Episode - 6
မိုရယ်နိုးလာတော့ သူ့ရှေ့တွင် လက်ကိုယပ်နေတဲ့ ပိုင်ဝူကိုတွေ့သည်။
တိတ်တိတ်လေးထကာ
"ပိုင်ဝူ !!!"
အသံကျယ်နဲ့အော်လိုက်တော့ လန့်ပြီးကုတင်ပေါ်မှပြုတ်ကျသွားသည်။
ရှေ့သိုလျောကျလာတဲ့ဆံပင်တွေကို နောက်သို့စုထုံးလို့
"မင်းကဘယ်ကနေပြန်လာတာလဲ "
မဖြေဘဲပေနေဆဲ။
"မဖြေလည်းနေကွာ ငါ့သူငယ်ချင်းဒီနေ့ရောက်မှာ မင်းကိုမလိုဘူး"
ရေချိုးသန့်စင်ကာ မီးခိုးရောင်ဝတ်ရုံလဲလှယ်လို့ သူငယ်ချင်းကိုသွားကြိုနေသော မိုရယ်။
လျစ်လျူရူခံလိုက်ရသောပိုင်ဝူ!
တရားကျဖို့ကောင်းတဲ့လူတွေ။
မိုရယ် ရောက်လာတဲ့သူ့သူငယ်ချင်းနဲ့လက်ဖက်ရည်သောက်နေတုန်း
ပိုင်ဝူကမိုရယ်ပေါင်ပေါ်တက်လာတယ်။
"မင်းပြောတာ သူလား"
"ဟုတ်တယ်"
"မဆိုးဘူး"
"ဒါပေါ့ "
ခေါင်းလေးကိုပွတ်သပ်ပေးတော့ ဇိမ်ခံလို့။
အချိန်အတော်ကြာထိ စကားပြောခဲ့ကြသည်။
ပိုင်ဝူကတော့ မိုရယ်ကိုယ်ပေါ်ကနေမဆင်းခဲ့ပါဘူး။
နောက်တစ်နေ့ရောက်တော့ မိုရယ်ရဲ့သူငယ်ချင်းက ပြန်သွားခဲ့တယ်။
ဒီတစ်ခေါက်တွင်တော့ မိုရယ် က ပိုင်ဝူ ရဲ့မသိချင်ယောင်ဆောင်ခြင်းခံရလေသည်။
မိုရယ် အိပ်ရာပေါ်တွင်အိပ်နေသော ပိုင်ဝူကို
ခေါ်နေပေမဲ့ အသံတစ်ချက်တောင်မပေး ယုတ်စွအဆုံး လှုပ်ကိုမလှုပ်။
"ပိုင်ဝူ မင်း !"
ဘာထဖြစ်တာလဲဆိုပြီးလှည့်ကြည့်တော့
အံ့သြနေတဲ့အမူအရာက ထူးဆန်းနေသလိုပဲ။
သူ့ကိုယ်သူကြည့်တော့ လူပုံစံဖြစ်နေတယ်။
သောက်ကျိုးနည်း ဆရာတော်ကတော့။
"မိုရယ် ဒီကိုလာခဲ့"
အိပ်ရာပေါ်မှထ ထိုင်ကာ မိုရယ်ကို သူ့အနားသို့ခေါ်လိုက်သည်။
အိမ်မက်ယောင်နေတဲ့သူလို သူ့အနားရောက်လာသောအခါ
ရိပေါ် အခန်းတံခါးတွေကိုပိတ်လိုက်သည်။
ဒီတိုင်းဆိုကြောင်ပုံစံနဲနေတာအဆင်မပြေတော့ဘူး။
လက်ထဲရောက်နေတဲ့မိုရယ်ကိုကြည့်ပြီး နဖူးတစ်ချက်တောက်မလို့ပါပဲ။ လုပ်မိလိုက်တာက ခပ်ဖွဖွနမ်းလိုက်မိတာ။ ခဏခဏမေ့ခိုင်းနေရတာအဆင်မပြေလိုက်တာ။
သူ့လက်ထဲမှာအိပ်ပျော်နေတဲ့မိုရယ်ရဲ့မျက်နှာ အစိတ်အပိုင်း
တစ်ခုချင်းစီကိုထိတွေ့ပြီး နမ်းချင်လိုက်တာ ။
စိတ်ထိန်းစမ်း မဖြစ်ဘူး။ သူကယောကျာ်းလေးလေ သတိရဦး။
နှစ်သုံးရာလုံးဖြူစင်လာပြီးမှ ယောကျာ်းလေးတစ်ယောက်ကြောင့် မပြိုလဲချင်ဘူး။
ဒါမဲ့ မင်းက ဒုတိယမိဖုရားထက်တောင်ပိုပြီးလှနေသေးတယ်။
ရေထဲမှာမင်းကလဲလျောင်းနေမယ် ဆံထိုးကိုဖြုတ်ထားလို့ ဆံနွယ်တွေကဖြာကျနေတယ် ယပ်တောင်နက်လေးနဲ့မင်းမျက်နှာ
တစ်ဝက်ကိုကာထားမယ်ဆိုရင် ရိပေါ်တွေးရင်းနဲ့မှ နှာခေါင်းသွေးတွေလျံလာရသည်။
တဏှာတွေကကြောက်ဖို့ကောင်းလိုက်တာ !!
