Вірші
Is call fan girl
Screen တခုပေါ်ကပုံရိပ်လေး.......
ဝေးကွာလွန်းတဲ့ နိုင်ငံက.......
Speakerကသာ ကြားဖူးတဲ့ အသံ.....
Liveမှာတောင် စကားပြောခွင့်မရတဲ့......
သူ့တို့က ဘဝရဲ့ အရာရာ တြွေဖစ်လာတယ်
သူ့အကြောင်း တွေးရရင်
ကို့ စိတ်ညစ်စရာတွေ ယူပစ်သလို
ပျောက်သွားတယ်.....
သူ့ပုံလေးမြင်ရရင် ဝေဒနာ တွေ
ယူပစ်သလို သက်သာတယ်
သူ့နဲ့တွေ့ဖို့ရယ်လို့တွေးလိုက်ရင်
လုပ်နေတဲ့ အလုပ်တွေ အကုန် အောင်မြင်တယ်
သူကတနေ့သူ့မိသားစုဘဝနဲ့
နေသွားရင်ဆိုပြီး တွေးမိရင်တော့
မျက်ရည်တွေ ကျပြီး ကောင်းကင်ကြီး
လဲပြိုမတတ် ဖြစ်ရတယ်
ပြင်ဆင်ခဲ့ပေမဲ့ အဲ့လိုနေ့ကို
ရောက်မလာစေ ချင်ဘူး
ဒါပေမဲ့လဲ သူပျော်ဖို့ အတွက်ဆိုတော့
ကျေနပ်စွာ လက်ခံတယ်
ပေါ်ပင် ချစ်ခဲ့လို့တော့ မဟုတ်ဘူး
ရင်ထဲ အသဲထဲက ချစ်တာမို့
ကို့ ပျော်ရွှင်မှုထက် သူ့ပျော်ရွှင်မှုက
အရေးကြီး တာမို့
ကိုရင်ကွဲရပေမဲ့ သူသာပျော်ရမယ်ဆို
အခါတရာ မက အကွဲခံ နိုင်ပါတယ်
အဲ့ဒါကို....
Fangirlလို့ခေါ်တာပေါ့....
1
0
315
You can tell me
မင်း အဆင်ပြေနေတဲ့
အကြောင်း ကိုကြားရတာ ဝမ်းသာပေမဲ့
ကို မကြားချင်ပါဘူး
ကိုကူညီမပေးနိုင်ခဲ့ပဲ မင်းအဆင်ပြေတဲ့
အတွက်ပါ......
မင်းအောင်မြင်တဲ့
အကြောင်း ကြားရင် ထပ်တူ ဝမ်းသာပေမဲ့
ကို မကြားချင်ပါဘူး
ကိုကမင်းအောင်မြင်အောင် လုပ်ပေးခွင့်မရနိုင်တဲ့
အတွက်ပါ.....
ဒါပေမဲ့...........
မင်းခက်ခဲနေတဲ့ အကြောင်း ကြားရတာတော့
ကို ကြားချင်ခဲ့တယ်...
မင်း အဆင်မပြေတဲ့ အချိန်တော့
မင်းအခက်ခဲတွေကို ကိုကမျှဝေချင် လို့ပါ
မင်း အောင်မြင်မှု ကိုမျှဝေ ချင်တာထက်
မင်း အခက်ခဲတွေကို ဖြေရှင်းပေး ချင်တာပါ
အဆင်ပြေတဲ့ အကြောင်း
အောင်မြင်တဲ့ အကြောင်း ကို့ကို မပြောပါနဲ့
ကိုသိစရာ မလိုဘူး မင်းပိုင်တဲ့အောင်မြင်မှုတွေ
ကိုနဲ့ မဆိုင်လို့ပါ
အဲ့ဒီ့အစား
မင်းခက်ခဲတာကတော့ကိုသိရမယ် ကိုနဲ့ဆိုင်တယ်
မင်း ခံစားရတဲ့ အချိနိတိုင်း စိတ်ထဲကမှန်းပြီး
ကို့ကိုပြောပြပေးပါ
မင်း နာကျင်နေရင် ကိုကအလိုလို
စိတ်ကသိနေတဲ့ အတွက် ကို့ကိုသာမှန်းပြီး
ပြောပြနိုင်ပါတယ် ချစ်သူရယ်
0
0
285
My sunshine
နေလုံးကြီးကို ကြည့်ရတာ ပူပြင်းပေမဲ့ လဲကွာ
နေမရှိရင် ကိုတို့လဲ မနေတတ်ကြဘူးလေ
ကိုလဲ ဒီလိုပါပဲကွာ.......မပိုင်ဆိုင်နိုင်တဲ့
မင်းကို ချစ်ရတာ ကို့အတွက်ပူလောင်ပေမဲ့
မင်းလေးက ကို့အတွက် သိပ်ကို အေးချမ်းစေလို့
မင်းကို မချစ်ရရင် မနေနိုင် တာမို့
မင်းကိုချစ်နေရတာပါ
ကို့ဘဝရဲ့ နေမင်းကြီးရာ☀️.......
