အဇဋာ နိဒါန္း / အဇဋာ နိဒါန်း
အဂၢႏွင့္ ေရႊကၽြန္းသူ / အဂ္ဂနှင့် ရွှေကျွန်းသူ
သဲလြန္စရဲ႕ နိဂံုး / သဲလွန်စရဲ့ နိဂုံး
Final: နဂါးနက္ ရာဇဝင္ / နဂါးနက် ရာဇဝင်
အဇဋာ နိဒါန္း / အဇဋာ နိဒါန်း
- ေမာရဝတီၿမိဳ႕ -

ၿမိဳ႕က အလြန္စည္ကားလွသည္။ ၿမိဳ႕တံခါးဝမွ ျမင္းကိုဆြဲ၍ ျဖည္းျဖည္းခ်င္းဝင္ေရာက္လာေသာ သူ(မ)၊ "အဇဋာ"
မ်က္ဝန္းေတာက္ေတာက္မ်ားႏွင့္ ပိရိေသာ ပန္းႏုေရာင္ႏႈတ္ခမ္းလႊာတို႔သည္ သူ(မ)မ်က္ႏွာတြင္ အထင္ရွားဆံုးျဖစ္သည္။ ဆံႏြယ္ရွည္တို႔သည္ နဖူးစည္းႏွင့္ ထိန္းကြပ္ခံထားရသည္ေၾကာင့္ မ်က္ႏွာေပၚနားခိုခြင့္မရၾကေခ်။ ေက်ာျပင္၌သာ မွီတြယ္ထားၾကသည္။
လူ႐ႈပ္ေသာလမ္းေပၚဝယ္ ျမင္းကိုသတိထားဆြဲလာရင္း ေရွ႕တြင္ ႐ုတ္႐ုတ္သဲသဲႏွင့္ ေျပးလႊားလာၾကသည္ကို သူ(မ)သတိျပဳမိလိုက္သည္။ အဝတ္အစားကပိုက႐ို၊ ဆံပင္စုတ္ဖြာဖြာႏွင့္ ခပ္ႏြမ္းႏြမ္း၊ ညစ္ပတ္ပတ္လူငယ္တစ္ဦး လူအမ်ားၾကား တြန္းထိုးေျပးလႊားလာသည္။
သူ(မ)ႏွင့္တည့္တည့္ျဖစ္ေနေသာေၾကာင့္ သူ(မ) အနည္းငယ္ေရွာင္ေပးလိုက္သည္။ ထိုသူမွ လက္ကိုဝင္တိုက္သည္တြင္ ေျပးလာသည့္အရွိန္၊ ေယာက်္ားအား၊ ကိုယ္တိုင္က လြတ္မည္အထင္၊ ဘာကိစၥမ်ားလဲဟု စူးစမ္းမိျခင္းတို႔ေၾကာင့္ သတိလက္လြတ္ရွိစဥ္ အာေမဋိတ္သံထြက္သြားသည္။

"အ"

အနည္းငယ္ေလး ေရွ႕ကိုလြန္သြားၿပီျဖစ္ေသာ လူငယ္သည္ ဆတ္ခနဲလွည့္၍

"ေတာင္းပန္ပါ၏၊ အစ္မငယ္။"

သူ(မ) ျပံဳး၍လက္ကာျပလိုက္သည့္အခါ ထိုသူသည္ အေလာတႀကီးဆက္ေျပးသြားေလေတာ့သည္။

"လိုက္ေဟ့၊ လိုက္ဟ။"

ေနာက္မွလူတစ္သိုက္ အသံမ်ားေပး၍ ေျပးလိုက္လာၾကသည္။ လူမ်ားက အနည္းငယ္တိမ္းေရွာင္ေပးသည္မွလြဲ၍ စိတ္ဝင္စားဟန္မရွိၾကပါ။ ဤသည္ပင္ သူ(မ)အဖို႔ အထူးအဆန္းျဖစ္ေနသည္မို႔ အနီးမွ သြားရည္စာစားဖြယ္ေရာင္းသူထံ စားဖြယ္အနည္းငယ္ဝယ္ရင္း စူးစမ္းမိသည္။

"ဦးရီး၊ အခုနက ဘာျဖစ္ၾကသည္လဲ။"

"ဒါကမထူးဆန္းပါ။ ဒီလိုေနရာမွာ အလစ္ခိုးသူတို႔က ေပါမ်ားလွသည္ေလ။ သမီးငယ္က တျခားအရပ္သူ ထင္ရဲ႕ကြယ္။ မိန္းမငယ္တစ္ဦးတည္း သြားလာမႈ သတိရွိေစ၊ သမီးငယ္ရဲ႕။"

"အခုလိုသတိေပးတာ ေက်းဇူးတင္ပါ၏ ဦးရီး။"

သူ(မ) ဆိုင္ေလးမွထြက္လာခဲ့သည္။
... ငယ္ငယ္ရြယ္ရြယ္၊ သန္သန္မာမာႏွင့္ပင္ ေကာင္းရာေကာင္းေၾကာင္း အသက္မေမြးခ်င္ၾကပါလားကြယ္။
သူ(မ)ေတြးမိကာ သက္ျပင္းဖြဖြခ်မိသည္။ တည္းခိုေဆာင္တစ္ခုတြင္ တည္းခိုလိုက္ၿပီးေနာက္ နားေန၊ စားေသာက္ၿပီးစီးလၽွင္ ခရီးပန္းလာသည္ေၾကာင့္ ေစာစီးစြာအနားယူလိုက္သည္။

¤

ၿမိဳ႕ေလးသည္ကား ညနက္ခါနီးေသာအခ်ိန္တြင္ လူသြားလူလာျပတ္သြားခဲ့သည္။ မီးေရာင္ထိန္လင္းေသာလမ္းမ်ားတြင္ အိမ္ႀကီးအိမ္ေကာင္းမ်ားႏွင့္အျပည့္။ ေနအိမ္ငယ္မ်ားရွိရာဘက္တြင္ေတာ့ မွိန္ျပျပဆီမီးခြက္အလင္းသည္ပင္ ဟိုတစ္ကြက္ သည္တစ္ကြက္။ လေရးေရးေလးေၾကာင့္ အလင္းေရာင္ခပ္ေမွးေမွးရွိေနသည္။ အရာအားလံုးသည္ အိပ္ေမာက်လ်က္။ ညဥ့္ငွက္တစ္ေကာင္၏ ပ်ံသန္းေအာ္ဟစ္သံေအာက္၌ လႈပ္ရွားမႈအခ်ဳိ႕ရွိသည္က ၿမိဳ႕စားမင္းစံအိမ္သာ။ အိပ္ဖန္ေစာင့္မ်ား ၎တို႔တာဝန္ကို၎တို႔ တိတ္ဆိတ္စြာထမ္းေဆာင္ေနၾကသည္မွာ လံုျခံဳေဘးကင္းစြာ အနားယူႏိုင္သည့္အသြင္။ ၎တို႔ဘဝသည္ အမွန္ပင္ ေအးခ်မ္းလံုျခံဳပါ၏ေလာ။
ညႏွင့္လသည္ ကိုယ္စီတာဝန္တို႔ကို ထမ္းေဆာင္ဆဲ။
.
သူသည္လည္း တာဝန္တစ္ခုရွိသည့္အလား အေမွာင္ရိပ္ကိုခိုကာ လႈပ္ရွားေနသူတစ္ဦး။ ဦးတည္ရာသည္ ၿမိဳ႕စားမင္းစံအိမ္။ အနက္ေရာင္ဝတ္စံု၊ မ်က္ႏွာဖံုးႏွင့္ ဓားအနက္ေရာင္တစ္လက္သည္ လက္ထဲ၌၊ တစ္လက္သည္ ေက်ာေပၚ၌။ ခါးတြင္က ဓားတိုတစ္လက္။ တဖ်တ္ဖ်တ္ေတာက္ေနေသာ မ်က္ဝန္းနက္တို႔ကို အလင္းေရာင္မွိန္မွိန္တြင္ တစ္ခ်က္တစ္ခ်က္ျမင္ေနရသည္။ ေၾကာင္နက္တစ္ေကာင္ကဲ့သို႔ ေပါ့ပါးသြက္လက္စြာလႈပ္ရွားသြားေနေသာ သူ၏ကိုယ္တြင္ အျခားေသာ မည္သည့္လက္နက္မ်ား ရွိေနဦးမည္နည္း။ သူဦးတည္ရာတြင္ သည္တစ္ညအတြင္း တိတ္တဆိတ္ေသြးစြန္းသြားေသာ ၿမိဳ႕စားမင္းစံအိမ္။

