မြတ်နိုးရာ
နွေဦးရဲ့လေရူးတစ်ဝှေ့မှာမြတ်နိုးရာလေးကိုရှာတွေ့ခဲ့တယ်။
ဝတ်ရုံဖြူအောက်မှာ ခမ်းခမ်းနားနား
ထူးခြားပြည့်စုံနေတဲ့မင်းက
ဒီအတိုင်းလေးငါ့ရှေ့ရောက်လာခဲ့ပေမဲ့
အစွဲကြီးတဲ့ငါ့မှာတော့မင်းမှမင်းဖြစ်ခဲ့ပါရဲ့။
ဒီလိုနဲ့...
ဘယ်လိုကဘယ်လိုကျရှုံးသွားမှန်းမသိ
မင်းကျောပြင်လေးနောက်
တစ်ကောက်ကောက်လျှောက်လိုက်ရင်း
အမှတ်တမဲ့နောက်လှည့်ကြည့်မိတော့....
ငါ့နှလုံးသားလေးရယ်လေ
မင်းရဲ့မျက်ပေတူးလေး၊နှာဖျားလုံးလေးနဲ့
တင်းတင်းစေ့ထားတတ်တဲ့နှုတ်ခမ်းတစ်စုံအောက်မှာ ပြိုကျကျန်နေခဲ့တာများ အတုန်းအရုန်းကိုပဲကွယ်...။
2020-10-31 17:26:16
0
0