မိတ်ဆက်
မိတ္ဆက္
Chapter 1 (U)
Chapter 1 (Z)
Chapter 2 (U)
Chapter 2 (Z)
Chapter 3 (U)
Chapter 3 (Z)
Chapter 4 (U)
Chapter 4 (Z)
Chapter 4 (U)
13.

'ပုလဲ'ဟုအမည်ရသော အစေခံမိန်းမငယ်လေးမှာ ရှောင်ဝမ်ရယ်၏ အိပ်ခန်းဆောင်ရှေ့တွင် တညလုံးထိုင်စောင့်နေ၏။ မကြည်မသာဖြင့်ပြန်ရောက်လာသော ရှောင်ဝမ်ရယ်ကိုမြင်လိုက်ရသည့်အခါ စိုးရိမ်ပူပန်စွာ ငိုချလိုက်တော့သည်။

"မင်းသား အပြင်မှာညအိပ်မယ်ဆိုတာ ဘာလို့ကျွန်တော်မျိုးမတို့ကိုပြောမသွားတာလဲ? အားလုံးစိတ်ပူနေကြလို့ အိပ်မပျော်ကြဘူး" ပုလဲသည် ရှောင်ဝမ်ရယ်နောက်လိုက်ကာမကျေနပ်ချက်များကိုတိုင်တောရင်းမျက်ရည်များကိုသုတ်လိုက်၏။

ရှောင်ဝမ်ရယ် သူ့စကားများကိုစိတ်မပါလက်မပါနားထောင်ကာ "အင်း"ဟုသာ ဝတ်ကျေတမ်း​ကျေဖြေလိုက်သည်။ သို့ပေမယ့် ပုလဲမှာ အမှန်တကယ်စိတ်ပူကာစကားများသာတရစပ်ပြောနေလေ၏။

"အရှင် နောက်ဒီလိုလုပ်လို့မရဘူးနော်။ အရှင်ကမင်းသားတစ်ပါးလေ။ ဘာလို့ဒီလိုပေါ့ပေါ့တန်တန်နေရတာလဲ? နန်းတော်အပြင်မှာ မကောင်းတဲ့လူတွေအများကြီးပဲ။ အရှင့်ကိုသာ အဓမ္မလုယက်ကြရင် ဖြစ်လာမယ့်အကျိုးဆက်ကို ဆိုးလွန်းလို့တွေးတောင်မတွေးရဲဘူး..."

ရှောင်ဝမ်ရယ်၏အတွေးကိုတခြားအရာတစ်ခုက စိုးမိုးထားပြီးဖြစ်၏။ သို့သော် လက်ရှိမှာ နားပူနားဆာ လုပ်ခံနေရသောကြောင့် ငြိမ်းချမ်းစွာမစဥ်းစားနိုင်။ သက်ပြင်းချလိုက်ကာ ဤအစေခံမလေး ဘယ်လိုလုပ်များဒီလောက်တကျည်ကျည်ပြောနိုင်ရတာလဲ။ ရှေ့လျောက် ဒီကလေးမတော့အိမ်ထောင်ပြုဖို့ခက်တော့မှာပဲ ဟုတွေးပူလိုက်၏။

တစ်ဖက်မှာလည်း ပုလဲကတွေးနေ၏၊ မိမိမှာအိမ်ထောင်မပြုရသေးသော်လည်း မိခင်တစ်ယောက်၏နှလုံးသားရှိသည်။ အနာဂတ်မှာမွေးလာသည့်ကလေးများအားကြပ်ကြပ်မတ်မတ်သွန်သင်ဆုံးမပြီး ခင်ပွန်းသည်၏မိသားစုမှအသိမှတ်ပြုခြင်းခံရပေမည်။

14.

