ေႂကြေရာင္ျခယ္အိမ္မက္
အခ်စ္ေပ်ာက္႐ွာေဖြျခင္း
ပထမေျခလွမ္း
သူ႔ထံပါး
သူ႔ထံပါး
ေႂကြေရာင္ျခယ္အိမ္မက္

အပိုင္း ၃

*မိႈင္း မင္းဘာလုပ္ေနလဲ*

ဖုန္း message box ထဲ ဖုန္းရံုးက message မွလြဲလို႔
မဝင္လာဘူးတာမို႔ အထူးအဆန္းျဖစ္ရင္း ဖုန္းနံပါတ္အစိမ္းကိုၾကည့္မိေတာ့ စိတ္ပ်က္ဖြယ္ရာပင္။

"က်စ္...ဖုန္းနံပါတ္က ဘယ္လိုသိသြားျပန္တာလဲ?"

စိတ္တိုင္းမက်စြာ ေရရြတ္လိုက္ၿပီး ဖုန္းကိုကုတင္ထက္ျပန္ပစ္တင္လို႔ ဝတ္ထားဆဲ႐ွပ္လက္႐ွည္၏ၾကယ္သီးတို႕ကိုျဖဳတ္လိုပ္သည္။
ရာသီဥတုက ပူလြန္းတာေၾကာင့္ ေရတစ္ခါထပ္ခ်ိဳးဖို႔လိုျပန္တာမို႔။


ေရခ်ိဳးလို႔အၿပီး ေရခ်ိဳးခန္းကအထြက္ ေခါင္းသုတ္တံုး
ကုတင္ထပ္က ဖုန္းဟာတဒီးဒီးျမည္ျပန္သည္။
ဥကၠဌအထင္နဲ႔ခတ္ျမန္ျမန္ကိုင္လိုက္မိေပမဲ့ တစ္ဖက္က ခတ္က်ယ္က်ယ္အသံေၾကာင့္ လူကတင္းခနဲ...။

"ဟလို"

"မိႈင္း...ဘာလို႔စာမျပန္တာလဲ ငါကေစာင့္ေနတာကို"

အံတင္းတင္းႀကိတ္ရင္း ေဒါသတို႔ကိုခတ္သြက္သြက္ၿမိဳခ်လိုက္ရသည္။

"ထပ္မဆက္နဲ႔"

တစ္ဖက္ေကာင္ ဘယ္လိုျဖစ္သြားမလဲ သိစရာမလို။
Call End ကို ဖိခ်လိုက္ၿပီး ဖုန္းကိုကုတင္ထက္ခတ္ၾကမ္းၾကမ္းပစ္တင္လိုက္သည္။

တကယ္ကို စိတ္႐ုပ္စရာပဲ

*************

"အ....ဟလို...မိႈင္း ခဏ...မိႈင္း!!."

ထပ္အဆက္နဲ႔ဆိုေသာ ေလသံမာမာေနာက္ဝယ္ ကိုယ္ပင္ဘာမွမဆိုလိုက္ရပါပဲ ျပတ္ေတာက္သြားေသာေလလိႈင္း။

"က်စ္...နည္းနည္းေလးေတာင္ နားမေထာင္ေပးပဲ"

အက်င့္အတိုင္း တြတ္တြတ္ တြတ္တြတ္ေျပာမိရင္း ဖုန္းမ်က္ႏွာျပင္က အဝါေျခာက္ေရာင္ေကာင္ေလးကိုသာ မေက်မနပ္ၾကည့္လိုက္မိသည္။

"ေတာ္ေတာ္မွ အဆင္ေျပရဲ႕လား?"

အဆင္မေျပတိုင္းဒီစကား ေမးတတ္တဲ့ ေန႔သစ္ကဆုခ်ဖို႔ေတာင္ေတာင္းတယ္။
ကုတင္ေဘးစားပြဲဆီက ငနာေကာင္ကို ေဆြခနဲတစ္ခ်က္ၾကည့္လိုက္ရင္း....

"မင္းအလုပ္မင္းလုပ္စမ္းပါ"

ထိုအခါမွ ႏႈတ္ခမ္းတစ္ေတာင္ေလာင္ဆူကာ မ်က္မွန္ၾကားကေန ေဆြၾကည့္သြားၿပီးသူ႔လက္ေတာ့ပ္ကို တေတာက္ေတာက္ႏွိပ္ေလေတာ့သည္။

*******************

ကြန္ဒိုေျမညီထပ္မွာ စက္ဘီးကိုရပ္ တစ္နာရီေလာက္ႀကိဳေရာက္ေနႏွင့္အၿပီးမွာ ခဲျပာေရာင္အားကစားဝမ္းဆက္အျပည့္အစံုနဲ႔ သူ႔ကိုျမင္လိုက္ရခ်င္း ငိုက္ခ်င္စိတ္ေတြေျပေလ်ာ့သြားရ
သည္။
သူ႔အနားကပ္လ်က္ကေန စက္ဘီးခတ္ျဖည္းျဖည္းနင္းလို႔ တတိယအႀကိမ္ေျမာက္ ခ်ဥ္းကပ္ရျပန္သည္။

"မိႈင္း...."

ဒီတစ္ခါေတာ့ အရင္တစ္ေခါက္ကလို ေဆြ၍ပင္ၾကည့္မလာေတာ့။

"မိႈင္းေရ...."

"ငါမနက္အေစႀကီးထဲက ကြန္ဒိုေ႐ွ႕မွာလာေစာင့္ေနတာ...."

"ျဖည္းျဖည္း ေျပးပါ....စက္ဘီးနဲ႔လိုက္ရတာေတာင္ ေမာတယ္..."

"အဲ့တာဆို မလိုက္နဲ႔"

ဘုေထာစကားေပမဲ့ ကိုယ့္ကိုဝိဉာဥ္လို႔သက္မွတ္မထား၍ ျပံဳးမိသည္။

"လိုက္မွာပဲ"

ထိုသို႔ နားမေထာင္စြာ ကန္႔လန္႔တိုက္ေတာ့ ေဆြေစာင္းၾကည့္လာတဲ့အၾကည့္က ေနရာမွာတင္ေသေလာက္ေအာင္ မီးဟုန္းဟုန္းေတာက္ေနသေယာင္။

ေခြးနဲ႔သရဲကလြဲလို႔ ဘာကိုမွမေၾကာက္တတ္တဲ့ ကြၽန္ေတာ္ေႏွာင္ေသြး႐ွင္ကေတာ့ ျပံဳးျပံဳးႀကီးသာၾကည့္ရင္း ေျခအစံုကိုအားထည့္ရျပန္သည္။

"မိႈင္း မင္းမနက္တိုင္း ေျပးရတာ မပင္ပန္းဘူးလား...ငါေတာင္စက္ဘီးနဲ႔ေပမဲ့ ေျခေထာက္ေတြက်ိဳးေတာ့မယ္ထင္တယ္"

"နည္းနည္းဆက္နင္းလိုက္ဦး...က်ိဳးသြားရင္ မင္းငါ့ေနာက္မလိုက္ႏိုင္ေတာ့ဘူးမလား...."

