Блог
Всі
200 Days ...
Особисте
ကျွန်တော်တို့နှစ်ယောက်ရဲ့ခင်မင်မှုလေးက ရက်ပေါင်း 200 တိတိပြည့်သွားခဲ့ပြီနော် ... ။
အချိန်အားဖြင့် အရမ်းကိုတိုတောင်းလွန်းနေသေးတယ်လို့ ပြောချင်တာလား ?
ဒါပေမဲ့ ဒီ 6 လနဲ့ 16 ရက် ဆိုတဲ့အချိန်ကာလလေးတစ်ခုက ကျွန်တော့်ရဲ့အနာဂတ်က ခင်ဗျားလေးပါလို့အော်ပြောချင်လောက်တဲ့အထိ လုံလောက်စေခဲ့ပြီ။
ဒီနေ့လေးကို ခင်ဗျားလေးကတော့ မှတ်မိမှာမဟုတ်ပါဘူး ... မှတ်မိစရာအကြောင်းပြချက်လည်းမရှိဘူးလေ။
ကျွန်တော်ကသာ တစ်ဖက်သတ်ရူးသွပ်နေမိတာမို့ ... ။
@L4L
2
102
Thank You
Думки вголос
ချစ်ခြင်းမေတ္တာတွေထပ်တူကျရက်နဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲခဲ့ရခြင်းမှာ ခင်ဗျားလေးဘယ်လောက်တောင် နာကျင်ဝမ်းနည်းနေခဲ့ရမလဲနော် ... ။
ခင်ဗျားလေးကို ခင်ဗျားလေးသိပ်ချစ်ရတဲ့ချစ်သူနဲ့ပေါင်းဆုံစေချင်တာ ကျွန်တော့်ရဲ့စစ်မှန်သောဆန္ဒပါ။
အဲဒီလူသားကြောင့် ခင်ဗျားလေးဘယ်လောက်တောင်ပြုံးပျော်နေခဲ့ရမလဲလို့တွေးမိပြန်တော့ ထိုလူသားကိုတကယ်ကျေးဇူးတင်မိတယ်။
ခင်ဗျားလေးအပေါ်မှာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ဂရုတစိုက်ချစ်ပေးခဲ့တဲ့အတွက် ... ။
@L4L
2
47
လိုက်ဖက်ညီသော ...
Особисте
ခင်ဗျားလေးက ကလေးဆိုးကြီးတစ်ယောက်လိုပဲ ... ချစ်ဖို့ကောင်းအောင်ဂျီကျတတ်လွန်းတယ်။
လိုက်ဖက်လွန်းစွာနဲ့ပဲ ကျွန်တော်ကလည်း ခင်ဗျားလေးပူဆာသမျှကို ဖြည့်ဆည်းပေးချင်တဲ့လူသားတစ်ယောက်ဖြစ်နေခဲ့တယ်။
@L4L
3
131
Вірші
Всі
No Chance
နေ့စွဲတွေကိုအသေးစိတ်မှတ်ထားတတ်တဲ့အကျင့်က ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေတာနဲ့ အတူတူပါပဲ။
ကိုယ်တန်ဖိုးထားသလို တစ်ဖက်လူကစိတ်ထဲတောင်ထည့်မထားတဲ့ခံစားချက်က တကယ်နာကျင်ရတာဗျ။
ဒါပေမဲ့ မိတ်ဆွေထက်မပိုတဲ့ဆက်ဆံရေးတစ်ခုမှာတော့ ဒီအကြောင်းအရာအတွက် ကျွန်တော့်မှာစိတ်ဆိုးပိုင်ခွင့်မရှိဘူးမဟုတ်လား ... ?
@L4L
3
0
389
" Be Happy "
သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးအပေါ်မှာ ကံကြမ္မာကဘာကြောင့်များရက်စက်ရတာလဲ ??
တောင်းဆုတစ်ခုသာပြည့်မယ်ဆိုရင် ...
ချစ်ခြင်းတွေထပ်တူကျတဲ့စုံတွဲတိုင်း ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးချင်တယ်။
ပြီးတော့ ခင်ဗျားလေးတို့နှစ်ယောက်လုံး ပျော်ရွှင်ပါစေ ... ။
@L4L
2
0
250
" ပိုးဖလံမျိုး မီးကိုတိုး "
အရင်က ပိုးဖလံကောင်လေးတွေကိုနားမလည်နိုင်ခဲ့ဘူး။
ပူမှန်းသိရက်နဲ့ ဘာလို့မီးထဲအတင်းတိုးဝင်ချင်နေရတာလဲပေါ့။
အခုတော့ ကျွန်တော်ကိုယ်တိုင် ပိုးဖလံတစ်ကောင်ဖြစ်နေခဲ့ပြီ။
နာကျင်ရတဲ့အရသာကို မူးယစ်ဆေးလိုစွဲနေမိပြီလေ။
နာကျင်စေမှန်းသိရက်နဲ့ ... ဒဏ်ရာတွေပေးနေမှန်းသိရက်နဲ့ ... အနားမှာပဲကပ်တွယ်ချင်နေတဲ့ကျွန်တော်ကလည်း ပိုးဖလံတစ်ကောင်ပဲမဟုတ်လား ... ။
@L4L
2
0
317