Episode - 3
ထျန်ဈန်းကိုယ်တော် က ဘုရင်တွေ့ဆုံပြီး ဘုရင်ရဲ့ခမည်းတော်အကြောင်းကို အဆောတလျင်ပြောပြဖို့အတွက် နန်းဆောင်သို့သွားနေပေမဲ့ လမ်းတစ်ဝက်ပင်မရောက်သေး ပုရောဟိတ်ချင်တားတာခံလိုက်ရသည်။
"ဘာကြောင့်လဲ ဒကာကြီး "
"ထပ်ပြီးအသေးစိတ်စုံစမ်းပြီးမှ လျောက်တင်တာပိုကောင်းမယ်ထင်လို့ပါ"
"အင်း ပြောတာမှန်သလောက်ပါပဲ"
" ကိုယ်တော့်ကို ဘီတမ်မိုရယ်ရဲ့အိမ်တော်ကို လမ်းပြပေးမယ် မဟုတ်လား"
"ဒါကိုတော့ ကူညီပေးမှာပါ"
"ကောင်းပြီ"
ထျန်းဈန်းကိုယ်တော်နဲ့ပုရောဟိတ်ချင်တို့ကတော့ နန်းတော်မှထွက်ခွာလို့။
ဘီတမ်မိုရယ် အိမ်တော်မှာတော့
ဝမ်ရယ်ရဲ့အလုပ်ရူပ်နေပုံကြောင့် အိမ်ရှိအစေခံများကလည်း ပျားပန်းခတ်မျှအလုပ်ရူပ်နေကြသည်။
ဝမ်ရယ်လိုချင်တဲ့စာရွက်များကို တစ်ယောက်ပြီးတစ်ယောက် ယူလာပေးကြသည်။ သူ့ရဲ့တိုင်းတစ်ပါးကရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ဆီ စာရေးဖို့အတွက်ပေါ့။
တိုက်ပွဲတိုက်ရင်းခင်မင်လာတဲ့ရှားပါးတဲ့သူငယ်ချင်း။
မိုရယ်ဟာ ပျော်နေတော့တာပဲ။ သူ့ဘေးမှာ ပိုင်ဝူလည်းရှိတယ်။ လိရွှမ်းလည်းရှိတယ်။
အခုဆိုသူငယ်ချင်းတစ်ယောက်ကိုပါရနေပြီ။
မိုရယ်ရဲ့စိတ်လေးဟာနူးညံ့လွန်းပါတယ်။ သူ့ကိုသေချာပေါင်းသင်းမယ်ဆိုရင် ကလေးဘယ်လောက်ဆန်ကြောင်းတွေ့ရမှာ။
မိုရယ်ရဲ့ကလေးဆန်မှုကိုတော့ လက်ရှိ ပိုင်ဝူလေးကခံစားနေရတယ်တဲ့။
သူ့သူငယ်ချင်းဆီ ရေးနေတဲ့အကြောင်းအရာက
ပိုင်ဝူအကြောင်းပါတဲ့လေ သူ့မှာကြောင်လေးတစ်ကောင်ရှိလို့ တစ်ဖက်ကိုကြွားဝါနေခြင်းဖြစ်သည်။
ပြုံးရယ်ခဲလှတဲ့မိုရယ်ရဲ့မျက်နှာပေါ်မှာ အပြုံးလေးတွေကတွဲလွဲခိုလို့။ ပိုင်ဝူကတော့ တစ်ချက်သာကြည့်ပြီး ပျင်းကြောဆန့်နေတယ်။
အကောင်းဆုံးစာရွက်နဲ့သေချာရေးကာ သိမ်းဆည်းပြီးတော့
စာပို့သိမ်းငှက်လေးနဲ့ထည့်ပေးလိုက်တယ်။ အစကနေပူစာလှုံဖို့အတွက် အပြင်ထွက်နေခဲ့တာ အခုတော့စာရေးဖို့အတွက်ဖြစ်သွားလေသည်။
စာရေးပြီးတော့ မိုရယ် သူ့ရှေ့တွင်ရှိသမျှကိုရှင်းလင်းခိုင်းလိုက်သည်။
