Episode - 5
ရိပေါ်ခမျာ မိုရယ်နားခဏပဲနေရသေးတယ် လူပုံစံဖြစ်သွားလို့ အိမ်တော်ထဲမှာရှိတဲ့အပင်ပေါ်ပုန်းနေရတယ်။
ငါ့ကိုမတွေ့ရင် အော် ငါ ဒီမှာရှိနေမှာပဲ။
ဘယ်လိုဖြစ်မလဲ ထိုင်ကြည့်နေရုံပေါ့။
နက်စွေးသောဝတ်ရုံအားဝတ်ဆင်ထားပြီး
အပင်ကိုကျောမှီလို့ ဖြစ်လာမယ့်အရာများကို မျှော်လင့်တကြီးစောင့်စားနေသည်။
သုံး နှစ် တစ် ~
"လိရွှမ်း !!!"
လိရွှမ်းဘဝကတော့သနားစရာပါပဲ။
ရိပေါ် အသံကျယ်ကျယ်နဲ့ရယ်ချင်ပေမဲ့ ကြားမှာစိုးလို့ လက်အုပ်ပြီးရယ်နေရတယ်။
တစ်အိမ်တော်လုံးကအစေခံကတော့ ခြေချင်းလိမ်ကာ ကြောင်လေးကိုရှာနေကြသည်။
မိုရယ် ခရမ်းရင့်ရောင်ဝတ်ရုံကိုလဲလို့ ဆံပင်တစ်လွှာကိုဆံထိုးဖြင့်ထုံးဖွဲ့လို့ ပိုင်ဝူကိုလိုက်ရှာနေတယ်။
ဘာလို့ထပ်ပျောက်သွားရတာလဲ။
အိမ်တော်ထဲကနေမိုရယ်ထွက်သွားတော့ ရိပေါ်နောက်ကနေလိုက်လာခဲ့သည်။
တည်ငြိမ်လှတဲ့မိုရယ်ရဲ့မျက်နှာပေါ်တွင် စိုးရိမ်မှုများစွာနေရာယူထားလေရာ မြင်သမျှလူတိုင်း ဘီတမ်မိုရယ်မှဟုတ်ရဲ့လားဆိုပြီး နှစ်ခါပြန်ကြည့်နေရတယ်။
ကြောင်တစ်ကောင်ကလူကြားထဲဘယ်လိုသွားနေမှာလဲ။
မိုရယ် တံတားဘေးရပ်နေရင်း သူ့ကိုယ်သူစိတ်ပျက်နေသည်။
ကြောင်တစ်ကောင်ကိုတောင်မကာကွယ်နိုင်တာ ဒီတိုင်းပြည်ကိုထပ်ပြီးကာကွယ်နိုင်ပါ့မလား။
ရေထဲမှာပေါ်နေတဲ့သူ့ကိုယ်သူတောင် မကြည့်ချင်လို့ ပြန်မယ်လုပ်တော့ လူတစ်ယောက်ကသူ့ကိုပြုံးပြီးကြည့်နေတယ်။
အရင်တစ်ခေါက်ကတွေ့ခဲ့တဲ့သူ။
"မိုရယ်"
ခပ်ညိမ့်ညိမ့်အသံလေးကနားထဲဝင်လာတယ်။
မျက်မှောင်ကြုတ်လို့မျက်နှာအနေအထားပြင်လိုက်ပြီး
"ဘယ်သူလဲ "
"ငါလား ငါက"
ငါကကြောင်လေ လို့ပြောလို့မှမရတာ။
မဖြေဘဲနေတော့ သူ့ကိုစူးစိုက်ကြည့်နေသည်။
ခေါင်းလေးခါလို့ မျက်စိတစ်ဖက်မှိတ်ပြတယ်။
အမျိုးသမီးတွေရဲ့ကလူကျီစယ်မှုမှာတောင် သူ့ကိုမထိုးဖောက်နိုင်ပေမဲ့ ရှေ့ကလူကြောင့် နားရွက်လေးတွေရဲသွားရသည်။
ဝတ်ရုံလက်ကိုခါလို့ ထွက်သွားတော့ ဝတ်ရုံစကိုဆွဲထားကာ ပြုံးပြပြန်သည်။
"ငါ့ဆီကဘာလိုချင်လို့လဲ"
မင်းကအခုထိဘာမှမစားရသေးဘူးလေ စားဖို့ခေါ်သွားရမှာပေါ့ ဝယ်ကျွေးချင်ပေမဲ့လူတွေသုံးတဲ့ပိုက်ဆံငါ့မှာမရှိဘူး။
မိုရယ် သူ့ဘာသာရှင်းလိမ့်မယ် အခုကစားဖို့ခေါ်သွားရမယ်။
ဝတ်ရုံအောက်ကလက်တစ်ဖက်ကိုဆွဲကိုင်လို့
