Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 4

စစ်ဝတ်တန်ဆာစုံလင်စွာဝတ်ဆင်ထားတဲ့မိုရယ်ဟာ
ဘုရင်မင်းမြတ်ရှေ့ စစ်ပွဲအောင်နိုင်လို့ အခစားဝင်နေတယ်။

ဘုရင်မင်းမြတ်မျက်လုံးထဲက ကြောက်ရွံခြင်းတွေကိုမြင်တွေ့နေရလည်း သူကတော့အရေးမစိုက်ဘဲခေါင်းငုံ့လို့နေတယ်။

အရှင်မင်းကြီးဘေးက ထျန်းဈန်းကိုယ်တော်နဲ့ပုရောဟိတ်ချင်ကို အခဲမကြေတာကြောင့်ဖြစ်သည်။

သူတို့နှစ်ဦးမိမိဆီသို့ရောက်လာသည့်အချိန်မှစပြီး
ပိုင်ဝူကိုအခုချိန်ထိရှာမတွေ့ပေ။ ပိုင်ဝူပြန်ရောက်လာရင်သူတို့ကိုအသိပေးဖို့ ပြောထားသေးတယ်။

ထန်မင်းကြီးကသူ့အပြစ်သူခံရတဲ့ကိစ္စမှာ တရားခံက ပိုင်ဝူတဲ့လား။ စိတ်ပျက်ဖို့ကောင်းလိုက်တာ။

နောက်ဆုံးအရှင်မင်းကြီးကသွားလို့ရပြီဖြစ်ကြောင်း
ပြောတဲ့အချိန် အရိုအသေပေးကာ လျင်မြန်စွာထွက်ခွာလာခဲ့တယ်။ စက်ဆုပ်ဖွယ်ကောင်းတဲ့နေရာမှာ တစ်စက်ကလေးတောင်မနေလိုပါ။

စစ်ပွဲမှနေဘာဒဏ်ရာမှမရခဲ့ဖူးဟုထင်ရသော်လည်း
တကယ်ကဝတ်ရုံအောက်တွင်
ကန့်လန့်ဖြတ်ဓားဒဏ်ရာက မိုရယ်ရဲ့ရင်ဘတ်တွင်နေရာယူထားသည်။

အများအမြင်ရှေ့တွင် သန်မာလှသောမိုရယ်က နာကျင်သောဓားဒဏ်ရာကြောင့် ညတိုင်းအသံတိတ်ငိုကြွေးရသည်တဲ့။

အိမ်တော်သို့အမြန်ရောက်လာခဲ့ကာ မြင်းပေါ်မှအဆင်း
မိမိပေါ်ခုန်တက်လာသော ကြောင်တစ်ကောင်။

"ပိုင်ဝူ"

"ညောင်လ် ~"

ငါ့ကိုလွမ်းနေတာမလား ငါသိသားပဲ ။

မိုရယ်နောက်မှလိရွှမ်းကလည်း အံ့ဩလို့ ပျောက်တုန်းကအစတောင်ရှာမရတာလေ။ အခုကျသူ့အလိုလိုပေါ်လာတယ်တဲ့လား။

ခုန်တက်လိုက်တာကြောင့် ဒဏ်ရာအားထိမိသွားသော်လည်း
နာကျင်ဟန်တောင်မပြ။ ပိုင်ဝူကိုချီလို့ အိမ်တော်ထဲသို့ဝင်လာခဲ့သည်။

လိရွှမ်းစစ်ဝတ်တန်ဆာတွေကိုသေချာချွတ်ပေးနေရင်း
မြင်လိုက်ရသည့်ဝတ်ရုံပေါ်မှသွေးကွက်​ကြောင့်
ဒဏ်ရာကပွင့်သွားသည်ကိုသိလေသည်။

