Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 2

ဒဏ်ရာရထားတဲ့ကြောင်လေးဟာ
တစ်ကိုယ်လုံးအနက်ရောင်ဖြစ်နေတာကြောင့်
ဘယ်လောက်ထိဒဏ်ရာတွေရထားမှန်းမသိပေ

မိုရယ်ရဲ့ပွေ့ချီခြင်းကိုခံထားရတဲ့ကြောင်လေးဟာ
မိုရယ်ကိုမော့ကြည့်ပြီး မျက်လုံးများ မှေးမှိတ်သွားလေသည်

အပြာရင့်ရောင်ဝတ်ဆင်လေ့ရှိတဲ့မိုရယ်ဟာ
ထူးဆန်းစွာ ဒီနေ့ကျမှ အဖြူရောင်ကိုဝတ်ဆင်ထားတယ်

ကြောင်လေးဆီကနေထွက်တဲ့သွေးတွေဟာ
အဖြူကိုအနီရောင်ဖြစ်စေတယ်

မိုရယ်ကအိပ်ဆောင်ထဲကိုခေါ်သွားတယ်
အိပ်ရာခင်းပေါ်သေချာတင်ပေးပြီး
သမားတော်ကိုအခေါ်လွှတ်တယ်.

ဖျားနာခဲတဲ့မိုရယ်က
သမားတော်ပင့်တာကြောင့်
အထူးအဆန်းဖြစ်နေကြတယ်

နောက်တော့မှသူတို့သိလိုက်ရတာက
ကြောင်လေးတစ်ကောင်အတွက်သမားတော်ခေါ်ခြင်း

တစ်ကိုယ်လုံးအပြည့်ဒဏ်ရာတွေကို
ဆေးထည့်ပေးပြီး
နောက်နေ့တွေမှာဆေးထည့်ဖို့အတွက်
သမားတော်ကဆေးတွေပေးခဲ့တယ်

လူတစ်ယောက်သူ့အရှေ့သေတာတောင်
မျက်နှာမပျက်တဲ့မိုရယ်က
ကြောင်တစ်ကောင်ကိုအလွန်အမင်း
စိတ်ပူပန်နေတယ်

ဒါဟာထူးဆန်းဖြစ်စဉ်ပဲ

မိုရယ်ကဘာမှကိုသတိမထားမိဘူး
သူသိတာက ကြောင်လေးအမြန်ဆုံးသက်သာလာဖို့

နေ့ရက်တိုင်းလိုလို မိုရယ်ဟာ
တစ်ယောက်ထဲပျင်းရိစွာဖြတ်သန်းရတယ်

ထန်တိုင်းပြည်ထဲတွင်
သူ့အတွက်နေစရာနေရာမရှိပေ
အင်အားမရှိတာကြောင့်လား
စစ်ရေးမှာမကျွမ်းကျင်လို့လား
တစ်ခုမှမဟုတ်ပေ

ထန်မင်းကြီးကမျက်မုန်းကျိုးနေသောကြောင့်ပေ
သူ့အချစ်ဆုံးမိဖုရားငယ်ဟာ
မိုရယ်ကိုရန်သူလက်မှကယ်ဆယ်ရင်း
တိမ်းပါးသွားသောကြောင့်ပေ

မွေးမိခင်ကလည်း
မိုရယ်ငယ်စဉ်ကတည်းက
ဆုံးပါးသွားခဲ့တယ်.

သူကိုယ်တိုင်က
ကံမကောင်းစေတဲ့သူလား
ထန်မင်းကြီးအားအမြင်ကြည်စေရန်
အစစအရာရာ ကြိုးစားခဲ့တယ်
နောက်ဆုံးတွင်ရခဲ့တာက
သစ္စာဖောက်တစ်ယောက်လိုအကြည့်ခံရခြင်း

နေ့ရက်တိုင်းမှာ
သူဟာလူအများရဲ့မုန်းတီးခြင်းကိုခံရတယ်

သို့ပေမဲ့လည်းသူ့ကိုကိုးကွယ်ကြပြန်တယ်
စစ်နတ်ဘုရားတစ်ပါးလို
တိုင်းပြည်ရန်ကိုကာကွယ်ပေးနိုင်တာကြောင့်

တစ်ပြိုင်တည်းမှာအမုန်းခံရသလို
ကိုးကွယ်လည်းခံရတယ်

ဒါဟာသူ့ရဲ့လည်ပတ်နေတဲ့ဘဝကြီး

အပန်းဖြေလမ်းလျောက်ထွက်နေရင်း
လဲကျနေတဲ့ကြောင်နက်လေးကို
အစေခံတွေကဝိုင်းအုံကြည့်နေတယ်

ဘယ်သူကမှအနက်ရောင်ကြောင်တွေကိုမနှစ်သက်ဘူး
သူတို့ကတိုင်းပြည်ရဲ့အယူအဆအရသေခြင်းတရားဖြစ်နေလို့

မိုရယ်ကိုကြောင်နက်လို့တင်စားခေါ်ကြတယ်.
မိုရယ်ကအလေးထားခြင်းမပြုခဲ့ဘူး

လဲကျနေတဲ့ကြောင်အနားကို
ဘယ်သူမှမကပ်ရဲဘူး
သူတို့ကကံဆိုးမှုတွေကိုလက်မခံချင်ကြဘူး

မြင်မြင်ချင်းပင်ကြောင်လေးအား
ပွေ့ချီစိတ်တွေဖြစ်ပေါ်လာတယ်
အလျင်အမြန်ကောက်ပွေ့လိုက်တော့
အနားမှာရှိနေတဲ့ လိရွှမ်းကတားတယ်

လိရွှမ်းကမိုရယ်ရဲ့သက်တော်စောင့်
တစ်နည်း သူ့ကိုနားလည်ပေးနိုင်တဲ့
တစ်ဦးတည်းသောသူ.

