အပိုင်း - ၀
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၄
  • [ ဒီတပည့်လေးကို
  • ်ဦးတည်းသောရှစ်ဇွင်းကအဖက်မလုပ်ခဲ့ဘူး]

ကျန်းချင်းရှိုးမှာ ဟော်ရှန်းချင်းတောင်တွင်နေမည့် ရှစ်တိရဲ့တစ်ဦးတည်းသောတပည့်လေးအတွက် လိုအပ်သည့်အရာများကို မှော်လက်စွပ်ထဲထည့်ကာဖြင့် ရှစ်တိဆီရောက်လာခဲ့သည်။

မိမိရောက်သွားသည့်အချိန် ​မြန်သည်ဟုဆိုရမည်။ စံအိမ်အပြင်ဘက်တွင်လမ်းလျောက်နေသော ရှစ်တိကိုတွေ့လေသည်။ အနီးကပ်မြင်မှ မြင်လိုက်ရသောပုံကြောင့် ကျန်းချင်းရှိုးမှာ သွေးတက်လုနီးပါး။

ကိုယ့်ကိုဂရုစိုက်ပါလို့ အတန်တန်မှာနေတဲ့ကြားထဲ အခုလိုဖြစ်နေတယ်။ ကြည့်ရတာမိစ္ဆာသိုက်ထဲသွားထပ်မွှေလာပြီနဲ့တူတယ်။

"ရှစ်တိ မင်းဘာလုပ်နေတာလဲ"

"ရေချိုးပြီးတံခါးပိတ်ကျင့်မလို့ "

"မင်း ဒါကရေချိုးပြီးတာလား ငါပို့ပေးထားတဲ့ဝတ်ရုံတွေရော "

"ဝတ်ရုံတွေကတအားဖြူလွန်းလို့ မဝတ်တာ "

မင်ကျင်းတောင်ကိုစရောက်ခါစ ကလေးလေးလည်းမဟုတ်တော့ ဂုတ်ကဆွဲပြီးရေချိုးသန့်စင်ပေးဖို့ရာလည်း မဖြစ်နိုင်။

သူ့ရဲ့တပည့်လေးကိုလုပ်ခိုင်းရမယ်။

"မင်းတပည့်ရော "

"သူလား အော ဟိုမှာ "

စံအိမ်ထဲကထွက်လာသော ရိပေါ်မှာချောင်းတဟွတ်ဟွတ်ဆိုးလျက်။

စံအိမ်ကသန့်ရှင်းရေးမလုပ်သည်မှာ ဆယ်စုနှစ်မကတော့။
စံအိမ်ထဲအမြဲနေလေ့မရှိသော ကျုံရှစ်မှာလည်း သန့်ရှင်းရေးလုပ်ဖို့မပြောနဲ့ သူ့ကိုယ်သူတောင်မပြင်ဆင်တတ်။

ကျင့်ကြံရေးလောကထဲစွမ်းအားကြီးပါသော ဟော်ရှန်းချင်းတောင်သခင်မှာ ကလေးထက်ပင်ဖြူစင်ကာ ဘာမျှမလုပ်တတ်ပေ။

ငယ်ငယ်လေးကတည်းက ရှစ်ဇွင်းဖြစ်သူနှင့်ရှစ်ရှုန်း ရှစ်ကျဲများကဂရုစိုက်ပေးပါသော်လည်း ထိုသူမှာ မသေမျိုးအဆင့်သို့ရောက်သည့်အချိန်ကစပြီး တစ်သီးတစ်ခြားခွဲနေကာ ရှစ်ဇွင်းပြောသောစကားကိုနှလုံးမူလျက် ဆိုးသွမ်းသောမိစ္ဆာများကိုသတ်ဖြတ်နှိမ်နင်းသည်။

ကျုံရှစ် ခေါင်းထဲ စကားသုံးခွန်းပဲရှိသည်။
မိစ္ဆာတွေကိုနှိမ်နင်းမယ်။ တံခါးပိတ်ကျင့်ကြံမယ်။ ရှစ်ရှုန်းစကားနားထောင်မယ်။

ကျန်းချင်းရှိုး အညစ်အကြေးဖယ်ဂါထာဖြင့် ရှစ်တိအားသန့်ရှင်းပေးလိုက်တော့ အရင်သူထိန်းကျောင်းခဲ့သည့်ကလေးမှန်း သိတော့သည်။

