ေႂကြေရာင္ျခယ္အိမ္မက္
အခ်စ္ေပ်ာက္႐ွာေဖြျခင္း
ပထမေျခလွမ္း
သူ႔ထံပါး
ပထမေျခလွမ္း
ေႂကြေရာင္ျခယ္အိမ္မက္

အပိုင္း ၂

နာမည္က မိႈင္းအဂၢေမာင္။
ေဇကမာၻ ကုမၸဏီရဲ႕အထူးဝန္ထမ္း။
အတိအက်ဆိုရလ်ွင္ ေဇကမာၻ လုပ္ငန္းစု ကိုယ္စားလွယ္ရဲ႕တစ္ဦးတည္းေသာ ကိုယ္ရံေတာ္တစ္ျဖစ္လည္း အတြင္းေရးမႉး။
ေဇကမာၻ လုပ္ငန္းစုပိုင္႐ွင္ ကမာၻသစ္၏အေရးအေပးခံရဆံုးေသာဝန္ထမ္းဆိုလ်ွင္လည္း မမွားေပ။

တည္တံံ့တ့ံမ်က္ႏွာထားႏွင့္ ခန္႔ညားေခ်ာေမာျခင္းေတြ အလ်ွံအပယ္ပိုင္ဆိုင္ထားသည့္ သူက မာနေလးမဆိုသေလာက္ႀကီးသည္။
၂၆ ႏွစ္ဆိုသည့္ အရြယ္ႏွင့္မလိုက္ဖက္စြာ မလုပ္တတ္တာမ႐ွိသလိုသူေနသည့္ကြန္ဒိုတစ္ခုလံုးလည္း ဆုတံဆိပ္ေတြႏွင့္ေပ။
သို႔ေသာ္ သူ၏အားနည္းခ်က္သည္ကား လူမႈဆက္ဆံေရးမဆိုစေလာက္မက ည့ံေနျခင္း။

ခတ္တင္းတင္း မ်က္ႏွာေဘးႏွင့္ လူမထင္ဟန္သူ႕အထာေၾကာင့္ၾကည့္မရသူမ်ားေသာ္ျငား ထိုအခ်ိဳးတို႔ကိုသီးခံႏိုင္လြန္းသူ တစ္ေယာက္ေတာ့႐ွိခဲ့သည္။
သူကား ကမာၻသစ္။

******************

"နည္းနည္းေလာက္ပဲ ကူညီေပးပါ အမရယ္...."

ေန႔သစ္၏မ်က္ႏွာထက္ဝယ္ ေတာင္းဆိုျခင္း အသနားခံျခင္း စိတ္႐ႈပ္ျခင္း အလိုမက်ျခင္း စေသာခံစားမႈေပါင္းစံုေရာေထြးလ်က္႐ွိသည္။

"တကယ္ကူညီဖို႔အဆင္မေျပလို႔ပါ ေမာင္ေလးရယ္....ကုမၸဏီဝန္ထမ္းေတြရဲ႕ privacy ေတြကိုေျပာျပခြင့္မ႐ွိလို႔ပါ"

ေကာင္တာမွခတ္ခ်ီခ်ီမ်က္ႏွာေဘးႏွင့္ ဝန္းထမ္းမိန္းကေလး၏ျငင္းပယ္မႈေၾကာင့္ ေန႔သစ္ တစ္ရာ့႐ွစ္ႀကိမ္ေျမာက္ေသာ သက္ျပင္းကိုခ်မိျပန္သည္။

"ဟူး....."

ဖုန္းထုတ္ကာ ေက်းဇူးႀကီးမားေတာ္မူေသာ ေက်းဇူး႐ွင္ကိုထံဆက္သြယ္ရေတာ့သည္။

"ေဟ့ေကာင္ မင္းမိန္းမေတြက...အဲ  reception
ကဝန္ထမ္းေတြက ဘယ္လိုမွေမးမရဘူးဟ.....ေျပာလို႔မရလို႔ခ်ည္းပဲ လုပ္ေနတယ္"

ကုမၸဏီ၏ အထြက္တံခါးဝနားတြင္႐ွိေနေသာ ေန႔သစ္ေၾကာင့္ ဝန္ထမ္းမိန္းကေလးမ်ားၾကားမည္မဟုတ္ေပ။

"ဘာ....?ဟာ...ဟိတ္ေကာင္"

ေျပာခ်င္ရာေျပာၿပီးတာနဲ႔ တစ္ဖက္ကအေျဖကိုမေစာင့္ပဲ ဆပ္ျပာသည္လင္ေပ်ာက္ ဖုန္းခ်သြားတတ္တာ ေႏွာင္ေသြးအက်င့္။
အခုလည္း သူကိုယ္တိုင္လာမည္ဆိုသည္ေၾကာင့္ ေန႔သစ္တစ္ေယာက္ စိတ္လက္ပ်က္စြာႏွင့္သာ ကုမၸဏီေ႐ွ႕တြင္ရပ္ေစာင့္ေနရေတာ့သည္။
ေလးဆယ့္ငါးမိနစ္ခန္႔ေစာင့္ဆိုင္းၿပီခ်ိန္ဝယ္ စက္ဘီးတစ္စီးႏွင့္လြင့္လြင့္ လြင့္လြင့္ေရာက္ခ်လာေသာ ေႏွာင္ေသြးဟာ တက္ႂကြသည့္ၾကက္ဖျဖစ္လ်က္။

စံုစမ္းေနေသာ ေကာင္ေလးက ဒီကုမၸဏီကဝန္ထမ္းဟု သိရေသာရက္မွစ၍ မ်က္ႏွာပိုးမေသေသာ ေႏွာင္ေသြး၏မ်က္ႏွာကို ေန႔သစ္ျမင္ရသည္မွာေန႔တစ္ပိုင္းပင္။
အေၾကာင္းကား ထိုသတင္းကိုမနက္ကမွ ရလိုက္ေသာေၾကာင့္။

"ဟိတ္ေကာင္ အေျခေနမဟန္ဘူးလား...မင္းကလည္း လုပ္လိုက္ရင္အျဖစ္ကိုမ႐ွိဘူး"

စြတ္ထားေသာ mask သာမ႐ွိခဲ့လ်ွင္ေႏွာင္ေသြး၏ႏႈတ္ခမ္းႀကီးမည္မ်ွေထာ္ေနမည္ကို ေန႔သစ္ျမင္ရေပလိမ့္မည္

"ငါ....!!"

ေဒါသတႀကီးလက္သီးႏွင့္ရြယ္လိုက္ေတာ့မွ ခတ္ကုတ္ကုတ္လုပ္ရင္းရယ္ေလေတာ့ျပန္သည့္ ေႏွာင္ေသြးရဲ႕ေျပာင္စပ္စပ္အက်င့္ဟာ ေသလ်ွင္ေတာင္အပါယူသြားမည့္ပံု။

"လာပါ လာပါ...မေျပာေတာ့ပါဘူး"

ေန႔သစ္ပုခံုးထက္သိုင္းဖတ္လာရင္း ႏွစ္ေယာက္သာ ကုမၸဏီ၏ reception သို႔တဖန္သြားၾကျပန္သည္။
ေကာင္တာကိုလက္ေထာက္လိုက္ရင္း ႏႈတ္ဆက္ေလတဲ့
ေႏွာင္ေသြး အထွာဟာခတ္ေပါ့ေပါ့။
ေန႔သစ္ကေတာ့ ခတ္ေစာင္းေစာင္းသာ ရပ္ေနရင္း ရမွာမဟုတ္ပဲနဲ႔ဆိုသည့္မ်က္ႏွာေပးႏွင့္သာေဆြၾကည့္ေနလိုက္ေတာ့သည္။

"မမတို႔....က်ေနာ့္ကို သိတယ္မလား....?

ေႏွာင္ေသြး႐ွင္ပါ"

မ်က္ႏွာတစ္ဝက္ေလာက္အုပ္မိုးထားတဲ့ mask ခဲေရာင္ကို ေမးေအာက္ထိဆြဲခ်လိုက္ရင္းဆိုတဲ့ ေႏွာင္ေသြးဟာ ခတ္ေထ့ေထ့အျပံဳးႏွင့္အတူ တျဖတ္ျဖတ္လတ္ေနသည့္မ်က္ဝန္းနက္ေတြျဖင့္.....

"ဟယ္.....အေသြးေလး....."

႐ုတ္ခ်ည္း ေျပာင္းလဲသြားေသာ ေကာင္တာမွ မိန္းကေလးမ်ားကိုေန႔သစ္တအ့ံတျသလွည့္ၾကည့္ရင္း....။

"မမတို႔ကို ၾကည့္ရသေလာက္ အရမ္းကိုသေဘာေကာင္းမဲ့ပံုပဲ....ကြၽန္ေတာ့္ကိုတစ္ခုေလာက္ ကူညီေပးမယ္မလား?"


