05
'ေဒၚေမရီသာ၊ ကၽြန္မေစာင့္ေနတာေလ။ လာမယ့္လာေတာ့လည္း ဖုန္းေခၚတာမဟုတ္ဘဲ လူကိုယ္တိုင္။ ေမၽွာ္ေနတာၾကာၿပီကို အခုေရာက္လာေတာ့လည္း ဘာလို႔ဝင္မေတြ႕တာလဲ။'
ျပတင္းတံခါး ခန္းစည္းအကြယ္မွေန၍ အျပင္သို႔လွမ္းၾကည့္ေနရာမွ အျမင္အာ႐ံုကိုလႈံ႕ေဆာ္လိုက္သည့္ အတိအက်မွတ္မိေနေသာ အရိပ္ကေလး။ ကားမီးကိုပိတ္လိုက္ေသာ္လည္း ျမင္လိုက္ရသည့္အခ်ိန္ခဏမွာပင္ အလြတ္ရေနသည့္ပံုရိပ္ေလးကို မွတ္မိပါသည္။ သို႔ေသာ္လည္း ကားေပၚမွဆင္းမလာပါ။
စိတ္ညစ္ေနသည္လား၊ စိတ္႐ႈပ္ေနသည္လား။
စိတ္ညစ္လၽွင္လည္း စိတ္ညစ္ေနသည့္အေၾကာင္း ရင္ဖြင့္ေစခ်င္သည္။
စိတ္႐ႈပ္ေနလၽွင္လည္း ဖြင့္ဟခ်င္စိတ္မရွိလၽွင္ပင္ ေပါက္ကြဲလိုက္ေစခ်င္သည္။
ယခုတြင္မူ သူမ၏ေကာင္းျခင္းမ်ားကို အျပည့္အဝမၽွေဝျခင္းမခံရသည့္ သၽွားျဖဴမွာ ဆိုးျခင္းမ်ားကို တစ္စိုးတစ္စိပင္မသိရပါ။
ေအးအတူပူအမၽွဆိုသည့္စကားသည္ သၽွားျဖဴဘက္မွသာအသြားရွိၿပီး တံု႔ျပန္မႈမရွိခဲ့ပါ။ မိမိဘက္မွအပူမ်ားကိုမၽွေဝႏိုင္ၿပီး သူမဘက္မွေအးခ်မ္းမႈအခ်ိဳ႕ကို လက္ခံရသည္က မည္မၽွစိတ္ခ်မ္းသာရသနည္းဟု ေမးေကာင္းေမးႏိုင္ပါသည္။ သၽွားျဖဴအေနႏွင့္ ထိုသို႔ျဖစ္ေနျခင္းက ယံုၾကည္မႈမရသကဲ့သို႔ ခံစားရသည္။ မိမိသည္ သူ႔အတြက္ ေခတၱခဏျဖစ္ေစ ၿငိမ္းခ်မ္းမႈမေပးႏိုင္ၿပီလားဟု သံသယမ်ားႏွင့္ ပူေလာင္ရသည္။
'သၽွားက မအတြက္ လူရာမဝင္ဘူးလား။'
သၽွားျဖဴသည္းခံႏိုင္သည့္ အတိုင္းအတာတစ္ခုသည္ ကုန္ဆံုးသြားေလၿပီ။ ဝင္မေတြ႕ဘဲလွည့္ျပန္သြားမည့္အျဖစ္ကို ထပ္၍အျဖစ္မခံႏိုင္ေတာ့ပါ။ ထို႔ေၾကာင့္
"သၽွား ျမင္တယ္။"
ဖုန္းကိုကိုင္ၾကည့္ၿပီး ေမရီသာကားထဲမွထြက္လာကာ အေပၚထပ္မွန္ျပတင္းသို႔ လွမ္းၾကည့္လိုက္သည္။ လႈပ္ရွားေနေသးသည့္ ခဲႏုေရာင္ပိတ္စေလးသည္သာ သက္ေသအျဖစ္က်န္သည္။ တရားခံေလးသည္ကေတာ့ ရွိမေနပါ။
ေကာ္ဖီဆိုင္ေလး၏ အေပၚထပ္အခန္းတြင္ သၽွားျဖဴေနသည္။ ေဘးဘက္ေလွကားမွ သၽွားျဖဴရွိရာပထမထပ္သို႔ ေမရီသာတက္လာခဲ့သည္။ ႏွစ္ဆစ္ခ်ိဳးထားသည့္ ေလွကားဆယ့္ရွစ္ထစ္ကို တစ္ဝက္က်ိဳးသည့္အခ်ိန္ Landing ေပၚေျခခ်မိသည္ႏွင့္ လြင့္ခနဲေရာက္လာသည့္အ႐ုပ္ေလးသည္ ေမရီသာ၏ရင္ခြင္ထဲသို႔ တည့္မတ္စြာ။
"ဘယ္လိုျဖစ္လာတာလဲ ငယ္ရယ္။ ေခ်ာ္လဲမယ္ေလကြာ။"
"က်န္ေနေသးတဲ့ ေလွကားတစ္ဆစ္ခ်ိဳးက ေဝးလြန္းေတာ့ လြမ္းလြန္းလို႔ေသရပါေတာ့မယ္။"
"ဘာလဲကြာ။ ဘယ္လိုေတြေတာင္ စကားတတ္ေနတာလဲ၊ ဟင္။"
ေမရီသာ၏ခါးကိုဖက္ကာ ရင္ခြင္သို႔ေခါင္းတိုးေဝွ႕ေနသည့္ သၽွားျဖဴသည္ ေၾကာင္ေလးတစ္ေကာင္အလား။
"ကဲ၊ အေပၚမတက္ေတာ့ဘူးလား ငယ္။ ခ်ီသြားရမွာလား။"
"အိုး ... ႏိုး ... မခ်ီရပါဘူး။ လာ ... လာ ... ပင္ပန္းမွာေတြမေတြးဘဲ ဒီကနတ္သမီးေလးလက္ကိုသာဆြဲၿပီး ေနာက္ကလိုက္ခဲ့။"
အိမ္ေနရင္းမို႔ ဆံပင္မ်ားကိုစည္းေႏွာင္မထားဘဲ ဒူးအတိဂါဝန္ခပ္ဝဲဝဲေလးႏွင့္ သူေလးက နတ္သမီးဆိုသည္ထက္ နတ္သူငယ္ေလးမ်ားႏွင့္ ပိုတူေနသည္ဟု ေမရီသာမေျပာမိေတာ့ပါ။ ျပံဳးရင္းသာ ထိုကေလးလက္ကိုဆြဲ၍ ေနာက္မွလိုက္ရေတာ့သည္။
"ေက်းဇူးပါ ငယ္။"
အိမ္ခန္းတံခါးဖြင့္သံႏွင့္ေရာေန၍ သၽွားျဖဴေသခ်ာမၾကားလိုက္ပါ။
"ဘာေျပာတာလဲ မ။"
ေမရီသာက တံခါးကိုျပန္ပိတ္လိုက္ၿပီး သၽွားျဖဴဘက္လွည့္ကာ ေခါင္းခါျပလိုက္သည္။
"ေျပာလိုက္ပါတယ္။"
ေမရီသာေခါင္းခါျပန္ေတာ့ သၽွားျဖဴတစ္ေယာက္ အနည္းငယ္ႏႈတ္ခမ္းစူလာၿပီး
"ေျပာလိုက္တာကို ဘာလဲမသဲကြဲလို႔ဟာ။"
"ဟာဟ ... ခ်စ္လိုက္တာ ငယ္။"
ဆတ္ခနဲေပြ႕ခ်ီလိုက္ေတာ့
"အေမ့ ... မ ရယ္ လန္႔လိုက္တာ ... ျဖည္းျဖည္းလုပ္ပါ။"
ဆိုဖာေပၚသို႔ ေမရီထိုင္ခ်လိုက္သည့္အခါ သၽွားျဖဴကသူမေပါင္ေပၚတြင္ ထိုင္လ်က္သား။
"ဘယ္တုန္းကတည္းက ျမင္ေနတာလဲ။"
"မျမင္ရင္ေရာ ဒီတိုင္းျပန္ထြက္သြားမွာလား။"
သၽွားျဖဴ၏အေမးတြင္ ေဒါသတို႔ကင္းေနၿပီး စိုးရိမ္ျခင္းသက္သက္သာ။
"ထြက္မသြားပါဘူး။ ေတြ႕ဖို႔လာတာပဲ၊ ေတြ႕ၿပီးမွျပန္မွာေပါ့။"
"မကို အရမ္းလြမ္းေနတာ။ အလုပ္ေတြအရမ္းမ်ားေနတာလား။ မ်က္ႏွာလည္းမလန္းဘူး။ အရမ္းပင္ပန္းေနတာထင္တယ္။"
"အင္း၊ အခု အလုပ္ေတြကို ရိပ္နဲ႔ပစ္ထားခဲ့ၿပီး ဒီကအေမာေျပေလးကိုလြမ္းလို႔ လာေတြ႕တာပဲေလ။ ခ်က္ခ်င္းဆင္းမလာတာက ဟိုမွာေဒါသထြက္ခဲ့ရေတာ့ စိတ္ၿငိမ္ေအာင္ ခဏအခ်ိန္ယူေနတာ။"
"မကို ဘယ္သူက ေဒါသထြက္ေအာင္လုပ္တာလဲ။ ဟြန္႔၊ ရန္သြားေတြ႕ေပးမယ္။ ေျပာ ေျပာ။"
"အဟား ... အဲဒီလို ခ်စ္စရာႏႈတ္ခမ္းေထာ္ေလးနဲ႔ ဘယ္သူ႔ကိုရန္ေတြ႕မလို႔လဲ။ မလုပ္ရပါဘူးေနာ္။ ဒီလိုခ်စ္စရာပံုစံေလးေတြကို ဘယ္သူမွမျမင္ေအာင္ အပိုင္သိမ္းထားမွာ။"
"ဟိ၊ ငယ္က မအပိုင္။"
မ က ငယ့္အပိုင္လို႔ မေျပာရဲပါဘူး မရယ္။
"ဒီေကာင္မေလးေတာ့ကြာ၊ တအားေတြေႁခြတာပဲ။"
