InTro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 5
ရထားဘူတာဟောင်းဘက်ကိုအလောတကြီး ပြေးလာခဲ့တဲ့ မင်ဂျယ်တယောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးအပြူးသားဖြစ်နေလေ၏။ သူထားခဲ့သော ထိုကောင်လေးသည် ဒူးနှစ်လုံးထောင်လျက် လက်နှစ်ဖက်ကိုထိုဒူးနှစ်ဖက်ပေါ်တွင် တင်ကာထားသည်။

လက်ထဲတွင် မုန့်ထုပ်များရှိမနေပဲ သူ့ဘေးဘက်တွင်တော့ လူသုံးလေးယောက်ခန့်ကထိုင်နေကြပြီး ထိုသူများက မုန့်များကို ခွဲဝေကာစားနေကြသည်။ ထိုကောင်လေးကလည်း ထိုလူများစားနေသည်ကို သဘောကျစွာကြည့်ရင်း ပြုံးနေသည်။ မင်ဂျယ်သည် ထိုကောင်လေးနှင့် ဆယ်ပေနီးပါးအကွာလောက်တွင်ရှိသော်လည်း ထိုကောင်လေးက မင်းဂျယ်၏ ရနံ့ကိုခံစားရမိသည့် ပုံစံဖြင့် မင်ဂျယ့်အားလှမ်းကြည့်လာသည်။

မင်ဂျယ့်ကိုမြင်တော့ ထိုကောင်လေးက ပြုံးရီလိုက်ရင်း ချက်ချင်းပင် မင်ဂျယ့်အနားသို့ပြေးလာသည်။ မင်ဂျယ်ဝယ်ပေးထားသော မုန့်များကိုစားနေသော လူများကသူတို့အားတစ်ချက်ခန့်သာလှမ်းကြည့်လိုက်ပြီး သူတို့လုပ်စရာရှိတာကိုသာလုပ်နေလိုက်ကြသည်။

" မင်း ငါ့ကိုပြန်လာခေါ်တာလား။ "

" ငါ...."

" ဒါဆို ငါသွားတော့မယ်။ အားလုံးပဲ ကောင်းကောင်းနေကြပါ။"

ထိုကောင်လေးက မင်ဂျယ်ပင်ဘာမှမပြောရသေးခင် ထိုလူများအား လက်လှမ်းပြကာ မင်ဂျယ်၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် မင်ဂျယ့်အား မော့ကြည့်ကာ

"သွားကြမယ်လေ။ မင်းအိမ်ကို..."

"......."

.........................

"ဘာတစ်ခုကိုမှ မထိနဲ့။ ဒီနေရာမှာ ငြိမ်ငြိမ်လေးထိုင်နေ။"

"အာ...အဲ့လို့လား။..... အင်းပါ။"

မင်ဂျယ်က အိမ်ကိုရောက်ရောက်ချင်း ထိုကောင်လေးအား ဆိုဖာခုံတစ်ခုအလည်တွင် ထိုင်စေလိုက်သည်။ မင်ဂျယ်က ညစ်ပတ်နေသော အဝတ်အစားများနှင့် မျက်နှာထက်တွင် ခြောက်ကပ်ကာနေသော သွေးစကိုကြည့်ရင်း

" မင်း ရေချိုးဖို့လိုလိမ့်မယ်လို့ ငါထင်တယ်။ ရေအရင်သွားချိုးလိုက်။ ငါ့အဝတ်အဟောင်းတချို့ ထုတ်ပေးထားမယ်။ ဟိုဘက်က ရေချိုးတဲ့အခန်း။"

မင်ဂျယ်က လက်ညိုးညွှန်လိုက်တာကြောင့် ထိုလက်ညိုးညွှန်ရာကို ထိုကောင်လေးက လှမ်းကြည့်သည်။ ထိုရေချိုးခန်းတံခါးကို သေချာစွာစိုက်ကြည့်ရင်း

"အွန်း။"

"...."

"...."

ထိုကောင်လေးက ထိုနေရာတွင်ပင် ပုံမပျက်ဆက်ထိုင်နေလေ၏။ မင်ဂျယ်က စိတ်မရှည်သည့်ပုံစံဖြင့်

" ရေသွားချိုးဖို့ပြောတာကို မင်းဘာလို့ဒီမှာဆက်ထိုင်နေသေးတာလဲ။"

"အာ..မင်းပဲ ဒီမှာငြိမ်ငြိမ်လေး ထိုင်နေဆို။"

"အမလေးဗျာ....

