Final: နဂါးနက္ ရာဇဝင္ / နဂါးနက် ရာဇဝင်
"ရဲမက္ေခါင္းေဆာင္"
"နဂါးနက္၊ ဤကေလးငယ္ကို ေစာင့္ေရွာက္ပါေလ။"
"အသင္ ဒဏ္ရာျပင္းထန္ေပသည္။ ေခတၱသည္းခံပါေလ။ သမားေတာ္ေခၚလိုက္ၾကစမ္း။"
"မေခၚပါေလႏွင့္။ အကၽြႏ္ုပ္အေလာင္းကိုလည္း လမ္းၾကားတစ္ေနရာ၌ စြန္႔ပစ္ေပးပါ။ သို႔မွသာ မင္းသားငယ္ အႏၲရာယ္ကင္းေပမည္။"
ေမ့ေမ်ာေနေသာကေလးငယ္ကို နဂါးနက္ထံအပ္ႏွံ၍ ဒဏ္ရာအျပည့္ႏွင့္ကိုယ္ခႏၶာဆီသို႔ ဓားကိုထိုးသြင္းကာ အဆံုးစီရင္သြားေလေသာ ရဲမက္ေခါင္းေဆာင္၏စြန္႔လႊတ္မႈႏွင့္ နဂါးနက္စံအိမ္၏ အေစာင့္အေရွာက္ေၾကာင့္ နန္းဆက္ေဟာင္း၏မင္းသားငယ္မွာ ေဘးကင္းခဲ့ရသည္။
¤
ေလးႏွစ္ခန္႔လြန္ေသာ္
"ေနာင္ေတာ္ငယ္၊ အကၽြန္တို႔ ေဈးပြဲသို႔သြားၾကပါစို႔။"
"ခိုးထြက္ဦးမည္လား ညီငယ္။ ေနာက္ရက္မ်ားမွ အဖထံခြင့္ေတာင္း၍ သြားၾကမည္ေလ။"
"ဟြန္႔။ အထိန္းေတာ္ႀကီးႏွင့္အစ္မငယ္ကိုပင္ ေျပာၿပီးေနမွျဖင့္ ရက္ေရႊ႕ရဦးမည္လား။"
"အစ္မငယ္ႏွင့္ အထိန္းေတာ္ႀကီးခမ်ာမွာ ညီငယ့္အလိုလိုက္ရ၍ အဖ၏ႀကိမ္းေမာင္းခံရသည္မွာ အခါခါေပပဲ။ လိမၼာပါေလလား ကေလးငယ္။"
"မသိခ်င္ေတာ့ပါၿပီ ေနာင္ေတာ္ငယ္။ ေနာင္ေတာ္ႀကီးက အလုပ္မ်ားသည္မို႔ အေဖာ္မျပဳႏိုင္၍ ေနာင္ေတာ့္အားေခၚမိသည္က မွားေခ်ၿပီ။"
"ခ်စ္စဖြယ္ ဘဲငယ္ေလးလားကြယ္။"
"စကားမေျပာလိုေတာ့ၿပီ။"
"ဟား ဟား ဟား"
နဂါးနက္သခင္တြင္ သားသံုးဦး၊ သမီးတစ္ဦးရွိသည္ဟု လူအမ်ားသိၾကပါေသာ္လည္း အမွန္တကယ္တြင္ ဒုတိယသားငယ္သည္ မင္းသားငယ္ျဖစ္ေၾကာင္းကို သိသူအလြန္ရွားပါးလွသည္။ ဒုတိယဇနီးသည္မွ ၎၏မိဘအိမ္တြင္ေမြးဖြားခဲ့ေသာ ကေလးဟုသာ သိၾကေပသည္။ မိခင္မတူၾကေသာကေလးမ်ားျဖစ္၍ ႐ုပ္ရည္ကြာျခားသည္ဟုသာ အထင္ရွိၾကေပသည္။
နဂါးနက္ရင္ေသြးတို႔သည္ကား တစ္ဦးႏွင့္တစ္ဦး အလြန္ခ်စ္ခင္ၾကသည္။
ယခုတြင္လည္း ေဈးပြဲေတာ္မလည္ရ၍ စိတ္မၾကည္မလင္ျဖစ္ကာ နႈတ္ခမ္းစူေနပါေသာ ညီငယ္ေလးကို သူ၏ေနာင္ေတာ္ငယ္မွ ၾကည္စယ္ေနပံုမွာ ေပ်ာ္ေမြ႕ဖြယ္ရာပင္။
¤
"ေနာင္ေတာ္ငယ္၊ အဖထံခြင့္ေတာင္းၾကစို႔။ ယေန႔ေတာ့ ေဈးပြဲသြားရမည္ေလ။"
"အစ္မငယ္ သြားႏွင့္ေလၿပီ။"
"ခြင့္ေတာင္းရန္လား။"
"အဘယ္အေၾကာင္းရွိဦးမည္နည္း။"
"ခ်စ္စဖြယ္ေကာင္းပါဘိျခင္း အစ္မငယ္ေလးရယ္။"
ႏွစ္ဦးသား စကားေျပာဆိုေနစဥ္
"သခင္ငယ္ေလးတို႔ ေျပးၾကပါေတာ့။ လုပ္ၾကံသူတို႔ေရာက္လာခဲ့ၿပီ။"
"အဖႏွင့္အမိတို႔ အဘယ္မွာနည္း။"
ေျပာၿပီးေနာက္တြင္ လ်င္ျမန္စြာေျပးသြားေလေသာအဂၢေၾကာင့္
"ညီငယ္။ မသြားေလႏွင့္ ညီငယ္။"
မိဘတို႔ႏွင့္အစ္မငယ္တို႔ ရွိေနမည့္အေဆာင္သို႔ အဂၢေရာက္သည့္အခါ တိုက္ခိုက္သတ္ျဖတ္ေနၾကသည့္ အနိ႒ာ႐ံုတို႔က ဆီးႀကိဳလာသည္။ ေနာင္ေတာ္ႀကီးသည္လည္း ဖခင္ႏွင့္အတူတိုက္ခိုက္ေန၍ မိခင္ျဖစ္သူႏွင့္အစ္မငယ္ကို ရွာေဖြမိသည္။
အေဆာင္ေတာ္အခန္းတစ္ခုမွ အသံၾကား၍ၾကည့္မိသည္တြင္ မိခင္ျဖစ္သူမွာ ဖမ္းခ်ဳပ္ခံရၿပီး အစ္မငယ္ေလးအား လူတစ္ဦးမွဆြဲေခၚေနသည္။
"အစ္မငယ္"
"သားငယ္ေလး၊ မလာေလႏွင့္။ ေျပးေလေတာ့။"
အဂၢတို႔သားအမိ၏အသံမ်ားေၾကာင့္ အႀကီးဆံုးသားျဖစ္သူမွာ တိုက္ခိုက္ေနရာမွ လွည့္ၾကည့္လာသည္။
"သယ္၊ အရိုင္းအစိုင္းေတြ ..."
