InTro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 6
' မနေ့ညက အိမ်ခြေမဲ့ပြည်သူဆယ်ယောက်ကျော်နီးပါးဟာ ဆိုလ်းမြို့ရဲ့ ရထားဘူတာဟောင်းတစ်ခုနားမှာ ထပ်တူညီတဲ့ပုံစံနဲ့ အသတ်ခံခဲ့ရပါတယ်။ သေဆုံးသူတွေ အကုန်လုံးရဲ့ လည်ပင်းနားတစ်ဝိုက်မှာ မြွေတစ်ကောင်ရဲ့အစွယ်ကဲ့သို့ အပေါက်ရာနှစ်ခုကို တွေ့ရပြီး အားလုံးဟာ သွေးများစွာ ဆုံးရှုံးပြီး သေဆုံးရတာဖြစ်ပါတယ်။

သေဆုံးချိန်ဟာ ည တစ်နာရီ ဝန်းကျင်လောက်ဖြစ်တယ်လို့ သိရပြီး အခြားသော တိုက်ခိုက်ခံသည့်ဒဏ်ရာများနှင့်ရုန်းကန်ထားသည့်အရာများကိုလည်း တွေ့ရပါသေးတယ်။ ရဲတွေကတော့ အလောင်းတွေကို ဆေးရုံရဲ့ ရင်ခွဲရုံကိုသယ်ဆောင်သွားပြီဖြစ်ပြီး အမှုကိုစုံစမ်းဖို့ကြိုးစားနေကြပါတယ်။'

* တီ....*

တီဗွီဖန်သားပြင်ထက် ထုတ်လွှင့်နေသော သတင်းအား ဂျွန်ယောင်းဆက်မကြည့်ဖြစ်တော့ပဲ တီဗွီကိုသာပိတ်ချလိုက်သည်။ တပ်လက်စ တတိယမြောက် အင်္ကျီကြယ်သီးအား အမြန်တပ်လိုက်ပြီးနောက် ခုံပေါ်ရှိ သူ၏ဖုန်းကိုကောက်ကိုင်ကာ အတွင်းရေးမှူးအား ဆက်သွယ်လိုက်သည်။

" အတွင်းရေးမှူးယူ အခုသတင်းကိုတွေ့လိုက်လား။"

" တွေ့လိုက်ပါတယ် ကားအဆင်သင့်ပြင်ထားပြီးပါပြီ။ ဆေးရုံကိုပဲ တန်းသွားမယ်မလား။"

ဂျွန်ယောင်းက လက်ကောက်ဝတ်တွင်ပတ်ထားသော နာရီအားကြည့်လိုက်ရင်း

" ကောင်းပြီ။ ကျွန်တော်ဆင်းလာခဲ့လိုက်မယ်။"

" ဟုတ်ကဲ့ပါ ဥက္ကဋ္ဌချွဲ"

.....................................

ဂျွန်ယောင်းတို့ ဆေးရုံကိုရောက်သွားတော့ အလောင်းတချို့ကို ရင်ခွဲစစ်ဆေးထားပြီးဖြစ်နေသည်။ အတွင်းရေးမှူးယူကရင်ခွဲရုံတာဝန်ကျသူအား အပေးအယူလုပ်ထားပြီးပုံရသည်။ ဂျွန်ယောင်းရောက်သည်နှင့် ချက်ချင်းဝင်ခွင့်ပေး၏။

ဤကဲ့သို့ အမှုနှင့်သတ်ဆိုင်သော အရာများကိုသာမန်လူကြည့်ခွင့၊ ထိခွင့်မရှိတာကြောင့် ထိုလူကမြန်မြန်တော့ အပြီးသတ်ကြည့်စေရန် ပြောသွားပြီး သူမူ အပြင်မှာစောင့်ကျပ်ပေးသည်။

အလောင်းများကို တန်းစီကာထားပြီး ထိုအခန်းသည် အအေးခန်းဖြစ်သည့်အလျောက် ရေခဲငွေ့များပင်ထွက်နေသေးသည်။ အလောင်းများကို ပိတ်အဖြူစဖြင့် ခေါင်းအစ၊ ခြေအဆုံးပိတ်ထားသည်။ ဂျွန်ယောင်းက သူနှင့်အနီးဆုံးရှိ အလောင်းတစ်လောင်းပေါ်တွင် အုပ်ထားသောပိတ်ဖြူစအား ကိုယ်တစ်ပိုင်းပေါ်အောင်ဖယ်လိုက်သည်။

