မိတ်ဆက်
မိတ္ဆက္
Chapter 1 (U)
Chapter 1 (Z)
Chapter 2 (U)
Chapter 2 (Z)
Chapter 3 (U)
Chapter 3 (Z)
Chapter 4 (U)
Chapter 4 (Z)
Chapter 3 (U)
10.

"မသင့်လျော်ပါဘူး။ ဒီနှိမ့်ပါးတဲ့ အရာခံရဲ့အိမ်က ရိုးရှင်းပြီးအဆင့်နိမ့်ပါတယ်။ မင်းသားကိုးကို မလျော်ကန်ပြုမိမှာ စိုးရွံမိပါတယ်" ယန်တာ့ရန်ပြောလိုက်သည်။

ရှောင်ဝမ်ရယ်မှာ တခဏမည်သည့်စကားမျှမဆိုခဲ့။

အကြောင်းရင်းမှာ ယန်တာ့ရန်ရဲ့စကားများမှာနှိမ့်ချလွန်းသဖြင့်ပင်။ ယန်မိသားစု၏ဘိုးဘေးများမှာ အရေးပါလှသည့် နိုင်ငံ့ဦးသျှောင်မှူးကြီးမတ်ရာများဖြစ်ကြ၏။ သူ၏ဖခင် ယန်တာ့ရန်အိုကြီးမှာလွန်ခဲ့သောနှစ်များတွင်အငြိမ်းစားယူခဲ့ပြီး နိုင်ငံ့သစ္စာဆက်လက်စောင့်ထိန်းသောအနေဖြင့် သူ၏တစ်ဦးတည်းသောသားလေးကို နန်းတော်ထဲပို့ခဲ့၏။

ယန်အိမ်တော်မှာ ရိုးရှင်းကာအဆင့်မနိမ့်ပေ။ ပစ္စည်းဥစ္စာပေါကြွယ်သောမိသားစုဟုပင်ပြောနိုင်သည်။ မင်းသားတစ်ပါးတစ်ညတာတည်းခိုလို့ ပြသနာတစ်စုံတရာမရှိနိုင်။

သို့သော်လည်း ယန်တာ့ရန်မှာ ဤအခြင်းအရာကိုမသင့်လျော်ဟုယူဆကာ ရှောင်ဝမ်ရယ်အား နန်းတော်သို့ပြန်လည်ပို့ရန်သာစိုင်းပြင်းနေ၏။

ရှောင်ဝမ်ရယ်မှာလည်း ထိုသို့အလိုမရှိ။ အိမ်တော်တံခါးမုခ်ရှိကြက်သွေးနီရောင်တိုင်လုံးကိုဖက်တွယ်ထား၏။

ယန်တာ့ရန်လည်း မျက်မှောင်ကြုတ်ကာ မည်သို့ဆက်လုပ်ရမည်မသိဖြစ်ပြီး ခေါင်းများပင်ကိုက်လာတော့သည်။

ထိုအချိန်မှာပင် အိမ်တော်ထိန်းကြီး တံခါးဖွင့်ကာထွက်လာ၏။ ထိုသူပြုံးကာပြောလိုက်သည် "စကားသံတွေကြားနေပါတယ်လို့ တာ့ရန်ပြန်ရောက်နေတာပဲ။ အိုးးး ဒီသခင်လေးက ဘယ်သူများလဲ"

ယန်တာ့ရန် မျက်နှာထားတည်တည်ဖြင့် "ကျွန်တော်ခေါ်လာတာပါ"

ရှောင်ဝမ်ရယ် နှုတ်ခမ်းဆူကာမကျေမနပ်ဖြင့် ခပ်တိုးတိုးရေရွတ်လိုက်၏ "ကျွန်တော့်လိုချစ်စရာကောင်းတဲ့သူ ဘယ်နေရာမှာများခေါ်လို့ရလို့လဲ"

သို့သော်လည်း အိမ်တော်ထိန်းကြီးမှာအလေးအနက်ဖြင့် ဘယ်အိမ်တော်မှသခင်လေးလမ်းပျောက်လာသလဲဟုမှတ်ယူကာ ရှောင်ဝမ်ရယ်အားလှိုက်လှိုက်လှဲလှဲကြိုဆိုလေ၏။