အခုအဲ့စကားကို ဖျက်သိမ်းလိူက်ပြီ။ ရေသွားချိုးတော့။"

" ကောင်းပြီ ။"

ထိုအခါမှ ထိုကောင်လေးက နေရာမှထလိုက်ပြီး မင်ဂျယ်ညွှန်ပြရာအခန်းထဲသို့ ဝင်သွားလေတော့သည်။ မင်ဂျယ်က ထိုကောင်လေးကိူလှမ်းကြည့်နေရင်း

" ငါသူ့ကိုဘာလို့ခေါ်လာမိလဲ တကယ်တွေးလို့မရသေးဘူး။"

" အား......."

"ဘာဖြစ်တာလဲ။"

ရုတ်တရက်အော်လိုက်သော အသံကြောင့် မင်ဂျယ်ကချက်ချင်းပင် ရေချိုးခန်းထဲသို့ သွားလိုက်သည်။ တံခါးက လော့မချထားတာကြောင့် မင်ဂျယ်က ဖွင့်ကြည့်လေတော့ ထိုကောင်လေး၏ ပုံစံကနဂိုမူလအတိုင်းပင်။ အဝတ်များချွတ်ထားတာမျိုးမရှိသော်လည်း ခေါင်းထိပ်နားရှိ ရေပန်းမှ ရေများကတော့ ပန်းထွက်နေချေပြီ။

မင်ဂျယ်ရောက်လာတော့ ထိုကောင်လေးက မင်ဂျယ်ကိုကြည့်ရင်း ရေပန်းခေါင်းအား လက်ညိုးထိုးပြသည်။

" အဲ့အပေါက်တွေထဲကနေ ရေတွေ ကျလာလို့။"

"ဟူး......ငါ့နှယ့်"

မင်းဂျယ်က သက်ပြင်းအရှည်ကြီးသာချပစ်လိုက်သည်။ ထိုကောင်လေးက တကယ်ကိုပင် ကျပ်မပြည့်သည့် ကလေးတစ်ယောက်နှင့်တူ၏။ အသက်က ၁၈နှစ်ခန့်လောက်ရှိနေပြီဟု ထင်ရသောကြောင့် ကလေးမဟုတ်သည်မှာတော့ သေချာသည်။ ဒီကောင်လေး ဘာဖြစ်နေတယ်ဆိုတာကိုတကယ်ပဲ သူမသိချေ။ ကျပ်မပြည့်သည့် စိတ္တဇ ဆေးရုံက ထွက်ပြေးလာသော လူနာတောင် ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူ့ရှေ့တွင်ပင် လေပေါ်၌ ပျံထားတာကြောင့် သာမန်လူမဟုတ်သည်မှာလည်း ဖြစ်နိုင်သေးသည်။

" ဒီမှာရပ်လိုက်"

မင်ဂျယ်က ထိုကောင်လေးကို ရေပန်းအောက်တွင်ရပ်စေလိုက်သည်။ ဘေးရှိ ရေပန်းခလုတ်ကို ဖွင့်ချည်ပိတ်ချည် လုပ်ပြလိုက်ပြီး

" ဒါက ဒီလိုအလုပ်လုပ်တာ။ မင်းရေချိုးမယ်ဆိုရင် ဒါကိုဖွင့်လိုက် ။ ဝပြီးဆိုရင် ပြန်ပိတ်လိုက်။ နားလည်လား။"

ထိုကောင်လေးက မင်ဂျယ်ပြလိုက်သော ထိုခလုပ်ကိုဖွင့်ချည်ပိတ်ချည်လုပ်ရင်း ရေပန်းမှ ရေကျလိူက် ပြန်ပိတ်သွားလိုက်ဖြစ်နေသည်ကို သဘောကျနေတော့သည်။ တစ်ကိုယ်လုံးကလည်း ရေပန်းအောက်သို့ရောက်ကာနေသောကြောင့် ရေများစိုရွဲနေပြီဖြစ်သည်။ အဖြူရောင် ဇာတစ်ချို့ပါသော အနောက်တိုင်းဝတ်စုံက ရေစိုရွဲနေတာကြောင့် အသားကိုပင် ကပ်နေချေပြီ။ မင်ဂျယ်က ရေပန်းကို ဆော့နေသော ထိုကောင်လေးအား လက်ပိုက်ကာကြည့်နေရင်းမှ

