10
ေမွာင္ထဲကလူကို စမ္းတဝါးဝါး တိုက္ခိုက္ေနမယ့္အစား အဲ့ဒီလူကို အလင္းေရာင္ထဲကို ဆြဲေခၚလိုက္တာကေရာ ေပ်ာ္စရာမေကာင္းေပဘူးလား။
ဘာပဲျဖစ္ျဖစ္.....
ခင္ဗ်ားက ကာကြယ္ေပးခ်င္တဲ့လူနဲ႔ ေမရီက ဖ်က္ဆီးပစ္ခ်င္တဲ့လူက တစ္ဦးတည္းမဟုတ္လား။
အထိမခံႏိုင္ေလာက္ေအာင္ ကာကြယ္ေပးခ်င္ေနတဲ့ ခင္ဗ်ားကဘယ္သူလဲဆိုတာကို ေမရီတကယ္ပဲသိခ်င္မိတယ္။
စီးပြားေရးေၾကာင့္၊ မိဘေၾကာင့္၊ ဂုဏ္သိကၡာေၾကာင့္... ခင္ဗ်ားရဲ႕အကာအကြယ္ေၾကာင့္... အေၾကာင္းမ်ိဳးစုံေၾကာင့္နဲ႔ ေနမႈိင္းကို
ထိခိုက္ေစလို႔မရဘူးဆိုရင္ေတာ့လည္း ေမရီတို႔ ႏွလုံးသားခ်င္း တိုက္ခိုက္ၾကတာေပါ့။
အခ်စ္က နာက်င္ေစဆုံးေသာ ဒဏ္ရာတစ္ခုမဟုတ္လား။
"ေစာေစာအိပ္ပါ အခ်စ္"
ဝင္လာတဲ့ message တစ္ေစာင္ေၾကာင့္ ဖုန္းကိုပင္ ပစ္လႊင့္မိမတတ္။ အႀကိမ္ႀကိမ္ block ထားတဲ့ နံပါတ္ေတြထဲ ဒီတစ္ခုမပါေသးဘူးထင္ရဲ႕။
သမင္ေနာက္ကက်ားကို ဖမ္းဖို႔လိုတာမို႔ မင္းရဲ႕႐ူးသြပ္မႈကို ဒီတစ္ခါေတာ့ ေက်းဇူးတင္လိုက္စမ္း ေနမႈိင္း။
တတူတူဝင္ေနသည့္ဖုန္းသံက အခ်ိန္ၾကာလြန္းသည္။ ေမရီ႕ ဖုန္းသံကို ခ်က္ခ်င္းမကိုင္ႏိုင္ေလာက္ေအာင္ သူကအလုပ္မ်ားေနပုံပဲ။
"Hello အခ်စ္။ ကိုယ့္ကို လြမ္းလို႔လား"
သာမာန္ထက္ျမဴးေနသည့္ ေနမႈိင္းအသံေၾကာင့္ ေမရီ ရယ္မိမတတ္။ ဒီလိုေလသံနဲ႔ စကားေျပာႏိုင္ေသးေတာ့ ဒဏ္ရာမျပင္းပုံပါပဲ။
"ဦးေလးရဲ႕မ်က္ႏွာကိုေထာက္ၿပီး Chic Stone ရဲ႕ ဒီဇိုင္းသစ္ကို ငါကိုယ္တိုင္ေၾကာ္ျငာေပးမယ္"
အေလာတႀကီးေျပာဆိုလာမည့္ စကားေတြကို မၾကားခ်င္တာမို႔ ဖုန္းကို ခ်က္ခ်င္းခ်ပစ္လိုက္သည္။ ဆက္တိုက္ဝင္လာမည့္ missed call ေတြအတြက္ေတာ့ ထိုသူ႔ကို block ႐ုံေပါ့။
ဖ်တ္ခနဲစဥ္းစားလိုက္မိသည့္ ေနမႈိင္းပို႔ထားသည့္ ပုံၾကမ္းေတြ။
အမ်ားစုက ေမရီ႕ဆီတြင္ ရွိေနခဲ့တာပဲ။
ငါကိုယ္တိုင္ဝင္ပါတဲ့ပြဲျဖစ္လို႔ ေၾကာ္ျငာလည္းေပါက္ရမယ္။ နင္လည္း ေအာင္ျမင္ရမယ္။ နင့္ေနာက္က အရိပ္တစ္ခုကိုလည္း ငါဖမ္းမယ္။
ၿပီးရင္ေတာ့........ ဒီလုပ္ငန္းစုကို အေမြဆက္ခံထိန္းသိမ္းခြင့္ကို ပထမဆုံးေသာ အျပစ္ဒဏ္အျဖစ္ ငါကပဲ ပ်က္စီးေစပါ့မယ္။
.............................................................................
ေခၚဆိုမရသည့္ missed call ေပါင္းမ်ားစြာက ေနမႈိင္းအား ေလွာင္ရယ္ျပေနသေယာင္။
အခ်စ္ကေတာ့ကြာ...လုပ္ခ်လိုက္ျပန္ၿပီ။
ကိုယ္ခ်စ္တဲ့လူရဲ႕ စိတ္ထားေလးတစ္ခုကို ေျပာျပရမယ္ဆိုရင္ ရက္စက္တယ္လို႔ပဲ ဆိုရမလား။
ေကာ့ညြတ္ေနသည့္ မ်က္ေတာင္ေတြႏွင့္ ေဆးျခယ္ထားသည့္ ဝိုင္းစက္စက္မ်က္ဝန္းေတြက ဖန္တီးထုတ္လႊတ္ပါသည့္ ေလွာင္ရိပ္သန္း အေငြ႕အသက္ေတြကပဲ ကိုယ့္ကို ရစ္မူးေနေစတာလား။
ထိုအၾကည့္တို႔ႏွင့္တစ္ပါတည္း တြဲဆက္ထားတဲ့
အ႐ြဲ႕တိုက္အျပံဳးတစ္ခုကပဲ ကိုယ့္ကို႐ူးသြပ္ေနေစတာလား။
အဆုံးသတ္ထိ စြန္႔ပစ္ခံရမယ္ဆိုရင္ေတာင္ မင္းကပဲေကာက္သိမ္းရမယ့္ အမႈိက္တစ္စ ျဖစ္ေနေပးမွာ။
ကိုယ့္အခ်စ္က ပိုင္ဆိုင္လိုစိတ္ျပင္းတာမို႔ ဆူးျခံဳထဲကပန္းတစ္ပြင့္ကို ကိုယ္က လက္ဗလာနဲ႔ ခူးမွာ။
မုန္တိုင္းမလာခင္ ၿငိမ္သက္ေနတဲ့ မင္းရဲ႕အက်င့္ကိုလည္း ကိုယ္သိတယ္။ စိတ္တိုရင္တိုသေလာက္ ေနာက္ေက်ာကို ဓားနဲ႔ထိုးတတ္တဲ့ မင္းအက်င့္ကိုလည္း ကိုယ္သိေနတယ္။
ဘာပဲျဖစ္ျဖစ္ ထင္မွတ္မထားတဲ့ အခြင့္အေရးတစ္ခုအတြက္ ေက်းဇူးတင္ပါတယ္အခ်စ္။
"ေနမေကာင္းတဲ့လူက ဆယ္နာရီဆို အိပ္သင့္ၿပီေနာ္"
ေမာ့ၾကည့္လိုက္မိေတာ့ ဘယ္အခ်ိန္ကတည္းက ဝင္လာမွန္းမသိသည့္ ဦးေလးက ခုတင္နားတြင္ရပ္လို႔ေနသည္။
အျပင္ထြက္ဖို႔ ခြင့္မေတာင္းေပးတာမို႔ ဒီေန႔ေတာ့ လုံးဝကို ဦးေလးအား စကားမေျပာႏိုင္ပါေခ်။
ေျခရင္းမွေစာင္အား တင္းတင္းဆြဲျခံဳၿပီး လွဲအိပ္လိုက္သည္။
"ဆန္ျပဳတ္စားခ်င္တယ္လို႔ ဘယ္ေကာင္က ပူဆာထားတာပါလိမ့္ေနာ္"
ေနမႈိင္းအားစေနသည္ကို သိတာေၾကာင့္ မ်က္လုံးမဖြင့္ဘဲ ျပန္ေျပာလိုက္သည္။
"ဘယ္သူက လူအိပ္ခ်ိန္ႀကီး ဆန္ျပဳတ္စားမွာလဲ"
"ဟား....ဒီကေလးဟာေတာ့ "
ရယ္သံတစ္ခ်က္ပဲၾကားၿပီး ဘာသံမွလည္း ဆက္မၾကားေတာ့ေပ။ အခန္းထဲက မထြက္ေသးမွန္းသိေပမဲ့ ဘာသံမွမထြက္ေနတာကေတာ့ ထူးဆန္းလွ၏။
သိခ်င္စိတ္ေၾကာင့္ မ်က္လုံးေလးဖြင့္ၾကည့္မိေတာ့ မိမိအားစိုက္ၾကည့္ေနသည့္ ဦးေလးက ျပံဳးျပလာသည္။