ေျပာရက္ေသာပါပဲ။

"အဲ့လိုႀကီး ေမတၱာမပို႔ပါနဲ႔ "

မရပ္မနားေျပးရင္း ကြၽန္ေတာ့္ကိုတစ္ခါတစ္ရံတံု႔ျပန္စကားေျပာတာေတာင္ ေမာပံုမေပါက္တဲ့ သူကဘယ္ေလာက္ေတာင္ သက္လံုေကာင္းၿပီးဆြဲေဆာင္မႈ႐ွိလိုက္သလဲ။

နဖူးစပ္က ေခြၽးစက္ေလးေတြကအစ ျပည့္စံုေနလိုက္တာ။
ေျခတစ္လွမ္းတိုင္း ေခြၽးစြတ္စြတ္ဆံစညိဳေတြ တအိအိလႈပ္ခတ္သြားျပန္ပံုက ပန္းခ်ီတစ္ခ်ပ္လိုပဲ။


"ဟိတ္....ဟိတ္.....!!"

မိႈင္း၏အလန္႔တၾကား ေရရြတ္သံေနာက္

"အ.....အေမေရ....!!"

အငမ္းလြန္ အလြန္ငမ္းမိျခင္းရဲ႕ ေနာက္ဆက္တြဲျပႆနာအရ
ေ႐ွ႕ကမိန္းကေလးကို မျမင္မိလိုက္ပဲ ဝင္တိုက္မိတဲ့အထိ။

"ေဆာ...ေဆာရီးပါဗ်ာ မေတာ္လို႔"

"မထူပဲနဲ႔...."

ေဘးကရပ္ရင္း ဂ်ိဳၾကည့္ၾကည့္တဲ့ မိႈင္းကညဴတူတူႀကီးေျပာျပန္တယ္။

"အာ...ဟုတ္သား...မမ ရရဲ႕လား ေဆာရီးပါေနာ္"

ျပံဳးခ်ိဳခ်ိဳ မူပိုင္းအျပံဳးကိုထုတ္သံုးလိုက္သည့္အခါ မ်က္ေစာင္းႀကီးခဲၿပီးလွန္ၾကည့္လာတဲ့ မိန္းကေလးက ခ်က္ခ်င္းမ်က္ႏွာထားေျပာင္းသြားသည္။

"အေသြး....ေႏွာင္ေသြး မို႔လား"

"အြန္း မမက မွတ္မိသားပဲ...."

"မမွတ္မိစရာလား ဒီကမာၻမွာ မမရဲ႕အေသြးေလးက တစ္ေယာက္ထည္း႐ွိတာ....."

ခ်က္ခ်င္းျပံဳးေပ်ာ္သြားတဲ့ သူမက ကြၽန္ေတာ္ထူေပးသည္ကိုတြဲကာထရင္းေျပာေလသည္။

"အဟက္...မမ အဆင္ေျပရဲ႕လား အရမ္းနာသြားလား?"

အမွန္တကယ္အားနာတာမို႔ စိုးရိမ္မႈေတြနဲ႔ ကြၽန္ေတာ့္ေၾကာင့္ သူမမ်က္ႏွာဟာပဲ့က်မတတ္ျပံဳးလို႔...။

"ရပါတယ္ အေသြးရဲ႕....နည္းနည္းပဲ တိုက္မိတာကို
အေသြးကမနက္အေစာႀကီး စက္ဘီးပတ္စီးေနတာလား"

"ဟုတ္တယ္...အသိတစ္ေယာက္....ဟမ္....?သူဘယ္ေရာက္သြားတာလဲ"

သူမကို တြဲထူကာ စိုးရိမ္ေပးေနတာနဲ႔ပင္ သူအရိပ္ကေပ်ာက္ခ်င္းမလွေပ်ာက္သြားသည္။
လဲေနသည့္ ကိ္ုယ့္စက္ဘီးကို အျမန္ေကာက္ေထာင္လိုက္ၿပီး...

"မမ ကြၽန္ေတာ္သြားဦးမယ္ အေရးႀကီးေနလို႔"

စက္ဘီးေပၚအေျပးတက္ကာ ခတ္သြက္သြက္နင္းလ်က္ ဟိုးအေဝးက ေက်ာျပင္က်ယ္ဆီအေျပးလိုက္ရေတာ့သည္။

*******************

လက္ဆြဲခ်ိဳင့္ေလး တရမ္းရမ္းနဲ႔ေဆးရံုဝကိုလွမ္းဝင္လာသည့္ ေႏွာင္ေသြး အသြင္ဟာအေတာ္ေလးေပါ့ေပါ့ပါး။
Mask ေလး၏ အကူအညီနဲ႔လူသူ႐ႈပ္႐ွက္ခတ္ျခင္းကို ကာကြယ္ရင္းအထူးခန္းတစ္ခန္းဆီသို႔ဦးတည္လိုက္သည္။

*ျဖန္း...*

"ဟိတ္ေကာင္....အိပ္ေနတာလား?"

ခတ္ေစာင္းေစာင္း အိပ္ေနေသာ ေန႔သစ္၏ဖင္ေပၚက်ေရာက္သည့္လက္ဖဝါးနဲ႔တကြေသာ အသံက်ယ္က်ယ္ေၾကာင့္ အိပ္ေနရင္ေတာင္မႏိုးပဲေနႏိုင္မတဲ့လား။

ေန႔သစ္ ေနမေကာင္းသည့္အျပင္ မဆဲေရးခ်င္တာမို႔ မီးေတာက္မ်က္ဝန္းနဲ႔သာေစာင္းၾကည့္လိုက္ရင္း....

"ဒီအရြယ္ပဲ ေရာက္ေနၿပီ အိပ္ေနတယ္ထင္ရင္ လူလိုႏိႈးရမွန္းေတာ့သိသင့္တာ"

ေန႔သစ္တစ္ေယာက္ စိတ္မေကာင္းသလို ဟန္ေဆာင္ရင္း
ေဒါသကိုေလ်ာ့ကာ ဖဲ့လိုက္သည့္အခါ စားပြဲထက္ခ်ိဳင့္ကို ေဆာင့္ခ်သံကညံခနဲ။

"ငနာေကာင္ ငါ့အသက္မထိခိုက္နဲ႔....ငါအမဲစြပ္ျပဳတ္ေတြသြန္ပစ္လိုက္ရ"

"အိုေနရင္ အိုေနတယ္ေပါ့"

ေန႔သစ္ကလည္း ျပန္လည္ကာပတ္ခနဲ။

"ႏွစ္ဆယ့္ေျခာက္ႏွစ္က အိုတာလား....က်ပ္မျပည့္မွန္းသိပ္သိသာတာပဲ...."

