အဇဋာ နိဒါန္း / အဇဋာ နိဒါန်း
အဂၢႏွင့္ ေရႊကၽြန္းသူ / အဂ္ဂနှင့် ရွှေကျွန်းသူ
သဲလြန္စရဲ႕ နိဂံုး / သဲလွန်စရဲ့ နိဂုံး
Final: နဂါးနက္ ရာဇဝင္ / နဂါးနက် ရာဇဝင်
အဂၢႏွင့္ ေရႊကၽြန္းသူ / အဂ္ဂနှင့် ရွှေကျွန်းသူ
"မ်က္ႏွာမွာ အရြက္ေလးနည္းနည္းကပ္ေနေတာ့ ပိုလို႔ၾကည့္ေကာင္းသြားၿပီ အစ္မငယ္။"

"ဘာကြဲ႕"

သူက သာမန္ေျပာလိုက္ျခင္းျဖစ္ႏိုင္ေသာ္လည္း ရဲတင္းေသာစကားဟု သူ(မ)ယူဆမိကာ အနည္းငယ္ မ်က္ႏွာထန္သြားသည္။

"ဟို ... အကၽြန္ စကားအမွားဆိုမိသည္လား။ ေတာင္းပန္ပါသည္။ အစ္မငယ္ စိတ္မခုပါေလႏွင့္။"

မ်က္ႏွာငယ္ႏွင့္ သူေတာင္းပန္ၿပီး ဂူအလယ္မွမီးပံုကိုဖိုရန္ မီးခတ္ေနေလသည္။ သည္လိုဆိုမွျဖင့္ အဇဋာ စိတ္ထဲမေကာင္းပါ။ သူ(မ)ကို ကူညီေပးသူအား စိတ္မကြက္သင့္ေပ။

"အခ်ိန္လင့္ေတာ့မည္။ အေမွာင္မပ်ဳိးခင္ ဒီေတာတန္းက ထြက္ရဦးမည္။ 'ဥတၱရ'သို႔ နီးကပ္ေနၿပီမို႔ ခြင့္ျပဳပါ။"

သူ(မ)ေျပာၿပီး ထရပ္လိုက္သည္။

"အစ္မငယ္၊ ဒဏ္ရာေတြႏွင့္မို႔ ဒီတစ္ညေတာ့ ဒီမွာပဲနားသင့္သည္ေလ။"

"မသင့္ေတာ္ပါဘူးေလ။"

"သင့္ေတာ္ပါ၏။ အစ္မငယ္ စိတ္ေအးခ်မ္းသာစြာ အနားယူပါ။ ဂူအျပင္ကသစ္ပင္ႀကီးရဲ႕ လင့္စင္ေပၚမွာ အကၽြန္ တစ္ညလံုးရွိေနပါမည္။ အစားအစာအတြက္ အကၽြန္ စီစဥ္လိုက္ပါဦးမည္။"

သူ(မ)ကိုလံုးဝမၾကည့္ဘဲ သူ(မ)ေရွ႕သို႔ ေရဘူးေလးခ်ေပးၿပီး သူက အျပင္ထြက္ရန္ ေလးႏွင့္ျမားကို ယူလိုက္သည္။

"ေတာေကာင္ပစ္မည္ဆိုလၽွင္ မလုပ္ပါႏွင့္။ ဒီမွာ ၿမိဳ႕ထဲကယူလာတဲ့ရိကၡာ ပါပါသည္ေကာ။"

"ေကာင္းပါၿပီ။"

ေျပာၿပီး သူထြက္သြားမည္ဟန္ျပင္၍

"ေစာေသးသည္မဟုတ္လား။ ဧည့္သည္ကိုဧည့္မခံဘဲ ဒီအတိုင္းထားခဲ့မည္လား။"

အဇဋာ့မ်က္ႏွာကို သူလွမ္းၾကည့္လာၿပီး

"အစ္မငယ္ စိတ္မကြက္ေတာ့ၿပီေပါ့။"

"အစကကို မဟုတ္ပါၿပီေကာ။"

ခ်က္ခ်င္းပင္ စေတြ႕စဥ္ကကဲ့သို႔ သူရယ္ျပံဳးသြားသည္။

"အကၽြန္က အစ္မငယ္ အကၽြန္႔ကို အထင္လြဲစိတ္ကြက္သြားသည္ဟု ထင္မိသည္ေကာ။"

သူ(မ)ေခါင္းရမ္းျပရင္း

"ဒီမွာထိုင္ၿပီး အစားအစာေတြ လာစားလွည့္ပါလား။ ႏွစ္ေယာက္စာေတာ့ စားေလာက္သည္ပဲ။"

သူက သူ(မ)ကိုၾကည့္ေနေတာ့ သူ(မ)က ေခါင္းညိတ္ျပၿပီး ထပ္မံဖိတ္ေခၚလိုက္သည္။ ထိုအခါမွ သူသည္ ရႊင္ျမဴးစြာျဖင့္ ဝင္ထိုင္စားေသာက္လာသည္။

"အကၽြန္၊ ယခုလို တစ္ေယာက္ေယာက္နဲ႔အေဖာ္မျပဳရတာ အဘယ္မၽွၾကာၿပီလဲပင္ မမွတ္မိေတာ့ၿပီ။ အစ္မငယ္ကို အကၽြန္႔အစ္မလို ရင္းႏွီးမိသည္ေကာ။"

သူ(မ)ရင္ထဲ လိႈက္ခနဲျဖစ္သြားသည္။ သူ၏ပံုပန္းသည္ ႏွစ္ေပါင္းမ်ားစြာ အထီးက်န္ေနသည့္ဟန္ပင္။

"သင့္အစ္မဆိုသည္ကေရာကြယ္။"

"အစ္မေတာ္ ... အင္း ... အကၽြန္႔အစ္မငယ္က ..."

သူ၏မ်က္ဝန္းေတာက္ေတာက္မ်ား ညိဳမႈိင္းသြားသည္။

"အကၽြန္႔အိမ္သားေတြအားလံုး မရွိၾကေတာ့ၿပီ။ အကၽြန္႔အသက္ ခုနစ္ႏွစ္အရြယ္ခန္႔ကပင္ သူတို႔ ... မရွိၾကေတာ့။"

"အို။ ယခု အေမာင့္အသက္က အဘယ္မၽွရွိသနည္း။"

"ႏွစ္ႏွစ္ဆယ္လြန္ခဲ့ၿပီ"

"ၾကာခဲ့ေခ်ၿပီေကာ"

သူသည္ အစားအေသာက္မ်ားဆီသို႔သာ ျပန္လည္အာ႐ံုထားလိုက္ၿပီး

"အကၽြန္တို႔ရြာကို လုယက္သူဓားျပမ်ားဝင္ေရာက္ၾက၍ အိမ္သားအားလံုး အသတ္ခံရသည္၊ အစ္မငယ္။ အကၽြန္တစ္ဦးသာ ေဆာ့ကစားလြန္ေန၍ လြတ္ေျမာက္ခဲ့ရသည္။ ယခုေတာ့ မုဆိုးအျဖစ္အသက္ေမြးၿပီး ၿမိဳ႕သို႔ ေတာေကာင္တို႔ခႏၶာအစိတ္အပိုင္းနဲ႔ သစ္ျမစ္သစ္ဖုေတြ ေရာင္းခ်သည္ေလ။ မုဆိုးအဂၢ ဆိုလၽွင္ ကုန္သည္တို႔ သိၾကပါသည္။"

"အဂၢ ..."

"အကၽြန္႔အမည္ပါ အစ္မငယ္။"

"အစ္မငယ္က အဇဋာပါ။ အေမာင့္အျဖစ္က ဝမ္းနည္းစရာေကာင္းပါဘိ။"

"ထူးျခားေသာ အမည္ေပပဲ။ ထူးျခားလွေသာအစ္မငယ္ႏွင့္ေတာ့ လိုက္ဖက္ပါေပ၏။ အကၽြန္႔ဘဝက အေထြအထူးေျပာစရာမရွိသည္မို႔ အစ္မငယ္အေၾကာင္းေျပာျပပါလား။"

"အစ္မငယ္က 'သုဝဏၰနဂရ'က လာခဲ့တာပါ။"

"ဤသို႔ဆို အစ္မငယ္က ေရႊကၽြန္းသူတစ္ဦးေပပဲ။"

အဇဋာျပံဳးမိသည္။ အဂၢက ဆက္ေျပာလာသည္။

"သုဝဏၰနဂရက ေရႊၿမိဳ႕ေတာ္ဆိုတဲ့နာမနဲ႔လိုက္ဖက္စြာ စည္ပင္ဝေျပာၿပီး မိန္းမလွေပါမ်ားသည္ဟု ေက်ာ္ၾကားလွသည္။"

"ဤသည္ကိုလည္း သိသည္ေပါ့၊ ဟုတ္စ။"

"ေယာက်္ားေပကိုး အစ္မငယ္ရဲ႕။ ဟား ဟား ..... အေျပာင္အပ်က္စကားပါ အစ္မငယ္။ အကၽြန္က မုဆိုးမို႔ ကုန္သည္ရွိရာ သြားရေပသည္ေလ။"

သူ(မ)တို႔ အတူတူရယ္ေမာမိၾကသည္။

"အကၽြန္ေတာ့ ယခုလိုမရယ္ေမာရတာ အလြန္ကိုၾကာခဲ့ၿပီပဲ။ အစ္မငယ္အေၾကာင္း ဆက္ပါဦး။"