ထိုတခဏ ဂျွန်ယောင်းကထိုလူသေကောင်ဆီမှ လာသောအနံ့ကြောင့် သူ၏မျက်နှာကိုဘေးသို့ပင်လှည့်ကာ မျက်နှာကမဲ့သွားသေးသည်။ သူ၏နောက်တွင် ရပ်နေသော အတွင်းရေးမှူးယူကမူ မျက်နှာတစ်ချက်မပြတ်ချေ။

" ဒီကောင်တွေ ဘယ်လိုများတောင် ငတ်ပြတ်နေလို့ ဒီလိုမကောင်းမကမ်းသွေးတွေကိုပါ သောက်နေရတာလဲ။"

ဂျွန်ယောင်းက ပြောပြောနှင့်ပင် အတွင်းရေးမှူးယူဘက်သို့ သူ၏လက်ကိုဖြန့်လိုက်သည်။ အတွင်းရေးမှူးယူ က ချက်ချင်းသူ၏လက်ပေါ်သို့ ဆရာဝန်သုံးလက်အိတ်တစ်စုံတင်​ပေးလိုက်၏။ ထိုလက်အိတ်ကိုစွတ်လိုက်ပြီးနောက် လူသေ၏ လည်ပင်းကိုသေချာကြည့်လိုက်သည်။

" ပုံမှန် သွေးစုတ်ကောင်ဆိုပေမဲ့ သူတို့ဒီလူတွေရဲ့ သွေးကိုအငမ်းမရသောက်နေခဲ့ကြတာ။ သူတို့ တနေရာရာကနေထွက်လာပုံရတယ်။

ပြီးတော့ လောလောလတ်လတ် မျိုးရိုးဗီဇပြောင်းခံလိုက်ရတဲ့ သွေးစုတ်ကောင်တွေရောပါနေသေးတယ်။"

ဂျွန်ယောင်းက သူ၏လက်အိတ်ကိုပြန်ချွတ်လိုက်သည်။ သူကထိုအပေါက်နှစ်ပေါက်ကိုသာ စိတ်ဝင်တစားကြည့်ရုံပင်။

" သွေးစုတ်ကောင်တွေက ပုန်းကွယ်ပြီးနေခဲ့တာအတော်ကြာပြီ။ ဒီလိုမျိုးထပ်ပေါ်လာတာက အရမ်းအန္တာရာယ်များလာလိမ့်မယ်။ သူတို့ကို ထွက်လာအောင်တစ်ခုခုက ဖျားယောင်းခဲ့ပုံရတယ်။"

ဂျွန်ယောင်းက ထိုဘေးနားတွင်ပင် သူ၏လက်အိတ်ကိုချထားခဲ့လိုက်ပြီး အပြင်သို့ထွက်ရန်ပြင်လိုက်တော့သည်။ အတွင်းရေးမှူးယူက အခန်းဝတွင် ကပ်ရပ်ကာသူ့အားစောင့်နေလေ၏။

"နေအုန်း....ဒီအနံ့က..."

ဂျွန်ယောင်းက သူဖြတ်လာလိုက်သည့်ဘေးရှိအလောင်းကို လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် အလောင်း၏အပေါ်တွင် ရုံကာထားသောပိတ်ဖြူစကို ဖယ်ချလိုက်ရင်း ထိုအလောင်းနားကို သေချာစွာကပ်၍ ရနံ့ခံသည်။

" ဒီအနံ့က...ဒီအနံ့က....ဒီလူက...သခင်နဲ့ အတူရှိနေခဲ့တာလား။"

ဂျွန်ယောင်း၏မျက်ဝန်းများကပြူးကျယ်လာသည့်အပြင် သူ၏မျက်ဝန်းများကအနီရောင်သို့ပြောင်းလဲကာလာလေ၏။ အတွင်းရေးမှူးယူ က ရုတ်တရက်နောက်မှနေ၍ ဂျွန်ယောင်း၏ ပုခုံးကိုလှမ်းပုတ်လိုက်သည်။

" ဥက္ကဋ္ဌချွဲ....အဆင်ပြေရဲ့လား ။"

" ဟမ်...."