" မင်းအဝတ်တွေကို ချွတ်ပြီး ဟိုခြင်းထဲမှာထည့်ထားလိုက်။ နက်ဖြန်မှ ငါ ပင်မင်းဆိူင်ကို အပ်လိုက်မယ်။ ပြီးရင် ခနနေ ငါပေးမဲ့ အဝတ်တွေကိုဝတ်လိုက်။ နေအုန်း။"

မင်ဂျယ်က စကားပြောနေရင်းပင် ဘေးရှိရေချိုးခန်းသုံး ပစ္စည်းများထားသော စင်ဘေးမှ ဘီဒိုအသေးစားလေးထဲရှိ တဘတ်တစ်ထည်ကိုလှမ်းယူလိုက်ပြီး ရေအနည်းငယ်စွပ်လိုက်သည်။

" ဒီကိုလာ....ငါဒါကိုကြည့်ရတာစိတ်ကုန်နေပြီမလို့။"

မင်ဂျယ်က ခေါ်တော့ ထိုကောင်လေးက မင်ဂျယ်အနားသို့ တိုးလာသည်။ မင်ဂျယ်က ထိုကောင်လေး၏ပုခုံးကိုကိုင်ရင်း ပါးပြင်ထက်တွင် ရှိနေသော သွေးစအား ပွတ်ဆွဲကာ သုတ်ပေးလိုက်တော့သည်။ သွေးစပြောင်သွားသည်နှင့် တပြိုင်နက် ထိုကောင်လေး၏ မျက်လုံးအရောင်သည် အနက်ရောင်သို့ ပြောင်းလဲကာသွားလေ၏။ မင်ဂျယ်က ထိုအပြောင်းအလဲကိုကြည့်ရင်း

" အိုး......မင်းရဲ့ မျက်ဝန်းတွေက ပြန်နက်သွားပြီ။ ဘာလို့ပါလိမ့်။

ဘာပဲဖြစ်ဖြစ်  ရပြီ...ကြည့်လို့ကောင်းသွားပြီ။ ဒါဆို ငါသွားပြီနော်။ ရေချိုးပြီးရင် အပြင်ထွက်လာခဲ့တော့။"

မင်ဂျယ်က ထိုကောင်လေး၏ ပုခုံးကိုနှစ်ချက်ခန့် ပုတ်လိုက်ပြီးနောက် ရေချိုးခန်းအပြင်ဘက်သို့ ထွက်လာခဲ့လိုက်တော့သည်။

...............................

" သူဘာလို့ကြာနေတာလဲ။ တစ်ခုခုများဖြစ်လို့လား။"

နာရီဝက်ကျော်ကျော်လောက်ထိ ထွက်မလာသေးတာကြောင့် မင်ဂျယ်က ဆိုဖာပေါ်တွင် တီဗွီကြည့်နေရင်း လှမ်းကြည့်လိုက်သေးသည်။ ရှေ့ရှိ စားပွဲပေါ်တွင် တင်ကာထားသောရေဘူးကိုယူလိုက်ပြီး အဖုံးဖွင့်ကာမော့ရင်း ရေချိုးခန်းတံခါးက ပွင့်ကာလာပြီး ထိုကောင်လေးသည်လည်း ထွက်ကာလာသည်။

"ဖူး........"

မင်ဂျယ်မှာ တွေ့လိုက်ရသော မြင်ကွင်းကြောင့် ရေပင်သီးသွားရလေ၏။ ထိုကောင်လေးသည် မည်သည့်အဝတ်အစားများမှ ဝတ်ဆင်ထားခြင်းမရှိပဲ ကိုယ်လုံးတီးဖြစ်ကာ သူ့အနားသို့လျောက်လာနေသည်။

" မင်းကိုငါ အဝတ်အစားတွေပေးထားတယ်လေ။ အဲ့တာဝတ်ဖို့ပေးတာ။ ဒီလို ထွက်လာလို့ရမလား။"

မင်ဂျယ်က ချက်ချင်းပင်နေရာမှထ၍ ထိုကောင်လေးအား သပတ်အကြီးတစ်ထည်ခြုံပေးလိုက်ပြီး ရေချိုးခန်းအပေါက်ဝနားတွင် ထားထားသော သူ၏အဝတ်များကို သွားယူလိုက်သည်။

"ရော့....ငါအခုဝတ်ထားသလိုပုံစံမျိုးပဲမလို့ မင်းကောက်စွတ်လိုက်ရုံပဲ။ ဘောင်းဘီကလည်း သရေကြိုးနဲ့ ဟာ။ ခြေထောက်တဖက်စီ စွတ်လိုက်။ "