ဒဏ်ရာများစွာနဲ့အိပ်နေတဲ့ကြောင်လေးက
နိုးလာတယ်
ချက်ချင်းထရန်ပြင်နေသောကြောင့်
ခပ်ဖွဖွလေးဖမ်းထားလိုက်တယ်

ခပ်စူးစူးကြည့်တဲ့အကြည့်တွေက
ကြောင်တစ်ကောင်နဲ့တောင်မတူဘူး

ဒီအကြည့်တွေကသူ့ကိုစိတ်ဝင်စားမှုအများကြီးပေးတယ်
သူလွတ်လပ်စွာရယ်မောမိတယ်

ဘယ်သူမှသူ့ကိုမကြည့်ရဲဘူး
မျက်လုံးချင်းဆုံမိရင်တောင်ရွံသလိုနဲ့
ရှောင်ပြေးသွားကြတာ

ဒီကြောင်လေးကတော့မတူ..
အော်.ကြောင်နဲ့လူတွေကိုနှိုင်းယှဉ်မိနေတာလား

သူထပ်မံရယ်မောမိတယ်
သူဘယ်အချိန်တုန်းကနောက်ဆုံးရယ်မောခဲ့လည်းတောင်
မမှတ်မိဘူး..အဲ့လောက်ထိသူ့ရဲ့ငယ်ဘဝက
ဆိုးဝါးခဲ့တယ်.

"မင်းကဘယ်ကိုသွားချင်နေတာလဲ."

တင်ပျဉ်ခွေထိုင်လိုက်ပြီး
ကြောင်ကိုပေါင်ပေါ်တင်ထားတယ်

လက်တစ်ဖက်ကပွေ့ဖက်ထားပြီး
ကျန်တစ်ဖက်ကခေါင်းလေးကိုပွတ်ပေးမိတယ်

ကြောင်လေးရဲ့လက်တစ်ဖက်က
သူ့လက်ကိုပြန်ဆွဲချတယ်

သူမကြိုက်ဘူးဆိုတဲ့သဘောနဲ့

"တော်တော်ကိုသိတဲ့ကြောင်လေးပါလား."

"မင်းမှာနာမည်ရှိလား."

ခပ်စူးစူးကြည့်ပြီးငြိမ်နေတယ်

"ငါကမင်းကိုနာမည်ပေးမယ်
မင်းကိုငါကယ်ထားရတာ.
မင်းမှာသခင်ရှိလောက်မယ်လို့မထင်ဘူး
တကယ်လို့ရှိခဲ့ရင်လည်းသူ့ဆီကနေပြန်ဝယ်လိုက်မယ်
မင်းကဒီနေ့ကစပြီးငါ့အပိုင်ဖြစ်သွားပြီ."

ကြောင်လေးကတော့ရုန်းလို့မရမှန်းလည်းသိရော
မိုရယ်ပေါ်မှာငြိမ်ငြိမ်လေးမှေးနေတယ်

"ပိုင်ဝူ."

"လှမယ်လို့ထင်တယ်.မင်းရော."

တစ်လောကလုံးကိုမျက်ကွယ်ပြုထားတဲ့မိုရယ်ဟာ
အခုတော့ကြောင်တစ်ကောင်ရဲ့လျစ်လျူရူမှုကို
ခံစားနေရတယ်.

လိရွှမ်းသာသိရင်သူ့ကိုလှောင်မှာပဲ..

ထပ်ပြီးရယ်မောမိတယ်.ထပ်ပြီးတော့

မိုရယ်ဟာ အခုတလော
အိမ်တော်မှာပဲနေဖြစ်နေတယ်

ကြိုဆိုသူကင်းမဲ့နေတဲ့အိမ်တော်က
အရင်ကခြောက်သွေ့ဖွယ်ဖြစ်နေပေမဲ့

ပိုင်ဝူ ရှိတဲ့နေ့ကစပြီး
မိုရယ်ဟာ အိမ်ထဲမှာပဲနေဖြစ်တော့တယ်

တစ်စုံတစ်ယောက်က
သူ့အတွက်စောင့်နေသေးတယ်ဆိုတဲ့အသိက
ကြည်နူးစေတယ်

ဘုရင့်ညီလာခံတွင်
နန်းရေးအားအကြိတ်အနယ်ဆွေးနွေးတတ်တဲ့
မိုရယ်ဟာ အခုတလော
ညီလာခံတောင်မတက်တော့ဘူး

အားလုံးကအထူးအဆန်းဖြစ်နေပေမဲ့
သိပ်ပြီးအာရုံမထားကြဘူး
တိုင်းပြည်အရေးဖြစ်တဲ့အချိန်မှာပဲ
မိုရယ် ကိုသတိရတဲ့သူတွေ

မိုရယ်ကတော့
ပိုင်ဝူနဲ့အလုပ်ရူပ်နေတယ်

သူက ပိုင်ဝူကို
ဘာတွေကျွေးရမလဲမသိဘူး
အသားလေးတွေကိုချက်ပြီးကျွေးပေမဲ့လည်းမစား
အသီးအရွက်တွေကျတော့လည်း
ကြောင်တွေကမစားဘူးလို့ လိရွှမ်းကပြောတယ်

ဘီတမ်မိုရယ်ရဲ့အိမ်တော်မှာရှိတဲ့အစေခံတွေက
သူတို့ရဲ့သခင်ဂနာမငြိမ်ဖြစ်နေတာကို
ကြည့်ရင်းပျော်ရွှင်ရတယ်

ရေခဲတမျှအေးစက်တဲ့ထိုလူက
ကြောင်လေးတစ်ကောင်အတွက်
ပြေးလွှားနေတာ ရယ်ရမယ်လို့
မင်းတို့ထင်ကောင်းထင်မယ်

သူ့တို့အတွက်တော့
ဒါဟာဆုလာဘ်လိုပဲ

ဘယ်တော့မှမပြုံးမရယ်
သေလုမျောပါးဖြစ်တာတောင်
မျက်နှာတစ်ချက်မတွန့်တဲ့သူ
ခံစားချက်ကင်းမဲ့နေတဲ့သူလို့တောင်
အများကသတ်မှတ်ကြတယ်

အခုမှလူသားတစ်ယောက်လို
ကြောင်လေးရဲ့အစာအတွက်
ခံစားချက်ပေါင်းစုံဖြစ်တည်နေတဲ့ မိုရယ်

ပိုင်ဝူကတော့
ခပ်အေးအေးပဲ
တစ်အိမ်တော်လုံးကိုလျစ်လျူရူထားတယ်

သူကငြိမ်ငြိမ်လေးမှေးနေတယ်
ဝမ်ရယ်ခင်းပေးထားတဲ့မွေ့ယာလေးပေါ်မယ်

ပိုင်ဝူငြိမ်သွားရင်
ဝမ်ရယ်ဟာထိတ်ထိတ်ပျာပျာနဲ့
သူကသေသွားမှာစိုးရိမ်တယ်
ဒဏ်ရာတွေကများလွန်းတာကြောင့်ပါ

ပိုင်ဝူခမျာအိပ်ချင်ရင်တောင်
မိုရယ် သူ့ဆီရောက်လာမယ့်အချိန်ကို
စောင့်ရတယ်.