***************

ေႏွာင္ေသြး႐ွင္ ဆိုသည္မွာ တယ္လည္းတက္ႏိုင္တဲ့ေကာင္ပါေပ။
ေကာင္တာက မိန္းကေလးႏွစ္ေယာက္၏ဖြန္ေၾကာင္ေသာ အကူအညီျဖင့္ သူသိလိုသမ်ွအလံုးစံုကို သိခြင့္ရခဲ့ၿပီး ေနာက္ႏွစ္ရက္အျကာတြင္ သူ၏မစ္႐ွင္ကိုစတင္သည္။

မိႈင္း ေနသည့္ ကြန္ဒိုထိအေရာက္သြားကာ မိႈင္း၏တစ္ေန႔တာမွန္သမ်ွကို အလြန္က်က္မွတ္သည္။
မနက္ခင္း မႈိင္း ပန္းျခံထဲတြင္ အေျပးေလ့က်င့္ခန္းလုပ္လ်ွင္လည္း ခတ္လွမ္းလွမ္းကေန စက္ဘီးႏွင့္လိုက္သည္။
အေၾကာင္းကား ေႏွာင္ေသြးမေျပးႏိုင္ေပ။

မိႈင္း Gym class သြားလ်ွင္လည္း ဟိုဟိုဒီဒီေဝ့လည္ေၾကာင္ပတ္လုပ္ရင္း ခတ္လွမ္းလွမ္းတြင္႐ွိသည္။
မိႈင္း အလုပ္သြားသည့္ အခါမ်ိဳးတြင္လည္း ေနာက္ကေနထပ္ၾကပ္မကြာလိုက္ရင္း အလုပ္ဆင္းခ်ိန္ထိေစာင့္ၾကည့္သည္။

တစ္ခါတစ္ရံ မိႈင္း boxing ကစားသည့္ ညမ်ိဳးတြင္လည္း boxing class ကေန ကြန္ဒိုထိေရာက္ေအာင္လိုက္ျပန္သလို ညေစ်းတန္းတြင္ မုန္႔ထြက္စားသည့္အခါတိုင္းလည္း မိႈင္းစားသည့္ဆိုင္တြင္႐ွိေနတတ္သည္။

မိႈင္း တခ်ိဳ႕ေသာ ညေနေစာင္းေလးေတြမွာ ေကာ္ဖီဆိုင္ထိုင္ရင္းစာဖတ္ေလ့႐ွိတဲ့အခါလည္း မလွမ္းမကမ္းခံုမွာအျမဲထိုင္ရင္း တြယ္ကပ္ေနတတ္ျပန္သည္။

ႏွစ္ပတ္ခန္႔ေသာ ကာလတစ္ခုမွာ မိႈင္း၏ေန႔စဥ္လုပ္ငန္းကိုင္ငန္းမ်ားကို အတိအက်မဟုတ္လ်ွင္ေတာင္ အျပည့္အဝနီးပါးေႏွာင္ေသြးအလြတ္ရခဲ့ၿပီ။

ေႏွာင္ေသြးလိုဆယ္လီတစ္ေယာက္အျဖစ္ကေန ႐ုတ္ခ်ည္း stalkerဘဝသို႔ေရာက္မွန္းမသိေရာက္ရသည့္အခါ ေန႔သစ္ စိတ္မေကာင္းစြာေခါင္းသာအသာခါမိေတာ့ရံုမွတစ္ပါး.....။


******************


ဆိုင္တန္းမ်ား႐ွိ မီးလံုးငယ္ မီးေခ်ာင္ငယ္တို႔မွအလင္းေရာင္တို႔
ခတ္မွိန္မွိန္တခ်ိဳ႕ျပန္႔ႏွံ႔လ်က္႐ွိသည့္ ညေနေစ်းတန္းေတာက္ေလ်ွာက္။
တေတာက္ေတာက္ေလ်ွာက္လွမ္းရင္း စားေနက်ဆိုင္ဆီဦးတည္ေနေသာ ကြၽန္ေတာ့္ေျခလွမ္းတို႔ကို ေျပာင္းလဲလိုက္သည္။
အေနာက္ဘက္ဆီသို႔ ခတ္ေစာင္းေစာင္းလွည့္သည့္ဆိုရံုမွ်ၾကည့္လိုက္၍အၿပီး ေဘး႐ွိလမ္းၾကားခ်ိဳးသို႔လွစ္ခနဲခ်ဳိးဝင္လိုက္သည့္အခါ အေနာက္ပါးမွ တစ္ေကာက္ေကာက္လိုက္ေနေသာ အရိပ္ဟာေၾကာင္နန။

Mask တပ္ကာ ဦးထုတ္အျဖဴပါေစာင္းထားသည့္ၾကားမွပင္
ဟိုဒီျပဴးျပဲ႐ွာေဖြေနေသာ မ်က္လံုးေတာက္ေတာက္ေတြကို မပီမသလွမ္းျမင္ေနရသည္။
ကြၽန္ေတာ္ ႐ုတ္တရက္ေပ်ာက္သြားသည္ေၾကာင့္ ေၾကာင္အ,သြားပံုရေသာ ထိုအရိပ္ဟာ အရပ္ေလးမ်က္ႏွာႏွံ႔ေအာင္တေတာက္ေတာက္ျကည့္ရင္း ေ႐ွ႕သို႔ဆက္ေ႐ွာက္လာသည္။

ညအေမွာင္ရဲ႕ လူအုပ္ၾကားထဲ ထိုလူေကာင္ေသးေသးကို ေသခ်ာစြာျမင္ရသည္ကား ရင္းႏွီးေနသည္ေၾကာင့္ပင္။

တျဖည္းျဖည္းနီးကပ္လာသည့္ လူေကာင္ငယ္ဟာ က်ီးကန္းေတာင္းေမွာက္ေသာ မ်က္ဝန္းေတြႏွင့္ကြၽန္ေတာ့္အားထပ္မံ႐ွာေဖြေနေသးပံုရကာ လမ္းၾကားထိပ္သို႔အေရာက္....။

"အ..အေမ့!!"

လက္ထဲ လြင့္ခနဲပါလာသည့္ လူေကာင္ေပါက္စဟာ နံရံႏွင့္ကြၽန္ေတာ့္ကိုယ္ၾကား အလ်င္ျမန္ဆံုးေသာအခိုက္အတန္႔တြင္ပဲေရာက္႐ွိလာသည္။
ေပါ့လိုက္တဲ့ ကိုယ္ဆိုတာလည္း လက္ကေလးကိုေဆာင့္ဆြဲလိုက္ရံုနဲ႔လြင့္ပါလာတာမ်ိဳး။
အလန္႔တၾကား မ်က္ဝန္းေတြျပဴးက်ယ္ေနသည့္ သူထံမွဘာစကား၊ဘာသံမွ မၾကားရပဲ မ်က္လံုးျပဴးနဲ႔သာေမာ့ၾကည့္ေနသည္။

နံရံကိုလက္တစ္ဖက္က ေထာက္ရင္းစိုက္ၾကည့္လိုက္သည့္အခါျပဴးေနသည့္ သူ႔မ်က္စံနက္ေတြဟာ ကြၽန္ေတာ့္ကိုၾကည့္ရင္းပဲ ခဲကုန္သလားမသိေပ။

"မင္းကဘာေကာင္လဲ....ငါအေနာက္ကိုလိုက္ေနတာ ေတာ္ရံုပဲေကာင္းတယ္....မင္းဘာမင္း ဘာလို႔ပဲလိုက္ေနလိုက္ေန ဒီတစ္ခါေနာက္ဆံုးျဖစ္ပါေစ.."

ျပဴးၾကည့္ေနဆဲ သူ႔ကိုစိတ္တိုင္းမက်လွတာမို႔ မ်က္ႏွာထက္က Mask အျဖဴကိုဆြဲခ်လိုက္ေတာ့ ပါးစပ္ကပါေဟာင္းေလာင္းျဖစ္ေနေသးသည္။

"မင္းကို သတိေပးတာေနာက္ဆံုးပဲ"

အသက္မ႐ွိေတာ့သလို ျပဴး၍သာၾကည့္ေနတဲ့ ထိုေၾကာင္ေၾကာင္ေတာင္ေတာင္လူပုကို စူးခနဲတစ္ခ်က္ၾကည့္ရင္း လွည့္ထြက္လာလိုက္သည္။

ႏွစ္ပတ္ဆိုတာေတာင္ လြန္ေနၿပီမို႔ ေတာ္ရံုပဲေကာင္းတယ္။


**********************

ႏွစ္ပတ္ဆိုသည့္ အေနအထားတစ္ခုမွာ သူ႔ပံုရိပ္အသြင္ျပင္မွန္သမ်ွကို အလြတ္နီးပါးမွတ္ယူထားေသာ္လည္း အနီးကပ္ေတြ႔လိုက္ရသည့္အခါ ႐ူးမတတ္အသိစိတ္လြတ္ခဲ့သည့္အေၾကာင္း ျပန္ေျပာရလ်ွင္အ႐ွက္သိကၡာမဲ့ရာေရာက္မည္။

လူသူေလးပါး ျပည့္ႏွက္က်ပ္တည္းေနသည့္ ညေစ်းတန္းမွာ တစ္စံုတစ္ေယာက္ကို ႐ွာေဖြေငးေမာဖို႔ရာကေတာ့ လြယ္လွသည့္အလုပ္မဟုတ္။

ဟိုဟိုဒီဒီ အေရးႀကီးသုတ္ျပာ႐ွာေဖြတံုး ႐ုတ္တရက္ဆန္စြာဆြဲေခၚလာသည့္ လူဟာ သူျဖစ္ေနခဲ့လိမ့္မယ္မွန္း မေတြးဖူးတာအမွန္ပဲ။

ေလတိုးလုရံုမွ်အေနအထားထိ တိုးကပ္ကာ လူတစ္ကိုယ္လံုးကိုအုပ္မိုးလာသည့္ သူဟာ တကယ္ကိုရဲတင္းလြန္းတာထက္ ပိုတယ္လား။
ကိုယ့္ႏွလံုးခုန္သံႏွင့္ကိုယ္ နားအူေနရသည့္အခိုက္အတန္႔မွာ သူဘာေတြေျပာသြားလည္း တစ္လံုးမွမၾကားလိုက္သလို မ်က္ႏွာေပၚက mask ကိုပါ သူ႔စိတ္႐ွိတိုင္ဆြဲဖယ္သြားျပန္တဲ့သူက ကေဝတစ္ေကာင္ႏွင့္တူသည္။

ေမွးက်ဥ္းေတာက္ပတဲ့ မ်က္ဝန္းညိဳေတြကိုက တစ္ေထရာတည္းတစ္ထပ္တည္း။
ေန႔သစ္ေျပာတဲ့ မိုးေပၚအပ္ နဲ႔ ေျမႀကီးကအပ္ကို ထိပ္ခ်င္းေတ့ႏိုင္သူဟာ ေလာကဝယ္ကြၽန္ေတာ္တစ္ေယာက္ထည္းပင္။
အိမ္မက္ထဲက အႏွစ္ႏွစ္အလလ တမ္းတခဲ့ရသည့္ ခ်စ္သူကို အမွန္ပင္ ႐ွာေတြ႔ခဲ့ေလၿပီမလား။

အိမ္မက္ထဲက ေကာင္ေလးေရ....