အမိႏွင့္ႏွမငယ္ကိုထိေလေတာ့ သူဝင္လာကာ တိုက္ခိုက္ပါေသာ္လည္း ခႏၶာကိုယ္ထြားက်ိဳင္းလွေသာ လူရမ္းကားတစ္ဦးေၾကာင့္ လြင့္စင္ထြက္သြားခဲ့သည္။
"လူ ... လူငယ္ေလး ... ေလးက ... ယွဥ္ ... ယွဥ္ရဲသည္ ... လား။"
စကားတို႔ပံုမမွန္ေလသူ ထိုလူထြားကို အဂၢၾကည့္မိသြားသည္။
ထိုလူႏွင့္တိုက္ခိုက္ေနေသာ ေနာင္ေတာ္ႀကီးမွာ အျခားရန္သူတစ္ဦး၏ ခ်ဳပ္ေႏွာင္မႈေၾကာင့္ လူထြားႀကီး၏ဓားခ်က္ကို မခုခံႏိုင္ခဲ့ေခ်။ ထိုစဥ္
"လူယုတ္မာ၊ ငါ့သမီးကို လႊတ္စမ္း။"
"တိတ္စမ္း။"
သမီးငယ္ကိုထိပါးသူအား ဆြဲရမ္းလာေသာမိခင္ကို အညႇာအတာကင္းစြာရိုက္ခ်၍ လည္ပင္းကိုခ်ဳပ္ကိုင္လိုက္သည့္လူအား အဂၢစူးစူးရဲရဲၾကည့္ကာ ခႏၶာကိုယ္ႏွင့္ဝင္တိုက္လိုက္သည္။
"ေဟ့၊ ဒီအေကာင္ငယ္ကို မႏိုင္ၾကေတာ့ေလသလား။"
ထိုသို႔ေအာ္ေလေတာ့ လူတစ္ဦးက အဂၢကိုဆြဲခ်ဳပ္ထားေလသည္။ လူထြားႀကီးသည္ အခန္းအတြင္းျပန္ဝင္လာကာ အစ္မငယ္ေလးကို ဆြဲေခၚသြားျပန္ပါသည္။ မိခင္သည္ကား အဂၢဝင္တိုက္လိုက္သူ၏လက္တြင္ ေပ်ာ့ေခြလဲက်သြားရွာသည္။
အဂၢေလးမွာ မိခင္ႏွင့္အစ္မျဖစ္သူ၏အျဖစ္ေၾကာင့္ ေဒါသအမ်က္ထြက္ကာ ဖမ္းခ်ဳပ္ထားသူ၏လက္ကို ကိုက္ခဲလိုက္သည္။
"အား။ လႊတ္စမ္း။"
လက္မွလည္းမလြတ္တမ္းဆုပ္ကိုင္ကာ ပါးစပ္မွလည္းကိုက္ခဲထားသူႏွင့္ ႐ုန္းကန္လိုက္သူအၾကားတြင္ လက္သန္းတစ္ဖက္က်ိဳး၍ အသားမ်ားျပတ္ထြက္သြားခဲ့ေလသည္။
"ေသစမ္း"
သန္မာလွေသာလူၾကမ္းတစ္ေယာက္အားျဖင့္ ႐ိုက္ခံလိုက္ရေသာ ခုနစ္ႏွစ္အရြယ္ကေလးငယ္သည္ ၾကမ္းထက္သို႔ ေခြက်ေမ့လဲရရွာေလသည္။ အသိစိတ္မေပ်ာက္မီ မ်က္ႏွာမူရာဘက္၌ ျမင္ေတြ႕ရသည္မွာ ဖခင္ျဖစ္သူအား မ်က္ႏွာတြင္အမာရြတ္ႏွင့္လူတစ္ဦးမွ ဓားႏွင့္ခုတ္ပိုင္းလိုက္ပါေသာ ျမင္ကြင္းပင္ျဖစ္သည္။
"အမိ။ ေမာင္ငယ္။"
အင္အားခ်င္းမမၽွေလေသာ နဂါးနက္သမီးပ်ိဳမွာလည္း မဖြယ္မရာျပဳက်င့္ခံရၿပီး အသက္ေသဆံုးခဲ့ရေပသည္။ သတိေမ့ေနေသာအဂၢကို လူသတ္သမားတို႔ဂ႐ုမျပဳႏိုင္မီ အထိန္းေတာ္ႀကီးက ကယ္ထုတ္လာႏိုင္ခဲ့၍သာ အသက္မေသခဲ့ရျခင္းပင္။
ဒဏ္ရာမ်ားႏွင့္အထိန္းေတာ္ႀကီးသည္ အဂၢကို ေတာတြင္းမုဆိုးတစ္ဦးထံတြင္အပ္ကာ ဘဝဆံုးပါးရရွာျပန္သည္။
အဂၢေလးမွာ မုဆိုးႀကီးႏွင့္အတူ ေျခာက္ႏွစ္ခန္႔ေနထိုင္ႀကီးျပင္းခဲ့ရၿပီး ပညာမ်ားသင္ယူခဲ့သည္။ ထိုအခ်ိန္မွစ၍ သူမွတ္မိေနပါေသာ မိသားစု၏ျဖစ္ရပ္ဆိုးအတြက္ တရားခံမ်ားကိုေသြးေႂကြးဆပ္ရန္ ၾကံစည္လာခဲ့ေပသည္။
¤
မိသားစုဘဝတစ္ခုမွာ ပ်က္စီးတိမ္ျမဳပ္ခဲ့ရပါေသာ္လည္း လုပ္ၾကံသတ္ျဖတ္သူတရားခံမ်ားသည္ နယ္စား၊ ၿမိဳ႕စားမ်ား၊ သူေဌးသူႂကြယ္မ်ားအျဖစ္ သာယာေသာဘဝတြင္ရွင္သန္ေနၾကသည္။ ထိုလူတို႔၏ေနာက္ကြယ္တြင္ရွိသူမွာ ျပည့္ရွင္မင္းျဖစ္ၿပီး ေနာင္ေတာ္ငယ္ဟုထင္မွတ္ခဲ့သူ ယခင္နန္းဆက္မင္းသားငယ္ႏွင့္ ေစာင့္ေရွာက္သူမိသားစုကို အျမစ္ျဖတ္ေစခဲ့သည္ဟု သိရေသာအခါတြင္ အဂၢဆံုးျဖတ္သည္က မိမိဥပေဒႏွင့္မိမိသာ ၎တို႔ကိုစီရင္မည္ဟူ၍ပင္။
သူ၏အစီအစဥ္အရ မိခင္အားသတ္သူ သိဃၤရသူႂကြယ္ကို အဦးဆံုးစီရင္ႏိုင္ခဲ့သည္။ ေမာရဝတီၿမိဳ႕သို႔ ၿမိဳ႕စားအားသုတ္သင္ရန္ သတင္းယူစဥ္ေန႔က ရဲမက္တို႔သတိျပဳမိသြား၍ ေဈးအတြင္းေျပးလႊားခဲ့ရစဥ္ မိန္းမပ်ိဳတစ္ဦးအား အမွတ္မထင္သတိထားမိခဲ့ရသည္။ သူ၏အစ္မငယ္သာ သက္ရွိထင္ရွားရွိမည္ဆိုလၽွင္ ထိုအရြယ္ပင္ျဖစ္ေပမည္။
ထိုညတြင္ ေနာင္ေတာ္ႀကီးအားသတ္ႏိုင္ရန္ ခ်ဳပ္ေႏွာင္ေပးခဲ့သူ ေမာရဝတီၿမိဳ႕စားအားသုတ္သင္၍ ေရွ႕ကနည္းတူ နဂါးနက္အရုပ္ေလးကို သဲလြန္စထားခဲ့သည္။ ထိုသတင္းၾကားလၽွင္ သူ႔အဖို႔ရွာရခက္ေနေသာ မ်က္ႏွာတြင္ရာဇဝတ္သားအမွတ္ရွိသူသည္ မုခ်လႈပ္ရွားလာႏိုင္ေပသည္။
