိယတွဲ လေးဖြစ်လာရခြင်းနဲ့ ဒုတိယတွဲတည်ရှိနေရခြင်းလေးအကြောင်းကို
သျှင်လင်း အရင်တည်းက ပြောခဲ့ဖူးပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကိုလည်း ပြောပြထားပြီးသား ဖြစ်လို့သိတဲ့ ကလေးတွေလည်း သိပြီးသားဖြစ်မှာပါ။

အိမ်မက်တစ်ခုကို အခြေပြုပြီးရေးထားတာ ဖြစ်သလို အိမ်မက်ထဲက ချစ်သူလိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်အကြောင်းဖြစ်တဲ့အတွက် ဇာတ်လမ်းကရိုးရှင်းပါတယ်။

ပြီးတော့ ပထမတွဲမှာ ဒီလူသားလေး နှစ်ယောက်လုံး နာကျင်ခဲ့ရတာမို့ ထပ်ပြီးနာကျင်မှုတွေ ပေးဖို့အင်အား သျှင်လင်း မှာမရှိတော့ပါဘူး။
အချစ်ခံရဖို့ ထိုင်တန်လွန်းတဲ့ ရာဝဏကြီးကို အကြီးကြီးချစ်ပေးသွားမှာပါ။

အဲ့တာကြောင့် ဒီဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ရိုးရိုးလေးပဲ ရှေ့ဆက်သွားမှာပါ။

တစ်ယောက်က ချစ်တယ်။
နောက်တစ်ယောက်ကလည်း ချစ်ဖို့ကြိုးစားရင်း ရိုးရှင်းတဲ့ကောင်လေးနှစ်ယောက်ရဲ့ အချစ်ကို ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်သွားမှာမို့ Drama ပိုင်း မပါသလောက်ပါပဲ။

မှိုင်း နဲ့နှီးစပ်ဖို့ကြိုးစားမယ့် နှောင်သွေးရှင်ရဲ့နေ့စဉ်ဖြတ်သန်းပုံလေးတွေနဲ့ မှိုင်း အချစ်ကိုရယူဖို့ကြိုးစားပုံလေးတွေကို စိတ်ရှည်ရှည်လေး လိုက်ပါဆီးမျောချင်တဲ့ ခလေး တွေကိုကြိုဆိုပါတယ်။

အလွမ်းအဆွေးတွေ၊ခတ်ကြမ်းကြမ်းဇာတ်ဝင်ခန်းတွေ၊ကြေကွဲစရာတွေ၊ရှင်းမရတဲ့ပြဿနာတွေနဲ့ ဇာတ်ရှိန်မြင့်သွားမယ့် ဇာတ်လမ်းတစ်ပုဒ်မဟုတ်လို့ Romance Novel သဘောမတွေ့တဲ့ ခလေးတွေကို ကြိုပြီးအသိပေးပါတယ်နော်။

တစ်ခါက နာကျင်ခဲ့ရတဲ့ ရာဝဏအတွက် အချစ်တွေတစ်ထွေကြီးပြန်လိုချင်တဲ့ ခလေးလေးတွေလာဖတ်ပါ။

သေချာပေါက် ဘဝမှာတစ်ခါလောက်ဖြစ်ဖြစ် ရာဝဏ တစ်ဖြစ်လည်း မှိုင်းအဂ္ဂမောင်လို အချစ်ခံရဖူးချင်စိတ်တွေတဖွားဖွားနိုးထလာမယ်လို့ အာမခံရင်း သျှင်လင်းရဲ့ အသဲအသက်ပေါက်စလေးတွေအတွက် အာဘွားတွေအများကြီးပေးခဲ့ပါတယ်လို့။

အားလုံးကို ချစ်တယ်။
ဒီဇာတ်လေးကို အများကြီးချစ်ပေးကြဖို့လည်းတောင်းဆိုပါတယ်။
© Shin Lin Eain ,
книга «ကြွေရောင်ခြယ်အိမ်မက်(အလင်္ကာရှုံးတဲ့ ချစ်ခြင်းအင်္သချေ Season 2)».
အချစ်ပျောက်ရှာဖွေခြင်း
Коментарі