အပိုင်း - ၀
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၂
  • [ ခုနှစ်နှစ်တစ်ကြိမ်ကျင်းပသော ချင်ချူဂိုဏ်းမှ ဂိုဏ်းသားလက်ခံခြင်းနှင့် တောင်ထွတ်ခွဲခြားခြင်း ]

ချန်လင်းမြို့အား အပေါ်စီးမှကြည့်ရူနေသော ချင်ချူဂိုဏ်းသားများ။ မီးခိုးရောင်ဝတ်ရုံဝတ်ဆင်ထားသော ဂိုဏ်းသားတစ်ယောက်လက်ထဲတွင် ရိပေါ်ရှိနေခဲ့သည်။

အရိုးစုမကောင်းဆိုးဝါးအားနှိမ်နင်းပြီးသည်ကိုတွေ့သောအခါ
ရိပေါ် ထိုလူအားစိုးရိမ်တကြီးကြည့်မိသည်။ အန္တရာယ်ကင်းနိုင်လောက်ပါရဲ့။

မကြာခင်အနက်ရောင်မြူခိုးများကြား ထွက်ပေါ်လာသောလူတစ်ယောက်။ ငွေရောင်တဖိတ်ဖိတ်တောက်ပနေသော ဓားအားကိုင်စွဲထားလျက် ထိုလူကကောင်းကင်ထက်သို့မော့ကြည့်သည်။

မြေကြီးနှင့်ပေပေါင်းများစွာကွာနေသည့်တိုင် ထိုလူရဲ့အကြည့်ကို ရိပေါ်ပြတ်သားစွာမြင်နိုင်ခဲ့သည်။

"ကျုံရှစ် က လေးစားထိုက်ပါတယ်"

ထိုလူမှာတစ်စုံတစ်ခုကိုရေရွတ်ပြီးနောက် ဓားပျံအားစီးနင်းလျက် ထွက်သွားလေတော့သည်။

"အသက်ရှင်ကျန်သေးတဲ့လူတွေရှိလား စစ်ဆေးကြ ကျန်တဲ့လူတွေကမြို့ကိုအစီအရင်လုပ်ပေးဖို့ငါနဲ့လိုက်ခဲ့"

"ဟုတ်ကဲ့"

ခေါင်းဆောင်ဖြစ်ဟန်တူသောထိုလူက အကုန်လုံးကိုအမိန့်ပေးပြီး ရိပေါ်အားမြေပြင်ပေါ်သို့ချပေးလေသည်။

မြေကြီးနှင့်ခြေထောက်ထိမိသောအခါ ရိပေါ်တစ်စုံတစ်ယောက်ကိုသတိရသွားလေသည်။

"အဖေ !?"

အလျင်အ​မြန်ပင်မိမိအိမ်ရှိရာသို့သွားတော့ ကြိုဆိုနေသည့်မြင်ကွင်းကကြည့်ချင်စရာတစ်စက်မှ မရှိပေ။
ဖြူဖွေးနေသည့်အရိုးတစ်စုနှင့် ပျက်ယွင်းနေသောအိမ်တစ်လုံးက သူ့အားကြိုဆိုနေလေသည်။

ကြောက်လန့်နေသော်လည်း အနားသို့သွားကာဖြင့်
အရိုးစုအားကိုင်တွယ်မိသည်။ ကျဆင်းမည့်မျက်ရည်များက မရှိခဲ့ပေ။ ထို့အစားတသိမ့်သိမ့်တုန်နေသော ကိုယ်လေးက နာကျင်မှုကိုအတိုင်းအတာတစ်ခုထိ ခံစားနေရကြောင်းပေါ်လွင်စေသည်။

ချင်ချူဂိုဏ်းသားများမှာ မြို့အားစစ်ဆေးပြီးချိန်တွင် ကျန်ရှိသည့်တစ်ဦးတည်းသောသူမှာ ထိုကလေးတစ်ယောက်ပဲဖြစ်နေခဲ့သည်။

ထားရစ်ခဲ့ဖို့ရာလည်း မဖြစ်နိုင်။ တွေဝေနေတဲ့ပန်းရောင်ဝတ်ရုံနှင့်ဂိုဏ်းသူလေး။
ပြီးတော့မှသူမထံတွင်အကြံတစ်ခုပေါ်လာလေသည်။