ပိုင်ဝူ မိုရယ်ပေါင်ပေါ်နေလို့ ရင်ဘတ်အားလက်လေးဖြင့်ဖိထားပြီး အသံတိတ်နေသည်။

"မနာပါဘူး ပိုင်ဝူရဲ့ လိရွှမ်းငါ့ကိုရေချိုးဖို့ပြင်ပေးထား "

"ဒါပေမဲ့ ဒဏ်ရာ "

"ငါ့အမိန့်ကိုလွန်ဆန်နေတာလား"

ဘယ်သူလဲ မင်းကိုဒဏ်ရာရအောင်လုပ်ရဲတာဘယ်သူလဲ။

စိမ်းဖန့်ဖန့်မျက်လုံးတွေက လုံးဝအစိမ်းရောင်ဖြစ်သွားကာ ကျောက်စိမ်းလို​တောက်ပနေတော့သည်။

ထိုဓားဒဏ်ရာမှာစစ်ပွဲကြောင့်ရတာမဟုတ်ဘဲ အတူပါလာသောစစ်သူကြီးရဲ့လက်ချက်ဖြစ်သည်။

သတ်ရင်လည်းသေမယ့်လူကို အပြစ်မဆိုဘဲ ထားလိုက်ခြင်းဖြစ်သည်။ သေလောက်အောင်နာကျင်ပေမဲ့လို့ပေါ့။

ရေချိုးစည်ထဲအနားယူနေသောမိုရယ်ဆီ
ပိုင်ဝူရောက်လာခဲ့သည်။ သူ့ကြည့်ရတာစည်ထဲဆင်းပြီး မိုရယ်နားကပ်ချင်နေသည့်ပုံ။

ရေနွေးကြောင့်နာကျင်မှုအနည်းငယ်လျော့သွားချိန်
မျက်လုံးဖွင့်ကြည့်တော့ စည်ထဲဆင်းလာမည့်ပိုင်ဝူကြောင့် အထိတ်ထိတ်အပျာပျာတွေဖြစ်လို့ ။

လိရွှမ်းကပြောထားတယ် ကြောင်တွေကရေကိုမကြိုက်ဘူးတဲ့။

စည်ထဲဆေးရွက်တွေပြည့်နေတာကြောင့်
ရေမဟုတ်ဘူးထင်ပြီး ပိုင်ဝူဆင်းလာတယ်လို့ပဲ မိုရယ်ကထင်နေသည်။

"ပိုင်ဝူ ရေတွေနော် "

ဗွမ်း ~ ခုန်ချလိုက်တော့ မိုရယ်ကဆယ်ယူရသည်။

မင်းတော်တော်ဆော့ပါလား။

သေစမ်း ငါလောပြီးရေထဲခုန်ချမိတာ ငါ့ကိုယ်ကကြောင်ခန္ဓာကိုယ်ဆိုတာမေ့သွားတယ်။

မိုရယ် သူ့ပုခုံးပေါ်သို့ချီတင်ထားပြီးကျောကိုပွတ်သပ်ပေးနေတယ်။

"ရေတွေကိုဘာထင်နေတာလဲ"

ရေစိုလို့ပိုင်ဝူရဲ့ကိုယ်လေးကတုန်နေတယ်။

ဒဏ်ရာပျောက်အောင်လုပ်ပေးမလို့လေ အလျင်လိုသွားတာ မသိရင်ကိုယ့်ကိုသေကြောင်းကြံမိသလိုပဲ။

အမြီးလေးကလှုပ်နေတော့ရေတွေကမိုရယ်မျက်နှာစီ
စင်ကုန်သည်။

"ငါတော့ရေအေးဆေးမချိုးရပါလား"

လက်လေးဖြင့်ရေကိုထိကာအစွမ်းထုတ်သုံးမယ်လုပ်နေတုန်း
ရေစည်ထဲကနေထသွားသောမိုရယ်ကြောင့် ကြောင်သွားရသည်။