လိရွှမ်း က ကုချင်ကိုသယ်လို့ မိုရယ်ရှေ့ကဖြတ်သွားတော့
တားဆီးခြင်းခံလိုက်ရသည်။
"ဒီကိုယူလာခဲ့"
မိုရယ်ဒီနေ့စိတ်ကြည်နေတာကြောင့် မတီးခတ်တာကြာတဲ့ ကုချင်နဲ့သီချင်းတစ်ပုဒ်စပ်ချင်နေသည်။
ပေါင်ပေါ်တွင်ရှိနေတဲ့ပိုင်ဝူက ကုချင် နားသို့ခုန်တက်လာတယ်။
"နားထောင်မလား ပိုင်ဝူ"
လည်ပင်းလေးကိုပွတ်ရင်းမေးတော့
• မဆိုးဝါးရင်ပေါ့ •
"ဟမ်"
"ညောင်လ်~"
ကြောင်တစ်ကောင်ကလူစကားဘယ်လိုလို့ပြောနိုင်မှာလဲ။
ငါစိတ်ထင်တာနေမှာပါလေ။
"သေချာနားထောင်နော် ပိုင်ဝူ"
ဓားကိုင်သည့်လက်များကကြမ်းတမ်းခြင်းမရှိခဲ့ဘဲ
ဖော့ဖယောင်းလိုနူးညံ့ကာသွယ်လျနေခဲ့သည်။
လက်ချောင်းများလှုပ်ရှားနေမှုကိုလိုက်ကြည့်နေသော ပိုင်ဝူခမျာသွားတွေယားလာရသည်။
မဆိုးပါဘူး ငါနားထောင်ဖူးသမျှကုချင်တီးတဲ့သူတွေထဲမှာ
မင်းအတော်ဆုံးပါပဲ။
နားထောင်ရတာပျင်းလာတော့ လက်လေးကိုယပ်လိုက်သည်။
ငါလည်းကြောင်နဲ့တကယ်တူနေပြီ။ ဟင်း ~
သီချင်းလေးကရိုးရိုးလေးနဲ့ပဲအဆုံးသတ်သွားတယ်။
ပိုင်ဝူကတော့နားရွက်လေးထောင်လို့ မိုရယ်ကိုကြည့်နေတယ်။
"ဘယ်လိုလဲ ကောင်းလား"
နားရွက်လေးကတဖျတ်ဖျတ်ခတ်လို့ တစ်ဖက်ကိုလှည့်သွားသည်။ အမြီးလေးအားကိုင်ဆော့တော့ မိုရယ်ကိုကုတ်သည်။
လိရွှမ်းကစိုးရိမ်တကြီးနဲ့ မိုရယ်ရဲ့လက်ကိုယူကြည့်တော့
ဘာခြစ်ရာမှမရှိပေ။
"ပိုင်ဝူကလိမ္မာတယ် စလို့လည်းကောင်းတယ် ဟားဟား"
နာအောင်လုပ်လိုက်ရမှာ အလကားသက်သက် လက်သည်းဖွက်မိတာ။
ပိုင်ဝူကတော့ ကုချင်တင်ထားတဲ့ခုံပေါ်ကနေခုန်ဆင်းသွားလေသည်။
"တကယ်သာကုတ်ရင် ဘယ်လိုလုပ်မလဲ မိုရယ်ရယ်"
"သူ့ကငါ့ကိုချစ်တယ် မင်းမသိလို့"
ဟုတ်ပါပြီ ဒီကျွန်မျိုးကပဲမှားပါတယ်။
ပိုင်ဝူကတော့ အေးဆေးစွာနဲ့အခန်းထဲသွားနေသည်။
ဘယ်သူမှမရှိတာသေချာမှ လူပုံစံပြောင်းလိုက်သည်။
"ပျင်းဖို့ကောင်းလိုက်တဲ့လူတွေ"
အနက်ရောင်ဝတ်စုံနှင့်ထိုလူငယ်ဟာ ကြောင်တစ်ကောင်ပါလို့ပြောရင် မည်သူကယုံမည်တုန်း။
