အဇဋာ နိဒါန္း / အဇဋာ နိဒါန်း
အဂၢႏွင့္ ေရႊကၽြန္းသူ / အဂ္ဂနှင့် ရွှေကျွန်းသူ
သဲလြန္စရဲ႕ နိဂံုး / သဲလွန်စရဲ့ နိဂုံး
Final: နဂါးနက္ ရာဇဝင္ / နဂါးနက် ရာဇဝင်
သဲလြန္စရဲ႕ နိဂံုး / သဲလွန်စရဲ့ နိဂုံး
"လုပ္ၾကံသူ"

ရဲမက္ေခါင္းေဆာင္၏ေအာ္သံက ဟိန္းထြက္လာေတာ့သည္။
သူဖုန္းစားအဘိုးအိုကို အနီးအနားတြင္မေတြ႕ရေတာ့ေပ။

"သူဖုန္းစား၊ သူဖုန္းစားကိုရွာၾက"

ေဝါယာဥ္အတြင္းတြင္ေတာ့ ၿမိဳ႕စားမင္း၏လည္မ်ိဳတြင္ ဓားငယ္တစ္စင္းစိုက္ဝင္ေနၿပီး နႈတ္ခမ္းမ်ားျပာညိဳေနသည္။ သူ၏လည္ပင္းကိုအုပ္ကိုင္ထားရင္း ၿငိမ္သက္သြားေသာၿမိဳ႕စားမင္းသည္ လက္တစ္ဖက္တြင္ လက္သန္းတစ္ေခ်ာင္းကင္းမဲ့လ်က္။

▪︎

အဇဋာ၏စိတ္ထဲတြင္ ေမာရစၥ၏ ထိတ္လန္႔ေနေသာမ်က္ႏွာကို ျမင္ေယာင္ေနၿပီး မိမိတို႔ၿမိဳ႕စားမင္းမွ ပို႔ေဆာင္ေစသည့္ပစၥည္းကို စိတ္ဝင္စားမိသည့္နည္းတူ ၎တို႔ၾကားမွပတ္သက္မႈကိုလည္း သိလိုစိတ္မ်ားေပၚလာမိသည္။ ၿမိဳ႕စား၊ နယ္စားႏွင့္ သူႂကြယ္မ်ား အသတ္ခံေနရသည့္ကိစၥသည္ နဂါးနက္ဂိုဏ္းအမႈႏွင့္ ဆက္ႏြယ္ေနမည္လားဟူသည့္အေတြးက သူ(မ)ကို ၿမိဳ႕စားမင္းစံအိမ္ဆီသို႔ ဦးတည္ေစခဲ့သည္။ နံနက္အ႐ုဏ္မတက္မီ ၿမိဳ႕စားစံအိမ္ရွိရာဘက္သို႔ အဇဋာေရာက္လာခဲ့ခ်ိန္ သူ(မ)ရွိရာလမ္းက်ဥ္းေလးအတြင္းသို႔ သူဖုန္းစားအိုႀကီးတစ္ဦး ယိုင္နဲ႔စြာလွမ္းဝင္လာသည္ေၾကာင့္ သူ(မ)ေဘးကပ္ေရွာင္ေပးလိုက္သည္။

ေနာက္ထပ္လမ္းတစ္ခုဆီသို႔ သူဖုန္းစားႀကီး ေကြ႕ဝင္သြားခ်ိန္တြင္ ေျပးလာေသာေျခသံမ်ားေၾကာင့္ သူ(မ)သည္ အကြယ္တစ္ေနရာတြင္ပုန္းလၽွိဳးလိုက္သည္။ သူဖုန္းစားႀကီးသြားရာဘက္သို႔ ရဲမက္မ်ား ေျပးလိုက္သြားၾကသည္ကို ျမင္ေတြ႕လိုက္ရၿပီးမွ အဇဋာသည္ အေျခအေနမ်ားကိုစံုစမ္းရန္ ေမွာင္ရိပ္မ်ားမွတစ္ဆင့္ ရဲမက္တို႔လာရာဆီသို႔ ခ်ဥ္းကပ္လိုက္သည့္အခါတြင္ ၿမိဳ႕စားမင္းလုပ္ၾကံခံရမႈကို သိရွိခဲ့ရသည္။
ထိုသို႔အေၾကာင္းမ်ားေၾကာင့္ ေမာရစၥသည္လည္း ေဘးကင္းပါမည္လားဟု ေတြးမိလိုက္သည္။

¤

အဇဋာသည္ ျမင္းညိဳႀကီးကိုစီး၍ အဂၢ၏ဂူေပါက္နားသို႔ ေရာက္လာခဲ့ၿပီးေနာက္ ခ်ိဳးကူသံေပးလိုက္ေလလၽွင္ လင့္စင္ရွိရာသစ္ပင္ထက္မွ အသံၾကားသည္ေၾကာင့္ ေမာ့ၾကည့္လိုက္သည္။ အဂၢသည္ ႏြယ္ႀကိဳးကိုခို၍ ကၽြမ္းက်င္စြာပင္ ေျမျပင္သို႔ဆင္းသက္လာေပသည္။

"အစ္မငယ္၊ အကၽြန္႔ဆီလာသည္ပဲ။"

"ဥတၱရဆီမွ မည္သည့္သတင္းထူးသနည္း အေမာင္။"

"ထူးပါၿပီေကာ အစ္မငယ္။ အကၽြန္တို႔ေရာက္သြားၿပီး ထိုညမွာပင္ ေမာရစၥ လုပ္ၾကံသတ္ျဖတ္ခံရသည္တဲ့ေလ။ နဂါးနက္အ႐ုပ္ေလး ရင္ဘတ္ေပၚတြင္ ေတြ႕ရသည္တဲ့။"

"ပစၥည္းပို႔ေစသည့္ သုဝဏၰၿမိဳ႕စားလည္း လုပ္ၾကံခံရသည္။ လုပ္ၾကံသူက သူဖုန္းစားအေယာင္ေဆာင္၍ ပုန္းကြယ္သြားခဲ့သည္။ အစ္မငယ္ႏွင့္ဆံုခဲ့ၿပီး လူသတ္သမားဟုမသိ၍ အလြတ္ေပးလိုက္ရသည္က မခ်ိတင္ကဲပါေပ။"

"လူသတ္သမားႏွင့္ဆံုခဲ့သည္၊ ဟုတ္စ။ အစ္မငယ္ ထိခိုက္မိသည္မ်ား ....."

"မျဖစ္ခဲ့ပါ အေမာင္။"

အဂၢ၏မ်က္ဝန္းတို႔တြင္ စိုးရိမ္ေနေသာအမူအရာတို႔က အထင္းသားျဖစ္ေန၍ အဇဋာျပန္ေျဖလိုက္သည္။

"ကံသီေပ၍ေပါ့။ သတိရွိပါ အစ္မငယ္။ အကၽြန္ ပူပန္မိပါ၏။"

"စိတ္ေအးပါ အေမာင္။ အစ္မငယ္က ကိုယ္တိုင္ကာကြယ္ႏိုင္ပါသည္ေကာ။"

"ပူပန္ရသည္ေလ။ အကၽြန္႔အတြက္ အစ္မတစ္ဦးပင္မဟုတ္ပါလား။"

အဇဋာ၏ခ်ိဳျမေသာအျပံဳးတစ္ပြင့္ေၾကာင့္ အဂၢမွာ ေတြေတြေငးေငးျဖစ္သြားမိသည္။

ႀကိဳးဟူသည္ ခ်ည္ေႏွာင္တတ္ေသာသေဘာ ရွိေပသည္။

"အေမာင္သိမည္ထင္ပါသည္။ နဂါးနက္ႏွင့္ပတ္သက္ေသာ ရာဇဝတ္မႈမ်ားက သူႂကြယ္ႏွင့္ၿမိဳ႕စားမ်ား၏ အသက္မ်ားပင္။"

"မွန္ပါေပ၏။"

"သိဃၤရသူႂကြယ္၊ ေမာရဝတီၿမိဳ႕စား၊ ဥတၱရသူႂကြယ္ ေမာရစၥ၊ သုဝဏၰနဂရၿမိဳ႕စား တိကၡ၊ ၎တို႔ေလးဦးသည္ ခ်မ္းသာႂကြယ္ဝကာ အလွဴအတန္းရက္ေရာသူတို႔ပင္။ နဂါးနက္စံအိမ္ေတာ္ႏွင့္ မည္ပံုပတ္သက္ၾက၍ မည္သို႔ ရန္ၿငိဳးရွိခဲ့ၾကပါသနည္း။"

"အကၽြန္ျဖင့္ မေတြးတတ္ပါၿပီေကာ အစ္မငယ္။ ေတာတြင္းသားတစ္ဦးျဖစ္၍ ဤမၽွေသာေဝဖန္ပိုင္းျခားမႈကို မသိတတ္သည္မွာ အကၽြန္ညံ့ဖ်င္းျခင္းပါ။"

"ထိုသို႔ဆိုလိုရင္းမဟုတ္ၿပီ အေမာင္။ အေတြးမလြန္ပါေလႏွင့္။"