အသက္ ႏွစ္ႏွစ္ေက်ာ္ကြာေသာ္ျငား ေႏွာင္ေသြးတစ္ေယာက္ ေန႔သစ္နဲ႔အထက္တန္းေရာ တကၠာသိုလ္မွာပါတစ္တန္းျဖစ္တဲ့ အေၾကာင္းအရင္းဟာ ဆယ္တန္းကိုသံုးခါေျဖရသည့္အျဖစ္သႏွစ္ေၾကာင့္ပင္။
ဉာဏ္ေကာင္းေပမဲ့ စာက်က္ရျခင္းကို သူသိပ္မုန္းသည္။

ထို႔ေၾကာင့္လည္း ေန႔သစ္က ထိုအကြက္ႏွင့္
သူ႔အားအျမဲစေနာက္တတ္ျခင္း။

"ငါ့ကို ေကြၽးဖို႔ယူလာတာမဟုတ္ဘူးလား....စားမယ္ေလ"

"ဟြန္႔...ေဆးရံုတက္ရလို႔ပဲ"

အစားအေသာက္ႏွင့္ပါးစပ္အျမဲမျပတ္ေသာ ေန႔သစ္ တစ္ေယာက္ အူအတတ္ေပါက္တာေၾကာင့္ ေဆးရံုတက္ရသည့္အခါ သူခ်စ္ေသာအစားအေသာက္မ်ားႏွင့္ ခဏတာမ်ွေဝးေနရေလသည္။

"ဟာ....လုပ္လာျပန္ၿပီ"

ခ်ိဳင့္ကိုဖြင့္လိုက္သည္ႏွင့္ ခိ်ဳင့္ႏႈတ္ခမ္းနံရံတစ္ေလ်ွာက္လံုးပြစိတတ္ေနေသာ စြတ္ျပဳတ္ရည္မ်ားက အျပင္ထိပင္စီးက်လာရသည္ေၾကာင့္ ေန႔သစ္ မဲ့ရြဲ႕ကာေအာ္ရျပန္သည္။
တစ္လမ္းလံုး ဆပ္ျပာလင္ေပ်ာက္သလို ခ်ိဳင့္ကိုခါရမ္းယူလာသည့္ေႏွာင္ေသြးမွာေတာ့ မိမိအျပစ္ႏွင့္မိမိ သြားျဖဲရေလ၏။

"အီလိုက္တာ....သြားေရစာေလး တစ္ခုခုစားရရင္ေကာင္းမယ္"

စြပ္ျပဳတ္ေသာက္ေနတုန္းေတာင္ အစားအေသာက္တမ္းတသည့္ ေန႔သစ္အား ဖုန္းသံုးေနရာမွ ေဆြၾကည့္သည့္ ေႏွာင္ေသြး။

"ေနမေကာင္းတဲ့လူကို ၾကည့္တဲ့အၾကည့္ကလည္း....ငါ့ကိုက် ေစတနာမ႐ွိမွန္းသိပ္သိသာတာပဲ"

တမင္မၾကားၾကားေအာင္ ပြတ္တြတ္တြတ္ေျပာတဲ့ ေန႔သစ္ေၾကာင့္ေႏွာင္ေသြးဆတ္ခနဲထရပ္လိုက္သည္။

"ဝယ္ေပးရင္ ၿပီးေရာမလား အဲ့တာကုန္ေအာင္ေသာက္ႏွင့္"

ေက်ာပိုးအိတ္ေပါက္စေလးလြယ္ရင္း ေန႔သစ္ အဖို႔မုန္႔ဝယ္ရန္ ေဆးရံုအတြင္းမွထြက္ခါနီး မထင္မွတ္စြာျမင္လိုက္ရေသာ သူေၾကာင့္ဦးတည္ရာကို ေႏွာင္ေသြးေမ့သြားသည္။

"မိႈင္း...."

ေႏွာင္ေသြး ေခၚသံမွာမွာ မိႈင္းအပါအဝင္ တစ္ဖက္ကသူပါလွည့္ၾကည့္လာသည္။
အထူးအဆန္းမ႐ွိတဲ့ မ်က္ဝန္းေသေတြနဲ႔မိႈင္းက ခတ္ေအးတစ္ခ်က္သာၾကည့္၏။

"တိုက္တိုက္ဆိုင္ဆိုင္ေတြ႔တတ္တယ္....ဘာလာလုပ္တာလဲ?"

မိႈင္းက မ်က္ႏွာလႊဲေနေသာ္ျငား တစ္ဖက္ကသူကေတာ့
ခတ္ျပံဳးျပံဳးသာၾကည့္လ်က္။

"အသိလား မိႈင္း...ႏႈတ္မဆက္ဘူးလား?"

"မသိပါဘူး....သြားရေအာင္"

မိႈင္းက ပစ္ပစ္ခါခါပင္ ျငင္းဆန္လ်က္ တစ္ဖက္ကလူႏွင့္အတူယွဥ္ကာ ေႏွာင္ေသြး အားထားရစ္ခဲ့ေလေတာ့သည္။

*ဘာလား...ခ်စ္သူမ်ားလား....?*

အေတြးညစ္ညစ္ကို ေမာင္းထုတ္ရန္ ေခါင္းကိုခါရမ္းရင္းက်န္ရစ္သည္။
လုပ္လက္စကို ေမ့ကာ ေဆးရံုခန္းကိုျပန္သြားမိတာေၾကာင့္ ေန႔သစ္၏ေမတၱာပို႔ခံရျခင္းအတူ ေနာက္တစ္ဖန္ျပန္ထြက္ကာ မုန္႔ ဝယ္ေပးရေတာ့၏။


***********************

ေပေတကာ ေတာက္တဲ့လိုကပ္သူကကပ္ မ်က္ေထာက္နီႀကီးနဲ႔ ႏွင္လႊတ္သူကလႊတ္ရင္းပဲ နံနံက္ခင္း တေတာက္ေတာက္လိုက္ျခင္းႏွင့္reply မ႐ွိေသာ message ပို႔ျခင္းတို႔ဝယ္ ေျခာက္ရက္ေလာက္႐ွည္ျကာေအာင္ ေပ်ာ္ေမြ႔ေနခဲ့သည္။

ယေန႔ေတာ့ တတိယေျမာက္ မစ္႐ွစ္စတင္ရန္ ေနွာင္ေသြးဆံုးျဖတ္လိုက္သည္။

"မိႈင္း..."

"ဟာ....မင္း....!!"

ကုမၸဏီ၏ရံုးခန္းဆီကို ဦးတည္သြားသည့္ မိႈင္းတစ္ေယာက္
ခတ္တိုးတိုးေလသံ႐ွည္႐ွည္ေၾကာင့္ အနည္းအက်ဥ္းေတာ့ လန္႔မိသြားတာအမွန္။
ေထာင့္ခ်ိဳးၾကားခတ္ကုတ္ကုတ္ရပ္ေနရင္းက စပ္ျဖဲျဖဲမ်က္ႏွာႏွင့္ထြက္လာသည့္ ေႏွာင္ေသြးကို မိႈင္းအ့ံျသလို႔ပင္
မဆံုး။

"မင္း....ငါဒီမွာ အလုပ္လုပ္တာ ဘယ္လိုလုပ္သိျပန္တာလဲ?"