"မအိပ္ရင္လည္း ထလာခဲ့။ လူအိပ္ခ်ိန္မအိပ္တဲ့ ေမ်ာက္တစ္ေကာင္အတြက္ ငါကိုယ္တိုင္ခ်က္လာတာ။ မစားရင္ေတာ့ ေနာက္တစ္ခါ ဘာမွပူဆာဖို႔မစဥ္းစားနဲ႔"
လူပ်ိဳႀကီးတို႔ထုံးစံအတိုင္း ပြစိပြစိေျပာရင္း ယူလာသည့္ဆန္ျပဳတ္အား ျပင္ဆင္ေပးေနသည့္ ဦးေလးကိုၾကည့္ရင္း ေနမႈိင္းပါ ရယ္မိမတတ္။
ကိုယ့္ေဘးကေန ကာကြယ္ေပး၊ အေဖာ္ျပဳေပးခဲ့တဲ့လူက ေမရီဆိုရင္......၊
ကိုယ့္ကို အၿမဲ ဂ႐ုစိုက္ေပးတဲ့လူကေတာ့ ဦးေလးပဲ။
ကိုယ့္ပုံစံအမွန္ကို လက္ခံေပးႏိုင္တဲ့ ေမရီၿပီးရင္ ဒုတိယေျမာက္လူ။
ဒီလိုေၾကာက္တတ္တဲ့ ေကာင္ေလးတစ္ေယာက္ပုံစံကေန ဂ်စ္ကန္ကန္ေလးျဖစ္လာေအာင္ သင္ေပးခဲ့တဲ့ ေမရီကေတာ့ ပထမလူေပါ့။
"ျမန္ျမန္လာ.. ငါ အိမ္ျပန္ရဦးမွာ"
ငူငူငိုင္ငိုင္ထိုင္ေနသည့္ ေနမႈိင္းေၾကာင့္ ေဇာ္ရိန္ စိတ္ပင္မရွည္လာေခ်။ လူကို ေတြ႕ေတြ႕ခ်င္း စကားမေျပာကတည္းက စိတ္က မၾကည္ေတာ့တာျဖစ္သည္။
"လာၿပီဗ်။ ဦးေလးကလည္း ဒီမွာ ကြၽန္ေတာ့္လက္မွာ ဒဏ္ရာနဲ႔ေလဗ်ာ။ ဘယ္လိုလုပ္ ျမန္ျမန္လာလို႔ရမွာလဲ"
"ေျခေထာက္နဲ႔လမ္းေလၽွာက္တာ မဟုတ္ဘူးလား ေနမႈိင္း"
ေႏွးတုန္႔ေႏွးကန္လာေနရင္း လက္ကပတ္တီးကိုလည္း ျပေနေသးသည္။ မသိပါက လက္ကဒဏ္ရာႏွင့္ လမ္းေလၽွာက္ျခင္းတို႔မွာ တစ္စုံတစ္ရာ သက္ဆိုင္ေနသည့္အတိုင္း။
"အိမ္ခ်ည္းပဲ ျပန္ခ်င္ေနတာ။ မသိရင္ သူ႔ကို အိမ္မွာေစာင့္ေနမယ့္မိန္းမ ရွိတာက်လို႔"
မၾကားတၾကားေျပာဆိုသြားၿပီး ထိုင္စားေနသည့္ ေနမႈိင္းေၾကာင့္ ႐ြယ္လိုက္မိသည့္လက္ကို ျပန္သိမ္းလိုက္ရသည္။
"ဒီဟာေလးကေတာ့ ငါ့လက္ခ်က္နဲ႔ အမႈန္႔ျဖစ္ေတာ့မွာပဲ"
🥀 by J-moe-Z
"ငါလုပ္လိုက္ရရင္ေတာ့ တစ္စစီျဖစ္သြားမယ္။"
သူရဇၨ၏ ရွားရွားပါးပါးအလုပ္နားရက္ေလးတြင္ ေဇာ္ရိန္ကို စပါကတီလုပ္ေကၽြးရန္ပူဆာ၍ နားပူမခံႏိုင္သည့္အဆံုး မနက္မိုးလင္းသည္ႏွင့္ သူရဇၨရွိရာသို႔ ေဇာ္ရိန္ေရာက္လာခဲ့ရျခင္းပင္။ သို႔ေသာ္ အိမ္ရွင္က အိပ္ရာမထေသးေပ။
ေဇာ္ရိန္ေရာက္လာမွ အတူတူေဈးသြားမည္ဆိုသည့္ သူရဇၨကို အိပ္ရာထဲမွဆြဲထုတ္ရန္ ဆယ္မိနစ္ခန္႔ၾကာသြားၿပီးေနာက္ စိတ္မရွည္ေတာ့သည့္ေဇာ္ရိန္က ခုတင္ေခါင္းရင္းမွႏႈိးစက္နာရီသည္ အသံုးမလိုသည့္အတြက္ လႊင့္ပစ္မည္ဟုဆိုမွပင္ သူရဇၨတစ္ေယာက္ အလူးအလဲထလာေလသည္။ ထိုနာရီသည္ ေဇာ္ရိန္ေပးထားသည့္နာရီေလးျဖစ္၏။
"ဟာ ... မထိနဲ႔၊ မထိနဲ႔။ ငါ့အခ်စ္ေလးေပးထားတာကို။"
"မင္းေတာ့ရူးေနၿပီ။"
"ဟား ဟား ... မင္းေၾကာင့္ရူးတာပဲ ရူးပါေစေပါ့။"
"အား၊ အရူး။ မင္း ... လႊတ္စမ္းပါ။ ဘာျဖစ္ေနတာလဲ။"
ေဇာ္ရိန္ကို အိပ္ရာေပၚသို႔ဆြဲလွဲသည့္သူရဇၨေၾကာင့္ ေအာ္လိုက္သည့္အခါ
"အဲဒါဆို မင္းက အရူးကိုလင္လုပ္ရမွာေပါ့ Charmy."
ခႏၶာကိုယ္ႏွင့္ဖိထားလ်က္ေျပာသည့္ သူရဇၨေၾကာင့္ ေဇာ္ရိန္ရယ္မိသြား၏။
"ဖယ္စမ္းပါကြာ။ ငါကေတာ့ ခ်မ္းခ်မ္းစီးစီးနဲ႔ထလာရတယ္။ မင္းကေတာ့ အခုထိ ေစာင္ပံုထဲလံုးေထြးေနတုန္းပဲ။"
သူရဇၨက မလႈပ္မယွက္ႏွင့္ ေဇာ္ရိန္၏မ်က္ႏွာကို ေစ့ေစ့ၾကည့္လ်က္။
"မျမင္ဖူးဘူးလား ငါ့ကို။"
လႈပ္ရွားသြားသည့္ ေဇာ္ရိန္၏ႏႈတ္ခမ္းတစ္စံုထံ သူရဇၨအၾကည့္ေရာက္သြားၿပီး ေခါင္းငံု႔ခ်လိုက္ခ်ိန္ ေဇာ္ရိန္က ေဘးဘက္သို႔မ်က္ႏွာေစာင္းလိုက္၍ သူရဇၨမ်က္ႏွာမွာ ေဇာ္ရိန္၏လည္ပင္းနားတြင္ ရပ္သြားရသည္။
"ဖယ္ေပးေတာ့ ရဇ္"
တည္တည္ၿငိမ္ၿငိမ္၊ ခ်ိဳခ်ိဳသာသာႏွင့္ ထြက္က်လာသည့္ ေဇာ္ရိန္၏စကားသံတို႔ေၾကာင့္ သူရဇၨဖယ္ေပးလိုက္သည္။
"မ်က္ႏွာသစ္ေတာ့။ ၿပီးရင္ ဝယ္စရာရွိတာေတြလည္း ဝယ္ရဦးမယ္။"
ေျပာၿပီး အိပ္ရာေပၚမွထထြက္သြားသည့္ ေဇာ္ရိန္ကို သူရဇၨလွမ္းေခၚလိုက္သည္။
"Charmy"
ေဇာ္ရိန္လွည့္ၾကည့္လာသည္။
"စိတ္ဆိုးသြားတာေတာ့ မဟုတ္ပါဘူးေနာ္။"
"ဘာကိုစိတ္ဆိုးရမွာလဲ။ သြားစမ္းပါကြာ။ မင္းလုပ္ေနပံုနဲ႔ ေန႔လယ္ေရာက္တဲ့အထိ ဘာမွစားရမယ့္ပံုမေပၚဘူး။"
"ငါ့ကိုစားေလ။"
"ဒီေန႔က သားသတ္လြတ္။ ဟား ဟား"
ခ်စ္လွခ်ည္ရဲ႕ဆိုကာ အနားတြင္ထား၍ အရိပ္တၾကည့္ၾကည့္ျဖစ္ေနမိသည့္ သူရဇၨ၏ဘဝတြင္ Charmy သည္သာ တစ္ခုတည္းေသာတြယ္ၿငိရာျဖစ္ေသာ္လည္း တစ္ဦးတည္းေသာေသြးသားရင္းခ်ာကို ဆံုးရႈံးၿပီးခါစ ေဇာ္ရိန္အတြက္မူ ရဇ္ဆိုသည့္လူသားက သူ၏အထီးက်န္ျခင္းကိုကုစားရန္ ေဆးဝါးတစ္မ်ိဳးပင္။
......