"အစ္မငယ္၊ အကၽြန္ သစ္သီးေတြခူးဆြတ္ထားသည္မ်ား ရွိပါသည္။ ေခတၱေစာင့္ပါ၊ ယူခဲ့ပါမည္။"

"ေကာင္းပါၿပီ အေမာင္။"

ထိုေန႔က လင့္စင္ထက္တြင္ သစ္သီးထည့္ထားေသာျခင္းငယ္ႏွင့္ လူသားႏွစ္ဦးရွိေနခဲ့ၿပီး ရယ္သံလြင္လြင္မ်ား၊ ဩရွရွစကားသံမ်ားႏွင့္ ၿမိဳင္ဆိုင္ေန၍ ေက်းငွက္တို႔ပင္ ပုန္းခိုေခ်ာင္းေျမာင္းၾကည့္ခဲ့ရသည္ဟု သစ္ပင္ႀကီးကဆိုေပလိမ့္မည္။

¤

အဇဋာ၏စံုစမ္းမႈမ်ားမွာ ဒကၡိဏနယ္စားႀကီးထံသို႔ ဦးတည္သြားခဲ့ေပသည္။ လုပ္ၾကံသတ္ျဖတ္ခံရသူေလးဦးသည္ ဒကၡိဏနယ္စားႏွင့္ ခင္မင္ရင္းစြဲရွိသည္ဟူေသာအခ်က္ကို သူ(မ)သိခဲ့ရသည္။ ဤသို႔ဆိုလၽွင္ လုပ္ၾကံသူ၏ရည္ရြယ္ရာသည္ နယ္စားမင္းထံသို႔လည္း ဦးတည္လာႏိုင္သည္။ နယ္စားမင္းသည္ ရာဇဝတ္မႈမ်ားအေၾကာင္းသိလၽွင္ ႀကိဳတင္ကာကြယ္ႏိုင္မည္ျဖစ္ေသာ္လည္း သူ(မ) ထပ္မံ၍အသိေပးခ်င္မိသည္။

ထပ္မံစံုစမ္းမႈမ်ားမွ သိခဲ့ရသည္မွာကား ယခင္နန္းဆက္၏သားေတာ္ငယ္ေလးသည္ ဖခမည္းေတာ္ယခင္မင္းႀကီး လုပ္ၾကံခံရခ်ိန္တြင္ လြတ္ေျမာက္သြားခဲ့ကာ နဂါးနက္အိမ္ေတာ္၏အေစာင့္ေရွာက္ခံ ျဖစ္ခဲ့ေပသည္။ ဤသည္ကို ေလးႏွစ္ၾကာၿပီးေသာအခါ နန္းတက္ဘုရင္မွသိရွိသြားၿပီး ယံုၾကည္ရသူတို႔ကိုေစလႊတ္၍ နဂါးနက္စံအိမ္ေတာ္ကို သုတ္သင္ေစခဲ့သည္။ ယခင္နန္းဆက္၏မင္းသားငယ္အပါအဝင္ မိသားစုဝင္တစ္ဦးမၽွအသက္မရွင္ပါဟု သိထားၾကေသာ္လည္း နဂါးနက္၏ ခုနစ္ႏွစ္အရြယ္သားေတာ္ေလးမွာ ဒဏ္ရာျပင္းထန္ေနေသာအထိိန္းေတာ္ႏွင့္အတူ ေရွာင္တိမ္းႏိုင္ခဲ့သည္ဟူေသာသတင္းက အဇဋာ၏အေတြးမ်ားကို ပြားေစသည္။

ဘုရင္မင္းျမတ္ေစလႊတ္ခဲ့ေသာ ယံုၾကည္ရသူတို႔ႏွင့္ ယခုရာဇဝတ္မႈ၏သားေကာင္မ်ားကို မည္သို႔မၽွဆက္စပ္မရသည္က အေတြးရခက္ေနေပသည္။ ဘုရင္မင္းျမတ္ေစလႊတ္သည္က ယခင္မင္းႀကီးလက္ထပ္က ေသဒဏ္က်ခံထားရသူ ရာဇဝတ္သားတစ္ဦးျဖစ္ေပသည္။ ထိုသူသည္လည္း နဂါးနက္စံအိမ္ပ်က္စီးၿပီးေနာက္ သတင္းေပ်ာက္ကြယ္သြားေသာ္လည္း ေသဒဏ္က်ခံရသူတို႔၏ မ်က္ႏွာထက္တြင္ တံဆိပ္တုန္းခတ္ႏွိပ္ခံရသည္ျဖစ္၍ ေရာက္ရာအရပ္ေဒသတြင္ သိသာထင္ရွားေနႏိုင္ေပသည္။ ယခုအခါ လုပ္ၾကံခံရသူေလးဦးတြင္ အမွတ္အသားမရွိသကဲ့သို႔ ဒကၡိဏနယ္စားသည္လည္း ခန္႔ညားလွေသာဂုဏ္သတင္းေက်ာ္ေစာသူပင္။

ရာဇဝတ္တရားခံသည္ နဂါးနက္အမည္ခံ၍လႈပ္ရွားသူ ျဖစ္ႏိုင္သကဲ့သို႔ နဂါးနက္၏သားငယ္လည္း ျဖစ္ႏိုင္ေပသည္။ လုပ္ၾကံခံရသူမ်ားႏွင့္ နယ္စားမင္းသည္လည္း ဘုရင္မင္းျမတ္၏ေစခိုင္းခံရသူမ်ား ျဖစ္ႏိုင္သကဲ့သို႔ နဂါးနက္ႏွင့္ အျခားေသာရန္ၿငိဳးရွိသူတို႔လည္း ျဖစ္ႏိုင္ေပသည္။
မည္သို႔ပင္ဆိုေစကာမူ ယခုအခ်ိန္တြင္ ထိုသူတို႔မွာ ေကာင္းသတင္းေက်ာ္ေစာသူမ်ားျဖစ္သည္။ နယ္စားမင္းသည္လည္း သူေကာင္းတစ္ဦးျဖစ္သည့္အတြက္ သတိေပးသင့္သည္ဟု သူ(မ)ထင္ျမင္မိေပသည္။ သူ(မ) အမွန္တကယ္ပင္ အသိေပးရန္ ႀကိဳးစားေနမိၿပီ။

¤

*ဇီဝက*

"အစ္မငယ္"

"အေမာင္၊ သုဝဏၰသို႔ေရာက္ေနသည္ပဲ။"

"အကၽြန္ေတြးေနသည္က ေခတၱေနလၽွင္ လင္းယုန္ဘက္သို႔ သြားေရာက္ေမးျမန္းၾကည့္မည္ေပါ့။"

"ယခုေတာ့ မလိုအပ္ေတာ့ၿပီေပါ့ကြယ္။ ေဆးျမစ္လိုသည္ဆို၍ လုပ္သားမ်ားကိုမခိုင္းေတာ့ဘဲ အစ္မငယ္ထြက္လာခဲ့သည္မွာ မွန္သြားေခ်ၿပီေကာ။"

"အဆင္သင့္ပါဘိ အစ္မငယ္။ အကၽြန္ ယေန႔မွပင္ ေငြသားအေတာ္မ်ားမ်ားရလိုက္သည္။ ေရွ႕နားကဆိုင္တြင္ အစ္မငယ္ကို ဧည့္ခံလိုပါသည္။"

"မေတာ္ပါေလ။ သုဝဏၰသို႔ေရာက္လာသည့္ဧည့္သည္က အိမ္ရွင္ကိုျပဳစုသည္တဲ့လား။ အၿမိဳ႕ၿမိဳ႕အနယ္နယ္က ၾကားလို႔မွမသင့္ေတာ္၊ လင္းယုန္ဂုဏ္က်ပါသည္ေလ။ အစ္မငယ္ကသာ ဧည့္ခံသင့္သည္မို႔ လိုက္မွာသာလိုက္ခဲ့ပါေလ။ ယခုက အေမာင့္ဂူနားတြင္မွ မဟုတ္သည္ပဲ။"

"ဟား ဟား ဟား။ နာခံလ်က္ပါ သခင္မဘုရာ့။"

"က်ီစယ္ျပန္ပါၿပီေကာ။ သြားၾကပါစို႔ အဂၢ။"

▪︎

"အစ္မငယ္က ဒကၡိဏသို႔သြားလိုသည္တဲ့လား။"

"မွန္ေပသည္။"

"အလုပ္ကိစၥရွိသည္လား။"

"ပစၥည္းပို႔ရန္ရွိေပသည္။"

"ေဝးလံလွသည္မို႔ တစ္ဦးတည္းေတာ့မသြားပါႏွင့္ အစ္မငယ္။"

"တစ္ဦးတည္းလႈပ္ရွားသည္က မ်ားခဲ့သည္မို႔ က်င့္သားရေနခဲ့ၿပီ။ သို႔ေပမဲ့ ဦးရီးကလည္း အေဖာ္ထည့္ေပးဖို႔ စီစဥ္ထားပါသည္။"