"ဟိုဟိုဒီဒီေပါ့ "

ေဒါသလည္းထြက္ အ့ံ့လည္းျသ စိတ္႐ႈပ္႐ႈပ္နဲ႔မႈန္ကုတ္ကုတ္ေမးလိုက္ေတာ့ ဖ႐ိုဖရဲမ်က္ႏွာေပးနဲ႔အေျဖ
ေပးလာပံုက အူယားဖြယ္ရာ။
ေခါင္းတရမ္းရမ္းလုပ္ရင္း စိတ္ပ်က္လက္ပ်က္ၾကည့္ကာ အနားကေနထြက္လာလိုက္ေတာ့ ထင္သည့္အတိုင္း တေတာက္ေကာက္ကပ္လိုက္လာျပန္သည္။

ဓာတ္ေလွကားထဲဝင္ျပန္ေတာ့လည္း အေၾကာင္းအရင္းမ႐ွိပဲ လိုက္ဝင္လာသည့္ ေႏွာင္ေသြးကို မိႈင္းအေတာ္ေလးမ်က္စိေနာက္ေနရသည္။

"ဘာလိုက္လုပ္မွာလဲ....ဒီေနရာ မင္းနဲ႔ဆိုင္လို႔လား...?"

မ်က္ေမွာင္ႀကီးကုတ္ကာ ဇိုးဇိုးဇက္ဇက္ေျပာလိုက္ေသာ္လည္း
ေႏွာင္ေသြး မမႈပါေလ။

"မဆိုင္ေပမယ့္ လိုက္မွာပဲ"

"ဟူး.....မင္းက စကားနားလည္ဘူးပဲ"

"နားမလည္တာမဟုတ္ပါဘူး နားမေတာင္တတ္အက်င့္ေလး႐ွိေနေတာ့ အဟဲ"

မိႈင္း စိတ္လက္ပ်က္စြာ သက္ျပင္းကိုခ်ရင္း ဓာတ္ေလွကားမွခလုတ္တခ်ိဳ႕ကိုႏွိပ္လိုက္ေတာ့သည္။
ေျပာလည္း ေမာရံုပဲ ႐ွိမည္ကို မိႈင္း တျဖည္းျဖည္းသေဘာေပါက္လာ၏။

"ငါ့ကိုခင္ခြင့္ဘယ္ေတာ့ေပးမွာလဲ....ဟမ္...
ဘယ္လိုလဲ စဥ္းစားၿပီးျပီလား"

ႏွစ္ဦးတည္း႐ွိသည့္ ဓာတ္ေလွကားအတြင္း မ်က္ႏွာကိုတေမာ့ေမာ့
ၾကည့္ၾကည့္လုပ္ေနသည့္ ေဘးကလူပုကို မိႈင္းေစာင္းကာ စူးစိုက္
ၾကည့္လိုက္ရင္း....

"မလိုဘူး ငါမင္းကိုတစ္ခါတည္း အေျဖေပးလိုက္ၿပီးသား"

"အဲ့အေျဖက ေကာင္းမွမေကာင္းတဲ့ဟာကို"

ဆူတူတူဟန္ပန္နဲ႔ လက္မခံေလေသာ ေႏွာင္ေသြး ဟာ လက္ဖ်ားခါေလာက္ေအာင္ စိတ္႐ႈပ္ဖို႔ေကာင္းသည့္ သတၱဝါဟု မိႈင္းေကာက္ခ်က္ခ်၏။

"အဲ့ေတာ့ ငါက မင္းႀကိဳက္တဲ့အေျဖမ်ိဳးေပးရဦးမွာလား"

"အဲ့လိုဆို အဆင္ေျပသြားမွာကို"

မ်က္ဝန္းေတြမွိတ္ေအာင္ ဘာ့ေၾကာင့္ျပံဳးျပံဳးျပမွန္းမသိတဲ့ ထိုလူပုကို မိႈင္း ဘုၾကည့္ၾကည့္ၾကည့္ရင္းသာ မ်က္ႏွာလႊဲသည္။

"ငါ့နားမွာ ေျခမ႐ႈပ္စမ္းနဲ႔ "

"ငါက ခင္ခ်င္တာကို မင္းလက္ခံလိုက္ရင္ရသားနဲ႔...အဲ အဲ!!"

ဓာတ္ေလွကားပြင့္သြားတာမို႔ ထိုလူသားကိုလ်စ္လ်ဴ႐ႈရင္း မိႈင္းထြက္လာခဲ့သည္။
သို႔ေသာ္ ေနာက္ကေနပါလာျမဲ။

"မိႈင္း မင္းကလည္း လက္ေပါက္ကပ္လိုက္တာကြာ....အဲ့ေလာက္မေခ်လည္း ငါအဆင္ေျပပါတယ္...."

မၾကားသလို ဟန္ေဆာင္ျပန္တဲ့ မိႈင္းက ေ႐ွး႐ႈရာကိုပဲတစိုက္မတ္မတ္သြားသလို တတြတ္တတြတ္ျမည္တဲ့ သာလိကာမ်ိဳး ေႏွာင္ေသြးသည္လည္း ေျခလွမ္းခ်င္းမကြာျခားေစရ။

"မိႈင္း...."

မဆီမဆိုင္ ကေလးပူဆာသလို ကပ္ခြၽဲခ်င္တဲ့ေလသံမ်ိဳးနဲ႔ ေႏွာင္ေသြးက မိႈင္းကိုဘာထင္ေနတယ္မသိ။
႐ုတ္တရက္ ရပ္ပစ္လိုက္တဲ့ ေျခလွမ္းေတြနဲ႔အတူ မိႈင္းကေစာင္းၾကည့္လာသည္။

"ရံုးခန္းထဲထိလိုက္လာဦးမယ္ဆိုရင္ ငါရဲတိုင္ပစ္လိုက္မွာ"

ေႏွာင္ေသြး အခုမွသာအခန္းတစ္ခု၏ေ႐ွ႕သို႔ေရာက္ေနမွန္းသတိထားမိသည္။
ထိုအခန္းတံခါးလက္ကိုင္ကို လွမ္းကိုင္လိုက္တဲ့ မိႈင္းက ေႏွာင္ေသြးကိုထားရစ္ကာ သြားေတာ့မည္အသြင္မို႔....

"အာ....ငါက ငါလိုခ်င္တဲ့အေျဖမရမခ်င္း ဆက္လိုက္ေနဦးမွာဆိုေတာ့ ရဲတိုင္ခ်င္လည္း ရပါတယ္"

မိႈင္း အေတာ္ေလး ဆြံံ႕အသည္။
ဒီေလာက္ ဇြဲနပဲေကာင္းလြန္းတဲ့ စိတ္ပ်က္ဖြယ္ရာ ေတာက္တဲ့လူသားမ်ိဳးအမွန္တကယ္႐ွိပါလား ဟူေသာ အေတြးႏွင့္အတူ ဒီေကာင့္မွာ တျခားအလုပ္မ႐ွိဘူးလား ဆိုေသာ အေတြးလည္းဝင္ျပန္၏။

"ဘယ္လိုလဲ ငါလိုက္လာခဲ့ရမွာလား?"