ယန်တာ့ရန်လည်း တားဖို့နောက်ကျသွားပြီး မတတ်သာသည့်အဆုံး အစေခံများအား ရှောင်ဝမ်ရယ်အတွက် ဧည့်သည်ခန်းရှင်းပေးရန်သာစေခိုင်းလိုက်ရ၏။ နောက်နေ့မနက်မှ နန်းတော်ပြန်ခေါ်သွားရန်စီစဥ်လိုက်သည်။

11.

ရှောင်ဝမ်ရယ်မှာ ဒီအသက်ဒီအရွယ်ရောက်သော်လည်း ညဘက်နန်းတော်အပြင်ထွက်သည်မှာ ပထမဆုံးပင်။ စိတ်လှုပ်ရှားကာ တစ်အိမ်လုံးလှည့်ပတ်ကြည့်ရှုနေ၏။ ထို့နောက် ရွှင်မြူးသဘောကျစွာ ဗီဒိုထဲဝင်ပြီးတူတူပုန်းတိုင်းကစားလိုက်သေးသည်။

သို့သော်လည်း တအောင့်ကြာသော် မည်သူမှလာမရှာသည်ကိုသတိရပြီး ပျင်းလာပြန်၏။

ပြောရလျှင် သူ ညသန်းခေါင်ရောက်သည်အထိ လုံးဝမအိပ်ချင်သေး။

.

သူ၏အခန်းမှာ ယန်တာ့ရန်နှင့်ဘေးချင်းကပ်ပင်။ နံရံလေးတချပ်သာခြားထားသည်။ အိပ်မပျော်သော ရှောင်ဝမ်ရယ် ယန်တာ့ရန်အခန်းတံခါးကိုခေါက်လိုက်၏။

ယန်တာ့ရန်မှာလည်း မအိပ်သေး။ အိပ်ယာပေါ်ကျောမှီကာ ကျောက်စိမ်းတံဆိပ်ပြားကို ဂရုတစိုက်ကြည့်ရှုနေ၏။ တံခါးခေါက်သံကြားသောအခါ ထကာတံခါးဖွင့်လိုက်သည်။

ယန်တာ့ရန်မှာ နေ့ဘက်ဝတ်သော အပေါ်ဝတ်ကိုချွတ်ထား၏။ ယခု သူအတွင်းဝတ်ခပ်ပါးပါးတစ်ထည်သာဝတ်ထားပြီး သူ၏ပိန်သွယ်သောခါးနှင့် ရင်ဘတ်မှကြွက်သားအမြောင်းလိုက်မှာ ထင်ရှားပေါ်လွင်နေ၏။

ထိုအခြင်းအရာကိုမြင်လိုက်ရသောအခါ တံခါးအပြင်မှရှောင်ဝမ်ရယ် မသိလိုက်မသိဘာသာ တံတွေးမျိုချလိုက်သည်။

ယန်တာ့ရန်မှာ အနှောင့်ယှက်ခံရသည့်ပုံပေါ်နေကာသူ၏အသံမှာလည်းစိတ်မရှည် "မင်းသားကိုး တခြားဘာကိုများလိုအပ်လို့ပါလဲ"

ရှောင်ဝမ်ရယ်ခေါင်းလေးကျုံ့သွားကာအသံတိုးတိုးဖြင့်မေးလိုက်သည် "ကျွန်တော်အိပ်မပျော်လို့ ယန်ကောကောကျွန်တော်နဲ့လာအိပ်ပေးလို့ရမလား?"