ေပါင္ေပၚတင္ထား၍ အနည္းငယ္ျမင့္ေနသည့္ သၽွားျဖဴ၏ေခါင္းေလးကို ေမရီလက္ႏွင့္ထိန္းၿပီး ႏႈတ္ခမ္းႏုႏုကိုနမ္း႐ႈိက္လိုက္သည္။ တံု႔ျပန္လာသည့္အနမ္းမ်ားတြင္ နစ္ေျမာေနရင္းမွ ပန္းသီးစိမ္းရနံ႔ေလးေပ်ာက္ကာ ပူရွိန္းနံ႔အခ်ိဳ႕ကိုရလိုက္သည့္ခဏ
"ဟင္း"
အနမ္းမ်ားကိုဖယ္ခြာလိုက္သည့္ ေမရီသာေၾကာင့္ သၽွားျဖဴလန္႔သြားကာ ေပါင္ေပၚမွဆင္း၍ ေမရီသာ၏ေဘးတြင္ထိုင္လိုက္သည္။
"မ"
ေမရီသာ၏အၾကည့္မ်ားက နံရံကပ္ဗီ႐ိုအပုေလးေပၚမွ ပူရွိန္းသၾကားလံုးမ်ားထံတြင္ ၿငိမ္သက္သြားသည္။
'သူ သၾကားလံုးစားထားတာပဲ။ ကိုယ္ကသာ အဲဒီတုန္းကရခဲ့ဖူးတဲ့ အနံ႔စူးစူးတစ္ခုကို မေမ့ႏိုင္ေသးတာ မုန္းစရာေကာင္းတယ္။'
"ဟို ... sorry ငယ္၊ ငယ့္ေၾကာင့္မဟုတ္ဘူး။ ကိုယ့္အေတြးက ႐ုတ္တရက္ႀကီး အာ႐ံုေျပာင္းသြားလို႔။"
"အခုတေလာ ဘာေတြျဖစ္ေနလဲဟင္။ စိတ္ပူလို႔ေမးၾကည့္တာပါ။"
"အေထြအထူးေတာ့မဟုတ္ပါဘူး။ အိမ္ကအေဖကို ကိုယ္တို႔အေၾကာင္းဖြင့္ေျပာဖို႔ ေတြးေနလို႔ပါ။"
"အန္ကယ္က မႀကိဳက္ေလာက္ဘူးထင္ရင္ မေျပာပါနဲ႔ဦး မရယ္၊ ေနာ္။"
"အင္း။ ကိုယ္မေရာက္ခင္က ငယ္ ဘာလုပ္ေနတာလဲ။"
"သိဘူး။ လုပ္စရာေတြေတာ့လုပ္ေနတာပဲ။ ဒါေပမဲ့ အဓိကက အဲဒါေတြလုပ္ရင္း မရဲ႕ဖုန္းကိုေမၽွာ္ေနတာပဲ မွတ္မိေတာ့တယ္။ လူကိုယ္တိုင္ေရာက္ခ်လာတာေတာ့ ငယ့္အလြမ္းေတြကို ဗီးနပ္စ္ကသနားလို႔ လႊတ္လိုက္တာေနမွာေပါ့။"
"တတ္တိုင္းေျပာေတာ့ ငယ္ရယ္။"
ခ်စ္ရပါေသာကေလးငယ္ကို ေပြ႕ဖက္ထားရသည္ကပင္ လိပ္ျပာမလံုျဖစ္ေစျပန္သည္။ အေတြးမ်ားကပင္ ေမရီသာကို ႏွိပ္စက္ႏိုင္လြန္းလွပါ၏။
တဒီဒီျမည္လာေသာ ဖုန္း vibration ေၾကာင့္ ၾကည့္မိေတာ့ အရိပ္ရင့္။ ရင္ခြင္ထဲမွကေလးငယ္ကေတာ့ မ်က္ႏွာမေကာင္းေသာ္လည္း ခ်က္ခ်င္းျပံဳးျပလာကာ
"အဲဒီ့လူႀကီးကို မ်က္လွည့္ေတြထဲကလို ေဖ်ာက္ပစ္ခ်င္တာ။ ငယ့္မမ ပင္ပန္းမွာစိုးလို႔။"
ေမရီရယ္လိုက္ရင္း ဖုန္းခ်ပစ္ေတာ့
"ကိုင္ဘူးလား မ။"
"ေနာက္မွျပန္ေခၚလိုက္မယ္။"
"ငယ္ ကားနားအထိလိုက္ပို႔မယ္ေနာ္။"
'အလိုက္သိလြန္းတယ္ ငယ္။ အဲဒါေတြေၾကာင့္ ပိုၿပီးအားနာရပါတယ္။'
ႏွစ္ဦးသား မ်က္ႏွာခ်င္းဆိုင္ျဖစ္ေစရန္ ျပင္ထိုင္လိုက္ေစၿပီး သၽွားျဖဴ၏လက္ေမာင္းႏွစ္ဖက္ကို အသာကိုင္ကာ ေမရီသာ စကားေျပာဖို႔ျပင္လိုက္သည္။
"မ"
"သိတယ္။ ေနာက္ဆို ကေလးအတြက္ အခ်ိန္ေတြပိုေပးႏိုင္ေအာင္ ႀကိဳးစားပါ့မယ္။ ခဏေလးပဲသည္းခံေပးပါ၊ ခဏေလးပဲ။"
ဝဲတက္လာမည့္မ်က္ရည္တို႔ကို သၽွားျဖဴမျမင္ႏိုင္ေစရန္ ေပြ႕ဖက္ထားလိုက္သည္။
"ငယ္ နားလည္ပါတယ္ မရယ္။"
"အင္း၊ စိတ္မေကာင္းမျဖစ္နဲ႔ေတာ့။ အိမ္ထဲမွာပဲ ေအးေအးေဆးေဆးေနခဲ့ေတာ့။ ေနာက္ေန႔ဖုန္းဆက္လိုက္မယ္ေနာ္။"
"ဟုတ္"
ကိုယ္ခ်င္းခြာလိုက္ၿပီး
"လိမၼာလိုက္တဲ့ ကေလးေလး။ Good night."
"Good night မ"
မွန္ျပတင္းမွသာ သၽွားျဖဴလက္ျပႏႈတ္ဆက္ၿပီး ေမရီသာ၏ကားေလးက ေမာင္းထြက္သြားခဲ့ေလၿပီ။ ယခုညသည္ အလြမ္းေျပသည္လား၊ ရင္ေမာရသည္လားဆိုသည္ကို ကာယကံရွင္မ်ားပင္ မေရရာေတာ့ပါ။
🥀 by Demon
"နာမည္အႀကီးဆုံးေသာ Chic Stone လက္ဝတ္ရတနာ brand ပိုင္ရွင္၏ ဒုတိယသားေနမႈိင္းမွာ မူးယစ္ေဆးဝါးသုံးစြဲေနေၾကာင္းသိရ"
ထိုေခါင္းစဥ္ျဖင့္ social media ေပၚတြင္ ပြက္ေလာရိုက္ေနခဲ့သည္မွာ ေလးနာရီခန္႔ရွိၿပီျဖစ္သည္။ ႐ုပ္ရည္ေခ်ာေမာ၊ အရည္အခ်င္းရွိၿပီး တည္တည္တံ့တံ့ေနထိုင္သည့္ ေနမႈိင္းအား မူးယစ္ေဆးသုံးစြဲသည္က မျဖစ္ႏိုင္ဟု ယူဆၾကသူမ်ားကတစ္ဖြဲ႕။
ငယ္႐ြယ္သည့္ေကာင္ေလးေတြမွာ ခ်မ္းသာျခင္းအား ခံႏိုင္ရည္မရွိဟု သံေဝဂရသူမ်ားကတစ္စု။
စြပ္စြဲခံရေၾကာင္း ရွင္းျပေနသူမ်ားကလည္း အပုံပုံ။ ဘယ္လိုပင္ အျမင္မတူၾကပါေစ၊ တူညီသည္က ထိုလူသားေပါင္းေျမာက္ျမားစြာမွာ ေနမႈိင္း ေဆးစြဲသည္၊မစြဲသည္ကိုသာ သိခ်င္ေနၾကျခင္းပင္။
အုံႂကြဆူညံေနသည့္ လူထုအားၾကည့္ရင္း ေမရီၿပဳံးလိုက္သည္။ ဒီေလာက္ဆို ေမရီ၏ ပထမဆုံးသတိေပးစာေလး ေအာင္ျမင္သြားေခ်ၿပီ။ တျဖည္းျဖည္းခ်င္းေရာက္လာဦးမည့္ အဆိုးမ်ားအတြက္ ဒါက ကနဦးသတင္းေပးခ်က္ေလးတစ္ခုပင္။
ဒီလိုမ်ိဳး လိုခ်င္တာရၿပီးသည္ႏွင့္ ေမ့ေမ့ေလ်ာ့ေလ်ာ့ျဖစ္သြားတတ္သည့္ ေယာက္်ားေတြဟာ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းသည္။ ေမရီလိုမိန္းမမ်ိဳးဟာ ထိုသူအား အလြတ္ေပးမည္ထင္ေနသလား။ ၿပီးသြားၿပီဟုမ်ားမွတ္သလား။ မတိုင္ခင္က ႐ူးမူးျပၿပီး အခုမွ လူရိပ္ပင္မေတြ႕ရ။
အေပါစားဆန္လိုက္သည့္အခ်စ္။
က်စ္က်စ္ဆုပ္ထားသည့္ လက္သီးေတြမွ လက္သည္းတစ္ေခ်ာင္း က်ိဳး၍သြားသည္။ အသားထဲစိုက္ဝင္ေနသည့္ လက္သည္းအားၾကည့္မိေတာ့ ေသြးေတြကစိမ့္ယိုက်လို႔။ တစ္ခါတစ္ရံ ေဒါသေတြဟာ နာက်င္မႈအားေမ့ေလ်ာ့ေစသည္။
...................................