တသိမ့်သိမ့်တုန်နေတဲ့ကလေးငယ်အနား တိုးကပ်သွားတော့ ကြောက်အားလန့်အားနဲ့တွန်းထုတ်လေသည်။

"မမ က အန္တရာယ်မပေးပါဘူး ကလေးတစ်ယောက်တည်း ဒီမှာနေခဲ့မလို့လား"

"。。。"

ပြန်မဖြေနိုင်မှန်းသိသည့်အလား သူမကစိတ်ရှည်စွာဖြင့်။

"ကလေးမှာနေစရာမရှိရင် ချင်ချူဂိုဏ်းကိုလာခဲ့ပါလား နောက်တစ်လနေရင် ဂိုဏ်းသားရွေးချယ်ပွဲရှိတယ် "

"ကလေးရဲ့အဖေကိုဒီလိုဖြစ်အောင်လုပ်သွားတဲ့လူတွေကို လက်စားမချေချင်ဘူးလား"

စကားပြန်မရသည့်လူတစ်ယောက်အား တစ်လုံးချင်းသေချာနားလည်အောင်ရှင်းပြနေသောသူမ။
ပြန်ဖို့ပြင်နေကြသောဂိုဏ်းသားများက သူမကိုပြန်ဖို့ သတိပေးနေလေသည်။

"တကယ်လို့ စိတ်ဝင်စားရင် ချင်ချူဂိုဏ်းကိုလာခဲ့နော် ဒီမှာ မမ မင်းအတွက်မြေပုံနှင့်ငွေအနည်းငယ်ထားခဲ့ပေးမယ်"

ကလေးတစ်ယောက်တည်း မိစၧာပေါများတဲ့နေရာမှာထားခဲ့ဖို့ရာ မဖြစ်တာကြောင့် အဆင့်နိမ့်သည့်မကောင်းဆိုးဝါးများ အနားသို့မကပ်နိုင်စေရန် ကိုယ်ပေါ်တွင် အစီအရင်ဆွဲပေးခဲ့ပြီး မိမိဂိုဏ်းသားများနှင့်အတူ ပြန်သွားတော့သည်။

တွေဝေနေသောရိပေါ်မှာ လက်စားချေသောစကားရဲ့အဓိပ္ပါယ်ကို ကောင်းကောင်းမသိခဲ့။ ဖခင်အားကောင်းမွန်စွာမြှုပ်နှံပြီး  သူမထားသွားသောမြေပုံအားကြည့်နေလေသည်။

"အဖေ သား သွားသင့်လား "

"လက်စားချေတယ်ဆိုတဲ့စကားလုံး အဖေမသင်ပေးခဲ့လို့ သားမသိပေမဲ့ ဆိုလိုချင်တဲ့အဓိပ္ပါယ်ကရန်ကိုရန်နဲ့တုံ့ပြန်တာလား"

"ကျင့်ကြံရေးလောကထဲ မဝင်ဖို့အဖေပြောထားခဲ့ပေမဲ့ သား အဲ့လူလိုဖြစ်ချင်တယ် အဲ့ဒါမှ အားနည်းတဲ့သူတွေကိုသားကူညီနိုင်မှာ"

"သား ကို ခွင့်လွှတ်ပေးပါ"

ဖခင်ရဲ့မြေပုံအား ဦးသုံးကြိမ်တိုက်လို့ စားစရာအနည်းငယ်ထုပ်ပိုးကားဖြင့် မြေပုံအတိုင်း ချင်ချူဂိုဏ်းသို့ခရီးစခဲ့လေသည်။

ဖြတ်သန်းခဲ့သည့် တောင်တန်းများစွာနှင့် မြို့များစွာ။
ညဘက်မှသာလုံခြုံသည့်တစ်နေရာမှာ ခိုလှုံလျက် နေ့ဘက်တွင်မနားမနေခရီးဆက်ခဲ့သည်။

မြေပုံမှာပြထားသည့် စာလုံးများကိုနားမလည်သည့်အခါ လူကြီးတစ်ချို့ကိုကျိုးနွံစွာဖြင့်အရိုအသေတောင်းလို့ မေးမြန်းခဲ့သည်။

