ေႂကြေရာင္ျခယ္အိမ္မက္
အခ်စ္ေပ်ာက္႐ွာေဖြျခင္း
ပထမေျခလွမ္း
သူ႔ထံပါး
အခ်စ္ေပ်ာက္႐ွာေဖြျခင္း
ေႂကြေရာင္ျခယ္အိမ္မက္

အပိုင္း ၁

"မဂၤလာပါ....ကြၽန္ေတာ္ အခုေရာက္ေနတဲ့ေနရာက အားလံုးလည္းေရာက္ဖူးၾကၿပီးသားျဖစ္မွာပါ....

ပန္းၿမိဳ႕ေတာ္လို႔ နာမည္ေက်ာ္တဲ့ေမၿမိဳ႕ရဲ႕ အလွအပေတြထဲက တခ်ိဳ႕ကိုခံစားရ႐ွိႏိုင္မယ့္ view point ပါ..."

ခတ္လွမ္းလွမ္းက camera ကိုၾကည့္လိုက္ ဟိုးအေဝးမွလွမ္းျမင္ေနရေသာ ေရတံခြန္ငယ္ေလးဆီျပန္ၾကည့္လိုက္ႏွင့္
မိမိအားအစဥ္အပ်က္အားေပးေနသည့္ ပရိတ္သတ္ေတြကိုရည္ၫႊန္းရင္းသူေျပာေနသည္။

သူ...
သူ႔နာမည္က ေႏွာင္ေသြး႐ွင္။
သူဆိုသည္မွာ လူမႈကြန္ရက္ေပၚတြင္ ေတာ္ရံုနာမည္ရျခင္းမ်ိဳးမဟုတ္ေသာ ေအာင္ျမင္ေနသည့္ ခရီးသြား bloger တစ္ေယာက္ေပ။

Facebook ႏွင့္ Instagram acc တို႔မွာ follower သန္းေပါင္းမ်ားစြာပိုင္ဆိုင္ထားသည့္ ဆယ္လီတစ္ဦး။
သို႔ေသာ္ ႂကြယ္ဝေသာမိသားစုမွဆင္းသက္လာသည့္အေလ်ွာက္ သူ႔တြင္္လုပ္အကိုင္ မယ္မယ္ရရမ႐ွိ။
အပူအပင္မ႐ွိ။

တစ္ခုေသာ အိမ္မက္ကိုဆုတ္ကိုင္ကာ အရပ္တကာလွည့္ေနသည့္သူဟာ ယခုလည္းသူ၏ခ်စ္သူ႐ွာပံုေတာ္ဖြင့္ေရးအတြက္ ျပင္ဦးလြင္ၿမိဳ႕သို႔ေရာက္႐ွိေနခဲ့ျပန္သည္။

"ကြၽန္ေတာ္ဒီကေန ေအာက္ကိုဆင္းေတာ့မွာမို႔ ပရိတ္သတ္
ႀကီးအားလံုးလည္း ဒီေတာင္ခ်ိဳင့္ရဲ႕႐ႈခင္းကို ကြၽန္ေတာ္နဲ႔
အတူလိုက္ပါခံစားလိုက္ပါဦး"

သြားစြယ္ခြၽန္စြက္သည့္ ႏႈတ္ဖ်ားလွလွဟာ ရယ္လိုက္ေလတိုင္းထင္းတဲ့ညာဘက္ပါးထက္ဆီက ပါးခ်ိဳင့္နက္ႏွင့္လိုက္ဖက္ေပစြ။
စိုေတာက္ေတာက္ မ်က္ဝန္းဝိုင္းေတြေပၚတစ္စြန္းတစ္စေနရာယူထားသည့္ ဆံ႐ွည္နက္နက္ေတြထက္ဝယ္ ဦးထုတ္ဝိုင္းေလးေဆာင္းကာတီ႐ွပ္အျဖဴထက္ ႐ွပ္လက္႐ွည္ဝါေျခာက္ေျခာက္ကိုထပ္လ်က္ သူ႔အသြင္သ႑ာန္ကအေတာ္ကိုေပါ့ပါးစြာ။

"ကဲ....ဒီကေနဆို ေတာင္ၾကား႐ႈခင္းကိုပိုၿပီးထင္ထင္႐ွားျမင္ရပါၿပီ....နည္းနည္းေလးေတာ့ ေဝးေပမယ့္ဒီအထိပဲ တံတား႐ွိတာမို႔ ကြၽန္ေတာ္လည္းဆက္သြားလို႔မရေတာ့ပါဘူး..."

အရယ္တစ္ပိုင္းေလး ဟာသစြက္တဲ့သူေၾကာင့္ ေန႔သစ္တစ္ေယာက္ camera ကိုင္ထားရင္းကရယ္မိသည္။

"ဟိုး ေတာင္ၾကားက......"

ေက်ာက္ေတာင္ဆီသို႔ေငးေနရာမွ camera ဘက္သို႔အၾကည့္ျပန္ပို႔သည့္ ေႏွာင္ေသြးဟာ ေျပာလက္စတို႔တန္႔ခနဲ။
ခတ္ဝိုင္းဝိုင္စမ်က္ဝန္းေတာက္ေတြက အျမင့္တစ္ေနရာသို႔ခ်ိန္ရြယ္ကႏႈတ္ဖ်ားေတြက ခတ္ဟဟ....။

"ေႏွာင္ေသြး.....ဘာတံုးဟ?"

႐ိုက္ကူးေရးလုပ္ရင္းက ဟန္ပ်က္သြားသည့္ ေႏွာင္ေသြးေၾကာင့္ ေန႔သစ္ camera ကိုပိတ္လိုက္သည္။

"ဟာ ေဟ်ာင့္...ဘယ္ကိုတံုး?"

က်န္ခဲ့သူအေျခေနဘယ္လိုျဖစ္ျဖစ္လွည့္မၾကည့္သည့္ ေႏွာင္ေသြးက သူဦးတည္ရာကိုသာေျခလွမ္းစိပ္ေသာအေျပးေတြႏွင့္ေ႐ွး႐ႈေနခဲ့သည္။
ေလွကားထစ္ေတြကို ေက်ာ္ကာအေပၚသို႔အေျပးတက္သြားသည့္ေႏွာင္ေသြးေနာက္သို႔ camera ငယ္ကိုကိုင္ရင္း ေန႔သစ္အေျပးလိုက္ရေတာ့သည္။

"ဟာ....ဒီေကာင္ ဘာျဖစ္ျပန္ၿပီတံုးကြာ"

ေလွကားတစ္ေလ်ွာက္ ေႏွာင္ေသြးကိုမမွီေသာ္ျငား ခတ္သြက္သြက္တက္ေနရသည္ေၾကာင့္ ေန႔သစ္အေတာ္ေလးဟိုက္ရသည္။
အေပၚသို႔ေရာက္သည္ႏွင့္ အပင္ငယ္တစ္ခုေဘးတြင္ဆိုင္ေတြေတြႀကီးရပ္ေနသည့္ ေႏွာင္ေသြးဟာေျပးလိုက္ခဲ့သည္ေၾကာင့္ ရင္ဝဟာလည္းနိမ့္ခ်ည္ျမင့္ခ်ည္။
တစ္ေနရာကိုသာ ေငးေမာေနခဲ့သည့္ေႏွာင္ေသြးဟာ တစ္စံုတစ္ရာေသြးပ်က္ေနသည့္အလား။

"ေဟ်ာင့္....ဘာျဖစ္တာလဲ အလန္႔တၾကားနဲ႔.....ေမာလိုက္တာ...မေျပာမဆိုနဲ႔ ဘာလို႔ေျပးတာလဲ....
ဟူး...ေမာတာကြာ....ဘာျဖစ္တာလဲ....ဟမ္လို႔?"