ထိုအခါမှ ဂျွန်ယောင်းက အသိစိတ်ပြန်ဝင်လာပုံရသည်။ သူ၏မျက်ဝန်းများက အတွင်းရေးမှူးယူ ကိုကြည့်နေရင်းပင် အနီရောင်မှအနက်ရောင်သို့ ပြန်ပြောင်းသွားလေ၏။

" သွေးလိုအပ်လို့လား။ ကျွန်မ အိတ်ထဲမှာ သုံး၊ လေးထုပ်ပါလို့ ကားထဲကိုအရင်သွားကြတာပေါ့။"

" အင်း...ရတယ်။ ငါတနေရာကိုသွားစရာရှိလို့ ဒီနေ့ schedule တွေအကုန်ဖျက်ပစ်လိုက်ပါ။"

" ဟုတ်ကဲ့ပါ ဥက္ကဠချွဲ။"

........................................

" ငါမင်းကို ပြောတယ်လေ။ ငါ့ကုတင်ပေါ်ကိုရောက်လာရင် နှင်ထုတ်ပစ်မယ်လို့။"

" ငါကုတင်အောက်မှာ အိပ်တာပါ။"

"......"

ကုတင်အောက်မှနေ၍ ခြေခွေထိုင်ကာ ကုတင်ပေါ်ရှိ အိပ်ချင်မူးတူးထလာသော မင်ဂျယ်အား ကြည့်နေသည်။ မင်ဂျယ်က ထိုကောင်လေးပြောသောစကားကြောင့် အသံတိတ်သွားလေ၏။

တခဏနေမှ ပြောစရာစကားရသွားပုံရသည်။အသံကျယ်ဖြင့်ပင်

" နောက်တစ်ခါ အခန်းရောပါတယ်။ အခန်းရောပဲ။ ငါ့အခန်းထဲကိုမဝင်နဲ့။ ငါတခြားသူတယောက်နဲ့အိပ်ရတာမ​ကြိုက်ဘူး။"

" ငါတိတ်တိတ်လေးနေပေးမှာပါ။ ပြီးတော့ မင်းကိုနှောက်ယှက်နေတဲ့ အဲ့ကောင်ကြီးကိုလည်း ငါဒီနေ့သတ်ပစ်လိူက်ပြီ။ သူမင်းကို ထပ်လုပ်တော့မှာမဟုတ်ဘူး။"

ထိုကောင်လေးက လက်ညိုးထိုးကာပြောလာသည်မို့ မင်ဂျယ်က သူ့ကုတင်ဘေးရှိစားပွဲပေါ်သို့ လှည့်ကြည့်လိုက်သည်။

သူ၏ မနက်တိုင်းအဖော်မွန်ဖြစ်သည့် နှိုးစက်နာရီလေးသည် တစ်စစီကြေမွပျက်စီးနေလေ၏။

" သေပါပြီ။ မင်းသူ့ကိုဘာလုပ်လိုက်တာလဲ။ အဲ့ဒါကြောင့် ငါဒီနေ့အသံမကြားရတာကိုး"

မင်ဂျယ်မှာ ငိုရမလို ရီရမလို ရုပ်ဖြင့်ပင် ထိုပျက်စီးကာတစ်စစီဖြစ်နေသော နှိုးစက်နာရီအား အစလေးများကို ကိုင်ကြည့်နေသည်။ ထိုကောင်လေးက ထိုင်နေရာမှ ထလာပြီး ထိုစားပွဲပေါ်သို့ လက်သီးဆုပ်ကာ တချက်ထုပြသည်။

" မင်းကို နှောက်ယှက်နေလို့ ငါ ဒီလိူလေး ထုချလိုက်တာ။ "

"........"

မင်ဂျယ်မှာ ဘာမှဆက်မပြောနိုင်တော့သော မျက်နှာထားဖြင့် သူ့ဘေးတွင် မတ်တပ်လာရပ်ကာ အမူအရာပြနေသော ထိုကောင်လေးအားလှမ်းကြည့်သည်။ ထိုကောင်လေးကဆက်ပြောလာ၏။

" မင်းအိပ်နေတာကို သူက နှိုးအောင်လုပ်ဖို့ပြင်နေတာလေ။ မင်းကလည်း သူအသံကြားတော့ မျက်နှာရှုံ့သွားတာ ငါမြင်တာနဲ့....."

