အပိုင်း - ၀
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၁
  • [ ချန်လင်းမြို့ထဲသို့အရိုးစုမကောင်းဆိုးဝါးဝင်ရောက်လာခြင်း ]

စ်ပေစုတ်ပြတ်နေသောတောက်ဓမ္မဝတ်စုံ ဝတ်ထားသောအဖိုးအိုတစ်ယောက်က ပျက်ယွင်းသောမျက်နှာ ကြောက်လန့်နေသောအသံဖြင့် ချန်လင်းမြို့ထဲသို့ အော်ဟစ်ကာဝင်ရောက်လာခဲ့သည်။

"မကောင်းတော့ဘူး မကောင်းဆိုးဝါးတွေဒီမြို့ကိုရောက်လာကြပြီ !!"

မြို့လေးမှာနာမည်မကြီးသည့်တိုင် ကြွေထည်များပြုလုပ်ကာအခြားမြို့များသို့ ရောင်းချသောကြောင့် အတန်ငယ်နာမည်ရနေသော လူဦးရေနည်းသည့်မြို့လေးတစ်မြို့ဖြစ်လေသည်။

လက်လုပ်လက်စားဘဝများဖြင့်နေထိုင်သော သူများဖြစ်တာကြောင့် ကျင့်ကြံသူများမရှိသလို
မကောင်းဆိုးဝါးများကိုမြင်ဖို့ဝေးစွ။

တောက်ဓမ္မဝတ်ရုံအဖြူရောင်ကိုမြင်သည့်တိုင် ညစ်ပတ်နေသောကြောင့် စိတ်မနှံ့သောအဖိုးအိုတစ်ယောက်လို့မှတ်ယူကြပြီး။

"ဟုတ်ပါပြီ အဖိုး ရေလေးသောက်ပါဦး"

အဖိုးအိုပြောသောစကားများကို မည်သူမှမယုံကြပေ။

မကောင်းဆိုးဝါးများလက်ထဲက အသက်လုကာပြေးလာသော အဖိုးအိုမှာရေကိုအငမ်းမရသောက်ပြီးနောက်။

"မင်းတို့အခုမြို့ကနေထွက်ခွာကြတော့ မကောင်းဆိုးဝါးတွေဒီကိုရောက်တော့မယ်"

"ဗိုက်ဆာနေလား အဖိုး ကျွန်တော်မစားရသေးတဲ့ ပေါက်ဆီတွေတော့ရှိသေးတယ်"

"ငါပြောတဲ့စကားကိုနားထောင် ထွက်ပြေးကြပါတော့"

မည်သူမှသူ့စကားကိုမယုံပေးခဲ့ပေ။ မြို့သူမြို့သားမှာလည်း သူတို့အလုပ်ကိုဆက်လုပ်နေကြတော့သည်။

"မကောင်းတော့ဘူး ချင်ချူဂိုဏ်းကိုအကြောင်းကြားရမယ် အကြောင်းကြားရမယ် "

လီပေါင်းများစွာကွာဝေးသောအနေအထားသို့ပို့လွှတ်ပေးပါရန် ထိုသူ့တွင်ရှိသောချီစွမ်းအင်များစွာကို အသုံးပြုရလေသည်။
အစီအရင်ဆွဲပြီးသည့်အခါ ချင်ချူဂိုဏ်းရဲ့အကြီးအကဲထံသို့ ပေးပို့ပြီး​နောက် သူ့တွင်ချီစွမ်းအင်တစ်စက်မျှမကျန်ရှိတော့ဘဲ ရွှေအမြုတေကွဲလုနီးပါး။

"ချန်လင်းမြို့ကိုကယ်တင်ပေးပါ အကြီးအကဲကျန်း"

ရိပေါ်တစ်ယောက် အလုပ်ရှင်ထံတွင်ကြွေထည်များအပ်ရန်
အိမ်မှထွက်လာခဲ့သည်။ လမ်းမဘေးလဲကျနေသည့်အဖိုးအိုအား တွေ့တော့ ဖေးမကူလို့။

"အဖိုး အဆင်ပြေရဲ့လား "

"လူလေး ချန်လင်းမြို့ကနေထွက်ပြေးကြတော့ မကြာခင်ဒီကိုမကောင်းဆိုးဝါးတွေ ရောက်လာတော့မယ်"

"မကောင်းဆိုးဝါးကဘာလဲ အဖိုး"

ထိုအဖိုးအိုမှာစကားပြောဖို့ အလွန်တရာမှခဲယဥ်းနေလေရာ ရိပေါ်သိချင်သောအဖြေကို မဖြေပေးနိုင်ခဲ့။