ေၾကာင္နနမ်က္ဝန္းေတြနဲ႔ ေႏွာင္ေသြးပံုရိပ္အား ေန႔သစ္တစ္သက္နဲ႔တစ္ကိုယ္မျမင္ဖူးခဲ့ေပ။
အျမဲလ်ွပ္စီးလတ္ကာ အသံတုတ္ႀကီးနဲ႔တဟားဟားေအာ္ရယ္တတ္သည့္ ေႏွာင္ေသြးအသြင္ႏွင့္ယခုမ်က္ဝန္းေတြဟာ ျခားနားလွသည္။
နားလည္ရန္အေျဖ႐ွာဆဲမွာပဲ ေႏွာင္ေသြးက ျဖည္းညင္းညင္းႀကီးခတ္တိုးတိုးဆိုသည္။

"ငါ....ငါသူ႔ကို႐ွာေတြ႔သြားၿပီထင္တယ္"


*********************

"ဒီေန႔ ပင္ပန္းေနလို႔ ႐ိုက္ထားတဲ့ vide§o clip ေလးမတင္ေပးႏိုင္ေတာ့ဘူး"

ခတ္တိုတို ထိုစာေလးတစ္ေၾကာင္းေအာက္မွာ သံုးမိနစ္သာ႐ွိေသးေသာ္လည္း love react ေတြ sad react ေတြနဲ႔စိုးရိမ္ဟန္ment ေပါင္းကမေရမတြက္ႏိုင္ေလာက္စြာ။
က်န္းမာေရးဂ႐ုစိုက္ဖို႔၊ေနေကာင္းေအာင္ေနဖို႔၊မထိခိုက္ေစဖို႔ စေသာစာေၾကာင္းေပါင္းမ်ားစြာက အလုအယက္။

ဖုန္းကို ေဘးသို႔ပစ္ခ်လိုက္ရင္း အိပ္ယာထင္းျဖဴျဖဴထက္လွဲအိပ္လိုက္ကာ ေႏွာင္ေသြးအေတြးေတြ ကေယာက္ကယက္။
ဒီေန႔အဖို႔ ဘယ္ႏွစ္ႀကိမ္ေျမာက္မွန္းမသိတဲ့ ေလျပင္းေတြမႈတ္ထုတ္ ေနမိျပန္တယ္။

"တကယ္ပဲ သူလား..."

ဤသည္မွာလည္း ဘယ္ႏွစ္ႀကိမ္ေျမာက္မွန္းမသိတဲ့ ေမးခြန္ကို မိမိကိုယ္ကိုေမးမိျခင္း။
ႏွစ္လေပါင္း မ်ားစြာ႐ွာေဖြခဲ့ရျခင္းေနာက္မွာ တကယ္ပဲသူဆိုတာကို႐ွာေတြ႔ခဲ့ရၿပီလား....။

အိမ္မက္ထဲက ခ်စ္ရသူရယ္....

**************

အိမ္မက္ထဲက ခ်စ္သူရယ္

ဒီညေတာ့ ငါအိပ္ေပ်ာ္မယ္မထင္ေတာ့ဘူး

နာက်င္စရာအခ်ိန္ေတြကိုပဲ ထပ္မက္မိမွာစိုးလို႔

ငါဒီညေတာ့ မအိပ္ေတာ့ဘူး

***************

*သံုးလၾကာၿပီးေနာက္....*


ညေနေစ်းတန္းရဲ႕ ဝက္သားတုတ္ထိုးဆိုင္တစ္ဆိုင္တြင္ျဖစ္သည္။
တေသာေသာညံေနေသာ ဆိုင္အတြင္းခံုပုေလးတြင္ဝိုင္းထိုင္ေနေသာ ေနွာင္ေသြး၊ေန႔သစ္နဲ႔ေရာင္စင္လင္း တို႔သံုးေယာက္သား။
ခတ္ညိမ္ညိမ္ႏွင့္တေထြေထြတမိႈင္မိႈင္ျဖစ္ေနေသာ ေႏွာင္ေသြး၏အရိပ္အကဲကိုခတ္ရင္း ေန႔သစ္ႏွင့္ေရာင္စင္လင္း တို႔လည္း ေနထိုင္ရအဆင္မေျပလွေပ။

ေမြးရာပါအသြင္မွ လံုးဝကြဲထြက္သြားသည့္ ေႏွာင္ေသြးအသြင္သ႑ာန္ဟာ လြန္ခဲ့ေသာသံုးလ၊ေမၿမိဳ႕မွျပန္လာစဥ္ထည္းကျဖစ္သည္။
အရိပ္အေငြ႔လို မထင္မ႐ွားသားေတြ႔လိုက္ရသည့္ သူကိုတမ္းလမ္းဆြဲျဖစ္ကာ စားမဝင္အိပ္မေပ်ာ္ခဲ့သည့္ရက္ေပါင္းလည္းမနည္းခဲ့။

"ေဟ့ေကာင္ ေႏွာင္ေသြး....မစားဘူးလားကြာ.."

ေန႔သစ္၏စိတ္ပ်က္လက္ပ်က္အားမရသံေနာက္ မိႈင္ေငးေနသည့္ ေႏွာင္ေသြးက လိႈက္ခနဲတစ္ခ်က္ျပံဳးျပေလသည္။
သို႔ေသာ္ အရင္လိုတက္ႂကြဖ်က္လတ္ေသာ ေႏွာင္ေသြး႐ွင္၏အျပံဳးမဟုတ္ေတာ့။

"စားမယ္ေလ...."

မိမိအႀကိဳက္ နားရြက္ဖ်ားခြၽန္ခြၽန္ကိုေကာက္ယူကာ အခ်ဥ္ထဲႏွစ္စိမ္ရင္းဝါးလိုက္ေသာ္လည္း ထင္သေလာက္အရသာမ႐ွိ။
ဒါစားေနက်ဆိုင္ပါပဲ....။
ဘာလို႔ရယ္ အရသာမ႐ွိမွန္း မသိေလေတာ့။

"ေႏွာင္ေသြး....မင္းဘယ္လိုလုပ္ဖို႔စဥ္းစားေနတာလဲ?"

ေန႔သစ္၏ အားမလိုအားမရဟန္ေလသံကို နားစြင့္ရင္းလက္ထဲက တုတ္ကိုစားပြဲထက္အသာခ်သည္။

"ဘာကိုလဲ...?"

ႏွစ္ဦး၏အေျခေနကို ေရာင္စင္လင္း တစ္ေယာက္ကေတာ့ အကဲခတ္ေနရံု။

"ဘာ ဘာကိုလဲတုံး....မင္းအခုျဖစ္ေနတဲ့ပံုစံကိုေျပာေနတာ....မေသခ်ာမေရရာတဲ့ အေျဖအတြက္နဲ႔ မင္းျဖစ္ေနတဲ့ပံုစံကိုငါလံုးဝသေဘာမက်ဘူး...."