ပုလဲကိုချော့မော့လိုက်ပြီး ရှောင်ဝမ်ရယ်အခန်းထဲသို့တိတ်တဆိတ်ဝင်ကာ ထိုအရာများခြောက်သွေ့နေပြီဖြစ်သော ဘောင်းဘီကိုလဲလိုက်၏။

ထို့နောက် ပျင်းရိစွာပြတင်းပေါက်ကိုခေါင်းမှီရင်း လှဲလျောင်းကာတောင်တောင်အီအီကြည့်နေ၏။

ညကမည်သည့်အိပ်မက်မက်ခဲ့သည်ကို ရှောင်ဝမ်ရယ်မမှတ်မိတော့။ သူမှတ်မိသည်မှာ ထိုအိပ်မက်ထဲမှ သူ၏ရင်ဘတ်ကိုပေါက်ထွက်စေလောက်သည့် ရင်ခုန်ခြင်းနှင့်ဆန္ဒများသာ...။ ထိုခံစားချက်မှာ အတော်လေးရင်းနီးမှုမရှိကာ သူ့အားထိတ်လန့်တုန်လှုပ်စေသည်။

ပြည့်စုံချမ်းသာသည့်ဘဝတွင် အပူအပင်မရှိနေခဲ့ရသောရှောင်ဝမ်ရယ် ဒီအသက်အရွယ်ရောက်သည်ထိ ဤသို့စိတ်သောကရောက်ရသည်မှာပထမဆုံးပင်။ တစ်ယောက်ယောက်ကို အလွန်အမင်း​တိုင်ပင်ချင်လှသော်လည်း မည်သူ့ကိုပြောရမည်မသိ။

ရှောင်ဝမ်ရယ်တွင်မိခင်မရှိတော့ချေ။ သူ၏မွေးမိခင်မှာ ဧကရာဇ်ဟောင်း၏အနှစ်သက်ဆုံး ကိုယ်လုပ်တော်တစ်ဦးပင်။ သို့သော် ရှောင်ဝမ်ရယ်အားမွေးဖွားပြီးပြီးချင်းသေဆုံးသွားခဲ့၏။ ထိုအချိန်မှစ၍ ဧကရာဇ်အိုကြီး ရှောင်ဝမ်ရယ်အပေါ် ချစ်ခင်ကြင်နာမှုအလုံးစုံပေးအပ်ခဲ့သည် ။

ဧကရာဇ်အိုကြီးမှာ သူ့အားလွန်စွာချစ်သော်ငြား ဤအရေးကို မပြောသင့်ကြောင်းကိုတော့အလိုလိုနားလည်သည်။ ဧကရာဇ်အိုကြီးတွင် တိုင်းရေးပြည်ရေး၊ ပြည်သူပြည်သားအရေးနှင့်ပူပင်သောကများပြည့်နေပြီးဖြစ်၏၊ သူဘောင်းဘီထဲရှူးပေါက်ချသည့်ကိစ္စကြောင့် စိတ်ပူစေလို့မဖြစ်။

ရင်ဖွင့်စရာမိဘမရှိလျှင် အနီးနားဝန်းကျင်ရှိသူများကိုရှာရန်ပင်။ သို့ပေမယ့် အနှီမိန်းမစိုးသာသာအစေခံမိန်းမငယ်လေးကတော့နားလည်မည်မဟုတ်။

ရှောင်ဝမ်ရယ်စဥ်းစားကြည့်ပြီးနောက် အကိုလေး (၄) ထံသွားရန်ဆုံးဖြတ်လိုက်၏။

15.

ဤအကြောင်း​ရှင်းရလျှင် ဧကရာဇ်အိုကြီး၌ သားတော်ကိုးပါးရှိ၏။ အိမ်ရှေ့စံနှင့်ရှောင်ဝမ်ရယ်မှ လွဲလျှင် အခြားသားတော်ခုနှစ်ပါးတွင်ကောင်းမွန်သောအနာဂတ်မရှိ။

သူတို့တွင် ရှေ့ဆက်တိုးတက်ရန် မျှော်လင့်ချက်ရောအလားအလာပါမရှိချေ။ သို့ပေမယ့် အသီးသီးတွင် ကျွမ်းကျင်ရာကိုယ်စီရှိကြ၏။ ဥပမာ - မင်းသား၄သည် စာပေမှန်သမျှလေ့လာလိုက်စားသည်။ သူသည်ဗဟုသုတပေါကြွယ်၏။ စာသင်ခန်းထဲဆရာသင်ပေးသောစာမှလွဲ၍ပင်...