တစ်ခါ ပိုင်ဝူကကိုယ်လေးကကွေးပြီး
မှေးနေတာ.
မိုရယ်ကဝင်လာပြီး

"ပိုင်ဝူ.."

အရင်ကသူခေါ်ရင်ခေါင်းလေးပဲစောင်းကြည့်တဲ့ ပိုင်ဝူ
ကြောင်ဖြစ်သူချေတာအမြဲခံရတဲ့ မိုရယ်

အခုသူခေါ်တာကိုလှည့်မကြည့်ဘူး
ဒဏ်ရာတွေကပြင်းထန်လွန်းလို့
သေသွားတာလား

တွေ့တာတစ်ပတ်ကျော်ပဲရှိပေမဲ့
ပိုင်ဝူကိုအတော်ခင်တွယ်နေပြီ

ပိုင်ဝူကိုပွေ့ချီလိုက်တယ်
မိုရယ် နဖူးနဲ့ ပိုင်ဝူရဲ့ နဖူးကိုထိကပ်ထားတယ်

ပိုင်ဝူလက်လေးတွေကိုဆုပ်ကိုင်ထားတယ်
ပိုင်ဝူကအမြင်ကပ်စွာနဲ့ပေပြီးမလှုပ်ဘူး

မိုရယ် ပိုင်ဝူကိုဆွဲခါရမ်းလိုက်တယ်
ဖြေးဖြေးလေး.
အိပ်လို့မရတော့တာသိတဲ့အဆုံး
ပိုင်ဝူကဒေါသထွက်ပြီး
ဒေါသထွက်သလိုကြည့်တော့တာပဲ

"တော်သေးတာပေါ့ "

ကြောင်ရဲ့ဘဝဟာသနားစရာ

မိုရယ်ဟာနွားနို့လေးကိုပန်းကန်လုံးအသေးလေးထဲ
ထည့်လာတယ်

ဒါကနောက်ဆုံးနည်းပဲ
နွားနို့မသောက်ရင်သူကဘာဆက်လုပ်ရမလဲမသိတော့ဘူး

ခေါင်းလေးထောင်ကာ
ကြည့်နေတဲ့ ပိုင်ဝူကိုမြင်တော့
မိုရယ်ကပျော်ရွှင်သွားတယ်

သူလာမှာကိုစောင့်နေတဲ့သူ.

"ဒါတော့မင်းသောက်ဖို့မျှော်လင့်တာပဲ."

နို့ခွက်လေးကို
မိုရယ်က အစီရင်ခံစာတွေတင်ထားတဲ့
စားပွဲပေါ်တင်လိုက်တယ်

ပိုင်ဝူကိုဖြေးဖြေးလေးမပြီး
စားပွဲပေါ်အသာလေးတင်ပေးလိုက်တယ်

အနံ့ခံပြီးမှ ပိုင်ဝူကသောက်တယ်

ပိုင်ဝူ ခေါင်းလေးကိုပွတ်သပ်ပြီး
သက်ပြင်းချတယ်

"တော်သေးတယ် မင်းသောက်လို့"

ငါကအစားမစားရလည်းမသေနိုင်ဘူး
ငါကရိုးရိုးကြောင်မဟုတ်ဘူး
ဒါကိုသူရှင်းပြချင်တယ်..

စကားပြောတတ်တဲ့ကြောင်ဆိုပြီး
ထိတ်လန့်သွားမယ့်မျက်နှာကိုမြင်ချင်တယ်

တစ်လောကလုံးကကြောက်တဲ့သူ့ကို
ဒီလူက ကလေးသဖွယ်ဆက်ဆံတယ်

သခင့်ဆီပြန်သွားရမယ်
ဒါပေမဲ့ဒီလူကမိမိကိုမျက်စိအောက်ကအပျောက်မခံဘူး

ဒဏ်ရာတွေရထားလို့အားနည်းနေတဲ့ကိုယ်ကလည်း
ထင်သလောက်လှုပ်ရှားလို့မရသေးဘူး

နောက်ဆုံးတော့သူကစိတ်လျော့ပြီး
ဒီလူ့နားမှာနေနေရတာ..

ခဏတာတွေ့ဆုံပေမဲ့
ဒီလူကသူ့ကို
သူ့အပိုင်ဖြစ်စေချင်နေတယ်

ခက်တယ် လူသားတွေကိုနားလည်ရသိပ်ခက်တယ်။

ရက်တွေကျော်လွန်ပြီးလတွေချီလာတဲ့အခါ
ပိုင်ဝူတော်တော်သက်သာလာပြီဖြစ်တယ်
ဒါပေမဲ့ ဘာကြောင့်ငါ့ကိုအမြဲချီပြီးသွားလာနေတာလဲ

မိုရယ်ကပိုင်ဝူကိုအနားကနေအပျောက်မခံနိုင်အောင်
အမြဲချီပိုးပြီးသွားလေ့ရှိတယ်
မဖြစ်မနေသွားရတဲ့ညီလာခံမှာတောင်
ပိုင်ဝူကိုခေါ်သွားလေ့ရှိတယ်

ညီလာခံကလူတွေရဲ့မနှစ်သက်တဲ့အကြည့်တွေကို
မိုရယ်ကသိလည်းဂရုစိုက်ပုံမပြ

"ဘယ်လိုမိုက်မဲတဲ့အပြုအမူလည်း
ဘုရင့်ရှေ့တောင်လေးစားမှုမရှိပါလား"