ေႏွာင္ေသြးႏႈတ္ဆိတ္ေနမိသည္။
ဤသည္ကိုက ေႏွာင္ေသြး႐ွင္မဟုတ္သည့္အတိုင္းေပ။
သူတစ္ခြန္းဆိုငါတစ္ခြန္းမကေသာ ဇက္ဇက္ၾကဲ ေႏွာင္ေသြး႐ွင္အျဖစ္ကေန ယခုေတာ့ လူေအးေလးေန႔သစ္ကိုပင္ေခါင္းငံု႔ခံေနပံုက ေႏွာင္ေသြးအစစ္လံုးဝမဟုတ္ေပ။

"မင္းလည္း ႐ွာသင့္သေလာက္႐ွာခဲ့ၿပီးၿပီပဲ....ၿပီးေတာ့ အိမ္မက္ထဲကလူကို ေတြ႔ဖို႔ဆိုတာ မင္းဟာက မိုးေပၚကအပ္နဲ႔ေျမႀကီးကအပ္ကိုထိပ္ခ်င္းေတ့သလိုျဖစ္ေနၿပီ....

အျပင္မွာ႐ွိမ႐ွိဆိုတာေတာင္မေသ
ခ်ာတဲ့လူတစ္ေယာက္အတြက္နဲ႔ မင္းကခံစားလြန္းမေနဘူးလား?"

ေႏွာင္ေသြးခြန္းတံု႔မျပန္ ကိုလာဗူးကိုကိုင္တာတစ္ငံုေမာ့လိုက္သည္။
ထိုစဥ္ ေရာင္စင္လင္းက...

"ဟိုတစ္ခါ ေမၿမိဳ႕မွာ ေတြ႔လိုက္တယ္ဆို....မဟုတ္ဘူးလား?"

ေရာင္စင္လင္း ရဲ႕အေမးကိုေျဖရန္ ေန႔သစ္ဦးစြာသက္ျပင္းခ်မိျပန္သည္။

"မသိဘူး သူေျပာတာပဲ....ဒါမဲ့ ငါတို႔ႏွစ္ေယာက္လံုး
ေမၿမိဳ႕ကေနသံုးလေလာက္မျပန္ပဲ႐ွာခဲ့တာေတာင္ အရိပ္ေတာင္ထပ္ေပၚမလာဘူးေလ...."

*ဂြက္....*

"ဟာ....စိုကုန္ၿပီဟ"

ေႏွာင္ေသြးလက္ထဲက လြတ္ထြက္သြားသည့္ ကိုလာဗူးကၾကမ္းထက္မွတစ္ဆင့္ ေန႔သစ္၏ ဖိနပ္ေဖြးေဖြးေပၚသို႔ကိုလာရည္တို႔စြတ္ကုန္သည္။
ေန႔သစ္ကိုစိတ္ပင္မဝင္စားသည့္ ေႏွာင္ေသြးက ခတ္လွမ္းလွမ္းသို႔ေငးၾကည့္ေနျပန္သည္။

ေႏွာင္ေသြး၏ အၾကည့္တို႔ဟာ လြန္ခဲ့သည့္သံုးလက
ေမၿမိဳ႕မွာျဖစ္ခဲ့သည့္အသြင္မ်ိဳးတစ္ေထရာတည္းပင္။
ထိုင္ရာမွဆတ္ခနဲထေျပးသြားသည့္ ေႏွာင္ေသြးကိုၾကည့္ရင္း ေန႔သစ္ႏွင့္ေရာင္စင္လင္း တို႔မွာ ပေဟဠိမ်ားစြာ။

"ဘာျဖစ္တာလဲ...ေတြ႔ျပန္တာလား?"

ေရာင္စင္လင္း ၏ေရရြတ္မႈကို ေန႔သစ္လည္းအေျဖမေပးလိုက္မိေပ။





ေရာေထြးႁပြတ္သိပ္ေနသည့္ ညေစ်းတန္းခတ္ေမွာင္ေမွာင္ေအာက္ဝယ္ အစအနပင္မေတြ႔လိုက္ေတာ့သည့္ သူဟာေကာက္႐ိုးပံုထဲ
အပ္ေပ်ာက္႐ွာရသလို။
အရိပ္ျပျပၿပီး ေပ်ာက္သြားျပန္တဲ့သူက သက္သက္က်ီစယ္ေနသလားထင္ရေလာက္ေအာင္ ေႏွာင္ေသြးမေတြ႔လိုက္ေတာ့ျပန္။
အေမာတေကာႏွင့္ ေစ်းတန္းထိပ္မွာရပ္ေနရံုမွ ေႏွာင္ေသြးေ႐ွ႕မဆက္တတ္ေတာ့။




******************


"ဆူေကာက္မေနစမ္းပါနဲ႔ ငါၾကက္ေၾကာ္ဝယ္ေကြၽးပါ့မယ္"

မနက္ေစာေစာထလာခဲ့ရသည့္ ေႏွာင္ေသြးဟာ ေန႔သစ္အားကမာၻမေၾကေသာေစာင္းပင္းပင္းအၾကည့္ျဖင့္ တံု႔ျပန္ေလသည္ေၾကာင့္ေန႔သစ္ရယ္လိုက္သည္။
ေန႔သစ္၏ေမေမခိုင္းေသာ ကိစၥေၾကာင့္ မနက္အေစာႀကီးMyanmar Plaza သို႔ေရာက္႐ွိရကာ ေစာေစာစီးစီးအိမ္တန္ရာေရာက္လာအႏိႈးခံလိုက္ရေသာ ေႏွာင္ေသြးတစ္ေယာက္အႀကီးႀကီးတင္းေနရသည္။

မႈန္ကုတ္ကုတ္မ်က္ႏွာေဘးႏွင့္ပါးထက္က ေန႔သစ္အသည္းယားစြာဆြဲညစ္လာေသာ လက္ကိုပုတ္ထုတ္ပစ္လိုက္သည္။
စက္ေလွကားထက္အိပဲ့ပဲ့ႏွင့္တက္သြားရင္း ဘာရယ္မဟုတ္ပတ္ဝန္းက်င္သို႔မ်က္ႏွာလႊဲသည့္အခါ ေႏွာင္ေသြးအေတာ္ေလးျပာယာခတ္သြား၏။

"ေန႔သစ္....သူ...သူ..!!.."

"ဘာတံုး....?ဟာ ဟိတ္ေကာင္!!"

