InTro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 7
" ပြတ်သွားပြီ....ဒီမှာရှိတဲ့ အတားအစီးအစီအရင်က ကျိုးပြတ်သွားပြီ။"
ဂျွန်ယောင်းက တောကြီးထဲရှိ အိမ်ကြီးတစ်လုံး၏ ရှေ့တွင် ရပ်ကာနေသည်။ တံခါးမကြီးဘေးရှိ နွယ်ပင်၊ နွယ်ခတ်များသည် ညိုးနွယ်၊ ခြောက်သွေ့နေသည်။ ထိုနွယ်ခတ်တွင်ရှိသော သစ်ရွက်ခြောက်တစ်ချို့ကို လက်ဖြင့် လှမ်းခြွေလိုက်ပြီးနောက် လက်သီးဆုပ်ကာ ခြေမွပစ်လိုက်သည်။
လက်ဖဝါးပြန်ဖြန့်လိုက်သည်နှင့် သစ်ရွက်ခြောက်အသွင်မရှိတော့ပဲ အမှုန့်များသာကျန်ရစ်နေခဲ့တော့သည်။ ထို့နောက်တွင်ပင် ဂျွန်ယောင်းက ထိုတံခါးမကြီးကိုတွန်းဖွင့်လိုက်လေတော့၏။
အိမ်ကြီးထဲသို့ ဝင်လာသည့်တလျောက်တွင်လည်း အိမ်ကြီး၏နံရံများတွင် ရှိနေသော နွယ်ပင်နွယ်ခတ်များနှင့်အတူ ပွင့်လန်းဝေဆာသလိုရှိခဲ့သော နှင်းဆီနီနီတို့က ယခုအချိန်တွင် ညိုးနွမ်းကုန်ကြပြီဖြစ်သည်။ ဂျွန်ယောင်းသည် သူ၏မျက်နှာကို တည်ကာထား၏ ။ တဖြည်းဖြည်းချင်းပင် လှေကားမှတစ်ဆင့် အခန်းတစ်ခုဆီသို့ ဦးတည်ဝင်ရောက်လာခဲ့သည်။
ဖွင့်ဟနေသော အခန်းတံခါးတစ်ခု၏အခန်းတွင်းသည်လည်း အိုဟောင်းပျက်စီးနေသဖွယ်ဖြစ်နေ၏။ များပြားသော နှင်းဆီပန်းခြောက်တို့၏ အမှုန်များက ကြမ်းပြင်တွင် ပြန့်ကျဲနေကြသည်။ ပွင့်ဟနေသော ခေါင်းတလားအနားသို့ ဂျွန်ယောင်းတယောက်သူ၏ ခြေလှမ်းများကို ဆက်တိုက်လျောက်လှမ်းစေသည်။
" အား....သေစမ်း။"
* ဝုန်း.....*
ခေါင်းတလားထဲတွင် ဘာမျှမရှိသည်ကိုသိလိုက်ရသည့်အခါ ထိုခေါင်းတလား၏ စောင်းအား လက်သီးဆုပ်ကာ ထုရိုက်ချလိုက်လေတော့၏။ ကျယ်လောင်သော အသံနှင့်အတူ ခေါင်းတလားသည်လည်း တစ်စစီကြွေမွှကာ ၊ ထိုခေါင်းတလား၏ သစ်သားအပိုင်းအစများသည်လည်း လွင့်စင်ကုန်လေ၏။
ဂျွန်ယောင်းက ဘေးရှိ ကုတင်ကြီးပေါ်တွင် သူ၏ ကိုယ်ခန္တာအားစိတ်လွှတ်ကိုယ်လွှတ်ပစ်ကာ ထိုင်ချပစ်လိုက်သည်။ သူ၏လက်တစ်ဖက်နှင့် မျက်နှာအား ခပ်ကြမ်းကြမ်းပွတ်လိုက်ရင်း ရီမိသည်။
" နောက်ဆုံးတော့....နောက်ဆုံးတော့...ပြန်မွေးဖွားပြီး..... ဒီကိုရောက်လာခဲ့ပြီပေါ့။...သူ့ဆီကို ထပ်ရောက်လာခဲ့ပြန်ပြီပေါ့။ ဟားဟားဟား ဟားဟားဟား..... "
ကျယ်လှောင်လှသော ရီသံက အခန်းတွင်းပဲ့တင်ထပ်နေလေ၏။ ဂျွန်ယောင်းက သူ၏ရီသံကို ရပ်တန့်လိုက်ပြီးနောက် သူ၏ဘောင်းဘီအိပ်ကပ်ထဲမှ လက်ကိုင်ဖုန်းအားထုတ်လိုက်သည်။
" အတွင်းရေးမှူးယူ..... လွန်ခဲ့တဲ့ရက်တစ်ချို့က ဖန်းဝါးတောကို လာပြီးတောင်တတ်တာဖြစ်ဖြစ်၊ တစ်ခုခုလာလုပ်တာဖြစ်ဖြစ် ဘယ်သူမဆို သူ့ရဲ့ကိုယ်ရေးအချက်အလက်လိုချင်တယ်။ တချက်စုံစမ်းပေး...."