"ငါ လာခဲ့မယ္ေနာ္ Charmy"
"ေအး၊ သေဘာပဲေဟ့။ မင္းသေဘာပဲ။"
ေက်ာက္တြင္းကိစၥႏွင့္ မႈိင္းေဝ ခရီးထြက္သြားသည့္အခါ ပစၥည္းအဝင္အထြက္မ်ားကို စစ္ေဆးၾကပ္မတ္ရန္အတြက္ ေဇာ္ရိန္အလုပ္မ်ားေန၍ သူရဇၨႏွင့္မေတြ႕ျဖစ္သည္မွာ ငါးရက္ခန္႔ရွိေနၿပီျဖစ္သည္။ ဤသည္ကို ကမ႓ာျခားသကဲ့သို႔ လြမ္းခ်င္းခ်ေနသည့္ သူရဇၨေၾကာင့္ အလုပ္ထဲသို႔လာခဲ့ရန္သာ ေခၚရေတာ့၏။
"Charmy"
"ဟ၊ ျမန္လိုက္တာ။"
"တကယ္ေတာ့ ငါေရာက္ေနၿပီးမွ မင္းကို လွမ္းၿပီးခြင့္ေတာင္းတာ။ လမ္းထိပ္ကဖုန္းရံုကေန ဆက္တာေလ၊ အဟီး။"
"အဲဒါဘာေတြလဲ။"
"ေန႔လယ္စာ။ မစားရေသးဘူးမဟုတ္လား။"
"အင္း"
"ႏွစ္နာရီထိုးေတာ့မယ္။ ေနာက္က်ေနၿပီမထင္ဘူးလား။"
"ဒီစာရင္းေတြ မွားလို႔မျဖစ္ဘူး။ ပစၥည္းေတြကႀကီးေတာ့ ကိုယ္တိုင္ျပန္စစ္မွ။"
ေျပာၿပီးသည္ႏွင့္ ေဇာ္ရိန္က စာရင္းစာရြက္မ်ားႏွင့္ရႈပ္သြားျပန္၏။ ခဏအၾကာ
"ေရာ့၊ တစ္လုပ္စား။"
အတင္းခြံ႕လာသည့္သူရဇၨေၾကာင့္ ေဇာ္ရိန္ရယ္လိုက္ၿပီး အလုပ္လုပ္လ်က္မွ ခြံ႕ေကၽြးသမၽွကို စားေနမိ၏။ ထိုစဥ္ ဖုန္းျမည္လာသျဖင့္ ေဇာ္ရိန္ေကာက္ကိုင္လိုက္ၿပီး
"ေဇာ္ရိန္ေျပာေနပါတယ္။ အမိန္႔ရွိပါခင္ဗ်ာ။"
"ေမာင္ေလး၊ အေမေလ သတိလစ္သြားတာ ေခၚမရေတာ့ဘူး။ မမျမတ္ ဆရာဝန္ကိုေတာ့ေခၚထားတယ္။ မင္းအစ္ကိုလည္းမရွိေတာ့ မင္း အိမ္ကိုလာခဲ့ေပးလို႔ရမလား။"
"ဟုတ္၊ ဟုတ္။ အခုခ်က္ခ်င္းလာခဲ့မယ္ မမျမတ္။ စိတ္ေအးေအးထားေနာ္၊ အန္တီ့အနားပဲေနေပးေနာ္။ ကၽြန္ေတာ္ အခုျပန္လာၿပီ။"
ဖုန္းခ်လိုက္ၿပီးေနာက္
"ဒုကၡပဲ။ အလုပ္ေတြမ်ားကုန္ၿပီ။"
"ကိုမႈိင္းေဝအေမ တစ္ခုခုျဖစ္တာလား။"
"အင္း"
"ငါ ဘာကူေပးရမလဲ Charmy? ဒီစာရင္းေတြ ငါဆက္လုပ္ေပးရမလား။"
"ေအး၊ ေကာင္းတယ္။ ငါေျပာျပခဲ့မယ္။ ၿပီးေတာ့ မန္ေနဂ်ာကို ကူေပးဖို႔လႊတ္လိုက္မယ္။ ၿပီးရင္ ဒီမွာ ငါ့တံဆိပ္တံုး။ အဲဒါႏွိပ္ေပးလိုက္။"
"ဟုတ္ၿပီ Charmy. စိတ္ခ်။"
......
ေနာက္တစ္ရက္တြင္ ခရီးမွခ်က္ခ်င္းျပန္လာသည့္မႈိင္းေဝမွာ သတိျပန္လည္မလာေတာ့သည့္ မိခင္ျဖစ္သူကို ႀကိဳးစားကုသရန္စီစဥ္ေနသည့္ၾကားမွ လက္လႊတ္လိုက္ရေတာ့၏။
နာေရးကိစၥမ်ားၿပီးစီး၍ ေဇာ္ရိန္အလုပ္သို႔ျပန္ေရာက္ခ်ိန္တြင္ေတာ့
"အဲဒီေန႔က စာရင္းကိုေနာက္ဆံုးကိုင္တာ သူရဇၨပါပဲ။"
"ဒါဆို ဒီစာရင္းေပ်ာက္ေနတာက သူ႔လက္ခ်က္လို႔ ေျပာခ်င္တာလား။"
"အဲဒီလိုမစြပ္စြဲဘူးဆိုေပမဲ့ အဲဒီေန႔က သူ႔လက္ထဲစာရင္းက်န္ေနတာကို တစ္ရံုးလံုးသိပါတယ္။"
ေပ်ာက္ေနသည့္ပစၥည္းက ေက်ာက္စိမ္းအရိုင္းတံုးတစ္တံုး။ အရြြယ္အစားမႀကီးမေသးလြန္းသည့္ ထိုတစ္တံုးဆိုလၽွင္ပင္ ကာလတန္ဖိုးမနည္းလွသည့္ အရည္အေသြးေကာင္းပစၥည္းပင္။
......
"ငါမဟုတ္ဘူးဆိုတာ မင္းယံုလား။"
"ငါယံုသလို သူမ်ားေတြယံုေအာင္လုပ္ဖို႔ ဘယ္လိုသက္ေသမ်ိဳးရွိလဲ။"
"Charmy"
"မရွိဘူးမဟုတ္လား။"
ေဇာ္ရိန္၏ ေအးစက္သည့္အေမးေၾကာင့္ သူရဇၨရင္ဘတ္ထဲတြင္ တင္းၾကပ္စို႔နင့္လာ၏။
"သက္ေသမရွိရင္ မင္းက မယံုဘူးေပါ့။"
"မရွိရင္ ရွိေအာင္ရွာရမယ္ေလ။"
ထင္ရက္ေလျခင္းဟူသည့္အေတြးကို သူရဇၨလစ္လ်ဴရႈလိုက္ၿပီးေနာက္
"ရွာေပးမယ္ Charmy. လတစ္ဝက္ပဲအခ်ိန္ေပး။"
ေဇာ္ရိန္ေခါင္းညိတ္လိုက္၏။
......
လတစ္ဝက္ျပည့္ရန္ သံုးရက္အလို ညေနပိုင္းတြင္ျဖစ္သည္။ ထိုေန႔က ေဇာ္ရိန္တစ္ေယာက္ သူရဇၨရွိရာသို႔ေရာက္လာကာ
"ဒီည ငါဒီမွာေနလို႔ရလား။"
"ဘာျဖစ္လာတာလဲ။ ဘယ္သူနဲ႔ ဘာျဖစ္တာလဲ။ ငါ့ကိုေျပာစမ္းပါ။"
"ဘယ္သူနဲ႔မွမျဖစ္ဘူး။ ငါ့လက္ရွိအေျခအေနနဲ႔ ေဝးတဲ့ေနရာ၊ ငါ ေပါ့ေပါ့ပါးပါးေနလို႔ရတဲ့ေနရာေလး လိုခ်င္ရံုပဲ။"
သူရဇၨ ျပံဳးလိုက္မိသည္။ ခ်စ္ရသူအတြက္ သူက ဝန္ထုပ္ဝန္ပိုးမ်ားကို ေလ်ာ့က်ေစႏိုင္သူဟူေသာ အေတြးက လက္ရွိျပႆနာမ်ားကိုပင္ ေမ့သြားေစ၏။
"Charmy, ငါက အခု ဟိုကိစၥစံုစမ္းစရာရွိတာကို သြားရမွာေလ။"
"အင္း၊ ငါ့ကားယူသြားလိုက္ေလ။"
ျငင္းမည္ျပင္ၿပီးမွ ေသာ့ကိုၾကည့္၍
"မင္းကားလည္းမဟုတ္ဘူး။ ဘယ္သူ႔ကားလဲ။"
"ငါ့အေဖရဲ႕ မစီးဘဲသိမ္းထားတဲ့ကား။"
သူရဇၨ ဆက္မေမးျဖစ္ေတာ့ပါ။ အေဖကိုသတိရၿပီး စိတ္ညစ္ညစ္ႏွင့္ထြက္လာပံုရသည့္ ေဇာ္ရိန္ကို
"ဒါဆို ငါသြားမယ္။ ဘာလုပ္ေပးခဲ့ရဦးမလဲ။"
"ရတယ္။ သြားပါ။"
......