"အိပ်မပျော်ရင် နန်းတော်ကိုပြန်ပို့ပေးမယ်!" ယန်တာ့ရန် ခြိမ်းခြောက်လိုက်၏။

ထိုစကားကြားကြားချင်း ရှောင်ဝမ်ရယ်ဧည့်သည်ခန်းသို့လျှင်မြန်စွာပြန်ပြေးပြီး တံခါးကိုစေ့စေ့ပိတ်လိုက်၏။

ရှောင်ဝမ်ရယ် မျက်လုံးပိတ်ကာ အိပ်ရာပေါ်လှဲလျောင်းရင်း သူ၏ နှလုံးသားလေးမှာလည်းတဒိတ်ဒိတ်ခုန်နေ၏။ ယန်တာ့ရန်၏ အပြုအမူမှာ အနည်းငယ်ခက်ထန်နေသယောင်ခံစားရသည်။

ရှောင်ဝမ်ရယ်တွေးလိုက်သည် ခက်ထန်နေလည်း ချောမောတုန်းပဲ...

ထိုအကြောင်းတွေးရင်း သူ့၏စိတ်မှာ အမှတ်တမဲ့ ယန်တာ့ရန်၏ ဝတ်စုံပြည့်ဖြင့်အားကောင်းမောင်းသန်သောခန္ဓာကိုယ်ဆီရောက်သွားပြီး တဖန် နေ့လယ်က အကြင်သူ၏လက်မောင်းထဲဖက်ထားခံရသည့် ခံစားချက်ကိုပြန်လည်စဥ်းစားမိသွား၏။

ရှောင်ဝမ်ရယ်နှလုံသားခုန်နှုန်းမှာ ရုတ်တရက်ပို၍မြန်ဆန်လာသည်။ သူ၏မျက်နှာပင်ပူကျပ်နေရုံမက သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာလည်း ထူးဆန်းသည့်ခံစားမှုမျိုးဖြင့်ထကြွလာ၏။

12.

နောက်တစ်ရက်မနက်နိုးသောအခါ သူ၏ဘောင်းဘီမှာစိုစွတ်ကာတစ်စုံတရာဖြင့်စေးကပ်နေသည်ကိုရှောင်ဝမ်ရယ်တွေ့လိုက်ရ၏။

ထိုအရာမှာဘာဖြစ်မှန်းရှောင်ဝမ်ရယ်မသိသော်လည်း ပြောကောင်းသည့်အရာမဟုတ်သည်ကိုတော့နားလည်ပေသည်။ ထို့ကြောင့် သူလည်းရှက်ရွံ့စွာဖြင့် အောက်ပိုင်းကိုကိုယ်တိုင်သန့်ရှင်းလိုက်ပြီး ယန်အိမ်တော်မှအစေခံမလေးသူ့အားအင်္ကျီလဲပေးရန်စောင့်ဆိုင်းနေသည်ကိုအဝင်မခံခဲ့။

သူ့ကိုယ်သူသန့်စင်ပြီးမှသာ တံခါးကိုဖွင့်လိုက်သည်။ ယန်တာ့ရန် တံခါးအပြင်တွင်စောင့်နေ၏။ "မင်းသားကိုးအတွက်အထမ်းယာဥ်ပြင်ပြီးပြီ၊ ကျွန်တော်တို့ အဆင်သင့်ထွက်လို့ရပြီ"

ယန်တာ့ရန် မ​နေ့ညကလို စိတ်မရှည်မဖြစ်၊ ယခင်အတိုင်းတည်တည်ငြိမ်ငြိမ်ပြန်ဖြစ်နေ၏။

သို့ပေမယ့် ရှောင်ဝမ်ရယ်မှာကပြာကသီဖြစ်နေပြီး ထိုအချင်းအရာကိုသတိမထားမိ။ ယန်တာ့ရန်ဘေးမှအမြန်ဖြတ်လျှောက်ကာ အထမ်းယာဥ်အတွင်းသို့ လျင်မြန်စွာဝင်ထိုင်လိုက်၏။

ယန်တာ့ရန်မှာ ချော့မော့နှစ်သိမ့်ရန်ပြင်ထားသော်လည်း ကြည့်ရတာမလိုအပ်တော့သည့်ပုံ။ လွယ်လွယ်ကူကူ အဆင်ပြေသွားသည်ကိုပင် အံ့အားသင့်သွားသည်။

© Nancy N,
книга «Little Nine | ဘာသာပြန်».
Коментарі