သူကြောင်ဖြစ်တုန်းကစားခဲ့တဲ့ ခေါက်ဆွဲဆိုင်ဆီကိုခေါ်လာတယ်။
ငါကစားစရာမလိုဘူးဆိုပေမဲ့လည်း ဒီဆိုင်ကအရသာကလုံးဝကောင်းတော့ နောက်တစ်ခါထပ်စားချင်နေတယ်။
စားပွဲမှာနေရာယူပြီးသည့်အချိန်ထိ မိုရယ်ရဲ့လက်ကိိုမလွှတ်ပေ။
မိုရယ် ထူးဆန်းတယ်လို့မခံစားရဘဲ ဒီလူအနားနေရတာ ပိုင်ဝူနားနေရသလိုပဲ သက်တောင့်သက်သာရှိတာကြောင့် ငြိမ်နေလိုက်တယ်။
အမဲသားခေါက်ဆွဲနှစ်ပွဲလာချတော့ ရိပေါ်ရဲ့မျက်လုံးတွေက ပျော်တဲ့စိတ်ကြောင့်အရောင်လဲ့သွားတယ်။
တူကိုင်လို့အမြန်စားတယ်။ လက်တစ်ဖက်ကတော့မလွှတ်ပေးဘူးပေါ့။
မိုရယ်ဘယ်လက်နဲ့စားတဲ့အကျင့်မရှိတာကြောင့် လက်ကိုဖြုတ်တော့ ပါးစပ်မှာခေါက်ဆွဲတန်းလန်းနဲ့သူက သူ့ကိုကြည့်တယ်။
ပြီးတော့မှ လက်ကိုလွှတ်ပေးတယ်။ ပိုင်ဝူကိုရှာနေတာကြောင့် သူမစားရသေးတာကိုအခုမှသတိထားမိတော့တယ်။
အမဲသားခေါက်ဆွဲနှစ်ပွဲကတော့ ပန်းကန်လုံးထဲတွင်ပြောင်သလင်းခါလို့။
ရိပေါ်ဗိုက်ဝသွားတော့ အရင်ကအကျင့်အတိုင်း မိုရယ်ရဲ့လက်ကိုသူ့ဗိုက်ပေါ်တင်လိုက်တယ်။
ဆိုလိုချင်တာက သူ့ကိုပွတ်သပ်ပေးစေချင်တာ။ မိုရယ်ကတော့ မျက်မှောင်ကြုံပြီးကြည့်လို့။
"အာ စားပြီးဗိုက်ကိုပွတ်ပေးရင်အစာကြေတယ်လေ "
မိုရယ်ဗိုက်ပေါ်လှမ်းတဲ့လက်ကိုဖယ်လိုက်ပြီး။
"မလိုဘူးရတယ်"
ပိုက်ဆံရှင်းပြီး ပိုင်ဝူကိုထပ်ပြီးရှာဖို့သွားတော့ သူသွားလေရာ ဒီလူကပါနေတယ်။
လှည့်ကြည့်တိုင်းရယ်ပြလို့ ရှေ့ဆက်သွားဖို့မေးငေါ့ပြတယ်။
မိုရယ်စိတ်ထဲမထားဘဲ ရှေ့သို့ဆက်သွားတယ်။
ခဏကြာတော့သူကစကားစပြောတယ်။
"ရင်ဘတ်ကဒဏ်ရာကသက်သာသွားပြီလား"
လက်လေးပိုက်ကာဖြင့်သူ့ကိုမေးတဲ့ထိုလူ။
သူပြောမှမိမိဒဏ်ရာကနာကျင်မှုမခံစားရတာကို သတိထားမိတော့တယ်။
အံ့ဩသွားတဲ့ပုံလေးကိုမြင်တော့ ရိပေါ် ရယ်ချတယ်။
"ဟားဟား ကြည့်ရတာသက်သာသွားတဲ့ပုံပါပဲ ကြောင်ကိုလိုက်ရှာမနေနဲ့ ပြန်လာလိမ့်မယ်"
"မင်းကဘာသိလို့လဲ သူကကြောင်မဟုတ်ဘူး"
"ကြောင်မဟုတ်လို့ဘာလဲ"
"ပိုင်ဝူ"
•ညောင်လ်~•
သေစမ်း သေစမ်း ကျင့်သားရနေတာကအဆင်မပြေလိုက်တာ။
"မင်း"
လက်ညှိုးထိပ်မှအစိမ်းရောင်အငွေ့လေးတွေထွက်လာပြီး
မိုရယ်ရဲ့နဖူးကိုထိပြီး
"မေ့လိုက် "
မျက်တောင်လေးများက ညွှတ်ကျသွားတယ်။
နားလည်သလိုခေါင်းလေးညိမ့်ပြလာတော့ ရိပေါ်ပျော်သွားတယ်။
အဲ နေဦး။