လူအမ်ားက သူ႔အတြက္ အိပ္မေပ်ာ္ႏိုင္ၾကခ်ိန္တြင္ ကာယကံရွင္မွာေတာ့ အိပ္ရာထက္အိပ္ေပ်ာ္လို႔ေနသည္။
တံခါးဖြင့္သံၾကားသည္ေၾကာင့္ လန္႔ႏိုးလာမိေတာ့ ေဒါသအေခ်ာင္းေခ်ာင္းထြက္ေနပုံရသည့္ ဦးေလးအားေတြ႕လိုက္ရသည္။
"ဘယ္လိုရွင္းမလဲ"
အေမးစကားႏွင့္အတူ မိမိလက္ထဲဖုန္းပစ္ေပးလာသည္ေၾကာင့္ ၾကည့္မိေတာ့ အထက္ၾကည့္ၾကည့္၊ ေအာက္ၾကည့္ၾကည့္ မိမိသတင္းမ်ားသာ။
photo edit မွန္း မသိသာေသာ္လည္း ကိုယ္ကိုယ္တိုင္ကေတာ့ ထိုပုံက မဟုတ္မွန္းသိသည္ပဲ။
'ဟက္!ေမရီက ကိုယ့္ဓာတ္ပုံအတြက္ အခ်ိန္ေပးေသးတယ္ေပါ့'
အေတြးတစ္ခုႏွင့္ျပံဳးစိစိျဖစ္မိေတာ့ မိမိေခါင္းမွာ ပူထူ၍သြားသည္။
"ငတုံးေကာင္! အဲ့ post ေတြ ငါမဖ်က္ခိုင္းထားရင္ မင္းက အိပ္ေနဦးမွာပဲမလား။ ငါေမးေနတာ မင္းရဲ႕အေဖကို ဘယ္လိုရွင္းျပမလဲဆိုတာပဲ"
ဦးေလးက မိမိအား ေခါင္းေခါက္ၿပီးေမးလာမွ သတိရသည္။
အေဖဆိုသည့္ စကားသံၾကားသည္ႏွင့္ ေနမႈိင္းမွာ မ်က္ႏွာညႇိဳး၍သြားသည္။
'အေဖ......'
တိုးတိုးတိတ္တိတ္ေခၚၾကည့္မိေတာ့ ညင္သာစြာထူးသံတစ္ခုအား နားထဲၾကားေယာင္မလာခဲ့ေခ်။
မဲ့ၿပဳံးေလးတစ္ခုအား ၿပဳံးလိုက္ၿပီး ဦးေလးအားၾကည့္လိုက္သည္။
"ရွင္းျပပါဆိုရင္ေတာ့ ႀကိဳးစားၿပီးရွင္းျပ႐ုံေပါ့။ အေၾကာင္းျပခ်က္ေတြ မလိုခ်င္ဘူးဆိုလည္း စိတ္ရွိတိုင္း ရိုက္ႏွက္သြားပါေစေတာ့။ ကြၽန္ေတာ္ ငယ္ငယ္ကလိုမဟုတ္ေတာ့ဘူး ဦးေလးရဲ႕! အေဖရိုက္မွာ မေၾကာက္ေတာ့ဘူး"
ကြၽန္ေတာ့္စကားေတြေၾကာင့္ ဦးေလး၏မ်က္ဝန္းထဲတြင္ သနားရိပ္တို႔ ျမင္လိုက္ရသလိုပင္။ ေယာက္်ားရင့္မာႀကီးျဖစ္သည္ေၾကာင့္ မည္သည့္တစ္ဦးတစ္ေယာက္ဆီကမၽွ သနားညွာတာျခင္းကို မလိုအပ္။
"ကြၽန္ေတာ့္ကိစၥ ကြၽန္ေတာ္ရွင္းမွာမို႔ မနက္ျဖန္ ကြၽန္ေတာ့္ကို တံခါးပိတ္မထားနဲ႔"
ေခါင္းအထိေစာင္ျခံဳအိပ္သြားပါေသာ ေနမႈိင္းအား ၾကည့္ရင္း သက္ျပင္းခ်မိသည္။ မိဘဆိုသည့္စကားလုံးေလး ၾကားမိသည္ႏွင့္ ထိုကေလးမွာ ေပ်ာ့ညံ့သြားတတ္စၿမဲ။ သို႔ေသာ္ သူကိုယ္တိုင္ကပင္ ဆိုးဆိုးသြမ္းသြမ္းကေလး မဟုတ္လား။
အခန္းထဲမွထြက္လာခဲ့ေပမဲ့ တံခါးေလာ့မခ်ျဖစ္ခဲ့ေခ်။
နံပါတ္တစ္ခုအားေခၚဆိုရင္း မိမိအခန္းဆီျပန္လာလိုက္သည္။
"ဟယ္လို!"