¤

မနက္လင္းလၽွင္ သူ(မ) အားအင္အျပည့္ႏွင့္ႏိုးထလာၿပီး ခဏအၾကာတြင္ နံနက္စာအတြက္ တည္းခိုရာအခန္းဘက္မွေန၍ စားေသာက္ဆိုင္ေနရာေလးဆီသို႔ လာခဲ့ေလသည္။ ဆိုင္တြင္းရွိလူမ်ားမွာ သူ႔တို႔လူစုႏွင့္သူတို႔ အေၾကာင္းျခင္းရာတစ္ခုခုကို စိတ္ဝင္တစားေျပာဆိုေနၾကဟန္ပင္။ သူ(မ) ခံုတစ္ခံုတြင္ဝင္ထိုင္ကာ အစားအေသာက္မွာယူလိုက္သည္။ စားပြဲထိုးလူငယ္ အစားအေသာက္လာခ်ေပးသည့္အခါ

"ဒီမနက္ ဘာသတင္းထူးရွိပါလိမ့္။" ဟု ေမးမိသည္။

"ရွိပါၿပီေကာ။ ၿမိဳ႕စားမင္း ညကလုပ္ၾကံခံရလို႔ လြန္ၿပီတဲ့ေလ။"

"ၿမိဳ႕စားမင္း၊ ဟုတ္စ။ တရားခံမိသတဲ့လားကြယ္။"

"အိပ္ဖန္ေစာင့္ေတြအထပ္ထပ္ၾကားက ဘယ္ပံုဝင္ေရာက္သည္မသိရပါဘဲ ၿမိဳ႕စားႀကီးရဲ႕ အနီးဆံုးအိပ္ဖန္ေစာင့္ေနရာကို ေနာက္တစ္ဦး တာဝန္လဲရန္သြားခါမွသာ အိပ္ဖန္ေစာင့္အသက္ဆံုးေန၍ ၿမိဳ႕စားကိုဝင္ၾကည့္မွ သလြန္ေပၚတင္အသက္မဲ့ေနတာ သိရသည္တဲ့။ သဲလြန္စအေနနဲ႔ နဂါးနက္အ႐ုပ္ငယ္ေလးေတာ့ ၿမိဳ႕စားႀကီးရင္ဘတ္ေပၚ ေတြ႕ရသည္တဲ့။ လူႀကီးတခ်ဳိ႕ေျပာသည္က ဟိုအရင္က နဂါးနက္ဂိုဏ္းရဲ႕ အႂကြင္းအက်န္ဆိုသည္လားပဲ။ အကၽြန္လည္း အလုပ္ရွိေသး၏။ အလိုရွိကေခၚယူလိုက္ပါ ဧည့္သည္။"

"ေကာင္းပါၿပီ။"

သူ(မ)အေတြးထဲသို႔ဝင္လာသည္က နဂါးနက္ဂိုဏ္း။ သူ(မ)သိသည့္သတင္းတစ္ခုမွာ 'သိဃၤရၿမိဳ႕'မွ ၿမိဳ႕မ်က္ႏွာဖံုးသူႂကြယ္တစ္ဦး လုပ္ၾကံခံရစဥ္၌လည္း နဂါးနက္တစ္ေကာင္ ေတြ႕ရသည္ဟူ၍။ ထိုစဥ္က နဂါးနက္ဂိုဏ္းကို သူ(မ)မေတြးမိ။ နဂါးနက္ဂိုဏ္းမွာ သူ(မ)တို႔ငယ္စဥ္အခါက အလြန္နာမည္ႀကီးေသာ နဂါးနက္စံအိမ္ႀကီး၏ မိသားစုဝင္မ်ားႏွင့္ေနာက္လိုက္မ်ားကို ေခၚဆိုျခင္းပင္။ နဂါးနက္စံအိမ္၏ ႂကြယ္ဝမႈအား တိုင္းတာမရႏိုင္ဟု ဆိုၾကသည္။ အာဏာလႊမ္းမိုးမႈသည္လည္း မထင္မွတ္ႏိုင္ေအာင္ က်ယ္ျပန္႔လွသည္။
သို႔ေသာ္ စံအိမ္အတြင္းထြင္းေဖာက္ဝင္ေရာက္မႈေၾကာင့္ ရာဇဝတ္သင့္ကာ လြတ္ေျမာက္လာသူတိုင္းမွ စံအိမ္တြင္ သာမန္သူႂကြယ္အိမ္မ်ားထက္ထူးကဲေသာ ပိုင္ဆိုင္မႈမ်ား မေတြ႕ခဲ့ရဟု ေျပာၾကသည္။ ၎တို႔ကိုယ္တိုင္သည္လည္း ထူးကဲမႈရွိမည္အထင္ႏွင့္ ထြင္းေဖာက္ၿပီးရွာေဖြရင္းမွ ဖမ္းဆီးခံရသူမ်ားျဖစ္ေပသည္။ ထိုစံအိမ္ႀကီးသည္ တစ္ညတြင္ အမည္မသိသူတို႔၏လုပ္ၾကံမႈေၾကာင့္ အိမ္သားအားလံုး သတ္ျဖတ္ခံခဲ့ရျခင္းျဖစ္သည္။ လံုျခံဳေရးအေစ့စပ္ဆံုးေသာ နဂါးနက္စံအိမ္ကို လုပ္ၾကံသည္မွာ အတြင္းလူ၊ သို႔မဟုတ္ ရန္သူဟုထင္မွတ္မထားသူတို႔သာ ျဖစ္ႏိုင္ေခ်ရွိသည္ဟု သံသယပြားေသာ္လည္း စံုစမ္းေဖာ္ထုတ္ႏိုင္ျခင္း မရွိခဲ့ေခ်။
ယခုကဲ့သို႔ တစ္ဆယ့္သံုးႏွစ္ခန္႔ၾကာမွ နဂါးနက္ၾကမၼာဆိုးမွ လြတ္ေျမာက္လာသူဟူ၍ ေပၚလာသည္မွာ ထူးဆန္းေခ်ၿပီ။ ဟုတ္မွန္သည္ဆိုပါက ေမာရဝတီၿမိဳ႕စား၊ သိဃၤရသူႂကြယ္တို႔ႏွင့္ မည္သို႔ပတ္သက္သနည္း။ ထိုသူတို႔သည္ ေကာင္းမြန္ေသာ ဂုဏ္သတင္းေမႊးသူတို႔သာ။ အဘယ္ေၾကာင့္ လုပ္ၾကံခံရသနည္း။ သို႔တည္းမဟုတ္၊ နဂါးနက္အမည္ခံျဖင့္ မသမာသူတစ္ဦးမွ ရာဇဝတ္မႈတို႔ကို က်ဴးလြန္ေနသည္လား။ အခန္းသို႔ျပန္ေရာက္သည္အထိ သူ(မ)ေတြးေနမိသည္။ သူ(မ)သည္ ဤၿမိဳ႕သို႔ ျဖတ္သန္းခရီးႏွင္႐ံုသက္သက္သာ။ သူ(မ) ခရီးဆက္ရေပဦးမည္။ ဤကိစၥကို ဆက္လက္၍စူးစမ္းရန္ မျဖစ္ႏိုင္ေတာ့ေခ်။

¤

ထိုေန႔လယ္ခင္းတြင္ပင္ သူ(မ)အတြက္လိုအပ္သည္မ်ားကို ဝယ္ယူထုပ္ပိုး၍ ခရီးဆက္ခဲ့သည္။ ၿမိဳ႕ကိုလြန္၍ ေတာတန္းေလးသို႔ဝင္သည္ႏွင့္ လင္းယုန္ႀကီးက သူ(မ)ကိုေစာင့္ႀကိဳေနသည္။ အသံျပဳကာ သူ(မ)ပခံုးထက္သို႔ ဆင္းသက္နားခိုလာသည္။ သူ(မ)က လင္းယုန္ႀကီးကို တယုတယပြတ္သပ္လိုက္ၿပီး

"ႏွစ္ရက္မၽွ လြတ္လပ္ခဲ့သည္လားကြယ္။"

လင္းယုန္ႀကီးသည္ နားလည္ဟန္ျဖင့္ ႏွစ္လိုဟန္အသံျပဳ၍ သူ(မ)ဆီသို႔တိုးေဝွ႕လာသည္။ သူ(မ)သည္ ျမင္းကိုစီး၍ လင္းယုန္ႀကီးကိုပခံုးထက္တင္ကာ စိမ္းလန္းေသာေတာတန္းေလးကို ျဖတ္သန္းလာသည္။ တစ္ေနရာအေရာက္တြင္ လင္းယုန္ႀကီးက တဟုန္ထိုးပ်ံသန္းသြားၿပီး ျမင္းကလည္းရုတ္တရက္ရပ္၍ ဟီသံေပးလာသည္။ သူ(မ) ျမင္း၏ေက်ာကိုပြတ္သပ္၍ သတိျဖင့္ဆက္လက္စီးနင္းလာစဥ္ လင္းယုန္ႀကီးက အသံက်ယ္ျပဳကာ သူ(မ)ထံျပန္လာေနသည္။ သူ(မ)သည္လည္း အႏၲရာယ္အေငြ႕ကို နီးနီးကပ္ကပ္ရလိုက္သည္။ ထိုစဥ္ ေဘးဘက္ကုန္းျမင့္ေလးထက္မွ ျမင္းခြာသံမ်ားၾကားရၿပီး လူတစ္စု ဆင္းလာကာ သူ(မ)ကို လမ္းပိတ္ရပ္လိုက္ၾကသည္။ လင္းယုန္ႀကီးက သူ(မ)၏ပခံုးထက္မွေန၍ စူးရဲစြာၾကည့္ေနသည္။ လူစု၏ေခါင္းေဆာင္ျဖစ္ဟန္တူသူက မႏွစ္ၿမိဳ႕ဖြယ္ျပံဳးလိုက္ကာ