" အဲ့တာကြောင့် တစ်စစီထုချလိုက်တယ်ပေါ့။ စိတ်ညစ်ပါတယ်။"

မင်ဂျယ်က သူမျက်နှာသူ ပွတ်လိုက်ပြီး ကုတင်ပေါ်တွင် ပြန်လှဲချပစ်လိုက်မိသည်။ ထိုကောင်လေးက မတ်တပ်ရပ်ကာသူ့အားကြည့်နေဆဲပင်။ ပြီးမှ ရုတ်တရ​က်တစ်ခုခုကို သတိရသွားပုံပေါ်သည် ။ ချက်ချင်းထထိုင်လိုက်ရင်း

" ဘယ်အချိန်ရှိပြီလဲ။ "

ခေါင်းအုံးအောက်နားရောက်နေသော ဖုန်းကိုလှမ်းယူလိုက်ပြီး

"အား........အား......သေပြီလို့။ ဒီတစ်ခါတကယ်သေပြီ။ ၈နာရီထိုးနေပြီဟ။ "

မင်ဂျယ်ကချက်ချင်းပင် ကုတင်ပေါ်မှဆင်းကာ အပြင်ဘက်သို့ပြေးထွက်သွားပြီး ရေချိုးခန်းထဲသို့ဝင်သွားတော့သည်။ ဆယ်မိနစ်ခန့်ကြာတော့ ပြန်ထွက်လာပြီး သူ့အခန်းဆီကို ပြန်ဝင်သွားပြန်သည်။ အလုပ်ရှုပ်နေသော မင်ဂျယ်အား ထိုကောင်လေးက ဧည့်ခန်း၏ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ကြည့်နေသည်။ နောက်ဆယ်မိနစ်ကြာတော့ အကုန်ပြင်ဆင်လို့ပြီးသွားသည့် မင်ဂျယ်က သူ၏အိတ်ကိုယူကာထွက်လာပြီး အခန်းတံခါးဝတွင် ခြေအိတ်နှင့် ဖိနပ်ကိုစွတ်နေရင်း ထိုကောင်လေးကို လှမ်းပြောသည်။

"  အိမ်ထဲမှာပဲနေနော်။ အပြန်ကျရင် မင်းစားဖို့တစ်ခုခုဝယ်လာပေးမယ်။ နေ့လည်စာ ကိုအောက်ထပ်က အဒေါ်ကြီးကို ငါအကူအညီတောင်းပေးခဲ့လိုက်မယ်။ အောက်ကိုဆင်းစားလိုက် ။ ဟူတ်ပြီလား။ ပြီးရင်တော့ အခန်းထဲမှာပဲနေနော်။ မဟုတ်ရင် မင်းကိုဆေးရုံက လာပြန်ဖမ်းသွားလိမ့်မယ်။"