အိပ်ရာပေါ်ချပေးလို့ သူကအပြင်ထွက်သွားသည်။
နောက်နေ့တွေမှာ မိုရယ်ဟာ နန်းတော်ထဲသို့အခစားဝင်နေရတယ်။
တိုင်းတစ်ပါးနဲ့သံတမန်ဆက်ဆံရေးဖြစ်တာကြောင့်
နန်းတော်ထဲတစ်ပတ်လောက်နေထိုင်ရတယ်။
ရိပေါ်ကတော့ မိုရယ် အိမ်တော်ရှိအပင်ပေါ်မှာပဲ နေနေတယ်။
ကောင်းကင်ကြီးကိုကြည့်နေရင်းနဲ့ပေါ့။
တစ်ခါတလေ ထျန်းဈန်းကိုယ်တော်နဲ့ကိုယ်ရည်သွေးနေရပေမဲ့လိုပေါ့။
ပျင်းလာပြီ မိုရယ်နောက်လိုက်ဦးမှပါလေ။
နန်းတော်ထဲရှိမိုရယ်ရှိနေတဲ့နန်းဆောင်ဆီကို သွားလိုက်တယ်။
အဆောင်တွေရဲ့ခေါင်မိုးပေါ်ဖြတ်ပြေးနေပုံက မသိရင်မြေပေါ်မှာပြေးနေသလိုပဲ။
ညနေဆည်းဆာအချိန်လေးမှ မိုရယ်က တစ်ကိုယ်တည်းလက်ဖက်ရည်သောက်နေခဲ့တယ်။
ကုန်သွားတဲ့လက်ဖက်ရည်ခွက်ကို ထပ်ထည့်မည့်အချိန် ခွက်လေးက ရိပေါ်ပစ်လိုက်တဲ့ခဲလုံးလေးတစ်လုံးကြောင့်
ဖယ်ရှားခြင်းခံလိုက်ရတယ်။
ရေစိုသွားတဲ့လက်ကိုခါနေရင်း ခဲလုံးရောက်လာတဲ့လမ်းကြောင်းကိုကြည့်တော့
ဟိုတစ်ခေါက်ကလူပဲ။ ဘယ်အချိန်ကြည့်ကြည့် ပြုံးနေတာပဲ။
ဒီတစ်ခေါက်တော့အဖြူရောင်လိုလိုဝတ်စုံနဲ့ ။
"မိုရယ် မပျင်းဘူးလား"
နောက်တစ်ခွက်ဖြင့်ထပ်ထည့်ကာ သောက်နေသည်။
ရိပေါ် ပန်းကန်ပြားထဲထည့်ထားတဲ့ရောင်စုံမုန့်လေးတွေကို
ကောက်စားလိုက်တယ်။ ချိုသားပဲ။
အမှုထမ်းတစ်ယောက်က
မိုရယ်ကိုစာလိပ်တစ်ခုလာပေးသွားတယ်။
မိုရယ် တစ်ချက်ဖတ်ပြီး အဆောင်ထဲဝင်သွားတယ်။
ရိပေါ်ကတော့မုန့်တစ်ခုချင်းစီကို မြည်းစမ်းနေတုန်းပဲ။
တော်တော်များများစားလို့လည်းကုန်တော့မှ မိုရယ်ကိုလိုက်ရှာတော့တယ်။
အဆောင်ပတ်ပတ်လည်ရှာလည်းမတွေ့ နောက်ဆုံးအခန်းတစ်ခန်းကိုသွားကြည့်မှ ရေချိုးနေတဲ့မိုရယ်ကိုတွေ့တော့တယ်။
သူ့ခြေသံလည်းကြားရော မိုရယ်က
"ဘယ်သူလဲ "
ဝတ်ရုံခြုံလို့အပြင်ကိုထွက်လာတယ်။
တစ်လွှာပဲခြုံထားတာကြောင့် လှစ်ဟနေတဲ့ရင်ဘတ်ကိုအတိုင်းသားမြင်ရတယ်။
ရိပေါ် လက်မလေးထောင်ကာမျက်စိမှတ်ပြလို့။
"ဝါး ကြည့်ကောင်းတယ်"
ရှောင်းကျန့်ပြုံးမိသွားပြီး မျက်နှာတည်ကာ တံခါးပြန်ပိတ်သွားသည်။
အပြာရင့်ရောင်ဝတ်ရုံကိုသေချာဝတ်ဆင်လို့ ဆံပင်ကိုလည်းသစ်ခက်ပုံစံဆံထိုးဖြင့်သေချာထုံးဖွဲ့ပြီး
အရှင်မင်းကြီး ဖိတ်ကြားထားတဲ့ပွဲသို့ သွားနေသည်။
ရိပေါ်ဘေးကနေထပ်လိုက်လာပြန်သည်။
"မင်း က ဘယ်သူလဲ "
"ငါကပိုင်ဝူ"
"အော်"
ဟမ် သူဘာမှမဖြစ်ဘူးလား အေးလေငါကလူကို။
ပွဲတွင်လည်းမိုရယ်နားကပ်ထိုင်တာကြောင့် အကုန်လုံးက အံ့သြနေကြသည်။
ထိုလူကဘယ်သူလဲ သတ္တိကောင်းလိုက်တာ။
မိုရယ်ကတိတ်တဆိတ်သေရည်သောက်နေပေမဲ့
ရိပေါ်ကတော့မုန့်တွေတစ်ခုပြီးတစ်ခုစားနေတော့သည်။
ဘုရင်မင်းမြတ်တောင်မျက်ခုံးပင့်သွားရသည်။
ရိပေါ်ရဲ့ပိတ်လှောင်ခြင်းအစီအရင်ထဲတွင်မိနေသော
ထျန်ဈန်းကိုယ်တော်ကတော့ တစ်တိုင်းပြည်လုံးကိုချေမှုန်းချင်နေသည့်နှယ် ဒေါသထွက်နေသည်။
နောက်ဆုံးအကြိမ်ကြိုးစားလိုက်သည့်အခါတွင်တော့ အစီအရင်ကလုံးဝကျိုးပျက်သွားရသည်။