ေနာင္ေတာ္ႀကီးအားသတ္၍ အစ္မငယ္အားဆြဲေခၚေလသူ စကားထစ္သည့္လူထြားႀကီးေမာရစၥမွာ သူႂကြယ္ဘြဲ႕ခံ၍ စည္းစိမ္အျပည့္ျဖင့္ၿငိမ္းခ်မ္းေနသည္မွာ ႏွလံုးနာစဖြယ္ပင္။ ၎အားသတ္ႏိုင္ရန္ ၾကံစည္ေနစဥ္ ေဈးတြင္ေတြ႕ခဲ့ေသာမိန္းမပ်ိဳေလးႏွင့္ မေမၽွာ္လင့္စြာဆံုျဖစ္ခဲ့ရသည္။ သူ(မ)က သူ႔အားမမွတ္မိ၍သာ ေတာ္ေပေတာ့သည္။ မထင္မွတ္စြာဆံုမိသူမွာ မိမိ၏သတင္းအား ေမာရစၥထံသို႔ေပးမည့္သူ ျဖစ္ေနေပသည္။ ဤသည္ကား ေမာရစၥ၏စံအိမ္သို႔ ဝင္ေရာက္ေလ့လာႏိုင္ရန္ အခြင့္အေရးတစ္ခုျဖစ္လာခဲ့ေပသည္။
ဆိုးဝါးသည္မွာ သူ(မ)သည္ ဤရာဇဝတ္မႈမ်ားကို စိတ္ဝင္စားဂ႐ုျပဳေနသူ ျဖစ္ေနခဲ့သည္။
သူ၏ပါးစပ္ျဖင့္ကိုက္ျဖတ္မႈေၾကာင့္ လက္တစ္ေခ်ာင္းျဖတ္ခဲ့ရသူ၊ ယခု သုဝဏၰနဂရၿမိဳ႕စား၏နယ္ေျမတြင္ သူ(မ)ေနထိုင္ေနသည္မွာ တိုက္ဆိုင္မႈတစ္ခုပင္ျဖစ္ေပမည္။ ထပ္မံတိုက္ဆိုင္သည္ကား ၿမိဳ႕စားကိုစီရင္သည့္မနက္ခင္းတြင္ သူ(မ)ႏွင့္ထိပ္တိုက္ေတြ႕ဆံုခဲ့ရျခင္းပင္ ျဖစ္သည္။ စိတ္ထားႏူးညံ့ပါေသာသူ(မ)သည္ သူဖုန္းစားအိုႀကီးကို လမ္းဖယ္ေပးခဲ့ၿပီး လူသတ္သမားဟုသိရသည့္အခါ မဖမ္းဆီးႏိုင္လိုက္၍ မေက်မနပ္ျဖစ္ေနပါသည္ဟု ထိုလူသတ္သမားေရွ႕တြင္ ဝန္ခံခဲ့သည္က ထပ္ခါတလဲလဲေသာ တိုက္ဆိုင္မႈမ်ားမွ တစ္ခုပင္လား။
ဖခင္ကိုသတ္သူ အမွတ္အသားႏွင့္ရာဇဝတ္သားသည္ ခန္႔ညားလွေသာဒကၡိဏနယ္စားျဖစ္ေနခဲ့သည္။ သူ၏႐ုပ္ရည္အမွန္ကို မ်က္ႏွာဖံုးတစ္ခုေအာက္တြင္ ပိရိစြာဖံုးထားႏိုင္ခဲ့ေသာ္လည္း သူ၏အျပစ္ကိုကား ေပးဆပ္ရန္အခ်ိန္တန္ေလၿပီ။ သူ(မ)သည္လည္း နယ္စားကိုအသိေပးရန္ ၾကံစည္ေနျပန္သည္။ အဂၢ၏စာရင္းတြင္ အျခားအျပစ္မဲ့သူတို႔မပါဝင္သည့္အျပင္ သူ(မ)ဆိုသည့္မိန္းမပ်ိဳမွာ သူ႔ကိုတားဆီးမည္ဆိုလၽွင္ပင္ အျပစ္ယူလိုစိတ္ သူ႔တြင္မရွိခဲ့ေပ။
ဤသစၥာမွန္ပါလၽွင္ သူ(မ)ထံမွခြင့္လႊတ္ျခင္းကို ရႏိုင္ပါေစ။
သူေနထိုင္ရာဆီသို႔ အလည္အပတ္သဖြယ္လာေရာက္ခဲ့သည့္ သူ(မ)ႏွင့္ အတူရွိခဲ့ေသာအမွတ္တရမ်ား၊ သူ(မ)ႏွင့္ေရႊၿမိဳ႕ေတာ္တြင္ဆံုခဲ့သည့္ လုပ္ၾကံဖန္တီးယူခဲ့သည့္တိုက္ဆိုင္မႈသည္ သူ၏တစ္သက္တာတြင္ ျပန္မရႏိုင္ဟုထင္မိေသာ အိပ္မက္လွလွတစ္ခုျဖစ္ခဲ့ရသည္။ တစ္ဦးတည္းေနထိုင္လာခ်ိန္မွစ၍ ေမတၱာတရားဟူသည့္စိတၱဇနာမ္ႏွင့္ ကင္းေဝးခဲ့ရသည္။ ယခုမွသာ ထိုေႏြးေထြးမႈႏွင့္ ျပန္လည္ကၽြမ္းဝင္ခဲ့ရသည္။ ထိုသို႔ေႏြးေထြးမႈေပးေသာသူ(မ)ကို အသံုးခ်လိုစိတ္ႏွင့္ ဖံုးကြယ္လိမ္ညာလိုစိတ္ အလ်ဥ္းမရွိခဲ့ပါ။
ဤမွန္ေသာသစၥာေၾကာင့္ ျဖစ္ရပ္အမွန္မ်ားကို သူ(မ)သိရွိနားလည္ႏိုင္ပါေစ။
သူ(မ)သြားေရာက္ရမည္က နယ္စားမင္းစံအိမ္ရွိရာၿမိဳ႕ေတာ္ဟု ဆိုခဲ့သည္ေၾကာင့္ သူ၏အစီအစဥ္အတြက္ ထိုၿမိဳ႕ေတာ္ႏွင့္ဆက္စပ္ေနေသာ ဧဏီၿမိဳ႕ကို ေရြးခ်ယ္ခဲ့သည္။ သူ(မ)ဝင္ေရာက္စြက္ဖက္လာလၽွင္ တတ္ႏိုင္သမၽွေရွာင္တိမ္း၍ သူ(မ)ကို ရာဇဝတ္မႈႏွင့္မပတ္သက္ေစရန္ ကာကြယ္မည္။ သူ(မ)ႏွင့္ေဝးရာတြင္သာ အမႈကိစၥတို႔ၿပီးေျမာက္ႏိုင္ပါေစရန္ သူေမၽွာ္လင့္မိပါသည္။
ေသြးစြန္းၿပီးေသာ စိတ္ႏွင့္ကိုယ္ကိုတိုင္တည္၍ ဆိုခဲ့ေသာသစၥာမ်ား ထိေရာက္ႏိုင္ပါေစ။
¤¤¤¤¤
¤¤¤¤¤
¤¤¤¤¤
အဂၢ၏ျမင္းနက္ႀကီးမွာ သစ္ကိုင္းတစ္ခုကိုနင္းမိရာမွ ဆူးကိုင္းျဖစ္ေန၍ ေျခေခါက္လဲေတာ့သည္။ လြင့္က်သြားေလေသာအဂၢသည္လည္း ေက်ာက္တံုးတစ္ခုႏွင့္ ေခါင္းကိုထိမိကာ လဲေနသည္။ အဇဋာ ျမင္းကိုရပ္၍ အဂၢရွိရာသြားလိုက္ၿပီး ဓားႏွင့္ေထာက္ကာ ဖမ္းဆီးရန္ျပင္သည့္အခါ အဂၢက သူ၏ေဆာင္ဓားျဖင့္ သူ(မ)၏ဓားကိုခုခံထားသည္။ အဂၢထရပ္ကာခုခံေနစဥ္ ေက်ာက္တံုးႏွင့္ထိမိသည့္ ဦးေခါင္းဒဏ္ရာမွ ေသြးမ်ားစီးက်လာၿပီး မူးေဝလာကာ အျမင္အာ႐ံုမွာလည္း ေသြးတို႔ေၾကာင့္ေဝဝါးလာ၍ ယိုင္လဲက်စဥ္ အဇဋာ၏ဓားသြားမွာ အဂၢရင္ဘတ္သို႔စိုက္ဝင္သြားခဲ့သည္။
