HE
အစ်ကို့အပြုံးတွေကဖြူစင်တယ်
မာယာတွေမပါဘူး
အစ်ကို့အတွေးတွေ
အစ်ကို့စကားတွေက ရိုးသားတယ်
ဟန်ဆောင်လိမ်လည်မှုတွေမပါဘူး။
ကျွန်တော့်အတွက်တော့ အစ်ကိုက
အမြဲငေးကြည့်နေရတဲ့ ပန်းချီကားတစ်ချပ်လေးလိုပါပဲ။
ဖြစ်နိုင်ရင်တော့
အချစ်တွေထပ်တူကျချင်တယ် အစ်ကိုရယ်
ထပ်တူမကျခဲ့ရင်တောင်
လိုတာပိုတာတွေ ကျွန်တော်ထပ်ဖြည့်ပြီး
အစ်ကို့အနားမှာရှိနေချင်တဲ့စိတ်လေးက
အစ်ကိုမမြင်နိုင်တဲ့
ကျွန်တော့်ဆန္ဒလေးပေါ့။
တကယ်ပါ
ကျွန်တော်လေ အစ်ကို့အပေါ်မှာ
အတ္တကင်းတဲ့ချစ်ခြင်းမျိုးနဲ့မြတ်နိုးမိတာရယ်...
2021-11-24 18:06:00
1
0