ရိပေါ်စားနေရင်းနဲ့မှ အစီအရင်ကျိုးပျက်သွားသည်ကိုသိကာ
ပြန်သွားဖို့လုပ်နေပေမဲ့ မိုရယ်ဘေးမှာတွေ့နေရတဲ့ သေခြင်းအငွေ့အသက်တွေကြောင့် ပြန်ထိုင်နေလိုက်တော့သည်။
အဲ့အဘိုးကြီးရောက်လာလည်းငါ့ကိုဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။
ပေါင်ပေါ်တင်ထားတဲ့မိုရယ်ရဲ့လက်တစ်ဖက်ကိုကိုင်ထားကာ
ဆော့နေသည်။ ဒါကမိုရယ်အမြင်ပါ။
တကယ်ကအဆောင်တစ်ခုဆွဲပေးနေခြင်းဖြစ်သည်။
ကချေသည်များကဖျော်ဖြေနေချိန်တွင်လည်း မိုရယ်ကတော့တစ်ချက်တောင်မကြည့်ဘဲ သောက်နေဆဲ။
အတော်အသင့်သောက်ပြီး ပြန်တော့မည်အလုပ်။
ဘုရင်မင်းမြတ်ထံသို့ဦးတည်နေတဲ့ဓားတစ်ချောင်းကို
တွေ့တော့။
"လုပ်ကြံသူ အရှင်မင်းကြီး ကိုကာကွယ်ကြ"
ရိပေါ်ကတော့ဘေးတွင်နေကာ မုန့်စားရင်းကြည့်နေတယ်။
မိုရယ်မထိခိုက်သေးသရွေ့ဝင်မပါဘူး။
ရိပေါ်ပုခုံးပေါ်သို့တင်လာသည့်လက်တစ်ဖက်
"ဒကာလေး"
လက်ကိုချုပ်ကိုင်လို့ဆွဲမှောက်လိုက်တော့ တစ်ပတ်လှည့်လို့ပြန်ထွက်သွားသည်။
အရှင်မင်းကြီးကိုကာကွယ်နေသောမိုရယ်မှာ မျက်စိဒေါင့်ကနေ ပိုင်ဝူဆိုသောသူအားတစ်ချက်ကြည့်လိုက်သည်။
"မကောင်းဆိုးဝါး မင်းရဲ့ပုံစံအစစ်ကိုပြစမ်း"
အဆောင်တစ်ခုကရိပေါ်ရဲ့ကိုယ်ပေါ်ကိုရောက်လာသည်။
"ငါပြောမယ် ငါကမကောင်းဆိုးဝါးမဟုတ်ဘူးလို့"
ထိုအဆောင်ပျက်စီးသွားသည့်အချိန် ရိပေါ်ရဲ့လူပုံစံပျောက်ကွယ်သွားပြီး ကြောင်နက်အသွင်ဖြစ်သွားတော့သည်။
"ဒီ ဆရာတော်ကတော့"
အက်ကွဲလှတဲ့အသံကထိုကြောင်နက်ဆီကနေ ထွက်ပေါ်လာသောအခါ အကုန်လုံးတုန်လှုပ်သွားကြသည်။
လုပ်ကြံသူများကိုဖမ်းဆီးပြီးသော မိုရယ်မှာလည်း ထိတ်လန့်လို့။
ပုတီးစေ့လက်ကောက်အားရိပေါ်လည်ပင်းတွင်
စွပ်ပေးဖို့ ထျန်းဈန်းကိုယ်တော်ရွတ်ဖတ်နေသည့်အချိန်
မိုရယ် ပိုင်ဝူကိုပြေးချီတော့သည်။
သူ့ဝတ်ရုံထဲတွင်ဖွက်ထားလို့။
"မလုပ်ရဘူး ဒါ ငါပိုင်တဲ့အရာ !!!!!"
"ဒကာကြီး ဒါကမကောင်းဆိုးဝါးတစ်ကောင်ပါပဲ"
"မဟုတ်ဘူး "
မိုရယ် အရှင်မင်းကြီး ရှေ့တွင် ဒူးထောက်လို့ ။
"ပိုင်ဝူက ကျွန်တော်မျိုးရဲ့ပိုင်ဆိုင်မှုပါ မကောင်းဆိုးဝါး မဟုတ်ရပါဘူး အရှင်မင်းကြီး "
ပုရောဟိတ်ချင်ကပါဝင်ပြောတော့သည်။
"အရှင်မင်းကြီးရဲ့ခမည်းတော်သေဆုံးရတာ ဒီကြောင်နက်ကြောင့်ပါအရှင်"
"ဘီတမ်မိုရယ်! !!"
"ကျွန်တော်မျိုးမပေးနိုင်ပါဘူး "
"မင်းကိုပါသေဒဏ်ပေးရအောင်လုပ်နေတာလား"
သေဒဏ်ဆိုတဲ့အသံလည်းကြားရော ရိပေါ် ရှောင်းကျန့်ရင်ခွင်ထဲမှထွက်လာပြီး လူပုံစံပြောင်းလဲလိုက်ကာ အကုန်လုံးကိုမေ့မြောအောင် အစီအရင်တစ်ချို့ပစ်ထုတ်လိုက်သည်။
ထျန်ဈန်းကိုယ်တော်ကဒါကိုကြည့်နေမည်တဲ့လား ရိပေါ်ကိုချက်ချင်းတားတော့ နှစ်ဦးသားအတွင်းအားပြိုင်ဆိုင်မှုတွေဖြစ်ထွန်းသွားရသည်။
အစီအရင်ချိုးဖျက်ဖို့အတွက်အစွမ်းများစွာသုံးခဲ့ရတာကြောင့်
ရိပေါ်ကို မနိုင်တော့ပေ။
"ငါကမကောင်းဆိုးဝါးမဟုတ်ဘူးလို့ !!!!!!!!!!"