အနည်းဆုံးတစ်လလောက်တော့ လူရုပ်ပေါက်နေမှာပါလေ။

ရိပေါ် ချောင်းဆိုးနေရင်း စံအိမ်ရှေ့တွင်ရှိသော လူနှစ်ယောက်ကိုတွေ့တော့ အရိုအသေပေးမိသည်။

"ရှစ်ဇွင်း ဂိုဏ်းချုပ်ကျန်း "

"မင်းရှစ်ဇွင်းကမင်းကိုဂရုစိုက်လား"

ဒါကိုသိချင်လို့ရောက်လာခြင်းဖြစ်သည်။ ကလေးလက်ထဲ
ကလေးထပ်အပ်သလိုဖြစ်မှာစိုးသောကြောင့်ပင်။

ရိပေါ် သူ့ရှစ်ဇွင်းကိုခိုးကြည့်တော့ ချန်လင်းမြို့မှာတွေ့ခဲ့သည့်ထိုလူ။ အဲ့လူကငါ့ရဲ့ရှစ်ဇွင်း။
ဒါဆိုမနေ့ကတွေ့တဲ့လူကရော ဒီလူပဲလား။

"ဂရုစိုက်ပါတယ်"

အမှန်အတိုင်းပြောလိုက်ခြင်းပင် ရိပေါ်နိုးလာတော့ ဗိုက်မဆာတော့သလို ပင်ပန်းနေတယ်လို့လည်းမခံစားရ။

"သိပ်ကောင်းတယ် "

ဓားတစ်ချောင်းလိုဖြောင့်မတ်နေသော သူ့ရဲ့ရှစ်ဇွင်းကတော့ သူ့အားတစ်ချက်လေးတောင်မကြည့်။ တည်ငြိမ်နေသောမျက်ဝန်းများကလည်း ကန်ရေပြင်အလားကြည်လင်နေလျက်။ ချန်လင်းမြို့တွင်တွေ့ခဲ့ရသည့် သတ်ဖြတ်ချင်သည့်မျက်ဝန်းများနှင့်ခြားနားစွာ။

"ဒီမှာမင်းကကျင့်ကြံသူမဟုတ်သေးတော့ လိုအပ်တာတွေရှိမယ်ထင်လို့ ယူလာခဲ့တာ "

စောင် ခေါင်းအုံး ချက်ပြုတ်ရာတွင်လိုအပ်သည့်အရာများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းတွေ။ မသိရင်အိမ်ရာပြောင်းရွေ့နေသလို။

ကျုံရှစ် ရှစ်ရှုန်းထုတ်သမျှကိုကြည့်နေရင်း ဆပ်ပြာခဲကိုတွေ့သောအခါ။

"ဒါကဘာလဲ "

မင်းတစ်ခါမှမသုံးတဲ့ဆပ်ပြာလေ။

ရိပေါ်ကတော့သူ့ရှစ်ဇွင်းအား အထူးအဆန်းကြည့်လျက်။
ဆပ်ပြာခဲကိုမသိတာလား တမင်မေးနေတာလား။

"ဆပ်ပြာ မင်းတိုက်ဖူးလား "

"ဟင့်အင်း "

ကျန်းချင်းရှိုး ကတော့ထင်တဲ့အတိုင်းပဲဆိုပြီး နားထင်ကိုဖိကိုင်ထားသည်။ သူ့ရှစ်တိကြောင့်သွေးတက်ရတာ အကြိမ်မနည်းတော့ဘူး။

ရိပေါ်မှာတော့ တအံ့တသြဖြင့်။

"မင်းအခုတံခါးပိတ်ကျင့်မှာမလား အရင်လိုဆယ်နှစ်တစ်ကြိမ်မှထွက်မလာနဲ့ မင်းတပည့်ကိုမိစ္ဆာတွေ ဆွဲသွားလိမ့်မယ်"

မိစ္ဆာဆိုတဲ့စကားလည်းကြားရော ကြည်လင်နေသောမျက်ဝန်းများမှာ မှောင်မိုက်သွားရပြီး တစ်ခုခုကိုအလေးအနက်တွေးတောနေလေသည်။

"ဟော်ရှန်းချင်းတောင်ကိုအတားအဆီးချထားလိုက်မယ် ရှစ်ရှုန်းနဲ့ရှစ်ကျဲတို့ကလွဲ ဘယ်သူမှလာလို့မရအောင် ပြီးတော့ ဒီတပည့်လေးအတွက်က "

ကျုံရှစ် ဆုံးဖြတ်လိုက်ပုံရပြီး မကြာခင်သူ့ကိုယ်ထဲမှ ငွေရောင်အပိုင်းအစလေးထွက်လာပြီး ရိပေါ်ရဲ့နဖူးထက်ရောက်သွားတော့သည်။

"ရှစ်တိ !!!!"

