ချစ်ရပါသော......
၁) ချစ်ခြင်းတရားဟာ သူ့ အမည်နာမ နဲ့ စတယ်….. ပြီးတော့ မျက်ဝန်းနက်နက်လေးရယ် ပါးချိုင့် လေးတစ်ဖက်ရယ် သူ့ လက်ဖျံပေါ်က သွေးကြောစိမ်းလေးတွေရယ်……. နောက်ပြီးတော့ ရှင်းသန့်နေတဲ့ အဲ့ဒီ ခြေဖ၀ါးလေးမှာ အဆုံးသတ်တယ်. အဲ့ဒီလိုနဲ့ သူ့ထံမှာ ကိုယ် ကျရှူံးတယ်။ ၂) ချစ်ကြောင်းပြောရင် မကြိုက်ဘူး ဆိုတဲ့ သူ့ အတွက် ကိုယ့်အချစ်ကို အဖက်မလုပ်လို့ ဘယ်လောက်ထိ မုန်းတဲ့ အကြောင်းပြောချင်တယ် ကျေးဇူးပြုပြီး ဖုန်းကိုင်ပါ… ဟယ်လိုလောက်တော့ ပြောပါ… ကိုယ် တနေကုန် အဆင်ပြေအောင်လို့ ဒီလောက်တော့ လိုက်လျောပေးပါ။…. ၃) Reply မလာတဲ့ မက်ဆေ့တွေကို ထိုင်စောင့်တယ် အဖက်မလုပ်ခံရခြင်း မြစ်ထဲမှာ ကိုယ် စီးမျောတယ်…….. စစ်ငြိမ်း စကားနဲ့ ပြောရရင် (ကိုယ်ဟာ ဘယ်လိုပုံစံမျိုးနဲ့ ကြေကွဲနေပါစေ ကိုယ်ချစ်တဲ့ မင်းကိုတော့ လေတိုက်တာတောင် စိုးရိမ်မိတယ်) အဲ့ဒီတော့ ကိုယ် မရှိတဲ့ အရပ်မှာ မင်း ချမ်းမြေ့ပါစေပေါ့။….. ၄) ကိုယ် ဒီနေ့ ဘုရားရောက်ဖြစ်တယ် ကိုယ့်ကို ဘယ်တုန်းကမှ အလိုမရှိခဲ့တဲ့ မင်း နေ့နံရှေ့မှာ ဆုတောင်းခဲ့တယ်… ကိုယ်ချစ်တဲ့ တင်္နလာသားလေး ကျန်းမာပါစေကြောင်း… တလက်စတည်း သူ သိပ်ချစ်တဲ့ တင်္နလာသမီးလေးလည်း အေးချမ်းပါစေပေါ့။…… ၅) ချစ်ခြင်းတရားဆိုတာ လုပ်ယူလို့မရဘူးတဲ့…… လုပ်ယူလို့ မရမှန်းသိပေမဲ့ အဲ့တစ်ယောက်တည်းဆီမှာ စိတ်နှစ်ထားလို့ရတယ်မလား…… ကိုယ်ဟာ သူ့တစ်ယောက်တည်းဆီ အပ်နှံခဲ့သမျှမှာ အချစ်တစ်ခုတည်း မဟုတ်ဘူး အိမ်မက်တွေ အနာဂတ်တွေ မျှော်လင့်ချက်တွေ အရာအားလုံး ပေးထားတော့ ပြန်ရခဲ့သမျှတွေဟာ.. ဒဏ်ရာတွေချည်းပဲ ရိုးရိုးဒဏ်ရာတောင် မဟုတ်ဘူး သေရာပါမဲ့ အနာတရတွေ……… သို့ပေမဲ့ ကိုယ် မက်မောနေတုန်းမို့ အဖက်မလုပ်ရင်တောင်.. ဆက်ပြီး သူ့တစ်ယောက်တည်းဆီမှာ စိတ်နှစ်ထားပါရစေ။ ၆) တခါတလေ သူ့ကို မနာလိုဖြစ်မိတယ်….. သူ က သိပ်ကံကောင်းတယ် သူ သိပ်ချစ်တဲ့ မိန်းကလေးကို ပိုင်ဆိုင်နေတဲ့အပြင် သူ့ကို သိပ်ချစ်တဲ့ ကောင်မလေး တစ်ယောက်ကိုပါ ရထားတယ် သူ ဘာတွေပဲဖြစ်ဖြစ် ချစ်နေမဲ့ ကောင်မလေးမျိုး စ ဦး ဆယ်ကျော်သက်သံယောဇဉ် သေးသေးလေးကို ဆယ်စုနှစ် တစ်စုစာ တဖက်သတ် မွေးမြူထားတဲ့ ကောင်မလေးတစ်ယောက်ကို သူ မသိခဲ့ဘူး…… ၇) သူငယ်ချင်းဆိုတဲ့ စည်းမှာ ကိုယ်ရပ်နေပါတယ် ရှင်သန်ရတာ သိပ်မောတဲ့အခါ အဲ့ဒီ စည်းလေးပေါ် ရပ်ပြီး ကိုယ့်ကို လှမ်းခေါ်ပါ အနည်းဆုံးတော့ ကိုယ်ရှေ့မှာ အဆောင်အယောင်တွေ မေ့ပြီး မင်း ပေါ့ပါးလို့ရပါတယ်……. ၈) လောကကြီးက အပေါ်ယံတွေ ပေါလို့ စိတ်ပူရတယ်….. မင်း ရှိနေတဲ့ မြို့က ရမ်းကားမှုတွေ များလို့ စိတ်ပူရတယ်……. ကျောင်းစာတွေ လိုက်နိုင်ပါ့မလား စိတ်ပူရတယ်…… ငါ သိပ်ချစ်တဲ့ မင်းမာနတွေ သူမ ရှေ့မှာ ဦးညွှတ်နေမလား စိတ်ပူရတယ်…… ……..စိတ်ပူရတယ် စိတ်ပူရတယ်….. မင်းအပေါ် စိတ်ပူရတာ များလို့ ကိုယ့်အတွက်ကို မေ့တယ်….... ကိုယ့်အတွက်ကို မေ့ရလောက်တဲ့ အထိ မင်းကို မြတ်နိုးပါတယ်… မင်းကို မြတ်နိုးပါရဲ့…….. မင်းကို အသေအလဲချစ်ပြီး သိပ်ကို မြတ်နိုးပါတယ်​။ ချစ်​ရ​သော မြတ်​နိုးရ​သော ကိုယ့်​ ဘဝရဲ့ ရှင်​သန်​ခြင်း​လေး​ရေ..... #27,9,2018
2020-10-19 16:11:37
1
0
Схожі вірші
Всі
Не скажу "люблю"
Знаєш, складно Тебе любити й не сказати. Тебе кохати і збрехати, Що зовсім іншого люблю, І що до тебе не прийду. Знаєш, той "інший" мене теплом своїм зігріє. Зачарує і поцілує, А ти сиди там далі сам, І йди назустріч виючим вітрам. Тобі вже більше не скажу своє я болісне "люблю"... А просто відпущу і почуття у собі похороню.
74
14
6514
Присвячую
Присвячую тобі вірші українською, Бо не знаю, якою мовою висловлювати свої почуття. Хоча, для тебе, мабуть, краще російською, Але я вірю: зрозумієш і так. Бо коли ми зустрінемось, важливим буде лиш погляд: Серце не потребуватиме слів, Йому буде байдуже звідки ми родом, Навіть, якщо з ворожих країн.
73
4
4744