ရိပေါ် ကွဲအက်နေတဲ့အသံနဲ့ပြောပြီးနောက် မိုရယ်နဲ့အတူပျောက်ကွယ်သွားတော့သည်။
ဝါးပင်တွေချည်းပဲရှိနေသော နေရာတစ်ခု။
တံတားလေးတစ်စင်းနဲ့အိမ်လေးတစ်လုံးက ဝါးပင်တောထဲတွင် ပုန်းကွယ်စွာရှိနေလို့။ ထို့အတူလူနှစ်ယောက်ဟာလည်း ထိုနေရာတွင်ရှိနေသည်။
ရိပေါ်တစ်ကိုယ်လုံးတုန်ရီလို့ ဘာကြောင့်လဲဆို သူ့ကိုမကောင်းဆိုးဝါးလို့ပြောလို့ပဲ။
ဒူးခေါင်းပေါ်ခေါင်းတင်လို့ လက်ဖြင့်နားနှစ်ဖက်ကိုပိတ်ထားပြီး
"ငါကမကောင်းဆိုးဝါးမဟုတ်ဘူး"
ရပ်ကြည့်နေတဲ့မိုရယ်က မခံစားနိုင်တော့သည့်နှယ် ရိပေါ်ကိုဖက်ထားလို့။
"မင်းကငါ့ရဲ့ကြောင်လေး ပိုင်ဝူပါ မကောင်းဆိုးဝါးလုံးဝမဟုတ်ပါဘူး"
အဖြစ်အပျက်များကလျင်မြန်လှသော်လည်း မိုရယ်ကကောင်းစွာလက်ခံနိုင်သည်။ ပိုင်ဝူအကြောင်းသူသိတယ်။
တကယ်လို့မကောင်းဆိုးဝါးဆိုရင် သူအသက်တောင်ရှိပါ့မလား။
"မိုရယ် ငါ့ကိုယုံတယ်မလား"
"ငါမင်းကိုယုံတယ်"
တုန်ရီနေသောရိပေါ်မှာငြိမ်သွားပြီးမိုရယ်လက်ထဲတွင်
ကြောင်လေးပြန်ဖြစ်သွားသည်။
အိပ်ပျော်နေတဲ့ကြောင်လေးကိုထွေးပိုက်လို့
အိမ်ရှေ့ကွပ်ပျစ်လေးတွင်ထိုင်နေသည်။
မိုရယ်ရှေ့သို့ရုတ်ချည်းပေါ်လာတဲ့ စန်းခဲ့ ။
"ဘယ်သူလဲ "
မိုရယ်ကိုစကားမပြန်ဘဲ ရိပေါ်ဆီကိုလက်လှမ်းကာခေါင်းကိုပွတ်သပ်လိုက်သည်။
"ဒီကလေးရဲ့အဆိုးဆုံးနေ့ရက်တွေရောက်လာပြီ"
"ခင်ဗျားက "
"ငါကသူ့သခင် တစ်နည်းအားဖြင့် သူ့ဆရာ"
"မိုရယ်ကအရိုအသေပေးပါတယ်"
"ငါမင်းကိုပြောစရာစကားရှိလို့လာခဲ့တာ။
မင်းရဲ့တိုင်းပြည်နဲ့ ပိုင်ဝူနဲ့ဆို ဘယ်အရာကိုရွေးမလဲ"
"ကျွန်တော်"
"သေချာစဉ်းစားထားပါ နောက်တစ်လနေရင် ပြန်လာခဲ့မယ်။
ရိပေါ်ကို"
မိုရယ်ကနားမလည်သလိုကြည့်တော့ စကားကိုပြင်လိုက်ပြီး။
"ပိုင်ဝူကိုဘာမှမပြောပါနဲ့"
"ဟုတ်ကဲ့"
ပိုင်ဝူရဲ့သခင်ကဘယ်လိုလူမျိုးလဲ ပိုင်ဝူကရော။
အိပ်ပျော်သွားသောရိပေါ်မှာတော့ နိုးလာခဲ့သည်။
"မိုရယ် "
"အင်း"
မေးစေ့လေးကိုပွတ်သပ်ပေးတော့ ငြိမ်ခံလို့ ပြီးမှသတိရကာ လူပုံစံပြောင်းလိုက်သည်။
သူ့အရှေ့ကလူငယ်လေးကိုကြည့်ပြီး ပိုင်ဝူဆိုတာကိုမယုံနိုင်ဖြစ်နေရတယ်။
"မိုရယ်ထက်ချောတယ်မလား"
"အင်း"
"ငါတို့ဒီမှာပဲနေကြမှာလား ပိုင်ဝူ"
"အင်း ဘာဖြစ်လို့လဲ ဒါနဲ့ ဒီကိုလာ ငါပြစရာရှိတယ်"
မိုရယ်လက်ကိုဆွဲလို့ တံတားလေးပေါ်မှဖြတ်သွားကြသည်။
တောင်ကုန်းထိပ်မှမြင်နေရတဲ့ သူ့ရဲ့တိုင်းပြည်ကြီး။
ရိပေါ်ပုံရိယောင်ဖန်ဆင်းထားခြင်းဖြစ်သည်။
"ဘယ်လိုလဲ လှတယ်မလား"
"ဒါပေါ့ အရမ်းလှတယ်"
ရိပေါ် မိုရယ်ကိုငေးနေခဲ့သည်။
အိမ်လေးသို့ပြန်လာခဲ့ပြီး။
"ဒါ ငါ ရှောင်းလဲ့တောင်ကနေခိုးထွက်ရင်နေတဲ့နေရာ
ဘယ်လိုလဲ "
"မဆိုးပါဘူး "
"ဗိုက်ဆာလား မိုရယ် ခဏစောင့် ငါ သစ်သီးတွေသွားခူးလိုက်ဦးမယ်"
ရိပေါ် မြင်ကွင်းထဲကနေပျောက်သွားတော့ မိုရယ်သက်ပြင်းချမိသည်။
မင်းနဲ့တိုင်းပြည်နဲ့ဆို ငါ..
