Вірші
Всі
Is call fan girl
Screen တခုပေါ်ကပုံရိပ်လေး.......
ဝေးကွာလွန်းတဲ့ နိုင်ငံက.......
Speakerကသာ ကြားဖူးတဲ့ အသံ.....
Liveမှာတောင် စကားပြောခွင့်မရတဲ့......
သူ့တို့က ဘဝရဲ့ အရာရာ တြွေဖစ်လာတယ်
သူ့အကြောင်း တွေးရရင်
ကို့ စိတ်ညစ်စရာတွေ ယူပစ်သလို
ပျောက်သွားတယ်.....
သူ့ပုံလေးမြင်ရရင် ဝေဒနာ တွေ
ယူပစ်သလို သက်သာတယ်
သူ့နဲ့တွေ့ဖို့ရယ်လို့တွေးလိုက်ရင်
လုပ်နေတဲ့ အလုပ်တွေ အကုန် အောင်မြင်တယ်
သူကတနေ့သူ့မိသားစုဘဝနဲ့
နေသွားရင်ဆိုပြီး တွေးမိရင်တော့
မျက်ရည်တွေ ကျပြီး ကောင်းကင်ကြီး
လဲပြိုမတတ် ဖြစ်ရတယ်
ပြင်ဆင်ခဲ့ပေမဲ့ အဲ့လိုနေ့ကို
ရောက်မလာစေ ချင်ဘူး
ဒါပေမဲ့လဲ သူပျော်ဖို့ အတွက်ဆိုတော့
ကျေနပ်စွာ လက်ခံတယ်
ပေါ်ပင် ချစ်ခဲ့လို့တော့ မဟုတ်ဘူး
ရင်ထဲ အသဲထဲက ချစ်တာမို့
ကို့ ပျော်ရွှင်မှုထက် သူ့ပျော်ရွှင်မှုက
အရေးကြီး တာမို့
ကိုရင်ကွဲရပေမဲ့ သူသာပျော်ရမယ်ဆို
အခါတရာ မက အကွဲခံ နိုင်ပါတယ်
အဲ့ဒါကို....
Fangirlလို့ခေါ်တာပေါ့....
1
0
337
You can tell me
မင်း အဆင်ပြေနေတဲ့
အကြောင်း ကိုကြားရတာ ဝမ်းသာပေမဲ့
ကို မကြားချင်ပါဘူး
ကိုကူညီမပေးနိုင်ခဲ့ပဲ မင်းအဆင်ပြေတဲ့
အတွက်ပါ......
မင်းအောင်မြင်တဲ့
အကြောင်း ကြားရင် ထပ်တူ ဝမ်းသာပေမဲ့
ကို မကြားချင်ပါဘူး
ကိုကမင်းအောင်မြင်အောင် လုပ်ပေးခွင့်မရနိုင်တဲ့
အတွက်ပါ.....
ဒါပေမဲ့...........
မင်းခက်ခဲနေတဲ့ အကြောင်း ကြားရတာတော့
ကို ကြားချင်ခဲ့တယ်...
မင်း အဆင်မပြေတဲ့ အချိန်တော့
မင်းအခက်ခဲတွေကို ကိုကမျှဝေချင် လို့ပါ
မင်း အောင်မြင်မှု ကိုမျှဝေ ချင်တာထက်
မင်း အခက်ခဲတွေကို ဖြေရှင်းပေး ချင်တာပါ
အဆင်ပြေတဲ့ အကြောင်း
အောင်မြင်တဲ့ အကြောင်း ကို့ကို မပြောပါနဲ့
ကိုသိစရာ မလိုဘူး မင်းပိုင်တဲ့အောင်မြင်မှုတွေ
ကိုနဲ့ မဆိုင်လို့ပါ
အဲ့ဒီ့အစား
မင်းခက်ခဲတာကတော့ကိုသိရမယ် ကိုနဲ့ဆိုင်တယ်
မင်း ခံစားရတဲ့ အချိနိတိုင်း စိတ်ထဲကမှန်းပြီး
ကို့ကိုပြောပြပေးပါ
မင်း နာကျင်နေရင် ကိုကအလိုလို
စိတ်ကသိနေတဲ့ အတွက် ကို့ကိုသာမှန်းပြီး
ပြောပြနိုင်ပါတယ် ချစ်သူရယ်
0
0
311
My sunshine
နေလုံးကြီးကို ကြည့်ရတာ ပူပြင်းပေမဲ့ လဲကွာ
နေမရှိရင် ကိုတို့လဲ မနေတတ်ကြဘူးလေ
ကိုလဲ ဒီလိုပါပဲကွာ.......မပိုင်ဆိုင်နိုင်တဲ့
မင်းကို ချစ်ရတာ ကို့အတွက်ပူလောင်ပေမဲ့
မင်းလေးက ကို့အတွက် သိပ်ကို အေးချမ်းစေလို့
မင်းကို မချစ်ရရင် မနေနိုင် တာမို့
မင်းကိုချစ်နေရတာပါ
ကို့ဘဝရဲ့ နေမင်းကြီးရာ☀️.......
2
0
389