ရှောင်ဝမ်ရယ် မင်းသား၄၏အိမ်တော်တွင် ထိုင်နေရင်းတည်ခင်းထားသောရေနွေးကြမ်းကိုတစ်ကြိုက်သောက်ကာ သူ့အားစိတ်အနှောင့်အယှက်ပေးနေသောအမှုကိုဖြေရှင်းနိုင်မည့် အကိုတော်၏အဖြေကိုစောင့်နေ၏။

အကို၄ နည်းနည်းလောက်နားထောင်ပြီးရယ်လိမ့်မည်ဟုမည်သူကထင်မည်နည်း။

"ကြည့်ရတာ ငါတို့ရှောင်ကျိုးလေးတောင်အရွယ်ရောက်လာပြီပဲ" အကို၄ကပြောရင်းထရပ်ကာ ရှောင်ဝမ်ရယ်ခေါင်းကိုဖွဖွပုတ်လိုက်ပြီး "လမ်းလျှောက်ရအောင်၊ အကိုကြီးမင်းကို ကမ္ဘာကြီးကိုမြင်ရအောင်ခေါ်သွားပေးမယ်"

ရှောင်ဝမ်ရယ်ကမ္ဘာကြီးကိုကြည့်ရန်ဘယ်ကိုသွားရမည်မသိ၊ သွားရမည့်နေရာကိုမသိသဖြင့် ခေါင်းငြိမ့်ကာ မင်းသား၄၏ရထားလုံးဖြင့် နန်းတော်အပြင်သို့လိုက်လာသည်။

သူတို့နန်းတော်မုခ်တံခါးအပြင်ရောက်သည်နှင့် ဧကရာဇ်ငယ်လေး၏ရထားလုံးနှင့်ဆုံလေသည်။ ယန်တာ့ရန်မှာရထားလုံးအရှေ့တွင်ထိုင်နေ၏။ ဧကရာဇ်ငယ်လေးလိုက်ကာကိုမ,ပြီး တစ်စုံတစ်ရာပြောလိုက်သောအခါ ယန်တာ့ရန်မှာမျက်နှာပေါ်စိတ်ရှုပ်သောအမှုအရာမပါပဲနာခံစွာခေါင်းငြိမ့်လိုက်သည်။

ရှောင်ဝမ်ရယ်မှာမနေနိုင်စွာ တစ်ချက်ဝေ့ကြည့်လိုက်သောအခါ ယန်တာ့ရန်ခေါင်းမော့သည်နှင့်ကြုံပြီးမျက်လုံးချင်းဆုံသွား၏။ ရှောင်ဝမ်ရယ်ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။

16.

ရှောင်ဝမ်ရယ်နှင့် မင်းသား၄ အဝတ်အစားလဲကာရုပ်ဖျက်ပြီး ဆောင်းဦးပျော်စံရာဟူသောဂေဟာသို့ဝင်သွားကြ၏။

ဤသည်မှာ ဆောင်ကြာမြိုင်ပင်...။

မင်းသား၄သည် ဖောက်သည်ဖြစ်၏။ နာမည်အကြီးဆုံးအပျော်မယ်လေးကိုဖက်ရင်း ရှောင်ဝမ်ယဲ့ကျောကိုပုတ်ကာပြောလိုက်သည် "အိုး ရှောင်ကျိုး ရှက်မနေနဲ့။ ဒီနေ့ အကိုတော်မင်းကို ယောက်ျားတစ်ယောက်ဖြစ်ရတဲ့အရသာကိုမြည်းစမ်းခိုင်းမယ်"

ရှောင်ဝမ်ယဲ့မှာ တကယ်ပင်နားမလည်ခဲ့။ ကျဲကျဲလှလှလေးများကြားထဲရောက်နေပြီး ​ဘာလုပ်ရမည်မသိဖြစ်ကာ ကြောင်တောင်တောင်ကြည့်နေ၏။

မိန်းမပျိုလေးများမှာရယ်မောရင်း သူ၏လှပသောမျက်နှာလေးကိုတို့ဆိတ်ကာ စ,နောက်နေကြသည်။ "သခင်လေး ဘာလို့ဒီလောက်ရှက်နေတာလဲ? မကြောက်ပါနဲ့ ကျဲကျဲတို့ကကိုက်မစားပါဘူး"