ပိုင်ဝူကိုပွတ်သပ်နေတဲ့လက်တွေကခဏတာရပ်သွားပြီး
အမတ်ကိုစေ့စေ့ကြည့်လိုက်တယ်
သိပ်လှတဲ့မျက်ဝန်းတွေကမုန်းတီးမှုအနည်းငယ်ကို
မြင်တွေ့ရတဲ့အခါထိုအမတ်ကတုန်လှုပ်သွားတယ်

ဘုရင်ကတော့လျစ်လျူရူလိုက်ပြီး
ညီလာခံကိုစဲလိုက်တယ်

ဘီတမ်မိုရယ်ကိုလျစ်လျူရူပေးထားတဲ့ဘုရင်က
အကြောင်းမဲ့ကြောင့်မဟုတ် မတော်တဆသွားထိမိရင်
ရာဇပလ္လင်ကနေအချိန်မရွေးပျောက်ကွယ်သွားနိုင်တယ်

အားနည်းချက်မရှိတဲ့ဝမ်ရယ်က
ကြောင်တစ်ကောင်ကိုမြတ်နိုးပြနေတယ်ဆိုတော့
ခပ်ကြောင်ကြောင်အတွေးတွေပစ်ပယ်ပြီး
ဘယ်လိုရှင်းထုတ်ရမလဲကိုပြန်စဉ်းစားတယ်

ရေနွေးခွက်လေးကိုသေသပ်စွာကိုင်ရင်း
ပေါင်ပေါ်တင်ထားတဲ့
ပိုင်ဝူကိုညင်သာစွာပွတ်သပ်ပေးနေသောမိုရယ်

"ပိုင်ဝူ မင်းသိလား
ငါ့အနားမှာနေရဲတာမင်းပဲရှိတယ်ဆိုတာ."

ရင်ထဲကစကားတွေပြောနေလည်း
အဖက်လုပ်မခံရသောမိုရယ်ပါ
ပိုင်ဝူကတော့မျက်ဝန်းတွေမှိတ်ထားပြီး
ဘယ်လိုထွက်သွားရမလဲစဉ်းစားနေတယ်

လိရွှမ်းကတော့
ခေါင်းတခါခါနဲ့ သူတို့ရဲ့ဝမ်ရယ်ကတော့
အစွဲအလမ်းကြီးတဲ့ရောဂါရနေတယ်လို့ပဲ
သတ်မှတ်လိုက်ကြတယ်

မိန်းမတွေကိုယောင်လို့တောင်လှည့်မကြည့်
ဘာကိုမှစိတ်မဝင်စားဘဲသတ်ဖြတ်ဖို့ပဲသိတဲ့လူက
ကြောင်တစ်ကောင်ကိုတော့သည်းသည်းလှုပ်
မြတ်နိုးပါတယ်တဲ့

ညဥ့်နက်နေတဲ့အထိမိုရယ်ကအိပ်မပျော်နိုင်သေး
သူအိပ်မက်ထဲပိုင်ဝူကသွေးအိုင်ထဲလဲကျနေတာ
အနားမှာရှိနေတဲ့ပိုင်ဝူကိုကြည့်တော့
မရှိတော့ဘူး

"လိရွှမ်း!!!!!!"

ပိုင်ဝူပျောက်သွားလို့
တစ်အိမ်တော်လုံးအငြိမ်မနေရဘဲ
ညကြီးမင်းကြီးရှာနေရပါတယ်..

မိုရယ်ကသောကတွေစုပြုံနေတဲ့လူလိုခံစားနေရပြီ
ပိုင်ဝူကဘယ်ကိုသွားတာလဲ
သူ့သခင်ကပြန်ခေါ်သွားတာလား
ဝေခွဲမရတဲ့အတွေးတွေနဲ့ပူလောင်နေတယ်

မြောက်ပိုင်းတွင်လယ်သမားများကပုန်ကန်ကြတဲ့အခါ
နှိမ်နှင်းဖို့အတွက်မိုရယ်ကိုဆင့်ခေါ်ရတယ်

အသက်မပါသလိုမျက်လုံးတွေနဲ့
အမိန့်စာကိုခံယူပြီး
ညီလာခံကနေအရုပ်ကြိုးပြတ်နေသလိုထွက်လာတယ်

မြင်းပေါ်တက်မယ့်အချိန်
ရင်းနှီးနေကြအသံကိုကြားလိုက်တယ်

ပိုင်ဝူလား..

မျက်လုံးစိမ်းစိမ်းလေးနဲ့ကိုယ်ထည်မည်းနက်နေတဲ့ကြောင်ဟာ
ပိုင်ဝူပဲ
သစ်ပင်ရင်းနားမှာငြိမ်ငြိမ်လေးကြည့်နေတဲ့ပိုင်ဝူ
ထပ်ပြီးဒဏ်ရာတွေရခဲ့တာ

မိုရယ်အပြေးလေးသွားပြီးပွေ့ချီလိုက်တယ်
အပြာရင့်ရောင်အကျႌမှာသွေးတွေကထပ်ပြီး
စွန်းညိလို့

ပြန်ရောက်လာတာပဲကျေးဇူးတင်ပါတယ်

ရင်ဘတ်နားကအကျႌထဲပိုင်ဝူကိုထည့်လို့
အိမ်တော်ကိုအပြေးနှင်တယ်

လိရွှမ်းကတော့တိတ်တိတ်လေးကျိန်ဆဲလိုက်တယ်
ပျောက်သွားရင်ပြန်ပေါ်မလာနဲ့လေ
မင်းကြောင့်ဝမ်ရယ်ကသူ့ချစ်သူသေသလိုဝမ်းနည်းနေတာ

ပိုင်ဝူကဘေးနားမှာရပ်နေတဲ့လိရွှမ်းကို
ခေါင်းထောင်ကြည့်တယ်

လိရွှမ်းရင်ထဲအေးစက်မှုတွေခံစားလိုက်ရသလိုပဲ
ကြောင်လေးတစ်ကောင်ကြည့်တာ
ငါ့မှာရင်ထိတ်သွားတာပဲ

ပိုင်ဝူကသူ့ကိုပွေ့ချီထားတဲ့မိုရယ်ကိုမော့ကြည့်တယ်

ဒီလူသားကသူ့ကိုစိတ်ပူနေတာတဲ့လား..