"ကဲ၊ ငိုပဲငိုမေနနဲ႔။ ကၽြန္ေတာ္ေမးတာေျဖဦး။"
ေဇာ္ရိန္၊ သူရဇၨႏွင့္ ေဇာ္ရိန္တို႔အလုပ္မွ မန္ေနဂ်ာ၏လက္ေထာက္အမ်ိဳးသမီးတို႔ ေတြ႕ဆံုၾကျခင္း။
"ဟုတ္ကဲ့၊ ေမးပါ။"
"ကားေပၚမွာပဲျဖစ္သြားတာလို႔ ေျပာခဲ့တာေနာ္။"
ထိုအမ်ိဳးသမီးက ေခါင္းညိတ္ျပလာ၏။ သူရဇၨသည္ကေတာ့ ေခါင္းသာခါရမ္းေန၏။
ျဖစ္ပံုမွာ သူရဇၨက မန္ေနဂ်ာေနာက္သို႔လိုက္ရင္းမွ သတင္းအစအနရလာသည္က အစပ်ိဳးခဲ့သည္။ သူရဇၨလိုက္ေနရင္းမွ သံသယတို႔ပို၍ခိုင္မာလာခ်ိန္ ယမန္ေန႔ကပင္ ဝယ္လက္ႏွင့္ခ်ိန္ဆိုထားသည့္ မန္ေနဂ်ာရွိရာဆိုင္သို႔ လိုက္လာစဥ္ ထိုအမ်ိဳးသမီးႏွင့္ဆံု၍ ႏႈတ္ဆက္လာေသာေၾကာင့္ ေဇာ္ရိန္၏အလုပ္သို႔လာတိုင္း မ်က္မွန္းတန္းႏႈတ္ဆက္ေနမိသူမ်ားျဖစ္၍ အနည္းငယ္စကားေျပာမိခဲ့သည္။ ထို႔ေနာက္တြင္ မည္သည္ကစ၍မူးသြားသည္မသိ၊ သတိရခ်ိန္တြင္ ကားထဲ၌ ႏွစ္ဦးသား အဝတ္အစားတို႔ကဖရိုဖရဲႏွင့္။ ေနာက္ဆံုးတြင္ေတာ့ တစ္ညလံုးမျပန္ျဖစ္သည့္ သူ၏အခန္းသို႔သာျပန္လာကာ ေဇာ္ရိန္ကိုအသိေပး ရွင္းျပရေတာ့သည္။
သူရဇၨအတြက္ ဤကိစၥမျဖစ္ခဲ့သည္ကို ကိုယ္တိုင္ယံုၾကည္ေနမိသည္။ ေဇာ္ရိန္ကေတာ့ သိလၽွင္သိခ်င္း ေခတၱခဏၿငိမ္သြားၿပီး တစ္စံုတစ္ခုကိုေတြးေတာေနေလသည္။ ထို႔ေနာက္တြင္ သူရဇၨအား တစ္ခြန္းမၽွပင္ေမးျမန္းျခင္းမရွိဘဲ ထိုအမ်ိဳးသမီးႏွင့္သာ ေျပာေနေတာ့၏။ ယခုလည္း ကားထဲတြင္ျဖစ္ခဲ့သည္ကို အတည္ျပဳေမးျမန္းေနျပန္သည္။ ထိုအမ်ိဳးသမီးက ေခါင္းညိတ္သည့္အခါ
"သူေျပာေတာ့ သူႏိုးလာတဲ့အခ်ိန္ ဒီကအစ္မက ေနာက္ခန္းမွာ၊ သူကေရွ႕ခန္းမွာတဲ့။"
"ကၽြန္မႏိုးလာၿပီး ေနာက္ခန္းထဲေျပာင္းလိုက္ၿပီးေတာ့မွ သူႏိုးတာပါ။"
"ဒါဆို ျပႆနာက ေရွ႕ခန္းမွာျဖစ္တာေပါ့။"
"ဟုတ္ပါတယ္။"
"သူႏိုးေတာ့ driver seat မွာတဲ့။ အစ္မႏိုးလာေတာ့ ဘယ္မွာလဲ။"
အတိအက်ေမးျမန္းေနသည့္ေဇာ္ရိန္ေၾကာင့္ သူရဇၨမ်က္ႏွာပူလာသကဲ့သို႔ ထိုအမ်ိဳးသမီးကလည္း ေဇာ္ရိန္ကိုေမာ့ၾကည့္လာၿပီးမွ ရွက္ရြံ႕စြာေခါင္းျပန္ငံု႔၍
"ေဘးကခံုမွာပါ။"
"ေရွ႕ခန္းမွာက ေနာက္ခန္းလိုေတာ့ လြပ္လြပ္လပ္လပ္မရွိဘူး။"
"ေဇာ္ရိန္"
သူစိမ္းေရွ႕တြင္ျဖစ္ေန၍ အမည္အရင္းကိုသာေခၚကာ သူရဇၨတားမိသည္။ ေဇာ္ရိန္၏အေျပာတို႔က ၾကားရသည္မွာ အဆင္မေျပေတာ့ေပ။ ေဇာ္ရိန္က
"ကားဆီခဏသြားရေအာင္။"
ေျပာၿပီးထထြက္သြား၍ ေနာက္မွလိုက္ၾကရေတာ့သည္။ ေဇာ္ရိန္က ကားေရွ႕ခန္းတြင္ဝင္ထိုင္ၿပီး
"တကယ္ပဲ က်ဥ္းလြန္းတယ္ေနာ္။ ဒါနဲ႔ ဘယ္လိုမ်ားျဖစ္ႏိုင္မွာလဲ။"
"ဟို ... ခံုကို ေနာက္လွန္ခ်ၿပီး ..."
အမ်ိဳးသမီးက ကားအျပင္မွေန၍ ေဇာ္ရိန္ကိုလွမ္းေျပာေလသည္။ သူရဇၨမွာေတာ့ ေမးရဲသူႏွင့္ ေျပာရဲသူတို႔ကိုသာ ပါးစပ္အေဟာင္းသားႏွင့္ ေငးၾကည့္ေနမိေလၿပီ။
"အာ ... ဟုတ္တာေပါ့။ အဲဒါဆို အဆင္ေျပႏိုင္တယ္။"
ေျပာလ်က္မွ driver seat ကို ေနာက္သို႔ေရႊ႕၍ လွန္ခ်လိုက္ၿပီး ေနာက္လန္သြားသည့္ေဇာ္ရိန္က ထိုအမ်ိဳးသမီးကိုလွမ္းၾကည့္သည့္အခါ ထိုအမ်ိဳးသမီးက အရွက္ပိုစြာမ်က္လႊာခ်ထားလ်က္မွ ေခါင္းညိတ္ျပေနျပန္သည္။
"ဒီလိုမ်ိဳး ဟိုဘက္ခံုမွာေပါ့။"
"ဟုတ္။"
"ေသခ်ာလား။"
"ေသခ်ာပါတယ္ရွင္။"
"ကၽြန္ေတာ္ ထပ္ေမးမယ္ေနာ္။ ေသခ်ာလား။"
"ကၽြန္မ မညာပါဘူး။"
"ရွင္းသြားၿပီ။"
ခံုကိုျပန္တည့္ကာေျပာသည့္ေဇာ္ရိန္ကို သူရဇၨတို႔ႏွစ္ဦးသား ၾကည့္လိုက္မိ၏။
"ကားထဲဝင္ၿပီး ဒီခံုကို လွဲခ်ၾကည့္ေပးလို႔ရမလား။"
"ရွင္"
"မရဘူးလား။"
"ရပါတယ္။"
ထိုအမ်ိဳးသမီးက ေဇာ္ရိန္၏ေဘးသို႔ဝင္လာၿပီး ခံုကိုေနာက္လွန္ရန္ႀကိဳးစား၏။ သို႔ေသာ္ .....
"အင္း၊ လုပ္ၾကည့္ပါဦး။"
မည္သို႔မၽွလုပ္မရဘဲ ခံုကတစ္ခ်က္မေရြ႕။
ထိုအမ်ိဳးသမီး မ်က္ႏွာပ်က္လာၿပီျဖစ္၏။
"အဲဒီခံုက ညပ္ေနတာ။ ေနာက္လွန္လို႔မရဘူး။ ကၽြန္ေတာ့္အေဖကားမို႔ မစီးျဖစ္ေတာ့ ကၽြန္ေတာ္လည္းမျပင္ျဖစ္ေသးတာ။ ဆိုေတာ့ ... တစ္ခုခုမ်ား ေျပာစရာမရွိဘူးလား။"
......
"Charmy ရယ္၊ ငါ့မွာေတာ့ေလ ငါ့ကို မင္းမယံုဘူးဆိုၿပီး ရင္ေတြနာလိုက္ရတာ။ မင္းက သူခိုးဖမ္းဖို႔ ငါ့ကိုငါးစာလုပ္တာေပါ့။"
"သူခိုးဖမ္းဖို႔ရည္ရြယ္တာေတာ့ ဟုတ္တယ္။ ကားေပၚကကိစၥကေတာ့ သူတို႔ကိုကကံဆိုးခ်င္လို႔ တည့္တည့္ဝင္တိုးတာ။ မင္းလိုက္လာတာသိလို႔ ျပႆနာထပ္ေပးတာက အရႈပ္ထုပ္ျဖည္ခ်ျပသလိုျဖစ္သြားတာပဲ။ မင္းကေတာ္ေတာ္နဲ႔အေျဖမရွာႏိုင္လို႔ ငါစိတ္ေလၿပီး မင္းဆီေရာက္လာတာ။ မထင္မွတ္ဘဲ အဲဒါကကို အေျဖထြက္သြားတာပဲ။"
"Charmy?"