"အကၽြန္က ရက္သတၱပတ္အလြန္တြင္ ဒကၡိဏသို႔ ဝက္ဝံသည္းေျခပို႔ရန္ရွိေပသည္။ အစ္မငယ္ ေစာင့္ဆိုင္းရန္အခ်ိန္ရွိလၽွင္ျဖင့္ အကၽြန္တို႔ ခရီးအတူသြားႏိုင္ေပသည္။"

"အခ်ိန္ဆြဲ၍မရၿပီ အေမာင္။"

"ဤသို႔ဆိုလၽွင္ ေလးရက္ခန္႔ေစာင့္ႏိုင္မည္လား။"

"သံုးရက္ခန္႔ဆိုလၽွင္ ပိုသင့္ေတာ္ေပသည္။"

အဇဋာ၏ အျပံဳးႏွင့္ေတာင္းဆိုေသာစကားသံေၾကာင့္ အဂၢ အလိုလိုေခါင္းညိတ္မိေပသည္။
ဒကၡိဏနယ္စားသည္ ေနာက္ခုနစ္ရက္တြင္ ေတာကစားထြက္မည္ဟု သူ(မ)သိထားေပသည္။ သံုးရက္မၽွၾကာေသာခရီးလမ္းအတြက္ ေနာက္သံုးရက္တြင္ စထြက္ႏိုင္မွျဖစ္ေပမည္။

"အစ္မငယ္ အခ်ိန္ရလၽွင္ျဖင့္ ေဈးလမ္းဘက္သို႔ ေလၽွာက္ၾကပါစို႔။"

"ေကာင္းၿပီေလ အေမာင္။"

"အစ္မငယ္"

"ဘုရားသခင္။ မထိတ္သာမလန္႔သာရွိပါဘိ။ အဘယ္သို႔ ေျခာက္လွန္႔ေနပါသနည္း။"

"မ်က္ႏွာဖံုးက အသက္ဝင္သည္ေလ အစ္မငယ္။"

တေစၧပံုမ်က္ႏွာဖံုးစြပ္ထားေသာ အဂၢသည္ တစ္ဖက္သို႔ေငးေနေသာသူ(မ)ကို အေနာက္ဘက္မွေခၚလိုက္သည္ေၾကာင့္ သူ(မ)အထိတ္တလန္႔ဆိုမိသည့္အခါ ရယ္ေမာကာျဖင့္ က်ီစယ္ေနသည္မွာ ကေလးငယ္အလား။ မိဘေဆြမ်ိဳးကင္းေလေသာ သူ၏ကေလးဘဝသည္ မည္မၽွၾကမ္းတမ္းခဲ့မည္နည္း။ အျပစ္ေျပာဖို႔အေတြးတို႔သည္ သူ(မ)ႏွင့္ေဝးရာသို႔သာ။

"အစ္မငယ္၊ ဒီမ်က္ႏွာေခ်က ေမႊးပ်ံ႕လွပါသေကာလား။"

"အဘယ္အခ်ိန္က ဝယ္လိုက္ပါသည္လဲကြယ္။ ေကာင္းမြန္သည့္အေလၽွာက္ ေဈးမနည္းလွသည့္ အေနာက္ဘက္တိုင္းျပည္ကကုန္ပစၥည္းေပပဲ။ အမ်ိဳးေကာင္းသမီးငယ္ ေတြ႕ထားသည္ထင္ရဲ႕၊ ဟုတ္စ။"

"အမ်ိဳးေကာင္းသမီးငယ္ပါေပ။ သို႔ေပမဲ့ အစ္မငယ္ေတြးသကဲ့သို႔ မဟုတ္ၿပီ။ အကၽြန္က အကၽြန္႔အစ္မေတာ္အတြက္ ရည္ရြယ္ခဲ့သည္ပါ။"

"................."

အဇဋာ ၿငိမ္သက္သြားမိသည္။ သူ(မ)ေရွ႕မွလုလင္ငယ္၏ အမူအရာတို႔သည္ကား အေရာင္အစြန္းကင္းမဲ့စြာ။

"အစ္မငယ္၊ အကၽြန္က အစ္မငယ္အတြက္ ဝယ္လာေပးသည္ေလ။ မႏွစ္သက္၍လား။"

"ဤသည္က ..."

"ႏွစ္သက္သည္ေပါ့၊ ဟုတ္စ။ ႏွစ္သက္လၽွင္ျဖင့္ မျငင္းဆန္ပါေလႏွင့္ေတာ့။ အကၽြန္႔ကို ခင္မင္လၽွင္ လက္ခံလိုက္ပါလား အစ္မငယ္။"

သူ(မ) မျငင္းဆန္မိေတာ့ပါေလ။
ထိုေန႔က ေဈးလမ္းေလးထက္တြင္ လူသားႏွစ္ဦး၏ေျခရာမ်ား ဖဝါးထပ္မၽွလွမ္းခဲ့ၾက၍ ကုန္သည္မ်ားႏွင့္ ေဈးေရာင္းေဈးဝယ္သူတို႔အၾကား ထင္ရွားေပၚလြင္လွေသာ မိန္းမလွေလးႏွင့္ ခန္႔ညားေသာလုလင္ပ်ိဳတို႔အား သတိျပဳမိၾကသည္ဟု လူအခ်ိဳ႕ကဆိုေပလိမ့္မည္။

¤

သံုးရက္ၾကာၿပီးေနာက္

"အစ္မငယ္၊ အကၽြန္ေနာက္က်သြားသည္။"

"ေနာက္မက်ပါ အေမာင္။ အစ္မငယ္ ေစာထြက္ခဲ့သည္ပါ။"

"တစ္ဦးတည္းျဖစ္ေနသည္လား။ အေဖာ္တစ္ဦးပါမည္ဟု ဆိုခဲ့သည္ထင္ပါရဲ႕။"

"ယခုတြင္လည္း ႏွစ္ေယာက္ပါပဲေလ။"

"ဤသို႔ျဖစ္သည္လား။ ဟားဟား၊ သြားၾကပါစို႔ အစ္မငယ္။"

ခရီးလမ္းကိုစတင္ခဲ့ၾကၿပီး လမ္းခုလတ္ခရီးတစ္ေထာက္နားခ်ိန္ တည္းခိုေဆာင္မ်ားတြင္နားေနကာ ခရီးဆက္ခဲ့ၾကေပသည္။ သံုးရက္ကုန္လြန္ခဲ့ၿပီးေနာက္ ဒကၡိဏနယ္၊ ဧကဝုစ္ၿမိဳ႕သို႔ေရာက္ရွိလာခဲ့သည္။ နယ္စားမင္းစံအိမ္ရွိရာၿမိဳ႕ျဖစ္ၿပီး အဂၢသည္ကား ထိုၿမိဳ႕ႏွင့္ဆက္စပ္ေနေသာ ဧဏီၿမိဳ႕သို႔ ဆက္သြားရမည္ျဖစ္ေသာေၾကာင့္ အဇဋာကို တည္းခိုရာဆီသို႔ပို႔ေပးကာ အဂၢခရီးဆက္ရျပန္သည္။

¤

ယေန႔ ဒကၡိဏနယ္စား ေတာကစားထြက္မည့္ ဧကဝုစ္ၿမိဳ႕ေျမာက္ဘက္ခပ္လွမ္းလွမ္းမွ ေတာတန္းရွိရာသို႔ သူ(မ)ေရာက္ရွိေနသည္။ ၿမိဳ႕သို႔ေရာက္သည့္ညေနခင္းတြင္ နယ္စားစံအိမ္သို႔ စာပို႔ကာအေၾကာင္းၾကားခဲ့ၿပီး ယေန႔ ေတာကစားထြက္ရာေနရာသို႔လည္း သူ(မ)အကဲခတ္ေနမိသည္။
လံုျခံဳေရးတင္းက်ပ္ထားၿပီး ရဲမက္အေစာင့္တို႔ကိုလည္း ေတြ႕ေနရသည္ေၾကာင့္ စိတ္ခ်ရသည့္အေျခအေနပင္ျဖစ္သည္။

ေနမြန္းတည့္ေလၿပီျဖစ္သည့္အားေလ်ာ္စြာ ေတာလည္ထြက္ၾကသည့္ နယ္စားမင္းႏွင့္ အေပါင္းအပါ ၿမိဳ႕စား၊ သူႂကြယ္အခ်ိဳ႕တို႔မွာ ေခတၱနားေနစားေသာက္ေနၾကသည္။ ရဲမက္တို႔လည္း အနီးတစ္ဝိုက္တြင္ ရွိေနၾကသည္။ ယခုအခ်ိန္တိုင္ေအာင္ ထူးဆန္းမႈတစ္စံုတစ္ရာမေတြ႕ရပါေခ်။ သူ(မ)သည္လည္း နားနားေနေနရွိေနၿပီး ႀကိဳတင္ေလ့လာထားေသာ ေတာတန္းေျမပံုကိုၾကည့္ကာ ပုန္းခိုလြယ္ေသာေနရာအခ်ိဳ႕ကို မွတ္သားေနမိသည္။