"အစ္မငယ္တြင္လည္း မိဘေတြမရွိေတာ့ၿပီ။ ဦးရီးက ေစာင့္ေရွာက္ေပးခဲ့ျပီး ယခုေတာ့ ဦးရီးရဲ႕ ကုန္ပစၥည္းပို႔ေဆာင္ရာမွာ ဝင္ေရာက္ကူညီေနသည္မို႔ ဥတၱရသို႔ ခရီးႏွင္လာျခင္းပါ။"

"သုဝဏၰႏွင့္ဥတၱရက ေဝးကြာလွၿပီး ေတာေတာင္ခရီးေတြျဖတ္ရသည္ကို တစ္ဦးတည္း ခရီးႏွင္လာသည္လား။"

"လင္းယုန္ႀကီးနဲ႔ ညိဳမိႈင္းလည္း ပါသည္ေလ။"

"အင္း ..... သူတို႔လည္း အားကိုးရပါေပ၏။ ခရီးလမ္းကၾကမ္းသည္မို႔ အစစ သတိရွိပါ အစ္မငယ္။"

"ရွိပါသေကာကြယ္။ ယေန႔ေတာ့ျဖင့္ သင္းတို႔က ေသာင္းက်န္းရန္ေကာ။"

"သင္းတို႔ ယခုတေလာမွ ပိုဆိုးသြမ္းလာၿပီ။ အျပန္ခရီးလည္း ေတာသို႔မဝင္မီ လင္းယုန္ႀကီးကို အကၽြန္႔ဆီလႊတ္လိုက္ပါ အစ္မငယ္။ လင္းယုန္ႀကီးအသံၾကားလၽွင္ျဖင့္ အကၽြန္ ေတာစပ္သို႔ လာခဲ့ပါမည္။ လြတ္ေျမာက္သြားသည့္ဓားျပေတြက ရန္ျပဳႏိုင္သည္မို႔ပါ။"

"ေက်းဇူးအထူးပါ အေမာင္။ သို႔ဆိုလၽွင္ အစ္မငယ္ ေမးရန္ရွိသည္။ ဥတၱရသူႂကြယ္ 'ေမာရစၥ'၏ စံအိမ္ကို သိပါ၏ေလာ။"

"ေမာရစၥ"

အဂၢ၏အသံ အနည္းငယ္မာထန္သြားသည္။

"အဘယ္သို႔ျဖစ္သနည္း အေမာင္။"

"သိပါသည္ ... သိပါသည္ေကာ။ ပစၥည္းပို႔စရာရွိသည္ ထင္ပါ့။ အကၽြန္ လမ္းညႊန္ေပးလိုက္ပါမည္။"

သူ(မ)တို႔ စားေသာက္ၿပီးစီးသည္အထိ စကားဆက္ေနမိသည္။

"အစ္မငယ္တို႔လုပ္ငန္းက ကုန္ပစၥည္းနဲ႔ပတ္သက္ေသာ အေၾကာင္းအရာမ်ားကို စည္းေစာင့္ရသည္မို႔ အကၽြန္မေမးေတာ့ၿပီ။"

သူ၏မ်က္ႏွာတြင္ အသိရခက္ေသာအျပံဳးတစ္ခု လၽွပ္တစ္ျပက္ေပၚသြားသည္။

"အေမာင္က အရာအေတာ္မ်ားမ်ားကို သိနားလည္ထားသည္ပဲ။"

"တစ္ကိုယ္တည္းျဖတ္သန္းရသည္မို႔ နားလည္ထားမွပင္ အဆင္ေခ်ာမည္မို႔လား။"

အကၽြန္နားလည္ပါ၏။ အစ္မငယ္အေနနဲ႔ အကၽြန္႔ကို သူႂကြယ္၏ေနရပ္ေမးျမန္းျခင္းကလည္း မမွားပါ အစ္မငယ္။

အေမွာင္ပ်ိဳးေခ်ၿပီ။ စကားေတြဆိုေနခဲ့ၾကရင္းမွ အဂၢက

"အစ္မငယ္၊ ဂူအဝကတံခါးေဘးမွာ ထင္းေျခာက္ေတြရွိပါရဲ႕။ အပူဓာတ္လိုက သံုးႏိုင္ရန္ေပါ့။ တံခါးကို အတြင္းကပဲဖြင့္ရန္လြယ္သည္မို႔ စိတ္ခ်စြာအနားယူပါေလ။ အကၽြန္႔ကို ခြင့္ျပဳဦး။ လင့္စင္ေပၚမွာရွိေနမည္မို႔ တစ္စံုတစ္ခုဆို အသံသာျပဳလိုက္ပါ အစ္မငယ္။"

အဇဋာ ေခါင္းညိတ္ျပလိုက္သည္။ အိမ္ရွင္ကို ႏွင္ထုတ္သလိုျဖစ္ေနသည္မို႔ သူ(မ)အားနာေပမဲ့ မတတ္ႏိုင္ပါေလ။ သူ လင့္စင္ေပၚသို႔တက္သြားၿပီးေနာက္ သူ(မ) ဂူတံခါးကိုပိတ္လိုက္သည္။ ဓားျပမ်ားႏွင့္တိုက္ခဲ့ရ၍ ႏြမ္းနယ္ေနေသာေၾကာင့္ သားေကာင္အေရခင္းေက်ာက္ျဖာေပၚ လဲေလ်ာင္းလိုက္သည္။ ဟိုသည္ေတြးရင္း သူ(မ)အိပ္ေမာက်သြားရာမွ ေအးလာ၍ ႏိုးလာၿပီး ဝက္ဝံေရကိုျခံဳလိုက္သည္။ မီးဖိုႏွင့္ဂူထဲတြင္ လံုလံုျခံဳျခံဳရွိသည့္သူ(မ)အဖို႔ပင္ ေအးသည္ဆိုလၽွင္ သစ္ပင္အျမင့္လင့္စင္ေပၚက အဂၢတစ္ေယာက္ မည္သို႔ေနမည္နည္းဟု ေတြးလိုက္ၿပီးမွ သူ၏ေနရာျဖစ္၍ ထိုေနရာတြင္လည္း ေႏြးေထြးေစရန္စီမံထားႏိုင္သည္ကို ေတြးမိရျပန္သည္။
မွန္ေပသည္။ အဂၢ၏လင့္စင္ေလး ေႏြးေနပါသည္။ သို႔ေသာ္လည္း မွက္၊ ျခင္တို႔က သည္ညမွပင္ ပိုမိုေပါမ်ားေန၍ သူ ေကာင္းမြန္စြာအိပ္မရေပ။

¤

သည္လိုႏွင့္ပင္ နံနက္လင္းခဲ့ၿပီ။ သူ(မ) ဂူတံခါးဖြင့္၍ လင့္စင္ေပၚၾကည့္မိသည္။ သူရွိေနဟန္မတူ။ ခဏမၽွၾကာလၽွင္ ျမင္းႏွစ္ေကာင္ဆြဲ၍ သူျပန္ေရာက္လာသည္။

"ေကာင္းမြန္စြာ အိပ္ရပါ၏လား အစ္မငယ္။"

"အိပ္ရပါၿပီေကာ။ ယခုမွႏိုးလာရသည္ေလ။"

"ျမင္းေတြေတာ့ျဖင့္ အစာဝေနၾကၿပီ။ အကၽြန္တို႔အတြက္ေတာ့ ဟိုမွာရွိပါသည္။"

သူက ဂူေပါက္ဝအေပၚကို ညႊန္ျပကာ ဂူအမိုးသို႔လက္လွမ္းလိုက္သည္။

"တံစို႔သီၿပီး မီးကင္ရန္သာလိုပါေတာ့သည္။"

ေျပာၿပီးလၽွင္ သူက ဂူထဲဝင္လာသည္။ ဂူထဲတြင္ မီးဖိုမွလြဲ၍ အရာရာသည္ သူထြက္သြားစဥ္ကအတိုင္း။ က်ားသားေရခင္းက မည္သူမွအိပ္စက္မထားသကဲ့သို႔ ျပန္႔ျပဴးေနၿပီး ျခံဳထည္သည္က အေခါက္လိုက္ ျပန္တင္ထားကာ ေရဘူးမွာလည္း သူ႔ေနရာႏွင့္သူ။
အဂၢျပံဳးမိသည္။ သူ(မ) အေတာ္ေစ့စပ္သည္ပဲ။ သူကလည္း ဝင္လာရင္း မ်က္လံုးတစ္ခ်က္ေဝ့မၽွ အကဲခတ္လိုက္႐ံုျဖင့္ သိလိုက္သည္မို႔ သူ၏ေနာက္ကကပ္၍လိုက္ဝင္သည့္ အဇဋာပင္ သူ၏အျပံဳးကို မျမင္လိုက္ရ။ ေနရာကို ဘာတစ္ခုမၽွစစ္ေဆးမေနဘဲ သည္အတိုင္းေနမည့္သူမဟုတ္ေသာ္လည္း သားေကာင္ကိုမီးကင္ၿပီးသည္အထိ သူမည္သည့္အခ်ိန္တြင္ ၾကည့္႐ႈစစ္ေဆးလိုက္သည္ကို သူ(မ)မသိလိုက္။ ဂူတြင္းသို႔ဝင္လာခ်ိန္ ခဏေလးအတြင္း သူ၏အျပံဳးကိုမမိလိုက္သည့္ အဇဋာက သူ႔ကို စိတ္ထဲမွေန၍ခ်ီးက်ဴးမိသည္။ သူက