သူ့ကိုအဝတ်တစ်ထည်ဖြင့်ထုတ်ထားပြီး မိုရယ်ကဒဏ်ရာကိုဆေးထည့်ကာဝတ်ရုံကိုဝတ်လိုက်သည်။

ပြီးမှသူ့ကိုယ်ပေါ်တင်ကာသေချာသုတ်ပေးနေတော့သည်။

လိရွှမ်းကကြောင်ရေကြောက်တယ်ပဲ​ပြောခဲ့တာ ရေစိုသွားရင်ရော ဖျားမလား။

စိုးရိမ်ပြီးရေတစ်စက်မှမကျန်အောင်သုတ်ပေးနေသည်။

​ရေစင်သွားသည့်အချိန်တွင်ပိုင်ဝူကိုယ်က ဖွာဖွာလေးဖြစ်သွားတာကြောင့် မိုရယ်ရယ်တော့သည်။

"ပိုင်ဝူမင်းအခုခြငေ်္သ့နဲ့တူသွားပြီ ဟားဟား"

အားပါးတရ ရယ်တော့ ဒဏ်ရာကနာလာပြန်သည်။

ရယ်လွန်းတာကြောင့်မျက်လုံးထောင့်တွင်
မျက်ရည်စများဝေ့သီလို့။

"ထမင်းစားပြီးအိပ်ကြရအောင် နောက်နေ့မှမင်းဘာလို့ပျောက်သွားရလဲမေးရမယ်"

ညစာစားပြီးလို့အိပ်ရာဝင်တဲ့အချိန်ထိ ပိုင်ဝူက အရင်လိုပဲမသိသလိုနေနေသည်။

"နေပါဦး မင်းကငါ့ကိုစိတ်ကောက်နေတာလား"

မိုရယ်ကိုင်ထားတဲ့အမြီးလေးက လက်ထဲမှနေထွက်သွားပြီး လှုပ်ရမ်းနေသည်။

"အော် မင်းပဲကောင်းတယ် ဒီနေ့တော့စကားပြိုင်မပြောနိုင်တော့ဘူး ငါအိပ်တော့မယ် "

မိုရယ်မျက်စိမှိတ်လိုက်ပြီးအနားယူတော့သည်။

တစ်အိမ်တော်လုံးတိတ်ဆိတ်သွားမှ ပိုင်ဝူက လူအဖြစ်ပြောင်းလဲလိုက်တယ်။

"လက်သည်းနဲ့မျက်နှာကိုကုတ်ချင်လိုက်တာ"

ကုတင်ခြေရင်းကိုလက်သည်းနဲ့ကုတ်ခြစ်နေပြီးမှ နာကျင်မှုကြောင့်မျက်ခုံးတွန့်သွားသောမိုရယ်ကိုတွေ့တော့
စိတ်လျော့လိုက်သည်။

"ငါ့အသက်ကိုကယ်ပေးလို့ မင်းကိုကျေးဇူးဆပ်တာ"

ဝတ်ရုံစကိုဟပြီး ဒဏ်ရာပေါ်လက်ဖဝါးတင်လိုက်သည်။

အစိမ်းရောင်အလင်းတန်းတွေကဒဏ်ရာကိုလွှမ်းခြုံသွားကာ
ပျောက်ကင်းသွားတော့သည်။

အစွမ်းမသုံးရတာကြာလို့လား ကြောင်ပုံစံပြောင်းတာဘာလို့ပြောင်းမရတာလဲ။

ထပ်ခါထပ်ခါပြောင်းကြည့်လည်း မရတော့ပေ။

ထိုအချိန် ထျန်းဈန်းကိုယ်တော်အိပ်ဆောင်တွင် ချိတ်ဆွဲထားသောအ​ဆောင်ကြိုးများလှုပ်ရမ်းသွားတော့သည်။

"မင်းပြန်လာပြီပဲ"

August 20 2020
© 梅花 白,
книга «10000 Years Over».
Коментарі