ထိုကောင်လေးက ခြုံထားသော တဘတ်ကြီးအောက်မှနေ၍ မင်ဂျယ်ပြောသည့်အတိုင်းလိုက်လုပ်သည်။ တအောင့်ကြာတော့ အဆင်ပြေပြေနှင့်ပင် အဝတ်အစားဝတ်ခြင်း ပြီးဆုံးသွားလေ၏။
မင်ဂျယ်က သဘောကျစွာကြည့်ရင်း

"တော်သားပဲ။ မင်းက ညာဏ်ကောင်းတယ်။ ဗိုက်ဆာနေပြီလား။ ငါကတော့ ဆာနေပြီ။ တစ်ခုခုလုပ်စားရ...ရ...သေရော......ညနေစာအတွက် ငါဝယ်လာတဲ့အထုတ်က ဘယ်မှာကျကျန်ခဲ့လဲ မသိဘူး။"

မင်ဂျယ်မှာ စိတ်ဓာတ်ပင် ကျသွားပုံပေါ်သည်။ သူ့အား မျက်ဝန်းနက်နက်တိုဖြင့် ကြည့်နေသောထိုကောင်လေးအား လှမ်းကြည့်လိုက်သည်။ မျက်ဝန်းနက်နက်တို့သည် မီးရောင်၏ ထက်ဟပ်မှုကြောင့် အလင်းရောင်ပင်ဟပ်နေလေ၏။

" မင်းမျက်ဝန်းတွေက မဲနက်ပြီးလှနေတယ်။ ငါအဲ့လိုမျိုး လူတစ်ယောက်ကို တွေ့ဖူးတယ်။ အဲ့တာက......"

မင်ဂျယ်က ထိုကောင်လေး၏မျက်ဝန်းများကို ထိတွေ့ရန် ကြိုးစားလိုက်သည်။ မထိလိုက်သေးခင်တွင် ပဲ သူသတိပြန်ဝင်လာပုံရသည်။ သူ၏လက်ကို ရပ်တန့်ပစ်လိုက်၏။

" ငါမတွေ့ဖူးပါဘူး။...အင်း.မင်းဒီည ဗိုက်ဆာလည်း ဗိုက်မှောက်ပြီးတော့သာ ဟို ဆိုဖာပေါ်မှာအိပ်ဖို့ပြင်တော့။ ငါလည်း ဗိုက်မှောက်ပြီး သွားအိပ်တော့မယ်။

ငါပြောမယ်နော်။ ငါ့အိပ်ယာပေါ်ကိုတတ်မလာနဲ့။ တတ်လာရင် မနက်ဖြန်ကျ မင်းကိုနှင်ထုတ်ပစ်မယ်။ ဟုတ်ပြီလား။"

