အပိုင်း - ၀
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၅
[ ဒီရှစ်ဇွင်းကမင်းနဲ့အတူစျေးလိုက်ပေးမယ်။ ]

ရိပေါ်မှာ ဟော်ရှန်းချင်းတောင်တစ်တောင်လုံးအား အိမ်တစ်လုံးလိုရှင်းလင်းပြီးနောက် မဆာလောင်တာကြာသော ဗိုက်မှာ စားသောက်ဖို့အချက်ပြနေတော့သည်။

ချက်ပြုတ်ဖို့ကလည်း ဘာမှမရှိ။ မစားရတာတစ်ပတ်ရှိလုနီးပါးတွင် သူ့ရဲ့အရသာခံနိုင်စွမ်းပျောက်သွားသလိုခံစားနေရသည်။

ရှစ်ဇွင်းဖြစ်သူမှာလည်း ဖြစ်သူမှာလည်း  ငါတော့ဘာလို့ငါ့ထပ်ကြီးတဲ့သူကို ထိန်းနေရတယ်လို့ခံစားနေရတာလဲ မသိဘူး။

သေသေချာချာရှင်းလင်းထားသော မြေပြင်တစ်လျောက် ရှစ်ဇွင်းဖြစ်သူမှာ ဟိုနေရာထိုင်ချလိုက်ဒီနေရာထိုင်ချလိုက်နဲ့။

မထိုင်ချပါနဲ့လို့သွားပြောလို့လည်းမရ။ အခုလည်းထိုသူမှာမျက်စိမှိတ်ထားလျက် တရားထိုင်နေလေသည်။

သူဗိုက်ဆာနေတာကို ဘယ်လိုပြောပြရမလဲ။ တောင်တစ်တောင်လုံးမှာစိမ်းစိုနေသော်လည်း စံအိမ်ရှေ့ရှိမြင်ကွင်းမှာတော့ ဝါထိန်ထိန်လေးနှင့် အရောင်စုံသောနှစ်ရာချီသည့်
အပင်တစ်ချို့လည်းရှိနေလေသည်။

သိချင်စိတ်နဲ့မေးကြည့်တဲ့အခါ။

"အဲ့အပင်တွေကြည့်ရတာအမြင်လှလို့ နှုတ်လာခဲ့တာ"

သေချာစိုက်ပျိုးထားခဲ့သည်ဟုထင်ခဲ့သည်မှာ တက်တက်စင်အောင်ကိုလွဲ။
အအေးပိုင်းဆုံးဒေသတွင်သာပေါက်လေ့ရှိသည့် မေဟွားပင်ကြီးကိုလည်း မြောက်ပိုင်းကနေနှုတ်လာခဲ့သည်ဟု ဆိုသည်။

တစ်နှစ်ပတ်လုံးအေးနေစေပြီး အပွင့်များပွင့်ဖူးစေရန် ရေခဲမိစ္ဆာထံမှအမြုတေအား ထုတ်ယူပြီး ရေခဲအဆီအနှစ်တစ်ချို့ဖြင့် စိုက်ပျိုးထားသည်ဟုဆိုလေသည်။

မေဟွားပင်အနားရောက်သည့်အခါအေးနေသည်မှာ မထူးဆန်းတော့။ သူ့ရှစ်ဇွင်းကတော့အအေးဒဏ်အား နှစ်သက်သည့်နှယ် ထိုအပင်အောက်တွင်အမြဲနေလေသည်။

သူမရှိခင်ကရော အဲ့မှာပဲနေတာလား မြေကြီးထဲတွင်းအောင်းနေတာလား စံအိမ်တစ်ခုလုံးဖုန်တက်တဲ့အထိပစ်ထားပုံပေါက်ရင်။

ရှစ်ဇွင်းဖြစ်သူရှေ့တွင် မိမိခြေဖဝါးနှစ်ဖက်ပေါ်တင်ခုထိုင်လို့ တိုးတိုးလေးခေါ်မိသည်။

"ရှစ်ဇွင်း "

ပြောဖို့မေ့နေတာ ရှစ်ဇွင်းကသူအာဗြဲနဲ့မခေါ်သရွေ့ မသိချင်ယောင်ဆောင်တယ်။

"ရှစ်ဇွင်း !!"

