အပိုင်း - ၀
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၀
ပထမဆုံးရေးသားခြင်းဖြစ်သည့် ရှန်းရှဝတ္ထုရှည် !

အရယ်အမောတွေဖြင့် ဖတ်ရတာပျော်ရမည်ဖြစ်သလို မထင်မှတ်သားသည့်ဖြစ်ရပ်များကြောင့်လည်း ငိုကြွေးရပေမည်။

ဟော်ရှန်းချင်းတောင်ထွတ်သခင် နဲ့ သူ့ရဲ့တပည့်ကြား ဖြစ်ပေါ်လာတဲ့ လေးစားမှု ရို​သေမှု မေတ္တာရှိမှုတွေက ဒီလိုစတယ်။

"ရှစ်ဇွင်း ရွံ့တွေကိုမစားပါနဲ့ !"

"ဒါကစားစရာမဟုတ်ဘူးလား"

လက်ထဲရှိရွံ့တုံးအား သူ့ရဲ့တစ်ဦးတည်းသောတပည့်ထံ ပြတော့ တပည့်လေးကသက်ပြင်းချပြီး။

"အဲ့ဒါကမြေကြီးလိုပဲ စားလို့မရဘူး"

မသိနားမလည်သည့်ကလေးအားချော့မော့သည့်လေသံဖြင့် သူ့ရဲ့ရှစ်ဇွင်းဖြစ်သူအား ပြောလေသည်။

"အော်"

လက်ထဲကရွံ့တုံးအားပစ်ချလို့ ပေနေသောလက်အားဝတ်ရုံဖြူလွှလွှကို သုတ်လိုက်လေသည်။

"ရှစ်ဇွင်း ထပ်လုပ်ပြန်ပြီ !"

ဒီလိုပုံစံမျိုးနဲ့စတွေ့ခဲ့ကြတယ်။

"ဟော်ရှန်းချင်းတောင်သခင် ကျွန်မသားကိုထုတ်ပေး !"

အစိမ်းပုတ်ရောင်ဝတ်ရုံဝတ်ဆင်ထားသော
မိစ္ဆာသခင်မက အမျက်ချောင်းချောင်းထနေကာ သူမရဲ့လှပသောမျက်နှာတွင်လည်း နက်မှောင်နေသော သွေးကြောများထောင်ထလျက်ရှိနေသည်။

"သူက ငါ့ရဲ့တစ်ဦးတည်းသောတပည့်ပဲ မင်းလိုမိစ္ဆာရဲ့သားမဟုတ်ဘူး"

သူ့ရဲ့တပည့်ကပြင်ဆင်ပေးထားသောကြောင့် သေသပ်ကာကြည့်ကောင်းလှသော ပုံစံအနေအထားဖြင့်တောင်ထိပ်တွင်ရပ်နေလေသည်။

တစ်ဦးတည်းသောတပည့်လေးက သူ့ရဲ့ကျောနောက်တွင်ပုန်းအောင်းလို့။

"ဒါဆိုလည်း အားမနာနေတော့ဘူး ပိတ်ထားခဲ့တဲ့မိစ္ဆာချိပ်စည်းသာပွင့်သွားခဲ့ရင် ရှင်လူသားတွေကိုကယ်မလား ရှင့်တပည့်ကိုကယ်မလားကြည့်ကြသေးတာပေါ့"

မကြာခင်ပင်တုန်လှုပ်သွားသောမြေပြင်နှင့်အတူ သူ့ရဲ့တပည့်မှာ နာကျင်စွာအော်ဟစ်တော့သည်။

"ရှစ်ဇွင်း ရှစ်ဇွင်း တပည့်နာတယ် "

ထိုးတက်လာသောနာကျင်ကိုက်ခဲနေမှုက သူ့ရဲ့ခေါင်းအားရိုက်ခွဲနေသလို။

ဝါးတစ်ပင်လိုဖြောင့်မတ်စွာရပ်နေသော ဟော်ရှန်းချင်းတောင်သခင်မှာ မတုန်လှုပ်ဘဲ သူ့ရဲ့စိတ်ဝိညာဥ်အားတစ်ဝက်ခွဲလို့ တောင်အောက်ရှိလူသားများထံကာကွယ်ထားသည့် အစီအရင်အားသွားပြင်လေသည်။

ကျန်တဲ့​စိတ်ဝိညာဥ်အားအသုံးပြုလို့ တပည့်ရဲ့ကိုယ်တွင်းရှိနေတဲ့မိစ္ဆာချိပ်စည်းအား  ပိတ်ပင်လေသည်။

အခွင့်ကောင်းကိုရသွားခိုက် တောင်သခင်ရဲ့တပည့်အားခေါ်ထုတ်မည်လုပ်သော မိစ္ဆာသခင်မမှာ သွေးဖြင့်ဆွဲထားသောအစီအရင်အား ထိမိသွားကြောင့် အလွန်အမင်းထိခိုက်သွားလေသည်။

"ရှင် ဒီလိုလှည့်ကွက်သုံးရဲတယ်ပေါ့ "

"အစီအရင်တစ်ခုဆွဲခဲ့ရုံပါပဲ သွေးနဲ့ဆွဲခဲ့တာကလွဲရင်ပေါ့"

"ဒီလောက်ထိကိုယ့်ကို​ပေးဆပ်ပြီး
ကျွန်မသားကိုဘာလို့ကာကွယ်နေရတာလဲ !"