ရင္ဘတ္တြင္စိုက္ဝင္ေနေသာဓားကို အဂၢၾကည့္ေနမိသည္။ သူ(မ)ဆြဲထုတ္လိုက္ေသာဓားသြားတြင္ ေသြးစမ်ားစြန္းထင္းေနသကဲ့သို႔ အဂၢ၏ရင္ဘတ္တြင္လည္း ေသြးမ်ားျဖင့္အတိၿပီးကာ သူ၏လက္ႏွင့္ဖိထားေလသည္။
"အကၽြန္႔ကို အမွားကင္းေစခ်င္သည့္ေစတနာဟုသာ အကၽြန္မွတ္ယူ၍ အစ္မငယ္ကိုရွင္းျပႏိုင္ရန္ ဟန္ျပတိုက္ခိုက္ခဲ့ပါသည္။"
အဂၢလက္ထဲရွိ ဓားအိမ္မွမခၽြတ္ရေသးေသာဓားကို အဇဋာေငးမိသြားသည္။ အဂၢသည္ သက္ျပင္းတစ္ခ်က္႐ႈိက္လိုက္ၿပီးေနာက္
"အစ္မငယ္၏လက္ႏွင့္ ပဲ့ျပင္ခြင့္ရခဲ့ၿပီမို႔ အကၽြန္႔ကို ခြင့္လႊတ္ပါေလေတာ့။"
အဂၢ ျပံဳးလိုက္သည္။ အဇဋာ နႈတ္ဆြံ႕ေနရာမွ ေခါင္းညိတ္ျပမိသည္ ထင္ပါရဲ႕။
"အကၽြန္ျမတ္ႏိုးရပါေသာ အစ္မငယ္ကို နႈတ္ဆက္ခြင့္ရခဲ့၍ ေက်နပ္ရပါသည္။ ခြင့္ျပဳပါဦး အစ္မငယ္။"
ေျမျပင္ကိုဓားႏွင့္ေထာက္ကာ အားတင္းတည့္မတ္ထားေသာခႏၶာတစ္ခု ၿပိဳလဲက်သြားေလၿပီ။
¤
ေလာကတြင္ ေဖာ္ထုတ္မျပႏိုင္ခဲ့ေသာအမွန္တရားမ်ား မည္မၽွမ်ားျပားခဲ့သနည္း။
ငိုေႂကြးမျပခဲ့ရေသာ မ်က္ရည္စမ်ား မည္မၽွစီးဆင္းခဲ့ရပါသနည္း။
ကုသဖို႔ရန္မျဖစ္ႏိုင္ေသာ ေဝဒနာမ်ား မည္မၽွရင့္သန္ခဲ့ၾကသနည္း။
အဇဋာ၏စံုစမ္းေတြ႕ရွိမႈတစ္ခုမွာ ဤမၽွအထိနက္႐ႈိင္းမည္ဟု မေတြးထင္ခဲ့မိပါ။
နယ္စားမင္း၏ဈာပနတြင္ ေသသူ၏႐ုပ္အေလာင္းအားျပင္ဆင္သူတို႔အၾကား သူ(မ)ရွိေနခဲ့သည္။ မ်က္ႏွာဖံုးေအာက္မွ ေသဒဏ္က်အမွတ္အသားကို သူ(မ)မ်က္ျမင္ကိုယ္ေတြ႕ ျမင္လိုက္ရသည္။ နယ္စားမင္းႏွင့္လုပ္ၾကံခံရသူမ်ား၏ မျမင္ကြယ္ရာမွမသမာမႈမ်ားကို သူ(မ)ရွာေဖြေတြ႕ရွိခဲ့သည္။ ထိုမသမာမႈမ်ားကို ေဖာ္ထုတ္လိုပါေသာ္လည္း ဇီဝကေဆးဆိုင္မွ သူ(မ)ရရွိခဲ့ေသာ သဝဏ္လႊာေၾကာင့္ အရာအားလံုးကိုခဝါခ်ခဲ့ပါသည္။
'အကၽြန္႔ကို သတိတရရွိသည့္အတြက္ ေက်းဇူးတင္ပါသည္ အစ္မငယ္။
အကၽြန္႔ရည္ရြယ္ခ်က္အား တားဆီးခဲ့လၽွင္လည္း အစ္မငယ္အား အျပစ္မယူပါ။
ဤသစၥာမွန္ပါလၽွင္ အစ္မငယ္ထံမွခြင့္လႊတ္ျခင္းကို ရႏိုင္ပါေစ။
အစ္မငယ္အား အသံုးခ်လိုစိတ္ႏွင့္ ဖံုးကြယ္လိမ္ညာလိုစိတ္ အလ်ဥ္းမရွိခဲ့ပါ။
ဤမွန္ေသာသစၥာေၾကာင့္ ျဖစ္ရပ္အမွန္မ်ားကို အစ္မငယ္သိရွိနားလည္ႏိုင္ပါေစ။
ဤအမွာစကားမ်ားကို အစ္မငယ္သိရွိရၿပီဆိုလၽွင္ အကၽြန္မရွိေတာ့ၿပီမို႔ အမွန္တရားအား အကၽြန္ႏွင့္အတူ ျမႇဳပ္ႏွံလိုက္ပါေလ။ အစ္မငယ္ကို ဤရန္ၿငိဳးမ်ားႏွင့္ မပတ္သက္ေစလိုၿပီ။ အစ္မငယ္ႏွင့္ေဝးရာတြင္သာ အမႈကိစၥတို႔ၿပီးေျမာက္ႏိုင္ပါေစရန္ အကၽြန္ေမၽွာ္လင့္မိပါသည္။
ေသြးစြန္းၿပီးေသာ စိတ္ႏွင့္ကိုယ္ကိုတိုင္တည္၍ ဆိုခဲ့ေသာသစၥာမ်ား ထိေရာက္ႏိုင္ပါေစ။'
▪︎
မည္သည့္အမည္နာမ၊ မည္သည့္အမွတ္အသားမၽွရွိမေနေသာ တိရိစၧာန္အေရေပၚမွ စာလံုးေလးမ်ားႏွင့္ ထိုအထဲတြင္လိပ္ထည့္ထားပါေသာ ေသြးႏွင့္ေဆးရည္စြန္းေပေနသည့္ အဝတ္စေလးတစ္စသည္ပင္ အဇဋာအတြက္ ေၾကကြဲဖြယ္အတိ။
အဂၢေနထိုင္ရာဂူအတြင္းမွ ေသတၱာေလးရွိအရုပ္ေလးမွာ အဇဋာယူဆခဲ့သည့္အတိုင္းပင္ ပိုေနသည့္အစိတ္အပိုင္းမ်ားကို ဖယ္လိုက္သည့္အခါ နဂါး႐ုပ္ပံုျဖစ္ေနခဲ့သည္ကလည္း သူ၏တည္ရွိခဲ့မႈအတြက္ မေမ့ႏိုင္စဖြယ္သက္ေသတစ္ခုပင္။
ထို႔အျပင္ မည္သည့္အခါတြင္မၽွ သူ(မ)အသံုးျပဳျဖစ္ေတာ့မည္မဟုတ္သည့္ အေနာက္တိုင္းျပည္မွ တန္ေၾကးႀကီးသည့္မ်က္ႏွာေခ်ဘူးေလးသည္လည္း တစ္သက္စာအတြက္ အမွတ္တရျဖစ္ခဲ့ေခ်ၿပီ။
¤¤¤¤¤
အဇဋာ၏ယံုၾကည္မႈအခ်ိဳ႕သည္ ဦးတည္ရာမဲ့ခဲ့သည္။
အမွန္ႏွင့္အမွားဟူသည္ တစ္ဦးႏွင့္အမ်ားဟူေသာ သခၤ်ာနာမ္မ်ားႏွင့္ တြက္ခ်က္၍မရေၾကာင္းကို နဂါးနက္ရာဇဝင္က ေျပာျပသြားခဲ့သည္။
ထို႔အတူ ဓားတစ္လက္စိုက္ထားပါေသာ ေျမပံုမို႔မို႔ေလးႏွင့္ ျမင္းနက္ႀကီး၏သခင္က ေျပာျပသြားခဲ့သည္မွာ .....
