Hnin Layy Pyayy .
@HninLayyPyayy_
Start writing in September , 2020.
Вірші Всі
နောက်ကျသွားသောအသိတရား
ကျွန်တော့်က်ို မချစ်တော့မှန်းသိလျှက်နဲ့ မသွားပါနဲ့ ဆိုပြီး သူ့ကိုအတင်းဆွဲထားမိတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော်ပင်ပန်းလာပြီ။ ဆက်ဆွဲထားဖို့အားတွေ မရှိတော့ဘူး။ ဒါပေမယ့်လည်း သူ့ကို လက်မလွှတ်နိုင်ခဲ့ဘူးလေ။ နောက်ဆုံးမှာတော့ ရယူလိုမှုနဲ့ မိုက်ရူးရဲဆန်မှုကြားမှာ ကျွန်တော်အရူးတစ်ယောက်လိုပဲ ။ ဘယ်သူမှမကယ်နိုင်တဲ့အထိပေါ့။ ခံစားရတာကလည်း သေမတက်ပဲလေ။ အဲ့အချိန်ကစပြီး ကျွန်တော်သိလိုက်ပါပြီ။ သူရော ကျွန်တော်ရော ပျော်ရွှင်ရဖို့အတွက် ကျွန်တော် သူ့ကိုလက်လွှတ်လိုက်သင့်တယ်ဆိုတာကိုပေါ့ ။ ဒါပေမယ့် ကျွန်တော်အသိနောက်ကျသွားခဲ့ပြီဗျာ။ သူ့ကိုယ်ကျွန်တော် တစ်သက်လုံးအိပ်စက်ခိုင်းလိုက်မိပြီလေ။ Hnin Layy Pyayy
5
0
489