Chapter 2
ထို အခန်းသည်လည်း ပြင်ပရှိ အပြင်အဆင်တွေကဲ့သို့ပင် နှင်းဆီအနီတို့ဖြင့်အခန်းကိုပြည့်နှက်နေစေသည်။ နံရံထက်တွင် နှင်းဆီပန်းပုံသဏ္ဍာန်ရေးဆွဲကာထားသောပန်းချီကားများကို ချိတ်ဆွဲကာထားသည်။
"ဒီအိမ်ပိုင်ရှင်က နှင်းဆီအနီကို တော်တော်ရူးရူးကိုကြိုက်တာနေမယ်။ အတော်လည်း လှတဲ့မိန်းမလှလေးပဲနေမှာ။"
မင်ဂျယ်က အသာရေရွတ်လိုက်သည်။ သူ၏ ခြေလှမ်းများက ရပ်တန့်မရစွာပင် ထိုအခန်းထဲသို့ တစ်လှမ်းခြင်း ဝင်လာခဲ့သည်။
"အေးလိုက်တာ။"
မင်ဂျယ်က ရေစိုနေသော သူ၏ကိုယ်ရှိအဝတ်များကိုကြည့်လိုက်မိသည်။ သိသာလွန်းလှသောအပူချိန်ကျဆင်းမှုက သူ့အား ချမ်းတုံလာစေသည်။အတော်ပင် ကြီးကြယ်လှသည့် ထိုအခန်းကြီးထဲတွင် အနက်ရောင် အတိပြီးသော သစ်သား နှင့်အတူ ခန်းဆီးဇာပဝါအဖြူရောင်ခြုံလွှမ်းထားကာ ပြုလုပ်ထားသော ကုတင်ကြီးတစ်လုံးက အထီးကျန်စွာရှိနေသည်။
ပို၍ ဆိုးသည်က ထိုကုတင်၏ ဆန့်ကျင်ဘက်နေရာတွင်ရှိနေသော အရာတစ်ခုပင်။ မင်ဂျယ်က ထို အရာဆီသိူ့ ဦးတည်လိုက်သည်။
နီရဲကာနေသော နှင်းဆီပန်းတို့က ထိုအနက်ရောင်အရာကြီးကို ပတ်ပတ်လည် အထပ်ထပ်ကာရံထားကြသည်။ဤသည်က ခေါင်းတလားတစ်ခုပင်။အခန်းတစ်ခုလုံးသည်ကလည်း နေ့စဉ်သန့်ရှင်းရေးလုပ်ထားသကဲ့သို့တောက်ပြောင်ကာလှပနေလွန်းသည်။မင်ဂျယ်က ထိုခေါင်းတလားကို ဖွင့်ရန် ကြိုးစားလိုက်သည်။
"အ့..."
လက်တစ်ဖက်ကို ထိုခေါင်းတလားဆီသို့ ဦးတည်လိုက်သော်လည်း ရှေ့တွင်ကာဆီး ကာနေသော နှင်းဆီပန်းများထဲမှ အပွင့်တစ်ပွင့်၏ ရိုးတံရှိဆူးက သူ၏ လက်ညိုးကို စိုက်မိလေသည်။ မင်ဂျယ်က ချက်ချင်းပင် လက်ကိုပြန်ရုတ်လိုက်ပြီး ပေါက်ကာ သွေးထွက်သွားသော သူ၏ လက်ညိုးအား ပါးစပ်ထဲထည့်ကာစုပ်လိုက်သည်။
*ဝုန်း.....*
ကျယ်လှောင်လွန်းလှသော မိုးချိန်းသံတစ်ခုက ကောင်းကင်ယံတွင် လျှပ်စီးတစ်ခုနှင့် အတူ ထွက်ပေါ်လာသည်။
"အမလေး။"
အတော်ပင်ကျယ်လှောင်သောကြောင့် မင်ဂျယ်က သူ၏ နားနှစ်ဖက်ကိုပင်အုပ်ကာဆောင့်ကြောင့်ထိုင်ချပစ်လိုက်မိသည်။
တစ်အောင့်နေတော့ မင်ဂျယ်က သူ၏ မျက်ဝန်းများကို တစ်ဖက်ချင်း ဖွင့်လာသည်။ အခန်းတွင်းပတ်ဝန်းကျင်သည်က သိပ်တော့ပြောင်းလဲနေခြင်းမရှိချေ။ သူ မတ်တပ်ကောက်ရပ်လိုက်လေတော့ သူနှင့်မလှမ်းမကမ်းတွင် ခေါင်းတလားကြီး၏ အနက်ရောင်အဖုံးကြီးက ပက်လက်ကြီး လန်ကာကျနေလေ၏။