မင်ဂျယ်က လက်ညိုးထိုးကာ ကြိမ်းဝါးပြီးနောက် သူ့အခန်းထဲသို့ ဝင်သွားတော့သည်။ ထိုကောင်လေးကတော့ ထိုနေရာတွင်ပင် မတ်တပ်ရပ်လျက်ပင် ကျန်နေခဲ့လေ၏။

~~~~~~~~~~~~~~~~~~~~~

ရထားဘူတာေဟာင္းဘက္ကိုအေလာတႀကီး ေျပးလာခဲ့တဲ့ မင္ဂ်ယ္တေယာက္ ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ မ်က္လုံးအျပဴးသားျဖစ္ေနေလ၏။ သူထားခဲ့ေသာ ထိုေကာင္ေလးသည္ ဒူးႏွစ္လုံးေထာင္လ်က္ လက္ႏွစ္ဖက္ကိုထိုဒူးႏွစ္ဖက္ေပၚတြင္ တင္ကာထားသည္။

လက္ထဲတြင္ မုန္႔ထုပ္မ်ားရွိမေနပဲ သူ႔ေဘးဘက္တြင္ေတာ့ လူသုံးေလးေယာက္ခန္႔ကထိုင္ေနၾကၿပီး ထိုသူမ်ားက မုန္႔မ်ားကို ခြဲေဝကာစားေနၾကသည္။ ထိုေကာင္ေလးကလည္း ထိုလူမ်ားစားေနသည္ကို သေဘာက်စြာၾကည့္ရင္း ျပဳံးေနသည္။ မင္ဂ်ယ္သည္ ထိုေကာင္ေလးႏွင့္ ဆယ္ေပနီးပါးအကြာေလာက္တြင္ရွိေသာ္လည္း ထိုေကာင္ေလးက မင္းဂ်ယ္၏ ရနံ့ကိုခံစားရမိသည့္ ပုံစံျဖင့္ မင္ဂ်ယ့္အားလွမ္းၾကည့္လာသည္။

မင္ဂ်ယ့္ကိုျမင္ေတာ့ ထိုေကာင္ေလးက ျပဳံးရီလိုက္ရင္း ခ်က္ခ်င္းပင္ မင္ဂ်ယ့္အနားသို႔ေျပးလာသည္။ မင္ဂ်ယ္ဝယ္ေပးထားေသာ မုန္႔မ်ားကိုစားေနေသာ လူမ်ားကသူတို႔အားတစ္ခ်က္ခန္႔သာလွမ္းၾကည့္လိုက္ၿပီး သူတို႔လုပ္စရာရွိတာကိုသာလုပ္ေနလိုက္ၾကသည္။

" မင္း ငါ့ကိုျပန္လာေခၚတာလား။ "

" ငါ...."

" ဒါဆို ငါသြားေတာ့မယ္။ အားလုံးပဲ ေကာင္းေကာင္းေနၾကပါ။"

ထိုေကာင္ေလးက မင္ဂ်ယ္ပင္ဘာမွမေျပာရေသးခင္ ထိုလူမ်ားအား လက္လွမ္းျပကာ မင္ဂ်ယ္၏လက္ေမာင္းကို ဆုပ္ကိုင္လိုက္သည္။ ထို႔ေနာက္ မင္ဂ်ယ့္အား ေမာ့ၾကည့္ကာ

"သြားၾကမယ္ေလ။ မင္းအိမ္ကို..."

"......."

.........................

"ဘာတစ္ခုကိုမွ မထိနဲ႔။ ဒီေနရာမွာ ၿငိမ္ၿငိမ္ေလးထိုင္ေန။"

"အာ...အဲ့လို႔လား။..... အင္းပါ။"

မင္ဂ်ယ္က အိမ္ကိုေရာက္ေရာက္ခ်င္း ထိုေကာင္ေလးအား ဆိုဖာခုံတစ္ခုအလည္တြင္ ထိုင္ေစလိုက္သည္။ မင္ဂ်ယ္က ညစ္ပတ္ေနေသာ အဝတ္အစားမ်ားႏွင့္ မ်က္ႏွာထက္တြင္ ေျခာက္ကပ္ကာေနေသာ ေသြးစကိုၾကည့္ရင္း

" မင္း ေရခ်ိဳးဖို႔လိုလိမ့္မယ္လို႔ ငါထင္တယ္။ ေရအရင္သြားခ်ိဳးလိုက္။ ငါ့အဝတ္အေဟာင္းတခ်ိဳ႕ ထုတ္ေပးထားမယ္။ ဟိုဘက္က ေရခ်ိဳးတဲ့အခန္း။"