2
0
361
True love
အချစ်ဆိုတဲ့ အရာကိုလူတိုင်းချစ်နိုင်တယ်
အချစ်စစ်ဆိုတဲ့ အရာနဲ့ချစ်နိုင်သူကတော့
ရှားတယ်
ကိုတို့လူသားတွေက အချစ်ကိုအမျိုးမျိုး
ခေါင်းစဉ်တပ်ခဲ့ ကြတယ်။
ပေးဆပ်မှု ယုံကြည်မှု နားလည်မှု ခွင့်လွှတ်မှု
စသဖြင့်ပေါ့လေ....
တကယ်တော့အဲ့ဒါကမှန်သလိုနဲ့ မှားနေတယ်
ပေးဆပ်နိုင်တဲ့သူတွေ....
ယုံကြည်ပေးတဲ့သူတွေ....
နားလည်ပေးတဲ့ သူတွေ....
ခွင့်လွှတ်နိုင်တဲ့ သူတွေ ....
ကိုယ်စီဘဝမှာ တယောက်ထက်မကရှိတယ်
မတတ်သာလို့ အဲ့အချက်တွေတိုင်း လုပ်ပေးလိုက်ရတာနဲ့
ကိုယ့်သဘောတိုင်း လိုလိုလားလား လုပ်ပေးတာကကွာသေးတယ်လေ။
အဲ့လိုလုပ်ပေးတဲ့လူတွေအားလုံးကို 1500အချစ်နဲ့ချစ်မလို့လား???
အမှန်က သူဖြစ်နေလို့ကိုချစ်တာ❤️❤️
ခွှင့်လွှတ်နိုင်တယ်....
နားလည်နိုင်တယ်....
ယုံကြည်နိုင်တယ်....ဆိုပေမဲ့
သူဖြစ်နေလို့ကို အဲ့အချက်တွေတိုင်း လုပ်နိုင်တာ
သူဖြစ်နေလို့ သူ့ကိုချစ်လို့ သာသူ့အပေါ်မှာ
အားလုံးထက်ပိုပြီး ခံစားချက်တွေ စစ်မှန်နေတာ
အဲ့လိုပါပဲ....
ကိုကလဲ မင်းဖြစ်နေလို့ကို အချစ်စစ်နဲ့ ချစ်တာ.....❤️❤️
2
0
327
မလိုချင်ခဲ့လဲပြန်မပေးနိုင်တော့ဘူး
မသင်ပဲ တတ်ခဲ့တဲ့ အရာ......
မခေါ်ပဲ ရောက်လာခဲ့သူ.......
မလိုချင်ပဲ တွယ်ငြိခဲ့တဲ့အရာ....
မဖြစ်နိုင်မှန်း သိရက်နဲ့ပဲ
ဖြစ်တည်လာခဲ့တယ်........
နာကျင်ရမယ်မှန်း သိရက်
နာကျင်ခံခဲ့တယ်.......
အဲ့ဒီ့ အရာကို ကိုမလိုချင်လဲ
ပြန်မပေးနိုင်ဘူး.........
အဲ့ဒါ မင်းကိုချစ်တဲ့ အချစ်ပဲ.....❤️
1
0
328
Distance
ရာသီဉတုကြီးက သိပ်ကိုအေးစက်နေတယ်
လွမ်းစရာကောင်းလွန်းတဲ့ ဒီလို အချိန်မှာ
တစ်ဦးထဲသော ကိုတောင့်တမိတာဟာ
မင်း.....❤️
ကိုအခုလို မင်းကိုတမ်းတမိချိန်
တခြးတဖက်မှာရှိနေတဲ့ မင်းရော ......
မင်းဆီက နှင်းစက် မိုးစက်လေးတွေကို
ကြည့်ပြီး ဘာလုပ်နေမယ်ဆိုတာ
ကိုသိချင်မိတယ်......
အကွာအဝေး တွေများလွန်းတော့
စိတ်ထဲကတဆင့်ပဲ လမင်းကြီးကိုပြောခိုင်း
လိုက်တယ်.....
ဘယ်လောက်ပဲ မိုင်တွေဝေး ပါစေ
မင်း အတွက်ဆို ကို့နှလုံးသားက အကွာအဝေး
ဆိုတာတွေကိုလဲ ဖြတ်ကျော်ခဲ့မယ်လို့........❤️
2
0
331