"ခင္ခြင့္ေပးရင္ ၿပီးေရာမလား...သြား ျပန္ေတာ့"

႐ုတ္ခ်ည္း အေရာင္လင္းလတ္လာတဲ့ ေႏွာင္ေသြးမ်က္
ဝန္းေမွးေလးေတြက တကယ္ကို ၾကည္လင္ေနေလရဲ႕။
သြားစြယ္ေလးေပၚေအာင္ျပံဳးတဲ့အခါ ပါးခ်ိဳင့္ေလးပါစြက္တာမို႔ မိႈင္းခဏေတာ့ ေသခ်ာၾကည့္လိုက္မိျပန္တယ္။

"တကယ္ႀကီး ခင္ခြင့္ေပးၿပီေပါ့..."

"မျပန္ဘူးဆိုရင္ ငါျပန္ယုတ္သိမ္းပစ္မွာ"

မိႈင္း မ်က္လံုးေတြက တကယ္ကိုစိတ္ပ်က္ေနေၾကာင္း အခြန္းတစ္သိန္းေလာက္ဆိုေနေလရဲ႕။

"အာ...သြားပါ့မယ္ သြားပါ့မယ္ မင္းကလည္း စိတ္ခ်ည္းပဲ...အယ္..."

တံခါးကို ဇိုးဇိုးဇက္ဇက္ဖြင့္ကာဝင္သြားလိုက္သည္ကာ လ်င္ျမန္လြန္းတာမို႔ ေဒါက္ ခနဲပိတ္သြားသည့္ တံခါးခ်ပ္ေၾကာင့္ ေႏွာင္းေသြးဆန္႔တငင္ငင္က်န္ရစ္ရင္း...။

"မေကာင္းတ့ဲေကာင္"



ဆက္ရန္

သွ်င္လင္းအိမ္


***************

ကြွေရောင်ခြယ်အိမ်မက်

အပိုင်း ၃

*မှိုင်း မင်းဘာလုပ်နေလဲ*

ဖုန်း message box ထဲ ဖုန်းရုံးက message မှလွဲလို့
မဝင်လာဘူးတာမို့ အထူးအဆန်းဖြစ်ရင်း ဖုန်းနံပါတ်အစိမ်းကိုကြည့်မိတော့ စိတ်ပျက်ဖွယ်ရာပင်။

"ကျစ်...ဖုန်းနံပါတ်က ဘယ်လိုသိသွားပြန်တာလဲ?"

စိတ်တိုင်းမကျစွာ ရေရွတ်လိုက်ပြီး ဖုန်းကိုကုတင်ထက်ပြန်ပစ်တင်လို့ ဝတ်ထားဆဲရှပ်လက်ရှည်၏ကြယ်သီးတို့ကိုဖြုတ်လိုပ်သည်။
ရာသီဥတုက ပူလွန်းတာကြောင့် ရေတစ်ခါထပ်ချိုးဖို့လိုပြန်တာမို့။


ရေချိုးလို့အပြီး ရေချိုးခန်းကအထွက် ခေါင်းသုတ်တုံး
ကုတင်ထပ်က ဖုန်းဟာတဒီးဒီးမြည်ပြန်သည်။
ဥက္ကဌအထင်နဲ့ခတ်မြန်မြန်ကိုင်လိုက်မိပေမဲ့ တစ်ဖက်က ခတ်ကျယ်ကျယ်အသံကြောင့် လူကတင်းခနဲ...။

"ဟလို"

"မှိုင်း...ဘာလို့စာမပြန်တာလဲ ငါကစောင့်နေတာကို"

အံတင်းတင်းကြိတ်ရင်း ဒေါသတို့ကိုခတ်သွက်သွက်မြိုချလိုက်ရသည်။

"ထပ်မဆက်နဲ့"

တစ်ဖက်ကောင် ဘယ်လိုဖြစ်သွားမလဲ သိစရာမလို။
Call End ကို ဖိချလိုက်ပြီး ဖုန်းကိုကုတင်ထက်ခတ်ကြမ်းကြမ်းပစ်တင်လိုက်သည်။

တကယ်ကို စိတ်ရုပ်စရာပဲ

*************

"အ....ဟလို...မှိုင်း ခဏ...မှိုင်း!!."

ထပ်အဆက်နဲ့ဆိုသော လေသံမာမာနောက်ဝယ် ကိုယ်ပင်ဘာမှမဆိုလိုက်ရပါပဲ ပြတ်တောက်သွားသောလေလှိုင်း။

"ကျစ်...နည်းနည်းလေးတောင် နားမထောင်ပေးပဲ"

အကျင့်အတိုင်း တွတ်တွတ် တွတ်တွတ်ပြောမိရင်း ဖုန်းမျက်နှာပြင်က အဝါခြောက်ရောင်ကောင်လေးကိုသာ မကျေမနပ်ကြည့်လိုက်မိသည်။

"တော်တော်မှ အဆင်ပြေရဲ့လား?"

အဆင်မပြေတိုင်းဒီစကား မေးတတ်တဲ့ နေ့သစ်ကဆုချဖို့တောင်တောင်းတယ်။
ကုတင်ဘေးစားပွဲဆီက ငနာကောင်ကို ဆွေခနဲတစ်ချက်ကြည့်လိုက်ရင်း....

"မင်းအလုပ်မင်းလုပ်စမ်းပါ"

ထိုအခါမှ နှုတ်ခမ်းတစ်တောင်လောင်ဆူကာ မျက်မှန်ကြားကနေ ဆွေကြည့်သွားပြီးသူ့လက်တော့ပ်ကို တတောက်တောက်နှိပ်လေတော့သည်။

*******************

ကွန်ဒိုမြေညီထပ်မှာ စက်ဘီးကိုရပ် တစ်နာရီလောက်ကြိုရောက်နေနှင့်အပြီးမှာ ခဲပြာရောင်အားကစားဝမ်းဆက်အပြည့်အစုံနဲ့ သူ့ကိုမြင်လိုက်ရချင်း ငိုက်ချင်စိတ်တွေပြေလျော့သွားရ
သည်။
သူ့အနားကပ်လျက်ကနေ စက်ဘီးခတ်ဖြည်းဖြည်းနင်းလို့ တတိယအကြိမ်မြောက် ချဉ်းကပ်ရပြန်သည်။

"မှိုင်း...."

ဒီတစ်ခါတော့ အရင်တစ်ခေါက်ကလို ဆွေ၍ပင်ကြည့်မလာတော့။

"မှိုင်းရေ...."

"ငါမနက်အစေကြီးထဲက ကွန်ဒိုရှေ့မှာလာစောင့်နေတာ...."

"ဖြည်းဖြည်း ပြေးပါ....စက်ဘီးနဲ့လိုက်ရတာတောင် မောတယ်..."

"အဲ့တာဆို မလိုက်နဲ့"

ဘုထောစကားပေမဲ့ ကိုယ့်ကိုဝိဉာဉ်လို့သက်မှတ်မထား၍ ပြုံးမိသည်။

"လိုက်မှာပဲ"

ထိုသို့ နားမထောင်စွာ ကန့်လန့်တိုက်တော့ ဆွေစောင်းကြည့်လာတဲ့အကြည့်က နေရာမှာတင်သေလောက်အောင် မီးဟုန်းဟုန်းတောက်နေသယောင်။

ခွေးနဲ့သရဲကလွဲလို့ ဘာကိုမှမကြောက်တတ်တဲ့ ကျွန်တော်နှောင်သွေးရှင်ကတော့ ပြုံးပြုံးကြီးသာကြည့်ရင်း ခြေအစုံကိုအားထည့်ရပြန်သည်။

"မှိုင်း မင်းမနက်တိုင်း ပြေးရတာ မပင်ပန်းဘူးလား...ငါတောင်စက်ဘီးနဲ့ပေမဲ့ ခြေထောက်တွေကျိုးတော့မယ်ထင်တယ်"

"နည်းနည်းဆက်နင်းလိုက်ဦး...ကျိုးသွားရင် မင်းငါ့နောက်မလိုက်နိုင်တော့ဘူးမလား...."