မင္ဂ်ယ္က လက္ညိဳးညႊန္လိုက္တာေၾကာင့္ ထိုလက္ညိဳးညႊန္ရာကို ထိုေကာင္ေလးက လွမ္းၾကည့္သည္။ ထိုေရခ်ိဳးခန္းတံခါးကို ေသခ်ာစြာစိုက္ၾကည့္ရင္း

"အြန္း။"

"...."

"...."

ထိုေကာင္ေလးက ထိုေနရာတြင္ပင္ ပုံမပ်က္ဆက္ထိုင္ေနေလ၏။ မင္ဂ်ယ္က စိတ္မရွည္သည့္ပုံစံျဖင့္

" ေရသြားခ်ိဳးဖို႔ေျပာတာကို မင္းဘာလို႔ဒီမွာဆက္ထိုင္ေနေသးတာလဲ။"

"အာ..မင္းပဲ ဒီမွာၿငိမ္ၿငိမ္ေလး ထိုင္ေနဆို။"

"အမေလးဗ်ာ....

အခုအဲ့စကားကို ဖ်က္သိမ္းလိူက္ၿပီ။ ေရသြားခ်ိဳးေတာ့။"

" ေကာင္းၿပီ ။"

ထိုအခါမွ ထိုေကာင္ေလးက ေနရာမွထလိုက္ၿပီး မင္ဂ်ယ္ညႊန္ျပရာအခန္းထဲသို႔ ဝင္သြားေလေတာ့သည္။ မင္ဂ်ယ္က ထိုေကာင္ေလးကိူလွမ္းၾကည့္ေနရင္း

" ငါသူ႔ကိုဘာလို႔ေခၚလာမိလဲ တကယ္ေတြးလို႔မရေသးဘူး။"

" အား......."

"ဘာျဖစ္တာလဲ။"

႐ုတ္တရက္ေအာ္လိုက္ေသာ အသံေၾကာင့္ မင္ဂ်ယ္ကခ်က္ခ်င္းပင္ ေရခ်ိဳးခန္းထဲသို႔ သြားလိုက္သည္။ တံခါးက ေလာ့မခ်ထားတာေၾကာင့္ မင္ဂ်ယ္က ဖြင့္ၾကည့္ေလေတာ့ ထိုေကာင္ေလး၏ ပုံစံကနဂိုမူလအတိုင္းပင္။ အဝတ္မ်ားခၽြတ္ထားတာမ်ိဳးမရွိေသာ္လည္း ေခါင္းထိပ္နားရွိ ေရပန္းမွ ေရမ်ားကေတာ့ ပန္းထြက္ေနေခ်ၿပီ။

မင္ဂ်ယ္ေရာက္လာေတာ့ ထိုေကာင္ေလးက မင္ဂ်ယ္ကိုၾကည့္ရင္း ေရပန္းေခါင္းအား လက္ညိဳးထိုးျပသည္။

" အဲ့အေပါက္ေတြထဲကေန ေရေတြ က်လာလို႔။"

"ဟူး......ငါ့ႏွယ့္"

မင္းဂ်ယ္က သက္ျပင္းအရွည္ႀကီးသာခ်ပစ္လိုက္သည္။ ထိုေကာင္ေလးက တကယ္ကိုပင္ က်ပ္မျပည့္သည့္ ကေလးတစ္ေယာက္ႏွင့္တူ၏။ အသက္က ၁၈ႏွစ္ခန္႔ေလာက္ရွိေနၿပီဟု ထင္ရေသာေၾကာင့္ ကေလးမဟုတ္သည္မွာေတာ့ ေသခ်ာသည္။ ဒီေကာင္ေလး ဘာျဖစ္ေနတယ္ဆိုတာကိုတကယ္ပဲ သူမသိေခ်။ က်ပ္မျပည့္သည့္ စိတၱဇ ေဆး႐ုံက ထြက္ေျပးလာေသာ လူနာေတာင္ ျဖစ္ခ်င္ျဖစ္ေပလိမ့္မည္။ သို႔ေသာ္လည္း သူ႔ေရွ႕တြင္ပင္ ေလေပၚ၌ ပ်ံထားတာေၾကာင့္ သာမန္လူမဟုတ္သည္မွာလည္း ျဖစ္နိုင္ေသးသည္။

" ဒီမွာရပ္လိုက္"

မင္ဂ်ယ္က ထိုေကာင္ေလးကို ေရပန္းေအာက္တြင္ရပ္ေစလိုက္သည္။ ေဘးရွိ ေရပန္းခလုတ္ကို ဖြင့္ခ်ည္ပိတ္ခ်ည္ လုပ္ျပလိုက္ၿပီး

" ဒါက ဒီလိုအလုပ္လုပ္တာ။ မင္းေရခ်ိဳးမယ္ဆိုရင္ ဒါကိုဖြင့္လိုက္ ။ ဝၿပီးဆိုရင္ ျပန္ပိတ္လိုက္။ နားလည္လား။"

