InTro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 3
"မင်း...မင်း...မင်း...မင်းဘယ်လိုလုပ်ပြီး ဒီကိုရောက်နေရတာလဲ။"

မင်ဂျယ်က ကုတင်အောက်မှနေ၍ထိုကောင်လေးကို လက်ညိုးထိုးကာမေးလိုက်သည်။
ထိုကောင်လေးက သူ့ကိုသူပြန်ညွှန်ပြလျက်

"ငါ...ငါလား။"

မင်ဂျယ်က ခေါင်းညိမ့်ပြလိုက်သည်။ သူ၏မျက်နှာက ထိုကောင်လေးကိုကြည့်ရင်း ငိုမဲ့မဲ့ဖြစ်နေလေ၏။ထိုကောင်လေးက ရီလိုက်ရင်း

"ငါ မင်းရဲ့ သွေးနံ့ကိုအနံ့ခံရင်းရောက်လာတာလေ။ ဒီမှာတွေ့လား။ မင်းသွေးတွေ။"

ထိုကောင်လေးက သူ၏ပါးထက်ရှိ ခြောက်ကပ်လုနီးပါးဖြစ်နေသော မင်ဂျယ်၏သွေးစက်ကလေးတစ်စက်အား လက်ညိုးထိုးပြလိုက်သည်။

(သူဘာလို့ တစ်ချိန်လုံးရီနေတာလဲ။ ကျပ်မပြည့်တာလား။ဘယ်လို ကောင်လဲဟ။)

"ဒါက မင်းအိပ်တဲ့နေရာပေါ့။ "

ထိုကောင်လေးက ကုတင်ပေါ်မှ ဆင်းကာ မတ်တပ်ရပ်လိုက်ပြီး မင်ဂျယ်၏ တစ်အိမ်လုံးခြုံကြည့်မှ မျက်စိတစ်မှိတ်စာပင်ရှိသော အိမ်လေးအား လှည့်ပတ်ကြည့်လိုက်သည်။မင်ဂျယ်ကလည်း ပြုတ်ကျသည့်အတိုင်းထိုင်နေရင်းမှ မတ်တပ်ကောက်ရပ်လိုက်ပြီး ချက်ချင်း ဆိုသလိုပင်
ထိုကောင်လေး၏ လက်ရှည်အင်္ကျီ အစွန်းစမှ ဆွဲကာ အတင်းခေါ်လေတော့သည်။

"ဘာလဲ။ ဘာလို့လဲ။ "

"ထွက် ။ ဒါငါ့အိမ်။ မင်းကိုလက်မခံဘူး။ နောက်ထပ်လည်းဘယ်တော့မှ မလာနဲ့။ ငါမင်းကိုမသိဘူး။"

မင်ဂျယ်က ခပ်ပြတ်ပြတ်ပြောကာ ထိုကောင်လေးအား အိမ်အပြင်သို့နှင်ထုတ်လိုက်ပြီး ချက်ချင်းတံခါးပြန်ပိတ်ချလိုက်သည်။ထိုကောင်လေးက အပြင်ဘက်မှနေ၍ မင်ဂျယ်၏တံခါးအား လက်နှစ်ဖက်ဖြင့် ထုရိုက်ကာနေလေ၏။

"ဖွင့်...ဖွင့်လို့။ "

မင်ဂျယ်က ထိုအသံအားလျစ်လျူရှုကာ နားနှစ်ဖက်လုံးအား လက်နှစ်ဖက်ဖြင့် တစ်ဖက်တစ်ချပ်စီအုပ်လျက် ရေချိုးခန်းထဲသို့ ဝင်ကာသွားတော့သည်။

"သူ့ဘာသာတစ်ခြားနေရာကို ထွက်သွားလိမ့်မယ်။"

...................

"မင်း......"