"အစ္မငယ္ကို ညကမွာခဲ့ဖို႔ရာ ေမ့သြားသည္။ အစ္မငယ္ သတိရွိလို႔သာ ေတာ္ေတာ့၏။ သို႔မဟုတ္ရင္ျဖင့္ ေရေတြ ေကာကုန္ေတာ့မည္။"

ေျပာေနရင္းမွ သူ၏အမဲလိုက္ပစၥည္းမ်ားႏွင့္ သစ္ျမစ္မ်ား စုပံုထားရာေနာက္ရွိ ဂူေထာင့္နားမွ စိမ့္ေရခံထားေသာဝါးဆစ္ကို သြားယူလိုက္သည္။ ညက အဇဋာသည္ ျပည့္သြားေသာဝါးဆစ္ကိုပိတ္ထားလိုက္ၿပီး အလြတ္ႏွင့္လဲထားလိုက္သည္မဟုတ္ပါလား။ အကြယ္တြင္ရွိသည္ကို သူသြားမၾကည့္ပါဘဲ လဲထားသည္ကိုသိေနသည္ဆိုေတာ့ သူ(မ) ေျခရာလက္ရာမပ်က္ သိမ္းဆည္းထားသည္မ်ားကို သူသိေနသည့္သေဘာပင္။

"ဒီေရက သဘာဝအတိုင္းသန္႔စင္တာေၾကာင့္ ေဆးေဖာ္ရာတြင္ အသံုးဝင္လြန္းလွသည္ အစ္မငယ္။"

"အေမာင္က ေဆးအေၾကာင္းလည္း နားလည္သည္လား။"

"ေတာထဲမွာ တစ္ကိုယ္တည္းေနသည္ေၾကာင့္ အေရးဆို ကိုယ့္အားကိုယ္ကိုးရမည္မို႔ အနည္းငယ္ ေလ့လာထား႐ံုမၽွပါ။"

"အေမာင္က အလြန္ထူးျခားသည္ပဲ။"

"အကၽြန္က ေနသားက်ေနသည္ပါ။ အစ္မငယ္လည္း ေစ့စပ္ေသခ်ာသူေပပဲ။"

ႏွစ္ဦးသားျပံဳးမိၾကသည္။ သားေကာင္အကင္ကို စားေနၾကရင္း အဂၢမွ

"အစ္မငယ္၊ ဥတၱရသို႔သြားမည္ဆိုလၽွင္ အကၽြန္လိုက္ပါမည္။"

"အေမာင္က အေၾကာင္းကိစၥရွိသည္လား။"

"ေဆးဆိုင္သို႔ တိရစၧာန္သည္းေျခႏွင့္သစ္ျမစ္အခ်ိဳ႕ ပို႔ရန္ရွိသည္ေလ။"

"ေကာင္းပါၿပီ။"

"အကၽြန္ ပစၥည္းပို႔ၿပီး အစ္မငယ္ႏွင့္အတူ ေမာရစၥသူႂကြယ္ထံသို႔ လိုက္ခဲ့ပါမည္။ ေဆးဆိုင္တြင္က ေခတၱမၽွသာၾကာပါမည္။"

"သည္လိုဆိုရင္ျဖင့္ အစ္မငယ္လည္း အေဖာ္ရသည္ေပါ့။ ေက်းဇူးတင္ပါသည္ အေမာင္။"

"ေက်းဇူးစကား မၾကာခဏဆိုေခ်ပါပေကာ။ အစ္မငယ္ရဲ႕ေမာင္အရင္းအခ်ာလို မွတ္ယူလၽွင္ျဖင့္ ေနာင္ ဤသို႔မဆိုေလႏွင့္ အစ္မငယ္။"

အဇဋာသည္ အဂၢကိုၾကည့္လိုက္ေလလၽွင္ သူ၏မ်က္ဝန္းမ်ားက ေမတၱာကိုငံ့လင့္ေနဟန္ႏွင့္ သူ(မ)ကို စိုက္ၾကည့္ေန၍ တစ္ကိုယ္တည္းျဖတ္သန္းခဲ့ရေသာသူ၏ဘဝကို အဇဋာ က႐ုဏာသက္မိသည္။

"ေကာင္းပါၿပီ။ အေမာင္က ငါ့ေမာင္ငယ္ေလးေပါ့။"

"ဟား ဟား ဟား"

သူ(မ)၏စကားကို အဂၢက ႏွစ္ၿခိဳက္စြာရယ္ေမာကာ ေခါင္းညိတ္ျပလိုက္သည္။

"အကၽြန္႔ဆီကို လမ္းၾကံဳရင္ပဲျဖစ္ေစ၊ ရည္ရြယ္၍ပဲျဖစ္ေစ လာလည္ပါ အစ္မငယ္။ အေၾကာင္းကိစၥရွိလို႔ မွာၾကားမည္ဆိုရင္ေတာ့ျဖင့္ အစ္မငယ္တို႔အိမ္ဝင္းရဲ႕ အေနာက္ဘက္လမ္းက 'ဇီဝက'ေဆးဆိုင္သို႔ မွာထားႏိုင္ပါသည္။"

"အလို၊ အစ္မငယ္တို႔အိမ္ကို သိသည္လား။"

"သုဝဏၰကို မၾကာခဏေရာက္ေနသူအဖို႔ နာမည္ေက်ာ္ 'လင္းယုန္'အာမခံပို႔ေဆာင္ေရးရဲ႕ အလုပ္ဌာနနဲ႔ အိမ္ဝင္းကို မသိရင္ျဖင့္ ညံ့ဖ်င္းရာက်ေပေတာ့မွာေပါ့။"

"ဇီဝကသို႔ မၾကာခဏေရာက္သည္ေပါ့။"

"ေဆးျမစ္ပို႔သည္ေလ အစ္မငယ္။"

"ဪ"

သူ(မ)တို႔ စားေသာက္ၿပီး၊ ကိုယ္လက္သန္႔စင္ၿပီးၾကလၽွင္ ဥတၱရသို႔ အတူတကြထြက္ခြာလာခဲ့ၾကသည္။ အဂၢ၏အလုပ္ကိစၥသည္ အခ်ိန္မၾကာေသာေၾကာင့္ သူႂကြယ္၏အိမ္ဝင္းဆီသို႔ ဆက္လာခဲ့ၾကသည္။ အလြန္ခမ္းနားေသာတံခါးမုခ္ဦးႀကီးရွိ အေစာင့္တို႔ကို အေၾကာင္းၾကားေစၿပီး ပန္းျခံက်ယ္ႀကီးကိုျဖတ္၍ သူႂကြယ္ေမာရစၥ၏ အပန္းေျဖရာအေဆာင္သို႔ ေရာက္လာသည္။ ျမင္ရသည့္အရာရာတို႔က ေမာရစၥ၏ ႂကြယ္ဝမႈကို ေဖာ္ျပေနၾကသည္။ အလွဆင္ ေက်ာက္စိမ္းပန္းအိုးႀကီးမ်ား၊ အခန္းျပည့္ခင္းထားသည့္ ႏူးညံ့အိစက္ေသာ ေကာေဇာ၊ ေမႊးႀကိဳင္လွေသာ ပန္းရနံ႔မ်ား၊ ရာသီခ်ိန္မဟုတ္ပါဘဲ ပြင့္ေနေစေသာ ပန္းမ်ား၊ အလွဆင္ထားေသာ ေႂကြထည္၊ ေငြထည္ပစၥည္းမ်ားႏွင့္ ပန္းပု႐ုပ္မ်ား၊ ေျပာင္လက္ေနေသာ ဗီ႐ိုႀကီးမ်ားက အခန္းက်ယ္ႀကီးအတြင္း အစီအရီရွိေနၾကသည္။
ေမာရစၥက သူ၏ အလြန္ဆူၿဖိဳးေသာ ခႏၶာကိုယ္အတၱေဘာႀကီးႏွင့္လိုက္ဖက္စြာ ႀကီးမားက်ယ္ျပန္႔၍ အလြန္ႏူးညံ့ဟန္ရွိေသာ ထိုင္ခင္းေပၚတြင္ ရွိေနသည္။ အဇဋာက

"အကၽြန္က လင္းယုန္ အာမခံပို႔ေဆာင္ေရးကပါ။ သုဝဏၰနဂရၿမိဳ႕စားက သူေဌးမင္းထံ ပစၥည္းပို႔ခိုင္းသည္ကို လာေရာက္ေပးပို႔ျခင္းပါ။"

ေမာရစၥမွလက္ကမ္းသည္တြင္ ေဘးနားမွအေစအပါးက အဇဋာလက္ထဲမွ ေသတၱာေလးႏွင့္စာအိတ္ကို သူေဌးႀကီးထံ တ႐ိုတေသကမ္းေပးလိုက္သည္။ ေသတၱာေလးသည္ ေသာ့ပိတ္ထားသည့္အတြက္ ၿမိဳ႕စားမင္းတံဆိပ္ျဖင့္ ခ်ိပ္ပိတ္ထားေသာစာအိတ္ကို ဖြင့္ေဖာက္လိုက္သည္တြင္ ေသာ့ငယ္တစ္ေခ်ာင္း ထြက္က်လာသည္။ ေသတၱာေလးကို ထိုေသာ့ႏွင့္ဖြင့္လိုက္ၿပီး အတြင္းမွပစၥည္းကိုျမင္သည္ႏွင့္ ေမာရစၥ၏မ်က္ႏွာမွာ ခ်က္ခ်င္းပင္ေသြးဆုတ္ျဖဴေဖ်ာ့သြားၿပီး ႏႈတ္ခမ္းမ်ားတုန္ကာ

"လာ ... လာ ... လာၾက ... လာၾကစမ္း! အ ... အ ... အေစာင့္ေတြ ထပ္ ... ထပ္ ... ထပ္တိုး ... တိုးလိုက္ ..."