အေပၚေရာက္ကာမွ တစ္ဖက္အဆင္းေလွကားထိေျပးကာ ျပန္ေျပးဆင္းသြားသည့္ ေႏွာင္ေသြးကို ေန႔သစ္စိတ္ပ်က္ပ်က္တစ္ခ်က္ၾကည့္ရံုမွတစ္ပါးမတတ္ႏိုင္။

ယခုထိေပ်ာက္ကြယ္သြားျခင္းမ႐ွိေသးေသာ ေက်ာျပင္က်ယ္ကိုမ်က္ေျခမပ်က္ေအာင္စူးစိုက္ၾကည့္ရင္း လူတခ်ိဳ႕ကိုတြန္းက်ိတ္သြားသည့္ ေႏွာင္ေသြးဟာ ေတာင္းပန္စကားတစ္ခြန္းပင္ဆိုမသြား။

ခလုတ္တိုက္မတတ္ေျခခ်င္းလိမ္ေအာင္ေျပးကာ အထြက္ေပါက္သို႔ဦးတည္သြားသည့္ ေႏွာင္ေသြးေနာက္ကိုစိတ္မခ်စြာေန႔သစ္လိုက္ရျပန္သည္။

"ကြာ ဒီေကာင္ ဘာျပႆနာ႐ွာဦးမလို႔လဲ မသိပါဘူး"


Plaza တြင္းမွထြက္လိုက္သည္ႏွင့္ ဖုန္းကိုလက္တစ္ဖက္ကကိုင္ကာ ရပ္ေနသည့္ေႏွာင္ေသြးကို စိတ္႐ွိတိုင္းသာတုတ္တစ္ေခ်ာင္းႏွင့္႐ိုက္႐ိုက္ဆံုးမလိုက္ခ်င္မိသည္။

*ဘယ္ေတာ့ ရင့္က်က္မွာလဲလို႔*

"ဘာလဲ ေတြ႔ျပန္ၿပီလား မင္းလူကို"

ပုခံုးကေနဆြဲကာလွည့္လိုက္ေတာ့ အရင္လိုမ်က္ဝန္းေသေတြနဲ႔မဟုတ္တဲ့ ျပံဳးစစႏႈတ္ခမ္းေတြ။

"ေန႔သစ္...ငါ့ကိုတစ္ခုကူညီ"

ေႏွာင္ေသြးထိုသို႔ဆိုတိုင္း ေန႔သစ္ဘုရားတ,ရသည္။

"ဒီမွာ ဒီကားနံပါတ္ကိုစံုစမ္းေပး...ဒီကားပိုင္႐ွင္က ေသခ်ာေပါက္သူပဲ "

လက္ထဲက မထင္႐ွားဓာတ္ပံုပါဖုန္းကိုျပလ်က္ဆိုသည့္ ေႏွာင္ေသြး၏မ်က္ဝန္းေတြဟာ နံနက္ခင္းေနေရာင္ထက္ပင္ေတာက္ပေနခဲ့ျပန္သည္ေၾကာင့္ ေန႔သစ္မျငင္းရက္ေတာ့ေပ။



**************

နံရံကပ္ဘီ႐ို ေဖြးႏုႏုလစ္လပ္သြားျခင္းအတူ ေပၚလြင္လာေသာ အစီအရီလိုက္႐ွိသည့္ အထည္မ်ားတြင္းမွတစ္ခုအားဆြဲယူလိုက္သည္။
႐ွပ္ျဖဴ၏လည္ပင္သားမွကိုင္ကာ ေဝ့ဝဲေျမႇာက္ပင့္လိုက္ၿပီး ျကြက္သား က်စ္က်စ္တို႔ႏွက့္ျပည့္စံုလွေသာ ကိုယ္ေပၚသို႔
လႊမ္းျခံဳကာဝတ္လိုက္သည္။

ထို႔ေနာက္ အက်ႌခါးကိုေသသပ္စြာထည့္လ်က္ ခါးပတ္ႀကိဳးကိုဆင္ျမန္းကာ necktie တို႔ပါၿပီးျပည့္စံုသည့္အခါ ေနာက္ဆံုးလက္က်န္ကုတ္နက္ကိုလႊားခနဲထပ္လိုက္သည္။

မွန္ဘီ႐ိုထက္ဝယ္ ေပၚလြင္ေနသည့္ သူ၏အသြင္ဟာ ခန္႔ညားျခင္း၊ထည္ဝါျခင္း၊ေယာက်္ားဆန္ျခင္းတို႔ႏွင့္ဖြဲ႔စည္းထားသလို လိုအပ္ခ်က္ကင္းစြာ ၿပီးျပည့္စံုေနေတာ့သည္။

လွန္ဖီးထားေသာ ဆံသားညိဳညိဳတို႔ဟာ လိႈင္းထကာခတ္ေမာက္ေမာက္။
မူပိုင္မ်က္ခံုးထူတို႔ဟာ စိတ္အလိုမက်ျခင္းမဟုတ္ပါေသာ္လည္း ခတ္ကုတ္ကုတ္။

ေနာက္ဆံုးအၿပီးသတ္အေနနဲ႔ necktie ကိုအေသအခ်ာဆြဲတည့္လိုက္ၿပီး ေၾကးမႈံျပင္ေ႐ွ႕မွခြာလိုက္သည္။

လိုအပ္သည့္ အိတ္၊ဝန္ထမ္းကဒ္အျပင္ ဖုန္းကိုအတြင္းအိတ္ေထာင္ထဲ ထည့္လိုက္ၿပီး သူ၏တစ္ေနတာလုပ္ငန္းမ်ားစြာအတြင္းမွ အလုပ္ခ်ိန္ကိုစတင္လိုက္သည္။

သူေမာင္းနင္ေသာ ကားနက္ငယ္ေလး၏ဦးတည္ခ်က္ဟာ
အဆင့္ျမင့္ရပ္ကြက္အတြင္း႐ွိ တစ္ခုတည္းေသာ အိမ္ဆီသို႔။
ဆင္ဝင္ဝတြင္ ကားထိုးရပ္ကာ အိမ္ႀကီးအတြင္းေျခခ်လိုက္သည္ႏွင့္ခတ္လြင္လြင္အသံျသျသဟာ နားစည္သို႔႐ိုက္ခတ္သည္။

"လာၿပီလား....?"

ထင္သည့္အတိုင္း အသံဟာ ဧည့္ခန္းက်ယ္ႀကီးဆီမွျဖစ္သည္။
ခံုက်ယ္ႀကီးတြင္ထိုင္ၿပီး တစ္ဦးတည္း ခ်က္ထိုးျခင္းဟာ ထိုလူ၏ဝါသနာျဖစ္သည့္အေလ်ွာက္ မနက္တိုင္းလာႀကိဳမည့္သူ႔ကိုေစာင့္ရျခင္းဟာလည္း သူ႔ဝါသနာကဲ့သို႔ပင္။

"ဒီေန႔ အစည္းအေဝး႐ွိတာမို႔"

သူ၏အေျပာေၾကာင့္ ဧည့္ခန္း႐ွိခံုက်ယ္ႀကီးတြင္ ေနရာယူထားသည့္လူသားဆီမွ လိႈက္ခနဲေပၚေသာ အျပံဳးတစ္ပြင့္။

"မိႈင္းရယ္ မင္းကလည္း ဦးေႏွာက္ကိုသိပ္အလုပ္ခိုင္းတာပဲ....ငါေတာင္ေမ့ေနတာ"

ထိုလူက ခတ္ျပံဳးျပံဳးဆိုေသာ္လည္း သူ႔မ်က္ႏွာထားကေတာ့ ခတ္ခ်ီခ်ီရယ္သာ။

"အေရးႀကီးတာကို ကြၽန္ေတာ္ကေမ့ထားလို႔မွမျဖစ္ပဲ"

ေအးစက္စက္သူ႔ေလသံေနာက္ဝယ္ ခ်က္ကစားေနသည့္ သူကပိုလို႔ပင္ျပံဳးသြားသည္။

"ဒါဆိုသြားၾကမလား...?"