ထျန်ဈန်းကိုယ်တော်က ထန်တိုင်းပြည်မှာမရှိတော့သော ဘီတမ်မိုရယ်ရဲ့အိမ်တော်သို့ သွားတယ်။ မကောင်းဆိုးဝါးလွတ်သွားရင် လူသားတွေအတွက်အန္တရာယ်ရှိတယ်။ အထူးသဖြင့် စစ်သူကြီးမိုရယ်။
ဘယ်နေရာမှာရှိနေလောက်လဲ။ ထျန်ဈန်း ၇ရက်တိုင်တိုင် အစီအရင်ဖြင့်ရှာဖွေပြီးနောက်မှာ ရိပေါ်တို့ကိုရှာတွေ့ခဲ့တယ်။
မိုရယ်နဲ့ရိပေါ် ဒီနေ့တော့ ကိုယ်တိုင်ဟင်းချက်ဖို့ စီစဉ်နေကြတယ်။ အဓိကဟင်းလျာက ငါး။
ဓားမရှိတာကြောင့် ရိပေါ်ကသူ့ရဲ့လက်သည်းကိုထုတ်ပြီး
ငါးကိုပိုင်းဖြတ်လိုက်တော့ မိုရယ်ကခေါင်းခေါက်သည်။
"ဆွဲဖြဲလိုက်ရင်တောင် ငါးပုံစံပေါ်ဦးမယ် အခုကဘယ်မှာလဲ ငါး "
"ကူညီပေးချင်လို့ကို"
"ဒီအတိုင်းဆိုကင်ပဲစားရအောင်"
မိုရယ်နဲ့ရိပေါ်ဟာ အိပ်လိုက် ရေကန်ထဲငါးမြှားလိုက် အသီးခူးလိုက် စပါးစိုက်လိုက်နဲ့ သာမန်ဘဝကိုဖြတ်သန်းနေကြသည်။
ဝါးရိုးနဲ့တံစို့လုပ်ကာ မီးတွင်ကင်နေရင်း။
"ပိုင်ဝူ "
"ဟင်"
မကျက်သေးတဲ့ငါးကို သွားရည်ကျနေရင်းထူးလေသည်။
"ငါ့ကိုဘာလို့ဒီကိုခေါ်လာတာလဲ"
"သေဒဏ်ပေးခံရမှာစိုးလို့ ဒါနဲ့ငါးကမရသေးဘူးလား"
"မထိနဲ့ မကျက်သေးတာကို အစိမ်းစားရင်စကားလာမပြောနဲ့"
"မိုရယ်ကလည်း"
"မင်းမှာမိသားစုရှိလား"
"မိသားစုကဘာလဲ"
"မိသားစုဆိုတာ အိမ်လိုမျိုးပေါ့ မင်းကိုစောင့်ဆိုင်းနေမယ့်လူရှိလား မင်းကိုနားလည်ပေးမယ့်လူ မြတ်နိုးပေးမယ့်လူ"
"မိုရယ်ရယ်ဆရာရယ်ရှိတယ် အဲဒါဆိုမိသားစုပေါ့ "
ကျက်နေတဲ့အပိုင်းလေးကို မသိမသာယူစားလိုက်သည်။
"မင်းချစ်ရတဲ့သူရော"
"ချစ်တာကဘာလဲ"
"အေးပေါ့ ဒါတွေက ကလေးတွေဘယ်သိပါ့မလဲ ကျက်ပြီ စားတော့"
"ငါ့အသက်ကနှစ်သုံးရာရှိနေပြီ ကလေးမဟုတ်ဘူး"
"ငါမြင်တာတော့အစားမက်တဲ့ကလေးတစ်ယောက်ပါပဲ"
"မိုရယ် ငါချစ်တယ်ဆိုတာကိုမသိပေမဲ့
ငါ့အသက်နဲ့ခန္ဓာမရှိတော့သည့်တိုင် မင်းဘေးမှာအဖော်ပြုပေးမှာပါ"
မိုရယ်မျက်လုံးထဲကဝမ်းနည်းရိပ်တွေက ပျောက်ရှလို့ ပျော်မြူးစွာဖြင့်။
"မင်းပြောတဲ့စကားရဲ့အဓိပ္ပါယ်ကိုရောသိလား"
"သိတယ် ဆရာပြောတာ အဲ့ဒါက ကိုယ်သဘောကျတဲ့လူကိုပြောရမှာတဲ့"
"ငါ့ကိုသဘောကျတယ်ပေါ့"
ငါးတွေပြည့်နေတဲ့ပါးဖောင်းဖောင်းလေးက ငြိမ်သွားသည်။