"ဒီေန႔ေတာ့ လူေရာ၊ ပစၥည္းပါ ရၿပီထင္ပါရဲ႕။" ဟု သူ၏အေပါင္းအပါမ်ားကို လွည့္ေျပာလိုက္ၿပီး

"ကဲ! ႏွမငယ္၊ ကၽြႏ္ုပ္တို႔ႏွင့္လိုက္ခဲ့ဖို႔ရန္ ဖိတ္ေခၚ၏။" ဟု အဇဋာ့အား ရမၼက္ခိုးေဝေသာ မ်က္လံုး႐ိုင္းတို႔ႏွင့္ၾကည့္ကာ ေျပာလာခဲ့သည္။

"အသင္တို႔က မည္သည့္အေၾကာင္းေၾကာင့္ အကၽြႏ္ုပ္လမ္းကို ပိတ္သနည္း။"

"က်ဳပ္တို႔က ဒီေတာတန္းရဲ႕ပိုင္ရွင္ေတြလို႔သာ ဆိုရမည္ေပါ့။ ဧည့္သည္ေတြရဲ႕လံုျခံဳေရးကို ဒီနယ္ေျမကထြက္သည္အထိ တာဝန္ယူသည္။ သူတို႔ဆီက ေက်းဇူးတုံ႔ျပန္သည္ကို လက္ခံသည္ေပါ့။"

"အသင္တို႔က ဓားျပေတြပဲ။"

"အိုး ... ဟိုး ... ဒီလိုေတာ့ ၾကမ္းတမ္းစြာမဆိုပါႏွင့္ ႏွမငယ္။"

"ဒီလိုဆိုရင္ျဖင့္ သင္တို႔က သူဖုန္းစားေတြျဖစ္သည္လား။"

"သယ္! ဒီမိန္းမငယ္က ငါတို႔ကို ရာရာစစ။ ဒီမွာ မိန္းမငယ္၊ က်ဳပ္တို႔က သင့္အား ေအးေဆးစြာေခၚယူသည္ကိုမလိုက္ပါလၽွင္ ရသည့္နည္းႏွင့္ေခၚယူမွ က်ဳပ္တို႔ကို အလြန္မေျပာေလႏွင့္။"

"ငမိုက္သား၊ အ႐ိုင္းအစိုင္းေတြကမ်ား ... အဇဋာ့ကိုရန္ျပဳဝံ့သူ တက္ခဲ့ၾက။"

"ကဲ၊ အၾကမ္းနည္းသံုးရသည္ေပါ့။ တက္ၾက။"

အဇဋာက ဓားကိုဆြဲထုတ္တိုက္ခိုက္သကဲ့သို႔ လင္းယုန္ႀကီးသည္လည္း ေတာင္ပံႏွင့္႐ိုက္ခတ္ကာ ႏႈတ္သီးျဖင့္ မ်က္လံုးမ်ားကို ထိုးေဖာက္တိုက္ခိုက္ေလေတာ့သည္။ ေယာက်္ားသားအမ်ားႏွင့္ မိန္းမပ်ဳိတစ္ဦး၏တိုက္ပြဲတြင္ ဓားျပမ်ားအထိအခိုက္မ်ားလာသကဲ့သို႔ သူ(မ)သည္လည္း ေမာပန္းစျပဳလာသည္။

ထိုစဥ္ ေလကိုထိုးခြင္းလာသံေၾကာင့္ သတိထားမိေတာ့ ျမားတစ္စင္းသည္ သူ(မ)ထံတည့္တည့္လာေနေလသည္။ သူ(မ)ေရွာင္လိုက္ကာ ကိုယ္ကိုျပန္ထိန္းလိုက္စဥ္ ဓားျပတစ္ေယာက္မွေန၍ ဓားႏွင့္ဝင္ပိုင္းသည္ေၾကာင့္ ခုခံေနရျပန္သည္။ ထို႔ေၾကာင့္ပင္ ေနာက္ျမားတစ္စင္းက သူ(မ)လက္ေမာင္းကို ရွပ္ထိသြားခဲဲ့သည္။ ေနာက္ထပ္တစ္စင္းမွာေတာ့ သူ(မ)ဆီသို႔မေရာက္မီ အျခားျမားတစ္စင္း၏ ျဖတ္၍ကာဆီးျခင္းကို ခံလိုက္ရသည္။ တိုက္ခိုက္ေနရင္းမွ ျမားမ်ားလာရာဆီသို႔ သူ(မ)ေဝ့ဝဲအၾကည့္တြင္ ေလးတစ္လက္ကိုင္ထားေသာလူတစ္ေယာက္ ကိုယ္တြင္ ျမားတန္းလန္းႏွင့္ သစ္ပင္တစ္ပင္ေပၚမွျပဳတ္က်လာသည္။ ထို႔ေနာက္တြင္ေတာ့ သူ(မ)၏ဓားခ်က္မ်ား၊ လင္းယုန္ႀကီး၏ထိုးေဖာက္မႈမ်ားႏွင့္ အမည္မသိသူ၏ ျမားခ်က္မ်ားေၾကာင့္ ဒဏ္ရာႏွင့္က်န္ရစ္သူတို႔ ထြက္ေျပးကုန္ၿပီး အသက္မဲ့သူတို႔သာ က်န္ခဲ့ၾကသည္။

ထိုအခါမွ ေဘးဘက္သစ္ပင္မ်ားဆီ သူ(မ)ၾကည့္မိသည္။ သစ္တစ္ပင္ေပၚမွ ေလးတစ္လက္ကိုင္ကာ ျမားဘူးလြယ္၍ ေမ်ာက္တစ္ေကာင္ကဲ့သို႔ ကၽြမ္းက်င္စြာဆင္းသက္လာသူတစ္ဦး သူ(မ)ထံသို႔ ေလၽွာက္လာေသာေၾကာင့္ သူ(မ)လည္း ျမင္းေပၚမွဆင္းလိုက္သည္။

"ေက်းဇူးတင္ပါသည္ မိတ္ေဆြ။"

သူ(မ)လွမ္းေျပာလိုက္ၿပီး ထိုသူအနီးေရာက္လာမွ ခပ္ငယ္ငယ္လူရြယ္တစ္ေယာက္ျဖစ္ေနသည္။ ထိုသူက

"မလိုအပ္ပါ။ ေယာက်္ားရင့္မာႀကီးေတြက မိန္းမပ်ဳိတစ္ေယာက္ကို ဓားေတြကိုင္ၿပီးတိုက္ခိုက္ေနတာ အျမင္မသင့္လို႔ ဝင္ၿပီးကူလိုက္႐ံုပါ။ တကယ္တမ္းတိုက္ခိုက္တာက ဒီက ... အင္း ... အကၽြန္႔အစ္မအရြယ္ေလာက္မို႔ အစ္မငယ္လို႔ ေခၚပါရေစ။ အစ္မငယ္နဲ႔ လင္းယုန္ႀကီးက တကယ္တိုက္ခဲ့တာပါ။"

"အကၽြန္တို႔ပဲဆိုလၽွင္ျဖင့္ ၾကာရွည္တိုက္လၽွင္ အထိနာလာမည္။ အသင္ကူညီ၍သာ သက္သာေပေတာ့သည္ေလ။"

"ေက်းဇူးစကားကို လက္ခံပါၿပီ။ အခုေတာ့ အစ္မငယ္ရဲ႕ဒဏ္ရာေတြ သန္႔ရွင္းဖို႔လိုၿပီေလ။"

"အင္း ... ဟုတ္ပါရဲ႕။"

"အစ္မငယ္ သံသယကင္းလၽွင္ျဖင့္ အကၽြန္႔ေနရာကိုဖိတ္ေခၚပါ၏။ ဒီအနီးက ဂူတစ္ခုမွာ အကၽြန္ေနပါသည္ အစ္မငယ္။"