"အဲ့ဒါကအော်တာလား ရှစ်ရှုန်း"

"ဘာလို့မင်းရဲ့စိတ်ဝိညာဥ်ကိုအပိုင်းအစလို ခွဲခြမ်းလိုက်တာလဲ ကျင့်ကြံစဥ်ဘယ်လောက်မြင့်မြင့် အန္တရာယ်များတာမသိဘူးလား"

"ဒီလိုလုပ်ပေးထားရင် တပည့်လေးကိုဘယ်မိစ္ဆာမှမဆွဲတော့ဘူးလေ"

ကျုံရှစ် စကားကြောင့် မူးဝေသွားသော ကျန်းချင်းရှိုးကိုရိပေါ်ပြေးတွဲရသည်။

"ငါမှားတာပါ ရှစ်တိရာ "

"ရှစ်ရှုန်းအမှားလုပ်မိလို့လား "

"ဘာပဲဖြစ်ဖြစ် အမြဲတစေတံခါးပိတ်မကျင့်ကြံနဲ့တော့ မင်းတပည့်ကိုလည်းသင်ပေး ဟုတ်ပြီလား "

"အင်း "

"သွား သွား "

ရိပေါ် သူတို့ပြောသောစကားများကို နားလည်နိုင်စွမ်းမရှိ။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျန်း စိုးရိမ်သွားပုံထောက်ရင် ရှစ်ဇွင်းလုပ်ရပ်ကအန္တရာယ်များပုံပေါ်သည်။

ကျန်းချင်းရှိုး ရိပေါ်လက်အားဆုပ်ကိုင်လို့ ။

"မင်းရဲ့ရှစ်ဇွင်းကိုဂရုစိုက်ပေးပါ သူကမိစ္ဆာတွေကိုသတ်ဖြတ်ဖို့ကလွဲဘာမှမသိဘူး မင်းကပဲသေချာလေးစောင့်ရှောက်ပေး သူကလည်းမင်းကိုကျင့်ကြံစဥ်တွေသင်ပေးလိမ့်မယ် "

ဘယ်အချိန်သင်ပေးမလဲ ငါလည်းမပြောတတ်ဘူး။

တစ်နေရာရာလွဲမှားနေသလိုခံစားနေရသည်။ စောနကအမေးနဲ့ပြောင်းပြန်ဖြစ်နေသလားလို့။

"ဒီတပည့်ကရှစ်ဇွင်းကိုစောင့်ရှောက်ပေးပါ့မယ်"

"ကောင်းပြီ ကောင်းပြီ မင်းလိုအပ်တာရှိရင် အစီအရင်ကတစ်ဆင့်လာရုံပဲ တောင်ပေါ်ကနေ
ခြေလျင်ဆင်းမလာနဲ့ဟုတ်ပြီလား"

"ဟုတ်ကဲ့"

ကျန်းချင်းရှိုးမှာ ကလေးကြီးကိုစောင့်ရှောက်ဖို့အတွက် ကလေးကိုတာဝန်ပေးလိုက်ပြီ။ ရှစ်တိစိတ်ပါလာရင်သင်ပေးလိမ့်မယ်။

နံပါတစ်ကျင့်ကြံသူအနားနေတာ တစ်ခုခုတော့မင်းအတွက်အကျိုးရှိမှာပါ။ သူကဘာမှမသိတဲ့ကလေးတစ်ယောက်လို ဖြူစင်နေတာကလွဲရင်ပေါ့။

စိတ်ချစွာနဲ့ကျန်းချင်းရှိုးထွက်သွားခဲ့သည်။

ရိပေါ်စံအိမ်ထဲပစ္စည်းတွေရွေ့ချင်ပေမဲ့ ဖုန်တွေပင့်ကူမျှင်တွေကိုသတိရသွားတာကြောင့် သန့်ရှင်းရန်ပြင်ရတော့သည်။

ဝတ်ရုံစအားဖြဲလို့ နှာခေါင်းတွင်စည်းကာလိုက်သည်။
ဝတ်ရုံလက်အားတံတောင်ထိခေါက်တင်လို့ ရိုးရှင်းလှသည့်စံအိမ်အားရှင်းရန်ပြင်တော့သည်။