"မသိဘူး ငါမိုရယ်နဲ့ပဲနေချင်တယ် မိုရယ်သေသွားရင်လည်းငါဘေးမှာအဖော်ပြုပေးမယ် ပြီးရင်မွေးဖွားလာမယ့်မင်းကိုစောင့်မယ် အသက်တွေကြီးတဲ့အထိတူတူနေမယ် နောက်ဆုံးချိန်မှာလည်းမင်းဘေးနားနေပေးမယ် ငါဖြစ်ချင်တာအဲ့ဒါပဲ ငါကမသေနိုင်တော့ မင်းကိုအမြဲမှတ်မိနေမှာ နှုတ်ခမ်းအောက်ကမှဲ့နက်လေးရယ် သွားကြီးကြီးရယ် မိုးရွာခါစမှာရတဲ့မြေနံ့လိုမျိုးမင်းရဲ့ ကိုယ်သင်းနံ့ရယ် "
"ငါအနံ့ကမြေနံ့လား "
မိုရယ်သူ့ကိုယ်သူနမ်းကြည့်တော့ ရိပေါ်ငါးကင်ကိုချလို့ မိုရယ်လည်ပင်းနားသို့ကပ်ကာရူရိူက်လိုက်တော့ မျက်လုံးများကအစိမ်းရောင်ပြောင်းသွားသည်။
"အင်း ပန်းအနံ့လေးလည်းရတယ် ငါကြိုက်တယ်"
အထိမခံနိုင်တဲ့လည်ပင်းနား ကရတဲ့ အသက်ရူသံကြောင့် မိုရယ် မျက်နှာတွေနီလာတော့သည်။
ရိပေါ်လည်ပင်းကိုပြန်ဖက်မည့်အချိန်တွင် ကြိုးတစ်ချောင်းကမိုရယ်ကိုယ်ကိုရစ်ပတ်သွားသည်။
ရိပေါ်အနံ့ခံနေရင်းဘေးကလူမရှိတော့လို့ကြည့်တော့။
"ဆရာတော် ခင်ဗျား"
"ဒကာလေး မင်းကအခု လူကိုပါစားဖို့ကြံစည်နေပြီလား အော်မီထော်ဖော"
လက်အုပ်ချီရင်းပြောတော့။
"အထင်နဲ့အမြင်နဲ့လွဲနေတဲ့ခင်ဗျားကို ဘယ်လိုရှင်းပြရမှာလဲ ငါ့ကိုပြန်ပေး "
"မပေးနိုင်ဘူး "
မိုရယ်ကြားထဲနေ လှုပ်ရခက်နေသည်။
"ဆရာတော် ကျွန်တော့်ကိုလွှတ်ပေး "
"ကိုယ်တော် မင်းကောင်းဖို့လုပ်နေတာပါ"
"ခင်ဗျား သူ့ကိုထန်တိုင်းပြည်ကိုပြန်ပို့ရဲပို့ကြည့် မိုရယ် !!!!"
"ပိုင်ဝူ !!!"
မီးခိုးငွေ့တွေနဲ့အတူ မိုရယ်ဟာပျောက်ကွယ်သွားခဲ့တယ်။
"သူသေလိမ့်မယ် ထန်တိုင်းပြည်မှာနေရင်သူသေလိမ့်မယ် ခင်ဗျားသိလို့လား !!!"
"ကံတရားကိုပြင်ပိုင်ခွင့်မရှိဘူး "
"ခင်ဗျားနဲ့ဘာဆိုင်လဲ ဘာဆိုင်လို့လဲ !!!!!"
ရိပေါ်ဝတ်ထားတဲ့ငွေရောင်ဝတ်စုံဟာ အမည်းရောင်အဖြစ်သို့ပြောင်းလဲသွားကာ မျက်လုံးများမှာလည်း အစိမ်းရောင်တောက်ပနေတော့သည်။
"သူသေရင် ခင်ဗျားလည်းသေရမယ်"
"မကောင်းဆိုးဝါး ဒကာလေး အညံ့ခံလိုက်ပါ"
"ကံတရားကိုငါကိုယ်တိုင်ပြင်မယ် "
အနက်ရောင်ဆံပင်များကလေထဲဝဲဖြာစွာရှိနေကာ
လက်ထဲမှအစိမ်းရောင်အလင်းတန်းတွေနဲ့ ထျန်ဈန်းကိုတိုက်ခိုက်နေသည်။
ဗုဒ္ဓရဲ့လမ်းစဉ်ကိုလိုက်သော ထျန်ဈန်းမှရွှေရောင်အလင်းတန်းတွေကို ဖန်ဆင်းကရိပေါ်ကိုချုပ်နှောင်လိုက်တော့သည်။
"အခုအညံ့ခံလိုက်ရင် အပြစ်ကိုပေါ့လျော့ပေးမယ်"
"ငါ ရိပေါ် တခြားသူကိုဘယ်တော့မှအညံ့မခံဘူး !!"
ချုပ်နှောင်ထားတဲ့ရွှေရောင်ကြိုးတွေက ရိပေါ်အသားထဲသို့ တဖြည်းဖြည်းနစ်ဝင်လာတော့သည်။
ခုခံဖို့ကြိုးစားလေ ပိုပြီးနစ်ဝင်လေ။
"အား !!!!!"