" ဖန်းဝါးတောဆို...အဲ့ဖန်းဝါးတောင်မှာ လွန်ခဲ့တဲ့နှစ်ရက်က ကျွန်မတို့ ကုမ္မဏီရဲ့တောင်တတ်ပြိုင်ပွဲလုပ်ခဲ့တာလေ။ "
ဂျွန်ယောင်း၏ မျက်ဝန်းတွေက အနည်းငယ်ပြူးကျယ်လာလေ၏။ သူ၏နှုတ်ခမ်းဝင်ရိုးအား အနည်းငယ်ကွေး ညွှတ်လို​က်ရင်း
" ပြိုင်ပွဲကိုလာတဲ့ လူတိုင်းရဲ့ ကိုယ်ရေးရာဇဝင်အချက်အလက်တွေ တချက်စုထားလိုက်ပါ။ ကျွန်တော် နေ့လည်လောက် လာခဲ့လိုက်မယ်။"
" ကောင်းပါပြီ ဥက္ကဋ္ဌချွဲ"
ဂျွန်ယောင်းကသူ၏ လက်ကိုင်ဖုန်းကို ကုတင်ပေါ်တွင် တင်လိုက်သည်။ လက်နှစ်ဖက်ကို ယှက်ကာထားလိုက်ရင်း
" သခင်က သူနဲ့ပဲအတူရှိနေမှာသေချာတယ်။ လပြည့်နေမရောက်ခင် ငါသူတို့ကိုရှာတွေ့မှဖြစ်မယ်။ ပြီးရင် အဲ့လူကိုသတ်ပစ်မယ်။ သခင့်အနားမှာ သူလိုမျိုးကောင်က ထပ်ရှိနေပေးစရာမလိုဘူး။
လပြည့်နေ့ရောက်ဖို့က နှစ်ပတ်ကျော်ကျန်သေးတယ်။ ရတယ်...ငါသူ့ရနံ့ကို ခံနိုင်နေတာပဲ။ အဲ့ဒီမတိုင်ခင်ရှာတွေ့မှာပါ။"
.............................
" လီမင်ဂျယ်.....မင်းနောက်ကျတယ်။တစ်နာရီကျော်ကျော်တောင်မှ....ဘာလို့ လုံ့လဝိရိယဆိုတာမျိုး မင်းမှာပျောက်ကွယ်နေရတာလဲ။ ဟမ်...ဟမ်....ငါ့ကိုပြောစမ်း။"
ဌာနမှူးမင် က မင်ဂျယ်အား သူ၏ဖိုင်ဖြင့်ခေါင်းကိုရိုက်နေလေ၏။ အဆူခံရမည်ကို ကြိုသိပြီးသားပေမို့ ဤမျှလောက်ကတော့ သူ၏ ပြဿနာစာရင်းထဲတွင် ထည့်မည်မဟုတ်ချေ။
" နောက်မဖြစ်စေရဘူး ဌာနမှူးရယ်...ဒီတစ်ခါလေးထဲပါ...နော်...နော်....ကျွန်တော့် နှိုးစက်ကိုကြွက်ကိုက်သွားလို့ပါ။"
"နှိုးစက်ကို ကြွက်ကကိုက်တယ် ဟုတ်လား။ မင်ဂျယ်........ မင်းငါ့ကိုလာလိမ်မနေနဲ့။ လစာဖြတ်ပစ်မယ် ထပ်ပြီးဒီလိုပေါက်ကရ ဆင်ခြေတွေပေးရင်
သွား...ကိုယ့်နေရာကိုထိုင်တော့...."
" ကျေးဇူးပါ ဌာနမှူး...."