တရစပ်ပြောနေသော မင်ဂျယ်ကို ဆိုဖာပေါ်ရှိ ထိုကောင်လေးက လှမ်းကြည့်ရုံသာကြည့်နေသည်။ အားလုံးပြင်ဆင်ပြီးတော့ မင်ဂျယ်က ထိုကောင်လေးကိုမကြည့်တော့ပဲ အပြင်သို့သာ ပြေးထွက်လာတော့သည်။ ကိုးနာရီတတ်သောအလုပ်ကို ၈ခွဲမှသွားသည်ဆိုသည်ကိုက မဖြစ်နိုင်တော့သည်ကိုသူသိသော်လည်း တစ်နာရီစာလောက် လစာအဖြတ်ခံရလည်း၊ အဆူခံထိလည်း အလုပ်မပြုတ်ဖို့ကအဓိကဖြစ်သည်။

~~~~~~~~~~~~~~~~~~~~~~~~

' မေန႔ညက အိမ္ေျခမဲ့ျပည္သူဆယ္ေယာက္ေက်ာ္နီးပါးဟာ ဆိုလ္းၿမိဳ႕ရဲ့ ရထားဘူတာေဟာင္းတစ္ခုနားမွာ ထပ္တူညီတဲ့ပုံစံနဲ႔ အသတ္ခံခဲ့ရပါတယ္။ ေသဆုံးသူေတြ အကုန္လုံးရဲ့ လည္ပင္းနားတစ္ဝိုက္မွာ ေႁမြတစ္ေကာင္ရဲ့အစြယ္ကဲ့သို႔ အေပါက္ရာႏွစ္ခုကို ေတြ႕ရၿပီး အားလုံးဟာ ေသြးမ်ားစြာ ဆုံးရွုံးၿပီး ေသဆုံးရတာျဖစ္ပါတယ္။

ေသဆုံးခ်ိန္ဟာ ည တစ္နာရီ ဝန္းက်င္ေလာက္ျဖစ္တယ္လို႔ သိရၿပီး အျခားေသာ တိုက္ခိုက္ခံသည့္ဒဏ္ရာမ်ားႏွင့္႐ုန္းကန္ထားသည့္အရာမ်ားကိုလည္း ေတြ႕ရပါေသးတယ္။ ရဲေတြကေတာ့ အေလာင္းေတြကို ေဆး႐ုံရဲ့ ရင္ခြဲ႐ုံကိုသယ္ေဆာင္သြားၿပီျဖစ္ၿပီး အမွုကိုစုံစမ္းဖို႔ႀကိဳးစားေနၾကပါတယ္။'

* တီ....*

တီဗြီဖန္သားျပင္ထက္ ထုတ္လႊင့္ေနေသာ သတင္းအား ဂၽြန္ေယာင္းဆက္မၾကည့္ျဖစ္ေတာ့ပဲ တီဗြီကိုသာပိတ္ခ်လိုက္သည္။ တပ္လက္စ တတိယေျမာက္ အကၤ်ီၾကယ္သီးအား အျမန္တပ္လိုက္ၿပီးေနာက္ ခုံေပၚရွိ သူ၏ဖုန္းကိုေကာက္ကိုင္ကာ အတြင္းေရးမွူးအား ဆက္သြယ္လိုက္သည္။

" အတြင္းေရးမွူးယူ အခုသတင္းကိုေတြ႕လိုက္လား။"

" ေတြ႕လိုက္ပါတယ္ ကားအဆင္သင့္ျပင္ထားၿပီးပါၿပီ။ ေဆး႐ုံကိုပဲ တန္းသြားမယ္မလား။"

ဂၽြန္ေယာင္းက လက္ေကာက္ဝတ္တြင္ပတ္ထားေသာ နာရီအားၾကည့္လိုက္ရင္း

" ေကာင္းၿပီ။ ကၽြန္ေတာ္ဆင္းလာခဲ့လိုက္မယ္။"

" ဟုတ္ကဲ့ပါ ဥကၠ႒ခၽြဲ"

.....................................

ဂၽြန္ေယာင္းတို႔ ေဆး႐ုံကိုေရာက္သြားေတာ့ အေလာင္းတခ်ိဳ႕ကို ရင္ခြဲစစ္ေဆးထားၿပီးျဖစ္ေနသည္။ အတြင္းေရးမွူးယူကရင္ခြဲ႐ုံတာဝန္က်သူအား အေပးအယူလုပ္ထားၿပီးပုံရသည္။ ဂၽြန္ေယာင္းေရာက္သည္ႏွင့္ ခ်က္ခ်င္းဝင္ခြင့္ေပး၏။

ဤကဲ့သို႔ အမွုႏွင့္သတ္ဆိုင္ေသာ အရာမ်ားကိုသာမန္လူၾကည့္ခြင့၊ ထိခြင့္မရွိတာေၾကာင့္ ထိုလူကျမန္ျမန္ေတာ့ အၿပီးသတ္ၾကည့္ေစရန္ ေျပာသြားၿပီး သူမူ အျပင္မွာေစာင့္က်ပ္ေပးသည္။