"ငါ့ရဲ့တပည့် မင်းရဲ့သားမဟုတ်ဘူး"

ဟော်ရှန်းချင်းတောင်သခင်မှာ မိစ္ဆာသခင်မအား နောက်ထပ်သွေးအစီအရင်တစ်ခုဖြင့် ချည်နှောင်လိုက်ပြီး။

"နောက်ထပ်နှစ်တစ်ရာအတွင်း ဘာပြဿနာမှထပ်မရှာနဲ့တော့
သွားတော့ "

စကားဆုံးသည်နှင့် မိစ္ဆာသခင်မကိုဝါးရွက်များစွာ ဖုံးလွှမ်းသွားပြီး ပျောက်ကွယ်သွားလေသည်။ မသေမျိုးအဆင့်သို့တက်လှမ်းပြီးဖြစ်သော်လည်း သွေးများစွာဆုံးရူံးထားရပြီး အသိစိတ်ဝိညာဥ်အား ခွဲခြမ်းလိုက်သောကြောင့် တောင်သခင်မှာသေလုမြောပါးဖြစ်နေလေသည်။

နောက်ဆုံးကျန်တဲ့စွမ်းအင်များကို အသုံးပြုကာဖြင့် တစ်ဦးတည်းသောတပည့်ရဲ့မိစ္ဆာချိပ်စည်းကို အောင်မြင်စွာပိတ်ပြီးသည့်နောက် သူ့ရဲ့ကိုယ်ထည်မှာ အမှုန့်အဖြစ်သို့ပြောင်းလုနီးပါး။

မေ့မျောနေတဲ့တပည့်လေးရဲ့နဖူးထက် သူ့ရဲ့သွေးတစ်စက်အားချလို့ ။

"မင်းကိုယ်တိုင်မိစ္ဆာချိပ်စည်းဖြေတာကလွဲရင် ငါပိတ်ထားတဲ့ချိပ်စည်းကိုဘယ်သူမှမဖြေနိုင်ဘူး"

"ဟင်း ငါသေမယ်လို့တောင်တစ်ခါမှမစဥ်းစားဖူးဘူး"

သက်ပြင်းအသာချလို့ သူ့ကိုယ်ထည်ပျက်စီးသွားတာကို ကြည့်နေလေသည်။

အနည်းဆုံးတော့ငါ့စိတ်ဝိညာဥ်တော့ ကောင်းကောင်းကျန်ခဲ့မယ်ထင်တာပဲ။

နာကျင်ခြင်းကင်းမဲ့စွာဖြင့်နိုးလာသော တောင်သခင်ရဲ့တပည့်လေးမှာ ရှစ်ဇွင်းဖြစ်သူရဲ့အဝတ်အစားများကိုတွေ့ရခိုက်တွင်တော့။

"ရှစ်ဇွင်း ရှစ်ဇွင်း ဒီတပည့်ကိုမ​နောက်ပါနဲ့ "

ဝတ်ရုံထက်မျက်နှာနှစ်လို့ ငိုကြွေးနေသောဟော်ရှန်းချင်းတောင်သခင်ရဲ့တပည့်။

ဒီလိုပုံစံနဲ့ကွဲကွာခဲ့တယ်။

နှစ်ပေါင်းငါးဆယ်ကြာပြီးနောက် ဟော်ရှန်းချင်းတောင်သခင်နေရာမှာ လွတ်လပ်နေမြဲ။

တောင်သခင်ရဲ့တပည့်ဖြစ်သူမှာတော့ သူ့ရဲ့ရှစ်ဇွင်းထက်ပင်အောင်မြင်လာပြီး မိစ္ဆာများအားရှင်းလင်းပေးသောသူတစ်ယောက်​ဖြစ်လာခဲ့သည်။

လောကသိနာမည်တစ်ခုရသည့်တိုင် ထိုသူမှာလေလွင့်နေသည့်လူတစ်ယောက်နှယ် နေရာအနှံ့ခြေဆန့်ကာဖြင့် ဝိညာဥ်စုမီးအိမ်အားကိုင်​ဆောင်လျက် ရှစ်ဇွင်းဖြစ်သူကိုရှာဖွေနေလေသည်။

ဓားပျံစီးကာဖြင့် တောအုပ်တစ်ခုကိုဖြတ်ကျော်နေတုန်း
ဝိညာဥ်စုမီးအိမ်လေးမှာ ​တောက်ပသွားရသည်။

"ရှစ်ဇွင်း !?"

ဓားပျံစီးနေရာကနေမြေပြင်ပေါ်လမ်းလျောက်ကာဖြင့် ရှာဖွေတော့သည်။

အတောက်ပဆုံးထွန်းလင်းသည့်နေရာမှာ လေးဘက်ထောက်သွားသည့်အရွယ် ကလေးတစ်ယောက်
ရွံ့ကောက်စားနေသည့်နေရာဖြစ်လေသည်။

"ရွံ့ကိုစားစရာထင်နေတုန်းပဲလား ရှစ်ဇွင်း !!!!"

"ဟင်"

----------------------------------------------------

[ Only gets Unicode version ]

Title - Please Shizun, Don't Eat Mud!

Author - PlumWhite_Blossom .

Story line owner - xiaoislove_ & PlumWhite_Blossom .

Tags - Cultivation World,Yaoi,romance, comedy,fantasy,demon,devil,xianxia.

Chapters - ???+ Extra (?)

Date To Start Writing - October 16 2020



















© 梅花 白,
книга «Please Shizun,Don't Eat Mud!».
အပိုင်း - ၁
Коментарі