ပိုင်ဝူကမိုရယ်အိမ်ကနေတိတ်တဆိတ်ထွက်လာတယ်
သူရဲ့ဒဏ်ရာတွေကသက်သာနေပြီ
ပြီးတော့သခင်ခိုင်းထားတဲ့တာဝန်ကိုလည်း
ဆောင်ရွက်ရဦးမယ်

ဒုတိယမိဖုရားလေးသေဆုံးရခြင်းက
မတရားတဲ့အတွက်သူ့သခင်က
ထန်မင်းကြီးကိုမကျေနပ်ဘူးဖြစ်နေတယ်

ထန်မင်းကြီးကိုနောင်တရစေဖို့အတွက်
အိပ်မက်ဆိုးတွေမက်အောင်လုပ်ဖို့
သူ့ကိုစေခိုင်းထားတာဖြစ်တယ်

တစ်လနီးပါးအိပ်မက်ဆိုးတွေဖန်တီးနိုင်ရင်းနဲ့
မင်းကြီးရဲ့ပုရောဟိတ်ကသူ့ကိုရှာတွေ့ခဲ့တယ်
အစီအရင်နဲ့ပြုလုပ်ထားတဲ့ဓားချက်တွေကိုရှောင်ရှားရင်း
သူကအိမ်တော်တစ်ခုရဲ့ပန်းခြံတစ်ခုထဲပြုတ်ကျသွားတယ်

သူ့နောက်လိုက်လာတဲ့သူတွေကလည်း
သူ့ကိုမမြင်ဘဲကျော်သွားတယ်.
ခဏလောက်နားလိုက်ရင်သက်သာသွားမှာလို့
ထင်ခဲ့ပေမဲ့လက်တွေ့ကျသူကသတိလစ်သွားခဲ့တယ်

သတိရလာတော့သူ့ကိုလူတစ်ယောက်ကပွေ့ချီထားတယ်
အဖြူရောင်တွေကအနီရောင်ဖြစ်သွားတဲ့အထိ
သူ့ရဲ့သွေးတွေကထိုလူ့အပေါ်စွန်းထင်းနေတယ်

သူ့ကိုကလေးတစ်ယောက်လိုဂရုစိုက်နေတဲ့လူကြောင့်
စိတ်ကျဉ်းကျပ်လာတယ်
ပြောချင်ရာတွေပြောပေးချင်တဲ့နာမည်တွေပေးနဲ့
သူ့ရဲ့မူလနာမည်ကိုတောင်မေ့ပျောက်လုနီးပါးဖြစ်လာတယ်

ဘယ်လောက်ချေချေအမှတ်မရှိဘဲ
စကားတွေပြောနေတုန်း
ဖြူဖွေးတဲ့အသားအရည် ထင်ရှားတဲ့မျက်တောင်ကော့ကော့လေးတွေ
ရယ်လိုက်ရင်ပေါ်လာတဲ့ယုန်သွားလေး
အထင်ရှားဆုံးနှုတ်ခမ်းအောက်ကမှဲ့နက်လေး
ဒါတောင်ဘာကြောင့်ဒီလူကမိန်းမမရှိရတာလဲ

သူ့ကိုဇနီးလို့ထင်နေတာလား
သွားလေရာချီထားပြီးငုံထားမတတ်ဂရုစိုက်နေတာ

ညီလာခံသွားတော့လည်းခေါ်
အိမ်သာထဲထိမခေါ်တာကျေးဇူးတင်တယ်

ညီလာခံမှာတွေ့လိုက်ရတဲ့ဘုရင်ကိုမြင်မှ
သူတာဝန်ကိုပြန်သတိရလာတယ်
ဒီတလောအတွင်းသူဒီလူရဲ့ဘေးမှာပဲနေဖို့ပဲသိနေခဲ့တာ

ထန်မင်းကြီးကသူ့ရဲ့အာဏာတွေကို
အိမ်ရှေ့စံဆီလွှဲပေးပြီးအနားယူခဲ့တာပဲ
ဒီအဖြစ်အပျက်တွေကိုတောင်မသိတဲ့အထိ
ဒီလူသားရဲ့ဘေးမှာနေနေတာပဲ
အသုံးမကျလိုက်တာ

ဒီလူအိပ်မောကျနေတဲ့အချိန်
တိတ်တိတ်လေးထွက်လာခဲ့တယ်
လှယျကူမနတေဲ့ငါ့ဘဝပါလား

နန်းတော်ထဲဝင်လာပြီးမင်းကြီးအိပ်ဆောင်ထဲခိုးဝင်လာတယ်
ထန်မင်းကြီးရဲ့ခေါင်းရင်းထက်နေလို့
ဒုတိယမိဖုရားလေးရဲ့ဝမ်းနည်းသံကိုရေရွတ်ပြတော့
ဂယောက်ခြောက်ခြားနဲ့အော်လာတယ်

ဒါနဲ့များ ဘာကြောင့်သတ်ခဲ့သေးလဲ

အာဏာတွေမရှိတော့တဲ့အပြင်ရာဇမာန်ကပါကျနေတဲ့
ဘုရင်တစ်ပါးက ချစ်မြတ်နိုးရတဲ့မိဖုရားကို
ဘာကြောင့်သတ်ခဲ့ရလဲဆိုတဲ့စိတ်နဲ့ဖိစီးပြီး
အိပ်ရာထဲလဲနေခဲ့တယ်

ညတိုင်းမက်နေကျအိပ်မက်ဆိုးတွေက
သူ့ကိုနှိပ်စက်နေသလိုပဲ
မိုရယ်ကိုမြင်တိုင်းမိဖုရားကိုသတိရတဲ့စိတ်ကြောင့်
လျစ်လျုရူခဲ့ပြီးနှိပ်စက်ခဲ့တယ်