စူးရှသည့်ပေါင်ဒါရနံပြင်းပြင်းက အလုံးအရင်းဖြင့် နှာခေါင်းဝတွင်တဝဲလည်လည်...။ ရှောင်ဝမ်ရယ်နှာချေလိုက်ကာ နှာတရှုံ့ရှုံ့ဖြင့် အကို၄အားလာရှာမိသည်ကိုနောင်တရနေ၏။

နံဘေးရှိမိန်းမပျိုလေးမှမေးလိုက်၏။ "သခင်လေးမှာ ကြိုက်နေတဲ့သူရှိလား"

ရှောင်ဝမ်ရယ် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ " ကြိုက်တယ်ဆိုတာဘာကိုပြောတာလဲ?"

မိန်မပျိုလေးများတခစ်ခစ်ရယ်မောကြပြန်သည်။ ရှောင်ဝမ်ရယ်အားမှီတွယ်ရင်း "လွယ်လွယ်ပြောရရင် သခင်လေးအတူတူအိပ်ချင်တဲ့သူပေါ့"

ထိုစကားကိုကြားလိုက်သောအခါ ရှောင်ဝမ်ရယ်၏ နှလုံးသားရုတ်တရက်ပေါက်ထွက်သွားမယောင်...။ ထိုအခိုက်အတန့်တွင် ရက်အတန်ကြာသူ့နှလုံးသားထဲ ရစ်ပတ်တွယ်နေသောပဟေဠိကို နားလည်သလိုဖြစ်လာ၏။ သူရုတ်တရက် ထိုညအိပ်မက်ထဲမှထိုသူကိုသတိရသွားသည်။

"ဝိုးးး ကြည့်ရတာ သခင်လေးမှာ ချစ်ရတဲ့သူရှိတယ်ထင်တယ်! ဘယ်လိုမိန်းကလေးလည်းဆိုတာ ကျဲကျဲတို့ကိုပြောပါအုံး"

ရှောင်ဝမ်ရယ်လက်ဖဝါးမှာချွေးများပင်ရွှဲလာ၏။ မျက်နှာကြီးနီရဲကာ တခါတည်းအမှန်အတိုင်း​ဖွင့်ပြောလိုက်သည် "သူ သူကအရပ်တော်တော်ရှည်တယ်"

"သူ့ ခန္ဓာကိုယ်ကရော" (သူ, သူမ အသံထွက်ဆင်တူသည်)

ရှောင်ဝမ်ရယ် သေချာစဥ်းစားကာပြောလိုက်၏ "ရင်ဘတ်ကအကြီးကြီးပဲ"

မိန်းမပျိုလေးများဆူဆူညံညံလုပ်ကြပြန်သည် "အိုက်ယိုး တို့မကြားဘူးလို့မှတ်လိုက်မယ်။ သိပ်ရှက်ဖို့ကောင်းတာပဲ"

ထိုအချိန် ရုတ်တရက်ဘေးအခန်းတံခါးမှာအပြင်မှအကန်ခံရသောကြောင့်ပွင့်သွား၏။ လေထုမှာခဏတာတိတ်ဆိတ်သွားသည်။ လူအားလုံး အထိတ်တလန့်ကြည့်လိုက်ရာ ဓားတစ်ချောင်းကိုင်ဆောင်ထားပြီး သုန်မှုန်နေသောမျက်နှာဖြင့် အခန်းတံခါးအပြင်တွင်ရပ်နေသော နန်းတွင်းကိုယ်ရံတော်ကိုတွေ့လိုက်ရ၏။

အရပ်ရှည်ထွားကြိုင်းကာ ရုပ်ရည်ချောမောသည့် ကိုယ်ရံတော်...

ပြီးတော့ ရှောင်ဝမ်ရယ်ပြောသလို သူ့ရင်ဘတ်မှာအမှန်တကယ်အကြီးကြီးပင်...

© Nancy N,
книга «Little Nine | ဘာသာပြန်».
Коментарі