ေနအေတာ္ေစာင္းေသာ္ အဇဋာခန္႔မွန္းထားသည့္ နယ္စားမင္းတို႔၏ ေတာလိုက္ရာလမ္းေၾကာင္းေပၚရွိ သစ္ပင္အစုမ်ားၾကားတြင္ သူ(မ)ပုန္းေအာင္းေနရာယူထားခ်ိန္ ေရာက္ရွိလာၾကေသာအမဲလိုက္အဖြဲ႕မွာ ႐ုတ္႐ုတ္သဲသဲအေျခအေနတြင္ ရွိေနၾကသည္။ အေၾကာင္းမွာ နယ္စားမင္းတစ္ဦးတည္း လူကြဲထြက္သြားသည္ဟူ၏။
အႏၲရာယ္မကင္းႏိုင္သည့္အတြက္ ၎တို႔စကားအတိုင္းေျခရာေကာက္၍ နယ္စားမင္းရွိႏိုင္ရာေနရာဆီသို႔ ဦးတည္ၿပီး ျမင္းညိဳႀကီးကိုစီးကာ သူ(မ)ထြက္လာခဲ့ေတာ့သည္။

▪︎

ျမင္းဇက္ႀကိဳးကိုသတ္ကာ သူ(မ)နားစြင့္မိေလေတာ့ ျမင္းခြာသံသဲ့သဲ့ထြက္လာေနၿပီး သူ(မ)ရွိရာဘက္သို႔ ဦးတည္ေနသည္။ နယ္စားမင္းျဖစ္ေနပါက အကူအညီေပးႏိုင္ရန္ သူ(မ)ၾကည့္ေနစဥ္ပင္ ျမင္ကြင္းထဲသို႔ နယ္စားမင္းအေဆာင္အေယာင္ႏွင့္ ျမင္းစီးသူတစ္ဦး ေရာက္ရွိလာသည္။ သူ(မ)ေရာက္ရွိစဥ္ကပင္ ၿငိမ္သက္ေနေသာပတ္ဝန္းက်င္တြင္ ျမင္းခြာသံအျပင္ အျခားေသာအသံတစ္ခုကိုပါ ၾကားလိုက္မိ၍ ရွာေဖြမိသည္။
သူ(မ)ရွိေနရာႏွင့္ခပ္လွမ္းလွမ္းတြင္ သစ္ပင္ျမင့္ႀကီးတစ္ပင္ရွိသည္။ အကိုင္းအခက္အရြက္တို႔ မ်ားျပားမေန၍ လူတစ္ေယာက္ပုန္းေအာင္းဖို႔မလြယ္ဟုပင္ သူ(မ)ေတြးမိပါေသးသည္။ အေသအခ်ာၾကည့္စဥ္ကလည္း မည္သူမၽွရွိမေနေပ။ ယခုတြင္မူ သစ္ကိုင္းအခ်ိဳ႕လႈပ္ရွားသြားၿပီး ျမားတစ္စင္းတင္ထားေသာေလးတစ္လက္ကို ေတြ႕လိုက္ရခ်ိန္ သူ(မ)ၾကားမိေသာအသံမွာ ေလးညႇိဳ႕ခတ္သံျဖစ္ေၾကာင္း သတိျပဳလိုက္မိကာ နယ္စားမင္းကိုေအာ္ဟစ္သတိေပးရန္ ႀကိဳးပမ္းလိုက္ေသာ္လည္း ေျပးထြက္သြားပါေသာျမားက ပစ္မွတ္ဆီသို႔ ဦးတည္ေနေပၿပီ။

"အား"

"ရႊီ"

အသံႏွင့္အတူ နယ္စားမင္းသည္ ျမားတန္းလန္းႏွင့္ ျမင္းေပၚမွျပဳတ္က်သြားသကဲ့သို႔ ေလခၽြန္သံေပး၍ သစ္ပင္ထက္မွ က်င္လည္စြာဆင္းသက္လာေသာပံုရိပ္ေၾကာင့္ အဇဋာၾကည့္မိသည့္အခါ ဝတ္စံုနက္ဝတ္ထားေသာ မ်က္ႏွာဖံုးစြပ္လူတစ္ဦးျဖစ္ေနသည္။ ထိုသူ ေျမျပင္သို႔ေရာက္သည္ႏွင့္တစ္ၿပိဳင္နက္ ျမင္းနက္တစ္စီးက အပင္မ်ားၾကားမွေျပးထြက္လာကာ ထိုသူလည္း ျမင္းစီးထြက္ခြာသြားသည္။ တစ္ဖက္မွ ျမင္းခြာသံမ်ားကိုၾကားရသည္ေၾကာင့္ တရားခံကိုသာဖမ္းဖို႔ရန္ သူ(မ)စိတ္ကူးၿပီး ထိုသူေနာက္မွလိုက္လာခဲ့မိသည္။

သစ္ပင္ေပၚမွဆင္းသက္လာေသာ ထိုသူ၏ပံုရိပ္ကိုျမင္ေယာင္ကာ အဇဋာစိတ္တြင္ ေတြးေနမိေပသည္။ သူ(မ)အတြက္ ရင္းႏွီးလြန္းေသာပံုရိပ္ျဖစ္ေပသည္ဟူ၍။
သစ္ပင္မ်ားၾကားမွျဖတ္ကာ လမ္းက်ဥ္းေလးသို႔ေရာက္လၽွင္ ေရွ႕ခပ္လွမ္းလွမ္းမွ ဝတ္စံုနက္ႏွင့္ျမင္းစီးသမားေၾကာင့္ သူ(မ)လွမ္းတားလိုက္သည္။

"သူသတ္သမား၊ အသင္ ေျပးလြတ္မည္လား။"

ထိုသူက ျမင္းကိုအရွိန္တင္ကာ ဆက္လက္ေျပးေနသကဲ့သို႔ သူ(မ)ကလည္း ထပ္ခ်ပ္မကြာလိုက္ေနသည္။လမ္းခ်ိဳးတစ္ခုသို႔ ထိုသူေကြ႕သြားလၽွင္ သူ(မ)သည္ အပင္မ်ားၾကားမွျဖတ္လိုက္ေသာေၾကာင့္ ေဘးတိုက္ဆံုၾကသည္တြင္ .....

.............

"အသင္ ..... "

ေရွ႕နားခပ္လွမ္းလွမ္းမွ မ်က္ႏွာဖံုးဖယ္ထားၿပီးေသာထိုသူက ခပ္ေရးေရးအျပံဳးႏွင့္ နႈတ္ဆက္လာသည္။

"အစ္မငယ္"

"ငါ့အား ခုတံုးျပဳ၊ အသံုးခ်ခဲ့သည္လား။"

"မဟုတ္ခဲ့ပါ။ ထိုသူတို႔သည္ အကၽြန္႔မိသားစုကို သတ္ျဖတ္ခဲ့ၾကသူမ်ားျဖစ္ေပသည္။"

"နဂါးနက္သားေတာ္ငယ္"

"မွန္ပါသည္ အစ္မငယ္။ နဂါးႀကီး၏သားငယ္ နဂါးငယ္ အဂၢျဖစ္ပါသည္။"

"အသင္ကနဂါးနက္ဆိုလၽွင္ ၎တို႔မွတစ္ေယာက္သည္ ေသဒဏ္က်အျပစ္သား ျဖစ္ေနေပမည္။ မည္သူမၽွ ရာဇဝတ္သားတံဆိပ္မရွိပါေပ။"

"ဟား ဟား ဟား၊ ႐ိုးသားပါဘိ အစ္မငယ္။ အဘယ္ရာဇဝတ္သားက တံဆိပ္အထင္အရွားႏွင့္ လူၾကားတြင္ရွင္သန္ေနႏိုင္မည္နည္း။ ႐ုပ္ရည္တည္ၾကည္လွပါေသာ နယ္စားမင္းႀကီး၏ မ်က္ႏွာဖံုးေအာက္မွ ဘီလူးမ်က္ႏွာအား မည္သူကျမင္ရပါမည္နည္း။"

"ဟယ္၊ ငမိုက္သား။ အသင္စြပ္စြဲရာတိုင္း ယံုၾကည္ရမည္လား။"

"အစ္မငယ္ အယံုအၾကည္မရွိလၽွင္ အကၽြန္သက္ေသျပႏိုင္ပါသည္။ ယခုတြင္ေတာ့ ဒီေတာမွထြက္ၾကပါစို႔ အစ္မငယ္"

"အသင့္အား ယခုပင္ ႐ံုးေတာ္သို႔ပို႔ေဆာင္ရမည္။"

"အစ္မငယ္"

"အသင့္၏အစ္မငယ္ မဟုတ္ေတာ့ေလၿပီ။"

အဂၢ၏မ်က္ဝန္းတို႔ ညိဳေမွာင္သြားကာ

"အကၽြန္မလိုက္ႏိုင္ပါ။"

"ကၽြႏု္ပ္သည္ေတာ့ လူသတ္သမားကို ရသည့္နည္းႏွင့္ ႐ံုးေတာ္သို႔ေခၚေဆာင္ရေပမည္။"