နယ္႐ုပ္ထံမွ အၾကည့္ခြာရင္း ခ်က္ကစားေနျခင္းကိုရပ္တန္႔သည့္ ထိုလူက ထိုင္ရာမွထကာဆိုသည္။
ထို႔ေနာက္ ႏွစ္ဦးသား တစ္ေန႔တာအဖို႔ ကုမၸဏီလုပ္ငန္းမ်ားစတင္ရန္ဦးတည္ၾကသည္။

ဆက္ရန္

သွ်င္လင္းအိမ္

အမ်ားႀကီး ခ်စ္ေပးၾကပါအူးလို႔😘
စိတ္မပ်က္ရေအာင္ အစြမ္းကုန္ႀကိဳးစားလ်က္ပါ😘
ႏွစ္ရက္တစ္ခါ ဒါမွမဟုတ္ သံုးရက္တစ္ခါ up ေပးမယ္ေနာ္😘
Daily update မဟုတ္လို႔ မခ်စ္ေတာ့ပု လို႔ေတာ့မေျပာလိုက္ပါနဲ႔😢
ခေလးတို႔လိမၼာရင္ လိမၼာသလို ၾကားထဲ date ေပးမွာပါ🤓

ဒီေန႔ ေမြးေန႔ေလးမို႔ အလကားေနရင္း ေပ်ာ္ေနတာ😁
ခ်စ္တဲ့အေၾကာင္းေတြ အမ်ားႀကီးၾကားခ်င္မိ😍


*************

ကြွေရောင်ခြယ်အိမ်မက်

အပိုင်း ၁

"မင်္ဂလာပါ....ကျွန်တော် အခုရောက်နေတဲ့နေရာက အားလုံးလည်းရောက်ဖူးကြပြီးသားဖြစ်မှာပါ....

ပန်းမြို့တော်လို့ နာမည်ကျော်တဲ့မေမြို့ရဲ့ အလှအပတွေထဲက တချို့ကိုခံစားရရှိနိုင်မယ့် view point ပါ..."

ခတ်လှမ်းလှမ်းက camera ကိုကြည့်လိုက် ဟိုးအဝေးမှလှမ်းမြင်နေရသော ရေတံခွန်ငယ်လေးဆီပြန်ကြည့်လိုက်နှင့်
မိမိအားအစဉ်အပျက်အားပေးနေသည့် ပရိတ်သတ်တွေကိုရည်ညွှန်းရင်းသူပြောနေသည်။

သူ...
သူ့နာမည်က နှောင်သွေးရှင်။
သူဆိုသည်မှာ လူမှုကွန်ရက်ပေါ်တွင် တော်ရုံနာမည်ရခြင်းမျိုးမဟုတ်သော အောင်မြင်နေသည့် ခရီးသွား bloger တစ်ယောက်ပေ။

Facebook နှင့် Instagram acc တို့မှာ follower သန်းပေါင်းများစွာပိုင်ဆိုင်ထားသည့် ဆယ်လီတစ်ဦး။
သို့သော် ကြွယ်ဝသောမိသားစုမှဆင်းသက်လာသည့်အလျှောက် သူ့တွင််လုပ်အကိုင် မယ်မယ်ရရမရှိ။
အပူအပင်မရှိ။

တစ်ခုသော အိမ်မက်ကိုဆုတ်ကိုင်ကာ အရပ်တကာလှည့်နေသည့်သူဟာ ယခုလည်းသူ၏ချစ်သူရှာပုံတော်ဖွင့်ရေးအတွက် ပြင်ဦးလွင်မြို့သို့ရောက်ရှိနေခဲ့ပြန်သည်။

"ကျွန်တော်ဒီကနေ အောက်ကိုဆင်းတော့မှာမို့ ပရိတ်သတ်
ကြီးအားလုံးလည်း ဒီတောင်ချိုင့်ရဲ့ရှုခင်းကို ကျွန်တော်နဲ့
အတူလိုက်ပါခံစားလိုက်ပါဦး"

သွားစွယ်ချွန်စွက်သည့် နှုတ်ဖျားလှလှဟာ ရယ်လိုက်လေတိုင်းထင်းတဲ့ညာဘက်ပါးထက်ဆီက ပါးချိုင့်နက်နှင့်လိုက်ဖက်ပေစွ။
စိုတောက်တောက် မျက်ဝန်းဝိုင်းတွေပေါ်တစ်စွန်းတစ်စနေရာယူထားသည့် ဆံရှည်နက်နက်တွေထက်ဝယ် ဦးထုတ်ဝိုင်းလေးဆောင်းကာတီရှပ်အဖြူထက် ရှပ်လက်ရှည်ဝါခြောက်ခြောက်ကိုထပ်လျက် သူ့အသွင်သဏ္႑ာန်ကအတော်ကိုပေါ့ပါးစွာ။

"ကဲ....ဒီကနေဆို တောင်ကြားရှုခင်းကိုပိုပြီးထင်ထင်ရှားမြင်ရပါပြီ....နည်းနည်းလေးတော့ ဝေးပေမယ့်ဒီအထိပဲ တံတားရှိတာမို့ ကျွန်တော်လည်းဆက်သွားလို့မရတော့ပါဘူး..."

အရယ်တစ်ပိုင်းလေး ဟာသစွက်တဲ့သူကြောင့် နေ့သစ်တစ်ယောက် camera ကိုင်ထားရင်းကရယ်မိသည်။

"ဟိုး တောင်ကြားက......"

ကျောက်တောင်ဆီသို့ငေးနေရာမှ camera ဘက်သို့အကြည့်ပြန်ပို့သည့် နှောင်သွေးဟာ ပြောလက်စတို့တန့်ခနဲ။
ခတ်ဝိုင်းဝိုင်စမျက်ဝန်းတောက်တွေက အမြင့်တစ်နေရာသို့ချိန်ရွယ်ကနှုတ်ဖျားတွေက ခတ်ဟဟ....။

"နှောင်သွေး.....ဘာတုံးဟ?"

ရိုက်ကူးရေးလုပ်ရင်းက ဟန်ပျက်သွားသည့် နှောင်သွေးကြောင့် နေ့သစ် camera ကိုပိတ်လိုက်သည်။

"ဟာ ဟျောင့်...ဘယ်ကိုတုံး?"