ဂိုဏ်းချုပ်ကျန်း ကကြိုသိလို့ လိုအပ်တာအကုန်သယ်လာပေးပုံရသည်။

ပင့်ကူမျှင်တွေအားရှင်းလင်း ဖုန်တွေအားရှင်းထုတ် ကြမ်းခင်းတွေအားတံမြက်စည်းလှည်း နောက်ဆုံးအဆင့်ရေစိုဝတ်နဲ့ကြမ်းတိုက်ပြီးမှ ကြမ်းပြင်ပေါ်တွင် မောပန်းစွာပစ်လှဲချမိတော့သည်။

သူနည်းနည်းလေးမှဗိုက်မဆာပေ။ ဒါလည်းတစ်မျိုးကောင်းတာပေါ့မဟုတ်ရင်
ချက်ပြုတ်နေရဦးမယ်။

ရိပေါ် ပစ္စည်းတွေ နေရာချပြီးတဲ့အချိန် ညမိုးချုပ်နေလေပြီ။
ရှစ်ဇွင်းကအခန်းထဲမှထွက်လာပြီးစံအိမ်အပြင်သို့
သွားလေသည်။

ပြီးတော့ပြန်ဝင်လာပြီး တံခါးအားကြမ်းတမ်းစွာပိတ်သွားသည်။

ရှစ်ဇွင်းကစိတ်ဆိုးနေတာလား !?

မဟုတ်တာတွေတွေးမနေနဲ့။ အိပ်ရမယ်။
ရိပေါ်မောပန်းနေတာကြောင့် အိပ်ရာစောစောဝင်လိုက်သည်။

ဒုတိယရက် ရှည်လျားနေတဲ့မြက်ပြင်တွေမှာ စံအိမ်တစ်ဝိုက်ရှိနေလေရာ ရှင်းလင်းရသည်။

တတိယရက် စံအိမ်ဘေးရှိရေချိုးဖို့ပြုလုပ်ထားသည့်ကန်မှာ ရေညှိတွေကပ်နေတာကြောင့် တိုက်ချွတ်ရပြန်သည်။

စတုတ္ထရက် ချက်ပြုတ်သည့်နေရာတွင်လည်း ကြွက်တွေသောင်းကျန်းနေတာကြောင့် မောင်းထုတ်နေရင်း မြွေတွေကိုတွေ့လေရာ အားကုန်အော်ဟစ်မိတော့သည်။

"ရှစ်ဇွင်း !!!!"

လေးရက်လုံးလုံးတံခါးပိတ်ကျင့်နေသော ကျုံရှစ် မှာဆူညံသံတွေကြောင့် အာရုံစိုက်မရသည့်ကြားထဲ သူ့အားအသားကုန်အော်ခေါ်နေသော တပည့်လေးကြောင့်ထလာရတော့သည်။

မိမိအားတွေသည့်နှင့်ကိုယ်ပေါ်ခုန်တက်ပြီး မြွေကိုတုတ်နဲ့ညွှန်ပြလေသည်။

"ရှစ်ဇွင်း မြွေတွေရောက်လာတဲ့အထိဘယ်လိုများနေနေတာလဲ"

လက်ဖြင့်ကိုင်ကာလွင့်ပစ်မယ်လုပ်တော့ သူ့လက်ကိုဆွဲကာဖြင့်။

"ကိုက်ရင် ကိုက်ရင်အဆိပ်မိမယ်လေ"

သူ့ရဲ့ ရှစ်ရှုန်းအလား စကားများသောတပည့်လေးအား ကြည့်ပြီး သက်ပြင်းချကာဖြင့် စွမ်းအင်းအနည်းငယ်သုံးလို့ အဝေးပစ်ထုတ်လိုက်သည်။

မြွေလည်းမရှိတော့ဘူးဆိုတော့ တိတ်ဆိတ်တဲ့နေရာသွားပြီး ကျင့်ကြံမှပဲ။

ရိပေါ်မှာတော့ သူ့ရဲ့ရှစ်ဇွင်းအား ဆွဲထားချင်ပါသော်လည်း ထိုလူကထွက်သွားလေသည်။

ရှစ်ဇွင်းကလေးရက်လုံးလုံးသူ့ကိုအဖက်မလုပ်ခဲ့ဘူး။
ရှစ်ဇွင်းကသူ့ကိုမုန်းနေလို့လား။ ဘာကြောင့်များလဲ။





October 18 2020
11:27PM



© 梅花 白,
книга «Please Shizun,Don't Eat Mud!».
အပိုင်း - ၅
Коментарі