"ေဇာ္ရိန္! ငါ့သားကိစၥက ဘယ္လိုျဖစ္တာလဲ"
ၾကားရသည့္အသံမွာ အစ္ကိုက စိတ္ၿငိမ္ေနပုံရသည္။ ဘာကိစၥျဖစ္ေစ စိတ္ၿငိမ္ေနတတ္သည့္အစ္ကိုမွာ ေနမႈိင္းႏွင့္ပတ္သက္လၽွင္ ဘာလို႔မ်ား ႐ုတ္တရက္ ေဒါသႀကီးသြားသလဲဆိုတာ သူနားမလည္ေပ။
"ေကာလာဟလပါ အစ္ကိုရာ။ ကြၽန္ေတာ္ရွင္းထားတယ္၊ စိတ္မပူနဲ႔"
"ငါေမးတာ အဲ့ဒါမဟုတ္ဘူး။ ဘယ္သူက မဟုတ္မွန္းသိသိနဲ႔ ငါ့သားအေၾကာင္း ေကာလာဟလေရးရဲမလဲဆိုတာ ေမးေနတာ။"
"စိတ္ထဲမထားပါနဲ႔။ ျဖစ္ေနက် ေကာလာဟလေတြပါ။ ျပႆနာမႀကီးေစရဘူး။ ေနမႈိင္းက ဘယ္သူ႔ကိုမွ အျပစ္လုပ္မထားပါဘူး။ သတင္းစာတစ္ခုခုကေန ပါလာတာမ်ိဳးမွ မဟုတ္တာ။ ရွင္းရလြယ္ပါတယ္"
"မင္းက အေရွ႕ကေနအလိုလိုက္ေနလို႔ ေနမႈိင္းက ၾကာေလ အလိုက္မသိေလ ျဖစ္ေနတာ။ ေမးလိုက္ဦး။ ဘယ္ေတာ့အိမ္ျပန္လာမလဲလို႔။ အလုပ္ကိုလာၿပီး အိမ္ကိုေတာ့ျပန္မလာဘူး။ သူ႔အေမက သတိရေနတယ္ေျပာလိုက္။"
"ေျပာလိုက္ပါ့မယ္။ အစ္မေရာ ေနေကာင္းရဲ႕လား။ တစ္ၿမိဳ႕တည္းေနၿပီး ကြၽန္ေတာ္တို႔မေတြ႕ျဖစ္တာ ၾကာၿပီေနာ္"
"ဟုတ္သားပဲ။ အလုပ္မ်ားလာေတာ့ ညီအစ္ကိုခ်င္းေတာင္ မေတြ႕ႏိုင္ေတာ့ဘူး။ ဒါပဲကြာ၊ ငါမနက္ေစာေစာ လုပ္စရာရွိေနေသးတယ္"
ဟန္ေဆာင္ေကာင္းသည့္အစ္ကိုဟာ အစ္မအေၾကာင္းေမးလိုက္သည္ႏွင့္ ဖုန္းခ်သြားတတ္ျမဲပင္။ ႏွစ္ေတြလည္းၾကာခဲ့ၿပီ။ သူကိုယ္တိုင္လည္း ေျပာင္းလဲခဲ့ၿပီ။ အစ္ကိုကေတာ့ သံသယေတြႏွင့္ ေနထိုင္ေနဆဲ။
ဖုန္းခ်သြားမွသာ သက္ျပင္းခ်မိလိုက္သည္။
ေမရီသာဆိုသည့္ကေလးမအေၾကာင္း အစ္ကိုသိ၍မျဖစ္ေပ။ သို႔ေသာ္ ဒီအတိုင္းထား၍လည္း မရေပ။ ဒီရက္အတြင္း သူဆုံးျဖတ္ေနရသည္မွာ ႏွစ္ခုသာ။
"အမွန္လား။ အမွားလား"
ယခုကိစၥမွာ ေငြပုံေပး၍ၿပီးသြားမည့္ မိန္းမသားမ်ိဳးလည္းမဟုတ္ေပ။
ဒီေလာက္ဆို ေမရီသာလိုခ်င္သည္မွာ ေနမႈိင္း၏အသက္တစ္ေခ်ာင္း မဟုတ္ေလာက္ေခ်။ သူလိုခ်င္သည္မွာ ပ်က္စီးျခင္းတစ္ခုသာျဖစ္လိမ့္မည္။
မိမိတို႔ဘက္က မွားသည္ဆိုဦးေတာ့ လူတိုင္းမွာ ကာကြယ္ခ်င္သည့္သူ တစ္ဦးစီေတာ့ ရွိသည္မဟုတ္လား။
အမွားျဖစ္ေစ၊ အမွန္ျဖစ္ေစ မိမိကာကြယ္လိုသူဘက္သာ ေနခ်င္ၾကသည္ပဲ။
"ေမရီသာ..။ ကိုယ္တို႔ေတြ႕ၾကတာေပါ့။ မင္းမွာလည္း ဖ်က္ဆီးခြင့္ရွိသလို ငါ့မွာလည္း ကာကြယ္ခြင့္ရွိတယ္။ ေတာင္းပန္ျခင္းက မင္းရဲ႕ေဒါသကိုပိုဆြမိမွာမို႔ ကိုယ္တို႔ တိုက္ခိုက္ၾကတာေပါ့"
နင္းေျခခံလိုက္ရသည့္ ေဆးလိပ္တိုေလးအား ၾကည့္ၿပီးျပံဳးမိသည္။ မ်က္ဝန္းေတြကေတာ့ တျဖည္းျဖည္း နက္ေမွာင္လို႔။
'အမွန္ေတြကိုအားနာခဲ့ေပမဲ့ ကိုယ္မွားယြင္းပစ္မွ ျဖစ္ေတာ့မယ္။'
🥀 by J-moe-Z
အေဖ့ကို ဘယ္လိုရွင္းျပမွာလဲတဲ့လား။
အေဖက ရွင္းျပမွသိရမယ့္လူလည္းမဟုတ္ဘူး။ ဒါေပမဲ့လည္း ဦးေလးေျပာသလိုပါပဲ၊ ကၽြန္ေတာ့္ဆီကေျဖရွင္းခ်က္ကိုေတာ့ ေတာင္းပါလိမ့္မယ္။ ကိစၥရပ္တိုင္းမွာ အက်ိဳးျဖစ္ရျခင္းအေၾကာင္းဆိုတာ ေသခ်ာေပါက္ရွိေနတယ္ဆိုတဲ့စကားနဲ႔ ကၽြန္ေတာ့္ရဲ႕ေျဖရွင္းခ်က္၊ ကၽြန္ေတာ့္ရဲ႕တာဝန္ယူမႈ၊ ကၽြန္ေတာ့္ရဲ႕ခ်ိဳ႕ယြင္းခ်က္ေတြကို ကိုယ္တိုင္သံုးသပ္ျပေစခဲ့တာ။ ကၽြန္ေတာ့္ေမာင္ႏွမေတြအမွားလုပ္မိတိုင္း မွားသြားပါတယ္လို႔ ေတာင္းပန္လိုက္႐ံုနဲ႔ ခြင့္လႊတ္လိုက္တာမ်ိဳးကိုေတာ့ ကၽြန္ေတာ့္ဆီမွာမျဖစ္ခဲ့ဖူးဘူး။
Professional က်က်လုပ္ငန္းတစ္ခုလုပ္မယ္ဆိုရင္ ဆိုတာကေနစလို႔ အေဖေျပာတဲ့ဩဝါဒတိုင္းဟာ Hobby နဲ႔ Profession ကမတူဘူးဆိုတဲ့ စကားတစ္ခြန္းဆီမွာ အဆံုးသတ္တယ္။ ဝါသနာပါတဲ့အလုပ္ကိုလုပ္ရရင္ ပင္ပန္းတယ္လို႔မခံစားရဘူးဆိုတဲ့ အစ္ကိုႀကီးရဲ႕အဆိုကိုလည္း ကၽြန္ေတာ္နားမလည္ဘူး။ မိဘေတြအားကိုးတဲ့ သားေယာက္်ားေလးျဖစ္ရတာ ဘယ္ေလာက္ေကာင္းသလဲလို႔ ေျပာတတ္တဲ့ ညီမငယ္ရဲ႕စကားကိုလည္း ကၽြန္ေတာ္သေဘာမေပါက္ဘူး။ ဘာလို႔ဆို ဝါသနာဆိုတာဘာလဲလို႔ ကၽြန္ေတာ္မသိသလို မိဘကအားကိုးတယ္ဆိုတာ ဘယ္လိုမ်ိဳးလဲလို႔ ကၽြန္ေတာ္မသိခဲ့ဘူး။ ကၽြန္ေတာ္က မိသားစုမွာ သိုးမည္းတစ္ေကာင္လိုမ်ိဳး။
"အစ္ကိုက ဝါသနာပါရာေရြးခဲ့လို႔ မိသားစုလုပ္ငန္းေတြက မင္းအေပၚပံုက်ခဲ့ရင္ ေတာင္းပန္ပါတယ္။ ဒါေပမဲ့ အေဖတို႔က မင္းကို အရမ္းေမၽွာ္လင့္ထားတာမ်ိဳး အစ္ကိုမၾကံဳဖူးဘူး" တဲ့။
"ညီမေလးသာ ကိုေလးလိုမ်ိဳး သားေယာက္်ားေလးအျဖစ္နဲ႔ေမြးလာရင္ အေဖတို႔ဆီက ယံုၾကည္အားကိုးတာမ်ိဳးကို ရႏိုင္မွာလား။ ကိုေလးကို မနာလိုဘူး" တဲ့။
ဘာေတြကိုေမၽွာ္လင့္ၿပီး ဘယ္လိုအေၾကာင္းေၾကာင့္မနာလိုသလဲလို႔ ေတြးမရခဲ့ဘူး။ ကၽြန္ေတာ့္ကိုေဘာင္ခတ္ၿပီး လိုသလိုပံုသြင္းဖို႔ႀကိဳးစားတာေတြကို ကၽြန္ေတာ္ပုန္ကန္မိတိုင္း သားဆိုးတစ္ေယာက္ျဖစ္သြားရတာပဲ ကၽြန္ေတာ္သိတယ္။ ကၽြန္ေတာ္သိတာ လြတ္လပ္ျခင္းပဲ။ ငယ္ငယ္က ကၽြန္ေတာ္အဆူခံရတိုင္း ဝင္ကူေျပာေပးတတ္တဲ့ ဦးေလးကလည္း ေနာက္ပိုင္းမွာ ကၽြန္ေတာ့္အေပၚေအးစက္လာတယ္။ ကၽြန္ေတာ္ဝမ္းနည္းတိုင္း အားေပးတတ္တဲ့ ကၽြန္ေတာ့္သူငယ္ခ်င္းေလးက အခုေတာ့ ကၽြန္ေတာ့္ကိုမုန္းသြားၿပီ။ ကမ႓ာႀကီးက ဘယ္ေလာက္က်ယ္က်ယ္ ကၽြန္ေတာ့္အတြက္ကေတာ့ ကၽြန္ေတာ္တစ္ေယာက္တည္းပဲရွိတယ္။
ကၽြန္ေတာ့္ေဘးကလူတိုင္းက ကၽြန္ေတာ့္အေပၚမွာ ေႏြးေထြးမႈမေပးႏိုင္ရေအာင္ ကၽြန္ေတာ္နဲ႔မတန္လို႔လား။