မင္းရင္ခြင္ထဲကို ငါကအေျပးေရာက္လာေပးမွာမို႔

ထြက္မေျပးနဲ႔ လြတ္မွာမဟုတ္ဘူး...

*****************

ကိုယ့္ကို သူသိသြားၿပီမို႔ ၊ေျပာရရင္ ကိုယ္လိုက္ေနတာကို သူမိသြားၿပီမို႔ ဒီေန႔ကစလို႔ ခိုးေၾကာင္ခိုးဝွက္လိုက္ဖို႔ရာ မလိုေတာ့ပဲ သူ႔ေနာက္ကိုေပၚတင္လိုက္ဖို႔ဆံုးျဖတ္ထားတယ္။

သူေျပးေနက် ပန္းျခံအဝမွာ ရပ္ေစာင့္ရင္း သူ႔အရိပ္ေပၚလာတာနဲ႔ထပ္ၾကပ္မကြာေအာင္ အေျပးေလးနဲ႔။
အနက္ေရာင္ အားကစားဝမ္းဆက္အျပည့္အစံုနဲ႔ လွမ္းထြက္လာတဲ့ သူဟာမနက္အေစာႀကီးထၿပီးေစာင့္ရႀကိဳးသိပ္နက္ေအာင္ကို ေခ်ာေမာေနတာပါပဲ။

"မိႈင္း..."

ခတ္တင္းတင္း မ်က္နွာထားနဲ႔ ေဆြေဆြၾကည့္တတ္တဲ့ သူ႔ကို
ခ်ဥ္းကပ္ရျခင္းဟာ နည္းနည္းေတာ့ၾကက္သီးထဖို႔ေကာင္းတယ္။
တစ္ခ်က္သာ လွည့္ၾကည့္လာတဲ့ သူက ေ႐ွ႕ကိုပဲျပန္အာ႐ုံစိုက္သြားျပန္တယ္။

"မင္းနဲ႔ စကားခဏေျပာခ်င္လို႔...."

"မိႈင္းေရ...."

"ငါမနက္အေစာႀကီးထဲက ဒီမွာလာေစာင့္ေနတာ...."

တစ္ျပေလာက္ ခတ္အိအိေျပးေနရၿပီးေနာက္မွာပဲ စကားလံုးေတြမလွေတာ့ေအာင္ ေမာတယ္။

သူဘယ္ထိေျပးဦးမွာလဲ....။

"ငါ့နာမည္ ေႏွာင္ေသြး႐ွင္ လို႔ေခၚတယ္....မင္းသိရင္လည္း သိမွာေပါ့....ငါ့ကို မသိတဲ့လူက နည္းနည္း႐ွားတယ္"

ကြၽန္ေတာ္ဟာ ဝိဥာဥ္၊ သူ႔အရိပ္မ်ားလား ၊သရဲ လားထင္ရေလာက္ေအာင္ ကြၽန္ေတာ့ကိုသူ အဖတ္လုပ္မလာပါေလ။

"မိႈင္း မင္း ငါ့ကိုနည္းနည္းေလာက္ ျပန္ေျပာရင္ေကာင္းမွာပဲ"

ထိုအခါ ရပ္သြားတဲ့လသူ႔ေျခလွမ္းမ်ား။
ကြၽန္ေတာ္လည္း သူ႔နည္းတူ ရပ္လိုက္ရင္း ေဟာဟဲဟိုက္စြာ အေမာေျဖေနရသည္။

"ဘာကိစၥငါ့ေနာက္ကို လိုက္ေနတာလဲ....မင္းကို မလိုက္ဖို႔ သတိေပးခဲ့တယ္ေလ"

လွည့္ေျပာလာတဲ့ အသံျသျသႀကီးနဲ႔အတူ မ်က္ေမွာင္ေတြတြန္႔ခ်ိဳးေနလိုက္တာမ်ား။

"အဟင္း....သတိေပးခဲ့တယ္လား....?"

မသိလိုက္တာေတာ့ အမွန္ပဲ။

"ငါ့ကို တကယ္ပဲမသိဘူးလား?"

"ဘာလဲ သိမွျဖစ္မွာလား...?"

႐ုပ္ေခ်ာသေလာက္ စကားေျပာလက္ေပါက္ကပ္တာေတာ့ မေကာင္းပါေခ်။
အဲ့ေလာက္လဲ ေဒါသျဖစ္ဖို႔မလိုပဲနဲ႔...။

"အာ....မသိလည္း အဆင္ေျပပါတယ္....အခုသိသြားၿပီပဲမလား..အဲ အဲ.....!!"

႐ုတ္ခ်ည္း အၾကည့္လႊဲကာ ဆက္ေျပးသြားသည့္ သူ႔ေၾကာင့္ အလန္႔တၾကားေအာ္မိရင္း လိုက္ရျပန္၏။


"မင္းကလည္း မေျပာမဆိုနဲ႔....ျဖည္းျဖည္းေပးပါလား ငါေမာလိုက္တာ....ဟူး..."

သူေျခလွမ္းေတြက ေျပာသေလာင္ ျမန္မေနေပမဲ့ ႐ွည္လ်ားလြန္းတဲ့ေျခတန္ႀကီးေတြက တစ္လွမ္းလွမ္းအေတာ္က်ယ္လွတာမ်ိဳး။

"မင္းဆက္လိုက္မလာနဲ႔ ေတာ္ရံုတန္ရံုပဲေကာင္းတယ္"

"ငါက မင္းနဲ႔ခင္ခ်င္လို႔ပါ...."

သူ႔ေျခလွမ္းၾကဲႀကီးေတြကို အမွီလိုက္ရျခင္းဟာ လြယ္သည္မဟုတ္။
လူလည္းအေတာ္ေဟာဟဲဆိုက္ေနရၿပီ။

"႐ူးေနလား အလကားသက္သက္"

"မိႈင္းကလည္း...."

"ငါက မင္းနဲ႔မခင္ခ်င္ဘူး....တျခားလူသြား႐ွာ"

ခတၱရပ္ဆိုင္းရင္း ကြၽန္ေတာ့္မ်က္ႏွာကိုေစ့ေစ့ၾကည့္ေျပာလာသည္မို႔လူက မိႈက္ခနဲ။
ျပန္ေျပးျပန္သူ႔ေနာက္ ဆက္လိုက္ဖို႔ေတာင္ေမ့ခ်င္တင္တင္။

"ဟာ....မိႈင္း ငါက မင္းနဲ႔ပဲခင္ခ်င္....."

ထိုအခါ သူ႔ေျခလွမ္းေတြရပ္သြားသည္။
ကြၽန္ေတာ့ မ်က္ဝန္းေတြထဲေစ့ေစ့ၾကည့္လာရင္း....။
အသက္႐ွဴပင္ ရပ္သြားသလား ထင္ရေအာင္ ကြၽန္ေတာ့မွာေငးခနဲ။

နီညိဳေရာင္ေသြးေသြး ပိရိေသသပ္တဲ့ႏႈတ္ခမ္းတစ္စံုက စတင္
လႈပ္႐ွားသည္။

"ငါနဲ႔ေဝးေဝးေန"

ထို႔ေနာက္ တရိပ္ရိပ္ေဝးသြားတဲ့ ေက်ာျပင္ကိုေငးရင္း ေျခစံုရပ္လ်က္သာ က်န္ခဲ့ရစ္ခဲ့ရံု။

ႏွစ္လိုအားရစြာ လိႈက္ခနဲျပံဳးလိုက္မိသည္။
လက္ေလ်ာ့လိုက္ျခင္းထင္သလား....။
ဘဝမွာ လက္ေလ်ာ့ျခင္းဆိုသည္က ဘာလဲ ဟုေမးရေလာက္ေအာင္ ကြၽန္ေတာ္ဟာ ဇြဲေကာင္းလြန္းသည့္ လူသားပါေပ။

ေမာလြန္းလို႔ ဆက္လိုက္ႏိုင္ေတာ့မဟုတ္သည္ေၾကာင့္ အိတ္ေထာင္ထဲက ဖုန္းကိုထုတ္ရင္း....

"ဟူး.....ေန႔သစ္....ငါ့ကိုလာေခၚဦး....နံ႔သာၿမိဳင္ပန္းျခံမွာ"


*******************

"Lotte တစ္ခြက္နဲ႔ cheese cake တစ္လံုး"

"ဟုတ္ကဲ့ အစ္ကို ခဏေလးေစာင့္ေပးပါေနာ္"

ေကာင္တာဆီမွ မိန္းကေလး၏ေဖာ္ေဖာ္ေရြေရြအေျပာကိုပင္မေစာင့္ေတာ့ပဲ လွည့္ထြက္လာသည့္ မိႈင္းက ထိုင္ေနက် ေထာင့္က်က်စားပြဲဝိုင္းေလးမွာေနရာယူလိုက္သည္။
အျမဲလူ႐ွင္းကာ တိတ္ဆိတ္ေနတတ္သည့္ ထိုေကာ္ဖီဆိုင္တြင္ထိုင္ကာ စာဖတ္ရျခင္းကို မိႈင္းႏွစ္ၿမိဳ႕သည္။

ႏို႔ႏွစ္ေရာင္ခံုငယ္ေလးကို အသာဆြဲယူရင္း ပတ္ဝန္းက်င္တစ္ခုလံုးကိုေက်ာေပးလို႔ ပန္းခ်ီကားတခ်ိဳ႕ခ်ိတ္ဆြဲထားသည့္ နံရံျပင္ႀကီးဘက္ကိုသာ မ်က္ႏွာမူလ်က္ထိုင္လိုက္သည္။
ဤသည္က ထိုဆိုင္လာတိုင္း မိႈင္းျပဳေနက် အေလ့အထပင္။

ထို႔ေနာက္ ယူေဆာင္လာေသာ စာအုပ္ခတ္ထူထူကို လွပ္လိုက္သည့္အခါ ေခါက္ခ်ိဳးျပဳထားေသာ ဖတ္လက္စေနရာသို႔တန္းေရာက္သည္။
ေခါက္ခ်ိဳးရာေလးကို အသာလွန္ကာ ပို၍ေသသက္ေအာင္ ဖိျပားလိုက္ၿပီးမွ ပထမဆံုးေသာစာလံုးကိုဖတ္ရန္အာ႐ုံစိုက္သည္။

"ရပါၿပီ..."