အဇဋာ လူငယ္ကိုအကဲခတ္ၾကည့္၍ အ႐ိုးခံအတိုင္းေျပာဟန္ရွိသည္ေၾကာင့္ လက္ခံလိုက္သည္။

¤

သဘာဝေက်ာက္ဂူတစ္လံုး။ အဝင္တြင္ ႏြယ္အခ်ဳိ႕က ဂူအမိုးေပၚသို႔ႏြယ္တက္ေနၿပီး အတြင္းသို႔ဝင္လာသည့္အခါ ေအးစိမ့္ေနသည္။ လူငယ္သည္ နံရံမွမီးတိုင္မ်ားကို မီးခတ္ၿပီးထြန္းညႇိလိုက္၍ ဂူထဲတြင္ လင္းထိန္သြားသည္။ အတြင္းဘက္၌ ဂူနံရံႏွင့္ကပ္လ်က္တြင္ ေက်ာက္ဖ်ာတစ္ခ်ပ္ကို အိပ္ရာသဖြယ္ျပင္ထားသည္။ က်ားသားေရကိုခင္း၍ ဝက္ဝံအေရျဖစ္ႏိုင္ေသာ အေမႊးပြျခံဳထည္တစ္ခုႏွင့္ ႏြယ္ကိုရက္ထားေသာ ေခါင္းအံုးတစ္လံုးရွိၿပီး ေဘးကပ္လ်က္နံရံတြင္လည္း တိရစၧာန္အေရခြံကပ္ထားသည့္ သူ႔စက္ရာက ေႏြးေထြးမည့္ပံု။ ဂူအလယ္တြင္ မီးဖိုရာတစ္ခုရွိသည္။ ယခုအခါ နံရံေပၚမွမီးတုတ္မ်ားေၾကာင့္ထင္သည္၊ ဝင္လာခါစကကဲ့သို႔ ေအးမေနေတာ့ေပ။ မီးဖိုေဘးမွ ေက်ာက္စားပြဲေလးေဘး ထိုင္ရန္ေနရာသည္လည္း ထံုးစံအတိုင္း က်ားသားေရအခင္းႏွင့္။ မတ္တပ္ရပ္ကာ ေငးၾကည့္ေနမိေသာသူ(မ)ကို လူငယ္က

"အစ္မငယ္၊ ထိုင္ပါေလ။"

ေက်ာက္စားပြဲတြင္ သူ(မ)ဝင္ထိုင္လိုက္သည္။ လူငယ္သည္ သူ၏လက္နက္မ်ားကို အိပ္ရာေဘး ေသတၱာေပၚသို႔လည္းေကာင္း၊ ဂူနံရံမွ သမင္ခ်ဳိတြင္လည္းေကာင္း စနစ္တက်ခ်ိတ္ဆြဲထားသိုလိုက္ၿပီး ေသတၱာေပၚမွ ဝါးဆစ္ဘူးေလးကို ယူလိုက္သည္။ ၿပီးလၽွင္

"အစ္မငယ္၊ ဒီေရနဲ႔ ဒဏ္ရာေတြေဆးလိုက္ပါ။ အကၽြန္ ေဆးရြက္အခ်ဳိ႕ သြားခူးရဦးမည္။ အနီးအနားတင္မို႔ မၾကာပါဘူး။ အစ္မငယ္ျမင္းကိုလည္း အစာေပါရာ ေခၚသြားလိုက္မည္ အစ္မငယ္။"

"ေကာင္းပါၿပီ။"

လူငယ္က စားပြဲေပၚသို႔ အဝတ္စတစ္ခုတင္လိုက္ၿပီး

"ဒဏ္ရာေတြေဆးၿပီး ဒါနဲ႔သုတ္လိုက္ပါ"

ေျပာၿပီး သူထြက္သြားသည္။
ဝါးဆစ္ထဲမွေရကို အဇဋာ စူးစမ္းမိသည္။ ေအးစိမ့္၍ သဘာဝေရအတိုင္းဟု ဆိုႏိုင္ေသာ္လည္း တစ္ခုခုပါဝင္မွာ စိုးရသည္။ အမွန္ဆို ဒုကၡေပးခ်င္လၽွင္ျဖင့္ အခုနကတည္းက ကယ္စရာမလိုပါေလဟုသာေတြးၿပီး ဒဏ္ရာမ်ားကို ေဆးေၾကာသုတ္သင္လိုက္သည္။ အတန္ၾကာသန္႔ရွင္းၿပီးလၽွင္ သူ(မ) သူ၏ေသတၱာကို စိတ္ဝင္စားမိသြားသည္။ ေသတၱာေဘးဘက္ရွိ အ႐ုပ္ပံုသ႑ာန္သည္ မပီမျပင္မို႔ သူ(မ)လွမ္းၾကည့္ေနရင္းမွ သိခ်င္ေဇာျဖင့္ ထသြားၿပီးၾကည့္မိသည္။ ကိုင္ၾကည့္ရင္း ပံုေဖာ္ေနမိသည္။ တစ္စံုတစ္ခုပိုေနသည္လား။ လိုေန၊ ပဲ့ေနေသာပံုမဟုတ္ပါ။ တစ္ခုခုျဖည့္ထား၍ မူလပံုေပ်ာက္ေနျခင္း ျဖစ္ဟန္တူသည္။ ပိုင္ရွင္မရွိခ်ိန္တြင္ မည္သည္ကိုမၽွ ထိကိုင္ရန္မသင့္သည့္အတြက္ သူ(မ)ျပန္ထိုင္ေနလိုက္စဥ္ သူျပန္ေရာက္လာသည္။

"ေစာင့္ရတာၾကာသြားၿပီလား အစ္မငယ္။ ျမင္းႀကီးမွာဒဏ္ရာေတြ႕သည္မို႔ အကၽြန္ေဆးထည့္ေပးေန၍ ၾကာသြားသည္။ မစိုးရိမ္ရပါဘူး အစ္မငယ္။ ေပ်ာက္သြားမွာပါ။"

"ေက်းဇူးေတြ ထပ္ေနၿပီေကာ အေမာင္။"

သူျပံဳးလိုက္ၿပီး ဝါးဆစ္တစ္ခုထဲတြင္ အရြက္အခ်ဳိ႕ကို အရည္ညႇစ္၍တစ္မ်ဳိး၊ အခ်ဳိ႕ကို ေပါင္း၍ေခ်မႊကာတစ္ဖံုႏွင့္ ထည့္ထားလိုက္ကာ အဝတ္စတို႔ကို လိုသေလာက္ျဖဲယူေနသည္။ ၿပီးလၽွင္ သူ(မ)ထံယူလာ၍

"ဒဏ္ရာငယ္ေလးေတြ ဒီအရည္သုတ္ေပးပါ အစ္မငယ္။ ျမားက အဆိပ္မပါတာ ကံေကာင္းသည္ေပါ့။ ျမားဒဏ္ရာကို ဒီအရြက္ေတြအံုၿပီး စည္းထားလိုက္ရင္ ေတာ္ေတာ္ေလးသက္သာသြားမည္။ ေနာက္ပိုင္းလည္း အရာမက်န္ဖို႔ အရြက္အခ်ဳိ႕ အကၽြန္ေရာထည့္ထားသည္ေလ။ အစ္မငယ္ လက္ေမာင္းမွာ အရာမက်န္ဖို႔ေလ။"

သူ(မ) သူ႔ကို တအံ့တဩၾကည့္ေနမိသည္။ သူက

"ဘာျဖစ္သည္လဲ အစ္မငယ္။"

"အင္း ... ေစ့စပ္ေသခ်ာၿပီး ေဆးျမစ္ေဆးရြက္ နားလည္တယ္ဟုလည္း သိလာရသည္ကိုး။"

"ဟား ... ဟား ... အစကေတာ့ျဖင့္ ဂူထဲကအျပင္အဆင္ၾကည့္ၿပီး ဒီငမိုက္သားေလး ေတာေကာင္ေတြ အေတာ္သတ္ထားတာလို႔ ေတြးေနသည္၊ ဟုတ္စ။"

သည္တစ္ခါရယ္မိသည္က အဇဋာပါ။ သူ(မ) ေရာက္ေရာက္ခ်င္း ဂူကိုအကဲခတ္ၿပီးေနာက္ ထိုသို႔ေတြးမိသည္မွာ အမွန္ပင္။

"ေနာက္ၿပီးေတာ့ ငါ့ကို ဘာအရည္ေတြနဲ႔ ဒဏ္ရာေဆးခိုင္းပါလိမ့္။ ျမင္းကိုလည္း ဘယ္ေခၚသြားပါလိမ့္လို႔ ေတြးမိပါေသးရဲ႕လား။"

"အို ..... အကုန္ကို သိေနသည္လား။"

သူက ျပံဳးရင္းမွပင္

"အကၽြန္ဆိုလည္း ဒီလိုပဲသံသယပြားမိမွာမို႔ နားလည္ပါသည္ အစ္မငယ္။ ယခုေတာ့ ယံုၾကည္ေပးသည္မို႔ အကၽြန္ကပဲ ေက်းဇူးတင္ပါရဲ႕။ ေဆးလိမ္းလိုက္ပါဦး။"

သူ(မ) ဘာမွမေျပာႏိုင္ဘဲ ေဆးလိမ္းလိုက္သည္။ သူ(မ)ကို တစ္ခ်က္အကဲခတ္ၿပီး အကုန္လံုးတြက္ဆႏိုင္သည့္သူက အႏၲရာယ္ေပးမည္ဆိုပါလၽွင္ သူ(မ) ယခုလို ထိုင္ေနႏိုင္မည္မဟုတ္ေပ။ ဒဏ္ရာေတြကို ေဆးလိမ္းၿပီးလၽွင္ သူ(မ)လက္ေမာင္းကို ေဆးရြက္အံုသည္။ သူက အနားေရာက္လာကာ