"ငတံုးေကာင္တဲ့။ ငါမရွင္းရင္ မင္းဘယ္လိုရွင္းမွာလဲတဲ့။ အဟား ... ဒါဆိုလည္း ဘာလို႔ရွင္းေပးေနေသးလဲ။ ဘာလို႔ကၽြန္ေတာ့္ဆီေရာက္လာၿပီး မာန္မဲေနေသးလဲ။ တစ္ေယာက္တည္းပစ္ထားလိုက္ပါလား၊ ဟမ္။"
*ခြမ္း*
ေရစီးေၾကာင္းေလးတစ္ခု အလ်င္အျမန္ပင္ တြန္းကန္လႈပ္ရွားေနသည္။ ပါေကးကြက္မ်ားကိုျဖတ္၍ ဘယ္ညာယိမ္းကာစီးသြားသည့္ေနာက္ ေနမႈိင္း၏အာရံုက လိုက္ပါသြားသည္။ ခပ္လွမ္းလွမ္းမွအခန္းတံခါး ဝုန္းခနဲပြင့္သြားၿပီး ဝင္လာသည့္ေျခတစ္စံု။
"ဘာျဖစ္တာလဲ။"
ေရစီးေၾကာင္းေလး၏ထိပ္နားတြင္ ရပ္တန္႔သြားသည့္ ေျခဖ်ားထိပ္မွေန၍ အေပၚသို႔ေမာ့ၾကည့္ေတာ့ ေနမႈိင္းကို မ်က္ေမွာင္ၾကဳတ္ၾကည့္ေနသူ။
"ဘယ္လိုျဖစ္လို႔ ၾကမ္းျပင္ေပၚကို ေျခပစ္လက္ပစ္ ... မင္းလက္ ... မင္းလက္ေထာက္ထားတာ ဖယ္စမ္း ေနမႈိင္း။"
ဘာျဖစ္လို႔မ်ား အတင္းဖယ္ေနသည္မသိပါ။ မိမိလက္ေထာက္ထားမိရာဆီသို႔ ေနမႈိင္းၾကည့္မိသည္။ ကြဲသြားသည့္ဖန္ခြက္မွ ဖန္စအခ်ိဳ႕သည္ မိမိလက္ဖဝါးေအာက္တြင္ရွိေနသည္ပဲ။
🥀 by Demon
17 Feb 2022
■■■ အပိုင္း (၆) ဆက္ရန္ ■■■
'ဒေါ်မေရီသာ၊ ကျွန်မစောင့်နေတာလေ။ လာမယ့်လာတော့လည်း ဖုန်းခေါ်တာမဟုတ်ဘဲ လူကိုယ်တိုင်။ မျှော်နေတာကြာပြီကို အခုရောက်လာတော့လည်း ဘာလို့ဝင်မတွေ့တာလဲ။'
ပြတင်းတံခါး ခန်းစည်းအကွယ်မှနေ၍ အပြင်သို့လှမ်းကြည့်နေရာမှ အမြင်အာရုံကိုလှုံ့ဆော်လိုက်သည့် အတိအကျမှတ်မိနေသော အရိပ်ကလေး။ ကားမီးကိုပိတ်လိုက်သော်လည်း မြင်လိုက်ရသည့်အချိန်ခဏမှာပင် အလွတ်ရနေသည့်ပုံရိပ်လေးကို မှတ်မိပါသည်။ သို့သော်လည်း ကားပေါ်မှဆင်းမလာပါ။
စိတ်ညစ်နေသည်လား၊ စိတ်ရှုပ်နေသည်လား။
စိတ်ညစ်လျှင်လည်း စိတ်ညစ်နေသည့်အကြောင်း ရင်ဖွင့်စေချင်သည်။
စိတ်ရှုပ်နေလျှင်လည်း ဖွင့်ဟချင်စိတ်မရှိလျှင်ပင် ပေါက်ကွဲလိုက်စေချင်သည်။
ယခုတွင်မူ သူမ၏ကောင်းခြင်းများကို အပြည့်အဝမျှဝေခြင်းမခံရသည့် သျှားဖြူမှာ ဆိုးခြင်းများကို တစ်စိုးတစ်စိပင်မသိရပါ။
အေးအတူပူအမျှဆိုသည့်စကားသည် သျှားဖြူဘက်မှသာအသွားရှိပြီး တုံ့ပြန်မှုမရှိခဲ့ပါ။ မိမိဘက်မှအပူများကိုမျှဝေနိုင်ပြီး သူမဘက်မှအေးချမ်းမှုအချို့ကို လက်ခံရသည်က မည်မျှစိတ်ချမ်းသာရသနည်းဟု မေးကောင်းမေးနိုင်ပါသည်။ သျှားဖြူအနေနှင့် ထိုသို့ဖြစ်နေခြင်းက ယုံကြည်မှုမရသကဲ့သို့ ခံစားရသည်။ မိမိသည် သူ့အတွက် ခေတ္တခဏဖြစ်စေ ငြိမ်းချမ်းမှုမပေးနိုင်ပြီလားဟု သံသယများနှင့် ပူလောင်ရသည်။
'သျှားက မအတွက် လူရာမဝင်ဘူးလား။'
သျှားဖြူသည်းခံနိုင်သည့် အတိုင်းအတာတစ်ခုသည် ကုန်ဆုံးသွားလေပြီ။ ဝင်မတွေ့ဘဲလှည့်ပြန်သွားမည့်အဖြစ်ကို ထပ်၍အဖြစ်မခံနိုင်တော့ပါ။ ထို့ကြောင့်
"သျှား မြင်တယ်။"
ဖုန်းကိုကိုင်ကြည့်ပြီး မေရီသာကားထဲမှထွက်လာကာ အပေါ်ထပ်မှန်ပြတင်းသို့ လှမ်းကြည့်လိုက်သည်။ လှုပ်ရှားနေသေးသည့် ခဲနုရောင်ပိတ်စလေးသည်သာ သက်သေအဖြစ်ကျန်သည်။ တရားခံလေးသည်ကတော့ ရှိမနေပါ။
ကော်ဖီဆိုင်လေး၏ အပေါ်ထပ်အခန်းတွင် သျှားဖြူနေသည်။ ဘေးဘက်လှေကားမှ သျှားဖြူရှိရာပထမထပ်သို့ မေရီသာတက်လာခဲ့သည်။ နှစ်ဆစ်ချိုးထားသည့် လှေကားဆယ့်ရှစ်ထစ်ကို တစ်ဝက်ကျိုးသည့်အချိန် Landing ပေါ်ခြေချမိသည်နှင့် လွင့်ခနဲရောက်လာသည့်အရုပ်လေးသည် မေရီသာ၏ရင်ခွင်ထဲသို့ တည့်မတ်စွာ။
"ဘယ်လိုဖြစ်လာတာလဲ ငယ်ရယ်။ ချော်လဲမယ်လေကွာ။"
"ကျန်နေသေးတဲ့ လှေကားတစ်ဆစ်ချိုးက ဝေးလွန်းတော့ လွမ်းလွန်းလို့သေရပါတော့မယ်။"
"ဘာလဲကွာ။ ဘယ်လိုတွေတောင် စကားတတ်နေတာလဲ၊ ဟင်။"
မေရီသာ၏ခါးကိုဖက်ကာ ရင်ခွင်သို့ခေါင်းတိုးဝှေ့နေသည့် သျှားဖြူသည် ကြောင်လေးတစ်ကောင်အလား။
"ကဲ၊ အပေါ်မတက်တော့ဘူးလား ငယ်။ ချီသွားရမှာလား။"
"အိုး ... နိုး ... မချီရပါဘူး။ လာ ... လာ ... ပင်ပန်းမှာတွေမတွေးဘဲ ဒီကနတ်သမီးလေးလက်ကိုသာဆွဲပြီး နောက်ကလိုက်ခဲ့။"
အိမ်နေရင်းမို့ ဆံပင်များကိုစည်းနှောင်မထားဘဲ ဒူးအတိဂါဝန်ခပ်ဝဲဝဲလေးနှင့် သူလေးက နတ်သမီးဆိုသည်ထက် နတ်သူငယ်လေးများနှင့် ပိုတူနေသည်ဟု မေရီသာမပြောမိတော့ပါ။ ပြုံးရင်းသာ ထိုကလေးလက်ကိုဆွဲ၍ နောက်မှလိုက်ရတော့သည်။
"ကျေးဇူးပါ ငယ်။"
အိမ်ခန်းတံခါးဖွင့်သံနှင့်ရောနေ၍ သျှားဖြူသေချာမကြားလိုက်ပါ။
"ဘာပြောတာလဲ မ။"
မေရီသာက တံခါးကိုပြန်ပိတ်လိုက်ပြီး သျှားဖြူဘက်လှည့်ကာ ခေါင်းခါပြလိုက်သည်။
"ပြောလိုက်ပါတယ်။"
မေရီသာခေါင်းခါပြန်တော့ သျှားဖြူတစ်ယောက် အနည်းငယ်နှုတ်ခမ်းစူလာပြီး
"ပြောလိုက်တာကို ဘာလဲမသဲကွဲလို့ဟာ။"
"ဟာဟ ... ချစ်လိုက်တာ ငယ်။"
ဆတ်ခနဲပွေ့ချီလိုက်တော့
"အမေ့ ... မ ရယ် လန့်လိုက်တာ ... ဖြည်းဖြည်းလုပ်ပါ။"
ဆိုဖာပေါ်သို့ မေရီထိုင်ချလိုက်သည့်အခါ သျှားဖြူကသူမပေါင်ပေါ်တွင် ထိုင်လျက်သား။
"ဘယ်တုန်းကတည်းက မြင်နေတာလဲ။"
"မမြင်ရင်ရော ဒီတိုင်းပြန်ထွက်သွားမှာလား။"
သျှားဖြူ၏အမေးတွင် ဒေါသတို့ကင်းနေပြီး စိုးရိမ်ခြင်းသက်သက်သာ။
"ထွက်မသွားပါဘူး။ တွေ့ဖို့လာတာပဲ၊ တွေ့ပြီးမှပြန်မှာပေါ့။"
"မကို အရမ်းလွမ်းနေတာ။ အလုပ်တွေအရမ်းများနေတာလား။ မျက်နှာလည်းမလန်းဘူး။ အရမ်းပင်ပန်းနေတာထင်တယ်။"
"အင်း၊ အခု အလုပ်တွေကို ရိပ်နဲ့ပစ်ထားခဲ့ပြီး ဒီကအမောပြေလေးကိုလွမ်းလို့ လာတွေ့တာပဲလေ။ ချက်ချင်းဆင်းမလာတာက ဟိုမှာဒေါသထွက်ခဲ့ရတော့ စိတ်ငြိမ်အောင် ခဏအချိန်ယူနေတာ။"