စားပြဲထက္ေရာက္႐ွိလာေသာ လင္ဗန္းငယ္ႏွင့္အတူ မွာထားသည့္အစားအေသာက္တခ်ိဳ႕။
မိႈင္း ဂ႐ုမထားပဲ စာကိုသာအာရံုစိုက္ဖက္ေနလိုက္သည့္အခါ ထိုစားပြဲထိုးဟာ ထူးဆန္းလြန္းစြာ ထြက္ခြာမသြားေပ။

"မိႈင္း ထိုင္မယ္ေနာ္"

ထိုအခါ အထူးတဆန္းေမာ့ၾကည့္မိရာမွ စားစရာလာခ်ေပးေသာ သူမွာ ဆိုင္၏စားပြဲထိုးမဟုတ္ပဲ ကမာၻ႕စိတ္ပ်က္ဖြယ္အေကာင္းဆံုးလူသားျဖစ္ေနမွန္းသိလိုက္ရသည္။

မိႈင္း၏ မ်က္ခံုးတန္းေတြက်ံဳ႕ခနဲ။
ျပန္မေျပာပဲ စာအုပ္ဆီသာ အၾကည့္ျပန္ပို႔သည့္အခါ သေကာင့္သားက ခြင့္ျပဳခ်က္ရသည္ဟု ထင္သြားပံုရသည္။

မ်က္ႏွာခ်င္းဆိုင္ခံုေလးတြင္ ေကာက္ခနဲ ထိုင္ခ်ကာ...

"မိႈင္း ေကာ္ဖီေသာက္လိုက္ဦးေလ...ေအးသြားလိမ့္မယ္"

ပထမဆံုးစတင္ေသာ စကားေနာက္ဝယ္ မ်ားစြာေသာအခြန္းေရမ်ားပါဝင္လာလိမ့္မည္ကို မိႈင္းႀကိဳျမင္ေနမိသေယာင္။

"ဒီမွာအျမဲလာထိုင္တတ္တာသိတယ္...အဲ့တာေၾကာင့္ ဒီခံုေလးမွာ လူမ႐ွိေအာင္လုပ္ေပးထားတာ"

ေျပာသမ်ွကို ၾကားဟန္ေတာင္မေပၚတဲ့ မိႈင္းက အခ်ီႀကီးေခ်ကာစာအုပ္ထံမွမ်က္ႏွာမခြာ။

ေႏွာင္ေသြး ႏႈတ္ခမ္းကိုအစြမ္းကုန္မဲ့ပစ္လိုက္သည္။
သူႀကိဳးစားရႀကိဳးနက္ေအာင္ေတာ့ တစ္ခ်က္ေလာက္ေလး ေမာ့ၾကည့္သင့္တယ္မလား။

လြန္ခဲ့ေသာ တစ္နာရီခန္႔က။

"အစ္ကို ဘာမွာမလဲ...."

"Lotte တစ္ခြက္နဲ႔ cheese cake တစ္လံုး....အစ္ကို မယူဘူးတျခားတစ္ေယာက္လာမွာလိမ့္မယ္....သူ႔အတြက္ဖယ္ထားေပး"

သူ႔အေျပာေၾကာင့္ ဝန္ထမ္းမေလက မွန္ဘီထဲသို႔အၾကည့္တစ္ခ်က္ေဝ့သည္။

"အာ အေတာ္ပဲ Cheese cake က တစ္လံုးပဲက်န္ေတာ့တာ...ဖယ္ထားေပးမယ္ေနာ္ အစ္ကို"

"ဟုတ္ ေက်းဇူး"

Mask တပ္ထားေသာ္ျငား မ်က္ဝန္းနက္ေတြပါျပံဳးသြားခဲ့သည္မွာအထင္အ႐ွားပင္။

ထို႔ေနာက္ ဆိုင္၏ေထာင့္ဆံုးခံုငယ္ေလးတြင္ အက်အနထိုင္ရင္း ဟိုၾကည့္လိုက္ ဒီၾကည့္လိုက္ ဖုန္းသံုးလိုက္ႏွင့္ပင္ ေလးဆယ့္ငါးမိနစ္ခန္႔ေလာက္တြင္ ဆိုင္တံခါးအထက္႐ွိ ျခဴသံေလး တခြၽင္ခြၽင္နဲ႔အတူေမ်ွာ္လင့္ရာသူေရာက္႐ွိလာသည့္အခါမွ ထိုေနကဖယ္လိုက္သည္။

ထိုသို႔ေသာ အမႈကိုျပဳမိျခင္းဟာ သံုးႀကိမ္ခန္႔႐ွိေလခဲ့ၿပီျဖစ္သည္။
ဆိုင္လာတိုင္း Lotte တစ္ခြက္နဲ႔ Cheese cake မွာေလ့႐ွိသည့္ မိႈင္း အက်င့္ကိုသတိထားမိခဲ့ရာ Cheese cake ကုန္လ်ွင္ ေကာ္ဖီေလးတစ္ခြက္ထည္းနဲ႔ထိုင္ေနတတ္တဲ့ မိႈင္းေၾကာင့္ ထိုသို႔ေစာေစာႀကိဳေရာက္ႏွင့္ကာ မွာေပးထားေစျခင္းဟာ လက္႐ွိႏွင့္ဆို သံုးျကိမ္ေျမာက္ပင္။

သို႔ေပမဲ့ တစ္ေခါက္တြင္ေတာ့ ညမိုးခ်ဳပ္သြားသည္အထိ မိႈင္း
ေရာက္မလာခဲ့တာမို႔ မွာထားသည္ကိုကိုယ့္ဘာသာစားရင္းအိမ္ျပန္ခဲ့ရသည္လည္း႐ွိသည္။

သို႔ေသာ္ ထိုအစီအစဥ္ဟာ မိႈင္းမရိပ္မိခင္အခါကမို႔ ယခုေတာ့ကိုယ္တိုင္လူလံုးျပကာ အေရာဝင္ျခင္းနည္းလမ္းကိုသံုးေလ
ၿပီျဖစ္သည္။
သို႔ေသာ္ျငား ထိုအဆင့္ဟာ အေတာ္ေလးခက္ခဲေသာအေနအထားတြင္႐ွိသည္။
မိႈင္း ဆီက အာရံုစိုက္ျခင္းခံရဖို႔ ထိုေကာ္ဖီဆိုင္တြင္ ေႏွာင္ေသြးထ,ကလိုက္မွသာရမည္ထင္သည္။
ဘာေျပာေျပာ အၾကည့္ေလးေတာင္ေပးေဖာ္မရသည့္ မိႈင္းကို စကားေျပာရသည္မွာ အေတာ္ေလးလက္ဝင္လွ၏။

"ဘာစာအုပ္မလို႔အဲ့ေလာက္ေတာင္စိတ္ဝင္စားေနရတာလဲ"

ခတ္တိုးတိုးေရရြတ္ရင္း စားပြဲထက္က cheese cake ပတ္ပတ္လည္က ပလတ္စတစ္အဖံုးေလးကိုဖယ္ခြာေပးမိသည္။
မ်က္လံုးအသာေဆြၾကည့္သည့္ မိႈင္း မ်က္ဝန္းညိဳေတြေၾကာင့္ျပံဳးမိသည္။
ဒီေလာက္စိတ္ဝင္စားမႈေလးေပးတာနဲ႔တင္ ေနေပ်ာ္တယ္။

အသင့္ျဖစ္သြားတဲ့ ကိတ္ပန္းကန္ေလးကိုေ႐ွ႕အသာထိုးေပး
ေတာ့ တည္တင္းေနတဲ့မ်က္ႏွာထားနဲ႔အတူ ဇြန္းငယ္ေလးကိုေကာက္ယူရင္း ကိတ္ဖ်ားေလးကိုထိုးခ်လိုက္သည္မွစလို႔ ကိတ္ပဲ့ေလးကိုေထြးငံုလိုက္တဲ့ ႏႈတ္ဖ်ားထူထူေတြ။

Cream နဲ႔ေရာကပ္ထားတဲ့ Cheese အႏွစ္ေလးထင္က်န္ရစ္တဲ့အေပၚႏႈတ္ခမ္းဖ်ားဆီတို႔ထိလာသည့္ လ်ွာဖ်ားရဲရဲ။

အျဖဴေရာင္ေကာ္ဖီခြက္ကိုင္းေလးကို ထိကိုင္လိုက္သည့္ လက္ေခ်ာင္း႐ွည္ႀကီးေတြ။
ႏႈတ္ခမ္းဆီတိုးကပ္သြားတဲ့ ေကာ္ဖီခြက္အစြန္းေလးနဲ႔အတူ ငံုေထြးလိုက္ေသာ ေကာ္ဖီရည္တို႔လည္ေခ်ာင္တစ္ေလ်ွာက္စီးဆင္းသြားသည့္တိုင္။

အထက္ေအာက္ လႈပ္ခတ္သြားေသာ လည္စလုတ္ထိတိုင္ လႈပ္႐ွာမႈတိုင္းကို မလတ္ေငးေမာမိတဲ့အခါ ေႏွာင္ေသြး ေနရာမွတင္႐ူးသြားေတာ့မလို။

"မင္းမွာအလုပ္မ႐ွိဘူးလား?"

"ဟမ္....?"