"အကၽြန္႔ကို ကူခြင့္ျပဳပါ။" ဆို၏။

သူ(မ) ေခါင္းညိတ္လိုက္သည္။ သူက ေဆးရြက္မ်ားအံုၿပီး အဝတ္ကို ေသခ်ာစည္းေႏွာင္ေပးသည္။ အားလံုးၿပီးလၽွင္

"အစ္မငယ္ရဲ႕ လည္ပင္းေဘးနားနဲ႔ မ်က္ႏွာက ရွရာေလးကို အကၽြန္ေဆးထည့္ေပးရမည္လား။"

"ဟင္"

မ်က္ႏွာတြင္စပ္ဖ်ဥ္းေန၍ ေဆးရည္အနည္းငယ္သုတ္မိေသာ္လည္း လည္ပင္းကိုေတာ့ျဖင့္ သတိမျပဳမိေပ။ သူသည္ကေတာ့ျဖင့္ ဘယ္တုန္းကေသခ်ာၾကည့္၍ သိသည္လဲ။

"အစ္မငယ္။"

"ဪ ... ေအးပါကြယ္။"

ေဆးရည္သုတ္လိမ္းေပးၿပီး အနည္းငယ္ေျခာက္သြားေစရန္ ေလမႈတ္၍ ေၾကမြေနေသာ အရြက္အနည္းငယ္ကို ကပ္လိုက္သည္။

"မ်က္ႏွာမွာ အရြက္ေလးနည္းနည္းကပ္ေနေတာ့ ပိုလို႔ၾကည့္ေကာင္းသြားၿပီ အစ္မငယ္"

"ဘာကြဲ႕!"

-..-..-..-..-..-..-..- Part (2) ဆက္ရန္ -..-..-..-..-..-..-..-

- မောရဝတီမြို့ -

မြို့က အလွန်စည်ကားလှသည်။ မြို့တံခါးဝမှ မြင်းကိုဆွဲ၍ ဖြည်းဖြည်းချင်းဝင်ရောက်လာသော သူ(မ)၊ "အဇဋာ"
မျက်ဝန်းတောက်တောက်များနှင့် ပိရိသော ပန်းနုရောင်နှုတ်ခမ်းလွှာတို့သည် သူ(မ)မျက်နှာတွင် အထင်ရှားဆုံးဖြစ်သည်။ ဆံနွယ်ရှည်တို့သည် နဖူးစည်းနှင့် ထိန်းကွပ်ခံထားရသည်ကြောင့် မျက်နှာပေါ်နားခိုခွင့်မရကြချေ။ ကျောပြင်၌သာ မှီတွယ်ထားကြသည်။
လူရှုပ်သောလမ်းပေါ်ဝယ် မြင်းကိုသတိထားဆွဲလာရင်း ရှေ့တွင် ရုတ်ရုတ်သဲသဲနှင့် ပြေးလွှားလာကြသည်ကို သူ(မ)သတိပြုမိလိုက်သည်။ အဝတ်အစားကပိုကရို၊ ဆံပင်စုတ်ဖွာဖွာနှင့် ခပ်နွမ်းနွမ်း၊ ညစ်ပတ်ပတ်လူငယ်တစ်ဦး လူအများကြား တွန်းထိုးပြေးလွှားလာသည်။
သူ(မ)နှင့်တည့်တည့်ဖြစ်နေသောကြောင့် သူ(မ) အနည်းငယ်ရှောင်ပေးလိုက်သည်။ ထိုသူမှ လက်ကိုဝင်တိုက်သည်တွင် ပြေးလာသည့်အရှိန်၊ ယောကျ်ားအား၊ ကိုယ်တိုင်က လွတ်မည်အထင်၊ ဘာကိစ္စများလဲဟု စူးစမ်းမိခြင်းတို့ကြောင့် သတိလက်လွတ်ရှိစဉ် အာမေဋိတ်သံထွက်သွားသည်။

"အ"

အနည်းငယ်လေး ရှေ့ကိုလွန်သွားပြီဖြစ်သော လူငယ်သည် ဆတ်ခနဲလှည့်၍

"တောင်းပန်ပါ၏၊ အစ်မငယ်။"

သူ(မ) ပြုံး၍လက်ကာပြလိုက်သည့်အခါ ထိုသူသည် အလောတကြီးဆက်ပြေးသွားလေတော့သည်။

"လိုက်ဟေ့၊ လိုက်ဟ။"

နောက်မှလူတစ်သိုက် အသံများပေး၍ ပြေးလိုက်လာကြသည်။ လူများက အနည်းငယ်တိမ်းရှောင်ပေးသည်မှလွဲ၍ စိတ်ဝင်စားဟန်မရှိကြပါ။ ဤသည်ပင် သူ(မ)အဖို့ အထူးအဆန်းဖြစ်နေသည်မို့ အနီးမှ သွားရည်စာစားဖွယ်ရောင်းသူထံ စားဖွယ်အနည်းငယ်ဝယ်ရင်း စူးစမ်းမိသည်။

"ဦးရီး၊ အခုနက ဘာဖြစ်ကြသည်လဲ။"

"ဒါကမထူးဆန်းပါ။ ဒီလိုနေရာမှာ အလစ်ခိုးသူတို့က ပေါများလှသည်လေ။ သမီးငယ်က တခြားအရပ်သူ ထင်ရဲ့ကွယ်။ မိန်းမငယ်တစ်ဦးတည်း သွားလာမှု သတိရှိစေ၊ သမီးငယ်ရဲ့။"

"အခုလိုသတိပေးတာ ကျေးဇူးတင်ပါ၏ ဦးရီး။"

သူ(မ) ဆိုင်လေးမှထွက်လာခဲ့သည်။
ဪ ... ငယ်ငယ်ရွယ်ရွယ်၊ သန်သန်မာမာနှင့်ပင် ကောင်းရာကောင်းကြောင်း အသက်မမွေးချင်ကြပါလားကွယ်။
သူ(မ)တွေးမိကာ သက်ပြင်းဖွဖွချမိသည်။ တည်းခိုဆောင်တစ်ခုတွင် တည်းခိုလိုက်ပြီးနောက် နားနေ၊ စားသောက်ပြီးစီးလျှင် ခရီးပန်းလာသည်ကြောင့် စောစီးစွာအနားယူလိုက်သည်။

¤

မြို့လေးသည်ကား ညနက်ခါနီးသောအချိန်တွင် လူသွားလူလာပြတ်သွားခဲ့သည်။ မီးရောင်ထိန်လင်းသောလမ်းများတွင် အိမ်ကြီးအိမ်ကောင်းများနှင့်အပြည့်။ နေအိမ်ငယ်များရှိရာဘက်တွင်တော့ မှိန်ပြပြဆီမီးခွက်အလင်းသည်ပင် ဟိုတစ်ကွက် သည်တစ်ကွက်။ လရေးရေးလေးကြောင့် အလင်းရောင်ခပ်မှေးမှေးရှိနေသည်။ အရာအားလုံးသည် အိပ်မောကျလျက်။ ညဥ့်ငှက်တစ်ကောင်၏ ပျံသန်းအော်ဟစ်သံအောက်၌ လှုပ်ရှားမှုအချို့ရှိသည်က မြို့စားမင်းစံအိမ်သာ။ အိပ်ဖန်စောင့်များ ၎င်းတို့တာဝန်ကို၎င်းတို့ တိတ်ဆိတ်စွာထမ်းဆောင်နေကြသည်မှာ လုံခြုံဘေးကင်းစွာ အနားယူနိုင်သည့်အသွင်။ ၎င်းတို့ဘဝသည် အမှန်ပင် အေးချမ်းလုံခြုံပါ၏လော။
ညနှင့်လသည် ကိုယ်စီတာဝန်တို့ကို ထမ်းဆောင်ဆဲ။
.
သူသည်လည်း တာဝန်တစ်ခုရှိသည့်အလား အမှောင်ရိပ်ကိုခိုကာ လှုပ်ရှားနေသူတစ်ဦး။ ဦးတည်ရာသည် မြို့စားမင်းစံအိမ်။ အနက်ရောင်ဝတ်စုံ၊ မျက်နှာဖုံးနှင့် ဓားအနက်ရောင်တစ်လက်သည် လက်ထဲ၌၊ တစ်လက်သည် ကျောပေါ်၌။ ခါးတွင်က ဓားတိုတစ်လက်။ တဖျတ်ဖျတ်တောက်နေသော မျက်ဝန်းနက်တို့ကို အလင်းရောင်မှိန်မှိန်တွင် တစ်ချက်တစ်ချက်မြင်နေရသည်။ ကြောင်နက်တစ်ကောင်ကဲ့သို့ ပေါ့ပါးသွက်လက်စွာလှုပ်ရှားသွားနေသော သူ၏ကိုယ်တွင် အခြားသော မည်သည့်လက်နက်များ ရှိနေဦးမည်နည်း။ သူဦးတည်ရာတွင် သည်တစ်ညအတွင်း တိတ်တဆိတ်သွေးစွန်းသွားသော မြို့စားမင်းစံအိမ်။