ကျန်ခဲ့သူအခြေနေဘယ်လိုဖြစ်ဖြစ်လှည့်မကြည့်သည့် နှောင်သွေးက သူဦးတည်ရာကိုသာခြေလှမ်းစိပ်သောအပြေးတွေနှင့်ရှေးရှုနေခဲ့သည်။
လှေကားထစ်တွေကို ကျော်ကာအပေါ်သို့အပြေးတက်သွားသည့်နှောင်သွေးနောက်သို့ camera ငယ်ကိုကိုင်ရင်း နေ့သစ်အပြေးလိုက်ရတော့သည်။

"ဟာ....ဒီကောင် ဘာဖြစ်ပြန်ပြီတုံးကွာ"

လှေကားတစ်လျှောက် နှောင်သွေးကိုမမှီသော်ငြား ခတ်သွက်သွက်တက်နေရသည်ကြောင့် နေ့သစ်အတော်လေးဟိုက်ရသည်။
အပေါ်သို့ရောက်သည်နှင့် အပင်ငယ်တစ်ခုဘေးတွင်ဆိုင်တွေတွေကြီးရပ်နေသည့် နှောင်သွေးဟာပြေးလိုက်ခဲ့သည်ကြောင့် ရင်ဝဟာလည်းနိမ့်ချည်မြင့်ချည်။
တစ်နေရာကိုသာ ငေးမောနေခဲ့သည့်နှောင်သွေးဟာ တစ်စုံတစ်ရာသွေးပျက်နေသည့်အလား။

"ဟျောင့်....ဘာဖြစ်တာလဲ အလန့်တကြားနဲ့.....မောလိုက်တာ...မပြောမဆိုနဲ့ ဘာလို့ပြေးတာလဲ....
ဟူး...မောတာကွာ....ဘာဖြစ်တာလဲ....ဟမ်လို့?"

ကြောင်နနမျက်ဝန်းတွေနဲ့ နှောင်သွေးပုံရိပ်အား နေ့သစ်တစ်သက်နဲ့တစ်ကိုယ်မမြင်ဖူးခဲ့ပေ။
အမြဲလျှပ်စီးလတ်ကာ အသံတုတ်ကြီးနဲ့တဟားဟားအော်ရယ်တတ်သည့် နှောင်သွေးအသွင်နှင့်ယခုမျက်ဝန်းတွေဟာ ခြားနားလှသည်။
နားလည်ရန်အဖြေရှာဆဲမှာပဲ နှောင်သွေးက ဖြည်းညင်းညင်းကြီးခတ်တိုးတိုးဆိုသည်။

"ငါ....ငါသူ့ကိုရှာတွေ့သွားပြီထင်တယ်"


*********************

"ဒီနေ့ ပင်ပန်းနေလို့ ရိုက်ထားတဲ့ vide§o clip လေးမတင်ပေးနိုင်တော့ဘူး"

ခတ်တိုတို ထိုစာလေးတစ်ကြောင်းအောက်မှာ သုံးမိနစ်သာရှိသေးသော်လည်း love react တွေ sad react တွေနဲ့စိုးရိမ်ဟန်ment ပေါင်းကမရေမတွက်နိုင်လောက်စွာ။
ကျန်းမာရေးဂရုစိုက်ဖို့၊နေကောင်းအောင်နေဖို့၊မထိခိုက်စေဖို့ စသောစာကြောင်းပေါင်းများစွာက အလုအယက်။

ဖုန်းကို ဘေးသို့ပစ်ချလိုက်ရင်း အိပ်ယာထင်းဖြူဖြူထက်လှဲအိပ်လိုက်ကာ နှောင်သွေးအတွေးတွေ ကယောက်ကယက်။
ဒီနေ့အဖို့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ လေပြင်းတွေမှုတ်ထုတ် နေမိပြန်တယ်။

"တကယ်ပဲ သူလား..."

ဤသည်မှာလည်း ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ မေးခွန်ကို မိမိကိုယ်ကိုမေးမိခြင်း။
နှစ်လပေါင်း များစွာရှာဖွေခဲ့ရခြင်းနောက်မှာ တကယ်ပဲသူဆိုတာကိုရှာတွေ့ခဲ့ရပြီလား....။

အိမ်မက်ထဲက ချစ်ရသူရယ်....

**************

အိမ်မက်ထဲက ချစ်သူရယ်

ဒီညတော့ ငါအိပ်ပျော်မယ်မထင်တော့ဘူး

နာကျင်စရာအချိန်တွေကိုပဲ ထပ်မက်မိမှာစိုးလို့

ငါဒီညတော့ မအိပ်တော့ဘူး

***************

*သုံးလကြာပြီးနောက်....*


ညနေဈေးတန်းရဲ့ ဝက်သားတုတ်ထိုးဆိုင်တစ်ဆိုင်တွင်ဖြစ်သည်။
တသောသောညံနေသော ဆိုင်အတွင်းခုံပုလေးတွင်ဝိုင်းထိုင်နေသော နှောင်သွေး၊နေ့သစ်နဲ့ရောင်စင်လင်း တို့သုံးယောက်သား။
ခတ်ညိမ်ညိမ်နှင့်တထွေထွေတမှိုင်မှိုင်ဖြစ်နေသော နှောင်သွေး၏အရိပ်အကဲကိုခတ်ရင်း နေ့သစ်နှင့်ရောင်စင်လင်း တို့လည်း နေထိုင်ရအဆင်မပြေလှပေ။

မွေးရာပါအသွင်မှ လုံးဝကွဲထွက်သွားသည့် နှောင်သွေးအသွင်သဏ္႑ာန်ဟာ လွန်ခဲ့သောသုံးလ၊မေမြို့မှပြန်လာစဉ်ထည်းကဖြစ်သည်။
အရိပ်အငွေ့လို မထင်မရှားသားတွေ့လိုက်ရသည့် သူကိုတမ်းလမ်းဆွဲဖြစ်ကာ စားမဝင်အိပ်မပျော်ခဲ့သည့်ရက်ပေါင်းလည်းမနည်းခဲ့။

"ဟေ့ကောင် နှောင်သွေး....မစားဘူးလားကွာ.."

နေ့သစ်၏စိတ်ပျက်လက်ပျက်အားမရသံနောက် မှိုင်ငေးနေသည့် နှောင်သွေးက လှိုက်ခနဲတစ်ချက်ပြုံးပြလေသည်။
သို့သော် အရင်လိုတက်ကြွဖျက်လတ်သော နှောင်သွေးရှင်၏အပြုံးမဟုတ်တော့။

"စားမယ်လေ...."

မိမိအကြိုက် နားရွက်ဖျားချွန်ချွန်ကိုကောက်ယူကာ အချဉ်ထဲနှစ်စိမ်ရင်းဝါးလိုက်သော်လည်း ထင်သလောက်အရသာမရှိ။
ဒါစားနေကျဆိုင်ပါပဲ....။
ဘာလို့ရယ် အရသာမရှိမှန်း မသိလေတော့။

"နှောင်သွေး....မင်းဘယ်လိုလုပ်ဖို့စဉ်းစားနေတာလဲ?"

နေ့သစ်၏ အားမလိုအားမရဟန်လေသံကို နားစွင့်ရင်းလက်ထဲက တုတ်ကိုစားပွဲထက်အသာချသည်။

"ဘာကိုလဲ...?"

နှစ်ဦး၏အခြေနေကို ရောင်စင်လင်း တစ်ယောက်ကတော့ အကဲခတ်နေရုံ။

"ဘာ ဘာကိုလဲတုံး....မင်းအခုဖြစ်နေတဲ့ပုံစံကိုပြောနေတာ....မသေချာမရေရာတဲ့ အဖြေအတွက်နဲ့ မင်းဖြစ်နေတဲ့ပုံစံကိုငါလုံးဝသဘောမကျဘူး...."