အဇဋာ အံ့ဩသြားသည္။ စကားထစ္သည္မွာ နဂိုကတည္းကလား၊ ယခုမွ ထိတ္လန္႔လြန္သည္လားကို သူ(မ) မေဝခြဲတတ္ေတာ့ေပ။ အဂၢသည္ကား ေမာရစၥကို ေသခ်ာစိုက္ၾကည့္ေနသည္။ အေစာင့္မ်ားခ်က္ခ်င္းေရာက္လာၿပီး အလုပ္မ်ားကုန္သည့္အခါ အဂၢႏွင့္အဇဋာတို႔ ျပန္ထြက္ခဲ့ၾကသည္။ အျပင္ေရာက္လၽွင္ အဇဋာက

"ထိုမၽွေလာက္တုန္လႈပ္သြားရတာ ေသတၱာေလးထဲက ဘာပစၥည္းပါလိမ့္။"

"လူသတ္လက္နက္ေလလား မသိႏိုင္ဘူး။"

"အေမာင္က ျမင္လိုက္ေလသလား။"

"မျမင္ပါ အစ္မငယ္။ လူတို႔အေၾကာက္ရြံ႕ဆံုးက ေသျခင္းေပမို႔ ခန္႔မွန္းၾကည့္မိ႐ံုမၽွပါ။"

"ဒီလို အေစာင့္အေရွာက္ထူထပ္မွျဖင့္ မည္သူက အေကာက္ၾကံႏိုင္ပါမည္လဲ။ မင္းမဲ့တိုင္းျပည္မွ မဟုတ္သည္ပဲ။"

"သြားၾကပါစို႔ အစ္မငယ္။ ကိုယ့္ကိစၥႏွင့္ကိုယ္ ရွိၾကသည္မဟုတ္ပါလား။"

"အေမာင္ အဘယ္သို႔သြားရန္ရွိသလဲကြယ့္။"

"အကၽြန္က အစ္မငယ္ျပန္မည္ဆို ေတာ၏ဟိုမွာဘက္အထိ လိုက္ပို႔ေပးမည္ဟု စိတ္ကူးသည္ပါ။"

"အေမာင္က ဂူမွာပဲေနခဲ့ပါ။ အေခါက္ေခါက္အခါခါ ျဖစ္ေနပါမည္ေလ။"

"အဆင္ေျပပါသည္ အစ္မငယ္။ ေမာရဝတီၿမိဳ႕တံခါးအထိ အကၽြန္လိုက္ပို႔ေပးပါမည္။"

ျငင္း၍ရမည္မဟုတ္၍ အဇဋာ ေခါင္းညိတ္လိုက္သည္။

¤

ဥတၱရသူႂကြယ္ ေမာရစၥ၏စံအိမ္သည္ ညအလင္းေရာင္ေအာက္တြင္ အေစာင့္အၾကပ္မ်ားျဖင့္ သက္ဝင္လႈပ္ရွားေနသည္။ ေမာရစၥမွာ တစ္ညလံုး တုန္လႈပ္ေျခာက္ျခားေနဟန္ရွိၿပီး အယံုၾကည္ရဆံုး အနီးကပ္ကိုယ္ရံေတာ္မ်ားမွလြဲ၍ အခန္းတြင္းသို႔ မည္သူမၽွမဝင္ႏိုင္ရန္ အမိန္႔ေပးတားျမစ္ထားသည္။ သန္းေခါင္ယံေက်ာ္လြန္လာသည္မွာပင္ အေတာ္ၾကာခဲ့ၿပီျဖစ္၍ စိုးရိမ္စိတ္မ်ားျဖင့္မအိပ္ႏိုင္ျဖစ္ေနေသာ ေမာရစၥမွာ ပင္ပန္းလာၿပီး ေခတၱမၽွငိုက္ျမည္းသြားစဥ္ အနီးဆံုးအိပ္ဖန္ေစာင့္တစ္ဦး အမူအရာေျပာင္းလဲေနသည္ကို မသိလိုက္ေတာ့ေပ။
ထိုသူသည္ ေမာရစၥ၏စက္ရာေဘးသို႔ တျဖည္းျဖည္းခ်ဥ္းကပ္လာသည္။ ဓားအိမ္ထဲမွဓားကို တိတ္ဆိတ္စြာဆြဲထုတ္လိုက္ၿပီး ေမာရစၥ၏လည္မ်ိဳကို ဓားႏွင့္ေထာက္လိုက္သည္။ ေအးစက္ေသာ ဓားသြား၏အထိအေတြ႕ေၾကာင့္ ေမာရစၥႏိုးသြားခ်ိန္ သူ၏ေရွ႕တြင္ မ်က္ႏွာကို ဆံပင္မ်ားျဖင့္ဖံုးကြယ္ထားသူတစ္ဦးက သူ၏လည္ပင္းကို ဓားေထာက္ထားသည္။ ေအာ္ဟစ္ရန္ႀကိဳးစားစဥ္ ထိုလူကေခါင္းေမာ့လာ၍ ဆံပင္မ်ားရွင္းသြားခ်ိန္တြင္ ျမင္လိုက္ရသည္က မ်က္ႏွာဖံုးစြပ္လူတစ္ဦးပင္။ ထိုသူက ပါးစပ္အနီးသို႔လက္ညႇိဳးကိုကပ္၍ အသံမထြက္ရန္အခ်က္ျပၿပီး ဓားကို အနည္းငယ္ဖိေထာက္လိုက္သည့္အခါ ေသြးစို႔သြားေသာ လည္ပင္းဆီမွနာက်င္မႈေၾကာင့္ ေမာရစၥမ်က္ႏွာမဲ့သြားေသာ္လည္း အသံမထြက္ရဲပါ။ သို႔ေသာ္ အနည္းငယ္အားယူ၍ အသံခပ္နိမ့္နိမ့္ျဖင့္ ေမးလိုက္သည္။

"မင္း ... မင္း ... ဘာ ... ဘာလုပ္ ... လုပ္တာလဲ။"

"အဟင္း ... သိခ်င္သတဲ့လား။"

ထိုလူက ေျပာၿပီး မ်က္ႏွာဖံုးကိုဆြဲခ်လိုက္သည္။

"မင္း ... ဟို ... ဟိုေကာင္ ... ေလး"

"မွန္ေပသည္ေပါ့ သူေဌးမင္းရယ္။ သင္က က်ဳပ္ဘယ္သူလဲဆိုတာ မမွတ္မိဘူးထင္ပါရဲ႕။"

ေျပာၿပီး ထိုလူငယ္က အက်ႌရင္ဘတ္ထဲမွ တစ္စံုတစ္ခုကိုထုတ္ယူျပလိုက္သည္။ ထိုအရာကိုျမင္လိုက္ေသာေမာရစၥမွာ ပါးစပ္မွ စကားတစ္ခြန္းကို အထိတ္တလန္႔၊ အထစ္ထစ္အေငါ့ေငါ့ ေရရြတ္အၿပီး လူငယ္၏လက္တစ္ဖက္ လ်င္ျမန္စြာလႈပ္ရွားသြားခ်ိန္ ေမာရစၥ၏လည္ပင္းေသြးမ်ား စက္ရာအခင္းႏွင့္ၾကမ္းျပင္ေပၚတြင္ စြန္းထင္းသြားသည္။ ေမာရစၥမွာ ေၾကာက္ရြံ႕ထိတ္လန္႔ေနကာ မ်က္လံုးအစံုကိုမပိတ္ႏိုင္ေသးမီ အသက္ဇီဝိန္ခ်ဳပ္ၿငိမ္းသြားခဲ့ၿပီး သူ၏ အသက္မဲ့ခႏၶာကိုယ္ႀကီးထက္သို႔ လူငယ္၏အက်ႌရင္ဘတ္ထဲမွ ထုတ္ယူထားေသာ မည္းနက္နက္အရာငယ္ေလးကို ပစ္တင္လိုက္သည္။ အေစာင့္အၾကပ္မ်ားၾကားမွ မည္သို႔ဝင္ေရာက္လာသည္မသိလိုက္ရ။ ေမာရစၥသူႂကြယ္ကို လုပ္ၾကံသတ္ျဖတ္သြားသူမွာ မည္သူဟုမသိလိုက္ၾကရမီ ထိုလူသတ္သမား လြတ္ေျမာက္သြားခဲ့ၿပီ။

¤

နံနက္ေဝလီေဝလင္း အလင္းေရာင္မထြက္မီအခ်ိန္တြင္ သုဝဏၰနဂရၿမိဳ႕စားမင္းမွာ နာမည္ႀကီးေဂဟာတြင္ တစ္ညတာေပ်ာ္ပါးၿပီး သူ၏စံအိမ္ေတာ္သို႔ ေဝါယာဥ္ျဖင့္ျပန္လာေနသည္။
သူဖုန္းစားအဘိုးအိုတစ္ဦးသည္ ေႏွးေကြးေလးလံေသာေျခလွမ္းမ်ားကို အားယူလွမ္းကာ လမ္းခ်ိဳးေလးမွသည္ လမ္းမႀကီးဘက္သို႔ထြက္လာၿပီး တစ္ခဏအတြင္းမွာပင္ ၿမိဳ႕စားမင္း၏ေဝါယာဥ္ႏွင့္ ဆံုေလသည္။