မင်ဂျယ်က သူ့နေရာတွင် ပြန်ထိုင်လိုက်သည်။ သက်ပြင်းရှည်တချက်ချလိုက်ရင်း
"ဟူး.........ဘာပဲဖြစ်ဖြစ် အဆူခံလိုက်ရုံနဲ့တင်ပြီးသွားလို့တော်သေး။ တယောက်စာတောင်မနည်းရုန်းနေရချိန်မှာ နောက်တယောက်အတွက်ပါ ရှာရတော့မဲ့ ဘဝက...."
မင်ဂျယ်က သူ၏ကွန်ပြူတာကိုဖွင့်လိုက်ရင်း ရေရွတ်နေသည်။ ပြောနေရင်းပင် စကားတို့ကိုရပ်တန့်လိုက်ရင်း
"နေအုန်း။ ငါကဘာလို့ သူ့ကိုတင်ကျွေးထားရမှာလဲ။
ဟုတ်သား....ငါသူ့ကိုလည်းအလုပ်ခိုင်းရမယ်။ အဲ့တာမှ တန်မှာပေါ့။ အလုပ်လုပ် ခိုင်းပြီးအိမ်စရိတ်၊ စားစရိတ်ပြန်တောင်းရမယ်။ အိမ်ပြန်ရောက်တာနဲ့ ပြောမယ်။
ဟူး....အခုတော့ ကိုယ့်အလုပ်လေးကိုယ့်ဘာသာအရင်လုပ်လိုက်အုန်းမယ်။"
........................
" မင်ဂျယ်ရေ...နေ့လည်စာသွားစားကြမယ်လေ။ "
" ဘယ်နှနာရီရှိသေးလို့လဲ....အာ...၁၂ထိုးပြီပဲ။"
မင်ဂျယ်က ဘေးရှိ အမတစ်ယောက်လာခေါ်လောတော့မှ အလုပ်ထဲစိတ်ဝင်စားနေသော စိတ်ကပြန်ထွက်လာလေ၏။ ယနေ့ သူနောက်ကျနေတာကြောင့် ထမင်းစားချိန်သည်ပင် စောစောစီးစီးရောက်လို့လာလေ၏။ မင်ဂျယ်က သူ၏လက်တွင်ပတ်ကာထားသော နာရီကိုကြည့်လိုက်ရင်း ထိုအမအား ရီပြလိုက်ရင်း
"သွားကြမယ်လေ။"
" သွားမယ်ဟေ့......သွားကြမယ်။ "
ထိုအမကလည်း ကျန်သောအဖွဲ့သားများကိုပါ တဖက်သို့လှည့်ကာခေါ်လိုက်သည်။ ဌာနမှူးအပါအဝင်ဆိုလျှင် သူတို့၏ဌာနသည် လူ ၈ယောက်ရှိသည်။
..........................
" ဒါနဲ့ မင်ဂျယ်....နင် ကုမ္မဏီနဲ့နီးတဲ့ တိုက်ခန်းတစ်ခုခုကိုပြောင်းလာခဲ့ပါလား။နင်နောက်ပိုင်း ဒီလိူထပ်နောက်ကျရင် ဌာနမှူးက ငြိမ်နေမှာမဟုတ်တော့ဘူးနော်။ သိတယ်မလား။ "
ကုမ္မဏီ၏ကန်တင်းတွင် လေးထောင့်စားပွဲဝိုင်းရှည်၏ တဖက်စီ၌ လေးယောက်စီအညီအမျှထိုင်နေကြသည်။ မင်ဂျယ်၏မျက်နှာချင်းဆိုင် ရှေ့ဘက်တွင် မင်ဂျယ်အား ထမင်းစားခေါ်သောအမက ထိုင်ကာ ထမင်းစားနေကြရင်း သူမက မင်ဂျယ်အားအကြံပေးသည်။ မင်ဂျယ်က စားလက်စကိုရပ်ကာ သူမအားကြည့်လိုက်၏။ သူက ရီလျက်ပင်
" အမဆယ်ဂျူးရာ....ကျွန်တော့်မှာ ဘယ်ကပိုက်ဆံရှိမှာလဲ။ ဆိုလ်းမြို့ပေါ်က တိုက်ခန်းအသေးလေးတွေအကုန်လုံးက စျေးတွေကို ပလူပျံနေတာလေ။ အမသိရဲ့သားနဲ့။ အခု ရထားတဲ့ ခေါင်မိုးထပ်လေးတောင် မနည်းပေးနေရတာ။"
မင်ဂျယ်က သူ၏ထမင်းကိုဆက်စားလိုက်သည်။ ဘေးရှိ လူတယောက်က ဝင်ပြော၏။
" ဆယ်ဂျူး....မင်းသူ့ကိုသွားပြောမနေနဲ့။ သူက ကပ်စီးနှဲကော်တရာကောင်လေ။ သိတယ်မလား။ သူ့ကိုယ်သူတောင် သထာတာမဟုတ်ဘူး။"