နှောင်သွေးနှုတ်ဆိတ်နေမိသည်။
ဤသည်ကိုက နှောင်သွေးရှင်မဟုတ်သည့်အတိုင်းပေ။
သူတစ်ခွန်းဆိုငါတစ်ခွန်းမကသော ဇက်ဇက်ကြဲ နှောင်သွေးရှင်အဖြစ်ကနေ ယခုတော့ လူအေးလေးနေ့သစ်ကိုပင်ခေါင်းငုံ့ခံနေပုံက နှောင်သွေးအစစ်လုံးဝမဟုတ်ပေ။

"မင်းလည်း ရှာသင့်သလောက်ရှာခဲ့ပြီးပြီပဲ....ပြီးတော့ အိမ်မက်ထဲကလူကို တွေ့ဖို့ဆိုတာ မင်းဟာက မိုးပေါ်ကအပ်နဲ့မြေကြီးကအပ်ကိုထိပ်ချင်းတေ့သလိုဖြစ်နေပြီ....

အပြင်မှာရှိမရှိဆိုတာတောင်မသေ
ချာတဲ့လူတစ်ယောက်အတွက်နဲ့ မင်းကခံစားလွန်းမနေဘူးလား?"

နှောင်သွေးခွန်းတုံ့မပြန် ကိုလာဗူးကိုကိုင်တာတစ်ငုံမော့လိုက်သည်။
ထိုစဉ် ရောင်စင်လင်းက...

"ဟိုတစ်ခါ မေမြို့မှာ တွေ့လိုက်တယ်ဆို....မဟုတ်ဘူးလား?"

ရောင်စင်လင်း ရဲ့အမေးကိုဖြေရန် နေ့သစ်ဦးစွာသက်ပြင်းချမိပြန်သည်။

"မသိဘူး သူပြောတာပဲ....ဒါမဲ့ ငါတို့နှစ်ယောက်လုံး
မေမြို့ကနေသုံးလလောက်မပြန်ပဲရှာခဲ့တာတောင် အရိပ်တောင်ထပ်ပေါ်မလာဘူးလေ...."

*ဂွက်....*

"ဟာ....စိုကုန်ပြီဟ"

နှောင်သွေးလက်ထဲက လွတ်ထွက်သွားသည့် ကိုလာဗူးကကြမ်းထက်မှတစ်ဆင့် နေ့သစ်၏ ဖိနပ်ဖွေးဖွေးပေါ်သို့ကိုလာရည်တို့စွတ်ကုန်သည်။
နေ့သစ်ကိုစိတ်ပင်မဝင်စားသည့် နှောင်သွေးက ခတ်လှမ်းလှမ်းသို့ငေးကြည့်နေပြန်သည်။

နှောင်သွေး၏ အကြည့်တို့ဟာ လွန်ခဲ့သည့်သုံးလက
မေမြို့မှာဖြစ်ခဲ့သည့်အသွင်မျိုးတစ်ထေရာတည်းပင်။
ထိုင်ရာမှဆတ်ခနဲထပြေးသွားသည့် နှောင်သွေးကိုကြည့်ရင်း နေ့သစ်နှင့်ရောင်စင်လင်း တို့မှာ ပဟေဠိများစွာ။

"ဘာဖြစ်တာလဲ...တွေ့ပြန်တာလား?"

ရောင်စင်လင်း ၏ရေရွတ်မှုကို နေ့သစ်လည်းအဖြေမပေးလိုက်မိပေ။





ရောထွေးပြွတ်သိပ်နေသည့် ညဈေးတန်းခတ်မှောင်မှောင်အောက်ဝယ် အစအနပင်မတွေ့လိုက်တော့သည့် သူဟာကောက်ရိုးပုံထဲ
အပ်ပျောက်ရှာရသလို။
အရိပ်ပြပြပြီး ပျောက်သွားပြန်တဲ့သူက သက်သက်ကျီစယ်နေသလားထင်ရလောက်အောင် နှောင်သွေးမတွေ့လိုက်တော့ပြန်။
အမောတကောနှင့် ဈေးတန်းထိပ်မှာရပ်နေရုံမှ နှောင်သွေးရှေ့မဆက်တတ်တော့။




******************


"ဆူကောက်မနေစမ်းပါနဲ့ ငါကြက်ကြော်ဝယ်ကျွေးပါ့မယ်"

မနက်စောစောထလာခဲ့ရသည့် နှောင်သွေးဟာ နေ့သစ်အားကမ္ဘာမကြေသောစောင်းပင်းပင်းအကြည့်ဖြင့် တုံ့ပြန်လေသည်ကြောင့်နေ့သစ်ရယ်လိုက်သည်။
နေ့သစ်၏မေမေခိုင်းသော ကိစ္စကြောင့် မနက်အစောကြီးMyanmar Plaza သို့ရောက်ရှိရကာ စောစောစီးစီးအိမ်တန်ရာရောက်လာအနှိုးခံလိုက်ရသော နှောင်သွေးတစ်ယောက်အကြီးကြီးတင်းနေရသည်။

မှုန်ကုတ်ကုတ်မျက်နှာဘေးနှင့်ပါးထက်က နေ့သစ်အသည်းယားစွာဆွဲညစ်လာသော လက်ကိုပုတ်ထုတ်ပစ်လိုက်သည်။
စက်လှေကားထက်အိပဲ့ပဲ့နှင့်တက်သွားရင်း ဘာရယ်မဟုတ်ပတ်ဝန်းကျင်သို့မျက်နှာလွှဲသည့်အခါ နှောင်သွေးအတော်လေးပြာယာခတ်သွား၏။

"နေ့သစ်....သူ...သူ..!!.."

"ဘာတုံး....?ဟာ ဟိတ်ကောင်!!"

အပေါ်ရောက်ကာမှ တစ်ဖက်အဆင်းလှေကားထိပြေးကာ ပြန်ပြေးဆင်းသွားသည့် နှောင်သွေးကို နေ့သစ်စိတ်ပျက်ပျက်တစ်ချက်ကြည့်ရုံမှတစ်ပါးမတတ်နိုင်။

ယခုထိပျောက်ကွယ်သွားခြင်းမရှိသေးသော ကျောပြင်ကျယ်ကိုမျက်ခြေမပျက်အောင်စူးစိုက်ကြည့်ရင်း လူတချို့ကိုတွန်းကျိတ်သွားသည့် နှောင်သွေးဟာ တောင်းပန်စကားတစ်ခွန်းပင်ဆိုမသွား။

ခလုတ်တိုက်မတတ်ခြေချင်းလိမ်အောင်ပြေးကာ အထွက်ပေါက်သို့ဦးတည်သွားသည့် နှောင်သွေးနောက်ကိုစိတ်မချစွာနေ့သစ်လိုက်ရပြန်သည်။

"ကွာ ဒီကောင် ဘာပြဿနာရှာဦးမလို့လဲ မသိပါဘူး"


Plaza တွင်းမှထွက်လိုက်သည်နှင့် ဖုန်းကိုလက်တစ်ဖက်ကကိုင်ကာ ရပ်နေသည့်နှောင်သွေးကို စိတ်ရှိတိုင်းသာတုတ်တစ်ချောင်းနှင့်ရိုက်ရိုက်ဆုံးမလိုက်ချင်မိသည်။

*ဘယ်တော့ ရင့်ကျက်မှာလဲလို့*

"ဘာလဲ တွေ့ပြန်ပြီလား မင်းလူကို"