ပြောရက်သောပါပဲ။

"အဲ့လိုကြီး မေတ္တာမပို့ပါနဲ့ "

မရပ်မနားပြေးရင်း ကျွန်တော့်ကိုတစ်ခါတစ်ရံတုံ့ပြန်စကားပြောတာတောင် မောပုံမပေါက်တဲ့ သူကဘယ်လောက်တောင် သက်လုံကောင်းပြီးဆွဲဆောင်မှုရှိလိုက်သလဲ။

နဖူးစပ်က ချွေးစက်လေးတွေကအစ ပြည့်စုံနေလိုက်တာ။
ခြေတစ်လှမ်းတိုင်း ချွေးစွတ်စွတ်ဆံစညိုတွေ တအိအိလှုပ်ခတ်သွားပြန်ပုံက ပန်းချီတစ်ချပ်လိုပဲ။


"ဟိတ်....ဟိတ်.....!!"

မှိုင်း၏အလန့်တကြား ရေရွတ်သံနောက်

"အ.....အမေရေ....!!"

အငမ်းလွန် အလွန်ငမ်းမိခြင်းရဲ့ နောက်ဆက်တွဲပြဿနာအရ
ရှေ့ကမိန်းကလေးကို မမြင်မိလိုက်ပဲ ဝင်တိုက်မိတဲ့အထိ။

"ဆော...ဆောရီးပါဗျာ မတော်လို့"

"မထူပဲနဲ့...."

ဘေးကရပ်ရင်း ဂျိုကြည့်ကြည့်တဲ့ မှိုင်းကညူတူတူကြီးပြောပြန်တယ်။

"အာ...ဟုတ်သား...မမ ရရဲ့လား ဆောရီးပါနော်"

ပြုံးချိုချို မူပိုင်းအပြုံးကိုထုတ်သုံးလိုက်သည့်အခါ မျက်စောင်းကြီးခဲပြီးလှန်ကြည့်လာတဲ့ မိန်းကလေးက ချက်ချင်းမျက်နှာထားပြောင်းသွားသည်။

"အသွေး....နှောင်သွေး မို့လား"

"အွန်း မမက မှတ်မိသားပဲ...."

"မမှတ်မိစရာလား ဒီကမ္ဘာမှာ မမရဲ့အသွေးလေးက တစ်ယောက်ထည်းရှိတာ....."

ချက်ချင်းပြုံးပျော်သွားတဲ့ သူမက ကျွန်တော်ထူပေးသည်ကိုတွဲကာထရင်းပြောလေသည်။

"အဟက်...မမ အဆင်ပြေရဲ့လား အရမ်းနာသွားလား?"

အမှန်တကယ်အားနာတာမို့ စိုးရိမ်မှုတွေနဲ့ ကျွန်တော့်ကြောင့် သူမမျက်နှာဟာပဲ့ကျမတတ်ပြုံးလို့...။

"ရပါတယ် အသွေးရဲ့....နည်းနည်းပဲ တိုက်မိတာကို
အသွေးကမနက်အစောကြီး စက်ဘီးပတ်စီးနေတာလား"

"ဟုတ်တယ်...အသိတစ်ယောက်....ဟမ်....?သူဘယ်ရောက်သွားတာလဲ"

သူမကို တွဲထူကာ စိုးရိမ်ပေးနေတာနဲ့ပင် သူအရိပ်ကပျောက်ချင်းမလှပျောက်သွားသည်။
လဲနေသည့် ကိ်ုယ့်စက်ဘီးကို အမြန်ကောက်ထောင်လိုက်ပြီး...

"မမ ကျွန်တော်သွားဦးမယ် အရေးကြီးနေလို့"

စက်ဘီးပေါ်အပြေးတက်ကာ ခတ်သွက်သွက်နင်းလျက် ဟိုးအဝေးက ကျောပြင်ကျယ်ဆီအပြေးလိုက်ရတော့သည်။

*******************

လက်ဆွဲချိုင့်လေး တရမ်းရမ်းနဲ့ဆေးရုံဝကိုလှမ်းဝင်လာသည့် နှောင်သွေး အသွင်ဟာအတော်လေးပေါ့ပေါ့ပါး။
Mask လေး၏ အကူအညီနဲ့လူသူရှုပ်ရှက်ခတ်ခြင်းကို ကာကွယ်ရင်းအထူးခန်းတစ်ခန်းဆီသို့ဦးတည်လိုက်သည်။

*ဖြန်း...*

"ဟိတ်ကောင်....အိပ်နေတာလား?"

ခတ်စောင်းစောင်း အိပ်နေသော နေ့သစ်၏ဖင်ပေါ်ကျရောက်သည့်လက်ဖဝါးနဲ့တကွသော အသံကျယ်ကျယ်ကြောင့် အိပ်နေရင်တောင်မနိုးပဲနေနိုင်မတဲ့လား။

နေ့သစ် နေမကောင်းသည့်အပြင် မဆဲရေးချင်တာမို့ မီးတောက်မျက်ဝန်းနဲ့သာစောင်းကြည့်လိုက်ရင်း....

"ဒီအရွယ်ပဲ ရောက်နေပြီ အိပ်နေတယ်ထင်ရင် လူလိုနှိုးရမှန်းတော့သိသင့်တာ"

နေ့သစ်တစ်ယောက် စိတ်မကောင်းသလို ဟန်ဆောင်ရင်း
ဒေါသကိုလျော့ကာ ဖဲ့လိုက်သည့်အခါ စားပွဲထက်ချိုင့်ကို ဆောင့်ချသံကညံခနဲ။

"ငနာကောင် ငါ့အသက်မထိခိုက်နဲ့....ငါအမဲစွပ်ပြုတ်တွေသွန်ပစ်လိုက်ရ"

"အိုနေရင် အိုနေတယ်ပေါ့"

နေ့သစ်ကလည်း ပြန်လည်ကာပတ်ခနဲ။

"နှစ်ဆယ့်ခြောက်နှစ်က အိုတာလား....ကျပ်မပြည့်မှန်းသိပ်သိသာတာပဲ...."