ခြံဝန်းများကိုပေါ့ပါးစွာဖြတ်ကျော်ပြီး မိုးမခပင်တွေရှိရာသို့
ထွက်သွားတော့သည်။
ငါအခုထွက်သွားရင် သူတစ်ခုခုတော့မဖြစ်လောက်ဘူးမလား။
အာရုံစိုက်မနေနဲ့ လူသားတွေကိုတွယ်တာရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။
မိုးမခပင်တစ်ခက်ကိုယူလို့ မြေတွင် အစီအရင်တစ်ချို့ကိုဆွဲလိုက်သည်။
ကောင်းကောင်းနေလောက်မှာပါလေ။
ဆရာဆီပြန်ရောက်သွားသည့်တိုင် သူကတော့အတွေးထဲတွင် တဝဲလည်လည်။
ငါ့ကိုလိုက်ရှာနေမလား အခုချိန်ဆိုဘာလုပ်နေမလဲ လိရွှမ်းကိုပဲဆူနေမလား။
ဝါးရုံပင်တွေအားကုတ်ဆွဲနေရင်းစဉ်းစားနေသည်။
"ရိပေါ် "
"အဟမ်း ရိပေါ်"
"ပိုင်ဝူ"
ညောင်လ်~
"အာ ဆရာ"
"မင်းအဲ့လူသားကိုစိတ်ပူလို့လား "
သူထွက်လာတာတစ်လကျော်ကြာနေပြီ မေ့ပျောက်သင့်ပြီဆိုပေမဲ့ ငါကြောင်တစ်ကောင်ဖြစ်ချင်နေတုန်းပဲ။
ဘယ်လိုပြန်ဖြေရမလဲ သူကလူမဟုတ်ဘူး မှော်ကြောင်နက် လူအဖြစ်ပြောင်းလဲနိုင်တယ် အစွမ်းလည်းရှိတယ်။
ဆရာကသူငယ်စဉ်ကတည်းကမွေးစားထားခဲ့တာ ဆရာကလူပုံစံဆိုပေမဲ့လည်း လူမဟုတ်တာကိုရိပ်မိပါတယ်။ ဘယ်လူသားကနှစ်သုံးရာကြာတဲ့အထိအသက်ရှည်မလဲ။
မသေနိုင်တဲ့လူမျိုးတွေလိုပဲ။
ဘယ်လိုပြောပြရမလဲ ကျွန်တော် ရှောင်းလဲ့တောင်ပေါ်မှာမနေနိုင်တော့ဘူးဆိုပြီး ပြောရမလား။
အဲ့လူသေတဲ့အထိသူ့ဘေးနားနေချင်တယ်လို့ပြောရမလား။
သူ့ကိုကယ်ဖူးလို့ပြန်ပြီးကျေးဇူးဆပ်ချင်တယ်ပြောရမလား။
စန်းခဲ့တစ်ယောက်သူ့တပည့်ရဲ့အတွေးတွေကို
အတိုင်းသားကြားနေရတာကြောင့် ခေါင်းသာအသာယမ်းမိသည်။ ခံစားချက်မဲ့တဲ့ကြောင်နက်က အခုတော့စိတ်ခံစားချက်ပေါင်းစုံဖြစ်ထွန်းလို့။
သူစခဲ့တဲ့ဇာတ်လမ်းပါပဲလေ။ လက်ချောင်းလေးတွေဖြင့် ရေတွက်ကြည့်ရင်း ရိပေါ်ရဲ့အနာဂတ်ကိုကြည့်မိတော့ ပိုပြီးရင်လေးသွားရသည်။
ဒီဆရာ့အမှားတွေပါလေ။ မင်းကိုအစကတည်းကမခိုင်းခဲ့သင့်တာ။
တစ်ဦးတည်းသောတပည့်လေးရဲ့နှလုံးသားက မကြာခင်အချိန်အတွင်းပျက်စီးကြေကွဲရမည့်အဖြစ်ကို
ကြိုသိနေပေမဲ့လည်း တားဆီးနိုင်စွမ်းမရှိ။