"သူဖုန္းစား၊ လမ္းဖယ္ပါ။ နံနက္ေစာေစာ က်က္သေရမဲ့စြာ ၿမိဳ႕စားမင္း၏လမ္းကို ပိတ္ေနသည္လား။ အသက္မျမဲခ်င္ၿပီထင္ပါ့။"

ရဲမက္ေခါင္းေဆာင္တစ္ဦး၏ မာန္မဲမႈေၾကာင့္ အဘိုးအိုသည္ ဦးညႊတ္၍လမ္းေဘးသို႔ဆင္းေပးရွာသည္။ အဘိုးအိုေဘးမွ ေဝါယာဥ္ျဖတ္သြားခ်ိန္ အဘိုးအိုသည္ သူ၏ေတာင္ေဝွးကိုအသာႂကြကာ အ႐ိုအေသျပဳေလသည္။

"အား"

ေဝါယာဥ္အတြင္းမွေအာ္သံေၾကာင့္

"ရပ္"

ရဲမက္ေခါင္းေဆာင္မွ အမိန္႔ေပးရပ္တန္႔ေစ၍ ေဝါယာဥ္ကိုရပ္နားလိုက္ၾကၿပီး

"ၿမိဳ႕စားမင္း"

တုံ႔ျပန္သံမၾကားရ။ ေဝါယာဥ္မွအကာကို အသာဟၾကည့္မိခ်ိန္

"လုပ္ၾကံသူ"

ရဲမက္ေခါင္းေဆာင္၏ေအာ္သံက ဟိန္းထြက္လာေတာ့သည္။

-..-..-..-..-..-..-..- Part (3) ဆက္ရန္ -..-..-..-..-..-..-..-


"မျက်နှာမှာ အရွက်လေးနည်းနည်းကပ်နေတော့ ပိုလို့ကြည့်ကောင်းသွားပြီ အစ်မငယ်။"

"ဘာကွဲ့"

သူက သာမန်ပြောလိုက်ခြင်းဖြစ်နိုင်သော်လည်း ရဲတင်းသောစကားဟု သူ(မ)ယူဆမိကာ အနည်းငယ် မျက်နှာထန်သွားသည်။

"ဟို ... အကျွန် စကားအမှားဆိုမိသည်လား။ တောင်းပန်ပါသည်။ အစ်မငယ် စိတ်မခုပါလေနှင့်။"

မျက်နှာငယ်နှင့် သူတောင်းပန်ပြီး ဂူအလယ်မှမီးပုံကိုဖိုရန် မီးခတ်နေလေသည်။ သည်လိုဆိုမှဖြင့် အဇဋာ စိတ်ထဲမကောင်းပါ။ သူ(မ)ကို ကူညီပေးသူအား စိတ်မကွက်သင့်ပေ။

"အချိန်လင့်တော့မည်။ အမှောင်မပျိုးခင် ဒီတောတန်းက ထွက်ရဦးမည်။ 'ဥတ္တရ'သို့ နီးကပ်နေပြီမို့ ခွင့်ပြုပါ။"

သူ(မ)ပြောပြီး ထရပ်လိုက်သည်။

"အစ်မငယ်၊ ဒဏ်ရာတွေနှင့်မို့ ဒီတစ်ညတော့ ဒီမှာပဲနားသင့်သည်လေ။"

"မသင့်တော်ပါဘူးလေ။"

"သင့်တော်ပါ၏။ အစ်မငယ် စိတ်အေးချမ်းသာစွာ အနားယူပါ။ ဂူအပြင်ကသစ်ပင်ကြီးရဲ့ လင့်စင်ပေါ်မှာ အကျွန် တစ်ညလုံးရှိနေပါမည်။ အစားအစာအတွက် အကျွန် စီစဉ်လိုက်ပါဦးမည်။"

သူ(မ)ကိုလုံးဝမကြည့်ဘဲ သူ(မ)ရှေ့သို့ ရေဘူးလေးချပေးပြီး သူက အပြင်ထွက်ရန် လေးနှင့်မြားကို ယူလိုက်သည်။

"တောကောင်ပစ်မည်ဆိုလျှင် မလုပ်ပါနှင့်။ ဒီမှာ မြို့ထဲကယူလာတဲ့ရိက္ခာ ပါပါသည်ကော။"

"ကောင်းပါပြီ။"

ပြောပြီး သူထွက်သွားမည်ဟန်ပြင်၍

"စောသေးသည်မဟုတ်လား။ ဧည့်သည်ကိုဧည့်မခံဘဲ ဒီအတိုင်းထားခဲ့မည်လား။"

အဇဋာ့မျက်နှာကို သူလှမ်းကြည့်လာပြီး

"အစ်မငယ် စိတ်မကွက်တော့ပြီပေါ့။"

"အစကကို မဟုတ်ပါပြီကော။"

ချက်ချင်းပင် စတွေ့စဉ်ကကဲ့သို့ သူရယ်ပြုံးသွားသည်။

"အကျွန်က အစ်မငယ် အကျွန့်ကို အထင်လွဲစိတ်ကွက်သွားသည်ဟု ထင်မိသည်ကော။"

သူ(မ)ခေါင်းရမ်းပြရင်း

"ဒီမှာထိုင်ပြီး အစားအစာတွေ လာစားလှည့်ပါလား။ နှစ်ယောက်စာတော့ စားလောက်သည်ပဲ။"

သူက သူ(မ)ကိုကြည့်နေတော့ သူ(မ)က ခေါင်းညိတ်ပြပြီး ထပ်မံဖိတ်ခေါ်လိုက်သည်။ ထိုအခါမှ သူသည် ရွှင်မြူးစွာဖြင့် ဝင်ထိုင်စားသောက်လာသည်။

"အကျွန်၊ ယခုလို တစ်ယောက်ယောက်နဲ့အဖော်မပြုရတာ အဘယ်မျှကြာပြီလဲပင် မမှတ်မိတော့ပြီ။ အစ်မငယ်ကို အကျွန့်အစ်မလို ရင်းနှီးမိသည်ကော။"

သူ(မ)ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်။ သူ၏ပုံပန်းသည် နှစ်ပေါင်းများစွာ အထီးကျန်နေသည့်ဟန်ပင်။

"သင့်အစ်မဆိုသည်ကရောကွယ်။"

"အစ်မတော် ... အင်း ... အကျွန့်အစ်မငယ်က ..."

သူ၏မျက်ဝန်းတောက်တောက်များ ညိုမှိုင်းသွားသည်။

"အကျွန့်အိမ်သားတွေအားလုံး မရှိကြတော့ပြီ။ အကျွန့်အသက် ခုနစ်နှစ်အရွယ်ခန့်ကပင် သူတို့ ... မရှိကြတော့။"

"အို။ ယခု အမောင့်အသက်က အဘယ်မျှရှိသနည်း။"

"နှစ်နှစ်ဆယ်လွန်ခဲ့ပြီ"

"ကြာခဲ့ချေပြီကော"

သူသည် အစားအသောက်များဆီသို့သာ ပြန်လည်အာရုံထားလိုက်ပြီး

"အကျွန်တို့ရွာကို လုယက်သူဓားပြများဝင်ရောက်ကြ၍ အိမ်သားအားလုံး အသတ်ခံရသည်၊ အစ်မငယ်။ အကျွန်တစ်ဦးသာ ဆော့ကစားလွန်နေ၍ လွတ်မြောက်ခဲ့ရသည်။ ယခုတော့ မုဆိုးအဖြစ်အသက်မွေးပြီး မြို့သို့ တောကောင်တို့ခန္ဓာအစိတ်အပိုင်းနဲ့ သစ်မြစ်သစ်ဖုတွေ ရောင်းချသည်လေ။ မုဆိုးအဂ္ဂ ဆိုလျှင် ကုန်သည်တို့ သိကြပါသည်။"

"အဂ္ဂ ..."