႐ုတ္တရက္ဆန္ေသာ အေမးကိုေပးသည့္ မိႈင္းကစာအုပ္ထံတြင္ပဲအၾကည့္ကပ္ထားတာမို႔ ေႏွာင္ေသြး၏ အိေျႏၵမဲ့လြန္းေသာေငးငမ္းေနမႈကိုသတိထားမိဟန္မေပၚ။

"အာ.....မ႐ွိဘူးပဲဆိုပါေတာ့...ဘာလို႔လဲ?"

"မင္းမွာလုပ္စရာအလုပ္မ႐ွိဘူးဆိုရင္ေတာင္ အခုလိုလုပ္ေနတာရပ္တန္းကရပ္သင့္ၿပီ...အားတိုင္းသူမ်ားကိုလိုက္ေႏွာက္ယွက္ေနတာ ဥပေဒနဲ႔မညီၫြတ္ဘူးေနာ္"

အၾကည့္ေလးတစ္ခ်က္ေလာက္ေပးလာရင္ေတာင္ ေႏွာင္ေသြးတစ္ေယာက္ မိႈင္းေျပာသမ်ွကို ေခါင္းညိမ့္နာခံလိုက္မိမွာ။
အခုဟာက ေခ်လြန္းေနတယ္ မလား။

"အဲ့ေတာ့ ငါ့ကိုရဲတိုင္မလို႔လား?"

ထိုအခါမွ မ်က္ခြံေတြလွန္ကာ ၾကည့္လာပံုက ေအးခဲသြားေလာက္သည္။
ဘာမဟုတ္တဲ့ အၾကည့္ေလးတစ္ခ်က္ေပမဲ့ ေႏွာင္ေသြးလူတစ္ကိုယ္လံုးတာင္ ေတာင့္ခဲသြားေစႏိုင္သည့္ ေအးစက္စက္အၾကည့္စူးစူးေနာက္။
ေအးခဲေသာ အသံေနအသံထားတစ္ခြန္းခ်င္းျဖင့္ တံု႔ျပန္မႈေပးသည္။

"ထြက္ သြား"

ဆက္ရန္

သွ်င္လင္းအိမ္

***********

ကြွေရောင်ခြယ်အိမ်မက်

အပိုင်း ၂

နာမည်က မှိုင်းအဂ္ဂမောင်။
ဇေကမ္ဘာ ကုမ္ပဏီရဲ့အထူးဝန်ထမ်း။
အတိအကျဆိုရလျှင် ဇေကမ္ဘာ လုပ်ငန်းစု ကိုယ်စားလှယ်ရဲ့တစ်ဦးတည်းသော ကိုယ်ရံတော်တစ်ဖြစ်လည်း အတွင်းရေးမှူး။
ဇေကမ္ဘာ လုပ်ငန်းစုပိုင်ရှင် ကမ္ဘာသစ်၏အရေးအပေးခံရဆုံးသောဝန်ထမ်းဆိုလျှင်လည်း မမှားပေ။

တည်တံံ့တ့ံမျက်နှာထားနှင့် ခန့်ညားချောမောခြင်းတွေ အလျှံအပယ်ပိုင်ဆိုင်ထားသည့် သူက မာနလေးမဆိုသလောက်ကြီးသည်။
၂၆ နှစ်ဆိုသည့် အရွယ်နှင့်မလိုက်ဖက်စွာ မလုပ်တတ်တာမရှိသလိုသူနေသည့်ကွန်ဒိုတစ်ခုလုံးလည်း ဆုတံဆိပ်တွေနှင့်ပေ။
သို့သော် သူ၏အားနည်းချက်သည်ကား လူမှုဆက်ဆံရေးမဆိုစလောက်မက ည့ံနေခြင်း။

ခတ်တင်းတင်း မျက်နှာဘေးနှင့် လူမထင်ဟန်သူ့အထာကြောင့်ကြည့်မရသူများသော်ငြား ထိုအချိုးတို့ကိုသီးခံနိုင်လွန်းသူ တစ်ယောက်တော့ရှိခဲ့သည်။
သူကား ကမ္ဘာသစ်။

******************

"နည်းနည်းလောက်ပဲ ကူညီပေးပါ အမရယ်...."

နေ့သစ်၏မျက်နှာထက်ဝယ် တောင်းဆိုခြင်း အသနားခံခြင်း စိတ်ရှုပ်ခြင်း အလိုမကျခြင်း စသောခံစားမှုပေါင်းစုံရောထွေးလျက်ရှိသည်။

"တကယ်ကူညီဖို့အဆင်မပြေလို့ပါ မောင်လေးရယ်....ကုမ္ပဏီဝန်ထမ်းတွေရဲ့ privacy တွေကိုပြောပြခွင့်မရှိလို့ပါ"

ကောင်တာမှခတ်ချီချီမျက်နှာဘေးနှင့် ဝန်းထမ်းမိန်းကလေး၏ငြင်းပယ်မှုကြောင့် နေ့သစ် တစ်ရာ့ရှစ်ကြိမ်မြောက်သော သက်ပြင်းကိုချမိပြန်သည်။

"ဟူး....."

ဖုန်းထုတ်ကာ ကျေးဇူးကြီးမားတော်မူသော ကျေးဇူးရှင်ကိုထံဆက်သွယ်ရတော့သည်။

"ဟေ့ကောင် မင်းမိန်းမတွေက...အဲ  reception
ကဝန်ထမ်းတွေက ဘယ်လိုမှမေးမရဘူးဟ.....ပြောလို့မရလို့ချည်းပဲ လုပ်နေတယ်"

ကုမ္ပဏီ၏ အထွက်တံခါးဝနားတွင်ရှိနေသော နေ့သစ်ကြောင့် ဝန်ထမ်းမိန်းကလေးများကြားမည်မဟုတ်ပေ။

"ဘာ....?ဟာ...ဟိတ်ကောင်"

ပြောချင်ရာပြောပြီးတာနဲ့ တစ်ဖက်ကအဖြေကိုမစောင့်ပဲ ဆပ်ပြာသည်လင်ပျောက် ဖုန်းချသွားတတ်တာ နှောင်သွေးအကျင့်။
အခုလည်း သူကိုယ်တိုင်လာမည်ဆိုသည်ကြောင့် နေ့သစ်တစ်ယောက် စိတ်လက်ပျက်စွာနှင့်သာ ကုမ္ပဏီရှေ့တွင်ရပ်စောင့်နေရတော့သည်။
လေးဆယ့်ငါးမိနစ်ခန့်စောင့်ဆိုင်းပြီချိန်ဝယ် စက်ဘီးတစ်စီးနှင့်လွင့်လွင့် လွင့်လွင့်ရောက်ချလာသော နှောင်သွေးဟာ တက်ကြွသည့်ကြက်ဖဖြစ်လျက်။

စုံစမ်းနေသော ကောင်လေးက ဒီကုမ္ပဏီကဝန်ထမ်းဟု သိရသောရက်မှစ၍ မျက်နှာပိုးမသေသော နှောင်သွေး၏မျက်နှာကို နေ့သစ်မြင်ရသည်မှာနေ့တစ်ပိုင်းပင်။
အကြောင်းကား ထိုသတင်းကိုမနက်ကမှ ရလိုက်သောကြောင့်။

"ဟိတ်ကောင် အခြေနေမဟန်ဘူးလား...မင်းကလည်း လုပ်လိုက်ရင်အဖြစ်ကိုမရှိဘူး"

စွတ်ထားသော mask သာမရှိခဲ့လျှင်နှောင်သွေး၏နှုတ်ခမ်းကြီးမည်မျှထော်နေမည်ကို နေ့သစ်မြင်ရပေလိမ့်မည်

"ငါ....!!"

ဒေါသတကြီးလက်သီးနှင့်ရွယ်လိုက်တော့မှ ခတ်ကုတ်ကုတ်လုပ်ရင်းရယ်လေတော့ပြန်သည့် နှောင်သွေးရဲ့ပြောင်စပ်စပ်အကျင့်ဟာ သေလျှင်တောင်အပါယူသွားမည့်ပုံ။

"လာပါ လာပါ...မပြောတော့ပါဘူး"

နေ့သစ်ပုခုံးထက်သိုင်းဖတ်လာရင်း နှစ်ယောက်သာ ကုမ္ပဏီ၏ reception သို့တဖန်သွားကြပြန်သည်။
ကောင်တာကိုလက်ထောက်လိုက်ရင်း နှုတ်ဆက်လေတဲ့
နှောင်သွေး အထှာဟာခတ်ပေါ့ပေါ့။
နေ့သစ်ကတော့ ခတ်စောင်းစောင်းသာ ရပ်နေရင်း ရမှာမဟုတ်ပဲနဲ့ဆိုသည့်မျက်နှာပေးနှင့်သာဆွေကြည့်နေလိုက်တော့သည်။

"မမတို့....ကျနော့်ကို သိတယ်မလား....?

နှောင်သွေးရှင်ပါ"

မျက်နှာတစ်ဝက်လောက်အုပ်မိုးထားတဲ့ mask ခဲရောင်ကို မေးအောက်ထိဆွဲချလိုက်ရင်းဆိုတဲ့ နှောင်သွေးဟာ ခတ်ထေ့ထေ့အပြုံးနှင့်အတူ တဖြတ်ဖြတ်လတ်နေသည့်မျက်ဝန်းနက်တွေဖြင့်.....

"ဟယ်.....အသွေးလေး....."

ရုတ်ချည်း ပြောင်းလဲသွားသော ကောင်တာမှ မိန်းကလေးများကိုနေ့သစ်တအ့ံတသြလှည့်ကြည့်ရင်း....။

"မမတို့ကို ကြည့်ရသလောက် အရမ်းကိုသဘောကောင်းမဲ့ပုံပဲ....ကျွန်တော့်ကိုတစ်ခုလောက် ကူညီပေးမယ်မလား?"