အေလာင္းမ်ားကို တန္းစီကာထားၿပီး ထိုအခန္းသည္ အေအးခန္းျဖစ္သည့္အေလ်ာက္ ေရခဲေငြ႕မ်ားပင္ထြက္ေနေသးသည္။ အေလာင္းမ်ားကို ပိတ္အျဖဴစျဖင့္ ေခါင္းအစ၊ ေျခအဆုံးပိတ္ထားသည္။ ဂၽြန္ေယာင္းက သူႏွင့္အနီးဆုံးရွိ အေလာင္းတစ္ေလာင္းေပၚတြင္ အုပ္ထားေသာပိတ္ျဖဴစအား ကိုယ္တစ္ပိုင္းေပၚေအာင္ဖယ္လိုက္သည္။

ထိုတခဏ ဂၽြန္ေယာင္းကထိုလူေသေကာင္ဆီမွ လာေသာအနံ့ေၾကာင့္ သူ၏မ်က္ႏွာကိုေဘးသို႔ပင္လွည့္ကာ မ်က္ႏွာကမဲ့သြားေသးသည္။ သူ၏ေနာက္တြင္ ရပ္ေနေသာ အတြင္းေရးမွူးယူကမူ မ်က္ႏွာတစ္ခ်က္မျပတ္ေခ်။

" ဒီေကာင္ေတြ ဘယ္လိုမ်ားေတာင္ ငတ္ျပတ္ေနလို႔ ဒီလိုမေကာင္းမကမ္းေသြးေတြကိုပါ ေသာက္ေနရတာလဲ။"

ဂၽြန္ေယာင္းက ေျပာေျပာႏွင့္ပင္ အတြင္းေရးမွူးယူဘက္သို႔ သူ၏လက္ကိုျဖန္႔လိုက္သည္။ အတြင္းေရးမွူးယူ က ခ်က္ခ်င္းသူ၏လက္ေပၚသို႔ ဆရာဝန္သုံးလက္အိတ္တစ္စုံတင္​ေပးလိုက္၏။ ထိုလက္အိတ္ကိုစြတ္လိုက္ၿပီးေနာက္ လူေသ၏ လည္ပင္းကိုေသခ်ာၾကည့္လိုက္သည္။

" ပုံမွန္ ေသြးစုတ္ေကာင္ဆိုေပမဲ့ သူတို႔ဒီလူေတြရဲ့ ေသြးကိုအငမ္းမရေသာက္ေနခဲ့ၾကတာ။ သူတို႔ တေနရာရာကေနထြက္လာပုံရတယ္။

ၿပီးေတာ့ ေလာေလာလတ္လတ္ မ်ိဳးရိုးဗီဇေျပာင္းခံလိုက္ရတဲ့ ေသြးစုတ္ေကာင္ေတြေရာပါေနေသးတယ္။"

ဂၽြန္ေယာင္းက သူ၏လက္အိတ္ကိုျပန္ခၽြတ္လိုက္သည္။ သူကထိုအေပါက္ႏွစ္ေပါက္ကိုသာ စိတ္ဝင္တစားၾကည့္႐ုံပင္။

" ေသြးစုတ္ေကာင္ေတြက ပုန္းကြယ္ၿပီးေနခဲ့တာအေတာ္ၾကာၿပီ။ ဒီလိုမ်ိဳးထပ္ေပၚလာတာက အရမ္းအႏၲာရာယ္မ်ားလာလိမ့္မယ္။ သူတို႔ကို ထြက္လာေအာင္တစ္ခုခုက ဖ်ားေယာင္းခဲ့ပုံရတယ္။"

ဂၽြန္ေယာင္းက ထိုေဘးနားတြင္ပင္ သူ၏လက္အိတ္ကိုခ်ထားခဲ့လိုက္ၿပီး အျပင္သို႔ထြက္ရန္ျပင္လိုက္ေတာ့သည္။ အတြင္းေရးမွူးယူက အခန္းဝတြင္ ကပ္ရပ္ကာသူ႔အားေစာင့္ေနေလ၏။

"ေနအုန္း....ဒီအနံ့က..."

ဂၽြန္ေယာင္းက သူျဖတ္လာလိုက္သည့္ေဘးရွိအေလာင္းကို လွမ္းၾကည့္လိုက္သည္။ ခ်က္ခ်င္းပင္ အေလာင္း၏အေပၚတြင္ ႐ုံကာထားေသာပိတ္ျဖဴစကို ဖယ္ခ်လိုက္ရင္း ထိုအေလာင္းနားကို ေသခ်ာစြာကပ္၍ ရနံ့ခံသည္။

" ဒီအနံ့က...ဒီအနံ့က....ဒီလူက...သခင္နဲ႔ အတူရွိေနခဲ့တာလား။"