"ဟင္"
"ခ်စ္တယ္။"
"ရုတ္တရက္ႀကီး။"
"ငါ့ကိုယံုၾကည္တာ ေက်းဇူးတင္တယ္။ ငါ့ကိုမယံုၾကည္ဘူးဆိုၿပီး မင္းကိုအထင္လြဲေနမိတာ ေတာင္းပန္တယ္။ ၿပီးေတာ့ ငါ့ျပႆနာကိုလိုက္ရွင္းေပးေနတာေတြ အရမ္းမ်ားေနၿပီမလို႔ အားနာတယ္။ အဲဒီအတြက္ ငါ့ဘဝတစ္ခုလံုးကို မင္းကိုအပိုင္ေပးတယ္။ ငါ့ကိုသာ ထားမသြားပါနဲ႔။"
ေဇာ္ရိန္ကိုဆြဲဖက္လိုက္သည့္သူရဇၨအား ေက်ာျပင္ကိုပြတ္သပ္ေပးေနမိသည့္ ေဇာ္ရိန္မွာ ကေလးငယ္တစ္ေယာက္ကိုေခ်ာ့ေမာ့သည့္အျပံဳးႏွင့္။
🥀 by Demon
■■■ အပိုင္း (၁၁) ဆက္ရန္ ■■■
မှောင်ထဲကလူကို စမ်းတဝါးဝါး တိုက်ခိုက်နေမယ့်အစား အဲ့ဒီလူကို အလင်းရောင်ထဲကို ဆွဲခေါ်လိုက်တာကရော ပျော်စရာမကောင်းပေဘူးလား။
ဘာပဲဖြစ်ဖြစ်.....
ခင်ဗျားက ကာကွယ်ပေးချင်တဲ့လူနဲ့ မေရီက ဖျက်ဆီးပစ်ချင်တဲ့လူက တစ်ဦးတည်းမဟုတ်လား။
အထိမခံနိုင်လောက်အောင် ကာကွယ်ပေးချင်နေတဲ့ ခင်ဗျားကဘယ်သူလဲဆိုတာကို မေရီတကယ်ပဲသိချင်မိတယ်။
စီးပွားရေးကြောင့်၊ မိဘကြောင့်၊ ဂုဏ်သိက္ခာကြောင့်... ခင်ဗျားရဲ့အကာအကွယ်ကြောင့်... အကြောင်းမျိုးစုံကြောင့်နဲ့ နေမှိုင်းကို
ထိခိုက်စေလို့မရဘူးဆိုရင်တော့လည်း မေရီတို့ နှလုံးသားချင်း တိုက်ခိုက်ကြတာပေါ့။
အချစ်က နာကျင်စေဆုံးသော ဒဏ်ရာတစ်ခုမဟုတ်လား။
"စောစောအိပ်ပါ အချစ်"
ဝင်လာတဲ့ message တစ်စောင်ကြောင့် ဖုန်းကိုပင် ပစ်လွှင့်မိမတတ်။ အကြိမ်ကြိမ် block ထားတဲ့ နံပါတ်တွေထဲ ဒီတစ်ခုမပါသေးဘူးထင်ရဲ့။
သမင်နောက်ကကျားကို ဖမ်းဖို့လိုတာမို့ မင်းရဲ့ရူးသွပ်မှုကို ဒီတစ်ခါတော့ ကျေးဇူးတင်လိုက်စမ်း နေမှိုင်း။
တတူတူဝင်နေသည့်ဖုန်းသံက အချိန်ကြာလွန်းသည်။ မေရီ့ ဖုန်းသံကို ချက်ချင်းမကိုင်နိုင်လောက်အောင် သူကအလုပ်များနေပုံပဲ။
"Hello အချစ်။ ကိုယ့်ကို လွမ်းလို့လား"
သာမာန်ထက်မြူးနေသည့် နေမှိုင်းအသံကြောင့် မေရီ ရယ်မိမတတ်။ ဒီလိုလေသံနဲ့ စကားပြောနိုင်သေးတော့ ဒဏ်ရာမပြင်းပုံပါပဲ။
"ဦးလေးရဲ့မျက်နှာကိုထောက်ပြီး Chic Stone ရဲ့ ဒီဇိုင်းသစ်ကို ငါကိုယ်တိုင်ကြော်ငြာပေးမယ်"
အလောတကြီးပြောဆိုလာမည့် စကားတွေကို မကြားချင်တာမို့ ဖုန်းကို ချက်ချင်းချပစ်လိုက်သည်။ ဆက်တိုက်ဝင်လာမည့် missed call တွေအတွက်တော့ ထိုသူ့ကို block ရုံပေါ့။
ဖျတ်ခနဲစဉ်းစားလိုက်မိသည့် နေမှိုင်းပို့ထားသည့် ပုံကြမ်းတွေ။
အများစုက မေရီ့ဆီတွင် ရှိနေခဲ့တာပဲ။
ငါကိုယ်တိုင်ဝင်ပါတဲ့ပွဲဖြစ်လို့ ကြော်ငြာလည်းပေါက်ရမယ်။ နင်လည်း အောင်မြင်ရမယ်။ နင့်နောက်က အရိပ်တစ်ခုကိုလည်း ငါဖမ်းမယ်။
ပြီးရင်တော့........ ဒီလုပ်ငန်းစုကို အမွေဆက်ခံထိန်းသိမ်းခွင့်ကို ပထမဆုံးသော အပြစ်ဒဏ်အဖြစ် ငါကပဲ ပျက်စီးစေပါ့မယ်။

ခေါ်ဆိုမရသည့် missed call ပေါင်းများစွာက နေမှိုင်းအား လှောင်ရယ်ပြနေသယောင်။
အချစ်ကတော့ကွာ...လုပ်ချလိုက်ပြန်ပြီ။
ကိုယ်ချစ်တဲ့လူရဲ့ စိတ်ထားလေးတစ်ခုကို ပြောပြရမယ်ဆိုရင် ရက်စက်တယ်လို့ပဲ ဆိုရမလား။
ကော့ညွတ်နေသည့် မျက်တောင်တွေနှင့် ဆေးခြယ်ထားသည့် ဝိုင်းစက်စက်မျက်ဝန်းတွေက ဖန်တီးထုတ်လွှတ်ပါသည့် လှောင်ရိပ်သန်း အငွေ့အသက်တွေကပဲ ကိုယ့်ကို ရစ်မူးနေစေတာလား။
ထိုအကြည့်တို့နှင့်တစ်ပါတည်း တွဲဆက်ထားတဲ့
အရွဲ့တိုက်အပြုံးတစ်ခုကပဲ ကိုယ့်ကိုရူးသွပ်နေစေတာလား။
အဆုံးသတ်ထိ စွန့်ပစ်ခံရမယ်ဆိုရင်တောင် မင်းကပဲကောက်သိမ်းရမယ့် အမှိုက်တစ်စ ဖြစ်နေပေးမှာ။
ကိုယ့်အချစ်က ပိုင်ဆိုင်လိုစိတ်ပြင်းတာမို့ ဆူးခြုံထဲကပန်းတစ်ပွင့်ကို ကိုယ်က လက်ဗလာနဲ့ ခူးမှာ။
မုန်တိုင်းမလာခင် ငြိမ်သက်နေတဲ့ မင်းရဲ့အကျင့်ကိုလည်း ကိုယ်သိတယ်။ စိတ်တိုရင်တိုသလောက် နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့ မင်းအကျင့်ကိုလည်း ကိုယ်သိနေတယ်။
ဘာပဲဖြစ်ဖြစ် ထင်မှတ်မထားတဲ့ အခွင့်အရေးတစ်ခုအတွက် ကျေးဇူးတင်ပါတယ်အချစ်။
"နေမကောင်းတဲ့လူက ဆယ်နာရီဆို အိပ်သင့်ပြီနော်"
မော့ကြည့်လိုက်မိတော့ ဘယ်အချိန်ကတည်းက ဝင်လာမှန်းမသိသည့် ဦးလေးက ခုတင်နားတွင်ရပ်လို့နေသည်။
အပြင်ထွက်ဖို့ ခွင့်မတောင်းပေးတာမို့ ဒီနေ့တော့ လုံးဝကို ဦးလေးအား စကားမပြောနိုင်ပါချေ။
ခြေရင်းမှစောင်အား တင်းတင်းဆွဲခြုံပြီး လှဲအိပ်လိုက်သည်။
"ဆန်ပြုတ်စားချင်တယ်လို့ ဘယ်ကောင်က ပူဆာထားတာပါလိမ့်နော်"
နေမှိုင်းအားစနေသည်ကို သိတာကြောင့် မျက်လုံးမဖွင့်ဘဲ ပြန်ပြောလိုက်သည်။
"ဘယ်သူက လူအိပ်ချိန်ကြီး ဆန်ပြုတ်စားမှာလဲ"
"ဟား....ဒီကလေးဟာတော့ "