***************

နှောင်သွေးရှင် ဆိုသည်မှာ တယ်လည်းတက်နိုင်တဲ့ကောင်ပါပေ။
ကောင်တာက မိန်းကလေးနှစ်ယောက်၏ဖွန်ကြောင်သော အကူအညီဖြင့် သူသိလိုသမျှအလုံးစုံကို သိခွင့်ရခဲ့ပြီး နောက်နှစ်ရက်အကြာတွင် သူ၏မစ်ရှင်ကိုစတင်သည်။

မှိုင်း နေသည့် ကွန်ဒိုထိအရောက်သွားကာ မှိုင်း၏တစ်နေ့တာမှန်သမျှကို အလွန်ကျက်မှတ်သည်။
မနက်ခင်း မှိုင်း ပန်းခြံထဲတွင် အပြေးလေ့ကျင့်ခန်းလုပ်လျှင်လည်း ခတ်လှမ်းလှမ်းကနေ စက်ဘီးနှင့်လိုက်သည်။
အကြောင်းကား နှောင်သွေးမပြေးနိုင်ပေ။

မှိုင်း Gym class သွားလျှင်လည်း ဟိုဟိုဒီဒီဝေ့လည်ကြောင်ပတ်လုပ်ရင်း ခတ်လှမ်းလှမ်းတွင်ရှိသည်။
မှိုင်း အလုပ်သွားသည့် အခါမျိုးတွင်လည်း နောက်ကနေထပ်ကြပ်မကွာလိုက်ရင်း အလုပ်ဆင်းချိန်ထိစောင့်ကြည့်သည်။

တစ်ခါတစ်ရံ မှိုင်း boxing ကစားသည့် ညမျိုးတွင်လည်း boxing class ကနေ ကွန်ဒိုထိရောက်အောင်လိုက်ပြန်သလို ညဈေးတန်းတွင် မုန့်ထွက်စားသည့်အခါတိုင်းလည်း မှိုင်းစားသည့်ဆိုင်တွင်ရှိနေတတ်သည်။

မှိုင်း တချို့သော ညနေစောင်းလေးတွေမှာ ကော်ဖီဆိုင်ထိုင်ရင်းစာဖတ်လေ့ရှိတဲ့အခါလည်း မလှမ်းမကမ်းခုံမှာအမြဲထိုင်ရင်း တွယ်ကပ်နေတတ်ပြန်သည်။

နှစ်ပတ်ခန့်သော ကာလတစ်ခုမှာ မှိုင်း၏နေ့စဉ်လုပ်ငန်းကိုင်ငန်းများကို အတိအကျမဟုတ်လျှင်တောင် အပြည့်အဝနီးပါးနှောင်သွေးအလွတ်ရခဲ့ပြီ။

နှောင်သွေးလိုဆယ်လီတစ်ယောက်အဖြစ်ကနေ ရုတ်ချည်း stalkerဘဝသို့ရောက်မှန်းမသိရောက်ရသည့်အခါ နေ့သစ် စိတ်မကောင်းစွာခေါင်းသာအသာခါမိတော့ရုံမှတစ်ပါး.....။


******************


ဆိုင်တန်းများရှိ မီးလုံးငယ် မီးချောင်ငယ်တို့မှအလင်းရောင်တို့
ခတ်မှိန်မှိန်တချို့ပြန့်နှံ့လျက်ရှိသည့် ညနေဈေးတန်းတောက်လျှောက်။
တတောက်တောက်လျှောက်လှမ်းရင်း စားနေကျဆိုင်ဆီဦးတည်နေသော ကျွန်တော့်ခြေလှမ်းတို့ကို ပြောင်းလဲလိုက်သည်။
အနောက်ဘက်ဆီသို့ ခတ်စောင်းစောင်းလှည့်သည့်ဆိုရုံမျှကြည့်လိုက်၍အပြီး ဘေးရှိလမ်းကြားချိုးသို့လှစ်ခနဲချိုးဝင်လိုက်သည့်အခါ အနောက်ပါးမှ တစ်ကောက်ကောက်လိုက်နေသော အရိပ်ဟာကြောင်နန။

Mask တပ်ကာ ဦးထုတ်အဖြူပါစောင်းထားသည့်ကြားမှပင်
ဟိုဒီပြူးပြဲရှာဖွေနေသော မျက်လုံးတောက်တောက်တွေကို မပီမသလှမ်းမြင်နေရသည်။
ကျွန်တော် ရုတ်တရက်ပျောက်သွားသည်ကြောင့် ကြောင်အ,သွားပုံရသော ထိုအရိပ်ဟာ အရပ်လေးမျက်နှာနှံ့အောင်တတောက်တောက်ကြည့်ရင်း ရှေ့သို့ဆက်ရှောက်လာသည်။

ညအမှောင်ရဲ့ လူအုပ်ကြားထဲ ထိုလူကောင်သေးသေးကို သေချာစွာမြင်ရသည်ကား ရင်းနှီးနေသည်ကြောင့်ပင်။

တဖြည်းဖြည်းနီးကပ်လာသည့် လူကောင်ငယ်ဟာ ကျီးကန်းတောင်းမှောက်သော မျက်ဝန်းတွေနှင့်ကျွန်တော့်အားထပ်မံရှာဖွေနေသေးပုံရကာ လမ်းကြားထိပ်သို့အရောက်....။

"အ..အမေ့!!"

လက်ထဲ လွင့်ခနဲပါလာသည့် လူကောင်ပေါက်စဟာ နံရံနှင့်ကျွန်တော့်ကိုယ်ကြား အလျင်မြန်ဆုံးသောအခိုက်အတန့်တွင်ပဲရောက်ရှိလာသည်။
ပေါ့လိုက်တဲ့ ကိုယ်ဆိုတာလည်း လက်ကလေးကိုဆောင့်ဆွဲလိုက်ရုံနဲ့လွင့်ပါလာတာမျိုး။
အလန့်တကြား မျက်ဝန်းတွေပြူးကျယ်နေသည့် သူထံမှဘာစကား၊ဘာသံမှ မကြားရပဲ မျက်လုံးပြူးနဲ့သာမော့ကြည့်နေသည်။

နံရံကိုလက်တစ်ဖက်က ထောက်ရင်းစိုက်ကြည့်လိုက်သည့်အခါပြူးနေသည့် သူ့မျက်စံနက်တွေဟာ ကျွန်တော့်ကိုကြည့်ရင်းပဲ ခဲကုန်သလားမသိပေ။

"မင်းကဘာကောင်လဲ....ငါအနောက်ကိုလိုက်နေတာ တော်ရုံပဲကောင်းတယ်....မင်းဘာမင်း ဘာလို့ပဲလိုက်နေလိုက်နေ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ.."

ပြူးကြည့်နေဆဲ သူ့ကိုစိတ်တိုင်းမကျလှတာမို့ မျက်နှာထက်က Mask အဖြူကိုဆွဲချလိုက်တော့ ပါးစပ်ကပါဟောင်းလောင်းဖြစ်နေသေးသည်။

"မင်းကို သတိပေးတာနောက်ဆုံးပဲ"

အသက်မရှိတော့သလို ပြူး၍သာကြည့်နေတဲ့ ထိုကြောင်ကြောင်တောင်တောင်လူပုကို စူးခနဲတစ်ချက်ကြည့်ရင်း လှည့်ထွက်လာလိုက်သည်။

နှစ်ပတ်ဆိုတာတောင် လွန်နေပြီမို့ တော်ရုံပဲကောင်းတယ်။


**********************

နှစ်ပတ်ဆိုသည့် အနေအထားတစ်ခုမှာ သူ့ပုံရိပ်အသွင်ပြင်မှန်သမျှကို အလွတ်နီးပါးမှတ်ယူထားသော်လည်း အနီးကပ်တွေ့လိုက်ရသည့်အခါ ရူးမတတ်အသိစိတ်လွတ်ခဲ့သည့်အကြောင်း ပြန်ပြောရလျှင်အရှက်သိက္ခာမဲ့ရာရောက်မည်။

လူသူလေးပါး ပြည့်နှက်ကျပ်တည်းနေသည့် ညဈေးတန်းမှာ တစ်စုံတစ်ယောက်ကို ရှာဖွေငေးမောဖို့ရာကတော့ လွယ်လှသည့်အလုပ်မဟုတ်။

ဟိုဟိုဒီဒီ အရေးကြီးသုတ်ပြာရှာဖွေတုံး ရုတ်တရက်ဆန်စွာဆွဲခေါ်လာသည့် လူဟာ သူဖြစ်နေခဲ့လိမ့်မယ်မှန်း မတွေးဖူးတာအမှန်ပဲ။

လေတိုးလုရုံမျှအနေအထားထိ တိုးကပ်ကာ လူတစ်ကိုယ်လုံးကိုအုပ်မိုးလာသည့် သူဟာ တကယ်ကိုရဲတင်းလွန်းတာထက် ပိုတယ်လား။
ကိုယ့်နှလုံးခုန်သံနှင့်ကိုယ် နားအူနေရသည့်အခိုက်အတန့်မှာ သူဘာတွေပြောသွားလည်း တစ်လုံးမှမကြားလိုက်သလို မျက်နှာပေါ်က mask ကိုပါ သူ့စိတ်ရှိတိုင်ဆွဲဖယ်သွားပြန်တဲ့သူက ကဝေတစ်ကောင်နှင့်တူသည်။

မှေးကျဉ်းတောက်ပတဲ့ မျက်ဝန်းညိုတွေကိုက တစ်ထေရာတည်းတစ်ထပ်တည်း။
နေ့သစ်ပြောတဲ့ မိုးပေါ်အပ် နဲ့ မြေကြီးကအပ်ကို ထိပ်ချင်းတေ့နိုင်သူဟာ လောကဝယ်ကျွန်တော်တစ်ယောက်ထည်းပင်။
အိမ်မက်ထဲက အနှစ်နှစ်အလလ တမ်းတခဲ့ရသည့် ချစ်သူကို အမှန်ပင် ရှာတွေ့ခဲ့လေပြီမလား။

အိမ်မက်ထဲက ကောင်လေးရေ....