"အာ...နောက်ဆုံးတော့ ထွက်လာပြီပေါ့။"

မင်ဂျယ်က အိမ်အပြင်ဘက်သို့ ထွက်လာလေသည်။တော်တော်ကြာသည်အထိ တမင်အလုပ်ပင်မသွားပဲ အိမ်တွင်းပုန်းကာ ထိုကောင်လေးထွက်သွားမည့်အချိန်ကို စောင့်နေခြင်း။ ယခုမူ သူထွက်လာလေတော့ ထိုကောင်လေးက သူ့တံခါးဘေးနားတွင် ​ေဆာင့်ကြောင့်လေးထိုင်ကာနေလေသည်။

ထိုကောင်လေးက မင်ဂျယ်ကို မြင်မြင်ချင်း ရီကာမတ်တပ်ကောက်ရပ်လိုက်သည်။

"မင်းဘာလို့ထွက်မသွားသေးတာလဲ။ ငါမင်းကိုခေါ်မကျွေးနိုင်ဘူး။ ငါ့ဘာသာတောင်အနိုင်နိုင်။ ကိုယ့်အိမ်ကိုပြန်။"

"........"

ထိုကောင်လေးက ဘာမှမပြောပဲ မင်ဂျယ်ကိုသာ နားမလည်သည့်ပုံစံဖြင့် ကြည့်နေလေသည်။ မင်ဂျယ်ကထိုကောင်လေးကို ခြေဆုံးခေါင်းဆုံးသေချာကြည့်ရင်း

(သူ့ဝတ်ပုံစားပုံက သူဌေးသားစတိုင်ပါပဲ။ ဘယ်လိုဖြစ်ပြီး အဲ့အခေါင်းထဲဝင်လှဲတိုင်းဆော့နေတာလဲမသိဘူး။ တော်တော်ကြောင်တောင်တောင်နိုင်လိုက်တာ။)

မင်ဂျယ်က တွေးရင်ပင် တစ်ခုခုကိုသတိရသွားသည့်နှယ် လက်ဖျောက်တစ်ချက်တီးလိုက်သည်။

"အာ..သိပြီ။ မင်းလည်းတောထဲမှာလမ်းပျောက်ခဲ့တာမလား။ အဲ့တာကြောင့်ငါ့လိုပဲ မိုးဝင်ခိုပြီး အဲ့ထဲရောက်နေတာ။ ဟုတ်တယ်မလား။"

မင်ဂျယ်က သူ့ကိုလက်ညိုးထိုးကာမေးလိုက်သည်။ထိုကောင်လေးက မင်ဂျယ်ကိုကြည့်နေရင်းမှ မင်ဂျယ်၏ လက်ညိုးကိုကြည့်ကာ ပြုံးရင်း

"ဟုတ်တယ်။ ဟုတ်တယ်။ "

ထိုကောင်လေးက မင်ဂျယ်ပြောသည်ကို အသေအကြေထောက်ခံသည့်သဘောဖြင့် ခေါင်းကိုအဆက်မပြတ်ညိမ့်ပြသည်။

"Ok ငါထင်သားပဲ။ လာ အဲ့တာဆို ရဲစခန်းကိုလိုက်ပို့မယ်။ မင်းကို မင်းမိဘတွေလူပျောက်တိုင်ထားလောက်ပြီပေါ့။"

မင်ဂျယ်က ထိုကောင်လေးအားနောက်မှလိုက်စေလိုက်သည်။သူကရှေ့ကပင် တစ်ခုခုကို ဖြေရှင်းနိုင်သွားသည့်ပုံစံဖြင့်​ လျှောက်နေလေ၏။

...................