"အဖိုးဒီမှာစောင့်နေဦးနော် သားဒါတွေသွားအပ်ပြီးရင် အဖိုးကိုအိမ်ပြန်ပို့ပေးမယ်"

ဆယ်ကျော်သက်အရွယ်ကောင်လေးက အလုပ်ရှင်အိမ်ထံသို့ အပြေးအလွှားသွားကာဖြင့် သူ့အဖေပြုလုပ်ထားသော ကြွေထည်လက်ဖက်ရည်ခွက်များကို အပ်နှံလေသည်။

ပေးချေသည့်ငွေများကိုသေချာထုပ်ပိုးလို့ လဲကျနေသောအဖိုးအိုထံသို့အ​မြန်ပြန်လာခဲ့သည်။

စောနကလဲကျနေသောအဖိုးအိုမှာ ဘယ်ဆီရောက်သွားမှန်းမသိ ထိုအစား လူအများရဲ့အသက်လုကာပြေးနေသော ပုံရိပ်များက သူ့ကိုအသီးသီးဝင်တိုက်သွားလေသည်။

လဲကျသွားသောအခါပြန်မထနိုင်ခင် နောက်ထပ်လူများကထပ်ပြီးပြေးလာတာကြောင့် ဘေးဘက်သို့အမြန်တိမ်းရှောင်လိုက်ရသည်။

ထိုလူများအော်ဟစ်နေသည့်အသံက သူ့ရဲ့နားထဲသို့စူးရှစွာဝင်ရောက်လာလေသည်။

"မကောင်းဆိုးဝါးတွေရောက်လာပြီ !!"

မကောင်းဆိုးဝါး စောနကအဖိုးအိုပြောသည်မှာလည်း ထိုစကားပဲဖြစ်လေသည်။ မကောင်းဆိုးဝါးကသူခိုးဓားပြတွေထက် ပိုကြောက်ဖို့ကောင်းတဲ့အရာလား။

ပြေးသွားသောလူများရဲ့ဆန့်ကျင်ဘက်အရပ်ကိုကြည့်သော အနက်ရောင်တိမ်လိုမြူခိုးများက  လူများကိုဝါးမြိုနေသည်။ အနက်ရောင်မြူခိုးရဲ့ဝါးမျိုခြင်းခံရသော သူများမှာအရိုးစုသာကျန်ခဲ့တော့သည်။

"အား !!!"

အဖေရေ သားကြောက်တယ်။ ထိုမြူခိုးများမှာ သူ့အနားရောက်လုနီးပါး။ ကြောက်မက်ဖွယ်အသံများကို မကြားနိုင်စေရန်နားနှစ်ဖက််အားပိတ်လို့ ကိုယ်ကိုစုကွေးထားသည်။

အဖေပြောတဲ့စကားကိုပြန်သတိရစမ်း။ နားနဲ့မျက်လုံးကိုပိတ်ထားရင် မကောင်းတဲ့အရာတွေမမြင်ရတော့ဘူး။

ဘယ်လောက်ပဲမျက်လုံးနဲ့နားကိုပိတ်ထားပါစေ။ ကြောက်ရွံ့သည့်တိုင်သိချင်သည့်စိတ်ကြောင့် မျက်လုံးကိုဖွင့်ကြည့်မိတော့ ထိုမြူခိုးဟာမိမိရှေ့သို့ရောက်လာလေသည်။

"အဖေ !!!"

အားကိုးတကြီးတမိသည်မှာ မိမိရဲ့မွေးဖခင်ဆီသို့။
တကယ်တမ်းကယ်ဆယ်သွားသည့်လူမှာ လက်တစ်ဖက်က လေး အားကိုင်ဆောင်ထားလျက် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပါသော လူတစ်ယောက်။

အားကိုးတကြီးထိုလူရဲ့လည်ပင်းကိုဖက်တွယ်ကာဖြင့်။

"ကယ်ပါ သားကိုကယ်ပေးပါ"

ထိုလူမှာမိမိအားကိုယ်ပေါ်မှနေခွာချနေသလို သူကတော့မျော့တစ်ကောင်နှယ် အသေအကြေကပ်ထားလေသည်။

ထိုလူလေပေါ်ပျံတက်သွားသည်ကိုခံစားရတော့ ဖက်ထားသည့်လက်တွေကို ပိုတင်းကြပ်လိုက်သည်။
မိမိအားထိန်းဖက်ပေးသည့်လက်မှာလည်း ဖယ်ခွာသွားသောကြောင့် ခြေထောက်များကိုထိုလူရဲ့ခါးတစ်ခွင်ထက် ရစ်ပတ်တွယ်ချိတ်လျက်။