မင်းရင်ခွင်ထဲကို ငါကအပြေးရောက်လာပေးမှာမို့

ထွက်မပြေးနဲ့ လွတ်မှာမဟုတ်ဘူး...

*****************

ကိုယ့်ကို သူသိသွားပြီမို့ ၊ပြောရရင် ကိုယ်လိုက်နေတာကို သူမိသွားပြီမို့ ဒီနေ့ကစလို့ ခိုးကြောင်ခိုးဝှက်လိုက်ဖို့ရာ မလိုတော့ပဲ သူ့နောက်ကိုပေါ်တင်လိုက်ဖို့ဆုံးဖြတ်ထားတယ်။

သူပြေးနေကျ ပန်းခြံအဝမှာ ရပ်စောင့်ရင်း သူ့အရိပ်ပေါ်လာတာနဲ့ထပ်ကြပ်မကွာအောင် အပြေးလေးနဲ့။
အနက်ရောင် အားကစားဝမ်းဆက်အပြည့်အစုံနဲ့ လှမ်းထွက်လာတဲ့ သူဟာမနက်အစောကြီးထပြီးစောင့်ရကြိုးသိပ်နက်အောင်ကို ချောမောနေတာပါပဲ။

"မှိုင်း..."

ခတ်တင်းတင်း မျက်နှာထားနဲ့ ဆွေဆွေကြည့်တတ်တဲ့ သူ့ကို
ချဉ်းကပ်ရခြင်းဟာ နည်းနည်းတော့ကြက်သီးထဖို့ကောင်းတယ်။
တစ်ချက်သာ လှည့်ကြည့်လာတဲ့ သူက ရှေ့ကိုပဲပြန်အာရုံစိုက်သွားပြန်တယ်။

"မင်းနဲ့ စကားခဏပြောချင်လို့...."

"မှိုင်းရေ...."

"ငါမနက်အစောကြီးထဲက ဒီမှာလာစောင့်နေတာ...."

တစ်ပြလောက် ခတ်အိအိပြေးနေရပြီးနောက်မှာပဲ စကားလုံးတွေမလှတော့အောင် မောတယ်။

သူဘယ်ထိပြေးဦးမှာလဲ....။

"ငါ့နာမည် နှောင်သွေးရှင် လို့ခေါ်တယ်....မင်းသိရင်လည်း သိမှာပေါ့....ငါ့ကို မသိတဲ့လူက နည်းနည်းရှားတယ်"

ကျွန်တော်ဟာ ဝိဉာဉ်၊ သူ့အရိပ်များလား ၊သရဲ လားထင်ရလောက်အောင် ကျွန်တော့ကိုသူ အဖတ်လုပ်မလာပါလေ။

"မှိုင်း မင်း ငါ့ကိုနည်းနည်းလောက် ပြန်ပြောရင်ကောင်းမှာပဲ"

ထိုအခါ ရပ်သွားတဲ့လသူ့ခြေလှမ်းများ။
ကျွန်တော်လည်း သူ့နည်းတူ ရပ်လိုက်ရင်း ဟောဟဲဟိုက်စွာ အမောဖြေနေရသည်။

"ဘာကိစ္စငါ့နောက်ကို လိုက်နေတာလဲ....မင်းကို မလိုက်ဖို့ သတိပေးခဲ့တယ်လေ"

လှည့်ပြောလာတဲ့ အသံသြသြကြီးနဲ့အတူ မျက်မှောင်တွေတွန့်ချိုးနေလိုက်တာများ။

"အဟင်း....သတိပေးခဲ့တယ်လား....?"

မသိလိုက်တာတော့ အမှန်ပဲ။

"ငါ့ကို တကယ်ပဲမသိဘူးလား?"

"ဘာလဲ သိမှဖြစ်မှာလား...?"

ရုပ်ချောသလောက် စကားပြောလက်ပေါက်ကပ်တာတော့ မကောင်းပါချေ။
အဲ့လောက်လဲ ဒေါသဖြစ်ဖို့မလိုပဲနဲ့...။

"အာ....မသိလည်း အဆင်ပြေပါတယ်....အခုသိသွားပြီပဲမလား..အဲ အဲ.....!!"

ရုတ်ချည်း အကြည့်လွှဲကာ ဆက်ပြေးသွားသည့် သူ့ကြောင့် အလန့်တကြားအော်မိရင်း လိုက်ရပြန်၏။


"မင်းကလည်း မပြောမဆိုနဲ့....ဖြည်းဖြည်းပေးပါလား ငါမောလိုက်တာ....ဟူး..."

သူခြေလှမ်းတွေက ပြောသလောင် မြန်မနေပေမဲ့ ရှည်လျားလွန်းတဲ့ခြေတန်ကြီးတွေက တစ်လှမ်းလှမ်းအတော်ကျယ်လှတာမျိုး။

"မင်းဆက်လိုက်မလာနဲ့ တော်ရုံတန်ရုံပဲကောင်းတယ်"

"ငါက မင်းနဲ့ခင်ချင်လို့ပါ...."

သူ့ခြေလှမ်းကြဲကြီးတွေကို အမှီလိုက်ရခြင်းဟာ လွယ်သည်မဟုတ်။
လူလည်းအတော်ဟောဟဲဆိုက်နေရပြီ။

"ရူးနေလား အလကားသက်သက်"

"မှိုင်းကလည်း...."

"ငါက မင်းနဲ့မခင်ချင်ဘူး....တခြားလူသွားရှာ"

ခတ္တရပ်ဆိုင်းရင်း ကျွန်တော့်မျက်နှာကိုစေ့စေ့ကြည့်ပြောလာသည်မို့လူက မှိုက်ခနဲ။
ပြန်ပြေးပြန်သူ့နောက် ဆက်လိုက်ဖို့တောင်မေ့ချင်တင်တင်။

"ဟာ....မှိုင်း ငါက မင်းနဲ့ပဲခင်ချင်....."

ထိုအခါ သူ့ခြေလှမ်းတွေရပ်သွားသည်။
ကျွန်တော့ မျက်ဝန်းတွေထဲစေ့စေ့ကြည့်လာရင်း....။
အသက်ရှူပင် ရပ်သွားသလား ထင်ရအောင် ကျွန်တော့မှာငေးခနဲ။

နီညိုရောင်သွေးသွေး ပိရိသေသပ်တဲ့နှုတ်ခမ်းတစ်စုံက စတင်
လှုပ်ရှားသည်။

"ငါနဲ့ဝေးဝေးနေ"

ထို့နောက် တရိပ်ရိပ်ဝေးသွားတဲ့ ကျောပြင်ကိုငေးရင်း ခြေစုံရပ်လျက်သာ ကျန်ခဲ့ရစ်ခဲ့ရုံ။

နှစ်လိုအားရစွာ လှိုက်ခနဲပြုံးလိုက်မိသည်။
လက်လျော့လိုက်ခြင်းထင်သလား....။
ဘဝမှာ လက်လျော့ခြင်းဆိုသည်က ဘာလဲ ဟုမေးရလောက်အောင် ကျွန်တော်ဟာ ဇွဲကောင်းလွန်းသည့် လူသားပါပေ။

မောလွန်းလို့ ဆက်လိုက်နိုင်တော့မဟုတ်သည်ကြောင့် အိတ်ထောင်ထဲက ဖုန်းကိုထုတ်ရင်း....

"ဟူး.....နေ့သစ်....ငါ့ကိုလာခေါ်ဦး....နံ့သာမြိုင်ပန်းခြံမှာ"


*******************

"Lotte တစ်ခွက်နဲ့ cheese cake တစ်လုံး"

"ဟုတ်ကဲ့ အစ်ကို ခဏလေးစောင့်ပေးပါနော်"

ကောင်တာဆီမှ မိန်းကလေး၏ဖော်ဖော်ရွေရွေအပြောကိုပင်မစောင့်တော့ပဲ လှည့်ထွက်လာသည့် မှိုင်းက ထိုင်နေကျ ထောင့်ကျကျစားပွဲဝိုင်းလေးမှာနေရာယူလိုက်သည်။
အမြဲလူရှင်းကာ တိတ်ဆိတ်နေတတ်သည့် ထိုကော်ဖီဆိုင်တွင်ထိုင်ကာ စာဖတ်ရခြင်းကို မှိုင်းနှစ်မြို့သည်။

နို့နှစ်ရောင်ခုံငယ်လေးကို အသာဆွဲယူရင်း ပတ်ဝန်းကျင်တစ်ခုလုံးကိုကျောပေးလို့ ပန်းချီကားတချို့ချိတ်ဆွဲထားသည့် နံရံပြင်ကြီးဘက်ကိုသာ မျက်နှာမူလျက်ထိုင်လိုက်သည်။
ဤသည်က ထိုဆိုင်လာတိုင်း မှိုင်းပြုနေကျ အလေ့အထပင်။

ထို့နောက် ယူဆောင်လာသော စာအုပ်ခတ်ထူထူကို လှပ်လိုက်သည့်အခါ ခေါက်ချိုးပြုထားသော ဖတ်လက်စနေရာသို့တန်းရောက်သည်။
ခေါက်ချိုးရာလေးကို အသာလှန်ကာ ပို၍သေသက်အောင် ဖိပြားလိုက်ပြီးမှ ပထမဆုံးသောစာလုံးကိုဖတ်ရန်အာရုံစိုက်သည်။

"ရပါပြီ..."