ကြောင်ပုံစံအဖြစ်ပြောင်းလဲသွားကာ သွေးအိုင်ထဲတွင်လဲကျနေတော့သည်။
ရှောင်းလဲ့တောင်ပေါ်တွင်ရှိနေသော စန်းခဲ့တွင်ရှိသော ရိပေါ်ရဲ့အသက်နှင့်ဆက်နွှယ်ထားသည့်မီးစလေး လှုပ်ရမ်းသွားချိန်တွင်။
"မကောင်းတော့ဘူး"
သွေးများစွာကုန်ဆုံးသည့်တိုင်သတိရှိနေသောရိပေါ်။
"အခု စိတ်လျော့လိုက်ပါ ဒကာလေး"
"ငါသေတဲ့အထိ လက်လျော့မှာမဟုတ်ဘူး "
အစိမ်းရောင်မျက်လုံးများကလှပစွာတောက်လောင်ဆဲ။
နောက်ဆုံး ဝိညာဉ်နဲ့ခန္ဓာကွဲတော့မည့်အချိန်တွင် စန်းခဲ့ရောက်လာကာ ရိပေါ်ကိုငွေရောင်အလင်းတန်းတွေနဲ့လွှမ်းခြုံလိုက်တော့သည်။
"ငါ့တပည့်ကိုဘယ်သူထိရဲတာလဲ"
ထျန်ဈန်း သူ့ရှေ့တွင် ရှိနေသော ပုဂ္ဂိုလ်ရဲ့အရှိန်အဝါကြောင့် ဒူးထောက်မတတ်ဖြစ်သွားသည်။
"မကောင်းဆိုးဝါးလို့မထင်ရဘူး"
"ငါကမကောင်းဆိုးဝါးမဟုတ်ဘူး မင်းမထင်မှတ်ထားတဲ့သူပဲ"
"ရှောင်းလဲ့စန်းခဲ့ !!"
နတ်ဘုရားကျင့်ကြံသူ ရှောင်းလဲ့စန်းခဲ့ !!!
"ငါ့တပည့်ရဲ့ကံကြမ္မာကို ဝင်မစွက်ဖက်ချင်ပေမဲ့ မင်းကစည်းကျော်တယ် ထန်မင်းကြီးကအကြောင်းမဲ့ အသတ်ခံရမလား မင်းကိုယ်တိုင်သုံးသပ် အခုကစပြီးနောင်နှစ်နှစ်ဆယ်အထိ သာမန်လူလိုနေရမယ် "
မကောင်းဆိုးဝါးနှိမ်နင်းသောသူ့အတွက် သာမန်လူလိုနေရမယ်ဆိုတဲ့အပြစ်ဒဏ်က သေရတာထက်ပိုခံပြင်းလေသည်။
ရိပေါ်အား ရှောင်းလဲ့တောင်ပေါ်သို့ ပြန်ခေါ်လာလေသည်။
ဒဏ်ရာများအားကုသပေးပြီးသည့်တိုင် သတိမရသေးသော
ရိပေါ်ကြောင့် စန်းခဲ့ စိတ်မောသွားသည်။
"မင်းသူ့နောက်ဆုံးခရီးကိုမှီပါ့မလား"
ရာသီတစ်ခုကလျင်လျင်မြန်မြန်ကုန်ဆုံးသွားသည်။
ရိပေါ်သတိရလာတော့ သူရောက်နေတဲ့နေရာကိုကြည့်မိသည်။
ရှောင်းလဲ့တောင်ပေါ် ဒါဆို မိုရယ်ရော မိုရယ်။
ဆရာအားမနှုတ်ဆက်နိုင်ဘဲ ထန်တိုင်းပြည်သို့ သွားမိသည်။
အရာအားလုံးကပုံမှန်လည်ပတ်နေပေမဲ့ သူ့ရင်ထဲအပူလှိုင်းထနေသည်။
မိုရယ် မိုရယ် !
ဘီတမ်မိုရယ်ရဲ့အိမ်တော်ကိုသွားကြည့်တော့ ပိတ်ကာထားတဲ့တံခါး အနည်းငယ်တောင်ဖုန်တွေတက်လို့။
လမ်းတွင်သွားနေတဲ့ လူတစ်ယောက်အား လက်ဆွဲပြီးတားကာ။
"စစ်သူကြီးဘီတမ်မိုရယ်က ဘယ်ရောက်သွားတာလဲ "
"သူကသေသွားပြီလေ ခင်ဗျားသူ့ဂူဗိမ္မာန်ကိုတော့သွားလို့ရတယ်"
ရိပေါ် လမ်းကြားထဲသို့ဝင်ပြီး ကြောင်ပုံစံပြောင်းကာ ပေ့ထျန်းဂူသို့အပြေးသွားနေသည်။
သွားနေရင်းလမ်းတွင်ထိုသူပြောခဲ့သောစကားများကို ကြားယောင်နေသည်။
'မိုရယ်ကမကောင်းဆိုးဝါးနဲ့အတူတူပျောက်ကွယ်သွားပြီး
တစ်ပတ်ကျော်ကြာတော့ပြန်ရောက်လာတယ် ဘုရင်မင်းမြတ်ကအမျက်ထွက်ပြီး
မြေအောက်အကျဉ်းထဲ တစ်လတိတိပိတ်ထားခဲ့တာ
တစ်လမပြည့်ခင် ယန်လူမျိုးတွေက ထန်တိုင်းပြည်ကိုစစ်ကြေညာလို့ ဘုရင်မင်းမြတ်ကိုယ်တိုင် ရှေ့တန်းကနေတိုက်ခိုက်ဖို့အပြစ်ပေးခဲ့တယ်။
ဒါပေမဲ့ အမြဲကံကောင်းတဲ့ဘီတမ်မိုရယ်ကဒီတစ်ခါ စစ်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ သူကတော့သေသွားတယ်။ သူ့အလောင်းကို သူ့ရဲ့လူယုံလိရွှမ်းကိုယ်တိုင်သယ်လာခဲ့တာ ဘုရင်မင်းမြတ်က နိုင်ငံကိုကာကွယ်ခဲ့လို့ ပေ့ထျန်းဂူဗိမ္မာန်နဲ့ထားရှိပေးထားတာ