"အကျွန့်အမည်ပါ အစ်မငယ်။"

"အစ်မငယ်က အဇဋာပါ။ အမောင့်အဖြစ်က ဝမ်းနည်းစရာကောင်းပါဘိ။"

"ထူးခြားသော အမည်ပေပဲ။ ထူးခြားလှသောအစ်မငယ်နှင့်တော့ လိုက်ဖက်ပါပေ၏။ အကျွန့်ဘဝက အထွေအထူးပြောစရာမရှိသည်မို့ အစ်မငယ်အကြောင်းပြောပြပါလား။"

"အစ်မငယ်က 'သုဝဏ္ဏနဂရ'က လာခဲ့တာပါ။"

"ဤသို့ဆို အစ်မငယ်က ရွှေကျွန်းသူတစ်ဦးပေပဲ။"

အဇဋာပြုံးမိသည်။ အဂ္ဂက ဆက်ပြောလာသည်။

"သုဝဏ္ဏနဂရက ရွှေမြို့တော်ဆိုတဲ့နာမနဲ့လိုက်ဖက်စွာ စည်ပင်ဝပြောပြီး မိန်းမလှပေါများသည်ဟု ကျော်ကြားလှသည်။"

"ဤသည်ကိုလည်း သိသည်ပေါ့၊ ဟုတ်စ။"

"ယောကျ်ားပေကိုး အစ်မငယ်ရဲ့။ ဟား ဟား ..... အပြောင်အပျက်စကားပါ အစ်မငယ်။ အကျွန်က မုဆိုးမို့ ကုန်သည်ရှိရာ သွားရပေသည်လေ။"

သူ(မ)တို့ အတူတူရယ်မောမိကြသည်။

"အကျွန်တော့ ယခုလိုမရယ်မောရတာ အလွန်ကိုကြာခဲ့ပြီပဲ။ အစ်မငယ်အကြောင်း ဆက်ပါဦး။"

"အစ်မငယ်တွင်လည်း မိဘတွေမရှိတော့ပြီ။ ဦးရီးက စောင့်ရှောက်ပေးခဲ့ပြီး ယခုတော့ ဦးရီးရဲ့ ကုန်ပစ္စည်းပို့ဆောင်ရာမှာ ဝင်ရောက်ကူညီနေသည်မို့ ဥတ္တရသို့ ခရီးနှင်လာခြင်းပါ။"

"သုဝဏ္ဏနှင့်ဥတ္တရက ဝေးကွာလှပြီး တောတောင်ခရီးတွေဖြတ်ရသည်ကို တစ်ဦးတည်း ခရီးနှင်လာသည်လား။"

"လင်းယုန်ကြီးနဲ့ ညိုမှိုင်းလည်း ပါသည်လေ။"

"အင်း ..... သူတို့လည်း အားကိုးရပါပေ၏။ ခရီးလမ်းကကြမ်းသည်မို့ အစစ သတိရှိပါ အစ်မငယ်။"

"ရှိပါသကောကွယ်။ ယနေ့တော့ဖြင့် သင်းတို့က သောင်းကျန်းရန်ကော။"

"သင်းတို့ ယခုတလောမှ ပိုဆိုးသွမ်းလာပြီ။ အပြန်ခရီးလည်း တောသို့မဝင်မီ လင်းယုန်ကြီးကို အကျွန့်ဆီလွှတ်လိုက်ပါ အစ်မငယ်။ လင်းယုန်ကြီးအသံကြားလျှင်ဖြင့် အကျွန် တောစပ်သို့ လာခဲ့ပါမည်။ လွတ်မြောက်သွားသည့်ဓားပြတွေက ရန်ပြုနိုင်သည်မို့ပါ။"

"ကျေးဇူးအထူးပါ အမောင်။ သို့ဆိုလျှင် အစ်မငယ် မေးရန်ရှိသည်။ ဥတ္တရသူကြွယ် 'မောရစ္စ'၏ စံအိမ်ကို သိပါ၏လော။"

"မောရစ္စ"

အဂ္ဂ၏အသံ အနည်းငယ်မာထန်သွားသည်။

"အဘယ်သို့ဖြစ်သနည်း အမောင်။"

"သိပါသည် ... သိပါသည်ကော။ ပစ္စည်းပို့စရာရှိသည် ထင်ပါ့။ အကျွန် လမ်းညွှန်ပေးလိုက်ပါမည်။"

သူ(မ)တို့ စားသောက်ပြီးစီးသည်အထိ စကားဆက်နေမိသည်။

"အစ်မငယ်တို့လုပ်ငန်းက ကုန်ပစ္စည်းနဲ့ပတ်သက်သော အကြောင်းအရာများကို စည်းစောင့်ရသည်မို့ အကျွန်မမေးတော့ပြီ။"

သူ၏မျက်နှာတွင် အသိရခက်သောအပြုံးတစ်ခု လျှပ်တစ်ပြက်ပေါ်သွားသည်။

"အမောင်က အရာအတော်များများကို သိနားလည်ထားသည်ပဲ။"

"တစ်ကိုယ်တည်းဖြတ်သန်းရသည်မို့ နားလည်ထားမှပင် အဆင်ချောမည်မို့လား။"

အကျွန်နားလည်ပါ၏။ အစ်မငယ်အနေနဲ့ အကျွန့်ကို သူကြွယ်၏နေရပ်မေးမြန်းခြင်းကလည်း မမှားပါ အစ်မငယ်။

အမှောင်ပျိုးချေပြီ။ စကားတွေဆိုနေခဲ့ကြရင်းမှ အဂ္ဂက

"အစ်မငယ်၊ ဂူအဝကတံခါးဘေးမှာ ထင်းခြောက်တွေရှိပါရဲ့။ အပူဓာတ်လိုက သုံးနိုင်ရန်ပေါ့။ တံခါးကို အတွင်းကပဲဖွင့်ရန်လွယ်သည်မို့ စိတ်ချစွာအနားယူပါလေ။ အကျွန့်ကို ခွင့်ပြုဦး။ လင့်စင်ပေါ်မှာရှိနေမည်မို့ တစ်စုံတစ်ခုဆို အသံသာပြုလိုက်ပါ အစ်မငယ်။"

အဇဋာ ခေါင်းညိတ်ပြလိုက်သည်။ အိမ်ရှင်ကို နှင်ထုတ်သလိုဖြစ်နေသည်မို့ သူ(မ)အားနာပေမဲ့ မတတ်နိုင်ပါလေ။ သူ လင့်စင်ပေါ်သို့တက်သွားပြီးနောက် သူ(မ) ဂူတံခါးကိုပိတ်လိုက်သည်။ ဓားပြများနှင့်တိုက်ခဲ့ရ၍ နွမ်းနယ်နေသောကြောင့် သားကောင်အရေခင်းကျောက်ဖြာပေါ် လဲလျောင်းလိုက်သည်။ ဟိုသည်တွေးရင်း သူ(မ)အိပ်မောကျသွားရာမှ အေးလာ၍ နိုးလာပြီး ဝက်ဝံရေကိုခြုံလိုက်သည်။ မီးဖိုနှင့်ဂူထဲတွင် လုံလုံခြုံခြုံရှိသည့်သူ(မ)အဖို့ပင် အေးသည်ဆိုလျှင် သစ်ပင်အမြင့်လင့်စင်ပေါ်က အဂ္ဂတစ်ယောက် မည်သို့နေမည်နည်းဟု တွေးလိုက်ပြီးမှ သူ၏နေရာဖြစ်၍ ထိုနေရာတွင်လည်း နွေးထွေးစေရန်စီမံထားနိုင်သည်ကို တွေးမိရပြန်သည်။
မှန်ပေသည်။ အဂ္ဂ၏လင့်စင်လေး နွေးနေပါသည်။ သို့သော်လည်း မှက်၊ ခြင်တို့က သည်ညမှပင် ပိုမိုပေါများနေ၍ သူ ကောင်းမွန်စွာအိပ်မရပေ။

¤

သည်လိုနှင့်ပင် နံနက်လင်းခဲ့ပြီ။ သူ(မ) ဂူတံခါးဖွင့်၍ လင့်စင်ပေါ်ကြည့်မိသည်။ သူရှိနေဟန်မတူ။ ခဏမျှကြာလျှင် မြင်းနှစ်ကောင်ဆွဲ၍ သူပြန်ရောက်လာသည်။

"ကောင်းမွန်စွာ အိပ်ရပါ၏လား အစ်မငယ်။"

"အိပ်ရပါပြီကော။ ယခုမှနိုးလာရသည်လေ။"

"မြင်းတွေတော့ဖြင့် အစာဝနေကြပြီ။ အကျွန်တို့အတွက်တော့ ဟိုမှာရှိပါသည်။"

သူက ဂူပေါက်ဝအပေါ်ကို ညွှန်ပြကာ ဂူအမိုးသို့လက်လှမ်းလိုက်သည်။

"တံစို့သီပြီး မီးကင်ရန်သာလိုပါတော့သည်။"

ပြောပြီးလျှင် သူက ဂူထဲဝင်လာသည်။ ဂူထဲတွင် မီးဖိုမှလွဲ၍ အရာရာသည် သူထွက်သွားစဉ်ကအတိုင်း။ ကျားသားရေခင်းက မည်သူမှအိပ်စက်မထားသကဲ့သို့ ပြန့်ပြူးနေပြီး ခြုံထည်သည်က အခေါက်လိုက် ပြန်တင်ထားကာ ရေဘူးမှာလည်း သူ့နေရာနှင့်သူ။
အဂ္ဂပြုံးမိသည်။ သူ(မ) အတော်စေ့စပ်သည်ပဲ။ သူကလည်း ဝင်လာရင်း မျက်လုံးတစ်ချက်ဝေ့မျှ အကဲခတ်လိုက်ရုံဖြင့် သိလိုက်သည်မို့ သူ၏နောက်ကကပ်၍လိုက်ဝင်သည့် အဇဋာပင် သူ၏အပြုံးကို မမြင်လိုက်ရ။ နေရာကို ဘာတစ်ခုမျှစစ်ဆေးမနေဘဲ သည်အတိုင်းနေမည့်သူမဟုတ်သော်လည်း သားကောင်ကိုမီးကင်ပြီးသည်အထိ သူမည်သည့်အချိန်တွင် ကြည့်ရှုစစ်ဆေးလိုက်သည်ကို သူ(မ)မသိလိုက်။ ဂူတွင်းသို့ဝင်လာချိန် ခဏလေးအတွင်း သူ၏အပြုံးကိုမမိလိုက်သည့် အဇဋာက သူ့ကို စိတ်ထဲမှနေ၍ချီးကျူးမိသည်။ သူက

"အစ်မငယ်ကို ညကမှာခဲ့ဖို့ရာ မေ့သွားသည်။ အစ်မငယ် သတိရှိလို့သာ တော်တော့၏။ သို့မဟုတ်ရင်ဖြင့် ရေတွေ ကောကုန်တော့မည်။"