ရှေ့ကိုကြည့်လေတော့ သူထင်သည်အတိုင်းပင် ခေါင်းတလားကြီးက ဟောင်းလောင်းကြီးဖြစ်နေလေ၏။ နှင်းဆီပန်းများခံထားသေးသောကြောင့် သူထိုခေါင်းတလားနားသို့မရောက်သေးပေ။ အထဲတွင် ရှိသည့်အရာကိုလည်း သိချင်မိသည်။ အခန်းတွင်းရှိ အေးစိမ့်မှုကလည်းပို၍ တိုးတိုးလာပြီး အသက်ရှူလိုက်တိုင်းပင် နှခေါင်းနှင့် ပါးစပ်ဟစိစိနေရာမှ အငွေ့တို့ပင်ထွက်ပေါ်လာနေသေးသည်။
မင်ဂျယ်က ရှေ့သို့နည်းနည်းကုန်းကာ ခေါင်းတလား၏ဘောင်ကို လက်နှစ်ဖက်ဖြင့် အားပြုကာထောက်လိုက်ပြီး အထဲသို့ကြည့်လိုက်သည်။
"လူ..."
ကောင်လေးတစ်ယောက်၊ သူ၏လက်နှစ်ဖက်ကို သူ၏ ဝမ်းဗိုက်ပေါ်တွင် တစ်ဖက်ပေါ်တစ်ဖက်ယှက်ကာတင်ထားသည်။ ပြုံးယောင်သန်းနေသော မျက်နှာတစ်ခု တွင်တော့ သွေးမရှိသကဲ့သို့ပင် ဖွေးစွတ်နေလေ၏။ မင်ဂျယ်က ထိုကောင်လေးကို သေချာစွာစိုက်ကြည့်နေမိသည်။
"သူ့ကိုဘယ်သူကဒီထဲမှာပိတ်ထားတာလဲ။ သေနေတာလား။ အသက်ရှင်နေတာလား။"
မင်ဂျယ်က သူ၏လက်တစ်ဖက်ကိုထိုခေါင်းတလားထဲရှိ လူအားထိတွေ့ရန် ကြိုးစားလိုက်သည်။ ထိုသူ၏မျက်နှာနားရောက်လေတော့ လက်တွင် ဆူးစူးထားသောကြောင့် သွေးထွက်နေသည့် အတွက် ထိုသွေးစလေးကထိုကောင်လေး၏ပါးပြင်ထက်သို့ ကျလေသည်။
မင်ဂျယ်က ထိုအရာကိုဂရုမထားပဲ ရှေ့ဆက်တိုးလိုက်သည်။ ထိုအရာ၏ မျက်နှာကိုထိလုနီးဆဲဆဲတွင်ပင် ရုတ်တရက်သူ၏လက်ကတစ်စုံတစ်ခု၏ဖမ်းဆုပ်ခြင်းကိုခံလိုက်ရသည်။ မင်ဂျယ်က ဆုပ်ကိုင်ခြင်းခံလိုက်ရသော သူ၏ လက်ကိုကြည့်လိုက်သည်။ အေးစက်လွန်းနေတဲ့လက်တစ်ဖက်ကသူ့ကို ဆုပ်ကိုင်ထားခြင်းပင်။
မင်ဂျယ်၏ တစ်ကိုယ်လုံးသည်က ကြောက်လန့်မှုကြောင့်တုန်တတ်နေတော့သည်။ ထိုအေးစက်နေသောလက်ကြီးအား ကျန်လက်တစ်ဖက်ဖြင့် အတတ်နိုင်ဆုံး တွန်းကာ ရုန်းထွက်ရန်ကြိုးစားနေသည်။
"အား...."
မင်ဂျယ်က မျက်စိကိုစုံမှိတ်ကာ ထိုလူသေကောင်လား ဖုတ်ဝင်သွားသောအလောင်းကြီးလား သေချာမသိနိုင်သော ထိုအရာကြီးဆီမှပြေးရန်ကြိုးစားနေသည်။ မင်ဂျယ်၏ဖမ်းဆုပ်ခံထားရသောလက်ကောက်ဝတ်နေရာက နီရဲကာလာလေသော်လည်း သူထိုနေရာမှ နည်းနည်းမျှရွေ့မရသေးချေ။
"အား...."