"ဟားဟားဟား ဟားဟားဟား "
အားလုံးက ဝိုင်းကာရီကြလေ၏။ မင်ဂျယ်ကလည်း လိုက်ရီသည်။ မင်ဂျယ်၏ ညာဘက်ပါးပြင်ပေါ်တွင် ပါးချိုင့်တစ်ခုရှိသည်။ ရီလိုက်တိုင်း ပေါ်လာသည့် ပါးချိုင့်ရာ နက်နက်သည်သူ၏ ချောမော့ခန့်ညားမှုကို ပေါ်လွင်စေသည်။ သို့သော်လည်း ဤသည်က လုပ်ဖော်ကိုင်ဖက်များအတွက်တော့ ထူးဆန်းသည့်အရာမဟုတ်ချေ။ အကြောင်းသိများကတော့ ဤအရာကိုရှိသည်ဟုပင် ထင်လိမ့်မည်မဟုတ်။
" နင်တို့ကလည်း မင်ဂျယ့်ကိုဆို လှောင်မယ်ဆိုတာကြီးပဲ။ တကယ်တော့ ငါသူ့အတွက် နေရာတစ်ခုရထားလို့ပါ။ မင်ဂျယ် နင်ခေါင်မိုးထပ်တွေကိုပဲ ပိုစိတ်ဝင်စားတာမလား။"
"အင်း....ကျွန်တော်က အမြင့်ကြိုက်တယ်။ အပေါ်ဆုံးကနေ အရာရာကိုကြည့်ရတဲ့ခံစားချက်က ဘာနဲ့မှမတူဘူး။
အာ...ဒါပေမဲ့....ဒီနားဝန်းကျင်ဆိုရင် ကျွန်တော် ပိုက်ဆံမတတ်နိုင်တာသေချာတယ်နော်။ ဘာမှလာမဆွယ်နဲ့။"
" နင်ဘယ်လိုဖြစ်နေတာလဲ။ ငါစေတနာနဲ့ ကူညီမလို့ကို...."
မင်ဂျယ်က သူ၏စားလက်စကိုရပ်လိုက်သည်။ ဘေးနားတွင် ကြိတ်ရီနေသေးသော တသိုက်ကရှိနေသေး၏။
" ပြော...ပြော...."
" ငါပြောပြမယ်။ အခုငါ့ရဲ့ မောင်တဝမ်းကွဲက အဲ့အဆောက်အဦးရဲ့ အပေါ်ဆုံးခေါင်မိုးထပ်ကိုဝယ်ထားတာကွာ။ ကုမ္မဏီကနေဆို ဆယ်မိနစ် ကားစီးရင်ရောက်တယ်။ အစက သူ့မိန်းမနဲ့အတူနေမလို့။ ဒါပေမဲ့ သူ့ရည်းစားက ဖောက်ပြန်သွားတော့ သူကအဲ့နေရာကို စိတ်နာသွားတယ်။
ငါဟိုတနေ့က သူ့အိမ်ကိုသွားတော့သူစိတ်ထိခိုက်နေတာ။ ငါလည်း စကားစပ်ဖြစ်ရင်း ပေးပါလားလို့ စလိူက်တော့ ငါ့ကို ယူတဲ့။ ကြည့်စမ်း ငါဘယ်လောက် ကံကောင်းလိုက်သလဲ။ အဲ့တာကြောင့် အခုနင့်ကိုလည်း သနားတာနဲ့ နေမလားလို့။
နင်အခု နေရတဲ့လခအတိုင်း ငါ့ကိုပေး။ ငါက တမင် ကူညီပေးတာနော်။"
" ဝါး....ဝါး...ဝါး...မင်ဂျယ်ရေ။ အဘွားကြီးတွေကတော့ အမ်းနေပြီဟ။ "
ဘေးရှိ တယောက်က ထအော်လေ၏။ ထိုအခါ ဆယ်ဂျူးက ဘေးရှိ ကော်ဖီထည့်သောက်ကာထားသော ကုန်ခါနီး ခွက်ဖြင့်လှမ်းပေါက်လိုက်လေ၏။ သူမ၏မျက်နှာကတော့ အနည်းငယ်နီကာနေလေ၏။
" ငါက ကိုယ့်မောင်လေးတယောက်လို ၊ လုပ်ဖော်ကိုင်ဖက်တယောက်လို ကူညီနေတာဟဲ့။"
ထိုလူက သူ၏လက်နှစ်ဖက်ဖြင့် ကာလိုက်ရင်း
"ဟုတ်ပါပြီဗျာ...ဟုတ်ပါပြီ။ နီနေတဲ့မျက်နှာကြီးကိုတော့ အားနာပါအုန်း။ ကျွန်တော်တို့ သွားနှင့်ပြီ။ လွတ်လွတ်လပ်လပ် စကားပြောကြပါ။"
"သွားပြီနော်...အမဆယ်ဂျူး..."