"အာ...မရှိဘူးလား။ ဒီနားတစ်ဝိုက်လေ။"

"အခုတလော တော့ ဒီအရွယ်လူပျောက်အမှုမရှိဘူးဗျ။ အဲ့ကလေးလေးတောင် ခဏနေရင်သူ့မိဘတွေလာခေါ်တော့မှာ။ ပြီးတော့ ခင်ဗျားရဲ့အဲ့တစ်ယောက်က ကလေးအရွယ်မှမဟုတ်တာ။ အထက်တန်းကျောင်းသားအရွယ်တောင်ကျော်နေပြီထင်တယ်။"

ရဲစခန်းရှိ တာဝန်ကျအရာရှိတစ်ယောက်က မင်ဂျယ်ကိုပြောလေသည်။ မင်ဂျယ်က သူတို့နှင့်မလှမ်းမကမ်းတွင် ထိုင်နေသော ထိုကောင်လေးအား လှမ်းကြည့်လိုက်သည်။ ထိုကောင်လေးဘေးတွင် ကစားစရာလေယာဉ်ပျံအရုပ်ကလေးအား ကိုင်ကာ တဝူး...ဝူး...လူပ်နေသော ၅နှစ်အရွယ်ကလေးလေးတစ်ယောက်ပါထိုင်နေလေ၏။ ထိုကောင်လေးက ကလေးလေးဆော့နေသည်ကို စိတ်ဝင်တစားကြည့်နေသည်။
တာဝန်ကျသော ရဲအရာရှိကဆိုလေ၏။

"သူ့နာမည်ပြောခဲ့လေ။ တကယ်လို့ရှိလာရင် အကြောင်းကြားပေးမယ်။ အကြောင်းကြားရမဲ့လိပ်စာပါပြော။"

"သူ့နာမည်က.......အာ ခဏလေး။"

မင်ဂျယ်က ထိုကောင်လေး၏နာမည်ကိုမသိသောကြောင့် ထိုကောင်လေးဆီသို့သွားကာမေးလိုက်သည်။

"မင်း နာမည်ဘယ်လိုခေါ်တာလဲ။ သိလား။ နာမည်လေ။"

ထိုကောင်လေးက မင်ဂျယ်အား ဂရုမစိုက်ပုံပင်။ သူကဘေးရှိကလေးလေး၏လက်ထဲရှိအရုပ်ကိုသာစိတ်ဝင်စားနေသည်။ မင်ဂျယ်က အော်လိုက်သည်။

"ဟိတ် မင်းနာမည်။"

ထိုအခါမှကောင်လေးကသူ့ဘက်သို့လှည့်ကာရီပြပြီး

"ငါ့နာမည်လား။.... ငါ့..နာမည်က...မသိဘူး။"

"မသိဘူး။...မင်းနာမည် တောင်မင်းကမသိဘူးလား။"

ထိုကောင်လေးက သူ၏လက်နှစ်ဖက်ကို သူ၏ဂွကြားသို့ညှပ်ကာထားရင်း မင်ဂျယ်ကိုပြန်ဖြေလိုက်သည်။ သူ၏ဒူးနှစ်ဖက်ကို အဆက်မပြတ်လှုပ်ကာ ကားလိုက်၊ စိလိုက်လုပ်ရင်း

"အင်း...တကယ်မသိဘူး။ မေ့သွားပြီ။"

"ဟူး......."

မင်ဂျယ်က သူ့နှဖူးသူ သိပ်ရိုက်လိုက်မိသည်။ ရဲအရာရှိကမသင်္ကာသည့်ပုံစံဖြင့်သူတို့အားကြည့်နေလေ၏။ မင်ဂျယ်က ထိုကောင်လေး၏အင်္ကျီစကိုဆွဲကာ အပြင်သိူ့သာ ခေါ်ထူတ်ရန်ပြင်လိုက်သည်။

"ခ.....ခဏလေး..."

ထိုကောင်လေးက မင်ဂျယ်ခေါ်ရာနောက်မလိုက်ပဲ မင်ဂျယ်ကိုအတင်းပြန်ဆွဲလိုက်သည်။ မင်ဂျယ်က လှည့်ကာ

"ဘာဖြစ်လို့လဲ။"

"ဒီဟာ....."

ထိုကောင်လေးက မင်ဂျယ်ကိုတစ်ခုခုအားလက်ညိုးထိုးပြလိုက်သည်။ ဤသည်က သူ့ဘေးရှိကလေးလေးလက်ထဲတွင်ရှိသော လေယာဉ်ပျံအရုပ်ကလေးပင်။

"အဲ့တာလေး လိုချင်လို့ သူ့ဆီကတောင်းပေးပါလား။"

"မဟုတ်တာတွေ။ အ့...."