ရန္ၿငိဳးဟူသည္ ပူေလာင္တတ္ေသာသေဘာ ရွိေလသည္။
-..-..-..-..-..-..-..- The End -..-..-..-..-..-..-..-
"ရဲမက်ခေါင်းဆောင်"
"နဂါးနက်၊ ဤကလေးငယ်ကို စောင့်ရှောက်ပါလေ။"
"အသင် ဒဏ်ရာပြင်းထန်ပေသည်။ ခေတ္တသည်းခံပါလေ။ သမားတော်ခေါ်လိုက်ကြစမ်း။"
"မခေါ်ပါလေနှင့်။ အကျွန်ုပ်အလောင်းကိုလည်း လမ်းကြားတစ်နေရာ၌ စွန့်ပစ်ပေးပါ။ သို့မှသာ မင်းသားငယ် အန္တရာယ်ကင်းပေမည်။"
မေ့မျောနေသောကလေးငယ်ကို နဂါးနက်ထံအပ်နှံ၍ ဒဏ်ရာအပြည့်နှင့်ကိုယ်ခန္ဓာဆီသို့ ဓားကိုထိုးသွင်းကာ အဆုံးစီရင်သွားလေသော ရဲမက်ခေါင်းဆောင်၏စွန့်လွှတ်မှုနှင့် နဂါးနက်စံအိမ်၏ အစောင့်အရှောက်ကြောင့် နန်းဆက်ဟောင်း၏မင်းသားငယ်မှာ ဘေးကင်းခဲ့ရသည်။
¤
လေးနှစ်ခန့်လွန်သော်
"နောင်တော်ငယ်၊ အကျွန်တို့ ဈေးပွဲသို့သွားကြပါစို့။"
"ခိုးထွက်ဦးမည်လား ညီငယ်။ နောက်ရက်များမှ အဖထံခွင့်တောင်း၍ သွားကြမည်လေ။"
"ဟွန့်။ အထိန်းတော်ကြီးနှင့်အစ်မငယ်ကိုပင် ပြောပြီးနေမှဖြင့် ရက်ရွှေ့ရဦးမည်လား။"
"အစ်မငယ်နှင့် အထိန်းတော်ကြီးခမျာမှာ ညီငယ့်အလိုလိုက်ရ၍ အဖ၏ကြိမ်းမောင်းခံရသည်မှာ အခါခါပေပဲ။ လိမ္မာပါလေလား ကလေးငယ်။"
"မသိချင်တော့ပါပြီ နောင်တော်ငယ်။ နောင်တော်ကြီးက အလုပ်များသည်မို့ အဖော်မပြုနိုင်၍ နောင်တော့်အားခေါ်မိသည်က မှားချေပြီ။"
"ချစ်စဖွယ် ဘဲငယ်လေးလားကွယ်။"
"စကားမပြောလိုတော့ပြီ။"
"ဟား ဟား ဟား"
နဂါးနက်သခင်တွင် သားသုံးဦး၊ သမီးတစ်ဦးရှိသည်ဟု လူအများသိကြပါသော်လည်း အမှန်တကယ်တွင် ဒုတိယသားငယ်သည် မင်းသားငယ်ဖြစ်ကြောင်းကို သိသူအလွန်ရှားပါးလှသည်။ ဒုတိယဇနီးသည်မှ ၎င်း၏မိဘအိမ်တွင်မွေးဖွားခဲ့သော ကလေးဟုသာ သိကြပေသည်။ မိခင်မတူကြသောကလေးများဖြစ်၍ ရုပ်ရည်ကွာခြားသည်ဟုသာ အထင်ရှိကြပေသည်။
နဂါးနက်ရင်သွေးတို့သည်ကား တစ်ဦးနှင့်တစ်ဦး အလွန်ချစ်ခင်ကြသည်။
ယခုတွင်လည်း ဈေးပွဲတော်မလည်ရ၍ စိတ်မကြည်မလင်ဖြစ်ကာ နှုတ်ခမ်းစူနေပါသော ညီငယ်လေးကို သူ၏နောင်တော်ငယ်မှ ကြည်စယ်နေပုံမှာ ပျော်မွေ့ဖွယ်ရာပင်။
¤
"နောင်တော်ငယ်၊ အဖထံခွင့်တောင်းကြစို့။ ယနေ့တော့ ဈေးပွဲသွားရမည်လေ။"
"အစ်မငယ် သွားနှင့်လေပြီ။"
"ခွင့်တောင်းရန်လား။"
"အဘယ်အကြောင်းရှိဦးမည်နည်း။"
"ချစ်စဖွယ်ကောင်းပါဘိခြင်း အစ်မငယ်လေးရယ်။"
နှစ်ဦးသား စကားပြောဆိုနေစဉ်
"သခင်ငယ်လေးတို့ ပြေးကြပါတော့။ လုပ်ကြံသူတို့ရောက်လာခဲ့ပြီ။"
"အဖနှင့်အမိတို့ အဘယ်မှာနည်း။"
ပြောပြီးနောက်တွင် လျင်မြန်စွာပြေးသွားလေသောအဂ္ဂကြောင့်
"ညီငယ်။ မသွားလေနှင့် ညီငယ်။"
မိဘတို့နှင့်အစ်မငယ်တို့ ရှိနေမည့်အဆောင်သို့ အဂ္ဂရောက်သည့်အခါ တိုက်ခိုက်သတ်ဖြတ်နေကြသည့် အနိဋ္ဌာရုံတို့က ဆီးကြိုလာသည်။ နောင်တော်ကြီးသည်လည်း ဖခင်နှင့်အတူတိုက်ခိုက်နေ၍ မိခင်ဖြစ်သူနှင့်အစ်မငယ်ကို ရှာဖွေမိသည်။
အဆောင်တော်အခန်းတစ်ခုမှ အသံကြား၍ကြည့်မိသည်တွင် မိခင်ဖြစ်သူမှာ ဖမ်းချုပ်ခံရပြီး အစ်မငယ်လေးအား လူတစ်ဦးမှဆွဲခေါ်နေသည်။
"အစ်မငယ်"
"သားငယ်လေး၊ မလာလေနှင့်။ ပြေးလေတော့။"
အဂ္ဂတို့သားအမိ၏အသံများကြောင့် အကြီးဆုံးသားဖြစ်သူမှာ တိုက်ခိုက်နေရာမှ လှည့်ကြည့်လာသည်။
"သယ်၊ အရိုင်းအစိုင်းတွေ ..."