စားပွဲထက်ရောက်ရှိလာသော လင်ဗန်းငယ်နှင့်အတူ မှာထားသည့်အစားအသောက်တချို့။
မှိုင်း ဂရုမထားပဲ စာကိုသာအာရုံစိုက်ဖက်နေလိုက်သည့်အခါ ထိုစားပွဲထိုးဟာ ထူးဆန်းလွန်းစွာ ထွက်ခွာမသွားပေ။

"မှိုင်း ထိုင်မယ်နော်"

ထိုအခါ အထူးတဆန်းမော့ကြည့်မိရာမှ စားစရာလာချပေးသော သူမှာ ဆိုင်၏စားပွဲထိုးမဟုတ်ပဲ ကမ္ဘာ့စိတ်ပျက်ဖွယ်အကောင်းဆုံးလူသားဖြစ်နေမှန်းသိလိုက်ရသည်။

မှိုင်း၏ မျက်ခုံးတန်းတွေကျုံ့ခနဲ။
ပြန်မပြောပဲ စာအုပ်ဆီသာ အကြည့်ပြန်ပို့သည့်အခါ သကောင့်သားက ခွင့်ပြုချက်ရသည်ဟု ထင်သွားပုံရသည်။

မျက်နှာချင်းဆိုင်ခုံလေးတွင် ကောက်ခနဲ ထိုင်ချကာ...

"မှိုင်း ကော်ဖီသောက်လိုက်ဦးလေ...အေးသွားလိမ့်မယ်"

ပထမဆုံးစတင်သော စကားနောက်ဝယ် များစွာသောအခွန်းရေများပါဝင်လာလိမ့်မည်ကို မှိုင်းကြိုမြင်နေမိသယောင်။

"ဒီမှာအမြဲလာထိုင်တတ်တာသိတယ်...အဲ့တာကြောင့် ဒီခုံလေးမှာ လူမရှိအောင်လုပ်ပေးထားတာ"

ပြောသမျှကို ကြားဟန်တောင်မပေါ်တဲ့ မှိုင်းက အချီကြီးချေကာစာအုပ်ထံမှမျက်နှာမခွာ။

နှောင်သွေး နှုတ်ခမ်းကိုအစွမ်းကုန်မဲ့ပစ်လိုက်သည်။
သူကြိုးစားရကြိုးနက်အောင်တော့ တစ်ချက်လောက်လေး မော့ကြည့်သင့်တယ်မလား။

လွန်ခဲ့သော တစ်နာရီခန့်က။

"အစ်ကို ဘာမှာမလဲ...."

"Lotte တစ်ခွက်နဲ့ cheese cake တစ်လုံး....အစ်ကို မယူဘူးတခြားတစ်ယောက်လာမှာလိမ့်မယ်....သူ့အတွက်ဖယ်ထားပေး"

သူ့အပြောကြောင့် ဝန်ထမ်းမလေက မှန်ဘီထဲသို့အကြည့်တစ်ချက်ဝေ့သည်။

"အာ အတော်ပဲ Cheese cake က တစ်လုံးပဲကျန်တော့တာ...ဖယ်ထားပေးမယ်နော် အစ်ကို"

"ဟုတ် ကျေးဇူး"

Mask တပ်ထားသော်ငြား မျက်ဝန်းနက်တွေပါပြုံးသွားခဲ့သည်မှာအထင်အရှားပင်။

ထို့နောက် ဆိုင်၏ထောင့်ဆုံးခုံငယ်လေးတွင် အကျအနထိုင်ရင်း ဟိုကြည့်လိုက် ဒီကြည့်လိုက် ဖုန်းသုံးလိုက်နှင့်ပင် လေးဆယ့်ငါးမိနစ်ခန့်လောက်တွင် ဆိုင်တံခါးအထက်ရှိ ခြူသံလေး တချွင်ချွင်နဲ့အတူမျှော်လင့်ရာသူရောက်ရှိလာသည့်အခါမှ ထိုနေကဖယ်လိုက်သည်။

ထိုသို့သော အမှုကိုပြုမိခြင်းဟာ သုံးကြိမ်ခန့်ရှိလေခဲ့ပြီဖြစ်သည်။
ဆိုင်လာတိုင်း Lotte တစ်ခွက်နဲ့ Cheese cake မှာလေ့ရှိသည့် မှိုင်း အကျင့်ကိုသတိထားမိခဲ့ရာ Cheese cake ကုန်လျှင် ကော်ဖီလေးတစ်ခွက်ထည်းနဲ့ထိုင်နေတတ်တဲ့ မှိုင်းကြောင့် ထိုသို့စောစောကြိုရောက်နှင့်ကာ မှာပေးထားစေခြင်းဟာ လက်ရှိနှင့်ဆို သုံးကြိမ်မြောက်ပင်။

သို့ပေမဲ့ တစ်ခေါက်တွင်တော့ ညမိုးချုပ်သွားသည်အထိ မှိုင်း
ရောက်မလာခဲ့တာမို့ မှာထားသည်ကိုကိုယ့်ဘာသာစားရင်းအိမ်ပြန်ခဲ့ရသည်လည်းရှိသည်။

သို့သော် ထိုအစီအစဉ်ဟာ မှိုင်းမရိပ်မိခင်အခါကမို့ ယခုတော့ကိုယ်တိုင်လူလုံးပြကာ အရောဝင်ခြင်းနည်းလမ်းကိုသုံးလေ
ပြီဖြစ်သည်။
သို့သော်ငြား ထိုအဆင့်ဟာ အတော်လေးခက်ခဲသောအနေအထားတွင်ရှိသည်။
မှိုင်း ဆီက အာရုံစိုက်ခြင်းခံရဖို့ ထိုကော်ဖီဆိုင်တွင် နှောင်သွေးထ,ကလိုက်မှသာရမည်ထင်သည်။
ဘာပြောပြော အကြည့်လေးတောင်ပေးဖော်မရသည့် မှိုင်းကို စကားပြောရသည်မှာ အတော်လေးလက်ဝင်လှ၏။

"ဘာစာအုပ်မလို့အဲ့လောက်တောင်စိတ်ဝင်စားနေရတာလဲ"

ခတ်တိုးတိုးရေရွတ်ရင်း စားပွဲထက်က cheese cake ပတ်ပတ်လည်က ပလတ်စတစ်အဖုံးလေးကိုဖယ်ခွာပေးမိသည်။
မျက်လုံးအသာဆွေကြည့်သည့် မှိုင်း မျက်ဝန်းညိုတွေကြောင့်ပြုံးမိသည်။
ဒီလောက်စိတ်ဝင်စားမှုလေးပေးတာနဲ့တင် နေပျော်တယ်။

အသင့်ဖြစ်သွားတဲ့ ကိတ်ပန်းကန်လေးကိုရှေ့အသာထိုးပေး
တော့ တည်တင်းနေတဲ့မျက်နှာထားနဲ့အတူ ဇွန်းငယ်လေးကိုကောက်ယူရင်း ကိတ်ဖျားလေးကိုထိုးချလိုက်သည်မှစလို့ ကိတ်ပဲ့လေးကိုထွေးငုံလိုက်တဲ့ နှုတ်ဖျားထူထူတွေ။

Cream နဲ့ရောကပ်ထားတဲ့ Cheese အနှစ်လေးထင်ကျန်ရစ်တဲ့အပေါ်နှုတ်ခမ်းဖျားဆီတို့ထိလာသည့် လျှာဖျားရဲရဲ။

အဖြူရောင်ကော်ဖီခွက်ကိုင်းလေးကို ထိကိုင်လိုက်သည့် လက်ချောင်းရှည်ကြီးတွေ။
နှုတ်ခမ်းဆီတိုးကပ်သွားတဲ့ ကော်ဖီခွက်အစွန်းလေးနဲ့အတူ ငုံထွေးလိုက်သော ကော်ဖီရည်တို့လည်ချောင်တစ်လျှောက်စီးဆင်းသွားသည့်တိုင်။

အထက်အောက် လှုပ်ခတ်သွားသော လည်စလုတ်ထိတိုင် လှုပ်ရှာမှုတိုင်းကို မလတ်ငေးမောမိတဲ့အခါ နှောင်သွေး နေရာမှတင်ရူးသွားတော့မလို။

"မင်းမှာအလုပ်မရှိဘူးလား?"

"ဟမ်....?"

ရုတ်တရက်ဆန်သော အမေးကိုပေးသည့် မှိုင်းကစာအုပ်ထံတွင်ပဲအကြည့်ကပ်ထားတာမို့ နှောင်သွေး၏ အိနြေ္ဒမဲ့လွန်းသောငေးငမ်းနေမှုကိုသတိထားမိဟန်မပေါ်။

"အာ.....မရှိဘူးပဲဆိုပါတော့...ဘာလို့လဲ?"

"မင်းမှာလုပ်စရာအလုပ်မရှိဘူးဆိုရင်တောင် အခုလိုလုပ်နေတာရပ်တန်းကရပ်သင့်ပြီ...အားတိုင်းသူများကိုလိုက်နှောက်ယှက်နေတာ ဥပဒေနဲ့မညီညွတ်ဘူးနော်"

အကြည့်လေးတစ်ချက်လောက်ပေးလာရင်တောင် နှောင်သွေးတစ်ယောက် မှိုင်းပြောသမျှကို ခေါင်းညိမ့်နာခံလိုက်မိမှာ။
အခုဟာက ချေလွန်းနေတယ် မလား။

"အဲ့တော့ ငါ့ကိုရဲတိုင်မလို့လား?"

ထိုအခါမှ မျက်ခွံတွေလှန်ကာ ကြည့်လာပုံက အေးခဲသွားလောက်သည်။
ဘာမဟုတ်တဲ့ အကြည့်လေးတစ်ချက်ပေမဲ့ နှောင်သွေးလူတစ်ကိုယ်လုံးတာင် တောင့်ခဲသွားစေနိုင်သည့် အေးစက်စက်အကြည့်စူးစူးနောက်။
အေးခဲသော အသံနေအသံထားတစ်ခွန်းချင်းဖြင့် တုံ့ပြန်မှုပေးသည်။

"ထွက် သွား"

ဆက်ရန်

သျှင်လင်းအိမ်





© Shin Lin Eain ,
книга «ေႂကြေရာင္ျခယ္အိမ္မက္(အလကၤာ႐ႈံးတဲ့ ခ်စ္ျခင္းအသၤေခ် Season 2)».
သူ႔ထံပါး
Коментарі