စကားတစ်ခွန်းမှမဆိုပါဘဲ ထိုလူမှာ အနက်ရောင်မြူခိုးတွေကိုနှိမ်နင်းနေလေသည်။ ချီစွမ်းအင်ဖြင့်ထုတ်လွှတ်သောမြှားများဟာ ငွေရောင်တဖိတ်ဖိတ်တောက်ပလျက် ပစ်လွှတ်လိုက်သောမြှားသုံးစင်းမှာ ရာချီသောမြှားအဖြစ်သို့ပြောင်းသွားပြီး အနက်ရောင်မြူခိုးထံ အသီးသီးပစ်ဝင်သွားကြသည်။

ထိုသူနောက်မှရောက်လာသော အရောင်စုံသောဝတ်ရုံများနှင့်လူတွေ။

"ကျုံရှစ် (ကိုးဖြစ်သည်။)
လာတာနောက်ကျသွားလို့ခွင့်လွှတ်ပါ"

ကျုံရှစ် (လောကသိနာမည်) တစ်နည်း ဟော်ရှန်းချင်းတောင်သခင်ဖြစ်သူ။ ချင်ချူဂိုဏ်းရဲ့အကြီးအကဲကျန်း စေလွှတ်မှုကြောင့် ချန်လင်းမြို့သို့ရောက်လာခြင်းဖြစ်သည်။

သူရောက်လာသည့်အချိန် မြို့ရဲ့လူတစ်ဝက်မှာ အရိုးစုဖြစ်သွားလေသည်။ မျက်လုံးထဲတောက်ပနေသည့် သတ်ဖြတ်ချင်စိတ်မှာဆတိုးမြင့်တက်သွားရသည်။

စူးရှသည့်အသံကိုကြားလိုက်ရသောကြောင့်
ဓားပျံထက်မှဝေ့ဝဲကာရှာတော့ ကလေးတစ်ယောက်ရဲ့ကိုယ်နားလှည့်ပတ်နေပါသော အရိုးစုမကောင်းဆိုးဝါး (လူများကိုအရိုးပဲကျန်သည်အထိ စားသုံးပြီး အရိုးများကိုတောင်လိုစုတတ်သောကြောင့် ထိုသို့အမည်တွင်ခဲ့ခြင်းဖြစ်သည်။)

ထိုကလေးကိုမစားသေးဘဲလှည့်ပတ်နေခြင်းက ဘာကြောင့်လဲဆိုတာဆက်မတွေးနိုင်ဘဲ ပွေ့ချီလိုက်တော့ တင်းကြပ်စွာဖက်ကာဖြင့် ကယ်တင်ပေးဖို့တောင်းဆိုနေလေသည်။

ရှန့်ဟယ် (ကိုင်ဆောင်ထားသော​လေးလက်နက်) အားဆင့်ခေါ်ထားပြီး ချီစွမ်းအင်မြှားဖြင့် ပစ်ခွင်းတော့ အကုန်လုံးမတိုက်ခိုက်နိုင်သည့်နိုင် တစ်ဝက်မှာကျရူံးသွားတော့သည်။

ဂိုဏ်းသားများရောက်လာသည်ကိုကြားတော့ ထိုကလေးအားဆွဲခွာလို့ ဂိုဏ်းသားတွေထံပစ်ထုတ်ပေးလိုက်သည်။

"ဒီကနေထွက်သွားကြ"

ကျုံရှစ် ဆိုသောသူရဲ့စကားအား နာခံလို့ ရိပေါ်နှင့်အတူကျန်သောမြို့သားများအား ခေါ်ထုတ်သွားကြလေသည်။

ကျုံရှစ်မှာ ထိုဂိုဏ်းသားတွေ​နောက်မလိုက်သွားနိုင်ရန် အတားအဆီးတစ်ခုချလိုက်သည်။
ရိပေါ်သူ့အားချီထားလျက် ထွက်သွားသောသူများကိုကြည့်ရင်း နောက်ကိုပြန်လှည့်ကြည့်တော့ မိမိအားကယ်တင်ခဲ့သည့် အနက်ရောင်ဝတ်ရုံနှင့်လူမှာ မြူခိုးတွေကြားထဲဝင်ရောက်သွားလေသည်။

ထိုသူအဆင်ပြေပါ့မလား။




October 16 2020
7:56PM.

© 梅花 白,
книга «Please Shizun,Don't Eat Mud!».
အပိုင်း - ၂
Коментарі