အမိနှင့်နှမငယ်ကိုထိလေတော့ သူဝင်လာကာ တိုက်ခိုက်ပါသော်လည်း ခန္ဓာကိုယ်ထွားကျိုင်းလှသော လူရမ်းကားတစ်ဦးကြောင့် လွင့်စင်ထွက်သွားခဲ့သည်။
"လူ ... လူငယ်လေး ... လေးက ... ယှဉ် ... ယှဉ်ရဲသည် ... လား။"
စကားတို့ပုံမမှန်လေသူ ထိုလူထွားကို အဂ္ဂကြည့်မိသွားသည်။
ထိုလူနှင့်တိုက်ခိုက်နေသော နောင်တော်ကြီးမှာ အခြားရန်သူတစ်ဦး၏ ချုပ်နှောင်မှုကြောင့် လူထွားကြီး၏ဓားချက်ကို မခုခံနိုင်ခဲ့ချေ။ ထိုစဉ်
"လူယုတ်မာ၊ ငါ့သမီးကို လွှတ်စမ်း။"
"တိတ်စမ်း။"
သမီးငယ်ကိုထိပါးသူအား ဆွဲရမ်းလာသောမိခင်ကို အညှာအတာကင်းစွာရိုက်ချ၍ လည်ပင်းကိုချုပ်ကိုင်လိုက်သည့်လူအား အဂ္ဂစူးစူးရဲရဲကြည့်ကာ ခန္ဓာကိုယ်နှင့်ဝင်တိုက်လိုက်သည်။
"ဟေ့၊ ဒီအကောင်ငယ်ကို မနိုင်ကြတော့လေသလား။"
ထိုသို့အော်လေတော့ လူတစ်ဦးက အဂ္ဂကိုဆွဲချုပ်ထားလေသည်။ လူထွားကြီးသည် အခန်းအတွင်းပြန်ဝင်လာကာ အစ်မငယ်လေးကို ဆွဲခေါ်သွားပြန်ပါသည်။ မိခင်သည်ကား အဂ္ဂဝင်တိုက်လိုက်သူ၏လက်တွင် ပျော့ခွေလဲကျသွားရှာသည်။
အဂ္ဂလေးမှာ မိခင်နှင့်အစ်မဖြစ်သူ၏အဖြစ်ကြောင့် ဒေါသအမျက်ထွက်ကာ ဖမ်းချုပ်ထားသူ၏လက်ကို ကိုက်ခဲလိုက်သည်။
"အား။ လွှတ်စမ်း။"
လက်မှလည်းမလွတ်တမ်းဆုပ်ကိုင်ကာ ပါးစပ်မှလည်းကိုက်ခဲထားသူနှင့် ရုန်းကန်လိုက်သူအကြားတွင် လက်သန်းတစ်ဖက်ကျိုး၍ အသားများပြတ်ထွက်သွားခဲ့လေသည်။
"သေစမ်း"
သန်မာလှသောလူကြမ်းတစ်ယောက်အားဖြင့် ရိုက်ခံလိုက်ရသော ခုနစ်နှစ်အရွယ်ကလေးငယ်သည် ကြမ်းထက်သို့ ခွေကျမေ့လဲရရှာလေသည်။ အသိစိတ်မပျောက်မီ မျက်နှာမူရာဘက်၌ မြင်တွေ့ရသည်မှာ ဖခင်ဖြစ်သူအား မျက်နှာတွင်အမာရွတ်နှင့်လူတစ်ဦးမှ ဓားနှင့်ခုတ်ပိုင်းလိုက်ပါသော မြင်ကွင်းပင်ဖြစ်သည်။
"အမိ။ မောင်ငယ်။"
အင်အားချင်းမမျှလေသော နဂါးနက်သမီးပျိုမှာလည်း မဖွယ်မရာပြုကျင့်ခံရပြီး အသက်သေဆုံးခဲ့ရပေသည်။ သတိမေ့နေသောအဂ္ဂကို လူသတ်သမားတို့ဂရုမပြုနိုင်မီ အထိန်းတော်ကြီးက ကယ်ထုတ်လာနိုင်ခဲ့၍သာ အသက်မသေခဲ့ရခြင်းပင်။
ဒဏ်ရာများနှင့်အထိန်းတော်ကြီးသည် အဂ္ဂကို တောတွင်းမုဆိုးတစ်ဦးထံတွင်အပ်ကာ ဘဝဆုံးပါးရရှာပြန်သည်။
အဂ္ဂလေးမှာ မုဆိုးကြီးနှင့်အတူ ခြောက်နှစ်ခန့်နေထိုင်ကြီးပြင်းခဲ့ရပြီး ပညာများသင်ယူခဲ့သည်။ ထိုအချိန်မှစ၍ သူမှတ်မိနေပါသော မိသားစု၏ဖြစ်ရပ်ဆိုးအတွက် တရားခံများကိုသွေးကြွေးဆပ်ရန် ကြံစည်လာခဲ့ပေသည်။
¤
မိသားစုဘဝတစ်ခုမှာ ပျက်စီးတိမ်မြုပ်ခဲ့ရပါသော်လည်း လုပ်ကြံသတ်ဖြတ်သူတရားခံများသည် နယ်စား၊ မြို့စားများ၊ သူဌေးသူကြွယ်များအဖြစ် သာယာသောဘဝတွင်ရှင်သန်နေကြသည်။ ထိုလူတို့၏နောက်ကွယ်တွင်ရှိသူမှာ ပြည့်ရှင်မင်းဖြစ်ပြီး နောင်တော်ငယ်ဟုထင်မှတ်ခဲ့သူ ယခင်နန်းဆက်မင်းသားငယ်နှင့် စောင့်ရှောက်သူမိသားစုကို အမြစ်ဖြတ်စေခဲ့သည်ဟု သိရသောအခါတွင် အဂ္ဂဆုံးဖြတ်သည်က မိမိဥပဒေနှင့်မိမိသာ ၎င်းတို့ကိုစီရင်မည်ဟူ၍ပင်။
သူ၏အစီအစဉ်အရ မိခင်အားသတ်သူ သိင်္ဃရသူကြွယ်ကို အဦးဆုံးစီရင်နိုင်ခဲ့သည်။ မောရဝတီမြို့သို့ မြို့စားအားသုတ်သင်ရန် သတင်းယူစဉ်နေ့က ရဲမက်တို့သတိပြုမိသွား၍ ဈေးအတွင်းပြေးလွှားခဲ့ရစဉ် မိန်းမပျိုတစ်ဦးအား အမှတ်မထင်သတိထားမိခဲ့ရသည်။ သူ၏အစ်မငယ်သာ သက်ရှိထင်ရှားရှိမည်ဆိုလျှင် ထိုအရွယ်ပင်ဖြစ်ပေမည်။
ထိုညတွင် နောင်တော်ကြီးအားသတ်နိုင်ရန် ချုပ်နှောင်ပေးခဲ့သူ မောရဝတီမြို့စားအားသုတ်သင်၍ ရှေ့ကနည်းတူ နဂါးနက်အရုပ်လေးကို သဲလွန်စထားခဲ့သည်။ ထိုသတင်းကြားလျှင် သူ့အဖို့ရှာရခက်နေသော မျက်နှာတွင်ရာဇဝတ်သားအမှတ်ရှိသူသည် မုချလှုပ်ရှားလာနိုင်ပေသည်။
