ချစ်ရပါသော....... မုန်းရပါသော..
လွှတ်က် ခဲ့တာလား...
လွှတ်ခ် ခဲ့တာလား...
ကိုယ့်အိမ်မက်တွေ တစစီ ကွဲ ပြို အောင်
မင်း ဆုတောင်းကြမ်းခဲ့တယ်....
ဒါမှမဟုတ်
မင်း ဆုတောင်းကောင်းခဲ့တယ်....
ကိုယ်ကတော့ မင်းကိုချစ်နေရတဲ့ဘဝကို
ဆုတောင်းမှားခဲ့တယ်......
လမ်းတွေ တဖက်စီနဲ့ ကျောခြင်းကပ်ခဲ့ကြတယ်...
မျက်နှာမူရာအရပ်တွေ ကွဲပြားခဲ့တယ်..
မင်းကတော့ မင်းချစ်သူဆီကို....
ကိုယ်ကတော့ မင်း မရှိတဲ့ နာကျင်မှုကမ်ဘာဆီ.....
မင်းက ငါ ပြိုလဲရအောင်လို့
ဆုတောင်းကောင်းလွန်းခဲ့တယ်.....
ငါကတော့...
မင်းကို စွန့်လွှတ်ဖို့ ဆုတောင်းမှားခဲ့တယ်....
2020-10-19 16:08:57
0
0