လူတစ်ယောက်ရဲ့ကံကြမ္မာကိုသူဘယ်လိုလို့ ပြောင်းလဲနိုင်မလဲ။
"ရှောင်းလဲ့တောင်ပေါ်ကနေထွက်သွားချင်တာလား ရိပေါ် "
"ညောင်လ် ~ အဲလေ ဟုတ်ကဲ့"
"နောက်ဖြစ်လာမယ့်အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ မင်းတောင့်ခံနိုင်မှာလား"
"ကျွန်တော်တောင့်ခံနိုင်တယ်"
"ကတိကိုလွယ်လွယ်မပေးရဘူးလေ"
"နောက်၃နှစ်အတွင်းဆရာ့ကိုလာမရှာနဲ့ ရှောင်းလဲ့တောင်ပေါ် ၃နှစ်ခြေမချရဘူး"
"ဆရာ ကျွန်တော့်ကို အပြစ်ပေးနေတာလား"
"မင်းကောင်းဖို့အတွက်ပါ"
"ဆရာ"
"သွားတော့"
စန်းခဲ့ ဝတ်ရုံလက်ကိုဝေ့ယမ်းလိုက်တာနဲ့ ရိပေါ် မိုးမခင်ပင်ရှိတဲ့တံတားနံဘေူရောက်နေတော့သည်။
ငါ့ကိုတပည့်လို့မသတ်မှတ်တော့တာလား။
ဘာကိုဆိုလိုချင်တာလဲ။
မိုးမခပင်တစ်ခက်ချိုးပြီးရေထဲဆော့ကာ ခဏတာစဉ်းစားနေသည်။
ဘာဖြစ်နိုင်မလဲ။
ရိပေါ်စဉ်းစားနေတုန်း လမ်းမထက်ရှိလူများရဲ့ အုန်းအုန်းကျက်ကျက်အသံတွေကစီညံလာခဲ့သည်။
"ဒီတစ်ခေါက်လည်း ခက်ခဲလှတဲ့ယန်လူမျိုးတွေရဲ့
စစ်ပွဲကိုနိုင်လာတယ် ဘီတမ်မိုရယ်ကတကယ်ကို သတ်ဖြတ်ခြင်းနတ်ဘုရားဖြစ်နေပြီလား"
ဟမ် စစ်ပွဲ ငါမရှိတဲ့ခဏလေးအတွင်း စစ်ဖြစ်ပြန်ပြီလား။
လူအုပ်တွေကြားထဲတိုးဝှေ့ကာ စစ်ပွဲအောင်နိုင်သူအားကြည့်တော့ အသက်မဲ့တဲ့မျက်ဝန်းတွေနဲ့အတူ ပိန်ကျသွားတဲ့မျက်နှာလေး။
ထိုခဏ ရိပေါ်နဲ့ မိုရယ်တို့အကြည့်ချင်းဆုံသွားလေသည်။
မိုရယ် ထိုစိမ်းဖန့်ဖန့်မျက်ဝန်းတွေကိုမြင်လိုက်သည့်အခါ
သူ့ရင်ထဲပျော်သလိုခံစားလိုက်ရသည်။ ဘာကြောင့်လဲ
သူကပိုင်ဝူမဟုတ်မှန်းသိတာတောင် ဝမ်းသာနေတဲ့စိတ်က တစ်ကိုယ်လုံးပျံ့နှံ့လို့။
ဒါပေမဲ့ခဏတာပါပဲ သူပိုင်ဝူကိုပဲလိုချင်သည်။ ပိုင်သူနဲ့ဆင်လို့ ပျော်သွားတာဖြစ်မှာပါ။
ကိုယ့်ကိုနှစ်သိမ့်လို့ နန်းတော်ဆီကိုသာ အခစားဝင်တော့သည်။
ရိပေါ်သူ့ကိုကြည့်လို့ပျော်နေတုန်းရှိသေး အကြည့်လွှဲသွားတာကြောင့် ရင်ထဲအောင့်သက်သက်ဖြစ်သွားလေသည်။
သူ့ကိုယ်သူပြန်ကြည့်တော့ ဟာ ငါကလူဖြစ်နေတာကိုး။
August 20 2020
Коментарі