မင်ဂျယ်က ထိုကောင်လေးက ဆွဲကာ လှည့်ထွက်ရန်ပြင်လိုက်သည်။သို့သော် မင်ဂျယ်ဆွဲနေသော ကိုယ်ခန္တာ က ထိုနေရာမှ တစ်လက်မမျှပင်လှုပ်သွားခြင်းမရှိပဲ မင်ဂျယ်ကသာ ထိုကောင်လေးဘက်သို့ ပြန်ပါလာပြီးယိုင်ထိုးသွားလေသည်။

(လခွမ်း..ဘယ်လိုတွေတောင်အားသန်တာတုန်း။)

မင်ဂျယ်က မျက်လုံးအပြူးသားနှင့် ထိုကောင်လေးကိုကြည့်လေတော့ သူ့အားငိုမဲ့မဲ့မျက်နှာလေးနှင့် ကြည့်ကာနေပြီး လက်တစ်ဖက်ကမူ ထိုကလေးလေး၏လက်ထဲရှိ အရုပ်ကိုထိုးပြနေသည်။မင်ဂျယ်က မရသည့်အဆုံး သက်ပျင်းတစ်ချက်ချကာထိုကလေးလေးရှေ့သို့သွားလိုက်သည်။

"ကလေးလေး..ကိုကို့ ကိုလေ ဒီအရုပ်ကလေးပေးပါလား။ ခဏနေ မေမေတို့လာခေါ်ရင် ပြန်ဝယ်ခိုင်းလိုက်လေ။"

ရဲစခန်းတစ်ခုလုံးရှိ ရဲတစ်ချို့နှင့် အခြားလူများက သူ့အားမျက်လုံးအဝိုင်းသားနှင့် ဝိုင်းကြည့်ကြလေသည်။ မင်ဂျယ်က ထိုကလေးလေး၏ လက်ထဲရှိ အရုပ်အား လှမ်းကိုင်လိုက်သည်။ ကလေးလေးက လက်အားနောက်သို့အနည်းငယ်ဆုတ်လိုက်၏။ ဘေးရှိကောင်လေးကမူ လက်ခုပ်ထတီးလေသည်။

"ယူ.....ယူလိုက်.....သူ့ဆီကလုယူလိုက်။"

အသံကျယ်ဖြင့် အားပေးနေသောထိုကောင်လေး၏ မျက်ဝန်းနီနီများက တချက်တချက်တောက်ပနေလေသည်။မင်ဂျယ်ကလည်း အမှန်တကယ်ပင် ထိုအရုပ်ကိုယူရန်ကြိုးစားနေသည်။ ကလေးလေးကလည်း သူ့၏အားရှိသလောက် ပြန်ဆွဲနေလေ၏။ ထိုအခါမှ ရဲတစ်ယောက်ကရောက်လာပြီး အော်လေတော့သည်။

"ဟေ့....ဟေ့....မင်းတို့အဲ့တာဘာလုပ်တာလဲ။ ဒါရဲစခန်းနော်။ ရဲစခန်းမှာတောင် ကလေးတစ်ယောက်ဆီက အရှက်မရှိ ပစ္စည်း လုရတယ်လို့။ ဘယ်လိုလူတွေလဲ။"

မင်ဂျယ်က ထိုအခါမှ ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်သည်။ ရဲစခန်းရှိ လူများ အားလုံး၏ အကြည့်ကသူ့ဆီတွင် ရောက်နေလေ၏။ အားလုံး၏အကြည့်များကလည်း လူကြီးနှစ်ယောက်ပေါင်းပြီး ကလေးကိုအနိုင့်ကျင့်နေကြသည်ဟု ထင်ကြေးပေးနေကြပုံပင်။ တကယ်လည်း ထိုအခြေအနေပင်။မင်ဂျယ်က အရုပ်ရှိ သူ၏ လက်ကို အမြန်လွှတ်ချလိုက်သည်။ အလုခံနေရသောကလေးလေးသည်လည်း မင်ဂျယ်လွှတ်လိုက်တော့မှ အာပြဲသံကြီးဖြင့် ထငိုလေတော့သည်။

မင်ဂျယ်က လက်နှစ်ဖက်ကို မြှောက်လျက်

"ကျွန်တော်မဟုတ်ဘူး.....ကျွန်တော်ကဒီအတိုင်း.."