အဇဋာသည္ ဓားကိုဝင့္ကာ ျမင္းဇက္ကိုလႊတ္လိုက္ေလလၽွင္ အဂၢမွာ ျမင္းကိုလွည့္၍ အျပင္းႏွင္ေလေတာ့သည္။ ေျပးေနရင္းမွမီလာကာ အဇဋာကတိုက္ခိုက္လာ၍ အဂၢက ခုခံေနရသည္။

"အကၽြန္႔ကိုယံုပါ အစ္မငယ္။"

"အသင့္ရာဇဝင္ အမွန္ဆိုလၽွင္လည္း တရားေသာနည္းႏွင့္ရွင္းသင့္သည္။ တရားလက္လြတ္၊ ဥပေဒမဲ့ မလုပ္သင့္သည္ကို သင္မသိေလေရာ့သလား။"

"ျပည့္ရွင္မင္း၏အျပစ္ကို အဘယ္ေနရာတြင္ အကၽြန္တိုင္တန္းရမည္နည္း။"

"အသင့္တြင္ စိတ္႐ိုင္းမ်ားသာ ဖံုးလႊမ္းေနသည့္အေလၽွာက္ အမွန္ကိုမျမင္ႏိုင္သည္လည္း ျဖစ္ႏိုင္သည္။"

တိုက္ခိုက္ရင္းျဖင့္ ေျပာေနၾကသည္မွာ ေမာဟိုက္ဖြယ္ရာပင္။

"မိသားစုေသြးေႂကြးကို ျပန္ဆပ္သည္မွာ အကၽြန္မွားသည္လား။"

"လူသတ္သည္မွာ မွန္သတဲ့လား။"

"အကၽြန္႔အမွားဟု ဆိုေလသည္လား။"

"အစတြင္ပင္ မွားေနခဲ့ၿပီ။"

အဂၢ၏ျမင္းနက္ႀကီးမွာ သစ္ကိုင္းတစ္ခုကိုနင္းမိရာမွ ဆူးကိုင္းျဖစ္ေန၍ ေျခေခါက္လဲေတာ့သည္။

"အား"

-..-..-..-..-..-..-..- Part (4) ဆက္ရန္ -..-..-..-..-..-..-..-


"လုပ်ကြံသူ"

ရဲမက်ခေါင်းဆောင်၏အော်သံက ဟိန်းထွက်လာတော့သည်။
သူဖုန်းစားအဘိုးအိုကို အနီးအနားတွင်မတွေ့ရတော့ပေ။

"သူဖုန်းစား၊ သူဖုန်းစားကိုရှာကြ"

ဝေါယာဉ်အတွင်းတွင်တော့ မြို့စားမင်း၏လည်မျိုတွင် ဓားငယ်တစ်စင်းစိုက်ဝင်နေပြီး နှုတ်ခမ်းများပြာညိုနေသည်။ သူ၏လည်ပင်းကိုအုပ်ကိုင်ထားရင်း ငြိမ်သက်သွားသောမြို့စားမင်းသည် လက်တစ်ဖက်တွင် လက်သန်းတစ်ချောင်းကင်းမဲ့လျက်။

▪︎

အဇဋာ၏စိတ်ထဲတွင် မောရစ္စ၏ ထိတ်လန့်နေသောမျက်နှာကို မြင်ယောင်နေပြီး မိမိတို့မြို့စားမင်းမှ ပို့ဆောင်စေသည့်ပစ္စည်းကို စိတ်ဝင်စားမိသည့်နည်းတူ ၎င်းတို့ကြားမှပတ်သက်မှုကိုလည်း သိလိုစိတ်များပေါ်လာမိသည်။ မြို့စား၊ နယ်စားနှင့် သူကြွယ်များ အသတ်ခံနေရသည့်ကိစ္စသည် နဂါးနက်ဂိုဏ်းအမှုနှင့် ဆက်နွယ်နေမည်လားဟူသည့်အတွေးက သူ(မ)ကို မြို့စားမင်းစံအိမ်ဆီသို့ ဦးတည်စေခဲ့သည်။ နံနက်အရုဏ်မတက်မီ မြို့စားစံအိမ်ရှိရာဘက်သို့ အဇဋာရောက်လာခဲ့ချိန် သူ(မ)ရှိရာလမ်းကျဉ်းလေးအတွင်းသို့ သူဖုန်းစားအိုကြီးတစ်ဦး ယိုင်နဲ့စွာလှမ်းဝင်လာသည်ကြောင့် သူ(မ)ဘေးကပ်ရှောင်ပေးလိုက်သည်။

နောက်ထပ်လမ်းတစ်ခုဆီသို့ သူဖုန်းစားကြီး ကွေ့ဝင်သွားချိန်တွင် ပြေးလာသောခြေသံများကြောင့် သူ(မ)သည် အကွယ်တစ်နေရာတွင်ပုန်းလျှိုးလိုက်သည်။ သူဖုန်းစားကြီးသွားရာဘက်သို့ ရဲမက်များ ပြေးလိုက်သွားကြသည်ကို မြင်တွေ့လိုက်ရပြီးမှ အဇဋာသည် အခြေအနေများကိုစုံစမ်းရန် မှောင်ရိပ်များမှတစ်ဆင့် ရဲမက်တို့လာရာဆီသို့ ချဉ်းကပ်လိုက်သည့်အခါတွင် မြို့စားမင်းလုပ်ကြံခံရမှုကို သိရှိခဲ့ရသည်။
ထိုသို့အကြောင်းများကြောင့် မောရစ္စသည်လည်း ဘေးကင်းပါမည်လားဟု တွေးမိလိုက်သည်။

¤

အဇဋာသည် မြင်းညိုကြီးကိုစီး၍ အဂ္ဂ၏ဂူပေါက်နားသို့ ရောက်လာခဲ့ပြီးနောက် ချိုးကူသံပေးလိုက်လေလျှင် လင့်စင်ရှိရာသစ်ပင်ထက်မှ အသံကြားသည်ကြောင့် မော့ကြည့်လိုက်သည်။ အဂ္ဂသည် နွယ်ကြိုးကိုခို၍ ကျွမ်းကျင်စွာပင် မြေပြင်သို့ဆင်းသက်လာပေသည်။

"အစ်မငယ်၊ အကျွန့်ဆီလာသည်ပဲ။"

"ဥတ္တရဆီမှ မည်သည့်သတင်းထူးသနည်း အမောင်။"

"ထူးပါပြီကော အစ်မငယ်။ အကျွန်တို့ရောက်သွားပြီး ထိုညမှာပင် မောရစ္စ လုပ်ကြံသတ်ဖြတ်ခံရသည်တဲ့လေ။ နဂါးနက်အရုပ်လေး ရင်ဘတ်ပေါ်တွင် တွေ့ရသည်တဲ့။"

"ပစ္စည်းပို့စေသည့် သုဝဏ္ဏမြို့စားလည်း လုပ်ကြံခံရသည်။ လုပ်ကြံသူက သူဖုန်းစားအယောင်ဆောင်၍ ပုန်းကွယ်သွားခဲ့သည်။ အစ်မငယ်နှင့်ဆုံခဲ့ပြီး လူသတ်သမားဟုမသိ၍ အလွတ်ပေးလိုက်ရသည်က မချိတင်ကဲပါပေ။"

"လူသတ်သမားနှင့်ဆုံခဲ့သည်၊ ဟုတ်စ။ အစ်မငယ် ထိခိုက်မိသည်များ ....."

"မဖြစ်ခဲ့ပါ အမောင်။"

အဂ္ဂ၏မျက်ဝန်းတို့တွင် စိုးရိမ်နေသောအမူအရာတို့က အထင်းသားဖြစ်နေ၍ အဇဋာပြန်ဖြေလိုက်သည်။

"ကံသီပေ၍ပေါ့။ သတိရှိပါ အစ်မငယ်။ အကျွန် ပူပန်မိပါ၏။"

"စိတ်အေးပါ အမောင်။ အစ်မငယ်က ကိုယ်တိုင်ကာကွယ်နိုင်ပါသည်ကော။"

"ပူပန်ရသည်လေ။ အကျွန့်အတွက် အစ်မတစ်ဦးပင်မဟုတ်ပါလား။"

အဇဋာ၏ချိုမြသောအပြုံးတစ်ပွင့်ကြောင့် အဂ္ဂမှာ တွေတွေငေးငေးဖြစ်သွားမိသည်။

ကြိုးဟူသည် ချည်နှောင်တတ်သောသဘော ရှိပေသည်။

"အမောင်သိမည်ထင်ပါသည်။ နဂါးနက်နှင့်ပတ်သက်သော ရာဇဝတ်မှုများက သူကြွယ်နှင့်မြို့စားများ၏ အသက်များပင်။"

"မှန်ပါပေ၏။"

"သိင်္ဃရသူကြွယ်၊ မောရဝတီမြို့စား၊ ဥတ္တရသူကြွယ် မောရစ္စ၊ သုဝဏ္ဏနဂရမြို့စား တိက္ခ၊ ၎င်းတို့လေးဦးသည် ချမ်းသာကြွယ်ဝကာ အလှူအတန်းရက်ရောသူတို့ပင်။ နဂါးနက်စံအိမ်တော်နှင့် မည်ပုံပတ်သက်ကြ၍ မည်သို့ ရန်ငြိုးရှိခဲ့ကြပါသနည်း။"