ဤတစ်ခါတွင် အော်သည်က မင်ဂျယ်မဟုတ်ပေ။ မင်ဂျယ်က မျက်စိကိုစုံမှိတ်ကာထားရင်းမှ ထိုအသံကြောင့်ပင် မျက်စိကိုဖွင့်လိုက်သည်။ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ထို အရာကိုကြည့်လိုက်သည်။ ခေါင်းတလားထဲတွင်လှဲကာနေသော ထိုကောင်လေး၏ မျက်ဝန်းအစုံက ပွင့်ကာ သူ့အားစူးဆိုက်ကြည့်နေသည်။ မျက်ဝန်းနှစ်ဖက်စလုံးသည် နီရဲကာတောက်ပနေလေ၏။ မင်ဂျယ်က ထိုအဖြစ်ကြောင့် ထပ်မံကာရုန်းကန်ရင်း အော်လိုက်ပြန်သည်။
"အား........".
"အား......."
ထိုကောင်လေးက မင်ဂျယ်အော်သည့်အသံအနေအထားနှင့်ပင် တစ်ပုံစံတည်းနောက်မှလိုက်အော်လေ၏။ မင်ဂျယ်က ကြက်သေသေသွားရပြန်သည်။ ထိုကောင်လေးကခေါင်းတလားထဲမှနေရင်းပင် ငုတ်တုတ်ထိုင်လိုက်သည်။ မင်ဂျယ်၏ လက်တစ်ဖက်ကိုမူ ယခုအချိန်ထိမလွှတ်ပေးသေးချေ။
မင်ဂျယ်က ထိုကောင်လေးလှုပ်ရှားနေသည်ကို မျက်လုံးအဝိုင်းသားနှင့် ကြည့်ရင်းပင် အော်လိုက်ပြန်သည်။
"အ...."
"အ...."
ထို ရဲတောက်နေသောမျက်ဝန်းတစ်စုံက သူ့ကိုကြည့်ကာ သူ့ပုံစံအတိုင်းလိုက်အော်ပြန်သည်။
"အာ......"
"အာ......"
ထို့နောက် မင်ဂျယ်အား ထိုကောင်လေးက သွားတွေပေါ်သည်အထိရီကာပြသည်။ ထိုတစ်ခဏတွင်တော့ နီရဲနေသော မျက်ဝန်းတစ်စုံက ပိတ်ကာသွားသည်။ မင်ဂျယ်က ကြည့်နေရင်းပင် သူ့လက်ကိုအတင်းခါချလေသည်။
"အား......ငါ့ကိုလွှတ်...ငါ့ကိုလွှတ်။"
"အား.......ငါ့ကိုလွှတ်... ငါ့ကိုလွှတ် ။"
(ငါပြောတိုင်းလိုက်ပြောနေတာလား။ ဒီကောင် ရူးနေတာနေမှာ။)
တခဏနေတော့ ထိုကောင်လေးက မင်ဂျယ်၏လက်ကိုကိုင်ထားရင်းပင် ခေါင်းတလားအပြင်ဘက်သို့ ထွက်လာလိုက်သည်။ သူက ပတ်ပတ်လည် လက်တစ်လံနီးပါး ရှိသော နှင်းဆီပန်းပွင့်များ၏ အပေါ်ယံကပင် ခြေထောက်နှင့် ပန်းပွင့်များကို ထိရုံထိလျက် ထွက်လာသည်။လေပေါ်တွင် ပျံသလိုဖြစ်နေသော ထိုကောင်လေးအား မင်ဂျယ် အံ့သြစွာမော့ကြည့်သည်။
"ဟဲ...ဟဲ..."