နောင်တော်ကြီးအားသတ်၍ အစ်မငယ်အားဆွဲခေါ်လေသူ စကားထစ်သည့်လူထွားကြီးမောရစ္စမှာ သူကြွယ်ဘွဲ့ခံ၍ စည်းစိမ်အပြည့်ဖြင့်ငြိမ်းချမ်းနေသည်မှာ နှလုံးနာစဖွယ်ပင်။ ၎င်းအားသတ်နိုင်ရန် ကြံစည်နေစဉ် ဈေးတွင်တွေ့ခဲ့သောမိန်းမပျိုလေးနှင့် မမျှော်လင့်စွာဆုံဖြစ်ခဲ့ရသည်။ သူ(မ)က သူ့အားမမှတ်မိ၍သာ တော်ပေတော့သည်။ မထင်မှတ်စွာဆုံမိသူမှာ မိမိ၏သတင်းအား မောရစ္စထံသို့ပေးမည့်သူ ဖြစ်နေပေသည်။ ဤသည်ကား မောရစ္စ၏စံအိမ်သို့ ဝင်ရောက်လေ့လာနိုင်ရန် အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပေသည်။
ဆိုးဝါးသည်မှာ သူ(မ)သည် ဤရာဇဝတ်မှုများကို စိတ်ဝင်စားဂရုပြုနေသူ ဖြစ်နေခဲ့သည်။
သူ၏ပါးစပ်ဖြင့်ကိုက်ဖြတ်မှုကြောင့် လက်တစ်ချောင်းဖြတ်ခဲ့ရသူ၊ ယခု သုဝဏ္ဏနဂရမြို့စား၏နယ်မြေတွင် သူ(မ)နေထိုင်နေသည်မှာ တိုက်ဆိုင်မှုတစ်ခုပင်ဖြစ်ပေမည်။ ထပ်မံတိုက်ဆိုင်သည်ကား မြို့စားကိုစီရင်သည့်မနက်ခင်းတွင် သူ(မ)နှင့်ထိပ်တိုက်တွေ့ဆုံခဲ့ရခြင်းပင် ဖြစ်သည်။ စိတ်ထားနူးညံ့ပါသောသူ(မ)သည် သူဖုန်းစားအိုကြီးကို လမ်းဖယ်ပေးခဲ့ပြီး လူသတ်သမားဟုသိရသည့်အခါ မဖမ်းဆီးနိုင်လိုက်၍ မကျေမနပ်ဖြစ်နေပါသည်ဟု ထိုလူသတ်သမားရှေ့တွင် ဝန်ခံခဲ့သည်က ထပ်ခါတလဲလဲသော တိုက်ဆိုင်မှုများမှ တစ်ခုပင်လား။
ဖခင်ကိုသတ်သူ အမှတ်အသားနှင့်ရာဇဝတ်သားသည် ခန့်ညားလှသောဒက္ခိဏနယ်စားဖြစ်နေခဲ့သည်။ သူ၏ရုပ်ရည်အမှန်ကို မျက်နှာဖုံးတစ်ခုအောက်တွင် ပိရိစွာဖုံးထားနိုင်ခဲ့သော်လည်း သူ၏အပြစ်ကိုကား ပေးဆပ်ရန်အချိန်တန်လေပြီ။ သူ(မ)သည်လည်း နယ်စားကိုအသိပေးရန် ကြံစည်နေပြန်သည်။ အဂ္ဂ၏စာရင်းတွင် အခြားအပြစ်မဲ့သူတို့မပါဝင်သည့်အပြင် သူ(မ)ဆိုသည့်မိန်းမပျိုမှာ သူ့ကိုတားဆီးမည်ဆိုလျှင်ပင် အပြစ်ယူလိုစိတ် သူ့တွင်မရှိခဲ့ပေ။
ဤသစ္စာမှန်ပါလျှင် သူ(မ)ထံမှခွင့်လွှတ်ခြင်းကို ရနိုင်ပါစေ။
သူနေထိုင်ရာဆီသို့ အလည်အပတ်သဖွယ်လာရောက်ခဲ့သည့် သူ(မ)နှင့် အတူရှိခဲ့သောအမှတ်တရများ၊ သူ(မ)နှင့်ရွှေမြို့တော်တွင်ဆုံခဲ့သည့် လုပ်ကြံဖန်တီးယူခဲ့သည့်တိုက်ဆိုင်မှုသည် သူ၏တစ်သက်တာတွင် ပြန်မရနိုင်ဟုထင်မိသော အိပ်မက်လှလှတစ်ခုဖြစ်ခဲ့ရသည်။ တစ်ဦးတည်းနေထိုင်လာချိန်မှစ၍ မေတ္တာတရားဟူသည့်စိတ္တဇနာမ်နှင့် ကင်းဝေးခဲ့ရသည်။ ယခုမှသာ ထိုနွေးထွေးမှုနှင့် ပြန်လည်ကျွမ်းဝင်ခဲ့ရသည်။ ထိုသို့နွေးထွေးမှုပေးသောသူ(မ)ကို အသုံးချလိုစိတ်နှင့် ဖုံးကွယ်လိမ်ညာလိုစိတ် အလျဉ်းမရှိခဲ့ပါ။
ဤမှန်သောသစ္စာကြောင့် ဖြစ်ရပ်အမှန်များကို သူ(မ)သိရှိနားလည်နိုင်ပါစေ။
သူ(မ)သွားရောက်ရမည်က နယ်စားမင်းစံအိမ်ရှိရာမြို့တော်ဟု ဆိုခဲ့သည်ကြောင့် သူ၏အစီအစဉ်အတွက် ထိုမြို့တော်နှင့်ဆက်စပ်နေသော ဧဏီမြို့ကို ရွေးချယ်ခဲ့သည်။ သူ(မ)ဝင်ရောက်စွက်ဖက်လာလျှင် တတ်နိုင်သမျှရှောင်တိမ်း၍ သူ(မ)ကို ရာဇဝတ်မှုနှင့်မပတ်သက်စေရန် ကာကွယ်မည်။ သူ(မ)နှင့်ဝေးရာတွင်သာ အမှုကိစ္စတို့ပြီးမြောက်နိုင်ပါစေရန် သူမျှော်လင့်မိပါသည်။
သွေးစွန်းပြီးသော စိတ်နှင့်ကိုယ်ကိုတိုင်တည်၍ ဆိုခဲ့သောသစ္စာများ ထိရောက်နိုင်ပါစေ။
¤¤¤¤¤
¤¤¤¤¤
¤¤¤¤¤
အဂ္ဂ၏မြင်းနက်ကြီးမှာ သစ်ကိုင်းတစ်ခုကိုနင်းမိရာမှ ဆူးကိုင်းဖြစ်နေ၍ ခြေခေါက်လဲတော့သည်။ လွင့်ကျသွားလေသောအဂ္ဂသည်လည်း ကျောက်တုံးတစ်ခုနှင့် ခေါင်းကိုထိမိကာ လဲနေသည်။ အဇဋာ မြင်းကိုရပ်၍ အဂ္ဂရှိရာသွားလိုက်ပြီး ဓားနှင့်ထောက်ကာ ဖမ်းဆီးရန်ပြင်သည့်အခါ အဂ္ဂက သူ၏ဆောင်ဓားဖြင့် သူ(မ)၏ဓားကိုခုခံထားသည်။ အဂ္ဂထရပ်ကာခုခံနေစဉ် ကျောက်တုံးနှင့်ထိမိသည့် ဦးခေါင်းဒဏ်ရာမှ သွေးများစီးကျလာပြီး မူးဝေလာကာ အမြင်အာရုံမှာလည်း သွေးတို့ကြောင့်ဝေဝါးလာ၍ ယိုင်လဲကျစဉ် အဇဋာ၏ဓားသွားမှာ အဂ္ဂရင်ဘတ်သို့စိုက်ဝင်သွားခဲ့သည်။
