အတွေးနယ်
ချောင်ပိတ်မိနေတဲ့လူတစ်ယောက်လိုပဲ
ဟိုပြေးလည်း မလွတ် ဒီပြေးလည်းမလွတ်။
အတွေးနွံထဲ ဝဲချာချာလည်
စိတ်တွေ အညစ်ရောင်ပြောင်းရာမယ်
ချမိလိုက်တဲ့ သက်ပြင်းတွေက
ရေတွက်မရနိုင်တယ်။
အဆုံးသတ်က ဘာဖြစ်မယ်ဆိုတာ မသိ
ဘာတွေဆက်ဖြစ်လာအုံးမလဲ ကြိုမသိ
အို မသိခြင်းပေါင်းများစွာနဲ့
ဘဝရယ်ပါ။
တိမ်တွေလိုပဲ
ပျောက်ကွယ်သွားရင်ကောင်းမယ်။
2021-11-24 15:38:52
1
2