မြေပြင်ပေါ်သို့ ဗလာကျင်းနေသော ခြေထောက်တစ်စုံကို သက်ဆင်းစေလိုက်သည်။ ယခုအချိန်ထိ မင်ဂျယ်၏လက်ကိုအလွတ်မပေးသေးပဲ တင်းကျပ်စွာကိုင်ထားဆဲပင်။ ခြေနှစ်ချောင်းမြေပြင်နှင့်ထိသည်နှင့် ထိုကောင်လေးက မင်ဂျယ်အား ရီပြပြန်၏။ သည်တစ်ခါတွင်တော့ မင်ဂျယ်က ဘာအသံမှမထွက်တော့ပဲ သူ၏ ပါးစပ်အားကျန်လက်တစ်ဖက်ဖြင့် ပိတ်ထားလိုက်သည်။
ထိုကောင်လေးက သူ၏ ခြေထောက်နှစ်ချောင်းထိပ်ရှိ ခြေမ နှစ်ဖက်ကို အပေါ်သို့အနည်းငယ်မလိုက်ပြန်ချလိုက်နှင့်ဖြင့်ဆော့နေပုံရသည်။ မင်ဂျယ်က သူ့အားဆုပ်ကိုင်ထားသော ထိုကောင်လေး၏လက်ကို ထပ်ဖြုတ်ချရန်ကြိုးစားပြန်သည်။
"လွှတ်လို့.......။"
ဤတစ်ခါတွင်တော့ မင်ဂျယ်၏ လက်သည် ထိုကောင်လေး၏ ဆုပ်ကိုင်ထားခြင်းမှ လွတ်မြောက်သွားသည်။ မင်ဂျယ်က နီရဲတွတ်ကာသွားသော သူ၏လက်ကောက်ဝတ်ကိုကျန်လက်တစ်ဖက်ဖြင့် ပွတ်လိုက်သည်။
အေးစက်နေသော အခန်းတွင်းအပူချိန်နှင့်အတူ မင်ဂျယ်၏ စိုစွတ်နေသော အဝတ်တို့က သူ့ကိုပို၍ ချမ်းတုန်လာစေသည်။သူရှေ့တွင်ရပ်နေသော ထိုကောင်လေးက အရင်ခေတ်အနောက်တိုင်းနိုင်ငံခြားသားများဝတ်ဆင်သည့်ပုံစံမျိုးကို ဝတ်ဆင်ကာထားသည်။ ကြည့်ရသည်မှာ ကိုရီးယား လူမျိုးမဟုတ်ဘူးဟု ထင်ရသလိုပင်။ ထိုသို့ဆိုရအောင်သည်လည်း ထိုကောင်လေး၏ မျက်နှာပုံစံသည် လုံးဝပင်ကိုရီးယားလူမျိုး ရုပ်ရည်မျိုးပင်။ထိုကောင်လေး၏ မျက်နှာထက်တွင် ကျထားသော မင်ဂျယ်၏သွေးစက်ကလေးက အရာပင်မပြတ်သေးပဲရှိနေသေးသည်။
မင်ဂျယ်က ချက်ချင်းပင် အပြင်ဘက်သို့ဦးတည်ပြေးလေသည်။ ထိုကောင်လေးက ထူးဆန်းသည့်သတ္တဝါတစ်မျိုးဖြစ်သည်ကို သူသိသည်။ ထိုအခန်းထဲတွင်တော့ ထိုကောင်လေးက မင်ဂျယ် အပြင်သို့ထွက်ပြေးသည်အထိမတ်တပ်ရပ်လျက်ပင် မင်ဂျယ်ကိုသာကြည့်နေသည်။
မင်ဂျယ်က ခြေကုန်သုတ်ကာပြေးလာရင်းပင် အိမ်ကြီး၏အပြင်ကိုရောက်တော့မှ သူက အမောဖြေသည့်အနေနှင့် ခဏရပ်ကာ အသက်ဝဝရှုလိုက်သည်။
"ဘာကောင်ကြီးလဲ။ ငါ့ကိုစားရင်ဒုက္ခ။ ဘာပဲဖြစ်ဖြစ် ဒီနေရာကနေအမြန်ပြေးမှဖြစ်မယ်။"
အပြင်တွင် ရာသီဥတုကပုံမှန်ပြန်ဖြစ်နေလေပြီ။ မိုးတိတ်ကာ အနည်းငယ်စိုစွတ်မှုသာရှိနေတော့သည်။မင်ဂျယ်က နောက်သို့တစ်ချက်ခန့်လှည့်ကြီးပြီးနောက်တွင် အမြန်ပင်သူ၏ခြေလှမ်းများကို အရှိန်တင်လိုက်သည်။
ထိုကောင်လေးက မင်ဂျယ်ထွက်သွားပြီးသည်အထိ ထိုနေရာတွင်ရပ်ကာနေသည်။ တခဏကြာတော့ သူ၏ခေါင်းကို ဘေးသို့စောင်းကာကြည့်လိုက်သည်။ သူလဲလျောင်းနေခဲ့သည့်ခေါင်းတလားဘေးတွင် စီထားသော နှင်းဆီအနီများကြောင့် သူ၏မျက်ဝန်းနီနီများက ပိုကာဝင်းလက်လာသည်။ချက်ချင်းပင် ထိုဘက်သိူ့လှည်လိုက်ပြီး ထိုနှင်းဆီပန်းအပုံထဲမှ တစ်ပွင့်ကိုဆွဲယူလိုက်သည်။ ထိုနှင်းဆီပန်း၏ ကိုင်းရိုးအား လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားရင်းပင် ပြတင်းပေါက်နားဘက်သို့ လျောက်လာသည်။ ထိုအချိန်တွင် အိမ်ကြီးနှင့်ဝေးရာသို့ ပြေးနေသော မင်ဂျယ်အား သူမြင်တွေ့ရသည်။ မင်ဂျယ်ကိုလှမ်းကြည့်နေရင်းပင် လက်ထဲတွင်ကိုင်ကာထားသော ထိုနှင်းဆီပွင့်အား နမ်းရှိုက်ရင်းပြုံးလိုက်သည်။
...............................................