လက်ဖျောက်တစ်ချက်တီးလိုက်တော့ မျက်လုံးပြန်ပွင့်လာတယ်။
"မင်းကိုဒဏ်ရာရအောင်ဘယ်သူလုပ်တာလဲ"
"လုန်နျွဲ့ရင်း"
"ကောင်းပြီ အခုအိပ်လိုက်တော့"
မျက်လုံးများမှိတ်သွားပြီးရိပေါ်ဆီမှီကျလာတယ်။
"အင်း စစ်သူကြီးမလုပ်ဘဲ ကုချင်တီးတဲ့သူပဲလုပ်ရမှာ
သွေးစွန်းတဲ့အလုပ်တွေနဲ့မလိုက်ဖက်ဘူး"
အိမ်တော်သို့ချီပြီးဝင်လာတော့ လိရွှမ်းမှာ တုန်လှုပ်သွားရသည်။
"မိုရယ် ခင်ဗျားက"
ထိုလူဆီကရတဲ့အရှိန်အဝါကြောင့် အကုန်လုံးဒူးညွတ်ကြမတတ်။
"ငါကမိုရယ်ရဲ့သူငယ်ချင်း သူဘာမှမဖြစ်ဘူး စိတ်မပူကြနဲ့"
လိရွှမ်းခေါင်းညိမ့်လို့ အစေခံတွေနဲ့အတူ မိုရယ်အခန်းမှ ထွက်ခွာသွားရသည်။
ဆံထိုးလေးကိုဖြုတ်လို့ အိပ်ရာပေါ်ညင်သာစွာချပေးလိုက်တယ်။
ကောင်းကောင်းအိပ် ။
ငါလည်းကြောင်ပုံစံပြောင်းဖို့နည်းရှာမှပါ။ မိုရယ်ရဲ့အိမ်ကနေထွက်ခွာလို့ မိုးမခပင်နားပြန်လာခဲ့တယ်။
မိုးမခတစ်ခက်ကိုယူလို့ လူမရှိတဲ့တောတစ်နေရာကို သွားတယ်။
အစီအရင်ကိုစဆွဲမယ်တော့ ဘုန်းတော်ကြီးတွေကိုင်တဲ့တုတ်က သူရှေ့ကိုရောက်လာတယ်။
"မကောင်းဆိုးဝါးတွေကလူတွေနဲ့အတူတူမနေသင့်ဘူး"
ဘယ်နားကိုကြည့်ပြီး ငါကမကောင်းဆိုးဝါးနဲ့တူနေရတာလဲ။
အနက်ရောင်ဝတ်ရုံပဲဝတ်ထားမိတာလေ။
သေချာကြည့်ရင်ငါကတောင်ချောနေသေးတယ်။
"ဆရာတော်မှားနေပြီထင်တယ် ငါကမကောင်းဆိုးဝါးမဟုတ်ဘူး"
"ထန်မင်းကြီးကိုဝိညာဉ်နှုတ်ခဲ့တာမင်းမလား ကြောင်နက်"
"အဲ့လောက်ထိ သိနေတာလား "
"မင်းငါ့လက်ထဲကနေပြေးမလွတ်ပါဘူး"
"ထပ်ပြီးကြိုးစားဖို့လိုသေးတယ်"
တစ်စုံတစ်ခုကို ရေရွတ်လိုက်ပြီး ထျန်းဈန်းကိုယ်တော်ရှေ့မှ ပျောက်ကွယ်သွားတယ်။
ရိပေါ်ပြန်ပေါ်လာသည့်နေရာက မိုရယ်ရဲ့အိပ်ခန်းတွင်ဖြစ်သည်။
ကိုယ့်လက်ကိုကြည့်တော့ တော်သေးတာပေါ့ ကြောင်ပြန်ဖြစ်သွားလို့။
အိပ်နေတဲ့မိုရယ်မျက်နှာကို
လက်သည်းဖွက်လို့ကုတ်ခြစ်လိုက်တယ်။
အခုမှနေသာထိုင်သာရှိသွားတာပဲ။
မိုရယ်မျက်နှာဘေးခွေအိပ်မယ်လုပ်ပြီးမှ
မေ့နေတာပဲ မင်းအတွက် အနိုင်သွားကျင့်ပေးရဦးမယ်။
လုန်နျွဲ့ရင်းတို့အိမ်ဆီအလည်တစ်ခေါက်သွားကာ အိပ်မက်လေးတစ်ခုဖန်တီးပေးလိုက်သည်။
မိုးလင်းသောအခါ အိမ်တော်တစ်ခုလုံး ကိုယ့်ကိုသတ်သေသွားကြသည့်သတင်းက ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့သည်။
August 20 2020
Коментарі