"မကို ဘယ်သူက ဒေါသထွက်အောင်လုပ်တာလဲ။ ဟွန့်၊ ရန်သွားတွေ့ပေးမယ်။ ပြော ပြော။"
"အဟား ... အဲဒီလို ချစ်စရာနှုတ်ခမ်းထော်လေးနဲ့ ဘယ်သူ့ကိုရန်တွေ့မလို့လဲ။ မလုပ်ရပါဘူးနော်။ ဒီလိုချစ်စရာပုံစံလေးတွေကို ဘယ်သူမှမမြင်အောင် အပိုင်သိမ်းထားမှာ။"
"ဟိ၊ ငယ်က မအပိုင်။"
မ က ငယ့်အပိုင်လို့ မပြောရဲပါဘူး မရယ်။
"ဒီကောင်မလေးတော့ကွာ၊ တအားတွေခြွေတာပဲ။"
ပေါင်ပေါ်တင်ထား၍ အနည်းငယ်မြင့်နေသည့် သျှားဖြူ၏ခေါင်းလေးကို မေရီလက်နှင့်ထိန်းပြီး နှုတ်ခမ်းနုနုကိုနမ်းရှိုက်လိုက်သည်။ တုံ့ပြန်လာသည့်အနမ်းများတွင် နစ်မြောနေရင်းမှ ပန်းသီးစိမ်းရနံ့လေးပျောက်ကာ ပူရှိန်းနံ့အချို့ကိုရလိုက်သည့်ခဏ
"ဟင်း"
အနမ်းများကိုဖယ်ခွာလိုက်သည့် မေရီသာကြောင့် သျှားဖြူလန့်သွားကာ ပေါင်ပေါ်မှဆင်း၍ မေရီသာ၏ဘေးတွင်ထိုင်လိုက်သည်။
"မ"
မေရီသာ၏အကြည့်များက နံရံကပ်ဗီရိုအပုလေးပေါ်မှ ပူရှိန်းသကြားလုံးများထံတွင် ငြိမ်သက်သွားသည်။
'သူ သကြားလုံးစားထားတာပဲ။ ကိုယ်ကသာ အဲဒီတုန်းကရခဲ့ဖူးတဲ့ အနံ့စူးစူးတစ်ခုကို မမေ့နိုင်သေးတာ မုန်းစရာကောင်းတယ်။'
"ဟို ... sorry ငယ်၊ ငယ့်ကြောင့်မဟုတ်ဘူး။ ကိုယ့်အတွေးက ရုတ်တရက်ကြီး အာရုံပြောင်းသွားလို့။"
"အခုတလော ဘာတွေဖြစ်နေလဲဟင်။ စိတ်ပူလို့မေးကြည့်တာပါ။"
"အထွေအထူးတော့မဟုတ်ပါဘူး။ အိမ်ကအဖေကို ကိုယ်တို့အကြောင်းဖွင့်ပြောဖို့ တွေးနေလို့ပါ။"
"အန်ကယ်က မကြိုက်လောက်ဘူးထင်ရင် မပြောပါနဲ့ဦး မရယ်၊ နော်။"
"အင်း။ ကိုယ်မရောက်ခင်က ငယ် ဘာလုပ်နေတာလဲ။"
"သိဘူး။ လုပ်စရာတွေတော့လုပ်နေတာပဲ။ ဒါပေမဲ့ အဓိကက အဲဒါတွေလုပ်ရင်း မရဲ့ဖုန်းကိုမျှော်နေတာပဲ မှတ်မိတော့တယ်။ လူကိုယ်တိုင်ရောက်ချလာတာတော့ ငယ့်အလွမ်းတွေကို ဗီးနပ်စ်ကသနားလို့ လွှတ်လိုက်တာနေမှာပေါ့။"
"တတ်တိုင်းပြောတော့ ငယ်ရယ်။"
ချစ်ရပါသောကလေးငယ်ကို ပွေ့ဖက်ထားရသည်ကပင် လိပ်ပြာမလုံဖြစ်စေပြန်သည်။ အတွေးများကပင် မေရီသာကို နှိပ်စက်နိုင်လွန်းလှပါ၏။
တဒီဒီမြည်လာသော ဖုန်း vibration ကြောင့် ကြည့်မိတော့ အရိပ်ရင့်။ ရင်ခွင်ထဲမှကလေးငယ်ကတော့ မျက်နှာမကောင်းသော်လည်း ချက်ချင်းပြုံးပြလာကာ
"အဲဒီ့လူကြီးကို မျက်လှည့်တွေထဲကလို ဖျောက်ပစ်ချင်တာ။ ငယ့်မမ ပင်ပန်းမှာစိုးလို့။"
မေရီရယ်လိုက်ရင်း ဖုန်းချပစ်တော့
"ကိုင်ဘူးလား မ။"
"နောက်မှပြန်ခေါ်လိုက်မယ်။"
"ငယ် ကားနားအထိလိုက်ပို့မယ်နော်။"
'အလိုက်သိလွန်းတယ် ငယ်။ အဲဒါတွေကြောင့် ပိုပြီးအားနာရပါတယ်။'
နှစ်ဦးသား မျက်နှာချင်းဆိုင်ဖြစ်စေရန် ပြင်ထိုင်လိုက်စေပြီး သျှားဖြူ၏လက်မောင်းနှစ်ဖက်ကို အသာကိုင်ကာ မေရီသာ စကားပြောဖို့ပြင်လိုက်သည်။
"မ"
"သိတယ်။ နောက်ဆို ကလေးအတွက် အချိန်တွေပိုပေးနိုင်အောင် ကြိုးစားပါ့မယ်။ ခဏလေးပဲသည်းခံပေးပါ၊ ခဏလေးပဲ။"
ဝဲတက်လာမည့်မျက်ရည်တို့ကို သျှားဖြူမမြင်နိုင်စေရန် ပွေ့ဖက်ထားလိုက်သည်။
"ငယ် နားလည်ပါတယ် မရယ်။"
"အင်း၊ စိတ်မကောင်းမဖြစ်နဲ့တော့။ အိမ်ထဲမှာပဲ အေးအေးဆေးဆေးနေခဲ့တော့။ နောက်နေ့ဖုန်းဆက်လိုက်မယ်နော်။"
"ဟုတ်"
ကိုယ်ချင်းခွာလိုက်ပြီး
"လိမ္မာလိုက်တဲ့ ကလေးလေး။ Good night."
"Good night မ"
မှန်ပြတင်းမှသာ သျှားဖြူလက်ပြနှုတ်ဆက်ပြီး မေရီသာ၏ကားလေးက မောင်းထွက်သွားခဲ့လေပြီ။ ယခုညသည် အလွမ်းပြေသည်လား၊ ရင်မောရသည်လားဆိုသည်ကို ကာယကံရှင်များပင် မရေရာတော့ပါ။
🥀 by Demon
"နာမည်အကြီးဆုံးသော Chic Stone လက်ဝတ်ရတနာ brand ပိုင်ရှင်၏ ဒုတိယသားနေမှိုင်းမှာ မူးယစ်ဆေးဝါးသုံးစွဲနေကြောင်းသိရ"
ထိုခေါင်းစဉ်ဖြင့် social media ပေါ်တွင် ပွက်လောရိုက်နေခဲ့သည်မှာ လေးနာရီခန့်ရှိပြီဖြစ်သည်။ ရုပ်ရည်ချောမော၊ အရည်အချင်းရှိပြီး တည်တည်တံ့တံ့နေထိုင်သည့် နေမှိုင်းအား မူးယစ်ဆေးသုံးစွဲသည်က မဖြစ်နိုင်ဟု ယူဆကြသူများကတစ်ဖွဲ့။
ငယ်ရွယ်သည့်ကောင်လေးတွေမှာ ချမ်းသာခြင်းအား ခံနိုင်ရည်မရှိဟု သံဝေဂရသူများကတစ်စု။
စွပ်စွဲခံရကြောင်း ရှင်းပြနေသူများကလည်း အပုံပုံ။ ဘယ်လိုပင် အမြင်မတူကြပါစေ၊ တူညီသည်က ထိုလူသားပေါင်းမြောက်မြားစွာမှာ နေမှိုင်း ဆေးစွဲသည်၊မစွဲသည်ကိုသာ သိချင်နေကြခြင်းပင်။
အုံကြွဆူညံနေသည့် လူထုအားကြည့်ရင်း မေရီပြုံးလိုက်သည်။ ဒီလောက်ဆို မေရီ၏ ပထမဆုံးသတိပေးစာလေး အောင်မြင်သွားချေပြီ။ တဖြည်းဖြည်းချင်းရောက်လာဦးမည့် အဆိုးများအတွက် ဒါက ကနဦးသတင်းပေးချက်လေးတစ်ခုပင်။
ဒီလိုမျိုး လိုချင်တာရပြီးသည်နှင့် မေ့မေ့လျော့လျော့ဖြစ်သွားတတ်သည့် ယောက်ျားတွေဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ မေရီလိုမိန်းမမျိုးဟာ ထိုသူအား အလွတ်ပေးမည်ထင်နေသလား။ ပြီးသွားပြီဟုများမှတ်သလား။ မတိုင်ခင်က ရူးမူးပြပြီး အခုမှ လူရိပ်ပင်မတွေ့ရ။
အပေါစားဆန်လိုက်သည့်အချစ်။
ကျစ်ကျစ်ဆုပ်ထားသည့် လက်သီးတွေမှ လက်သည်းတစ်ချောင်း ကျိုး၍သွားသည်။ အသားထဲစိုက်ဝင်နေသည့် လက်သည်းအားကြည့်မိတော့ သွေးတွေကစိမ့်ယိုကျလို့။ တစ်ခါတစ်ရံ ဒေါသတွေဟာ နာကျင်မှုအားမေ့လျော့စေသည်။
...................................