ထိုတော့မှမျက်လုံးဖွင့်ကာဖြင့် သူ့ကိုကြည့်သည်။ တစ်ကိုယ်လုံးကိုနှံ့နှံ့စပ်စပ်ကြည့်ပြီး မျက်လုံးပြန်မှိတ်သွားသည်။

"ရှစ်ဇွင်း ဒီတပည့်ဗိုက်ဆာပြီးသေပါတော့မယ်"

ထိုသို့ပြောတော့ထုတ်ပေးလာသည့် ကျောက်စိမ်းဖန်ပုလင်းလေး။

"အဲ့ဒါ အဆာခံဆေးလုံး တစ်ခါကိုတစ်လုံးပဲစား"

"မဟုတ်ဘူး ရှစ်ဇွင်း"

အထွန့်တက်တော့ သူ့ကိုနားမလည်သလိုအကြည့်တွေနဲ့။
သူ့ရှစ်ဇွင်းကစကားပြောရာတွင် နှုတ်ဖြင့်သိပ်မပြောဘဲ  မပြောင်းလဲသောမျက်နှာထားနဲ့ အကြည့်တွေကသာ စကားဆိုလေသည်။

"ဒီမှာဘာမှစားစရာမရှိဘူး ရှစ်ဇွင်း ဒီတပည့်ကိုကျင့်ကြံစဥ်မသင်ပေးခင် အားပြတ်ပြီးအရင်သေလိမ့်မယ်"

"အော် အဲ့ကိစ္စ ရှစ်ရှုန်းမပြောသွားဘူး စားစရာကိုဘယ်ကနေသွားယူကြမလဲ"

"တောင်အောက်ဆင်းပြီး ဂိုဏ်းအပြင်ထွက်ရင်စျေးရှိတယ် ရှစ်ဇွင်း"

"စျေးကဘာလဲ"

ဘာလဲဆိုသည့်မေးခွန်းများကို ကျင့်သားရနေပြီဖြစ်ရာ။

"ပစ္စည်းတွေရောင်းတဲ့လူတွေစုနေတဲ့နေရာ"

"ငါသိတဲ့ပစ္စည်းတွေကမှော်ဝင်ဆေးလုံးတွေ အဲ့နေရာမှာရောရောင်းလား"

"မရောင်းဘူး စားစရာမုန့်အချိုဟော့ပေါ့တွေပဲ ရောင်းတယ်"

"သွားဝယ်လေ အဲ့ဒါဆို"

"ပိုက်ဆံမရှိဘူးလေ ရှစ်ဇွင်း"

နောက်ထပ်ရှုံအိတ်အသေးလေးကိုပစ်ပေးပြန်သည်။

"အဲ့ထဲရှိတာတွေကမင်းပြောတဲ့ပိုက်ဆံနဲ့တူလား"

ဖွင့်ကြည့်တော့ အိတ်လေးကသေးတယ်ထင်ရပေမဲ့ အထဲတွင်တော့များပြားသောပိုက်ဆံများ ရွှေတုံးများရှိနေလေသည်။

"ရှစ်ဇွင်း ဒါတွေကိုလည်း အပင်တွေလိုလုပ်လာတာလား"

"ဒါတော့မဟုတ်ဘူး အဲ့ဒါက အင်း လူပုံစံပြောင်းထားတဲ့မိစ္ဆာတွေကိုရှင်းတော့ ကျန်ခဲ့တဲ့ဟာတွေ"

တော်သေးတာပေါ့။ ရှစ်ဇွင်းကတော့ ပိုက်ဆံလုမယ့်ရုပ်တော့မပေါက်ပါဘူး။ အပင်တွေနှုတ်လာတာကလွဲရင်ပေါ့။

"ဒီတပည့်လိုအပ်တာသွားဝယ်မှာမို့လို့ ရှစ်ဇွင်းရောလိုတာရှိလား"

"ငါပါလိုက်မယ်"

"ရှစ်ဇွင်းလိုက်မယ်ဆိုရင်ရေချိုးမှရမယ် "