အပြစ်မရှိတဲ့ကလေးရဲ့ရင်ထဲ
အမုန်းတရားတွေထည့်သွင်းပေးခဲ့တဲ့ထန်မင်းကြီး

အိမ်ရှေ့စံကိုအာဏာလွှဲအပ်လို့
အနားယူလို့ရပြီလို့ထင်မှတ်ခဲ့သော်လည်း
ညတိုင်းအိပ်မက်ဆိုးတွေကဖုံးလွှမ်းနေတယ်

သူ့ရဲ့အပြစ်တွေကိုမဝန်ခံဘဲ
ဆိတ်ဆိတ်နေတာကြောင့်
ပိုင်ဝူရဲ့သခင်ကသည်းခံနိုင်စွမ်းကုန်သွားတဲ့ပုံ

ပိုင်ဝူကိုဝိညာဉ်နှုတ်ဖို့အမိန့်ချလိုက်တယ်
မည်းနက်နေတဲ့ကြောင်သေးသေးလေးကနေ
လူတစ်ကိုယ်လုံးကိုဖုံးလွှမ်းနိုင်တဲ့အထိပြောင်းသွားခဲ့ပြီး
ထန်မင်းကြီးရဲ့ဝိညာဉ်ကိုဝါးမျိုလိုက်တယ်

အော်ဟစ်သံကြားလို့ပုရောဟိတ်ကချက်ချင်းဝင်လာခဲ့တယ်
သလွန်ထက်အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုပဲ
သူတွေ့ရတော့တယ်
ကိုယ်တစ်ခုလုံးကမည်းနက်နေတယ်
ဒါဟာထိတ်လန့်ဖွယ်ဖြစ်ရပ်ပဲ

သူပင့်ဖိတ်ထားတဲ့အနောက်အရပ်ကထျန်းဈန်းကိုယ်တော်ကို
အမြန်ဆင့်ခေါ်ပြီးမေးတော့
ဝိညာဉ်နှုတ်ခံရတာ.

ကိုယ်ကျင့်တရားပြည့်စုံတဲ့မင်းကဘာကြောင့်
ဒီလိုလုပ်ခံရတာလဲ

ထွက်ခွာဖို့အခွင့်အရေးစောင့်နေတဲ့
ကြောင်နက်တစ်ကောင်

ပုရောဟိတ်နဲ့ထျန်းဈန်းကိုယ်တော်က
အခန်းထဲကထွက်ခွာဖို့ပြင်နေပေမဲ့
သူစီရင်ထားတဲ့အဆောင်ကလှုပ်ခတ်သွားတယ်

ပစ်လွှတ်လိုက်တဲ့မြှားအသေးလေးဟာ
ရန်သူကိုထိသွားတယ်

နာကျင်တဲ့အော်ညည်းချက်ပဲကြားလိုက်ရပြီး
လူကိုမတွေ့ရတော့ဘူး
ဘေးနားကျနေတဲ့အရာတွေကိုယူကြည့်တော့
ထျန်းဈန်းကိုယ်တော်ကပြုံးပြီးပြောတယ်

"ကြောင်တစ်ကောင် တစ်ကိုယ်လုံး နက်ဆွေးတဲ့အရောင်ရှိလိမ့်မယ်"

ပု​ရောဟိတ်ကတော့မှန်ကန်ကြောင်း
ခေါင်းတငြိမ့်ငြိမ့်နဲ့

ပိုင်ဝူသူ့ရဲ့နောက်ဆုံးအစွမ်းကိုအသုံးပြုပြီး
နန်းတော်ထဲကထွက်လာတယ်
စွမ်းအားကမလုံလောက်တာကြောင့်
သူလိုချင်တဲ့နေရာမရောက်ဘဲ
နန်းတော်အပြင်ဘက်သစ်ပင်ရင်းနားမှာလှဲနေခဲ့တယ်

မိုးလင်းတော့ ထရပ်ဖို့ကြိုးစားပေမဲ့
အချည်းနှီးပဲသူ့အားတွေတစ်စက်မှမကျန်တော့ဘူး

စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းနေတယ်
သူရဲ့ခံစားချက်အရပေါ့

အပြာရင့်ရောင်အကျႌ​လေးက
သူ့ရဲ့အာရုံတွေကိုစုစည်းပေးတယ်
မိုရယ်လို့အော်ခေါ်ချင်ပေမဲ့
သူကကြောင်တစ်ကောင်လေ

သူမျိုသိပ်လိုက်ပြီး

"ညောင်.."

မှုန်ကုန်နေတဲ့မျက်နှာကသူ့ကိုတွေ့တော့
နေမင်းနဲ့အပြိုင်တောက်ပလာသလိုပဲ
သူ့ကိုပွေ့ချီလို့သက်ပြင်းတွေချနေတယ်
သူဒဏ်ရာရခဲ့တာကိုစိတ်ပူနေတဲ့ပုံပဲ

ရင်ဘတ်အကျႌစကိုဟပြီး
သူ့ကိုထည့်လိုက်တယ်

အင်း အိမ်တော်ကိုပြန်ပြီးဆေးကုပေးတော့မယ်ထင်ပါရဲ့

"ပိုင်ဝူကိုသေချာစောင့်ရှောက်ထား "

ဝမ်ရယ်ကတော့ သေချာမှာကြားပြီး
မြောက်ပိုင်းကိုထွက်ခွာသွားသည်

ဒုတိယအတော်ဆုံးဓားသမားက ဘီတမ်မိုရယ်ရဲ့အမိန့်ကြောင့်
ကြောင်တစ်ကောင်ကို စောင့်ရှောက်နေရသည်

ကြားလို့ကောင်းရဲ့လား

လိရွှမ်း ရင်ထုမနာငိုချင်နေပြီ

ကြောင်ကိုကြည့်တော့ အေးအေးလူလူ အိပ်နေတာ
တုတ်တုတ်တောင်မလှုပ်ပေ

ဝမ်ရယ်ရယ်မြန်မြန်ပြန်လာပါတော့

မိုရယ် မြင်းပေါ်နေရင်း နှာချေတော့သည်

"ဟပ်ချိုး "

"ဝမ်ရယ် မြို့တော်ကိုပြန်ဖို့ ခဏလောက်အနားယူပါဦးလား"