ထိုေကာင္ေလးက မင္ဂ်ယ္ျပလိုက္ေသာ ထိုခလုပ္ကိုဖြင့္ခ်ည္ပိတ္ခ်ည္လုပ္ရင္း ေရပန္းမွ ေရက်လိူက္ ျပန္ပိတ္သြားလိုက္ျဖစ္ေနသည္ကို သေဘာက်ေနေတာ့သည္။ တစ္ကိုယ္လုံးကလည္း ေရပန္းေအာက္သို႔ေရာက္ကာေနေသာေၾကာင့္ ေရမ်ားစိုရြဲေနၿပီျဖစ္သည္။ အျဖဴေရာင္ ဇာတစ္ခ်ိဳ႕ပါေသာ အေနာက္တိုင္းဝတ္စုံက ေရစိုရြဲေနတာေၾကာင့္ အသားကိုပင္ ကပ္ေနေခ်ၿပီ။ မင္ဂ်ယ္က ေရပန္းကို ေဆာ့ေနေသာ ထိုေကာင္ေလးအား လက္ပိုက္ကာၾကည့္ေနရင္းမွ

" မင္းအဝတ္ေတြကို ခၽြတ္ၿပီး ဟိုျခင္းထဲမွာထည့္ထားလိုက္။ နက္ျဖန္မွ ငါ ပင္မင္းဆိူင္ကို အပ္လိုက္မယ္။ ၿပီးရင္ ခနေန ငါေပးမဲ့ အဝတ္ေတြကိုဝတ္လိုက္။ ေနအုန္း။"

မင္ဂ်ယ္က စကားေျပာေနရင္းပင္ ေဘးရွိေရခ်ိဳးခန္းသုံး ပစၥည္းမ်ားထားေသာ စင္ေဘးမွ ဘီဒိုအေသးစားေလးထဲရွိ တဘတ္တစ္ထည္ကိုလွမ္းယူလိုက္ၿပီး ေရအနည္းငယ္စြပ္လိုက္သည္။

" ဒီကိုလာ....ငါဒါကိုၾကည့္ရတာစိတ္ကုန္ေနၿပီမလို႔။"

မင္ဂ်ယ္က ေခၚေတာ့ ထိုေကာင္ေလးက မင္ဂ်ယ္အနားသို႔ တိုးလာသည္။ မင္ဂ်ယ္က ထိုေကာင္ေလး၏ပုခုံးကိုကိုင္ရင္း ပါးျပင္ထက္တြင္ ရွိေနေသာ ေသြးစအား ပြတ္ဆြဲကာ သုတ္ေပးလိုက္ေတာ့သည္။ ေသြးစေျပာင္သြားသည္ႏွင့္ တၿပိဳင္နက္ ထိုေကာင္ေလး၏ မ်က္လုံးအေရာင္သည္ အနက္ေရာင္သို႔ ေျပာင္းလဲကာသြားေလ၏။ မင္ဂ်ယ္က ထိုအေျပာင္းအလဲကိုၾကည့္ရင္း

" အိုး......မင္းရဲ့ မ်က္ဝန္းေတြက ျပန္နက္သြားၿပီ။ ဘာလို႔ပါလိမ့္။

ဘာပဲျဖစ္ျဖစ္  ရၿပီ...ၾကည့္လို႔ေကာင္းသြားၿပီ။ ဒါဆို ငါသြားၿပီေနာ္။ ေရခ်ိဳးၿပီးရင္ အျပင္ထြက္လာခဲ့ေတာ့။"

မင္ဂ်ယ္က ထိုေကာင္ေလး၏ ပုခုံးကိုႏွစ္ခ်က္ခန္႔ ပုတ္လိုက္ၿပီးေနာက္ ေရခ်ိဳးခန္းအျပင္ဘက္သို႔ ထြက္လာခဲ့လိုက္ေတာ့သည္။

...............................

" သူဘာလို႔ၾကာေနတာလဲ။ တစ္ခုခုမ်ားျဖစ္လို႔လား။"

နာရီဝက္ေက်ာ္ေက်ာ္ေလာက္ထိ ထြက္မလာေသးတာေၾကာင့္ မင္ဂ်ယ္က ဆိုဖာေပၚတြင္ တီဗြီၾကည့္ေနရင္း လွမ္းၾကည့္လိုက္ေသးသည္။ ေရွ႕ရွိ စားပြဲေပၚတြင္ တင္ကာထားေသာေရဘူးကိုယူလိုက္ၿပီး အဖုံးဖြင့္ကာေမာ့ရင္း ေရခ်ိဳးခန္းတံခါးက ပြင့္ကာလာၿပီး ထိုေကာင္ေလးသည္လည္း ထြက္ကာလာသည္။

"ဖူး........"