"ငါမနေ့ကတင်မှချိုးပြီးပြီ "

ရေကန်ထဲဝင်စိမ်ပြီးပြန်ထသွားတာကိုပြောတာလား။

"ဒီတပည့်ချိုးပေးမယ် ဂိုဏ်းချုပ်ကျန်း ကရှစ်ဇွင်းအတွက် ဝတ်ရုံလည်းပြင်ပေးထားတယ် ကျွန်တော့်ကိုဝတ်ပေးဖို့အမိန့်ပေးထားတယ်"

"ရှစ်ရှုန်းကလား ဒါဆိုလည်းမင်းလုပ်ပေးပေါ့ "

ကျုံရှစ်ရဲ့ရင်ဘတ်လောက်သာရှိသော အရပ်လေးနဲ့ရိပေါ်
ရှေ့ကနေဦးဆောင်လို့ ညစ်ပတ်လှတဲ့ရှစ်ဇွင်းကိုရေချိုးပေးဖို့ ပြင်နေသည်။

ညစ်ပတ်နေတဲ့ဝတ်ရုံက မက်မွန်ပန်းလိုနူးညံ့ပါသော ကိုယ်အားဖုံးလွှမ်းထားလေသည်။ ရိပေါ်သူ့ရှစ်ဇွင်းအား ချည်ထည်ကြမ်းကြမ်းဖြင့် ကျောတိုက်ပေးနေရင်း နောင်တရလာသည်။ အားမပါတာတောင်မှ အနီစင်းကြောင်းပေါ်သွားသော အသားအရည်။

တကယ်ကိုမထင်ခဲ့တာပါ။ ဒီလိုဘာမှမသိတဲ့လူဆီမှာ ကလေးလိုအသားအရည်ရှိမယ်လို့။ လက်ဖဝါးတွေအားတိုက်ပေးတော့ အမာရွတ်အနည်းငယ်ကျန်နေတဲ့ ကြမ်းရှရှလက်တွေ။

ဆပ်ပြာအားအမြှုပ်များစွာထွက်အောင်လုပ်ပြီး တိုက်ပေးတော့။ သိချင်နေသည့်မျက်ဝန်းများဖြင့်။

"ဒါကဘာအနံ့လဲ"

"မက်မွန်ပန်းအနံ့ တပည့်ကြွေနေတဲ့ပွင့်ဖတ်တွေကိုထောင်းပြီး ရှစ်ဇွင်းအတွက် ဆပ်ပြာခဲလုပ်ပေးထားတာ"

"တပည့်လေးကအသုံးကျလိုက်တာ "

ရှစ်ဇွင်းကသာဘာမှမသိတာပါဗျာ။

စုထုံးထားတဲ့ဆံစတွေကိုဖြည်ချကာဖြင့် ခေါင်းလျော်ပေးဖို့လုပ်သည်။ မှင်ရည်လိုနက်မှောင်တဲ့ဆံကေသာနဲ့ ပန်းနုရောင်သန်းသောအသားအရည်။

ဒီရှစ်ဇွင်းမှာမိန်းမမရှိဘူးလား။

ရှိရင်ငါလည်းမြင်ပြီးပြီပေါ့။ ရေချိုးပေးပြီးတော့  ရှစ်ဇွင်းကအောက်ခံဝတ်ရုံအားဝတ်ဆင်ပြီး  အခန်းထဲမှထွက်လာတယ်။

မိမိရှေ့ကလက်ဆန့်တန်းကာဖြင့်။

"ကဲဝတ်ရုံဝတ်ပေး ငါတို့စျေးသွားကြမယ်"

ဂိုဏ်းချုပ်ကျန်းပေးသည့်ဝတ်ရုံအားအနည်းငယ်ပြင်ပြီး
ရှစ်ဇွင်းကိုဝတ်ပေးလေသည်။ သူ့ထက်ခေါင်းတစ်လုံးကျော်စာအရပ်ရှည်သော ရှစ်ဇွင်းကြောင့် ဝတ်ပေးရသည်မှာသိပ်အဆင်မပြေလှ။