"အကျွန်ဖြင့် မတွေးတတ်ပါပြီကော အစ်မငယ်။ တောတွင်းသားတစ်ဦးဖြစ်၍ ဤမျှသောဝေဖန်ပိုင်းခြားမှုကို မသိတတ်သည်မှာ အကျွန်ညံ့ဖျင်းခြင်းပါ။"

"ထိုသို့ဆိုလိုရင်းမဟုတ်ပြီ အမောင်။ အတွေးမလွန်ပါလေနှင့်။"

"အစ်မငယ်၊ အကျွန် သစ်သီးတွေခူးဆွတ်ထားသည်များ ရှိပါသည်။ ခေတ္တစောင့်ပါ၊ ယူခဲ့ပါမည်။"

"ကောင်းပါပြီ အမောင်။"

ထိုနေ့က လင့်စင်ထက်တွင် သစ်သီးထည့်ထားသောခြင်းငယ်နှင့် လူသားနှစ်ဦးရှိနေခဲ့ပြီး ရယ်သံလွင်လွင်များ၊ ဩရှရှစကားသံများနှင့် မြိုင်ဆိုင်နေ၍ ကျေးငှက်တို့ပင် ပုန်းခိုချောင်းမြောင်းကြည့်ခဲ့ရသည်ဟု သစ်ပင်ကြီးကဆိုပေလိမ့်မည်။

¤

အဇဋာ၏စုံစမ်းမှုများမှာ ဒက္ခိဏနယ်စားကြီးထံသို့ ဦးတည်သွားခဲ့ပေသည်။ လုပ်ကြံသတ်ဖြတ်ခံရသူလေးဦးသည် ဒက္ခိဏနယ်စားနှင့် ခင်မင်ရင်းစွဲရှိသည်ဟူသောအချက်ကို သူ(မ)သိခဲ့ရသည်။ ဤသို့ဆိုလျှင် လုပ်ကြံသူ၏ရည်ရွယ်ရာသည် နယ်စားမင်းထံသို့လည်း ဦးတည်လာနိုင်သည်။ နယ်စားမင်းသည် ရာဇဝတ်မှုများအကြောင်းသိလျှင် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သော်လည်း သူ(မ) ထပ်မံ၍အသိပေးချင်မိသည်။

ထပ်မံစုံစမ်းမှုများမှ သိခဲ့ရသည်မှာကား ယခင်နန်းဆက်၏သားတော်ငယ်လေးသည် ဖခမည်းတော်ယခင်မင်းကြီး လုပ်ကြံခံရချိန်တွင် လွတ်မြောက်သွားခဲ့ကာ နဂါးနက်အိမ်တော်၏အစောင့်ရှောက်ခံ ဖြစ်ခဲ့ပေသည်။ ဤသည်ကို လေးနှစ်ကြာပြီးသောအခါ နန်းတက်ဘုရင်မှသိရှိသွားပြီး ယုံကြည်ရသူတို့ကိုစေလွှတ်၍ နဂါးနက်စံအိမ်တော်ကို သုတ်သင်စေခဲ့သည်။ ယခင်နန်းဆက်၏မင်းသားငယ်အပါအဝင် မိသားစုဝင်တစ်ဦးမျှအသက်မရှင်ပါဟု သိထားကြသော်လည်း နဂါးနက်၏ ခုနစ်နှစ်အရွယ်သားတော်လေးမှာ ဒဏ်ရာပြင်းထန်နေသောအထိန်းတော်နှင့်အတူ ရှောင်တိမ်းနိုင်ခဲ့သည်ဟူသောသတင်းက အဇဋာ၏အတွေးများကို ပွားစေသည်။

ဘုရင်မင်းမြတ်စေလွှတ်ခဲ့သော ယုံကြည်ရသူတို့နှင့် ယခုရာဇဝတ်မှု၏သားကောင်များကို မည်သို့မျှဆက်စပ်မရသည်က အတွေးရခက်နေပေသည်။ ဘုရင်မင်းမြတ်စေလွှတ်သည်က ယခင်မင်းကြီးလက်ထပ်က သေဒဏ်ကျခံထားရသူ ရာဇဝတ်သားတစ်ဦးဖြစ်ပေသည်။ ထိုသူသည်လည်း နဂါးနက်စံအိမ်ပျက်စီးပြီးနောက် သတင်းပျောက်ကွယ်သွားသော်လည်း သေဒဏ်ကျခံရသူတို့၏ မျက်နှာထက်တွင် တံဆိပ်တုန်းခတ်နှိပ်ခံရသည်ဖြစ်၍ ရောက်ရာအရပ်ဒေသတွင် သိသာထင်ရှားနေနိုင်ပေသည်။ ယခုအခါ လုပ်ကြံခံရသူလေးဦးတွင် အမှတ်အသားမရှိသကဲ့သို့ ဒက္ခိဏနယ်စားသည်လည်း ခန့်ညားလှသောဂုဏ်သတင်းကျော်စောသူပင်။

ရာဇဝတ်တရားခံသည် နဂါးနက်အမည်ခံ၍လှုပ်ရှားသူ ဖြစ်နိုင်သကဲ့သို့ နဂါးနက်၏သားငယ်လည်း ဖြစ်နိုင်ပေသည်။ လုပ်ကြံခံရသူများနှင့် နယ်စားမင်းသည်လည်း ဘုရင်မင်းမြတ်၏စေခိုင်းခံရသူများ ဖြစ်နိုင်သကဲ့သို့ နဂါးနက်နှင့် အခြားသောရန်ငြိုးရှိသူတို့လည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ထိုသူတို့မှာ ကောင်းသတင်းကျော်စောသူများဖြစ်သည်။ နယ်စားမင်းသည်လည်း သူကောင်းတစ်ဦးဖြစ်သည့်အတွက် သတိပေးသင့်သည်ဟု သူ(မ)ထင်မြင်မိပေသည်။ သူ(မ) အမှန်တကယ်ပင် အသိပေးရန် ကြိုးစားနေမိပြီ။

¤

*ဇီဝက*

"အစ်မငယ်"

"အမောင်၊ သုဝဏ္ဏသို့ရောက်နေသည်ပဲ။"

"အကျွန်တွေးနေသည်က ခေတ္တနေလျှင် လင်းယုန်ဘက်သို့ သွားရောက်မေးမြန်းကြည့်မည်ပေါ့။"

"ယခုတော့ မလိုအပ်တော့ပြီပေါ့ကွယ်။ ဆေးမြစ်လိုသည်ဆို၍ လုပ်သားများကိုမခိုင်းတော့ဘဲ အစ်မငယ်ထွက်လာခဲ့သည်မှာ မှန်သွားချေပြီကော။"

"အဆင်သင့်ပါဘိ အစ်မငယ်။ အကျွန် ယနေ့မှပင် ငွေသားအတော်များများရလိုက်သည်။ ရှေ့နားကဆိုင်တွင် အစ်မငယ်ကို ဧည့်ခံလိုပါသည်။"

"မတော်ပါလေ။ သုဝဏ္ဏသို့ရောက်လာသည့်ဧည့်သည်က အိမ်ရှင်ကိုပြုစုသည်တဲ့လား။ အမြို့မြို့အနယ်နယ်က ကြားလို့မှမသင့်တော်၊ လင်းယုန်ဂုဏ်ကျပါသည်လေ။ အစ်မငယ်ကသာ ဧည့်ခံသင့်သည်မို့ လိုက်မှာသာလိုက်ခဲ့ပါလေ။ ယခုက အမောင့်ဂူနားတွင်မှ မဟုတ်သည်ပဲ။"

"ဟား ဟား ဟား။ နာခံလျက်ပါ သခင်မဘုရာ့။"

"ကျီစယ်ပြန်ပါပြီကော။ သွားကြပါစို့ အဂ္ဂ။"

▪︎

"အစ်မငယ်က ဒက္ခိဏသို့သွားလိုသည်တဲ့လား။"

"မှန်ပေသည်။"

"အလုပ်ကိစ္စရှိသည်လား။"

"ပစ္စည်းပို့ရန်ရှိပေသည်။"

"ဝေးလံလှသည်မို့ တစ်ဦးတည်းတော့မသွားပါနှင့် အစ်မငယ်။"

"တစ်ဦးတည်းလှုပ်ရှားသည်က များခဲ့သည်မို့ ကျင့်သားရနေခဲ့ပြီ။ သို့ပေမဲ့ ဦးရီးကလည်း အဖော်ထည့်ပေးဖို့ စီစဉ်ထားပါသည်။"

"အကျွန်က ရက်သတ္တပတ်အလွန်တွင် ဒက္ခိဏသို့ ဝက်ဝံသည်းခြေပို့ရန်ရှိပေသည်။ အစ်မငယ် စောင့်ဆိုင်းရန်အချိန်ရှိလျှင်ဖြင့် အကျွန်တို့ ခရီးအတူသွားနိုင်ပေသည်။"

"အချိန်ဆွဲ၍မရပြီ အမောင်။"