ပုခုံးကနေဆွဲကာလှည့်လိုက်တော့ အရင်လိုမျက်ဝန်းသေတွေနဲ့မဟုတ်တဲ့ ပြုံးစစနှုတ်ခမ်းတွေ။

"နေ့သစ်...ငါ့ကိုတစ်ခုကူညီ"

နှောင်သွေးထိုသို့ဆိုတိုင်း နေ့သစ်ဘုရားတ,ရသည်။

"ဒီမှာ ဒီကားနံပါတ်ကိုစုံစမ်းပေး...ဒီကားပိုင်ရှင်က သေချာပေါက်သူပဲ "

လက်ထဲက မထင်ရှားဓာတ်ပုံပါဖုန်းကိုပြလျက်ဆိုသည့် နှောင်သွေး၏မျက်ဝန်းတွေဟာ နံနက်ခင်းနေရောင်ထက်ပင်တောက်ပနေခဲ့ပြန်သည်ကြောင့် နေ့သစ်မငြင်းရက်တော့ပေ။



**************

နံရံကပ်ဘီရို ဖွေးနုနုလစ်လပ်သွားခြင်းအတူ ပေါ်လွင်လာသော အစီအရီလိုက်ရှိသည့် အထည်များတွင်းမှတစ်ခုအားဆွဲယူလိုက်သည်။
ရှပ်ဖြူ၏လည်ပင်သားမှကိုင်ကာ ဝေ့ဝဲမြှောက်ပင့်လိုက်ပြီး ကြွက်သား ကျစ်ကျစ်တို့နှက့်ပြည့်စုံလှသော ကိုယ်ပေါ်သို့
လွှမ်းခြုံကာဝတ်လိုက်သည်။

ထို့နောက် အကျႌခါးကိုသေသပ်စွာထည့်လျက် ခါးပတ်ကြိုးကိုဆင်မြန်းကာ necktie တို့ပါပြီးပြည့်စုံသည့်အခါ နောက်ဆုံးလက်ကျန်ကုတ်နက်ကိုလွှားခနဲထပ်လိုက်သည်။

မှန်ဘီရိုထက်ဝယ် ပေါ်လွင်နေသည့် သူ၏အသွင်ဟာ ခန့်ညားခြင်း၊ထည်ဝါခြင်း၊ယောကျ်ားဆန်ခြင်းတို့နှင့်ဖွဲ့စည်းထားသလို လိုအပ်ချက်ကင်းစွာ ပြီးပြည့်စုံနေတော့သည်။

လှန်ဖီးထားသော ဆံသားညိုညိုတို့ဟာ လှိုင်းထကာခတ်မောက်မောက်။
မူပိုင်မျက်ခုံးထူတို့ဟာ စိတ်အလိုမကျခြင်းမဟုတ်ပါသော်လည်း ခတ်ကုတ်ကုတ်။

နောက်ဆုံးအပြီးသတ်အနေနဲ့ necktie ကိုအသေအချာဆွဲတည့်လိုက်ပြီး ကြေးမှုံပြင်ရှေ့မှခွာလိုက်သည်။

လိုအပ်သည့် အိတ်၊ဝန်ထမ်းကဒ်အပြင် ဖုန်းကိုအတွင်းအိတ်ထောင်ထဲ ထည့်လိုက်ပြီး သူ၏တစ်နေတာလုပ်ငန်းများစွာအတွင်းမှ အလုပ်ချိန်ကိုစတင်လိုက်သည်။

သူမောင်းနင်သော ကားနက်ငယ်လေး၏ဦးတည်ချက်ဟာ
အဆင့်မြင့်ရပ်ကွက်အတွင်းရှိ တစ်ခုတည်းသော အိမ်ဆီသို့။
ဆင်ဝင်ဝတွင် ကားထိုးရပ်ကာ အိမ်ကြီးအတွင်းခြေချလိုက်သည်နှင့်ခတ်လွင်လွင်အသံသြသြဟာ နားစည်သို့ရိုက်ခတ်သည်။

"လာပြီလား....?"

ထင်သည့်အတိုင်း အသံဟာ ဧည့်ခန်းကျယ်ကြီးဆီမှဖြစ်သည်။
ခုံကျယ်ကြီးတွင်ထိုင်ပြီး တစ်ဦးတည်း ချက်ထိုးခြင်းဟာ ထိုလူ၏ဝါသနာဖြစ်သည့်အလျှောက် မနက်တိုင်းလာကြိုမည့်သူ့ကိုစောင့်ရခြင်းဟာလည်း သူ့ဝါသနာကဲ့သို့ပင်။

"ဒီနေ့ အစည်းအဝေးရှိတာမို့"

သူ၏အပြောကြောင့် ဧည့်ခန်းရှိခုံကျယ်ကြီးတွင် နေရာယူထားသည့်လူသားဆီမှ လှိုက်ခနဲပေါ်သော အပြုံးတစ်ပွင့်။

"မှိုင်းရယ် မင်းကလည်း ဦးနှောက်ကိုသိပ်အလုပ်ခိုင်းတာပဲ....ငါတောင်မေ့နေတာ"

ထိုလူက ခတ်ပြုံးပြုံးဆိုသော်လည်း သူ့မျက်နှာထားကတော့ ခတ်ချီချီရယ်သာ။

"အရေးကြီးတာကို ကျွန်တော်ကမေ့ထားလို့မှမဖြစ်ပဲ"

အေးစက်စက်သူ့လေသံနောက်ဝယ် ချက်ကစားနေသည့် သူကပိုလို့ပင်ပြုံးသွားသည်။

"ဒါဆိုသွားကြမလား...?"

နယ်ရုပ်ထံမှ အကြည့်ခွာရင်း ချက်ကစားနေခြင်းကိုရပ်တန့်သည့် ထိုလူက ထိုင်ရာမှထကာဆိုသည်။
ထို့နောက် နှစ်ဦးသား တစ်နေ့တာအဖို့ ကုမ္ပဏီလုပ်ငန်းများစတင်ရန်ဦးတည်ကြသည်။

ဆက်ရန်

သျှင်လင်းအိမ်

အများကြီး ချစ်ပေးကြပါအူးလို့😘
စိတ်မပျက်ရအောင် အစွမ်းကုန်ကြိုးစားလျက်ပါ😘
နှစ်ရက်တစ်ခါ ဒါမှမဟုတ် သုံးရက်တစ်ခါ up ပေးမယ်နော်😘
Daily update မဟုတ်လို့ မချစ်တော့ပု လို့တော့မပြောလိုက်ပါနဲ့😢
ခလေးတို့လိမ္မာရင် လိမ္မာသလို ကြားထဲ date ပေးမှာပါ🤓

ဒီနေ့ မွေးနေ့လေးမို့ အလကားနေရင်း ပျော်နေတာ😁
ချစ်တဲ့အကြောင်းတွေ အများကြီးကြားချင်မိ😍






© Shin Lin Eain ,
книга «ေႂကြေရာင္ျခယ္အိမ္မက္(အလကၤာ႐ႈံးတဲ့ ခ်စ္ျခင္းအသၤေခ် Season 2)».
ပထမေျခလွမ္း
Коментарі