Вірші
ဆုံး
ရင်ခွင်နွေမှာအချစ်တို့ဟူသည်
ပူပြင်းကာနေဆယ်စင်းနှယ် ။
မျက်ရည်မိုးမှာ အလွမ်းတို့သည်ကား
ပင်လယ်ပြင်အလား စိုစွတ်လို့ရယ် ။
နှလုံးသားဆောင်းမှာ ရင်ခုန်သံတစ်ချို့
တိတ်ဆိတ်ကာအေးစက်စက် မခဲရုံတမယ် ။
အလွမ်းညတွေကို တစ်ဆစ်ချင်းလက်ချိုးလို့ရေ
မိနစ်ပင်မခြားနံပါတ်စဥ်အား မေ့သွားခဲ့လေပြီ ။
အတွေးဆိုတဲ့ မဟူရာလမ်းအား သက်ပြင်းသံအကြိမ်ကြိမ်ဖြင့် လျှောက်လှမ်းလာရင်းပေါ့ ။
ရှေ့မှာအိုဟောင်းနေတဲ့ အတိတ်ဆိုတဲ့အိမ်
" ပျောက်ဆုံးခြင်း " ဟူသည့်ကား ကိုယ့်ရဲ့ဘဝ
နေပါအုန်းတစ်ခုကျန်သေးတယ် ။
အနာဂတ်ဆိုတဲ့ ဘူးဟောင်းလေးကို
ဖွင့်ကြည့်မိတော့ ဟော . . . . . တွေ့ပါပြီ
" မင်းဆိုတဲ့မျှော်လင့်ချက်လေး " ။ ။
𖧷 𝑴𝑰𝑲𝑼 𖧷
4
0
706