"ဤသို့ဆိုလျှင် လေးရက်ခန့်စောင့်နိုင်မည်လား။"

"သုံးရက်ခန့်ဆိုလျှင် ပိုသင့်တော်ပေသည်။"

အဇဋာ၏ အပြုံးနှင့်တောင်းဆိုသောစကားသံကြောင့် အဂ္ဂ အလိုလိုခေါင်းညိတ်မိပေသည်။
ဒက္ခိဏနယ်စားသည် နောက်ခုနစ်ရက်တွင် တောကစားထွက်မည်ဟု သူ(မ)သိထားပေသည်။ သုံးရက်မျှကြာသောခရီးလမ်းအတွက် နောက်သုံးရက်တွင် စထွက်နိုင်မှဖြစ်ပေမည်။

"အစ်မငယ် အချိန်ရလျှင်ဖြင့် ဈေးလမ်းဘက်သို့ လျှောက်ကြပါစို့။"

"ကောင်းပြီလေ အမောင်။"

"အစ်မငယ်"

"ဘုရားသခင်။ မထိတ်သာမလန့်သာရှိပါဘိ။ အဘယ်သို့ ခြောက်လှန့်နေပါသနည်း။"

"မျက်နှာဖုံးက အသက်ဝင်သည်လေ အစ်မငယ်။"

တစ္ဆေပုံမျက်နှာဖုံးစွပ်ထားသော အဂ္ဂသည် တစ်ဖက်သို့ငေးနေသောသူ(မ)ကို အနောက်ဘက်မှခေါ်လိုက်သည်ကြောင့် သူ(မ)အထိတ်တလန့်ဆိုမိသည့်အခါ ရယ်မောကာဖြင့် ကျီစယ်နေသည်မှာ ကလေးငယ်အလား။ မိဘဆွေမျိုးကင်းလေသော သူ၏ကလေးဘဝသည် မည်မျှကြမ်းတမ်းခဲ့မည်နည်း။ အပြစ်ပြောဖို့အတွေးတို့သည် သူ(မ)နှင့်ဝေးရာသို့သာ။

"အစ်မငယ်၊ ဒီမျက်နှာချေက မွှေးပျံ့လှပါသကောလား။"

"အဘယ်အချိန်က ဝယ်လိုက်ပါသည်လဲကွယ်။ ကောင်းမွန်သည့်အလျှောက် ဈေးမနည်းလှသည့် အနောက်ဘက်တိုင်းပြည်ကကုန်ပစ္စည်းပေပဲ။ အမျိုးကောင်းသမီးငယ် တွေ့ထားသည်ထင်ရဲ့၊ ဟုတ်စ။"

"အမျိုးကောင်းသမီးငယ်ပါပေ။ သို့ပေမဲ့ အစ်မငယ်တွေးသကဲ့သို့ မဟုတ်ပြီ။ အကျွန်က အကျွန့်အစ်မတော်အတွက် ရည်ရွယ်ခဲ့သည်ပါ။"

"................."

အဇဋာ ငြိမ်သက်သွားမိသည်။ သူ(မ)ရှေ့မှလုလင်ငယ်၏ အမူအရာတို့သည်ကား အရောင်အစွန်းကင်းမဲ့စွာ။

"အစ်မငယ်၊ အကျွန်က အစ်မငယ်အတွက် ဝယ်လာပေးသည်လေ။ မနှစ်သက်၍လား။"

"ဤသည်က ..."

"နှစ်သက်သည်ပေါ့၊ ဟုတ်စ။ နှစ်သက်လျှင်ဖြင့် မငြင်းဆန်ပါလေနှင့်တော့။ အကျွန့်ကို ခင်မင်လျှင် လက်ခံလိုက်ပါလား အစ်မငယ်။"

သူ(မ) မငြင်းဆန်မိတော့ပါလေ။
ထိုနေ့က ဈေးလမ်းလေးထက်တွင် လူသားနှစ်ဦး၏ခြေရာများ ဖဝါးထပ်မျှလှမ်းခဲ့ကြ၍ ကုန်သည်များနှင့် ဈေးရောင်းဈေးဝယ်သူတို့အကြား ထင်ရှားပေါ်လွင်လှသော မိန်းမလှလေးနှင့် ခန့်ညားသောလုလင်ပျိုတို့အား သတိပြုမိကြသည်ဟု လူအချို့ကဆိုပေလိမ့်မည်။

¤

သုံးရက်ကြာပြီးနောက်

"အစ်မငယ်၊ အကျွန်နောက်ကျသွားသည်။"

"နောက်မကျပါ အမောင်။ အစ်မငယ် စောထွက်ခဲ့သည်ပါ။"

"တစ်ဦးတည်းဖြစ်နေသည်လား။ အဖော်တစ်ဦးပါမည်ဟု ဆိုခဲ့သည်ထင်ပါရဲ့။"

"ယခုတွင်လည်း နှစ်ယောက်ပါပဲလေ။"

"ဤသို့ဖြစ်သည်လား။ ဟားဟား၊ သွားကြပါစို့ အစ်မငယ်။"

ခရီးလမ်းကိုစတင်ခဲ့ကြပြီး လမ်းခုလတ်ခရီးတစ်ထောက်နားချိန် တည်းခိုဆောင်များတွင်နားနေကာ ခရီးဆက်ခဲ့ကြပေသည်။ သုံးရက်ကုန်လွန်ခဲ့ပြီးနောက် ဒက္ခိဏနယ်၊ ဧကဝုစ်မြို့သို့ရောက်ရှိလာခဲ့သည်။ နယ်စားမင်းစံအိမ်ရှိရာမြို့ဖြစ်ပြီး အဂ္ဂသည်ကား ထိုမြို့နှင့်ဆက်စပ်နေသော ဧဏီမြို့သို့ ဆက်သွားရမည်ဖြစ်သောကြောင့် အဇဋာကို တည်းခိုရာဆီသို့ပို့ပေးကာ အဂ္ဂခရီးဆက်ရပြန်သည်။

¤

ယနေ့ ဒက္ခိဏနယ်စား တောကစားထွက်မည့် ဧကဝုစ်မြို့မြောက်ဘက်ခပ်လှမ်းလှမ်းမှ တောတန်းရှိရာသို့ သူ(မ)ရောက်ရှိနေသည်။ မြို့သို့ရောက်သည့်ညနေခင်းတွင် နယ်စားစံအိမ်သို့ စာပို့ကာအကြောင်းကြားခဲ့ပြီး ယနေ့ တောကစားထွက်ရာနေရာသို့လည်း သူ(မ)အကဲခတ်နေမိသည်။
လုံခြုံရေးတင်းကျပ်ထားပြီး ရဲမက်အစောင့်တို့ကိုလည်း တွေ့နေရသည်ကြောင့် စိတ်ချရသည့်အခြေအနေပင်ဖြစ်သည်။

နေမွန်းတည့်လေပြီဖြစ်သည့်အားလျော်စွာ တောလည်ထွက်ကြသည့် နယ်စားမင်းနှင့် အပေါင်းအပါ မြို့စား၊ သူကြွယ်အချို့တို့မှာ ခေတ္တနားနေစားသောက်နေကြသည်။ ရဲမက်တို့လည်း အနီးတစ်ဝိုက်တွင် ရှိနေကြသည်။ ယခုအချိန်တိုင်အောင် ထူးဆန်းမှုတစ်စုံတစ်ရာမတွေ့ရပါချေ။ သူ(မ)သည်လည်း နားနားနေနေရှိနေပြီး ကြိုတင်လေ့လာထားသော တောတန်းမြေပုံကိုကြည့်ကာ ပုန်းခိုလွယ်သောနေရာအချို့ကို မှတ်သားနေမိသည်။

နေအတော်စောင်းသော် အဇဋာခန့်မှန်းထားသည့် နယ်စားမင်းတို့၏ တောလိုက်ရာလမ်းကြောင်းပေါ်ရှိ သစ်ပင်အစုများကြားတွင် သူ(မ)ပုန်းအောင်းနေရာယူထားချိန် ရောက်ရှိလာကြသောအမဲလိုက်အဖွဲ့မှာ ရုတ်ရုတ်သဲသဲအခြေအနေတွင် ရှိနေကြသည်။ အကြောင်းမှာ နယ်စားမင်းတစ်ဦးတည်း လူကွဲထွက်သွားသည်ဟူ၏။
အန္တရာယ်မကင်းနိုင်သည့်အတွက် ၎င်းတို့စကားအတိုင်းခြေရာကောက်၍ နယ်စားမင်းရှိနိုင်ရာနေရာဆီသို့ ဦးတည်ပြီး မြင်းညိုကြီးကိုစီးကာ သူ(မ)ထွက်လာခဲ့တော့သည်။