" အေးအေး..."
အားလုံးက ကိုယ်စီနှုတ်ဆက်ကာ ထွက်သွားကြလေသည်။ ဆယ်ဂျူးက အဖွဲ့ဝင်အားလုံးထဲတွင် ဌာနမှူးပြီးလျှင် အကြီးဆုံးဖြစ်ပြီး မင်ဂျယ်ထက် ၃နှစ်ကြီးသည်။ မင်ဂျယ်က စဥ်းစားနေပုံရသည်။ ထို့နောက် သူကဆယ်ဂျူးအားကြည့်ရင်း
" အမဆယ်ဂျူးပြောတာ ကျွန်တော်အတော်လေး စိတ်ဝင်စားတယ်။ ပိုက်ဆံမကုန်၊ အချိန်လည်းမကုန်တော့ဘူးဆို​တော့ ကျွန်တော် ငြင်းစရာတော့ အကြောင်းမရှိပါဘူး။"
"အဲ့တော့ နေမှာလား။"
သူမက လက်နှစ်ဖက်ပေါ်မေးတင်လျက် ဝမ်းသာအားရမေးသည်။ မင်ဂျယ်က ဇွန်းကိုဝှေ့ကာယမ်းလျက်
" လူတစ်ယောက်အပိုထားလို့ရသေးလား။"
" လူတယောက်အပို....ဘယ်သူလဲ။ မိန်းကလေးလား။"
သူမ၏မျက်နှာက ချက်ချင်းပျက်ယွင်းသွားလေ၏။
" မဟူတ်ပါဘူး။ အမ်း.....ဘယ်လိုပြောရမလဲဆိုတော့...... ကျွန်တော့် ညီပေါ့..."
"နင့်မှာ ညီမရှိပါဘူး။ မဟုတ်တာတွေ..."
" တစ်ဝမ်းကွဲညီပါ...မနေ့ကမှ ရွာကနေကျွန်တော့်ဆီရောက်လာတာ။ ဒီမှာ တောက်တိုမယ်ရလေးဘာလေးလုပ်ခိုင်းရအောင်လို့...."
" အင်း...အင်း...ပြီးရော...ယောက်ျားလေးကတော့ အဆင်ပြေပါတယ်။ မိန်းကလေးဆိုရင်သာ...."
"မိန်းကလေးဆိုရင်ဘာဖြစ်လို့လဲ။ အဲ့နေရာကမိန်းကလေးနေလို့မရဘူးလား။"
" အဲလိုမဟုတ်ပါဘူး။ လက်မထပ်ရသေးရင် မိန်းကလေးနဲ့ အတူနေတာမျိုးလေ ၊ တွဲသွားတွဲလာတို့.... တမျိုးထင်ကြမှာလေ။ အဲ့တာကိုပြောတာ။ "
"အော်....အဲ့လိုကိုး။ စိတ်မပူနဲ့ စိတ်မပူနဲ့ ကျွန်တော့်မှာ အမဆို ခြင်မတောင်မရှိဘူး။
ဒါဆို ညနေကို ကျွန်တော်လိုက်ကြည့်မယ်နော်။"
"အွန်း...အွန်း..."
...................................
" အား....သေစမ်း။"
* ဝုန်း.....*
.............................
" ကျေးဇူးပါ ဌာနမှူး...."
........................
"သွားကြမယ်လေ။"
" သွားမယ်ဟေ့......သွားကြမယ်။ "
..........................
"ဟားဟားဟား ဟားဟားဟား "
" ပြော...ပြော...."
" အေးအေး..."
"အဲ့တော့ နေမှာလား။"
" လူတယောက်အပို....ဘယ်သူလဲ။ မိန်းကလေးလား။"
"နင့်မှာ ညီမရှိပါဘူး။ မဟုတ်တာတွေ..."
"အွန်း...အွန်း..."
...................................
© Hnin Aung,
книга «What's Wrong With This Vampire? ( A Red Rose is Dieing)».
Коментарі