အသက် နှစ်နှစ်ကျော်ကွာသော်ငြား နှောင်သွေးတစ်ယောက် နေ့သစ်နဲ့အထက်တန်းရော တက္ကာသိုလ်မှာပါတစ်တန်းဖြစ်တဲ့ အကြောင်းအရင်းဟာ ဆယ်တန်းကိုသုံးခါဖြေရသည့်အဖြစ်သနှစ်ကြောင့်ပင်။
ဉာဏ်ကောင်းပေမဲ့ စာကျက်ရခြင်းကို သူသိပ်မုန်းသည်။

ထို့ကြောင့်လည်း နေ့သစ်က ထိုအကွက်နှင့်
သူ့အားအမြဲစနောက်တတ်ခြင်း။

"ငါ့ကို ကျွေးဖို့ယူလာတာမဟုတ်ဘူးလား....စားမယ်လေ"

"ဟွန့်...ဆေးရုံတက်ရလို့ပဲ"

အစားအသောက်နှင့်ပါးစပ်အမြဲမပြတ်သော နေ့သစ် တစ်ယောက် အူအတတ်ပေါက်တာကြောင့် ဆေးရုံတက်ရသည့်အခါ သူချစ်သောအစားအသောက်များနှင့် ခဏတာမျှဝေးနေရလေသည်။

"ဟာ....လုပ်လာပြန်ပြီ"

ချိုင့်ကိုဖွင့်လိုက်သည်နှင့် ခိျုင့်နှုတ်ခမ်းနံရံတစ်လျှောက်လုံးပွစိတတ်နေသော စွတ်ပြုတ်ရည်များက အပြင်ထိပင်စီးကျလာရသည်ကြောင့် နေ့သစ် မဲ့ရွဲ့ကာအော်ရပြန်သည်။
တစ်လမ်းလုံး ဆပ်ပြာလင်ပျောက်သလို ချိုင့်ကိုခါရမ်းယူလာသည့်နှောင်သွေးမှာတော့ မိမိအပြစ်နှင့်မိမိ သွားဖြဲရလေ၏။

"အီလိုက်တာ....သွားရေစာလေး တစ်ခုခုစားရရင်ကောင်းမယ်"

စွပ်ပြုတ်သောက်နေတုန်းတောင် အစားအသောက်တမ်းတသည့် နေ့သစ်အား ဖုန်းသုံးနေရာမှ ဆွေကြည့်သည့် နှောင်သွေး။

"နေမကောင်းတဲ့လူကို ကြည့်တဲ့အကြည့်ကလည်း....ငါ့ကိုကျ စေတနာမရှိမှန်းသိပ်သိသာတာပဲ"

တမင်မကြားကြားအောင် ပွတ်တွတ်တွတ်ပြောတဲ့ နေ့သစ်ကြောင့်နှောင်သွေးဆတ်ခနဲထရပ်လိုက်သည်။

"ဝယ်ပေးရင် ပြီးရောမလား အဲ့တာကုန်အောင်သောက်နှင့်"

ကျောပိုးအိတ်ပေါက်စလေးလွယ်ရင်း နေ့သစ် အဖို့မုန့်ဝယ်ရန် ဆေးရုံအတွင်းမှထွက်ခါနီး မထင်မှတ်စွာမြင်လိုက်ရသော သူကြောင့်ဦးတည်ရာကို နှောင်သွေးမေ့သွားသည်။

"မှိုင်း...."

နှောင်သွေး ခေါ်သံမှာမှာ မှိုင်းအပါအဝင် တစ်ဖက်ကသူပါလှည့်ကြည့်လာသည်။
အထူးအဆန်းမရှိတဲ့ မျက်ဝန်းသေတွေနဲ့မှိုင်းက ခတ်အေးတစ်ချက်သာကြည့်၏။

"တိုက်တိုက်ဆိုင်ဆိုင်တွေ့တတ်တယ်....ဘာလာလုပ်တာလဲ?"

မှိုင်းက မျက်နှာလွှဲနေသော်ငြား တစ်ဖက်ကသူကတော့
ခတ်ပြုံးပြုံးသာကြည့်လျက်။

"အသိလား မှိုင်း...နှုတ်မဆက်ဘူးလား?"

"မသိပါဘူး....သွားရအောင်"

မှိုင်းက ပစ်ပစ်ခါခါပင် ငြင်းဆန်လျက် တစ်ဖက်ကလူနှင့်အတူယှဉ်ကာ နှောင်သွေး အားထားရစ်ခဲ့လေတော့သည်။

*ဘာလား...ချစ်သူများလား....?*

အတွေးညစ်ညစ်ကို မောင်းထုတ်ရန် ခေါင်းကိုခါရမ်းရင်းကျန်ရစ်သည်။
လုပ်လက်စကို မေ့ကာ ဆေးရုံခန်းကိုပြန်သွားမိတာကြောင့် နေ့သစ်၏မေတ္တာပို့ခံရခြင်းအတူ နောက်တစ်ဖန်ပြန်ထွက်ကာ မုန့် ဝယ်ပေးရတော့၏။


***********************

ပေတေကာ တောက်တဲ့လိုကပ်သူကကပ် မျက်ထောက်နီကြီးနဲ့ နှင်လွှတ်သူကလွှတ်ရင်းပဲ နံနံက်ခင်း တတောက်တောက်လိုက်ခြင်းနှင့်reply မရှိသော message ပို့ခြင်းတို့ဝယ် ခြောက်ရက်လောက်ရှည်ကြာအောင် ပျော်မွေ့နေခဲ့သည်။

ယနေ့တော့ တတိယမြောက် မစ်ရှစ်စတင်ရန် နှောင်သွေးဆုံးဖြတ်လိုက်သည်။

"မှိုင်း..."

"ဟာ....မင်း....!!"

ကုမ္ပဏီ၏ရုံးခန်းဆီကို ဦးတည်သွားသည့် မှိုင်းတစ်ယောက်
ခတ်တိုးတိုးလေသံရှည်ရှည်ကြောင့် အနည်းအကျဉ်းတော့ လန့်မိသွားတာအမှန်။
ထောင့်ချိုးကြားခတ်ကုတ်ကုတ်ရပ်နေရင်းက စပ်ဖြဲဖြဲမျက်နှာနှင့်ထွက်လာသည့် နှောင်သွေးကို မှိုင်းအ့ံသြလို့ပင်
မဆုံး။

"မင်း....ငါဒီမှာ အလုပ်လုပ်တာ ဘယ်လိုလုပ်သိပြန်တာလဲ?"

"ဟိုဟိုဒီဒီပေါ့ "

ဒေါသလည်းထွက် အ့ံ့လည်းသြ စိတ်ရှုပ်ရှုပ်နဲ့မှုန်ကုတ်ကုတ်မေးလိုက်တော့ ဖရိုဖရဲမျက်နှာပေးနဲ့အဖြေ
ပေးလာပုံက အူယားဖွယ်ရာ။
ခေါင်းတရမ်းရမ်းလုပ်ရင်း စိတ်ပျက်လက်ပျက်ကြည့်ကာ အနားကနေထွက်လာလိုက်တော့ ထင်သည့်အတိုင်း တတောက်ကောက်ကပ်လိုက်လာပြန်သည်။

ဓာတ်လှေကားထဲဝင်ပြန်တော့လည်း အကြောင်းအရင်းမရှိပဲ လိုက်ဝင်လာသည့် နှောင်သွေးကို မှိုင်းအတော်လေးမျက်စိနောက်နေရသည်။

"ဘာလိုက်လုပ်မှာလဲ....ဒီနေရာ မင်းနဲ့ဆိုင်လို့လား...?"