¤

မနက်လင်းလျှင် သူ(မ) အားအင်အပြည့်နှင့်နိုးထလာပြီး ခဏအကြာတွင် နံနက်စာအတွက် တည်းခိုရာအခန်းဘက်မှနေ၍ စားသောက်ဆိုင်နေရာလေးဆီသို့ လာခဲ့လေသည်။ ဆိုင်တွင်းရှိလူများမှာ သူ့တို့လူစုနှင့်သူတို့ အကြောင်းခြင်းရာတစ်ခုခုကို စိတ်ဝင်တစားပြောဆိုနေကြဟန်ပင်။ သူ(မ) ခုံတစ်ခုံတွင်ဝင်ထိုင်ကာ အစားအသောက်မှာယူလိုက်သည်။ စားပွဲထိုးလူငယ် အစားအသောက်လာချပေးသည့်အခါ

"ဒီမနက် ဘာသတင်းထူးရှိပါလိမ့်။" ဟု မေးမိသည်။

"ရှိပါပြီကော။ မြို့စားမင်း ညကလုပ်ကြံခံရလို့ လွန်ပြီတဲ့လေ။"

"မြို့စားမင်း၊ ဟုတ်စ။ တရားခံမိသတဲ့လားကွယ်။"

"အိပ်ဖန်စောင့်တွေအထပ်ထပ်ကြားက ဘယ်ပုံဝင်ရောက်သည်မသိရပါဘဲ မြို့စားကြီးရဲ့ အနီးဆုံးအိပ်ဖန်စောင့်နေရာကို နောက်တစ်ဦး တာဝန်လဲရန်သွားခါမှသာ အိပ်ဖန်စောင့်အသက်ဆုံးနေ၍ မြို့စားကိုဝင်ကြည့်မှ သလွန်ပေါ်တင်အသက်မဲ့နေတာ သိရသည်တဲ့။ သဲလွန်စအနေနဲ့ နဂါးနက်အရုပ်ငယ်လေးတော့ မြို့စားကြီးရင်ဘတ်ပေါ် တွေ့ရသည်တဲ့။ လူကြီးတချို့ပြောသည်က ဟိုအရင်က နဂါးနက်ဂိုဏ်းရဲ့ အကြွင်းအကျန်ဆိုသည်လားပဲ။ အကျွန်လည်း အလုပ်ရှိသေး၏။ အလိုရှိကခေါ်ယူလိုက်ပါ ဧည့်သည်။"

"ကောင်းပါပြီ။"

သူ(မ)အတွေးထဲသို့ဝင်လာသည်က နဂါးနက်ဂိုဏ်း။ သူ(မ)သိသည့်သတင်းတစ်ခုမှာ 'သိင်္ဃရမြို့'မှ မြို့မျက်နှာဖုံးသူကြွယ်တစ်ဦး လုပ်ကြံခံရစဉ်၌လည်း နဂါးနက်တစ်ကောင် တွေ့ရသည်ဟူ၍။ ထိုစဉ်က နဂါးနက်ဂိုဏ်းကို သူ(မ)မတွေးမိ။ နဂါးနက်ဂိုဏ်းမှာ သူ(မ)တို့ငယ်စဉ်အခါက အလွန်နာမည်ကြီးသော နဂါးနက်စံအိမ်ကြီး၏ မိသားစုဝင်များနှင့်နောက်လိုက်များကို ခေါ်ဆိုခြင်းပင်။ နဂါးနက်စံအိမ်၏ ကြွယ်ဝမှုအား တိုင်းတာမရနိုင်ဟု ဆိုကြသည်။ အာဏာလွှမ်းမိုးမှုသည်လည်း မထင်မှတ်နိုင်အောင် ကျယ်ပြန့်လှသည်။
သို့သော် စံအိမ်အတွင်းထွင်းဖောက်ဝင်ရောက်မှုကြောင့် ရာဇဝတ်သင့်ကာ လွတ်မြောက်လာသူတိုင်းမှ စံအိမ်တွင် သာမန်သူကြွယ်အိမ်များထက်ထူးကဲသော ပိုင်ဆိုင်မှုများ မတွေ့ခဲ့ရဟု ပြောကြသည်။ ၎င်းတို့ကိုယ်တိုင်သည်လည်း ထူးကဲမှုရှိမည်အထင်နှင့် ထွင်းဖောက်ပြီးရှာဖွေရင်းမှ ဖမ်းဆီးခံရသူများဖြစ်ပေသည်။ ထိုစံအိမ်ကြီးသည် တစ်ညတွင် အမည်မသိသူတို့၏လုပ်ကြံမှုကြောင့် အိမ်သားအားလုံး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ လုံခြုံရေးအစေ့စပ်ဆုံးသော နဂါးနက်စံအိမ်ကို လုပ်ကြံသည်မှာ အတွင်းလူ၊ သို့မဟုတ် ရန်သူဟုထင်မှတ်မထားသူတို့သာ ဖြစ်နိုင်ချေရှိသည်ဟု သံသယပွားသော်လည်း စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိခဲ့ချေ။
ယခုကဲ့သို့ တစ်ဆယ့်သုံးနှစ်ခန့်ကြာမှ နဂါးနက်ကြမ္မာဆိုးမှ လွတ်မြောက်လာသူဟူ၍ ပေါ်လာသည်မှာ ထူးဆန်းချေပြီ။ ဟုတ်မှန်သည်ဆိုပါက မောရဝတီမြို့စား၊ သိင်္ဃရသူကြွယ်တို့နှင့် မည်သို့ပတ်သက်သနည်း။ ထိုသူတို့သည် ကောင်းမွန်သော ဂုဏ်သတင်းမွှေးသူတို့သာ။ အဘယ်ကြောင့် လုပ်ကြံခံရသနည်း။ သို့တည်းမဟုတ်၊ နဂါးနက်အမည်ခံဖြင့် မသမာသူတစ်ဦးမှ ရာဇဝတ်မှုတို့ကို ကျူးလွန်နေသည်လား။ အခန်းသို့ပြန်ရောက်သည်အထိ သူ(မ)တွေးနေမိသည်။ သူ(မ)သည် ဤမြို့သို့ ဖြတ်သန်းခရီးနှင်ရုံသက်သက်သာ။ သူ(မ) ခရီးဆက်ရပေဦးမည်။ ဤကိစ္စကို ဆက်လက်၍စူးစမ်းရန် မဖြစ်နိုင်တော့ချေ။

¤

ထိုနေ့လယ်ခင်းတွင်ပင် သူ(မ)အတွက်လိုအပ်သည်များကို ဝယ်ယူထုပ်ပိုး၍ ခရီးဆက်ခဲ့သည်။ မြို့ကိုလွန်၍ တောတန်းလေးသို့ဝင်သည်နှင့် လင်းယုန်ကြီးက သူ(မ)ကိုစောင့်ကြိုနေသည်။ အသံပြုကာ သူ(မ)ပခုံးထက်သို့ ဆင်းသက်နားခိုလာသည်။ သူ(မ)က လင်းယုန်ကြီးကို တယုတယပွတ်သပ်လိုက်ပြီး

"နှစ်ရက်မျှ လွတ်လပ်ခဲ့သည်လားကွယ်။"

လင်းယုန်ကြီးသည် နားလည်ဟန်ဖြင့် နှစ်လိုဟန်အသံပြု၍ သူ(မ)ဆီသို့တိုးဝှေ့လာသည်။ သူ(မ)သည် မြင်းကိုစီး၍ လင်းယုန်ကြီးကိုပခုံးထက်တင်ကာ စိမ်းလန်းသောတောတန်းလေးကို ဖြတ်သန်းလာသည်။ တစ်နေရာအရောက်တွင် လင်းယုန်ကြီးက တဟုန်ထိုးပျံသန်းသွားပြီး မြင်းကလည်းရုတ်တရက်ရပ်၍ ဟီသံပေးလာသည်။ သူ(မ) မြင်း၏ကျောကိုပွတ်သပ်၍ သတိဖြင့်ဆက်လက်စီးနင်းလာစဉ် လင်းယုန်ကြီးက အသံကျယ်ပြုကာ သူ(မ)ထံပြန်လာနေသည်။ သူ(မ)သည်လည်း အန္တရာယ်အငွေ့ကို နီးနီးကပ်ကပ်ရလိုက်သည်။ ထိုစဉ် ဘေးဘက်ကုန်းမြင့်လေးထက်မှ မြင်းခွာသံများကြားရပြီး လူတစ်စု ဆင်းလာကာ သူ(မ)ကို လမ်းပိတ်ရပ်လိုက်ကြသည်။ လင်းယုန်ကြီးက သူ(မ)၏ပခုံးထက်မှနေ၍ စူးရဲစွာကြည့်နေသည်။ လူစု၏ခေါင်းဆောင်ဖြစ်ဟန်တူသူက မနှစ်မြို့ဖွယ်ပြုံးလိုက်ကာ