ရယ်သံတစ်ချက်ပဲကြားပြီး ဘာသံမှလည်း ဆက်မကြားတော့ပေ။ အခန်းထဲက မထွက်သေးမှန်းသိပေမဲ့ ဘာသံမှမထွက်နေတာကတော့ ထူးဆန်းလှ၏။
သိချင်စိတ်ကြောင့် မျက်လုံးလေးဖွင့်ကြည့်မိတော့ မိမိအားစိုက်ကြည့်နေသည့် ဦးလေးက ပြုံးပြလာသည်။
"မအိပ်ရင်လည်း ထလာခဲ့။ လူအိပ်ချိန်မအိပ်တဲ့ မျောက်တစ်ကောင်အတွက် ငါကိုယ်တိုင်ချက်လာတာ။ မစားရင်တော့ နောက်တစ်ခါ ဘာမှပူဆာဖို့မစဉ်းစားနဲ့"
လူပျိုကြီးတို့ထုံးစံအတိုင်း ပွစိပွစိပြောရင်း ယူလာသည့်ဆန်ပြုတ်အား ပြင်ဆင်ပေးနေသည့် ဦးလေးကိုကြည့်ရင်း နေမှိုင်းပါ ရယ်မိမတတ်။
ကိုယ့်ဘေးကနေ ကာကွယ်ပေး၊ အဖော်ပြုပေးခဲ့တဲ့လူက မေရီဆိုရင်......၊
ကိုယ့်ကို အမြဲ ဂရုစိုက်ပေးတဲ့လူကတော့ ဦးလေးပဲ။
ကိုယ့်ပုံစံအမှန်ကို လက်ခံပေးနိုင်တဲ့ မေရီပြီးရင် ဒုတိယမြောက်လူ။
ဒီလိုကြောက်တတ်တဲ့ ကောင်လေးတစ်ယောက်ပုံစံကနေ ဂျစ်ကန်ကန်လေးဖြစ်လာအောင် သင်ပေးခဲ့တဲ့ မေရီကတော့ ပထမလူပေါ့။
"မြန်မြန်လာ.. ငါ အိမ်ပြန်ရဦးမှာ"
ငူငူငိုင်ငိုင်ထိုင်နေသည့် နေမှိုင်းကြောင့် ဇော်ရိန် စိတ်ပင်မရှည်လာချေ။ လူကို တွေ့တွေ့ချင်း စကားမပြောကတည်းက စိတ်က မကြည်တော့တာဖြစ်သည်။
"လာပြီဗျ။ ဦးလေးကလည်း ဒီမှာ ကျွန်တော့်လက်မှာ ဒဏ်ရာနဲ့လေဗျာ။ ဘယ်လိုလုပ် မြန်မြန်လာလို့ရမှာလဲ"
"ခြေထောက်နဲ့လမ်းလျှောက်တာ မဟုတ်ဘူးလား နေမှိုင်း"
နှေးတုန့်နှေးကန်လာနေရင်း လက်ကပတ်တီးကိုလည်း ပြနေသေးသည်။ မသိပါက လက်ကဒဏ်ရာနှင့် လမ်းလျှောက်ခြင်းတို့မှာ တစ်စုံတစ်ရာ သက်ဆိုင်နေသည့်အတိုင်း။
"အိမ်ချည်းပဲ ပြန်ချင်နေတာ။ မသိရင် သူ့ကို အိမ်မှာစောင့်နေမယ့်မိန်းမ ရှိတာကျလို့"
မကြားတကြားပြောဆိုသွားပြီး ထိုင်စားနေသည့် နေမှိုင်းကြောင့် ရွယ်လိုက်မိသည့်လက်ကို ပြန်သိမ်းလိုက်ရသည်။
"ဒီဟာလေးကတော့ ငါ့လက်ချက်နဲ့ အမှုန့်ဖြစ်တော့မှာပဲ"
🥀 by J-moe-Z
"ငါလုပ်လိုက်ရရင်တော့ တစ်စစီဖြစ်သွားမယ်။"
သူရဇ္ဇ၏ ရှားရှားပါးပါးအလုပ်နားရက်လေးတွင် ဇော်ရိန်ကို စပါကတီလုပ်ကျွေးရန်ပူဆာ၍ နားပူမခံနိုင်သည့်အဆုံး မနက်မိုးလင်းသည်နှင့် သူရဇ္ဇရှိရာသို့ ဇော်ရိန်ရောက်လာခဲ့ရခြင်းပင်။ သို့သော် အိမ်ရှင်က အိပ်ရာမထသေးပေ။
ဇော်ရိန်ရောက်လာမှ အတူတူဈေးသွားမည်ဆိုသည့် သူရဇ္ဇကို အိပ်ရာထဲမှဆွဲထုတ်ရန် ဆယ်မိနစ်ခန့်ကြာသွားပြီးနောက် စိတ်မရှည်တော့သည့်ဇော်ရိန်က ခုတင်ခေါင်းရင်းမှနှိုးစက်နာရီသည် အသုံးမလိုသည့်အတွက် လွှင့်ပစ်မည်ဟုဆိုမှပင် သူရဇ္ဇတစ်ယောက် အလူးအလဲထလာလေသည်။ ထိုနာရီသည် ဇော်ရိန်ပေးထားသည့်နာရီလေးဖြစ်၏။
"ဟာ ... မထိနဲ့၊ မထိနဲ့။ ငါ့အချစ်လေးပေးထားတာကို။"
"မင်းတော့ရူးနေပြီ။"
"ဟား ဟား ... မင်းကြောင့်ရူးတာပဲ ရူးပါစေပေါ့။"
"အား၊ အရူး။ မင်း ... လွှတ်စမ်းပါ။ ဘာဖြစ်နေတာလဲ။"
ဇော်ရိန်ကို အိပ်ရာပေါ်သို့ဆွဲလှဲသည့်သူရဇ္ဇကြောင့် အော်လိုက်သည့်အခါ
"အဲဒါဆို မင်းက အရူးကိုလင်လုပ်ရမှာပေါ့ Charmy."
ခန္ဓာကိုယ်နှင့်ဖိထားလျက်ပြောသည့် သူရဇ္ဇကြောင့် ဇော်ရိန်ရယ်မိသွား၏။
"ဖယ်စမ်းပါကွာ။ ငါကတော့ ချမ်းချမ်းစီးစီးနဲ့ထလာရတယ်။ မင်းကတော့ အခုထိ စောင်ပုံထဲလုံးထွေးနေတုန်းပဲ။"
သူရဇ္ဇက မလှုပ်မယှက်နှင့် ဇော်ရိန်၏မျက်နှာကို စေ့စေ့ကြည့်လျက်။
"မမြင်ဖူးဘူးလား ငါ့ကို။"
လှုပ်ရှားသွားသည့် ဇော်ရိန်၏နှုတ်ခမ်းတစ်စုံထံ သူရဇ္ဇအကြည့်ရောက်သွားပြီး ခေါင်းငုံ့ချလိုက်ချိန် ဇော်ရိန်က ဘေးဘက်သို့မျက်နှာစောင်းလိုက်၍ သူရဇ္ဇမျက်နှာမှာ ဇော်ရိန်၏လည်ပင်းနားတွင် ရပ်သွားရသည်။
"ဖယ်ပေးတော့ ရဇ်"
တည်တည်ငြိမ်ငြိမ်၊ ချိုချိုသာသာနှင့် ထွက်ကျလာသည့် ဇော်ရိန်၏စကားသံတို့ကြောင့် သူရဇ္ဇဖယ်ပေးလိုက်သည်။
"မျက်နှာသစ်တော့။ ပြီးရင် ဝယ်စရာရှိတာတွေလည်း ဝယ်ရဦးမယ်။"
ပြောပြီး အိပ်ရာပေါ်မှထထွက်သွားသည့် ဇော်ရိန်ကို သူရဇ္ဇလှမ်းခေါ်လိုက်သည်။
"Charmy"
ဇော်ရိန်လှည့်ကြည့်လာသည်။
"စိတ်ဆိုးသွားတာတော့ မဟုတ်ပါဘူးနော်။"
"ဘာကိုစိတ်ဆိုးရမှာလဲ။ သွားစမ်းပါကွာ။ မင်းလုပ်နေပုံနဲ့ နေ့လယ်ရောက်တဲ့အထိ ဘာမှစားရမယ့်ပုံမပေါ်ဘူး။"
"ငါ့ကိုစားလေ။"
"ဒီနေ့က သားသတ်လွတ်။ ဟား ဟား"
ချစ်လှချည်ရဲ့ဆိုကာ အနားတွင်ထား၍ အရိပ်တကြည့်ကြည့်ဖြစ်နေမိသည့် သူရဇ္ဇ၏ဘဝတွင် Charmy သည်သာ တစ်ခုတည်းသောတွယ်ငြိရာဖြစ်သော်လည်း တစ်ဦးတည်းသောသွေးသားရင်းချာကို ဆုံးရှုံးပြီးခါစ ဇော်ရိန်အတွက်မူ ရဇ်ဆိုသည့်လူသားက သူ၏အထီးကျန်ခြင်းကိုကုစားရန် ဆေးဝါးတစ်မျိုးပင်။
......