ခရီးစခဲ့သည့်ရက်ပေါင်းများစွာကျော်လွန်ပြီးနောက်
နောက်ဆုံးတွင် ချင်ချူဂိုဏ်းရှေ့သို့ရောက်လာခဲ့သည်။

လာသည့်လမ်းတစ်လျောက်ကြားခဲ့ရသည့်စကားများမှာ ချင်ချူဂိုဏ်းမှ ဂိုဏ်းသားအသစ်တွေလက်ခံနေပြီဆိုတဲ့ အကြောင်းပင်။ အသက်ဆယ်နှစ်ကျော်သော မည်သူမဆိုဝင်ပြိုင်လို့ရသည်ဖြစ်သောကြောင့် ရိပေါ်သက်ပြင်းကိုမသိမသာခိုးချမိသည်။

မျိုးရိုးအနိမ့်အမြင့်မခွဲခြားလို့တော်သေးသည်။

နောက်တစ်နေ့ ချင်ချူဂိုဏ်းသို့ဝင်ရောက်ချင်သည့် သူများအားလုံးကို ရှောင်းယွမ်ခန်းမသို့
ဖိတ်ကြားသည့်အကြောင်း ချင်ချူဂိုဏ်းရဲ့အကြီးအကဲကျန်းချင်းရှိုး (ဂိုဏ်းချုပ် -မင်ကျင်းတောင်သခင်) မှထုတ်ပြန်လိုက်သည်။

သက်တူရွယ်​တူကလေးများကြားထဲတွင် သူတစ်ယောက်တည်းသာ ညစ်ပေစုတ်ပြတ်နေလျက်ရှိသည်။ ဒီလိုဖြစ်ရသည်မှာလည်း တစ်လလုံးလုံးမနားမနေ ခရီးနှင်လာရသောကြောင့်ဖြစ်သည်။

မကောင်း​​တာမလုပ်ထားသောမိမိမှာ မရှက်ကြောက်သော်လည်း လူကြားထဲမိမိတစ်ယောက်တည်းအခုလိုဖြစ်နေခြင်းကြောင့် အနည်းငယ်သိမ်ငယ်မိလေသည်။

ရှောင်းယွမ်ခန်းမရဲ့စင်မြင့်ထက်မှနေ ဂိုဏ်းချုပ်ကျန်းက ပြိုင်ရမည့်ပြိုင်ပွဲများကိုပြောကြားလေသည်။ အရာအားလုံးကရိုးရှင်းသည်။ လှေကားသုံးထောင်ကိုဖြတ်ကျော်ရန်နှင့် မြေကျင်း​တူးရန်သာဖြစ်သည်။

မခက်ခဲသောကြောင့် အကုန်လုံးကပျော်ရွှင်စွာယှဉ်ပြိုင်ပေမဲ့ လှေကားတစ်ထောင့်ငါးရာထိတက်ပြီးသောအခါ စိတ်ကူးပြောင်းသွားကြတော့သည်။

ထိုထဲတွင်ရိပေါ်မပါဝင်ခဲ့ပေ။ သူကပုံမှန်ခြေလှမ်းဖြင့်သာ လှေကားကိုတက်နေလေသည်။ နှစ်ထောင်ကျော်သွားသောအခါ ဒူးများမှာတုန်ယင်လာတော့သည်။ ပုခုံးထက်သို့မမြင်နိုင်သည့် လေးလံသည့်ဝန်တစ်ခုဖိနှိပ်ထားသလိုပင်။

ဒီအထိခရီးပေါက်နေခဲ့ပြီပဲ လက်လျော့လိုက်ရင် အသုံးမကျတဲ့သူဖြစ်ပြီး တမလွန်ကအဖေမျက်နှာပျက်ရလိမ့်မယ်။

ဂိုဏ်းချုပ်ကျန်းမှာ အပေါ်စီးကနေ အကုန်လုံးကိုအကဲခတ်နေခဲ့သည်။ လှေကားသုံးထောင်ကိုအောင်မြင်သည့်သူမှာ အယောက်နှစ်ဆယ်ကျော်သာရှိနေခဲ့သည်။

မာကြောလှသည့်မြေသားအား မရမကကျင်းတူးရာတွင်လည်း အောင်မြင်သည့်လူမှာလည်း ထိုအယောက်နှစ်ဆယ်ပဲဖြစ်သည်။