▪︎

မြင်းဇက်ကြိုးကိုသတ်ကာ သူ(မ)နားစွင့်မိလေတော့ မြင်းခွာသံသဲ့သဲ့ထွက်လာနေပြီး သူ(မ)ရှိရာဘက်သို့ ဦးတည်နေသည်။ နယ်စားမင်းဖြစ်နေပါက အကူအညီပေးနိုင်ရန် သူ(မ)ကြည့်နေစဉ်ပင် မြင်ကွင်းထဲသို့ နယ်စားမင်းအဆောင်အယောင်နှင့် မြင်းစီးသူတစ်ဦး ရောက်ရှိလာသည်။ သူ(မ)ရောက်ရှိစဉ်ကပင် ငြိမ်သက်နေသောပတ်ဝန်းကျင်တွင် မြင်းခွာသံအပြင် အခြားသောအသံတစ်ခုကိုပါ ကြားလိုက်မိ၍ ရှာဖွေမိသည်။
သူ(မ)ရှိနေရာနှင့်ခပ်လှမ်းလှမ်းတွင် သစ်ပင်မြင့်ကြီးတစ်ပင်ရှိသည်။ အကိုင်းအခက်အရွက်တို့ များပြားမနေ၍ လူတစ်ယောက်ပုန်းအောင်းဖို့မလွယ်ဟုပင် သူ(မ)တွေးမိပါသေးသည်။ အသေအချာကြည့်စဉ်ကလည်း မည်သူမျှရှိမနေပေ။ ယခုတွင်မူ သစ်ကိုင်းအချို့လှုပ်ရှားသွားပြီး မြားတစ်စင်းတင်ထားသောလေးတစ်လက်ကို တွေ့လိုက်ရချိန် သူ(မ)ကြားမိသောအသံမှာ လေးညှို့ခတ်သံဖြစ်ကြောင်း သတိပြုလိုက်မိကာ နယ်စားမင်းကိုအော်ဟစ်သတိပေးရန် ကြိုးပမ်းလိုက်သော်လည်း ပြေးထွက်သွားပါသောမြားက ပစ်မှတ်ဆီသို့ ဦးတည်နေပေပြီ။

"အား"

"ရွှီ"

အသံနှင့်အတူ နယ်စားမင်းသည် မြားတန်းလန်းနှင့် မြင်းပေါ်မှပြုတ်ကျသွားသကဲ့သို့ လေချွန်သံပေး၍ သစ်ပင်ထက်မှ ကျင်လည်စွာဆင်းသက်လာသောပုံရိပ်ကြောင့် အဇဋာကြည့်မိသည့်အခါ ဝတ်စုံနက်ဝတ်ထားသော မျက်နှာဖုံးစွပ်လူတစ်ဦးဖြစ်နေသည်။ ထိုသူ မြေပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက် မြင်းနက်တစ်စီးက အပင်များကြားမှပြေးထွက်လာကာ ထိုသူလည်း မြင်းစီးထွက်ခွာသွားသည်။ တစ်ဖက်မှ မြင်းခွာသံများကိုကြားရသည်ကြောင့် တရားခံကိုသာဖမ်းဖို့ရန် သူ(မ)စိတ်ကူးပြီး ထိုသူနောက်မှလိုက်လာခဲ့မိသည်။

သစ်ပင်ပေါ်မှဆင်းသက်လာသော ထိုသူ၏ပုံရိပ်ကိုမြင်ယောင်ကာ အဇဋာစိတ်တွင် တွေးနေမိပေသည်။ သူ(မ)အတွက် ရင်းနှီးလွန်းသောပုံရိပ်ဖြစ်ပေသည်ဟူ၍။
သစ်ပင်များကြားမှဖြတ်ကာ လမ်းကျဉ်းလေးသို့ရောက်လျှင် ရှေ့ခပ်လှမ်းလှမ်းမှ ဝတ်စုံနက်နှင့်မြင်းစီးသမားကြောင့် သူ(မ)လှမ်းတားလိုက်သည်။

"သူသတ်သမား၊ အသင် ပြေးလွတ်မည်လား။"

ထိုသူက မြင်းကိုအရှိန်တင်ကာ ဆက်လက်ပြေးနေသကဲ့သို့ သူ(မ)ကလည်း ထပ်ချပ်မကွာလိုက်နေသည်။လမ်းချိုးတစ်ခုသို့ ထိုသူကွေ့သွားလျှင် သူ(မ)သည် အပင်များကြားမှဖြတ်လိုက်သောကြောင့် ဘေးတိုက်ဆုံကြသည်တွင် .....

.............

"အသင် ..... "

ရှေ့နားခပ်လှမ်းလှမ်းမှ မျက်နှာဖုံးဖယ်ထားပြီးသောထိုသူက ခပ်ရေးရေးအပြုံးနှင့် နှုတ်ဆက်လာသည်။

"အစ်မငယ်"

"ငါ့အား ခုတုံးပြု၊ အသုံးချခဲ့သည်လား။"

"မဟုတ်ခဲ့ပါ။ ထိုသူတို့သည် အကျွန့်မိသားစုကို သတ်ဖြတ်ခဲ့ကြသူများဖြစ်ပေသည်။"

"နဂါးနက်သားတော်ငယ်"

"မှန်ပါသည် အစ်မငယ်။ နဂါးကြီး၏သားငယ် နဂါးငယ် အဂ္ဂဖြစ်ပါသည်။"

"အသင်ကနဂါးနက်ဆိုလျှင် ၎င်းတို့မှတစ်ယောက်သည် သေဒဏ်ကျအပြစ်သား ဖြစ်နေပေမည်။ မည်သူမျှ ရာဇဝတ်သားတံဆိပ်မရှိပါပေ။"

"ဟား ဟား ဟား၊ ရိုးသားပါဘိ အစ်မငယ်။ အဘယ်ရာဇဝတ်သားက တံဆိပ်အထင်အရှားနှင့် လူကြားတွင်ရှင်သန်နေနိုင်မည်နည်း။ ရုပ်ရည်တည်ကြည်လှပါသော နယ်စားမင်းကြီး၏ မျက်နှာဖုံးအောက်မှ ဘီလူးမျက်နှာအား မည်သူကမြင်ရပါမည်နည်း။"

"ဟယ်၊ ငမိုက်သား။ အသင်စွပ်စွဲရာတိုင်း ယုံကြည်ရမည်လား။"

"အစ်မငယ် အယုံအကြည်မရှိလျှင် အကျွန်သက်သေပြနိုင်ပါသည်။ ယခုတွင်တော့ ဒီတောမှထွက်ကြပါစို့ အစ်မငယ်"

"အသင့်အား ယခုပင် ရုံးတော်သို့ပို့ဆောင်ရမည်။"

"အစ်မငယ်"

"အသင့်၏အစ်မငယ် မဟုတ်တော့လေပြီ။"

အဂ္ဂ၏မျက်ဝန်းတို့ ညိုမှောင်သွားကာ

"အကျွန်မလိုက်နိုင်ပါ။"

"ကျွန်ုပ်သည်တော့ လူသတ်သမားကို ရသည့်နည်းနှင့် ရုံးတော်သို့ခေါ်ဆောင်ရပေမည်။"

အဇဋာသည် ဓားကိုဝင့်ကာ မြင်းဇက်ကိုလွှတ်လိုက်လေလျှင် အဂ္ဂမှာ မြင်းကိုလှည့်၍ အပြင်းနှင်လေတော့သည်။ ပြေးနေရင်းမှမီလာကာ အဇဋာကတိုက်ခိုက်လာ၍ အဂ္ဂက ခုခံနေရသည်။

"အကျွန့်ကိုယုံပါ အစ်မငယ်။"

"အသင့်ရာဇဝင် အမှန်ဆိုလျှင်လည်း တရားသောနည်းနှင့်ရှင်းသင့်သည်။ တရားလက်လွတ်၊ ဥပဒေမဲ့ မလုပ်သင့်သည်ကို သင်မသိလေရော့သလား။"

"ပြည့်ရှင်မင်း၏အပြစ်ကို အဘယ်နေရာတွင် အကျွန်တိုင်တန်းရမည်နည်း။"

"အသင့်တွင် စိတ်ရိုင်းများသာ ဖုံးလွှမ်းနေသည့်အလျှောက် အမှန်ကိုမမြင်နိုင်သည်လည်း ဖြစ်နိုင်သည်။"

တိုက်ခိုက်ရင်းဖြင့် ပြောနေကြသည်မှာ မောဟိုက်ဖွယ်ရာပင်။

"မိသားစုသွေးကြွေးကို ပြန်ဆပ်သည်မှာ အကျွန်မှားသည်လား။"

"လူသတ်သည်မှာ မှန်သတဲ့လား။"

"အကျွန့်အမှားဟု ဆိုလေသည်လား။"

"အစတွင်ပင် မှားနေခဲ့ပြီ။"

အဂ္ဂ၏မြင်းနက်ကြီးမှာ သစ်ကိုင်းတစ်ခုကိုနင်းမိရာမှ ဆူးကိုင်းဖြစ်နေ၍ ခြေခေါက်လဲတော့သည်။

"အား"

-..-..-..-..-..-..-..- Part (4) ဆက်ရန် -..-..-..-..-..-..-..-
© Demon ,
книга «အကၽြန္႔ကို ခြင့္လႊတ္ပါေလေတာ့».
Final: နဂါးနက္ ရာဇဝင္ / နဂါးနက် ရာဇဝင်
Коментарі