"ဒီနေ့တော့ လူရော၊ ပစ္စည်းပါ ရပြီထင်ပါရဲ့။" ဟု သူ၏အပေါင်းအပါများကို လှည့်ပြောလိုက်ပြီး

"ကဲ! နှမငယ်၊ ကျွန်ုပ်တို့နှင့်လိုက်ခဲ့ဖို့ရန် ဖိတ်ခေါ်၏။" ဟု အဇဋာ့အား ရမ္မက်ခိုးဝေသော မျက်လုံးရိုင်းတို့နှင့်ကြည့်ကာ ပြောလာခဲ့သည်။

"အသင်တို့က မည်သည့်အကြောင်းကြောင့် အကျွန်ုပ်လမ်းကို ပိတ်သနည်း။"

"ကျုပ်တို့က ဒီတောတန်းရဲ့ပိုင်ရှင်တွေလို့သာ ဆိုရမည်ပေါ့။ ဧည့်သည်တွေရဲ့လုံခြုံရေးကို ဒီနယ်မြေကထွက်သည်အထိ တာဝန်ယူသည်။ သူတို့ဆီက ကျေးဇူးတုံ့ပြန်သည်ကို လက်ခံသည်ပေါ့။"

"အသင်တို့က ဓားပြတွေပဲ။"

"အိုး ... ဟိုး ... ဒီလိုတော့ ကြမ်းတမ်းစွာမဆိုပါနှင့် နှမငယ်။"

"ဒီလိုဆိုရင်ဖြင့် သင်တို့က သူဖုန်းစားတွေဖြစ်သည်လား။"

"သယ်! ဒီမိန်းမငယ်က ငါတို့ကို ရာရာစစ။ ဒီမှာ မိန်းမငယ်၊ ကျုပ်တို့က သင့်အား အေးဆေးစွာခေါ်ယူသည်ကိုမလိုက်ပါလျှင် ရသည့်နည်းနှင့်ခေါ်ယူမှ ကျုပ်တို့ကို အလွန်မပြောလေနှင့်။"

"ငမိုက်သား၊ အရိုင်းအစိုင်းတွေကများ ... အဇဋာ့ကိုရန်ပြုဝံ့သူ တက်ခဲ့ကြ။"

"ကဲ၊ အကြမ်းနည်းသုံးရသည်ပေါ့။ တက်ကြ။"

အဇဋာက ဓားကိုဆွဲထုတ်တိုက်ခိုက်သကဲ့သို့ လင်းယုန်ကြီးသည်လည်း တောင်ပံနှင့်ရိုက်ခတ်ကာ နှုတ်သီးဖြင့် မျက်လုံးများကို ထိုးဖောက်တိုက်ခိုက်လေတော့သည်။ ယောကျ်ားသားအများနှင့် မိန်းမပျိုတစ်ဦး၏တိုက်ပွဲတွင် ဓားပြများအထိအခိုက်များလာသကဲ့သို့ သူ(မ)သည်လည်း မောပန်းစပြုလာသည်။

ထိုစဉ် လေကိုထိုးခွင်းလာသံကြောင့် သတိထားမိတော့ မြားတစ်စင်းသည် သူ(မ)ထံတည့်တည့်လာနေလေသည်။ သူ(မ)ရှောင်လိုက်ကာ ကိုယ်ကိုပြန်ထိန်းလိုက်စဉ် ဓားပြတစ်ယောက်မှနေ၍ ဓားနှင့်ဝင်ပိုင်းသည်ကြောင့် ခုခံနေရပြန်သည်။ ထို့ကြောင့်ပင် နောက်မြားတစ်စင်းက သူ(မ)လက်မောင်းကို ရှပ်ထိသွားခဲ့သည်။ နောက်ထပ်တစ်စင်းမှာတော့ သူ(မ)ဆီသို့မရောက်မီ အခြားမြားတစ်စင်း၏ ဖြတ်၍ကာဆီးခြင်းကို ခံလိုက်ရသည်။ တိုက်ခိုက်နေရင်းမှ မြားများလာရာဆီသို့ သူ(မ)ဝေ့ဝဲအကြည့်တွင် လေးတစ်လက်ကိုင်ထားသောလူတစ်ယောက် ကိုယ်တွင် မြားတန်းလန်းနှင့် သစ်ပင်တစ်ပင်ပေါ်မှပြုတ်ကျလာသည်။ ထို့နောက်တွင်တော့ သူ(မ)၏ဓားချက်များ၊ လင်းယုန်ကြီး၏ထိုးဖောက်မှုများနှင့် အမည်မသိသူ၏ မြားချက်များကြောင့် ဒဏ်ရာနှင့်ကျန်ရစ်သူတို့ ထွက်ပြေးကုန်ပြီး အသက်မဲ့သူတို့သာ ကျန်ခဲ့ကြသည်။

ထိုအခါမှ ဘေးဘက်သစ်ပင်များဆီ သူ(မ)ကြည့်မိသည်။ သစ်တစ်ပင်ပေါ်မှ လေးတစ်လက်ကိုင်ကာ မြားဘူးလွယ်၍ မျောက်တစ်ကောင်ကဲ့သို့ ကျွမ်းကျင်စွာဆင်းသက်လာသူတစ်ဦး သူ(မ)ထံသို့ လျှောက်လာသောကြောင့် သူ(မ)လည်း မြင်းပေါ်မှဆင်းလိုက်သည်။

"ကျေးဇူးတင်ပါသည် မိတ်ဆွေ။"

သူ(မ)လှမ်းပြောလိုက်ပြီး ထိုသူအနီးရောက်လာမှ ခပ်ငယ်ငယ်လူရွယ်တစ်ယောက်ဖြစ်နေသည်။ ထိုသူက

"မလိုအပ်ပါ။ ယောကျ်ားရင့်မာကြီးတွေက မိန်းမပျိုတစ်ယောက်ကို ဓားတွေကိုင်ပြီးတိုက်ခိုက်နေတာ အမြင်မသင့်လို့ ဝင်ပြီးကူလိုက်ရုံပါ။ တကယ်တမ်းတိုက်ခိုက်တာက ဒီက ... အင်း ... အကျွန့်အစ်မအရွယ်လောက်မို့ အစ်မငယ်လို့ ခေါ်ပါရစေ။ အစ်မငယ်နဲ့ လင်းယုန်ကြီးက တကယ်တိုက်ခဲ့တာပါ။"

"အကျွန်တို့ပဲဆိုလျှင်ဖြင့် ကြာရှည်တိုက်လျှင် အထိနာလာမည်။ အသင်ကူညီ၍သာ သက်သာပေတော့သည်လေ။"

"ကျေးဇူးစကားကို လက်ခံပါပြီ။ အခုတော့ အစ်မငယ်ရဲ့ဒဏ်ရာတွေ သန့်ရှင်းဖို့လိုပြီလေ။"

"အင်း ... ဟုတ်ပါရဲ့။"

"အစ်မငယ် သံသယကင်းလျှင်ဖြင့် အကျွန့်နေရာကိုဖိတ်ခေါ်ပါ၏။ ဒီအနီးက ဂူတစ်ခုမှာ အကျွန်နေပါသည် အစ်မငယ်။"

အဇဋာ လူငယ်ကိုအကဲခတ်ကြည့်၍ အရိုးခံအတိုင်းပြောဟန်ရှိသည်ကြောင့် လက်ခံလိုက်သည်။

¤

သဘာဝကျောက်ဂူတစ်လုံး။ အဝင်တွင် နွယ်အချို့က ဂူအမိုးပေါ်သို့နွယ်တက်နေပြီး အတွင်းသို့ဝင်လာသည့်အခါ အေးစိမ့်နေသည်။ လူငယ်သည် နံရံမှမီးတိုင်များကို မီးခတ်ပြီးထွန်းညှိလိုက်၍ ဂူထဲတွင် လင်းထိန်သွားသည်။ အတွင်းဘက်၌ ဂူနံရံနှင့်ကပ်လျက်တွင် ကျောက်ဖျာတစ်ချပ်ကို အိပ်ရာသဖွယ်ပြင်ထားသည်။ ကျားသားရေကိုခင်း၍ ဝက်ဝံအရေဖြစ်နိုင်သော အမွှေးပွခြုံထည်တစ်ခုနှင့် နွယ်ကိုရက်ထားသော ခေါင်းအုံးတစ်လုံးရှိပြီး ဘေးကပ်လျက်နံရံတွင်လည်း တိရစ္ဆာန်အရေခွံကပ်ထားသည့် သူ့စက်ရာက နွေးထွေးမည့်ပုံ။ ဂူအလယ်တွင် မီးဖိုရာတစ်ခုရှိသည်။ ယခုအခါ နံရံပေါ်မှမီးတုတ်များကြောင့်ထင်သည်၊ ဝင်လာခါစကကဲ့သို့ အေးမနေတော့ပေ။ မီးဖိုဘေးမှ ကျောက်စားပွဲလေးဘေး ထိုင်ရန်နေရာသည်လည်း ထုံးစံအတိုင်း ကျားသားရေအခင်းနှင့်။ မတ်တပ်ရပ်ကာ ငေးကြည့်နေမိသောသူ(မ)ကို လူငယ်က