"ရတယ် မြန်မြန်ပြန်ကြရအောင် မင်းတို့ကိုပင်ပန်းစေတဲ့အတွက်
နောက်မှ ဆုချီးမြှင့်မယ်"

"ဟုတ်ကဲ့ "

အရင်ကဆို မြို့တော်ပြန်ဖို့တွန့်ဆုတ်နေတဲ့သူက
နှစ်ရက်ကြာသောခရီးကိုတစ်ရက်ထဲဖြစ်အောင်
ကြိုးစားနေသည်

မြောက်ပိုင်းရှိလယ်သမားကိစ္စကိုလည်း
အာဏာသုံးပြီးမလိုက်နာသူများအား သတ်ပစ်သည်။

ဧကန်န ဝမ်ရယ်မှာ ဇနီးမယားရနေပြီလား

မြို့တော်ထဲ မိုရယ် ဝင်ရောက်မည့်အချိန်က ညဥ့်နက်လုနီးဖြစ်နေသည်

"မင်းတို့မနက်မှ မြို့တော်ထဲဝင်ခဲ့တော့
ဒီတံဆိပ်ပြားယူထား မင်းတို့လိုအပ်တာသွားထုတ်လို့ရတယ် "

ထွက်ခွာသွားသောမိုရယ်ကိုကြည့်ပြီး အကုန်လုံး ကြောင်နေသည် မိုရယ်ကသူ့တံဆိပ်ပြားကိုပေးပြီး
လိုသလောက်သုံးခိုင်းသွားတယ်

မိုရယ် အိမ်တော်ကို ပြန်ရောက်ရောက်ချင်း ပိုင်ဝူကိုရှာသည်

မိုးလင်းခါနီးမှရောက်လာတဲ့မိုရယ်ကြောင့်
အကုန်လုံးထကြရတော့သည်

"လိရွှမ်း ပိုင်ဝူရော"

"မိုရယ်အခန်းထဲမှာပါ"

"ဟုတ်ပြီ မင်းတို့သွားနားလို့ရပြီ"

ကုတင်ထက်အိပ်စက်နေသောကြောင်နက်

"ပိုင်ဝူ မင်းရှိနေသေးတာပဲ"

အိပ်နေသောကြောင်ရဲ့ဘေးနားလှဲချကာ
ပင်ပန်းသမျှအနားယူလိုက်တော့သည်

အိပ်နေသောကြောင်နက်ကထလာပြီး
သူ့ရဲ့လက်လေးဖြင့် မိုရယ်ရဲ့မျက်နှာအား ထိသည်

"ငါကပြန်ရတော့မှာ မင်းကိုဘယ်လိုထားခဲ့ရမှာလဲ"

မိုရယ် သူ့ရဲ့မကြာခင်ဖြစ်လာသောအကျင့်အရ
ပိုင်ဝူကိုရှာပြီး သူ့ရင်ခွင်ထဲဖက်ထားလိုက်သည်

"ဆရာပြောတာမှန်တယ် လူသားတွေက အန္တရာယ်များလွန်းတယ်"

ညီလာခံတွင် ကြောင်တစ်ကောင်နှင့် အလုပ်ရူပ်နေသော
မိုရယ်

ဘုရင်ကချီးမြှောက်သောဆုလာဘ်တွေကိုပင်
အာရုံမရ သူထွက်သွားချင်နေပြီ

ပိုင်ဝူ ညီလာခံတွင်းရှိသော သူများအား လျောက်ကြည့်နေရင်း
ဘုန်းတော်ကြီးတစ်ပါးကိုတွေ့တော့ အနည်းငယ် တုန်လှုပ်သွားသည်

ကိစ္စတော့မရှိပါဘူး သူကမကောင်းဆိုးဝါးမှမဟုတ်တာ

သို့ပေမဲ့ သူ့အား အဓိပ္ပာယ်များစွာပါသောအကြည့်ဖြင့်
ကြည့်နေသည်

ဆိုလိုသည်က သူရဲ့အကြောင်းတွေသိသည့်အကြည့်မျိုးဖြင့်

ပိုင်ဝူမနေချင်တော့ပေ
မိုရယ်ရဲ့ဝတ်ရုံထဲဝင်ပြီး မျက်နှာအားရင်ဘတ်ကိုကပ်ထားသည်

ညောင်လ်~

ငါမနေချင်တော့ဘူး မိုရယ်

ခဏကြာတော့ ညီလာခံကအဆုံးသတ်သွားလေသည်

မိုရယ် ဘုရင်မင်းမြတ်အားအရိုအသေပေးပြီး
လျင်မြန်စွာထွက်ခွာသွားသည်

"ပိုင်ဝူ ပိုင်ဝူ "

သူ့ရဲ့ဝတ်ရုံတွင်းမှ မထွက်လာသော ပိုင်ဝူအား
ခေါ်နေသည်

အတော်ကြာမှ ခေါင်းလေးထွက်လာပြီး
မိုရယ်အားကြည့်သည်

ဘာလဲ ဆိုတဲ့အကြည့်မျိုးဖြင့်

မိုရယ် ကတော့ ထိုအကြည့်ကိုမြင်ပြီး
ပြုံးသည်။

"ဘာမှမဖြစ်ရင်လည်း အိမ်ပြန်ကြမယ် "

"ဝမ်ရယ် ခဏလောက်နေပါဦး"

"အရှင်မင်းကြီး "

"ထပါ ငါကိုယ်တော် ဝမ်ရယ်နဲ့ စကားခဏပြောချင်လို့"

"ဘာအကြောင်းကိစ္စများလဲ"

"ဝမ်ရယ်ရဲ့ကြောင်ကိုစိတ်ဝင်စားလို့ပါ"

"ကျနော်မျိုးရဲ့​ကြောင်က အရှင်မင်းကြီး နဲ့ မအပ်စပ်ပါဘူး
မကောင်းတဲ့နိမိတ်ရှိတဲ့အတွက်ကြောင့်ပါ ပိုင်ဝူကြောင့်ဆိုရင်တော့ ပြောစရာမရှိတော့ပါဘူး
ကျနော်မျိုးကိုသွားခွင့်ပြုပါဦး"

မိုရယ် စိတ်ရူပ်ခြင်းများစွာနဲ့ အိမ်ပြန်လာသည်

တွယ်တာမရှိတဲ့သူ့ဘဝထဲကနေ တစ်ခုပြီးတစ်ခုဆွဲထုတ်ချင်နေကြသည်

ဒီတစ်ခါတော့ လုံးဝခွင့်မပြုနိုင်ဘူး.