နောက်ဆုံးခါးစည်းကြိုးအား ခပ်တင်းတင်းစည်းပြီးမှ အသက်ရူချောင်တော့သည်။

"ရှစ်ဇွင်း ပြီး .... "

ပြီ။ မြင်တွေ့နေကြကိုယ်နဲ့တစ်သားတည်းဖြစ်နေသည့် အနက်ရောင်ဝတ်ရုံအစား ဆီးနှင်းတမျှဖြူစင်လှသော ဝတ်ရုံအားပြောင်းလဲဝတ်ဆင်လိုက်သောအခါ ဓားသွားလိုအေးစက်လှပါသောထိုသူက ယခုအခါ နှင်းပွင့်လေးလိုဖြူစင်ကာဖြင့် လှပနေလေသည်။

မချည်နှောင်ထားသောဆံစများကလည်း နောက်ကျောထက်တွင် လှပစွာနေရာယူလို့။

"ရှစ်ဇွင်းခေါင်းဖြီးရဦးမယ်"

ရှောင်းယွမ်ခန်းမတွင်မြင်ခဲ့ရသည့် တောင်သခင်ရှစ်ယောက်ထံမှ တွေ့ခဲ့ရသည့်ဆံပင်ပုံစံအား စဥ်းစားပြီး သေချာလုပ်ပေးလိုက်သည်။



ဘာအဆောင်အယောင်မှမပါသော်လည်း ဂိုဏ်းချုပ်ကျန်း ပေးသည့်ကျောက်စိမ်းဆံထိုးအားဖြင့် ဆံပင်တစ်လွှာအားထုံးဖွဲ့ပေးလိုက်ကာ ရှေ့တွင်ဆံစနှစ်စကိုချပေးလိုက်သည်။

ငါ့ရှစ်ဇွင်းကစစတွေ့တုန်းကလောက် ကြောက်ဖို့မကောင်းတော့ပါဘူး။

"ပြီးပြီလား ငါတို့သွားကြရအောင်"

"ဟုတ်"

စံအိမ်အပြင်ဘက်တွင်ရပ်နေရင်းနဲ့မှ ရှစ်ဇွင်းမှာမည်သို့ပြုလုပ်လိုက်မှန်းမသိလိုက်ခင် တောင်ခြေသို့ရောက်နေလေသည်။

ရှစ်ဇွင်းနှင့်သူ့ကိုမြင်လိုက်သော ဂိုဏ်းသားတစ်ချို့က ပျာပျာသလဲနှုတ်ဆက်ကြသည်။

"ဟော်ရှန်းချင်းတောင်သခင်"

ရှစ်ဇွင်းကထိုလူတွေအားမမြင်တာလား မပြောချင်တာလားမသိ။ ရှေ့သို့သာဆက်သွားလေသည်။

ချင်ချူဂိုဏ်းရဲ့အပြင်ဘက်တွင် ပျားပန်းခတ်မျှလှုပ်ရှားနေတဲ့လူထုကြီး။

စျေးထဲသို့သူသူငါငါဝင်ရောကာဖြင့် လိုအပ်သည့်အရာတစ်ချို့ကိုဝယ်နေတုန်း သူ့ရှစ်ဇွင်းကိုလှည့်ကြည့်တော့ လူတွေဝိုင်းအုံ့နေသည်ကိုတွေ့ရလေသည်။

"ဟော်ရှန်းချင်းတောင်သခင် အခုမှတွေ့ရတယ်ရှင်"

"ကျွန်မတို့ကကျေးဇူးတင်နေတာ မိစ္ဆာတွေနှိမ်နင်းပေးလို့"

မိမိရှစ်ဇွင်းအနားသို့ မရောက်ခင် အစိမ်းရင့်ရောင်ဝတ်ဆင်ထားသော ချင်ချူဂိုဏ်းရဲ့ဝါးရွက်ပုံပါသည့် လူတစ်ယောက်က ရှစ်ဇွင်းအားခေါ်ထုတ်သွားလေသည်။

"ရှစ်တိ မင်းကိုလူပိတော့မှာမင်းမသိဘူးလား"

"ဒါဆိုလည်း ရှစ်ရှုန်း ရှစ်တိရဲ့တပည့်ကိုစျေးထဲကနေသွားခေါ်ပေး"