ရင်ဘတ်တွင်စိုက်ဝင်နေသောဓားကို အဂ္ဂကြည့်နေမိသည်။ သူ(မ)ဆွဲထုတ်လိုက်သောဓားသွားတွင် သွေးစများစွန်းထင်းနေသကဲ့သို့ အဂ္ဂ၏ရင်ဘတ်တွင်လည်း သွေးများဖြင့်အတိပြီးကာ သူ၏လက်နှင့်ဖိထားလေသည်။
"အကျွန့်ကို အမှားကင်းစေချင်သည့်စေတနာဟုသာ အကျွန်မှတ်ယူ၍ အစ်မငယ်ကိုရှင်းပြနိုင်ရန် ဟန်ပြတိုက်ခိုက်ခဲ့ပါသည်။"
အဂ္ဂလက်ထဲရှိ ဓားအိမ်မှမချွတ်ရသေးသောဓားကို အဇဋာငေးမိသွားသည်။ အဂ္ဂသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက်
"အစ်မငယ်၏လက်နှင့် ပဲ့ပြင်ခွင့်ရခဲ့ပြီမို့ အကျွန့်ကို ခွင့်လွှတ်ပါလေတော့။"
အဂ္ဂ ပြုံးလိုက်သည်။ အဇဋာ နှုတ်ဆွံ့နေရာမှ ခေါင်းညိတ်ပြမိသည် ထင်ပါရဲ့။
"အကျွန်မြတ်နိုးရပါသော အစ်မငယ်ကို နှုတ်ဆက်ခွင့်ရခဲ့၍ ကျေနပ်ရပါသည်။ ခွင့်ပြုပါဦး အစ်မငယ်။"
မြေပြင်ကိုဓားနှင့်ထောက်ကာ အားတင်းတည့်မတ်ထားသောခန္ဓာတစ်ခု ပြိုလဲကျသွားလေပြီ။
¤
လောကတွင် ဖော်ထုတ်မပြနိုင်ခဲ့သောအမှန်တရားများ မည်မျှများပြားခဲ့သနည်း။
ငိုကြွေးမပြခဲ့ရသော မျက်ရည်စများ မည်မျှစီးဆင်းခဲ့ရပါသနည်း။
ကုသဖို့ရန်မဖြစ်နိုင်သော ဝေဒနာများ မည်မျှရင့်သန်ခဲ့ကြသနည်း။
အဇဋာ၏စုံစမ်းတွေ့ရှိမှုတစ်ခုမှာ ဤမျှအထိနက်ရှိုင်းမည်ဟု မတွေးထင်ခဲ့မိပါ။
နယ်စားမင်း၏ဈာပနတွင် သေသူ၏ရုပ်အလောင်းအားပြင်ဆင်သူတို့အကြား သူ(မ)ရှိနေခဲ့သည်။ မျက်နှာဖုံးအောက်မှ သေဒဏ်ကျအမှတ်အသားကို သူ(မ)မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။ နယ်စားမင်းနှင့်လုပ်ကြံခံရသူများ၏ မမြင်ကွယ်ရာမှမသမာမှုများကို သူ(မ)ရှာဖွေတွေ့ရှိခဲ့သည်။ ထိုမသမာမှုများကို ဖော်ထုတ်လိုပါသော်လည်း ဇီဝကဆေးဆိုင်မှ သူ(မ)ရရှိခဲ့သော သဝဏ်လွှာကြောင့် အရာအားလုံးကိုခဝါချခဲ့ပါသည်။
'အကျွန့်ကို သတိတရရှိသည့်အတွက် ကျေးဇူးတင်ပါသည် အစ်မငယ်။
အကျွန့်ရည်ရွယ်ချက်အား တားဆီးခဲ့လျှင်လည်း အစ်မငယ်အား အပြစ်မယူပါ။
ဤသစ္စာမှန်ပါလျှင် အစ်မငယ်ထံမှခွင့်လွှတ်ခြင်းကို ရနိုင်ပါစေ။
အစ်မငယ်အား အသုံးချလိုစိတ်နှင့် ဖုံးကွယ်လိမ်ညာလိုစိတ် အလျဉ်းမရှိခဲ့ပါ။
ဤမှန်သောသစ္စာကြောင့် ဖြစ်ရပ်အမှန်များကို အစ်မငယ်သိရှိနားလည်နိုင်ပါစေ။
ဤအမှာစကားများကို အစ်မငယ်သိရှိရပြီဆိုလျှင် အကျွန်မရှိတော့ပြီမို့ အမှန်တရားအား အကျွန်နှင့်အတူ မြှုပ်နှံလိုက်ပါလေ။ အစ်မငယ်ကို ဤရန်ငြိုးများနှင့် မပတ်သက်စေလိုပြီ။ အစ်မငယ်နှင့်ဝေးရာတွင်သာ အမှုကိစ္စတို့ပြီးမြောက်နိုင်ပါစေရန် အကျွန်မျှော်လင့်မိပါသည်။
သွေးစွန်းပြီးသော စိတ်နှင့်ကိုယ်ကိုတိုင်တည်၍ ဆိုခဲ့သောသစ္စာများ ထိရောက်နိုင်ပါစေ။'
▪︎
မည်သည့်အမည်နာမ၊ မည်သည့်အမှတ်အသားမျှရှိမနေသော တိရိစ္ဆာန်အရေပေါ်မှ စာလုံးလေးများနှင့် ထိုအထဲတွင်လိပ်ထည့်ထားပါသော သွေးနှင့်ဆေးရည်စွန်းပေနေသည့် အဝတ်စလေးတစ်စသည်ပင် အဇဋာအတွက် ကြေကွဲဖွယ်အတိ။
အဂ္ဂနေထိုင်ရာဂူအတွင်းမှ သေတ္တာလေးရှိအရုပ်လေးမှာ အဇဋာယူဆခဲ့သည့်အတိုင်းပင် ပိုနေသည့်အစိတ်အပိုင်းများကို ဖယ်လိုက်သည့်အခါ နဂါးရုပ်ပုံဖြစ်နေခဲ့သည်ကလည်း သူ၏တည်ရှိခဲ့မှုအတွက် မမေ့နိုင်စဖွယ်သက်သေတစ်ခုပင်။
ထို့အပြင် မည်သည့်အခါတွင်မျှ သူ(မ)အသုံးပြုဖြစ်တော့မည်မဟုတ်သည့် အနောက်တိုင်းပြည်မှ တန်ကြေးကြီးသည့်မျက်နှာချေဘူးလေးသည်လည်း တစ်သက်စာအတွက် အမှတ်တရဖြစ်ခဲ့ချေပြီ။
¤¤¤¤¤
အဇဋာ၏ယုံကြည်မှုအချို့သည် ဦးတည်ရာမဲ့ခဲ့သည်။
အမှန်နှင့်အမှားဟူသည် တစ်ဦးနှင့်အများဟူသော သင်္ချာနာမ်များနှင့် တွက်ချက်၍မရကြောင်းကို နဂါးနက်ရာဇဝင်က ပြောပြသွားခဲ့သည်။
ထို့အတူ ဓားတစ်လက်စိုက်ထားပါသော မြေပုံမို့မို့လေးနှင့် မြင်းနက်ကြီး၏သခင်က ပြောပြသွားခဲ့သည်မှာ .....
ရန်ငြိုးဟူသည် ပူလောင်တတ်သောသဘော ရှိလေသည်။

Коментарі