မင်ဂျယ် တောင်ပေါ်သို့ဆက်တတ်ရန်ကား မည်သို့မျှမဖြစ်နိုင်တော့သောကြောင့် တဖက်သို့ပြန်လှည့်ခဲ့ရသည်။ အဓိကသည်က ထိုနေရာကြီးနှင့်ဝေးရာသို့သွားရန်က အဓိကပင်။
ညနေစောင်းလောက်ရောက်လေတော့ ပထမလူစုသောနေရာသို့ပင် သူပြန်ရောက်လာခဲ့သည်။ ထိုအချိန်တွင် အားလုံးကအနိုင်ရသူအတွက် လက်ခုပ်သြဘာပေးနေကြပြီဖြစ်သည်။ ရာသီဥတုသည်လည်း သူမဟူတ်ခဲ့သလိုပင် ပုံမှန်အတိုင်းနေပြန်သာနေလေသည်။ အခြားသော တောင်တတ်သမားများတစ်ချို့ကလည်း စီစဉ်ပေးထားသော နေရာတစ်ခုတွင် ထိုင်ကာနားနေကြသည်။ မင်ဂျယ်က ထိုနေရာများထဲမှတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
"ရှုံးတယ်။"
"မိုးရွာသွားတာက အတော်ဆိုးတာပဲ။ စိတ်ပျက်ဖို့ကောင်းလိုက်တဲ့ရာသီဥတု။ အခုကျသူမဟုတ်တဲ့အတိုင်းပဲ။"
အနိုင်မရသည့်သူများက တယောက်တပေါက်မကျေနပ်ချက်များကိုပြောဆိုနေကြသည်။ မင်ဂျယ်ကစားပွဲပေါ်ရှိ ရေဘူးတစ်ဘူးကိုလှမ်းယူလိုက်ပြီး တစ်ငုံသောက်ကာ ထိုသူတွေအနားသို့ကပ်လိုက်သည်။ ဘေးရှိထိုင်ခုံအလွတ်တွင်ထိုင်လိုက်ပြီး
"ဟိုဟာလေ ။ အကိုတို့ တစ်ခုခုထူးဆန်းတာတွေဘာတွေတွေ့ခဲ့ကြသေးလား။ ပြောရရင် ရှေးဟောင်းအိမ်ကြီးလိုမျိုး။"
"အိမ်ကြီး ဟုတ်လား။ ငါတို့အိမ်တစ်လုံးသာတွေ့ရင် မိုးခိုးဖို့အေးဆေးပဲပေါ့။ လမ်းမှာ လူလုပ်တဲ့ နားဖို့နေရာတစ်ခုတောင်မတွေ့ခဲ့ဘူး။ ဘာလဲ။ မင်းကတွေ့ခဲ့လို့လား။"
မင်ဂျယ်က ပြုံးပြလိုက်သည်။
"အာ...မဟုတ်ပါဘူး ။ ကျွန်တော်က လမ်းပျောက်နေတာ။ အဲ့တာကြောင့် မေးကြည့်တာ။"
မင်ဂျယ်က ရေကိုသာဆက်သောက်နေလိုက်သည်။ဤထူးဆန်းသည့်ကိစ္စကို သူများအားပြောလျင်လည်း သူ့အားအရူးဟု စွပ်စွဲခံရသည်သာ ပိုပေလိမ့်မည်။
........................................