မျက်မှောင်ကြီးကုတ်ကာ ဇိုးဇိုးဇက်ဇက်ပြောလိုက်သော်လည်း
နှောင်သွေး မမှုပါလေ။

"မဆိုင်ပေမယ့် လိုက်မှာပဲ"

"ဟူး.....မင်းက စကားနားလည်ဘူးပဲ"

"နားမလည်တာမဟုတ်ပါဘူး နားမတောင်တတ်အကျင့်လေးရှိနေတော့ အဟဲ"

မှိုင်း စိတ်လက်ပျက်စွာ သက်ပြင်းကိုချရင်း ဓာတ်လှေကားမှခလုတ်တချို့ကိုနှိပ်လိုက်တော့သည်။
ပြောလည်း မောရုံပဲ ရှိမည်ကို မှိုင်း တဖြည်းဖြည်းသဘောပေါက်လာ၏။

"ငါ့ကိုခင်ခွင့်ဘယ်တော့ပေးမှာလဲ....ဟမ်...
ဘယ်လိုလဲ စဉ်းစားပြီးပြီလား"

နှစ်ဦးတည်းရှိသည့် ဓာတ်လှေကားအတွင်း မျက်နှာကိုတမော့မော့
ကြည့်ကြည့်လုပ်နေသည့် ဘေးကလူပုကို မှိုင်းစောင်းကာ စူးစိုက်
ကြည့်လိုက်ရင်း....

"မလိုဘူး ငါမင်းကိုတစ်ခါတည်း အဖြေပေးလိုက်ပြီးသား"

"အဲ့အဖြေက ကောင်းမှမကောင်းတဲ့ဟာကို"

ဆူတူတူဟန်ပန်နဲ့ လက်မခံလေသော နှောင်သွေး ဟာ လက်ဖျားခါလောက်အောင် စိတ်ရှုပ်ဖို့ကောင်းသည့် သတ္တဝါဟု မှိုင်းကောက်ချက်ချ၏။

"အဲ့တော့ ငါက မင်းကြိုက်တဲ့အဖြေမျိုးပေးရဦးမှာလား"

"အဲ့လိုဆို အဆင်ပြေသွားမှာကို"

မျက်ဝန်းတွေမှိတ်အောင် ဘာ့ကြောင့်ပြုံးပြုံးပြမှန်းမသိတဲ့ ထိုလူပုကို မှိုင်း ဘုကြည့်ကြည့်ကြည့်ရင်းသာ မျက်နှာလွှဲသည်။

"ငါ့နားမှာ ခြေမရှုပ်စမ်းနဲ့ "

"ငါက ခင်ချင်တာကို မင်းလက်ခံလိုက်ရင်ရသားနဲ့...အဲ အဲ!!"

ဓာတ်လှေကားပွင့်သွားတာမို့ ထိုလူသားကိုလျစ်လျူရှုရင်း မှိုင်းထွက်လာခဲ့သည်။
သို့သော် နောက်ကနေပါလာမြဲ။

"မှိုင်း မင်းကလည်း လက်ပေါက်ကပ်လိုက်တာကွာ....အဲ့လောက်မချေလည်း ငါအဆင်ပြေပါတယ်...."

မကြားသလို ဟန်ဆောင်ပြန်တဲ့ မှိုင်းက ရှေးရှုရာကိုပဲတစိုက်မတ်မတ်သွားသလို တတွတ်တတွတ်မြည်တဲ့ သာလိကာမျိုး နှောင်သွေးသည်လည်း ခြေလှမ်းချင်းမကွာခြားစေရ။

"မှိုင်း...."

မဆီမဆိုင် ကလေးပူဆာသလို ကပ်ချွဲချင်တဲ့လေသံမျိုးနဲ့ နှောင်သွေးက မှိုင်းကိုဘာထင်နေတယ်မသိ။
ရုတ်တရက် ရပ်ပစ်လိုက်တဲ့ ခြေလှမ်းတွေနဲ့အတူ မှိုင်းကစောင်းကြည့်လာသည်။

"ရုံးခန်းထဲထိလိုက်လာဦးမယ်ဆိုရင် ငါရဲတိုင်ပစ်လိုက်မှာ"

နှောင်သွေး အခုမှသာအခန်းတစ်ခု၏ရှေ့သို့ရောက်နေမှန်းသတိထားမိသည်။
ထိုအခန်းတံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်တဲ့ မှိုင်းက နှောင်သွေးကိုထားရစ်ကာ သွားတော့မည်အသွင်မို့....

"အာ....ငါက ငါလိုချင်တဲ့အဖြေမရမချင်း ဆက်လိုက်နေဦးမှာဆိုတော့ ရဲတိုင်ချင်လည်း ရပါတယ်"

မှိုင်း အတော်လေး ဆွံံ့အသည်။
ဒီလောက် ဇွဲနပဲကောင်းလွန်းတဲ့ စိတ်ပျက်ဖွယ်ရာ တောက်တဲ့လူသားမျိုးအမှန်တကယ်ရှိပါလား ဟူသော အတွေးနှင့်အတူ ဒီကောင့်မှာ တခြားအလုပ်မရှိဘူးလား ဆိုသော အတွေးလည်းဝင်ပြန်၏။

"ဘယ်လိုလဲ ငါလိုက်လာခဲ့ရမှာလား?"

"ခင်ခွင့်ပေးရင် ပြီးရောမလား...သွား ပြန်တော့"

ရုတ်ချည်း အရောင်လင်းလတ်လာတဲ့ နှောင်သွေးမျက်
ဝန်းမှေးလေးတွေက တကယ်ကို ကြည်လင်နေလေရဲ့။
သွားစွယ်လေးပေါ်အောင်ပြုံးတဲ့အခါ ပါးချိုင့်လေးပါစွက်တာမို့ မှိုင်းခဏတော့ သေချာကြည့်လိုက်မိပြန်တယ်။

"တကယ်ကြီး ခင်ခွင့်ပေးပြီပေါ့..."

"မပြန်ဘူးဆိုရင် ငါပြန်ယုတ်သိမ်းပစ်မှာ"

မှိုင်း မျက်လုံးတွေက တကယ်ကိုစိတ်ပျက်နေကြောင်း အခွန်းတစ်သိန်းလောက်ဆိုနေလေရဲ့။

"အာ...သွားပါ့မယ် သွားပါ့မယ် မင်းကလည်း စိတ်ချည်းပဲ...အယ်..."

တံခါးကို ဇိုးဇိုးဇက်ဇက်ဖွင့်ကာဝင်သွားလိုက်သည်ကာ လျင်မြန်လွန်းတာမို့ ဒေါက် ခနဲပိတ်သွားသည့် တံခါးချပ်ကြောင့် နှောင်းသွေးဆန့်တငင်ငင်ကျန်ရစ်ရင်း...။

"မကောင်းတ့ဲကောင်"



ဆက်ရန်

သျှင်လင်းအိမ်

© Shin Lin Eain ,
книга «ေႂကြေရာင္ျခယ္အိမ္မက္(အလကၤာ႐ႈံးတဲ့ ခ်စ္ျခင္းအသၤေခ် Season 2)».
Коментарі