လူအများက သူ့အတွက် အိပ်မပျော်နိုင်ကြချိန်တွင် ကာယကံရှင်မှာတော့ အိပ်ရာထက်အိပ်ပျော်လို့နေသည်။
တံခါးဖွင့်သံကြားသည်ကြောင့် လန့်နိုးလာမိတော့ ဒေါသအချောင်းချောင်းထွက်နေပုံရသည့် ဦးလေးအားတွေ့လိုက်ရသည်။
"ဘယ်လိုရှင်းမလဲ"
အမေးစကားနှင့်အတူ မိမိလက်ထဲဖုန်းပစ်ပေးလာသည်ကြောင့် ကြည့်မိတော့ အထက်ကြည့်ကြည့်၊ အောက်ကြည့်ကြည့် မိမိသတင်းများသာ။
photo edit မှန်း မသိသာသော်လည်း ကိုယ်ကိုယ်တိုင်ကတော့ ထိုပုံက မဟုတ်မှန်းသိသည်ပဲ။
'ဟက်!မေရီက ကိုယ့်ဓာတ်ပုံအတွက် အချိန်ပေးသေးတယ်ပေါ့'
အတွေးတစ်ခုနှင့်ပြုံးစိစိဖြစ်မိတော့ မိမိခေါင်းမှာ ပူထူ၍သွားသည်။
"ငတုံးကောင်! အဲ့ post တွေ ငါမဖျက်ခိုင်းထားရင် မင်းက အိပ်နေဦးမှာပဲမလား။ ငါမေးနေတာ မင်းရဲ့အဖေကို ဘယ်လိုရှင်းပြမလဲဆိုတာပဲ"
ဦးလေးက မိမိအား ခေါင်းခေါက်ပြီးမေးလာမှ သတိရသည်။
အဖေဆိုသည့် စကားသံကြားသည်နှင့် နေမှိုင်းမှာ မျက်နှာညှိုး၍သွားသည်။
'အဖေ......'
တိုးတိုးတိတ်တိတ်ခေါ်ကြည့်မိတော့ ညင်သာစွာထူးသံတစ်ခုအား နားထဲကြားယောင်မလာခဲ့ချေ။
မဲ့ပြုံးလေးတစ်ခုအား ပြုံးလိုက်ပြီး ဦးလေးအားကြည့်လိုက်သည်။
"ရှင်းပြပါဆိုရင်တော့ ကြိုးစားပြီးရှင်းပြရုံပေါ့။ အကြောင်းပြချက်တွေ မလိုချင်ဘူးဆိုလည်း စိတ်ရှိတိုင်း ရိုက်နှက်သွားပါစေတော့။ ကျွန်တော် ငယ်ငယ်ကလိုမဟုတ်တော့ဘူး ဦးလေးရဲ့! အဖေရိုက်မှာ မကြောက်တော့ဘူး"
ကျွန်တော့်စကားတွေကြောင့် ဦးလေး၏မျက်ဝန်းထဲတွင် သနားရိပ်တို့ မြင်လိုက်ရသလိုပင်။ ယောက်ျားရင့်မာကြီးဖြစ်သည်ကြောင့် မည်သည့်တစ်ဦးတစ်ယောက်ဆီကမျှ သနားညှာတာခြင်းကို မလိုအပ်။
"ကျွန်တော့်ကိစ္စ ကျွန်တော်ရှင်းမှာမို့ မနက်ဖြန် ကျွန်တော့်ကို တံခါးပိတ်မထားနဲ့"
ခေါင်းအထိစောင်ခြုံအိပ်သွားပါသော နေမှိုင်းအား ကြည့်ရင်း သက်ပြင်းချမိသည်။ မိဘဆိုသည့်စကားလုံးလေး ကြားမိသည်နှင့် ထိုကလေးမှာ ပျော့ညံ့သွားတတ်စမြဲ။ သို့သော် သူကိုယ်တိုင်ကပင် ဆိုးဆိုးသွမ်းသွမ်းကလေး မဟုတ်လား။
အခန်းထဲမှထွက်လာခဲ့ပေမဲ့ တံခါးလော့မချဖြစ်ခဲ့ချေ။
နံပါတ်တစ်ခုအားခေါ်ဆိုရင်း မိမိအခန်းဆီပြန်လာလိုက်သည်။
"ဟယ်လို!"
"ဇော်ရိန်! ငါ့သားကိစ္စက ဘယ်လိုဖြစ်တာလဲ"
ကြားရသည့်အသံမှာ အစ်ကိုက စိတ်ငြိမ်နေပုံရသည်။ ဘာကိစ္စဖြစ်စေ စိတ်ငြိမ်နေတတ်သည့်အစ်ကိုမှာ နေမှိုင်းနှင့်ပတ်သက်လျှင် ဘာလို့များ ရုတ်တရက် ဒေါသကြီးသွားသလဲဆိုတာ သူနားမလည်ပေ။
"ကောလာဟလပါ အစ်ကိုရာ။ ကျွန်တော်ရှင်းထားတယ်၊ စိတ်မပူနဲ့"
"ငါမေးတာ အဲ့ဒါမဟုတ်ဘူး။ ဘယ်သူက မဟုတ်မှန်းသိသိနဲ့ ငါ့သားအကြောင်း ကောလာဟလရေးရဲမလဲဆိုတာ မေးနေတာ။"
"စိတ်ထဲမထားပါနဲ့။ ဖြစ်နေကျ ကောလာဟလတွေပါ။ ပြဿနာမကြီးစေရဘူး။ နေမှိုင်းက ဘယ်သူ့ကိုမှ အပြစ်လုပ်မထားပါဘူး။ သတင်းစာတစ်ခုခုကနေ ပါလာတာမျိုးမှ မဟုတ်တာ။ ရှင်းရလွယ်ပါတယ်"
"မင်းက အရှေ့ကနေအလိုလိုက်နေလို့ နေမှိုင်းက ကြာလေ အလိုက်မသိလေ ဖြစ်နေတာ။ မေးလိုက်ဦး။ ဘယ်တော့အိမ်ပြန်လာမလဲလို့။ အလုပ်ကိုလာပြီး အိမ်ကိုတော့ပြန်မလာဘူး။ သူ့အမေက သတိရနေတယ်ပြောလိုက်။"
"ပြောလိုက်ပါ့မယ်။ အစ်မရော နေကောင်းရဲ့လား။ တစ်မြို့တည်းနေပြီး ကျွန်တော်တို့မတွေ့ဖြစ်တာ ကြာပြီနော်"
"ဟုတ်သားပဲ။ အလုပ်များလာတော့ ညီအစ်ကိုချင်းတောင် မတွေ့နိုင်တော့ဘူး။ ဒါပဲကွာ၊ ငါမနက်စောစော လုပ်စရာရှိနေသေးတယ်"
ဟန်ဆောင်ကောင်းသည့်အစ်ကိုဟာ အစ်မအကြောင်းမေးလိုက်သည်နှင့် ဖုန်းချသွားတတ်မြဲပင်။ နှစ်တွေလည်းကြာခဲ့ပြီ။ သူကိုယ်တိုင်လည်း ပြောင်းလဲခဲ့ပြီ။ အစ်ကိုကတော့ သံသယတွေနှင့် နေထိုင်နေဆဲ။
ဖုန်းချသွားမှသာ သက်ပြင်းချမိလိုက်သည်။
မေရီသာဆိုသည့်ကလေးမအကြောင်း အစ်ကိုသိ၍မဖြစ်ပေ။ သို့သော် ဒီအတိုင်းထား၍လည်း မရပေ။ ဒီရက်အတွင်း သူဆုံးဖြတ်နေရသည်မှာ နှစ်ခုသာ။
"အမှန်လား။ အမှားလား"
ယခုကိစ္စမှာ ငွေပုံပေး၍ပြီးသွားမည့် မိန်းမသားမျိုးလည်းမဟုတ်ပေ။
ဒီလောက်ဆို မေရီသာလိုချင်သည်မှာ နေမှိုင်း၏အသက်တစ်ချောင်း မဟုတ်လောက်ချေ။ သူလိုချင်သည်မှာ ပျက်စီးခြင်းတစ်ခုသာဖြစ်လိမ့်မည်။
မိမိတို့ဘက်က မှားသည်ဆိုဦးတော့ လူတိုင်းမှာ ကာကွယ်ချင်သည့်သူ တစ်ဦးစီတော့ ရှိသည်မဟုတ်လား။