"ငါ လာခဲ့မယ်နော် Charmy"
"အေး၊ သဘောပဲဟေ့။ မင်းသဘောပဲ။"
ကျောက်တွင်းကိစ္စနှင့် မှိုင်းဝေ ခရီးထွက်သွားသည့်အခါ ပစ္စည်းအဝင်အထွက်များကို စစ်ဆေးကြပ်မတ်ရန်အတွက် ဇော်ရိန်အလုပ်များနေ၍ သူရဇ္ဇနှင့်မတွေ့ဖြစ်သည်မှာ ငါးရက်ခန့်ရှိနေပြီဖြစ်သည်။ ဤသည်ကို ကမ္ဘာခြားသကဲ့သို့ လွမ်းချင်းချနေသည့် သူရဇ္ဇကြောင့် အလုပ်ထဲသို့လာခဲ့ရန်သာ ခေါ်ရတော့၏။
"Charmy"
"ဟ၊ မြန်လိုက်တာ။"
"တကယ်တော့ ငါရောက်နေပြီးမှ မင်းကို လှမ်းပြီးခွင့်တောင်းတာ။ လမ်းထိပ်ကဖုန်းရုံကနေ ဆက်တာလေ၊ အဟီး။"
"အဲဒါဘာတွေလဲ။"
"နေ့လယ်စာ။ မစားရသေးဘူးမဟုတ်လား။"
"အင်း"
"နှစ်နာရီထိုးတော့မယ်။ နောက်ကျနေပြီမထင်ဘူးလား။"
"ဒီစာရင်းတွေ မှားလို့မဖြစ်ဘူး။ ပစ္စည်းတွေကကြီးတော့ ကိုယ်တိုင်ပြန်စစ်မှ။"
ပြောပြီးသည်နှင့် ဇော်ရိန်က စာရင်းစာရွက်များနှင့်ရှုပ်သွားပြန်၏။ ခဏအကြာ
"ရော့၊ တစ်လုပ်စား။"
အတင်းခွံ့လာသည့်သူရဇ္ဇကြောင့် ဇော်ရိန်ရယ်လိုက်ပြီး အလုပ်လုပ်လျက်မှ ခွံ့ကျွေးသမျှကို စားနေမိ၏။ ထိုစဉ် ဖုန်းမြည်လာသဖြင့် ဇော်ရိန်ကောက်ကိုင်လိုက်ပြီး
"ဇော်ရိန်ပြောနေပါတယ်။ အမိန့်ရှိပါခင်ဗျာ။"
"မောင်လေး၊ အမေလေ သတိလစ်သွားတာ ခေါ်မရတော့ဘူး။ မမမြတ် ဆရာဝန်ကိုတော့ခေါ်ထားတယ်။ မင်းအစ်ကိုလည်းမရှိတော့ မင်း အိမ်ကိုလာခဲ့ပေးလို့ရမလား။"
"ဟုတ်၊ ဟုတ်။ အခုချက်ချင်းလာခဲ့မယ် မမမြတ်။ စိတ်အေးအေးထားနော်၊ အန်တီ့အနားပဲနေပေးနော်။ ကျွန်တော် အခုပြန်လာပြီ။"
ဖုန်းချလိုက်ပြီးနောက်
"ဒုက္ခပဲ။ အလုပ်တွေများကုန်ပြီ။"
"ကိုမှိုင်းဝေအမေ တစ်ခုခုဖြစ်တာလား။"
"အင်း"
"ငါ ဘာကူပေးရမလဲ Charmy? ဒီစာရင်းတွေ ငါဆက်လုပ်ပေးရမလား။"
"အေး၊ ကောင်းတယ်။ ငါပြောပြခဲ့မယ်။ ပြီးတော့ မန်နေဂျာကို ကူပေးဖို့လွှတ်လိုက်မယ်။ ပြီးရင် ဒီမှာ ငါ့တံဆိပ်တုံး။ အဲဒါနှိပ်ပေးလိုက်။"
"ဟုတ်ပြီ Charmy. စိတ်ချ။"
......
နောက်တစ်ရက်တွင် ခရီးမှချက်ချင်းပြန်လာသည့်မှိုင်းဝေမှာ သတိပြန်လည်မလာတော့သည့် မိခင်ဖြစ်သူကို ကြိုးစားကုသရန်စီစဉ်နေသည့်ကြားမှ လက်လွှတ်လိုက်ရတော့၏။
နာရေးကိစ္စများပြီးစီး၍ ဇော်ရိန်အလုပ်သို့ပြန်ရောက်ချိန်တွင်တော့
"အဲဒီနေ့က စာရင်းကိုနောက်ဆုံးကိုင်တာ သူရဇ္ဇပါပဲ။"
"ဒါဆို ဒီစာရင်းပျောက်နေတာက သူ့လက်ချက်လို့ ပြောချင်တာလား။"
"အဲဒီလိုမစွပ်စွဲဘူးဆိုပေမဲ့ အဲဒီနေ့က သူ့လက်ထဲစာရင်းကျန်နေတာကို တစ်ရုံးလုံးသိပါတယ်။"
ပျောက်နေသည့်ပစ္စည်းက ကျောက်စိမ်းအရိုင်းတုံးတစ်တုံး။ အရွယ်အစားမကြီးမသေးလွန်းသည့် ထိုတစ်တုံးဆိုလျှင်ပင် ကာလတန်ဖိုးမနည်းလှသည့် အရည်အသွေးကောင်းပစ္စည်းပင်။
......
"ငါမဟုတ်ဘူးဆိုတာ မင်းယုံလား။"
"ငါယုံသလို သူများတွေယုံအောင်လုပ်ဖို့ ဘယ်လိုသက်သေမျိုးရှိလဲ။"
"Charmy"
"မရှိဘူးမဟုတ်လား။"
ဇော်ရိန်၏ အေးစက်သည့်အမေးကြောင့် သူရဇ္ဇရင်ဘတ်ထဲတွင် တင်းကြပ်စို့နင့်လာ၏။
"သက်သေမရှိရင် မင်းက မယုံဘူးပေါ့။"
"မရှိရင် ရှိအောင်ရှာရမယ်လေ။"
ထင်ရက်လေခြင်းဟူသည့်အတွေးကို သူရဇ္ဇလစ်လျူရှုလိုက်ပြီးနောက်
"ရှာပေးမယ် Charmy. လတစ်ဝက်ပဲအချိန်ပေး။"
ဇော်ရိန်ခေါင်းညိတ်လိုက်၏။
......
လတစ်ဝက်ပြည့်ရန် သုံးရက်အလို ညနေပိုင်းတွင်ဖြစ်သည်။ ထိုနေ့က ဇော်ရိန်တစ်ယောက် သူရဇ္ဇရှိရာသို့ရောက်လာကာ
"ဒီည ငါဒီမှာနေလို့ရလား။"
"ဘာဖြစ်လာတာလဲ။ ဘယ်သူနဲ့ ဘာဖြစ်တာလဲ။ ငါ့ကိုပြောစမ်းပါ။"
"ဘယ်သူနဲ့မှမဖြစ်ဘူး။ ငါ့လက်ရှိအခြေအနေနဲ့ ဝေးတဲ့နေရာ၊ ငါ ပေါ့ပေါ့ပါးပါးနေလို့ရတဲ့နေရာလေး လိုချင်ရုံပဲ။"
သူရဇ္ဇ ပြုံးလိုက်မိသည်။ ချစ်ရသူအတွက် သူက ဝန်ထုပ်ဝန်ပိုးများကို လျော့ကျစေနိုင်သူဟူသော အတွေးက လက်ရှိပြဿနာများကိုပင် မေ့သွားစေ၏။
"Charmy, ငါက အခု ဟိုကိစ္စစုံစမ်းစရာရှိတာကို သွားရမှာလေ။"
"အင်း၊ ငါ့ကားယူသွားလိုက်လေ။"
ငြင်းမည်ပြင်ပြီးမှ သော့ကိုကြည့်၍
"မင်းကားလည်းမဟုတ်ဘူး။ ဘယ်သူ့ကားလဲ။"
"ငါ့အဖေရဲ့ မစီးဘဲသိမ်းထားတဲ့ကား။"
သူရဇ္ဇ ဆက်မမေးဖြစ်တော့ပါ။ အဖေကိုသတိရပြီး စိတ်ညစ်ညစ်နှင့်ထွက်လာပုံရသည့် ဇော်ရိန်ကို
"ဒါဆို ငါသွားမယ်။ ဘာလုပ်ပေးခဲ့ရဦးမလဲ။"
"ရတယ်။ သွားပါ။"
......