တောင်သခင်ရှစ်ယောက်လုံးကချစ်ရပါသော အငယ်ဆုံးတောင်သခင် ကျုံရှစ်လေးမှာ ကျင့်ကြံခြင်းလောကတွင်သာမက လူသားလောကတွင်လည်း ရုပ်ရည်ချောမောမှု တည်ကြည်လေးနက်မှု စွမ်းအားကြီးမှုတို့ကြောင့် နာမည်အလွန်ကြီးလေသည်။

"မင်းတပည့်ကဘယ်လိုပုံလဲ"

"ရှစ်တိလိုဝတ်စုံမျိုးဝတ်ထားတယ်"

"ကောင်းပြီ"

သိပ်မကြာခင်မှာပဲရိပေါ်နဲ့အတူပြန်ရောက်လာလေသည်။

​"မင်းလိုချင်တာတွေရခဲ့လား"

"ဟုတ် "

"ဒါဆိုပြန်ကြရအောင်"

"ရှစ်တိအပြင်ထွက်မယ်ဆို ရှစ်ရှုန်းတို့ကိုအရင်ပြောသင့်တယ်"

"ရှစ်တိကဆယ့်လေးနှစ်သားမှမဟုတ်တော့ ရှစ်ရှုန်း
ဂိုဏ်းချုပ်ကျန်းက ရှစ်တိအတွက်တပည့်တောင်ရှာပေးခဲ့တာ"

ရိပေါ်အားထိုသူကစူးရဲသောအကြည့်များဖြင့် ကြည့်တော့ ဝတ်ရုံလက်အားဖြန့်ကာဖြင့် သူ့ရှေ့မှကာပေးပါသော ရှစ်ဇွင်း။

"ရှစ်ရှုန်း ရှစ်တိတပည့်ကိုမခြောက်ပါနဲ့ဗျာ"

"ဟင်း မင်းကိုဝမ်ရင်းတောင်မှာခေါ်ထားရမှာ ဘာလို့ရှစ်ဇွင်းကမင်းကို​တောင်သခင်ဖြစ်အောင် လုပ်ခိုင်းလဲစဥ်းစားမရတော့ဘူး"

ဝမ်ရင်းတောင်သခင် နန်ခဲ့ မှာတော့ ချစ်ရတဲ့ရှစ်တိ
ထွက်သွားတာတောင်မသိဘဲ ဆူပူနေခဲ့သည်။

ရိပေါ် သူ့ရှစ်ဇွင်းကိုဘာလို့တောင်သခင်တိုင်းက သည်းသည်းလှုပ်နေကြလဲမသိပေ။ အပြင်ထွက်တာတောင် အသိပေးရဦးမည်တဲ့လား။

"ဒီရှစ်ဇွင်းနောက်တစ်ခါစျေးမလိုက်တော့ဘူး "

မိန်းကလေးသုံးသည့်နံ့သာချေအနံ့များစွာ နိမ့်ကျလှတဲ့လူသားတွေရဲ့အလိုလောဘအနံ့ စက်ဆုပ်ဖွယ်ကောင်းတဲ့အထိအတွေ့
(သူ့ရဲ့လက်အားဆုပ်ကိုင်ခြင်း)တွေကြောင့်
ကျုံရှစ်မှာအန်မိချင်သလို။

ရိပေါ်မြင်ရတဲ့ရှစ်ဇွင်းရဲ့မျက်ဝန်းထဲက မသတီတဲ့အကြည့်တွေကြောင့် တစ်ခုခုမှားနေသလိုခံစားသွားရသည်။

သူ့ကြောင့် ရှစ်ဇွင်းစိတ်အနှောင့်အယှက်ဖြစ်သွားရပြီလား။




October 21 2020
3:37PM

© 梅花 白,
книга «Please Shizun,Don't Eat Mud!».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (1)
Aeri Hlyan
အပိုင်း - ၅
အားရိုး ဟော်ရှန်းချင်းတောင်သခင် ကိုအသည်းယားလို့သေတော့မယ်
Відповісти
2020-10-22 18:33:21
Подобається