"သားလေး...အမလေး..အမေ့ရဲ့သားလေး"

ရဲစခန်းထဲသို့ ထိုကလေး၏မိဘများဟုထင်ရသည့်ယောက်ျားတစ်ယောက်မှင့် အမျိုးသမီးတစ်ယောက် ရောက်လာကာပင် ထိုကလေးငိုနေသည်ကိုပွေ့ဖက်ကာ သူတို့ပါငိုကြတော့သည်။

အမျိုးသမီးက ထိုငိုနေသော ကလေးလေးအား ခေါင်းအစခြေအဆုံး ကြည့်ရင်း

"သားလေး...သားလေးဘာလို့ငိုနေတာလဲ။"

"ဗြဲ....သားကိုအဲ့ဦးလေးကြီးကအနိုင်ကျင့်တာ။"

ကလေးလေးကချက်ချင်းပင် မင်ဂျယ့်အား လက်ညိုးထိုးကာတိုင်လေတော့သည်။

"ငါ...ငါမဟုတ်...ဟေး..ကလေးလေး..ငါကဦးလေးကြီးမဟုတ်ဘူးကွ။ မင်းသေချင်လို့လား။"

"ရှင် ကျွန်မသားကို ဘာလို့ပြောဆိုနေတာလဲ။ ဘာလဲ။ ဦးလေးကြီးလို့မခေါ်လို့ ကလေးက အဘိုးကြီးလို့ခေါ်ရမှာလား။"

"ခ..ခင်ဗျား..."

မင်ဂျယ်မှာစကားလုံးများပင်မထွက်နိုင်ပဲ ထစ်အနေလေတော့သည်။ သူ့လောက်ချောမောပြီး ခန့်ညားငယ်ရွယ်တဲ့ သူတစ်ယောက်ကို ဦးလေးကြီးဟူသော အသုံးအနှုန်းက တကယ်ပင် မကျေမနပ်ဖြစ်စေသည်။

"ကဲ...ကဲ..တော်ကြပါတော့ဗျာ။ကလေးရှင်ကလည်း ဒီမှာလက်မှတ်ထိုးပြီး ပြန်ခေါ်သွားတော့ကလေးကို။ နောက်တစ်ခါမပျောက်အောင် ကလေးကိုသေချာ ဂရုစိုက်ကြဗျာ။

ဟို နှစ်ယောက်လည်း အလကားနေလျောက်ပြီး ရဲစခန်းကိုဆော့စရာသဘောမျိုးလာမလုပ်ကြနဲ့။ ညီအကိုတွေ ရန်ဖြစ်တိုင်း မင်းကမေမေ့သားမဟုတ်ဘူး။ ကောက်လာတာဆိုပြီး ပြောရင်တော်ပြီပေါ့။ အခုတော့ ကိုယ့်ညီကို ရဲစခန်းမှာပါလာထားနေပြီ။ ဒါကသိပ်တော့အဆင်မပြေဘူးနော်။"

"အား...အဲ့လိုမဟုတ်ဘူးလို့။"

မင်ဂျယ်က အားရပါးရငြင်းလေ၏။ ရဲအရာရှိက

"သွားတော့ သွားတော့ မဟုတ်ရင်စခန်းကအချုပ်ထဲမှာ တစ်ညသိပ်ပစ်မယ်။"

~~~~~~~~~~~~~~~~~~~~~~~~

© Hnin Aung,
книга «What's Wrong With This Vampire? ( A Red Rose is Dieing)».
Коментарі