ကျန်းချင်းရှိုးမှာ ကျန်တဲ့သူများကိုပြန်လွှတ်လိုက်ပြီး ထိုအယောက်နှစ်ဆယ်အတွက် တောင်ထွတ်ခွဲခြားဖို့စီစဉ်တော့သည်။

ထိုအယောက်နှစ်ဆယ်မှာကျင့်ကြံဖို့အတွက် ကောင်းမွန်သည့်ခန္ဓာကိုယ်ရှိသည်ကိုမြင်သောအခါ ပိုလို့သဘောကျသွားရတော့သည်။ သို့ပေမဲ့ရိပေါ်ကိုမြင်သောအခါ အနည်းငယ်ပျက်ယွင်းသွားရသည်။

ထိုကလေးမှာကျင့်ကြံဖို့အတွက် ကောင်းမွန်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမရှိဘူး။ သို့ပေမဲ့သူများတွေထက်ဇွဲရှိလေရာ ပစ်ပယ်ဖို့မဖြစ်နိုင်။
မိမိလက်ခံဖို့မဖြစ်နိုင်သလို တခြားတောင်သခင်များကလည်း လက်ခံမည်မဟုတ်။

ချင်ချူဂိုဏ်းကိုတောင်ကိုးလုံးဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။
မိမိမင်ကျင်းတောင်ကသူ့ကို လက်ခံရင် တခြား​တောင်သခင်များကပျော်သွားလိမ့်မယ်။

ဟင်း ခက်ခဲလိုက်​တာ။ လူဆယ့်ကိုးယောက်မှာတောင်ထွတ်ခွဲခြားပြီး ဂိုဏ်းဝတ်စုံလဲလို့ အသီးသီးထွက်ခွာသွားကြပေမဲ့ ရိပေါ်တစ်ယောက်တည်းသာ ကျန်နေခဲ့သည်။

စဉ်းစားရခက်ခဲနေပုံရသော ကျန်းချင်းရှိုးမှာ
စင်မြင့်ထက်တွင် အနီရောင်ဝတ်ရုံရဲ့လက်အားဖြန့်လို့ ဟိုဘက်လျောက်လိုက် ဒီဘက်လျောက်လိုက်လုပ်နေလေသည်။

နောက်ဆုံးမှာ ဂိုဏ်းသားရွေးချယ်ပွဲသို့တက်ရောက်ရန် ပျက်ကွက်နေသည့်ဟော်ရှန်းချင်းတောင်သခင်ကို သတိရသွားလေသည်။

မိမိတို့ရဲ့ ရှစ်တိ ကျုံရှစ်မှာ အမြဲတမ်းတစ်ကိုယ်တည်း တသီးတစ်သန့်နေတတ်ပြီး တပည့်လက်မခံပေ။ အမြဲတစေတံခါးပိတ်ကျင့်ကြံနေတတ်ပြီး အပြင်သို့ထွက်မလာ။ မိစၧာများထကြွသည့်အခါ မကောင်းဆိုးဝါးများကမြို့အားဖျက်ဆီးသည့်အခါမှသာ တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာတတ်သည်။

ချန်လင်းမြို့ကိုအရိုးစုမကောင်းဆိုးဝါးရောက်တုန်းကလည်း ရှစ်တိဆီစိတ်စွမ်းအင်ဖြင့် သတင်းပဲပေးရသေးတယ် ထိုသူမှာထွက်ခွာသွားလေသည်။ ဂိုဏ်းမှအလေးထားရသည့် ဂိုဏ်းသားများထည့်ပေးသည်ကိုတောင်မစောင့်။

ရှစ်တိ ရဲ့ပုံအားပြန်တွေးမိပြီး သူ့အတွက်ဒီတပည့်ကိုလက်ခံပေးရန်ဆုံးဖြတ်လိုက်သည်။

"မင်းကိုဟော်ရှန်းချင်းတောင်က
တပည့်အဖြစ်လက်ခံလိုက်တယ်"

ဟော်ရှန်းချင်း ဟော်ရှန်းချင်းတောင်သခင်က ဘယ်သူများလဲ။

October 18 2020
10:57AM




© 梅花 白,
книга «Please Shizun,Don't Eat Mud!».
အပိုင်း - ၃
Коментарі