အဲ့ဂူဗိမ္မာန်ကို ဘီတမ်မိုရယ်ရဲ့အိမ်တော်ကအလုပ်သမားတွေပဲ ဆောက်ပေးပြီး အကုန်လုံးဂူဘေးမှာပဲသတ်သေခဲ့ကြတယ်။
သခင်အပေါ်အရမ်းသစ္စာရှိတဲ့လူတွေပါပဲ'
.ပေ့ထျန်းဂူလည်းရောက်ရော ရိပေါ် အထဲသို့ချက်ချင်းဝင်သွားသည်။
ခမ်းနားစွာတည်ရှိနေတဲ့အခေါင်းတလားတစ်လုံး။
သတၳုတွေနဲ့တဲ့လား။
အခေါင်းတလားပေါ်ကုတ်ခြစ်လို့
"မိုရယ် မင်းမသေသေးဘူးမလား မိုရယ် ပြန်ဖြေပါဦး မိုရယ်"
အမြဲတမ်းရယ်ပြုံးနေသောသူ့မျက်နှာမှာ အခုတော့ဝမ်းနည်းရိပ်တွေစုပြုံလို့။
အခေါင်းကိုဖွင့်ဖို့လုပ်တော့ချိပ်စည်းတွေနဲ့ လူပုံစံပြောင်းလဲကာ
မရမကဖွင့်နေသည်။
လေးလံလှတဲ့သတၳုအဖုံးကပြုတ်ကျသွားပြီး အခေါင်းထဲတွင်တော့ ပြာအိုးတစ်လုံးနှင့်စာတစ်စောင်သာရှိနေခဲ့သည်။
ဘာလို့ ဘာလို့မီးရိူ့လိုက်တာလဲ ဘာလို့လဲ။
ဆရာ ဆရာလုပ်တာလား။ ရှောင်းလဲ့တောင်ပေါ်ပြန်ရောက်လာပြီး
"ဆရာ ဆရာ "
"ရိပေါ်"
"ဆရာသူ့ကိုပြောလိုက်တာမလား ကျွန်တော်အသက်ပြန်သွင်းပေးမှာစိုးလို့ ခန္ဓာကိုယ်ကိုဖျက်ဆီးခိုင်းလိုက်တာမလား"
"မင်းကောင်းဖို့အတွက်ပါ"
"အား !!!!"
နှစ်သုံးရာကြာပြီးမှ သူသဘောကျနှစ်သက်တဲ့သူကိုရှာတွေ့ခဲ့တာ။
ဘာလို့အခုလိုအဆုံးသတ်မျိုး ဘာလို့လဲ။
လက်ထဲကစာလေးကိုဖျစ်ညှစ်လို့။
"မင်းရဲ့မိုရယ်ကမသေပါဘူး"
"ဟင်"
"သူရေးထားတဲ့စာကိုဖတ်လိုက်ပါ"
ရေးထားတဲ့စာကိုဖွင့်ဖတ်တော့
"ငါ့အသက်နဲ့ခန္ဓာကပျက်စီးသွားပေမဲ့လည်း မင်းဘေးမှာငါအမြဲရှိပါတယ်"
မိုရယ် ငါ့ရဲ့မိုရယ်။
နှစ်ပေါင်းတစ်သောင်းကြာပြီးတဲ့နောက် ~
"ရိပေါ် မင်းလူတွေနဲ့အတူနေမယ်ဆိုရင် စကားမပြောဘဲနေလို့မရဘူးလေ"
"မင်းရဲ့ဆရာကိုအခုထိအခဲမကြေသေးဘူးလား"
"ကြောင်ပုံစံပြောင်းရင်လည်းလူကြားထဲမပြောင်းနဲ့ "
မောလိုက်တာ တပည့်ကသူလားငါလား။
ရိပေါ်ကတော့ စန်းခဲ့ ကိုလျစ်လျူရူလို့ ထွက်သွားလေသည်။
ပန်းခြံထဲရှိမက်မွန်ပန်းပင်အောက်တွင် ကြောင်ပုံစံဖြင့် နေနေတုန်း လူတစ်ယောက်ကသူ့ကိုလာပွတ်သပ်သွားသည်။
"မင်းတစ်ယောက်တည်းလား"
မာဖလာတစ်ဝက်အုပ်ထားတဲ့
မျက်နှာနဲ့ယောကျာ်းလေးတစ်ယောက်။
ထိုလူဆီကရတဲ့ရနံ့က~
ထပ်ပြီးအနံ့ခံမယ်ရှိသေး။ လူတစ်ယောက်ခေါ်လို့ထွက်သွားလေသည်။
ရိပေါ် လူအဖြစ်ပြောင်းလိုက်ပြီး သူလား မိုရယ်ကသူလား။
တစ်ပတ်တိတိ ရိပေါ်ထိုလူကိုရှာနေပေမဲ့ မတွေ့ခဲ့ပေ။
ဆရာအိမ်သို့ပြန်သွားကာ ကြောင်အိမ်ထဲခွေနေတော့သည်။
"ရိပေါ် ဒေစီပန်းတွေကို ဆေးရုံကိုတစ်ချက်လောက်ပို့ပေးပါ"
"ပန်းတွေနဲ့ "
"အင်း"
"မြန်မြန်သွားပို့ပေး မင်းအတွက်အကျိုးရှိတယ်"
မသွားချင်ပေမဲ့လည်းဆရာဖြစ်နေတော့။
ဆေးရုံအခန်း1005 ကိုရှာပြီး ဒေစီပန်းတွေပေးခဲ့သည်။
ပြန်ခါနီး ဂျုတီကုတ်ဝတ်ထားတဲ့လူတစ်ယောက်က
မိမိဘက်သို့လှည့်ကြည့်ကာပြုံးလို့။
"မတွေ့ရတာကြာပြီနော် ပိုင်ဝူ"
August 21 2020
Коментарі