ဂၽြန္ေယာင္း၏မ်က္ဝန္းမ်ားကျပဴးက်ယ္လာသည့္အျပင္ သူ၏မ်က္ဝန္းမ်ားကအနီေရာင္သို႔ေျပာင္းလဲကာလာေလ၏။ အတြင္းေရးမွူးယူ က ႐ုတ္တရက္ေနာက္မွေန၍ ဂၽြန္ေယာင္း၏ ပုခုံးကိုလွမ္းပုတ္လိုက္သည္။

" ဥကၠ႒ခၽြဲ....အဆင္ေျပရဲ့လား ။"

" ဟမ္...."

ထိုအခါမွ ဂၽြန္ေယာင္းက အသိစိတ္ျပန္ဝင္လာပုံရသည္။ သူ၏မ်က္ဝန္းမ်ားက အတြင္းေရးမွူးယူ ကိုၾကည့္ေနရင္းပင္ အနီေရာင္မွအနက္ေရာင္သို႔ ျပန္ေျပာင္းသြားေလ၏။

" ေသြးလိုအပ္လို႔လား။ ကၽြန္မ အိတ္ထဲမွာ သုံး၊ ေလးထုပ္ပါလို႔ ကားထဲကိုအရင္သြားၾကတာေပါ့။"

" အင္း...ရတယ္။ ငါတေနရာကိုသြားစရာရွိလို႔ ဒီေန႔ schedule ေတြအကုန္ဖ်က္ပစ္လိုက္ပါ။"

" ဟုတ္ကဲ့ပါ ဥကၠဠခၽြဲ။"

........................................

" ငါမင္းကို ေျပာတယ္ေလ။ ငါ့ကုတင္ေပၚကိုေရာက္လာရင္ ႏွင္ထုတ္ပစ္မယ္လို႔။"

" ငါကုတင္ေအာက္မွာ အိပ္တာပါ။"

"......"

ကုတင္ေအာက္မွေန၍ ေျခေခြထိုင္ကာ ကုတင္ေပၚရွိ အိပ္ခ်င္မူးတူးထလာေသာ မင္ဂ်ယ္အား ၾကည့္ေနသည္။ မင္ဂ်ယ္က ထိုေကာင္ေလးေျပာေသာစကားေၾကာင့္ အသံတိတ္သြားေလ၏။

တခဏေနမွ ေျပာစရာစကားရသြားပုံရသည္။အသံက်ယ္ျဖင့္ပင္

" ေနာက္တစ္ခါ အခန္းေရာပါတယ္။ အခန္းေရာပဲ။ ငါ့အခန္းထဲကိုမဝင္နဲ႔။ ငါတျခားသူတေယာက္နဲ႔အိပ္ရတာမ​ႀကိဳက္ဘူး။"

" ငါတိတ္တိတ္ေလးေနေပးမွာပါ။ ၿပီးေတာ့ မင္းကိုေႏွာက္ယွက္ေနတဲ့ အဲ့ေကာင္ႀကီးကိုလည္း ငါဒီေန႔သတ္ပစ္လိူက္ၿပီ။ သူမင္းကို ထပ္လုပ္ေတာ့မွာမဟုတ္ဘူး။"

ထိုေကာင္ေလးက လက္ညိဳးထိုးကာေျပာလာသည္မို႔ မင္ဂ်ယ္က သူ႔ကုတင္ေဘးရွိစားပြဲေပၚသို႔ လွည့္ၾကည့္လိုက္သည္။

သူ၏ မနက္တိုင္းအေဖာ္မြန္ျဖစ္သည့္ ႏွိုးစက္နာရီေလးသည္ တစ္စစီေၾကမြပ်က္စီးေနေလ၏။

" ေသပါၿပီ။ မင္းသူ႔ကိုဘာလုပ္လိုက္တာလဲ။ အဲ့ဒါေၾကာင့္ ငါဒီေန႔အသံမၾကားရတာကိုး"

မင္ဂ်ယ္မွာ ငိုရမလို ရီရမလို ႐ုပ္ျဖင့္ပင္ ထိုပ်က္စီးကာတစ္စစီျဖစ္ေနေသာ ႏွိုးစက္နာရီအား အစေလးမ်ားကို ကိုင္ၾကည့္ေနသည္။ ထိုေကာင္ေလးက ထိုင္ေနရာမွ ထလာၿပီး ထိုစားပြဲေပၚသို႔ လက္သီးဆုပ္ကာ တခ်က္ထုျပသည္။

" မင္းကို ေႏွာက္ယွက္ေနလို႔ ငါ ဒီလိူေလး ထုခ်လိုက္တာ။ "

"........"