"ငါတို့ဘယ်သွားကြမလဲ "

နောက်ပါးတော်တွေအားပြန်လွှတ်လိုက်ပြီး
လိရွှမ်းကိုသာနောက်မှလိုက်စေကာ
လူတွေစည်ကားတဲ့နေရာသို့ရောက်လာခဲ့သည်

"မင်းဒါတွေစိတ်ဝင်စားလား"

ကြက်မွှေးလေးတွေဖြင့်လုပ်ထားသောကစားစရာ

ပိုင်ဝူကတော့ ဝတ်ရုံတွင်းကနေ တစ်ချက်သာကြည့်ပြီး
စိတ်ဝင်စားဟန်မပြပေ

"မကြိုက်ဘူးပဲ "

"ဝမ်ရယ် နေ့လည်စာစားချိန်ရောက်နေပါပြီ"

"ခေါက်ဆွဲဆိုင်တစ်ဆိုင်လောက်သွားရှာလိုက်
နောက်မှလာခေါ်ချေ"

"ဟုတ်ကဲ့ "

လိရွှမ်း ခေါက်ဆွဲဆိုင်ကောင်းကောင်းရှာဖွေနေချိန်
မိုရယ်ကတော့ ပိုင်ဝူအား တစ်ဈေးလုံးအနှံ့လိုက်ပြနေသည်

မြင်ရတဲ့ပြည်သူတစ်ချို့က မိုရယ်လာတာမြင်တော့ ဘေးကိုချဲပေးကြသည် ဒါတွေကသူကျင့်သားရနေပြီးသား
အထူးတလည်မဟုတ်တော့ပေ

ကျောက်နက်ဖြင့်ပြုလုပ်ထားသောလက်စွပ်လေးက
မိုရယ်ရဲ့အာရုံအားဖမ်းစားသွားသည်

ပိုင်ဝူ ဝတ်ရုံတွင်းကနေပဲကြည့်နေသည်
ဒီလူဘာလုပ်ဦးမလို့တုန်း

"ဒါကမင်းနဲ့တူလိုက်တာ မည်းနက်နေပေမဲ့ စိမ်းဖန့်ဖန့်အရောင်တောက်နေတာ မင်းရဲ့မျက်လုံးတွေအတိုင်းပဲ"

"ဒါယူမယ်"

"ဟုတ်ကဲ့"

ကျသင့်ငွေပေးချေပြီးလိရွှမ်းတွေ့ထားသော
ခေါက်ဆွဲဆိုင်သို့သွားလေသည်

အမဲသားခေါက်ဆွဲနှစ်ပွဲမှာလိုက်သည်
မကြာခင်အနံ့တလှိုင်လှိုင်သင်းနေသော
ခေါက်ဆွဲပန်းကန်တွေလာချတော့သည်

ပိုင်ဝူအနည်းငယ်ခေါင်းထောင်လာပြီး
စားချင်သည့်ပုံစံပေါ်လာသည်

"စားချင်လို့လား "

ညောင်လ်~

ပန်းကန်အသေးလေးယူပြီး မိုရယ် သူ့ပန်းကန်ထဲကနေခွဲထည့်ပေးလိုက်သည်

ဝတ်ရုံထဲကနေထွက်ပြီး ခုံပေါ်တက်ကာ စားတော့သည်

မိုရယ်လည်းပိုင်ဝူကောင်းကောင်းစားတာကိုကြည့်ပြီး
သူလည်းတိတ်တဆိတ်စားတော့သည်

စားပြီးသောအခါ ပိုင်ဝူရဲ့ပါးစပ်အား
သုတ်ပေးပြီး သူ့ရဲ့ဝတ်ရုံတွင်းသို့ ပြန်ထည့်လိုက်သည်

စားပြီးသောက်ပြီး နောက် အနွေးဓာတ်လည်းရသောအခါ
ပိုင်ဝူကတော့အိပ်ပျော်သွားသည်

မိုရယ် အိမ်တော်သို့မပြန်သေးဘဲ
မိုးမခပင်တွေရှိသောတံတားဘေးသို့
ဆက်လျောက်လာခဲ့သည်

မိုးမခပင်အားဘေးနားနေရင်း
တရိပ်ရိပ်ဝင်သွားသောနေမင်းကြီးအား
ရပ်ကြည့်နေခဲ့သည်

ထိုအချိန်ဝတ်ရုံတွင်းမှ ပိုင်ဝူက မိုးမခပင်ပေါ်သို့ ခုန်တက်သွားသည်

အပင်ပေါ်မှာ တစ်ခုခုကိုရှာဖွေနေဟန်ရှိသော ပိုင်ဝူ

(ရိပေါ် မင်းပြန်လာရမယ့်အချိန်ရောက်ပြီ)

သခငျရဲ့့အသံကသူ့နားထဲဝင်လာပြီး
အသံလာရာကိုလိုက်ရှာဖွေနေသည်

ဟိုလူကောင်းမှုနဲ့သူ့ရဲ့မူလနာမည်ကိုပါ
မေ့လျော့နေခဲ့သည်

"ပိုင်ဝူ ဘာဖြစ်လို့လဲ "

အခုချက်ချင်းကောက်ခါငင်ကာပျောက်သွားရင်
လန့်သွားဦးမယ်

သူသတိမထားမိလောက်တဲ့အချိန်ကျမှ
ထွက်သွားတာပိုအဆင်ပြေလောက်မယ်

မိုးမခပင်ပေါ်မှ ခုန်ဆင်းတော့ မိုရယ်က ဖမ်းလိုက်သည်
ငါ့ကိုလမ်းလျောက်ခွင့်ဘာလို့ မပေးရတာလဲ

ငါကကြောင်ပါ ကြောင်!!!!!!


August 19 2020
© 梅花 白,
книга «10000 Years Over».
Коментарі