"အား...ငါသေတော့မှာပဲ။ နောက်ဆုံးတော့ ကိုယ်လက်တွေကိုက်တာပဲအဖတ်တင်တယ်။ ဘာမှလည်းမရ။"
မင်ဂျယ်က သူ၏ အိပ်ယာပေါ်သိူ့ကိုယ်ခန္တာအားခြေပစ်လက်ပစ် ပစ်တင်လိုက်ရင်းအော်လိုက်သည်။
"စောစောအိပ်တာပဲကောင်းတယ်။ မနက်လည်း အလုပ်သွားဖို့ထရအုန်းမှာ။ မထနိုင်ရင်တော့ နားရမှာပဲ။"
မင်ဂျယ်က ဘေးရှိ ညမီးအိမ်ခလုပ် ကိုဖွင့်လိုက်သည်။ စောင်ကိုရင်ဘတ်နားအထိ ခြုံလိုက်ပြီးနောက် သူ၏မျက်ဝန်းအစုံကိုပိတ်လိုက်သည်။
ရူတ်တရက်ပေါ်ကာလာသော နေ့လည်ကတွေ့ခဲ့သည့်ထူးဆန်းသည့် ကောင်လေး၏ ပုံစံအား သူမြင်ယောင်လာသည်။
"ဖုတ်ကောင်ထင်တယ်။ ကြည့်ရတာ။ ရဲတွေကိုငါ အသိပေးသင့်လား။ ဒါပေမယ့် သူ့ပုံစံကလည်း အဲ့လိုမဟုတ်ဘူး။ ဒီအတိုင်း သွေးမရှိအောင်အသားဖြူတဲ့ပုံစံလေးပဲ။
အား....မသိတော့ဘူး။ ငါအဲ့နေရာကိုထပ်သွားမှာမှမဟုတ်တာ။ မတွေးနဲ့တော့"
မင်ဂျယ်က သူ့၏ ပါးကို လက်ဖြင့် ခပ်ဖွဖွနှစ်ချက်ခန့်ရိုက်ကာ ငြိမ်စေသည်။ တစ်ခဏကြာတော့ လူးလှိမ့်နေရင်းပင်အိပ်ပျော်ကာသွားတော့သည်။
.........................
*တီ ...တီ...တီ*
မနက်တိုင်း ၇နာရီတွင် အော်လေ့ရှိသည့်နှိုးဆက်သံက ကျယ်လောင်စွာမြည်သည်။ မင်ဂျယ်က မျက်စိကို မှိတ်ထားဆဲပင် ထို နှိုးစက်ကိုပိတ်လိုက်သည်။
ခြုံစောင်ကို ဖယ်ဖို့လုပ်တော့ တစ်စုံတစ်ခုက ထိုစောင်အား အပေါ်မှဖိထားသည့်ပုံစံမျိုးသူခံစားရသည်။ ထပ်မံကာဆွဲပြန်သော်လည်း ထိုစောင်က ကြွမလာပေ။ မင်ဂျယ် သူ၏မျက်လုံးများအား မဖွင့်ချင် ၊ ဖွင့်ချင်နှင့်ပင် ဖွင့်ကာ ထိုအရာကို ကြည့်လိုက်သည်။
"အား......မင်း...မင်း.. သရဲ...အာ့..."
တွေ့လိုက်ရသောအရာကြောင့် ကြောက်လန့်ကာအော်ဟစ်ရင်း နောက်သို့ဆုတ်ရင်းပင် ကုတင်အောက်သို့ပြုတ်ကျလေတော့သည်။စောင်၏တစ်ဝက်နီးပါး အပေါ်တွင် နေရာယူကာထားသည်က သူမနေ့ကတွေ့ခဲ့သည့် သရဲပင်။
"အ...ဆင်..ပြေ..ရဲ့လား။"
ထိုကောင်လေးက သူပြုတ်ကျသွားသည့်ဘက်ရှိ ကုတင်အစွန်းနားသို့ တိုးကာလာလိုက်ပြီး မင်ဂျယ်ကို မျက်လုံးအဝိုင်းသားလေးနှင့် ကြည့်ကာမေးလိုက်သည်။ မင်ဂျယ်ကမူ ထိုကောင်လေးအား မျက်လုံးအပြူးသားကြည့်နေမိတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~

Коментарі