"ကဲ၊ ငိုပဲငိုမနေနဲ့။ ကျွန်တော်မေးတာဖြေဦး။"
ဇော်ရိန်၊ သူရဇ္ဇနှင့် ဇော်ရိန်တို့အလုပ်မှ မန်နေဂျာ၏လက်ထောက်အမျိုးသမီးတို့ တွေ့ဆုံကြခြင်း။
"ဟုတ်ကဲ့၊ မေးပါ။"
"ကားပေါ်မှာပဲဖြစ်သွားတာလို့ ပြောခဲ့တာနော်။"
ထိုအမျိုးသမီးက ခေါင်းညိတ်ပြလာ၏။ သူရဇ္ဇသည်ကတော့ ခေါင်းသာခါရမ်းနေ၏။
ဖြစ်ပုံမှာ သူရဇ္ဇက မန်နေဂျာနောက်သို့လိုက်ရင်းမှ သတင်းအစအနရလာသည်က အစပျိုးခဲ့သည်။ သူရဇ္ဇလိုက်နေရင်းမှ သံသယတို့ပို၍ခိုင်မာလာချိန် ယမန်နေ့ကပင် ဝယ်လက်နှင့်ချိန်ဆိုထားသည့် မန်နေဂျာရှိရာဆိုင်သို့ လိုက်လာစဉ် ထိုအမျိုးသမီးနှင့်ဆုံ၍ နှုတ်ဆက်လာသောကြောင့် ဇော်ရိန်၏အလုပ်သို့လာတိုင်း မျက်မှန်းတန်းနှုတ်ဆက်နေမိသူများဖြစ်၍ အနည်းငယ်စကားပြောမိခဲ့သည်။ ထို့နောက်တွင် မည်သည်ကစ၍မူးသွားသည်မသိ၊ သတိရချိန်တွင် ကားထဲ၌ နှစ်ဦးသား အဝတ်အစားတို့ကဖရိုဖရဲနှင့်။ နောက်ဆုံးတွင်တော့ တစ်ညလုံးမပြန်ဖြစ်သည့် သူ၏အခန်းသို့သာပြန်လာကာ ဇော်ရိန်ကိုအသိပေး ရှင်းပြရတော့သည်။
သူရဇ္ဇအတွက် ဤကိစ္စမဖြစ်ခဲ့သည်ကို ကိုယ်တိုင်ယုံကြည်နေမိသည်။ ဇော်ရိန်ကတော့ သိလျှင်သိချင်း ခေတ္တခဏငြိမ်သွားပြီး တစ်စုံတစ်ခုကိုတွေးတောနေလေသည်။ ထို့နောက်တွင် သူရဇ္ဇအား တစ်ခွန်းမျှပင်မေးမြန်းခြင်းမရှိဘဲ ထိုအမျိုးသမီးနှင့်သာ ပြောနေတော့၏။ ယခုလည်း ကားထဲတွင်ဖြစ်ခဲ့သည်ကို အတည်ပြုမေးမြန်းနေပြန်သည်။ ထိုအမျိုးသမီးက ခေါင်းညိတ်သည့်အခါ
"သူပြောတော့ သူနိုးလာတဲ့အချိန် ဒီကအစ်မက နောက်ခန်းမှာ၊ သူကရှေ့ခန်းမှာတဲ့။"
"ကျွန်မနိုးလာပြီး နောက်ခန်းထဲပြောင်းလိုက်ပြီးတော့မှ သူနိုးတာပါ။"
"ဒါဆို ပြဿနာက ရှေ့ခန်းမှာဖြစ်တာပေါ့။"
"ဟုတ်ပါတယ်။"
"သူနိုးတော့ driver seat မှာတဲ့။ အစ်မနိုးလာတော့ ဘယ်မှာလဲ။"
အတိအကျမေးမြန်းနေသည့်ဇော်ရိန်ကြောင့် သူရဇ္ဇမျက်နှာပူလာသကဲ့သို့ ထိုအမျိုးသမီးကလည်း ဇော်ရိန်ကိုမော့ကြည့်လာပြီးမှ ရှက်ရွံ့စွာခေါင်းပြန်ငုံ့၍
"ဘေးကခုံမှာပါ။"
"ရှေ့ခန်းမှာက နောက်ခန်းလိုတော့ လွပ်လွပ်လပ်လပ်မရှိဘူး။"
"ဇော်ရိန်"
သူစိမ်းရှေ့တွင်ဖြစ်နေ၍ အမည်အရင်းကိုသာခေါ်ကာ သူရဇ္ဇတားမိသည်။ ဇော်ရိန်၏အပြောတို့က ကြားရသည်မှာ အဆင်မပြေတော့ပေ။ ဇော်ရိန်က
"ကားဆီခဏသွားရအောင်။"
ပြောပြီးထထွက်သွား၍ နောက်မှလိုက်ကြရတော့သည်။ ဇော်ရိန်က ကားရှေ့ခန်းတွင်ဝင်ထိုင်ပြီး
"တကယ်ပဲ ကျဉ်းလွန်းတယ်နော်။ ဒါနဲ့ ဘယ်လိုများဖြစ်နိုင်မှာလဲ။"
"ဟို ... ခုံကို နောက်လှန်ချပြီး ..."
အမျိုးသမီးက ကားအပြင်မှနေ၍ ဇော်ရိန်ကိုလှမ်းပြောလေသည်။ သူရဇ္ဇမှာတော့ မေးရဲသူနှင့် ပြောရဲသူတို့ကိုသာ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိလေပြီ။
"အာ ... ဟုတ်တာပေါ့။ အဲဒါဆို အဆင်ပြေနိုင်တယ်။"
ပြောလျက်မှ driver seat ကို နောက်သို့ရွှေ့၍ လှန်ချလိုက်ပြီး နောက်လန်သွားသည့်ဇော်ရိန်က ထိုအမျိုးသမီးကိုလှမ်းကြည့်သည့်အခါ ထိုအမျိုးသမီးက အရှက်ပိုစွာမျက်လွှာချထားလျက်မှ ခေါင်းညိတ်ပြနေပြန်သည်။
"ဒီလိုမျိုး ဟိုဘက်ခုံမှာပေါ့။"
"ဟုတ်။"
"သေချာလား။"
"သေချာပါတယ်ရှင်။"
"ကျွန်တော် ထပ်မေးမယ်နော်။ သေချာလား။"
"ကျွန်မ မညာပါဘူး။"
"ရှင်းသွားပြီ။"
ခုံကိုပြန်တည့်ကာပြောသည့်ဇော်ရိန်ကို သူရဇ္ဇတို့နှစ်ဦးသား ကြည့်လိုက်မိ၏။
"ကားထဲဝင်ပြီး ဒီခုံကို လှဲချကြည့်ပေးလို့ရမလား။"
"ရှင်"
"မရဘူးလား။"
"ရပါတယ်။"
ထိုအမျိုးသမီးက ဇော်ရိန်၏ဘေးသို့ဝင်လာပြီး ခုံကိုနောက်လှန်ရန်ကြိုးစား၏။ သို့သော် .....
"အင်း၊ လုပ်ကြည့်ပါဦး။"
မည်သို့မျှလုပ်မရဘဲ ခုံကတစ်ချက်မရွေ့။
ထိုအမျိုးသမီး မျက်နှာပျက်လာပြီဖြစ်၏။
"အဲဒီခုံက ညပ်နေတာ။ နောက်လှန်လို့မရဘူး။ ကျွန်တော့်အဖေကားမို့ မစီးဖြစ်တော့ ကျွန်တော်လည်းမပြင်ဖြစ်သေးတာ။ ဆိုတော့ ... တစ်ခုခုများ ပြောစရာမရှိဘူးလား။"
......
"Charmy ရယ်၊ ငါ့မှာတော့လေ ငါ့ကို မင်းမယုံဘူးဆိုပြီး ရင်တွေနာလိုက်ရတာ။ မင်းက သူခိုးဖမ်းဖို့ ငါ့ကိုငါးစာလုပ်တာပေါ့။"
"သူခိုးဖမ်းဖို့ရည်ရွယ်တာတော့ ဟုတ်တယ်။ ကားပေါ်ကကိစ္စကတော့ သူတို့ကိုကကံဆိုးချင်လို့ တည့်တည့်ဝင်တိုးတာ။ မင်းလိုက်လာတာသိလို့ ပြဿနာထပ်ပေးတာက အရှုပ်ထုပ်ဖြည်ချပြသလိုဖြစ်သွားတာပဲ။ မင်းကတော်တော်နဲ့အဖြေမရှာနိုင်လို့ ငါစိတ်လေပြီး မင်းဆီရောက်လာတာ။ မထင်မှတ်ဘဲ အဲဒါကကို အဖြေထွက်သွားတာပဲ။"
"Charmy?"
"ဟင်"
"ချစ်တယ်။"
"ရုတ်တရက်ကြီး။"
"ငါ့ကိုယုံကြည်တာ ကျေးဇူးတင်တယ်။ ငါ့ကိုမယုံကြည်ဘူးဆိုပြီး မင်းကိုအထင်လွဲနေမိတာ တောင်းပန်တယ်။ ပြီးတော့ ငါ့ပြဿနာကိုလိုက်ရှင်းပေးနေတာတွေ အရမ်းများနေပြီမလို့ အားနာတယ်။ အဲဒီအတွက် ငါ့ဘဝတစ်ခုလုံးကို မင်းကိုအပိုင်ပေးတယ်။ ငါ့ကိုသာ ထားမသွားပါနဲ့။"
ဇော်ရိန်ကိုဆွဲဖက်လိုက်သည့်သူရဇ္ဇအား ကျောပြင်ကိုပွတ်သပ်ပေးနေမိသည့် ဇော်ရိန်မှာ ကလေးငယ်တစ်ယောက်ကိုချော့မော့သည့်အပြုံးနှင့်။
🥀 by Demon
■■■ အပိုင်း (၁၁) ဆက်ရန် ■■■

Коментарі