ပြောနေရင်းမှ သူ၏အမဲလိုက်ပစ္စည်းများနှင့် သစ်မြစ်များ စုပုံထားရာနောက်ရှိ ဂူထောင့်နားမှ စိမ့်ရေခံထားသောဝါးဆစ်ကို သွားယူလိုက်သည်။ ညက အဇဋာသည် ပြည့်သွားသောဝါးဆစ်ကိုပိတ်ထားလိုက်ပြီး အလွတ်နှင့်လဲထားလိုက်သည်မဟုတ်ပါလား။ အကွယ်တွင်ရှိသည်ကို သူသွားမကြည့်ပါဘဲ လဲထားသည်ကိုသိနေသည်ဆိုတော့ သူ(မ) ခြေရာလက်ရာမပျက် သိမ်းဆည်းထားသည်များကို သူသိနေသည့်သဘောပင်။

"ဒီရေက သဘာဝအတိုင်းသန့်စင်တာကြောင့် ဆေးဖော်ရာတွင် အသုံးဝင်လွန်းလှသည် အစ်မငယ်။"

"အမောင်က ဆေးအကြောင်းလည်း နားလည်သည်လား။"

"တောထဲမှာ တစ်ကိုယ်တည်းနေသည်ကြောင့် အရေးဆို ကိုယ့်အားကိုယ်ကိုးရမည်မို့ အနည်းငယ် လေ့လာထားရုံမျှပါ။"

"အမောင်က အလွန်ထူးခြားသည်ပဲ။"

"အကျွန်က နေသားကျနေသည်ပါ။ အစ်မငယ်လည်း စေ့စပ်သေချာသူပေပဲ။"

နှစ်ဦးသားပြုံးမိကြသည်။ သားကောင်အကင်ကို စားနေကြရင်း အဂ္ဂမှ

"အစ်မငယ်၊ ဥတ္တရသို့သွားမည်ဆိုလျှင် အကျွန်လိုက်ပါမည်။"

"အမောင်က အကြောင်းကိစ္စရှိသည်လား။"

"ဆေးဆိုင်သို့ တိရစ္ဆာန်သည်းခြေနှင့်သစ်မြစ်အချို့ ပို့ရန်ရှိသည်လေ။"

"ကောင်းပါပြီ။"

"အကျွန် ပစ္စည်းပို့ပြီး အစ်မငယ်နှင့်အတူ မောရစ္စသူကြွယ်ထံသို့ လိုက်ခဲ့ပါမည်။ ဆေးဆိုင်တွင်က ခေတ္တမျှသာကြာပါမည်။"

"သည်လိုဆိုရင်ဖြင့် အစ်မငယ်လည်း အဖော်ရသည်ပေါ့။ ကျေးဇူးတင်ပါသည် အမောင်။"

"ကျေးဇူးစကား မကြာခဏဆိုချေပါပကော။ အစ်မငယ်ရဲ့မောင်အရင်းအချာလို မှတ်ယူလျှင်ဖြင့် နောင် ဤသို့မဆိုလေနှင့် အစ်မငယ်။"

အဇဋာသည် အဂ္ဂကိုကြည့်လိုက်လေလျှင် သူ၏မျက်ဝန်းများက မေတ္တာကိုငံ့လင့်နေဟန်နှင့် သူ(မ)ကို စိုက်ကြည့်နေ၍ တစ်ကိုယ်တည်းဖြတ်သန်းခဲ့ရသောသူ၏ဘဝကို အဇဋာ ကရုဏာသက်မိသည်။

"ကောင်းပါပြီ။ အမောင်က ငါ့မောင်ငယ်လေးပေါ့။"

"ဟား ဟား ဟား"

သူ(မ)၏စကားကို အဂ္ဂက နှစ်ခြိုက်စွာရယ်မောကာ ခေါင်းညိတ်ပြလိုက်သည်။

"အကျွန့်ဆီကို လမ်းကြုံရင်ပဲဖြစ်စေ၊ ရည်ရွယ်၍ပဲဖြစ်စေ လာလည်ပါ အစ်မငယ်။ အကြောင်းကိစ္စရှိလို့ မှာကြားမည်ဆိုရင်တော့ဖြင့် အစ်မငယ်တို့အိမ်ဝင်းရဲ့ အနောက်ဘက်လမ်းက 'ဇီဝက'ဆေးဆိုင်သို့ မှာထားနိုင်ပါသည်။"

"အလို၊ အစ်မငယ်တို့အိမ်ကို သိသည်လား။"

"သုဝဏ္ဏကို မကြာခဏရောက်နေသူအဖို့ နာမည်ကျော် 'လင်းယုန်'အာမခံပို့ဆောင်ရေးရဲ့ အလုပ်ဌာနနဲ့ အိမ်ဝင်းကို မသိရင်ဖြင့် ညံ့ဖျင်းရာကျပေတော့မှာပေါ့။"

"ဇီဝကသို့ မကြာခဏရောက်သည်ပေါ့။"

"ဆေးမြစ်ပို့သည်လေ အစ်မငယ်။"

"ဪ"

သူ(မ)တို့ စားသောက်ပြီး၊ ကိုယ်လက်သန့်စင်ပြီးကြလျှင် ဥတ္တရသို့ အတူတကွထွက်ခွာလာခဲ့ကြသည်။ အဂ္ဂ၏အလုပ်ကိစ္စသည် အချိန်မကြာသောကြောင့် သူကြွယ်၏အိမ်ဝင်းဆီသို့ ဆက်လာခဲ့ကြသည်။ အလွန်ခမ်းနားသောတံခါးမုခ်ဦးကြီးရှိ အစောင့်တို့ကို အကြောင်းကြားစေပြီး ပန်းခြံကျယ်ကြီးကိုဖြတ်၍ သူကြွယ်မောရစ္စ၏ အပန်းဖြေရာအဆောင်သို့ ရောက်လာသည်။ မြင်ရသည့်အရာရာတို့က မောရစ္စ၏ ကြွယ်ဝမှုကို ဖော်ပြနေကြသည်။ အလှဆင် ကျောက်စိမ်းပန်းအိုးကြီးများ၊ အခန်းပြည့်ခင်းထားသည့် နူးညံ့အိစက်သော ကောဇော၊ မွှေးကြိုင်လှသော ပန်းရနံ့များ၊ ရာသီချိန်မဟုတ်ပါဘဲ ပွင့်နေစေသော ပန်းများ၊ အလှဆင်ထားသော ကြွေထည်၊ ငွေထည်ပစ္စည်းများနှင့် ပန်းပုရုပ်များ၊ ပြောင်လက်နေသော ဗီရိုကြီးများက အခန်းကျယ်ကြီးအတွင်း အစီအရီရှိနေကြသည်။
မောရစ္စက သူ၏ အလွန်ဆူဖြိုးသော ခန္ဓာကိုယ်အတ္တဘောကြီးနှင့်လိုက်ဖက်စွာ ကြီးမားကျယ်ပြန့်၍ အလွန်နူးညံ့ဟန်ရှိသော ထိုင်ခင်းပေါ်တွင် ရှိနေသည်။ အဇဋာက

"အကျွန်က လင်းယုန် အာမခံပို့ဆောင်ရေးကပါ။ သုဝဏ္ဏနဂရမြို့စားက သူဌေးမင်းထံ ပစ္စည်းပို့ခိုင်းသည်ကို လာရောက်ပေးပို့ခြင်းပါ။"

မောရစ္စမှလက်ကမ်းသည်တွင် ဘေးနားမှအစေအပါးက အဇဋာလက်ထဲမှ သေတ္တာလေးနှင့်စာအိတ်ကို သူဌေးကြီးထံ တရိုတသေကမ်းပေးလိုက်သည်။ သေတ္တာလေးသည် သော့ပိတ်ထားသည့်အတွက် မြို့စားမင်းတံဆိပ်ဖြင့် ချိပ်ပိတ်ထားသောစာအိတ်ကို ဖွင့်ဖောက်လိုက်သည်တွင် သော့ငယ်တစ်ချောင်း ထွက်ကျလာသည်။ သေတ္တာလေးကို ထိုသော့နှင့်ဖွင့်လိုက်ပြီး အတွင်းမှပစ္စည်းကိုမြင်သည်နှင့် မောရစ္စ၏မျက်နှာမှာ ချက်ချင်းပင်သွေးဆုတ်ဖြူဖျော့သွားပြီး နှုတ်ခမ်းများတုန်ကာ

"လာ ... လာ ... လာကြ ... လာကြစမ်း! အ ... အ ... အစောင့်တွေ ထပ် ... ထပ် ... ထပ်တိုး ... တိုးလိုက် ..."