မင္ဂ်ယ္မွာ ဘာမွဆက္မေျပာနိုင္ေတာ့ေသာ မ်က္ႏွာထားျဖင့္ သူ႔ေဘးတြင္ မတ္တပ္လာရပ္ကာ အမူအရာျပေနေသာ ထိုေကာင္ေလးအားလွမ္းၾကည့္သည္။ ထိုေကာင္ေလးကဆက္ေျပာလာ၏။

" မင္းအိပ္ေနတာကို သူက ႏွိုးေအာင္လုပ္ဖို႔ျပင္ေနတာေလ။ မင္းကလည္း သူအသံၾကားေတာ့ မ်က္ႏွာရွုံ႔သြားတာ ငါျမင္တာနဲ႔....."

" အဲ့တာေၾကာင့္ တစ္စစီထုခ်လိုက္တယ္ေပါ့။ စိတ္ညစ္ပါတယ္။"

မင္ဂ်ယ္က သူမ်က္ႏွာသူ ပြတ္လိုက္ၿပီး ကုတင္ေပၚတြင္ ျပန္လွဲခ်ပစ္လိုက္မိသည္။ ထိုေကာင္ေလးက မတ္တပ္ရပ္ကာသူ႔အားၾကည့္ေနဆဲပင္။ ၿပီးမွ ႐ုတ္တရ​က္တစ္ခုခုကို သတိရသြားပုံေပၚသည္ ။ ခ်က္ခ်င္းထထိုင္လိုက္ရင္း

" ဘယ္အခ်ိန္ရွိၿပီလဲ။ "

ေခါင္းအုံးေအာက္နားေရာက္ေနေသာ ဖုန္းကိုလွမ္းယူလိုက္ၿပီး

"အား........အား......ေသၿပီလို႔။ ဒီတစ္ခါတကယ္ေသၿပီ။ ၈နာရီထိုးေနၿပီဟ။ "

မင္ဂ်ယ္ကခ်က္ခ်င္းပင္ ကုတင္ေပၚမွဆင္းကာ အျပင္ဘက္သို႔ေျပးထြက္သြားၿပီး ေရခ်ိဳးခန္းထဲသို႔ဝင္သြားေတာ့သည္။ ဆယ္မိနစ္ခန္႔ၾကာေတာ့ ျပန္ထြက္လာၿပီး သူ႔အခန္းဆီကို ျပန္ဝင္သြားျပန္သည္။ အလုပ္ရွုပ္ေနေသာ မင္ဂ်ယ္အား ထိုေကာင္ေလးက ဧည့္ခန္း၏ဆိုဖာေပၚတြင္ ၿငိမ္ၿငိမ္ေလးထိုင္ၾကည့္ေနသည္။ ေနာက္ဆယ္မိနစ္ၾကာေတာ့ အကုန္ျပင္ဆင္လို႔ၿပီးသြားသည့္ မင္ဂ်ယ္က သူ၏အိတ္ကိုယူကာထြက္လာၿပီး အခန္းတံခါးဝတြင္ ေျခအိတ္ႏွင့္ ဖိနပ္ကိုစြတ္ေနရင္း ထိုေကာင္ေလးကို လွမ္းေျပာသည္။

"  အိမ္ထဲမွာပဲေနေနာ္။ အျပန္က်ရင္ မင္းစားဖို႔တစ္ခုခုဝယ္လာေပးမယ္။ ေန႔လည္စာ ကိုေအာက္ထပ္က အေဒၚႀကီးကို ငါအကူအညီေတာင္းေပးခဲ့လိုက္မယ္။ ေအာက္ကိုဆင္းစားလိုက္ ။ ဟူတ္ၿပီလား။ ၿပီးရင္ေတာ့ အခန္းထဲမွာပဲေနေနာ္။ မဟုတ္ရင္ မင္းကိုေဆး႐ုံက လာျပန္ဖမ္းသြားလိမ့္မယ္။"

တရစပ္ေျပာေနေသာ မင္ဂ်ယ္ကို ဆိုဖာေပၚရွိ ထိုေကာင္ေလးက လွမ္းၾကည့္႐ုံသာၾကည့္ေနသည္။ အားလုံးျပင္ဆင္ၿပီးေတာ့ မင္ဂ်ယ္က ထိုေကာင္ေလးကိုမၾကည့္ေတာ့ပဲ အျပင္သို႔သာ ေျပးထြက္လာေတာ့သည္။ ကိုးနာရီတတ္ေသာအလုပ္ကို ၈ခြဲမွသြားသည္ဆိုသည္ကိုက မျဖစ္နိုင္ေတာ့သည္ကိုသူသိေသာ္လည္း တစ္နာရီစာေလာက္ လစာအျဖတ္ခံရလည္း၊ အဆူခံထိလည္း အလုပ္မျပဳတ္ဖို႔ကအဓိကျဖစ္သည္။

~~~~~~~~~~~~~~~~~~~~~~~~

© Hnin Aung,
книга «What's Wrong With This Vampire? ( A Red Rose is Dieing)».
Коментарі