မင္ဂ်ယ္မွာ ေတြ႕လိုက္ရေသာ ျမင္ကြင္းေၾကာင့္ ေရပင္သီးသြားရေလ၏။ ထိုေကာင္ေလးသည္ မည္သည့္အဝတ္အစားမ်ားမွ ဝတ္ဆင္ထားျခင္းမရွိပဲ ကိုယ္လုံးတီးျဖစ္ကာ သူ႔အနားသို႔ေလ်ာက္လာေနသည္။

" မင္းကိုငါ အဝတ္အစားေတြေပးထားတယ္ေလ။ အဲ့တာဝတ္ဖို႔ေပးတာ။ ဒီလို ထြက္လာလို႔ရမလား။"

မင္ဂ်ယ္က ခ်က္ခ်င္းပင္ေနရာမွထ၍ ထိုေကာင္ေလးအား သပတ္အႀကီးတစ္ထည္ျခဳံေပးလိုက္ၿပီး ေရခ်ိဳးခန္းအေပါက္ဝနားတြင္ ထားထားေသာ သူ၏အဝတ္မ်ားကို သြားယူလိုက္သည္။

"ေရာ့....ငါအခုဝတ္ထားသလိုပုံစံမ်ိဳးပဲမလို႔ မင္းေကာက္စြတ္လိုက္႐ုံပဲ။ ေဘာင္းဘီကလည္း သေရႀကိဳးနဲ႔ ဟာ။ ေျခေထာက္တဖက္စီ စြတ္လိုက္။ "

ထိုေကာင္ေလးက ျခဳံထားေသာ တဘတ္ႀကီးေအာက္မွေန၍ မင္ဂ်ယ္ေျပာသည့္အတိုင္းလိုက္လုပ္သည္။ တေအာင့္ၾကာေတာ့ အဆင္ေျပေျပႏွင့္ပင္ အဝတ္အစားဝတ္ျခင္း ၿပီးဆုံးသြားေလ၏။
မင္ဂ်ယ္က သေဘာက်စြာၾကည့္ရင္း

"ေတာ္သားပဲ။ မင္းက ညာဏ္ေကာင္းတယ္။ ဗိုက္ဆာေနၿပီလား။ ငါကေတာ့ ဆာေနၿပီ။ တစ္ခုခုလုပ္စားရ...ရ...ေသေရာ......ညေနစာအတြက္ ငါဝယ္လာတဲ့အထုတ္က ဘယ္မွာက်က်န္ခဲ့လဲ မသိဘူး။"

မင္ဂ်ယ္မွာ စိတ္ဓာတ္ပင္ က်သြားပုံေပၚသည္။ သူ႔အား မ်က္ဝန္းနက္နက္တိုျဖင့္ ၾကည့္ေနေသာထိုေကာင္ေလးအား လွမ္းၾကည့္လိုက္သည္။ မ်က္ဝန္းနက္နက္တို႔သည္ မီးေရာင္၏ ထက္ဟပ္မွုေၾကာင့္ အလင္းေရာင္ပင္ဟပ္ေနေလ၏။

" မင္းမ်က္ဝန္းေတြက မဲနက္ၿပီးလွေနတယ္။ ငါအဲ့လိုမ်ိဳး လူတစ္ေယာက္ကို ေတြ႕ဖူးတယ္။ အဲ့တာက......"

မင္ဂ်ယ္က ထိုေကာင္ေလး၏မ်က္ဝန္းမ်ားကို ထိေတြ႕ရန္ ႀကိဳးစားလိုက္သည္။ မထိလိုက္ေသးခင္တြင္ ပဲ သူသတိျပန္ဝင္လာပုံရသည္။ သူ၏လက္ကို ရပ္တန္႔ပစ္လိုက္၏။

" ငါမေတြ႕ဖူးပါဘူး။...အင္း.မင္းဒီည ဗိုက္ဆာလည္း ဗိုက္ေမွာက္ၿပီးေတာ့သာ ဟို ဆိုဖာေပၚမွာအိပ္ဖို႔ျပင္ေတာ့။ ငါလည္း ဗိုက္ေမွာက္ၿပီး သြားအိပ္ေတာ့မယ္။

ငါေျပာမယ္ေနာ္။ ငါ့အိပ္ယာေပၚကိုတတ္မလာနဲ႔။ တတ္လာရင္ မနက္ျဖန္က် မင္းကိုႏွင္ထုတ္ပစ္မယ္။ ဟုတ္ၿပီလား။"

မင္ဂ်ယ္က လက္ညိဳးထိုးကာ ႀကိမ္းဝါးၿပီးေနာက္ သူ႔အခန္းထဲသို႔ ဝင္သြားေတာ့သည္။ ထိုေကာင္ေလးကေတာ့ ထိုေနရာတြင္ပင္ မတ္တပ္ရပ္လ်က္ပင္ က်န္ေနခဲ့ေလ၏။

~~~~~~~~~~~~~~~~~~~~~

© Hnin Aung,
книга «What's Wrong With This Vampire? ( A Red Rose is Dieing)».
Коментарі