အမှားဖြစ်စေ၊ အမှန်ဖြစ်စေ မိမိကာကွယ်လိုသူဘက်သာ နေချင်ကြသည်ပဲ။
"မေရီသာ..။ ကိုယ်တို့တွေ့ကြတာပေါ့။ မင်းမှာလည်း ဖျက်ဆီးခွင့်ရှိသလို ငါ့မှာလည်း ကာကွယ်ခွင့်ရှိတယ်။ တောင်းပန်ခြင်းက မင်းရဲ့ဒေါသကိုပိုဆွမိမှာမို့ ကိုယ်တို့ တိုက်ခိုက်ကြတာပေါ့"
နင်းခြေခံလိုက်ရသည့် ဆေးလိပ်တိုလေးအား ကြည့်ပြီးပြုံးမိသည်။ မျက်ဝန်းတွေကတော့ တဖြည်းဖြည်း နက်မှောင်လို့။
'အမှန်တွေကိုအားနာခဲ့ပေမဲ့ ကိုယ်မှားယွင်းပစ်မှ ဖြစ်တော့မယ်။'
🥀 by J-moe-Z
အဖေ့ကို ဘယ်လိုရှင်းပြမှာလဲတဲ့လား။
အဖေက ရှင်းပြမှသိရမယ့်လူလည်းမဟုတ်ဘူး။ ဒါပေမဲ့လည်း ဦးလေးပြောသလိုပါပဲ၊ ကျွန်တော့်ဆီကဖြေရှင်းချက်ကိုတော့ တောင်းပါလိမ့်မယ်။ ကိစ္စရပ်တိုင်းမှာ အကျိုးဖြစ်ရခြင်းအကြောင်းဆိုတာ သေချာပေါက်ရှိနေတယ်ဆိုတဲ့စကားနဲ့ ကျွန်တော့်ရဲ့ဖြေရှင်းချက်၊ ကျွန်တော့်ရဲ့တာဝန်ယူမှု၊ ကျွန်တော့်ရဲ့ချို့ယွင်းချက်တွေကို ကိုယ်တိုင်သုံးသပ်ပြစေခဲ့တာ။ ကျွန်တော့်မောင်နှမတွေအမှားလုပ်မိတိုင်း မှားသွားပါတယ်လို့ တောင်းပန်လိုက်ရုံနဲ့ ခွင့်လွှတ်လိုက်တာမျိုးကိုတော့ ကျွန်တော့်ဆီမှာမဖြစ်ခဲ့ဖူးဘူး။
Professional ကျကျလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် ဆိုတာကနေစလို့ အဖေပြောတဲ့ဩဝါဒတိုင်းဟာ Hobby နဲ့ Profession ကမတူဘူးဆိုတဲ့ စကားတစ်ခွန်းဆီမှာ အဆုံးသတ်တယ်။ ဝါသနာပါတဲ့အလုပ်ကိုလုပ်ရရင် ပင်ပန်းတယ်လို့မခံစားရဘူးဆိုတဲ့ အစ်ကိုကြီးရဲ့အဆိုကိုလည်း ကျွန်တော်နားမလည်ဘူး။ မိဘတွေအားကိုးတဲ့ သားယောက်ျားလေးဖြစ်ရတာ ဘယ်လောက်ကောင်းသလဲလို့ ပြောတတ်တဲ့ ညီမငယ်ရဲ့စကားကိုလည်း ကျွန်တော်သဘောမပေါက်ဘူး။ ဘာလို့ဆို ဝါသနာဆိုတာဘာလဲလို့ ကျွန်တော်မသိသလို မိဘကအားကိုးတယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ ကျွန်တော်မသိခဲ့ဘူး။ ကျွန်တော်က မိသားစုမှာ သိုးမည်းတစ်ကောင်လိုမျိုး။
"အစ်ကိုက ဝါသနာပါရာရွေးခဲ့လို့ မိသားစုလုပ်ငန်းတွေက မင်းအပေါ်ပုံကျခဲ့ရင် တောင်းပန်ပါတယ်။ ဒါပေမဲ့ အဖေတို့က မင်းကို အရမ်းမျှော်လင့်ထားတာမျိုး အစ်ကိုမကြုံဖူးဘူး" တဲ့။
"ညီမလေးသာ ကိုလေးလိုမျိုး သားယောက်ျားလေးအဖြစ်နဲ့မွေးလာရင် အဖေတို့ဆီက ယုံကြည်အားကိုးတာမျိုးကို ရနိုင်မှာလား။ ကိုလေးကို မနာလိုဘူး" တဲ့။
ဘာတွေကိုမျှော်လင့်ပြီး ဘယ်လိုအကြောင်းကြောင့်မနာလိုသလဲလို့ တွေးမရခဲ့ဘူး။ ကျွန်တော့်ကိုဘောင်ခတ်ပြီး လိုသလိုပုံသွင်းဖို့ကြိုးစားတာတွေကို ကျွန်တော်ပုန်ကန်မိတိုင်း သားဆိုးတစ်ယောက်ဖြစ်သွားရတာပဲ ကျွန်တော်သိတယ်။ ကျွန်တော်သိတာ လွတ်လပ်ခြင်းပဲ။ ငယ်ငယ်က ကျွန်တော်အဆူခံရတိုင်း ဝင်ကူပြောပေးတတ်တဲ့ ဦးလေးကလည်း နောက်ပိုင်းမှာ ကျွန်တော့်အပေါ်အေးစက်လာတယ်။ ကျွန်တော်ဝမ်းနည်းတိုင်း အားပေးတတ်တဲ့ ကျွန်တော့်သူငယ်ချင်းလေးက အခုတော့ ကျွန်တော့်ကိုမုန်းသွားပြီ။ ကမ္ဘာကြီးက ဘယ်လောက်ကျယ်ကျယ် ကျွန်တော့်အတွက်ကတော့ ကျွန်တော်တစ်ယောက်တည်းပဲရှိတယ်။
ကျွန်တော့်ဘေးကလူတိုင်းက ကျွန်တော့်အပေါ်မှာ နွေးထွေးမှုမပေးနိုင်ရအောင် ကျွန်တော်နဲ့မတန်လို့လား။
"ငတုံးကောင်တဲ့။ ငါမရှင်းရင် မင်းဘယ်လိုရှင်းမှာလဲတဲ့။ အဟား ... ဒါဆိုလည်း ဘာလို့ရှင်းပေးနေသေးလဲ။ ဘာလို့ကျွန်တော့်ဆီရောက်လာပြီး မာန်မဲနေသေးလဲ။ တစ်ယောက်တည်းပစ်ထားလိုက်ပါလား၊ ဟမ်။"
*ခွမ်း*
ရေစီးကြောင်းလေးတစ်ခု အလျင်အမြန်ပင် တွန်းကန်လှုပ်ရှားနေသည်။ ပါကေးကွက်များကိုဖြတ်၍ ဘယ်ညာယိမ်းကာစီးသွားသည့်နောက် နေမှိုင်း၏အာရုံက လိုက်ပါသွားသည်။ ခပ်လှမ်းလှမ်းမှအခန်းတံခါး ဝုန်းခနဲပွင့်သွားပြီး ဝင်လာသည့်ခြေတစ်စုံ။
"ဘာဖြစ်တာလဲ။"
ရေစီးကြောင်းလေး၏ထိပ်နားတွင် ရပ်တန့်သွားသည့် ခြေဖျားထိပ်မှနေ၍ အပေါ်သို့မော့ကြည့်တော့ နေမှိုင်းကို မျက်မှောင်ကြုတ်ကြည့်နေသူ။
"ဘယ်လိုဖြစ်လို့ ကြမ်းပြင်ပေါ်ကို ခြေပစ်လက်ပစ် ... မင်းလက် ... မင်းလက်ထောက်ထားတာ ဖယ်စမ်း နေမှိုင်း။"
ဘာဖြစ်လို့များ အတင်းဖယ်နေသည်မသိပါ။ မိမိလက်ထောက်ထားမိရာဆီသို့ နေမှိုင်းကြည့်မိသည်။ ကွဲသွားသည့်ဖန်ခွက်မှ ဖန်စအချို့သည် မိမိလက်ဖဝါးအောက်တွင်ရှိနေသည်ပဲ။
🥀 by Demon
17 Feb 2022
■■■ အပိုင်း (၆) ဆက်ရန် ■■■

Коментарі