You & I
ဖုန်းcontactတွေထဲမှာ
deleteလုပ်ထားပေမယ့်လည်း
ခင်ဗျားဖုန်းနံပါတ်လေးက
ကျွန်တော်ဘယ်တော့မှမမေ့မယ့်
တစ်ခုတည်းသောဖုန်းနံပါတ်လေးပေါ့
ခင်ဗျားဘက်ကဆက်သွယ်တာကို
မမျှော်လင့်ခဲ့ပေမယ့်
ခင်ဗျားအသံလေးကြားရတော့လည်း
စိတ်တွေကဂယောက်ဂယက်ပါပဲ
အဆင်ပြေရဲ့လားတဲ့
စိတ်ပူလို့လားလို့တော့
ပြန်မမေးဖြစ်တော့ပါဘူး
ကျွန်တော်တို့နှစ်ယောက်က
ဘယ်တော့မှပြန်နီးစပ်နိုင်မယ့်သူတွေမှ
မဟုတ်တော့တာ...
2021-07-04 17:04:41
2
0