အဇဋာ အံ့ဩသွားသည်။ စကားထစ်သည်မှာ နဂိုကတည်းကလား၊ ယခုမှ ထိတ်လန့်လွန်သည်လားကို သူ(မ) မဝေခွဲတတ်တော့ပေ။ အဂ္ဂသည်ကား မောရစ္စကို သေချာစိုက်ကြည့်နေသည်။ အစောင့်များချက်ချင်းရောက်လာပြီး အလုပ်များကုန်သည့်အခါ အဂ္ဂနှင့်အဇဋာတို့ ပြန်ထွက်ခဲ့ကြသည်။ အပြင်ရောက်လျှင် အဇဋာက

"ထိုမျှလောက်တုန်လှုပ်သွားရတာ သေတ္တာလေးထဲက ဘာပစ္စည်းပါလိမ့်။"

"လူသတ်လက်နက်လေလား မသိနိုင်ဘူး။"

"အမောင်က မြင်လိုက်လေသလား။"

"မမြင်ပါ အစ်မငယ်။ လူတို့အကြောက်ရွံ့ဆုံးက သေခြင်းပေမို့ ခန့်မှန်းကြည့်မိရုံမျှပါ။"

"ဒီလို အစောင့်အရှောက်ထူထပ်မှဖြင့် မည်သူက အကောက်ကြံနိုင်ပါမည်လဲ။ မင်းမဲ့တိုင်းပြည်မှ မဟုတ်သည်ပဲ။"

"သွားကြပါစို့ အစ်မငယ်။ ကိုယ့်ကိစ္စနှင့်ကိုယ် ရှိကြသည်မဟုတ်ပါလား။"

"အမောင် အဘယ်သို့သွားရန်ရှိသလဲကွယ့်။"

"အကျွန်က အစ်မငယ်ပြန်မည်ဆို တော၏ဟိုမှာဘက်အထိ လိုက်ပို့ပေးမည်ဟု စိတ်ကူးသည်ပါ။"

"အမောင်က ဂူမှာပဲနေခဲ့ပါ။ အခေါက်ခေါက်အခါခါ ဖြစ်နေပါမည်လေ။"

"အဆင်ပြေပါသည် အစ်မငယ်။ မောရဝတီမြို့တံခါးအထိ အကျွန်လိုက်ပို့ပေးပါမည်။"

ငြင်း၍ရမည်မဟုတ်၍ အဇဋာ ခေါင်းညိတ်လိုက်သည်။

¤

ဥတ္တရသူကြွယ် မောရစ္စ၏စံအိမ်သည် ညအလင်းရောင်အောက်တွင် အစောင့်အကြပ်များဖြင့် သက်ဝင်လှုပ်ရှားနေသည်။ မောရစ္စမှာ တစ်ညလုံး တုန်လှုပ်ခြောက်ခြားနေဟန်ရှိပြီး အယုံကြည်ရဆုံး အနီးကပ်ကိုယ်ရံတော်များမှလွဲ၍ အခန်းတွင်းသို့ မည်သူမျှမဝင်နိုင်ရန် အမိန့်ပေးတားမြစ်ထားသည်။ သန်းခေါင်ယံကျော်လွန်လာသည်မှာပင် အတော်ကြာခဲ့ပြီဖြစ်၍ စိုးရိမ်စိတ်များဖြင့်မအိပ်နိုင်ဖြစ်နေသော မောရစ္စမှာ ပင်ပန်းလာပြီး ခေတ္တမျှငိုက်မြည်းသွားစဉ် အနီးဆုံးအိပ်ဖန်စောင့်တစ်ဦး အမူအရာပြောင်းလဲနေသည်ကို မသိလိုက်တော့ပေ။
ထိုသူသည် မောရစ္စ၏စက်ရာဘေးသို့ တဖြည်းဖြည်းချဉ်းကပ်လာသည်။ ဓားအိမ်ထဲမှဓားကို တိတ်ဆိတ်စွာဆွဲထုတ်လိုက်ပြီး မောရစ္စ၏လည်မျိုကို ဓားနှင့်ထောက်လိုက်သည်။ အေးစက်သော ဓားသွား၏အထိအတွေ့ကြောင့် မောရစ္စနိုးသွားချိန် သူ၏ရှေ့တွင် မျက်နှာကို ဆံပင်များဖြင့်ဖုံးကွယ်ထားသူတစ်ဦးက သူ၏လည်ပင်းကို ဓားထောက်ထားသည်။ အော်ဟစ်ရန်ကြိုးစားစဉ် ထိုလူကခေါင်းမော့လာ၍ ဆံပင်များရှင်းသွားချိန်တွင် မြင်လိုက်ရသည်က မျက်နှာဖုံးစွပ်လူတစ်ဦးပင်။ ထိုသူက ပါးစပ်အနီးသို့လက်ညှိုးကိုကပ်၍ အသံမထွက်ရန်အချက်ပြပြီး ဓားကို အနည်းငယ်ဖိထောက်လိုက်သည့်အခါ သွေးစို့သွားသော လည်ပင်းဆီမှနာကျင်မှုကြောင့် မောရစ္စမျက်နှာမဲ့သွားသော်လည်း အသံမထွက်ရဲပါ။ သို့သော် အနည်းငယ်အားယူ၍ အသံခပ်နိမ့်နိမ့်ဖြင့် မေးလိုက်သည်။

"မင်း ... မင်း ... ဘာ ... ဘာလုပ် ... လုပ်တာလဲ။"

"အဟင်း ... သိချင်သတဲ့လား။"

ထိုလူက ပြောပြီး မျက်နှာဖုံးကိုဆွဲချလိုက်သည်။

"မင်း ... ဟို ... ဟိုကောင် ... လေး"

"မှန်ပေသည်ပေါ့ သူဌေးမင်းရယ်။ သင်က ကျုပ်ဘယ်သူလဲဆိုတာ မမှတ်မိဘူးထင်ပါရဲ့။"

ပြောပြီး ထိုလူငယ်က အင်္ကျီရင်ဘတ်ထဲမှ တစ်စုံတစ်ခုကိုထုတ်ယူပြလိုက်သည်။ ထိုအရာကိုမြင်လိုက်သောမောရစ္စမှာ ပါးစပ်မှ စကားတစ်ခွန်းကို အထိတ်တလန့်၊ အထစ်ထစ်အငေါ့ငေါ့ ရေရွတ်အပြီး လူငယ်၏လက်တစ်ဖက် လျင်မြန်စွာလှုပ်ရှားသွားချိန် မောရစ္စ၏လည်ပင်းသွေးများ စက်ရာအခင်းနှင့်ကြမ်းပြင်ပေါ်တွင် စွန်းထင်းသွားသည်။ မောရစ္စမှာ ကြောက်ရွံ့ထိတ်လန့်နေကာ မျက်လုံးအစုံကိုမပိတ်နိုင်သေးမီ အသက်ဇီဝိန်ချုပ်ငြိမ်းသွားခဲ့ပြီး သူ၏ အသက်မဲ့ခန္ဓာကိုယ်ကြီးထက်သို့ လူငယ်၏အင်္ကျီရင်ဘတ်ထဲမှ ထုတ်ယူထားသော မည်းနက်နက်အရာငယ်လေးကို ပစ်တင်လိုက်သည်။ အစောင့်အကြပ်များကြားမှ မည်သို့ဝင်ရောက်လာသည်မသိလိုက်ရ။ မောရစ္စသူကြွယ်ကို လုပ်ကြံသတ်ဖြတ်သွားသူမှာ မည်သူဟုမသိလိုက်ကြရမီ ထိုလူသတ်သမား လွတ်မြောက်သွားခဲ့ပြီ။

¤

နံနက်ဝေလီဝေလင်း အလင်းရောင်မထွက်မီအချိန်တွင် သုဝဏ္ဏနဂရမြို့စားမင်းမှာ နာမည်ကြီးဂေဟာတွင် တစ်ညတာပျော်ပါးပြီး သူ၏စံအိမ်တော်သို့ ဝေါယာဉ်ဖြင့်ပြန်လာနေသည်။
သူဖုန်းစားအဘိုးအိုတစ်ဦးသည် နှေးကွေးလေးလံသောခြေလှမ်းများကို အားယူလှမ်းကာ လမ်းချိုးလေးမှသည် လမ်းမကြီးဘက်သို့ထွက်လာပြီး တစ်ခဏအတွင်းမှာပင် မြို့စားမင်း၏ဝေါယာဉ်နှင့် ဆုံလေသည်။

"သူဖုန်းစား၊ လမ်းဖယ်ပါ။ နံနက်စောစော ကျက်သရေမဲ့စွာ မြို့စားမင်း၏လမ်းကို ပိတ်နေသည်လား။ အသက်မမြဲချင်ပြီထင်ပါ့။"

ရဲမက်ခေါင်းဆောင်တစ်ဦး၏ မာန်မဲမှုကြောင့် အဘိုးအိုသည် ဦးညွှတ်၍လမ်းဘေးသို့ဆင်းပေးရှာသည်။ အဘိုးအိုဘေးမှ ဝေါယာဉ်ဖြတ်သွားချိန် အဘိုးအိုသည် သူ၏တောင်ဝှေးကိုအသာကြွကာ အရိုအသေပြုလေသည်။

"အား"

ဝေါယာဉ်အတွင်းမှအော်သံကြောင့်

"ရပ်"

ရဲမက်ခေါင်းဆောင်မှ အမိန့်ပေးရပ်တန့်စေ၍ ဝေါယာဉ်ကိုရပ်နားလိုက်ကြပြီး

"မြို့စားမင်း"

တုံ့ပြန်သံမကြားရ။ ဝေါယာဉ်မှအကာကို အသာဟကြည့်မိချိန်

"လုပ်ကြံသူ"

ရဲမက်ခေါင်းဆောင်၏အော်သံက ဟိန်းထွက်လာတော့သည်။

-..-..-..-..-..-..-..- Part (3) ဆက်ရန် -..-..-..-..-..-..-..-
© Demon ,
книга «အကၽြန္႔ကို ခြင့္လႊတ္ပါေလေတာ့».
သဲလြန္စရဲ႕ နိဂံုး / သဲလွန်စရဲ့ နိဂုံး
Коментарі