"အစ်မငယ်၊ ထိုင်ပါလေ။"

ကျောက်စားပွဲတွင် သူ(မ)ဝင်ထိုင်လိုက်သည်။ လူငယ်သည် သူ၏လက်နက်များကို အိပ်ရာဘေး သေတ္တာပေါ်သို့လည်းကောင်း၊ ဂူနံရံမှ သမင်ချိုတွင်လည်းကောင်း စနစ်တကျချိတ်ဆွဲထားသိုလိုက်ပြီး သေတ္တာပေါ်မှ ဝါးဆစ်ဘူးလေးကို ယူလိုက်သည်။ ပြီးလျှင်

"အစ်မငယ်၊ ဒီရေနဲ့ ဒဏ်ရာတွေဆေးလိုက်ပါ။ အကျွန် ဆေးရွက်အချို့ သွားခူးရဦးမည်။ အနီးအနားတင်မို့ မကြာပါဘူး။ အစ်မငယ်မြင်းကိုလည်း အစာပေါရာ ခေါ်သွားလိုက်မည် အစ်မငယ်။"

"ကောင်းပါပြီ။"

လူငယ်က စားပွဲပေါ်သို့ အဝတ်စတစ်ခုတင်လိုက်ပြီး

"ဒဏ်ရာတွေဆေးပြီး ဒါနဲ့သုတ်လိုက်ပါ"

ပြောပြီး သူထွက်သွားသည်။
ဝါးဆစ်ထဲမှရေကို အဇဋာ စူးစမ်းမိသည်။ အေးစိမ့်၍ သဘာဝရေအတိုင်းဟု ဆိုနိုင်သော်လည်း တစ်ခုခုပါဝင်မှာ စိုးရသည်။ အမှန်ဆို ဒုက္ခပေးချင်လျှင်ဖြင့် အခုနကတည်းက ကယ်စရာမလိုပါလေဟုသာတွေးပြီး ဒဏ်ရာများကို ဆေးကြောသုတ်သင်လိုက်သည်။ အတန်ကြာသန့်ရှင်းပြီးလျှင် သူ(မ) သူ၏သေတ္တာကို စိတ်ဝင်စားမိသွားသည်။ သေတ္တာဘေးဘက်ရှိ အရုပ်ပုံသဏ္ဍာန်သည် မပီမပြင်မို့ သူ(မ)လှမ်းကြည့်နေရင်းမှ သိချင်ဇောဖြင့် ထသွားပြီးကြည့်မိသည်။ ကိုင်ကြည့်ရင်း ပုံဖော်နေမိသည်။ တစ်စုံတစ်ခုပိုနေသည်လား။ လိုနေ၊ ပဲ့နေသောပုံမဟုတ်ပါ။ တစ်ခုခုဖြည့်ထား၍ မူလပုံပျောက်နေခြင်း ဖြစ်ဟန်တူသည်။ ပိုင်ရှင်မရှိချိန်တွင် မည်သည်ကိုမျှ ထိကိုင်ရန်မသင့်သည့်အတွက် သူ(မ)ပြန်ထိုင်နေလိုက်စဉ် သူပြန်ရောက်လာသည်။

"စောင့်ရတာကြာသွားပြီလား အစ်မငယ်။ မြင်းကြီးမှာဒဏ်ရာတွေ့သည်မို့ အကျွန်ဆေးထည့်ပေးနေ၍ ကြာသွားသည်။ မစိုးရိမ်ရပါဘူး အစ်မငယ်။ ပျောက်သွားမှာပါ။"

"ကျေးဇူးတွေ ထပ်နေပြီကော အမောင်။"

သူပြုံးလိုက်ပြီး ဝါးဆစ်တစ်ခုထဲတွင် အရွက်အချို့ကို အရည်ညှစ်၍တစ်မျိုး၊ အချို့ကို ပေါင်း၍ချေမွှကာတစ်ဖုံနှင့် ထည့်ထားလိုက်ကာ အဝတ်စတို့ကို လိုသလောက်ဖြဲယူနေသည်။ ပြီးလျှင် သူ(မ)ထံယူလာ၍

"ဒဏ်ရာငယ်လေးတွေ ဒီအရည်သုတ်ပေးပါ အစ်မငယ်။ မြားက အဆိပ်မပါတာ ကံကောင်းသည်ပေါ့။ မြားဒဏ်ရာကို ဒီအရွက်တွေအုံပြီး စည်းထားလိုက်ရင် တော်တော်လေးသက်သာသွားမည်။ နောက်ပိုင်းလည်း အရာမကျန်ဖို့ အရွက်အချို့ အကျွန်ရောထည့်ထားသည်လေ။ အစ်မငယ် လက်မောင်းမှာ အရာမကျန်ဖို့လေ။"

သူ(မ) သူ့ကို တအံ့တဩကြည့်နေမိသည်။ သူက

"ဘာဖြစ်သည်လဲ အစ်မငယ်။"

"အင်း ... စေ့စပ်သေချာပြီး ဆေးမြစ်ဆေးရွက် နားလည်တယ်ဟုလည်း သိလာရသည်ကိုး။"

"ဟား ... ဟား ... အစကတော့ဖြင့် ဂူထဲကအပြင်အဆင်ကြည့်ပြီး ဒီငမိုက်သားလေး တောကောင်တွေ အတော်သတ်ထားတာလို့ တွေးနေသည်၊ ဟုတ်စ။"

သည်တစ်ခါရယ်မိသည်က အဇဋာပါ။ သူ(မ) ရောက်ရောက်ချင်း ဂူကိုအကဲခတ်ပြီးနောက် ထိုသို့တွေးမိသည်မှာ အမှန်ပင်။

"နောက်ပြီးတော့ ငါ့ကို ဘာအရည်တွေနဲ့ ဒဏ်ရာဆေးခိုင်းပါလိမ့်။ မြင်းကိုလည်း ဘယ်ခေါ်သွားပါလိမ့်လို့ တွေးမိပါသေးရဲ့လား။"

"အို ..... အကုန်ကို သိနေသည်လား။"

သူက ပြုံးရင်းမှပင်

"အကျွန်ဆိုလည်း ဒီလိုပဲသံသယပွားမိမှာမို့ နားလည်ပါသည် အစ်မငယ်။ ယခုတော့ ယုံကြည်ပေးသည်မို့ အကျွန်ကပဲ ကျေးဇူးတင်ပါရဲ့။ ဆေးလိမ်းလိုက်ပါဦး။"

သူ(မ) ဘာမှမပြောနိုင်ဘဲ ဆေးလိမ်းလိုက်သည်။ သူ(မ)ကို တစ်ချက်အကဲခတ်ပြီး အကုန်လုံးတွက်ဆနိုင်သည့်သူက အန္တရာယ်ပေးမည်ဆိုပါလျှင် သူ(မ) ယခုလို ထိုင်နေနိုင်မည်မဟုတ်ပေ။ ဒဏ်ရာတွေကို ဆေးလိမ်းပြီးလျှင် သူ(မ)လက်မောင်းကို ဆေးရွက်အုံသည်။ သူက အနားရောက်လာကာ

"အကျွန့်ကို ကူခွင့်ပြုပါ။" ဆို၏။

သူ(မ) ခေါင်းညိတ်လိုက်သည်။ သူက ဆေးရွက်များအုံပြီး အဝတ်ကို သေချာစည်းနှောင်ပေးသည်။ အားလုံးပြီးလျှင်

"အစ်မငယ်ရဲ့ လည်ပင်းဘေးနားနဲ့ မျက်နှာက ရှရာလေးကို အကျွန်ဆေးထည့်ပေးရမည်လား။"

"ဟင်"

မျက်နှာတွင်စပ်ဖျဉ်းနေ၍ ဆေးရည်အနည်းငယ်သုတ်မိသော်လည်း လည်ပင်းကိုတော့ဖြင့် သတိမပြုမိပေ။ သူသည်ကတော့ဖြင့် ဘယ်တုန်းကသေချာကြည့်၍ သိသည်လဲ။

"အစ်မငယ်။"

"ဪ ... အေးပါကွယ်။"

ဆေးရည်သုတ်လိမ်းပေးပြီး အနည်းငယ်ခြောက်သွားစေရန် လေမှုတ်၍ ကြေမွနေသော အရွက်အနည်းငယ်ကို ကပ်လိုက်သည်။

"မျက်နှာမှာ အရွက်လေးနည်းနည်းကပ်နေတော့ ပိုလို့ကြည့်ကောင်းသွားပြီ အစ်မငယ်"

"ဘာကွဲ့!"

-..-..-..-..-..-..-..- Part (2) ဆက်ရန် -..-..-..-..-..-..-..-
© Demon ,
книга «အကၽြန္႔ကို ခြင့္လႊတ္ပါေလေတာ့».
အဂၢႏွင့္ ေရႊကၽြန္းသူ / အဂ္ဂနှင့် ရွှေကျွန်းသူ
Коментарі